← Chapters

အခန်း (၁၂၂၅-၁၂၂၇)

Vol. 62 Ch. 1225-1227

အခန်း (၁၂၂၅-၁၂၂၇)

Vol. 62 Ch. 1225-1227

အခန်း ၁၂၂၅။

မော့လင်းကျစ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်လို့နေကာ ပြုံးဖြီးဖြီးဖြစ်နေ၏။

“လောကကြီးကို ကယ်တင်ဖို့အတွက် သူတို့ကိုယ်သူတို့ စတေးကြတဲ့ ဂုဏ်သတင်းကို မကြားဖူးတဲ့သူ ရှိမတဲ့လား”

“မင်းက ကလေးခုနစ်ယောက်တည်းကို ကယ်ခဲ့ပေမဲ့ ဒီကလေးတွေက လောကမှာ အပြစ်ကင်းဆုံးသူတွေ၊ ဒါ ကောင်းမှုကြီးတစ်ခု၊ ဒါပေါ့ မင်းဆုချီးမြှင့်ခံရသင့်တယ်”

“မင်းရဲ့ အမြင်အာရုံကို ပြန်မရနိုင်ဘူးဆိုရင်တောင် သေစေနိုင်တဲ့ကံကြမ္မာက ပျောက်ပျက်သွားပြီ၊ အဆိုးကြီးတော့ မဟုတ်ဘူးပေ့ါကွာ”

မော့လင်းကျစ် လေးလေးနက်နက်ပြောလေသည်

အတိတ်၌ ရှဲ့ချောင်သည် မမကောင်းဆိုးဝါးဝိဉာဉ်များကို ကူညီခဲ့သည်ဖြစ်စေ၊ လူများအား ကယ်တင်ခဲ့သည်ဖြစ်စေ အများစုသည် သူမကိုယ်တိုင်၏ ကံကြမ္မာအား ကယ်တင်ရန်အတွက်သာ စိတ်ကူးရှိခဲ့၏။

ထို့အပြင် ဤရည်ရွယ်ချက်ရှိသောကြင်နာမှုသည် ဤသဘောထားကြီး၍ လူကယ်သောအပြုအမူနှင့် ယှဉ်၍ပင်မရ။

ကျင့်ကြံသူတစ်ယောက်သည် နှလုံးအား ကျင့်ကြံ၏။

ရှဲ့ချောင်ပင်လျှင် ဇဝေဇဝါဖြစ်သွားရသည်။

သူမပြောချင်ခဲ့၏…

ရိုးရာပွဲလုပ်ရန် တုံ့ဆိုင်းခြင်းမရှိခဲ့ရသည့် အကြောင်းရင်းမှာ.. သူမ၏ ဆရာတစ်ယောက်ဟူသော ဂုဏ်သတင်းအား မစွန်းထင်းစေချင်၍ပင်!

ဓား‌တောင်တစ်‌တောင် မီးပင်လယ်တစ်ခုဖြစ်နေလျှင်ပင် သူမကိုယ်သူ အရဲစွန့်ပြီး ရှေ့ဆက်တိုးရ

မည်။ ထိုအခါမှသာ သူမ၏သူတော်စင်တစ်ပါးဟူသော အာဏာရှိသောသရုပ်နှင့် ထိုက်တန်ပေလိမ့်မည်။ သူမသာ သူရဲဘောကြောင်သူတစ်ယောက်ကဲ့သို့ သေခြင်းတရားကို ကြောက်လန့်ပြီး မမြင်ချင်ဟန်ဆောင်နေပါက သူမသည် ပညာရှင်တစ်ယောက်ပါဟု နောင်တစ်ချိန် မည်သည့်မျက်နှာဖြငိ့ ပြောရမည်နည်း။

သို့သော်လည်း နောက်ဆုံးတွင် ထိုသို့ဖြင့် သူမ၏ ကံတရားပြောင်းလဲသွားခဲ့ပြီလော။

သူမတွင် သေစေနိုင်သော ကံတရားမရှိတော့သည်လော။

၎င်းသည် အစစ်အမှန်မဟုတ်ဟု ရှဲ့ချောင်ခံစားရ၏။

“အရှင်မင်းသမီးက နေ့စဉ်ဘဝမှ ကောင်းမှုတွေ အများကြီးလုပ်ခဲ့တာနေမှာ၊ ကံတရားကိုလုံးဝပြောင်းပစ်ဖို့ဆိုတာ တစ်ရက်နှစ်ရက်တည်းနဲ့ ရနိုငိတာမျိုးမဟုတ်ဘူး”

ဆရာသည်လည်း အနည်းငယ် အံ့အားသင့်နေမိသည်။ သူမ၏ သက်တမ်းတိုသော ဘဝအား ယနေ့ကဲ့သို့ပြောင်းလဲရန် အိမ်ရှေ့စံမင်းသမီးသည် ကောင်းမှုမည်မျှလုပ်ခဲ့သနည်း။

“အင်း.. ကောင်းမှုလုပ်တယ်ဆိုတာ လုပ်သင့်တဲ့အရာပဲလေ”

ရှဲ့ချောင်သည် ခေါင်းမော့ ရင်ကော့လို့နေလျက်။

သူမသည် ခြောက်အက်အက်ဖြင့် ချောင်းဆိုးလျက် ထိုသို့ ပြောချင်ဟန်ဆောင်လိုက်၏။

သူမလှူဒါန်းခဲ့သောပိုက်ဆံများသည် အလဟဿမဖြစ်သွားခဲ့။

တာအို‌ဆရာကြီးသည် သူမ မည်မျှ စိတ်ရင်းစစ်မှန်ကြောင်းမြင်ရသောအခါ သူမအား မလေးစားမိဘဲ မနေနိုင်ခဲ့ချေ။

“အရှင်မင်းသမီးမှာ ကြင်နာတတ်တဲ့နှလုံးသားရှိတော့ ကောင်းကောင်းချီးမြှင့်ခံရမှာပါ”

တာအိုဆရာကြီးက အလျင်အမြန်ဆိုလိုက်၏။

ချီးကျူးခံရပြီးနောက် ရှဲ့ချောင်အနည်းငယ် ရှက်နေမိသည်။

ကြင်နာတတ်သော နှလုံးသားသည်… သိက္ခာတရားရှိခြင်းဟု ယူဆနိုင်၏

ဤတစ်သက်တွင် လူတစ်ယောက်၏ ဘဝသည် အမြဲတမ်းလိုလို ကြိုးတန်းမျှင်ပေါ်တွင် ချိတ်ဆွဲခံထားရ၏။ လက်ထဲတွင် ရှိသော တစ်ခုတည်းသောအရာမှာ သိက္ခာတရားပင်။ ထို‌သေးငယ်သော အရာလေးသာမရှိခဲ့သော် အသက်ရှင်ရခြင်းသည် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

မော့လင်းကျစ်သည် ထိုဆရာအား ထမင်းတစ်နပ်ပင် ဧည့်မခံခဲ့။ လက္ခဏာကြည့်ပေးသည့် အဖိုးအခပေးပြီးနောက် နှင်ထုတ်လိုက်လေသည်။

ဆရာကြီးသည် အသိမိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ပုံရ၏။ သူသည် မျက်လုံးလှိမ့်ပြလိုက်ကာ စိတ်ရှုပ်ခံ၍ ငြင်းခုံမနေခဲ့ချေ။

“ဆရာ အဲဒါဆို ကျွန်မက သာမန်လူတစ်ယောက်လိုဖြစ်သွားပြီလို့ သတ်မှတ်လို့ရပြီလား”

ရှဲ့ချောင်မှာ မျှော်လင့်စောင့်စားနေပုံရသည်။

“လုံးဝသာမန်ပဲ!”

မော့လင်းကျစ်မှာ ဂုဏ်ယူမဆုံးဖြစ်နေလျက်။

“ကောင်းလိုက်တဲ့ ကံတရား၊ နောက်ဆို မကောင်းဆိုးဝါးဝိဉာဉ်တွေမင်းကိုတွေ့ရင် ဝင်ပူးဖို့တွေးရဲကြတော့မှာမဟုတ်ဘူး”

ရှဲ့ချောင်သည် အလွန်ပျော်နေမိသော်လည်း အပေါ်ယံတွင်မူ ဣန္ဒြေရနေဆဲ။

မော့လင်းကျစ်သည် သူမအား ကောင်းကောင်းသိသူဖြစ်၍ သူမစိတ်ထဲ ဘဝင်ခိုက်နေလောက်မှန်း သိနေလေသည်။

ထိုသို့သော တည်ငြိမ်သောမျက်နှာ‌ထားဖြင့် သူ့အား အကြိမ်ပေါင်းမြောက်မြားစွာလိမ်ညာခဲ့ဖူး၏။

…

နောက်နှစ်နွေဦးအား ဧကရာဇ်မင်းကြီးသည် ထီးနန်းစွန့်ကာ မိဖုရားကြီးနှင့်အတူ နန်းတွင်းဥယျာဉ်ထဲ

သို့ ပြန်လည်အားဖြည့်ရန် သွားခဲ့လေသည်။

အိမ်ရှေ့စံမင်းသားကျောက်ရွှမ်ကျင်း နန်းတက်ခဲ့ကာ သူ၏ဘွဲ့အား ချင်ရှို့ဟု ပြောင်းလဲခဲ့သည်။

နန်းတက်ပြီးသည့်နောက် မိဖုရားခေါင်ကြီးဘွဲ့အား အိမ်ရှေ့စံမင်းသမီးထံပေးအပ်ခဲ့ကာ ဖုန်းရွှေရေးရာတွင် တာဝန်ရှိသော တော်ဝင်ဆရာကြီးရာထူးကိုမူ မော့လင်းကျစ်အား ပေးအပ်ခဲ့သည်။

တော်ဝင်ဆရာကြီး၏ တပည့်ဖြစ်သော မုန့်ကျိဖန်သည်လည်းဖုန်းရွှေအရာရှိ ရာထူးချီးမြှင့်ခံခဲ့ရ၏။ ဂရုတစိုက်နေထိုင်ခဲ့သော မုန့်မိသားစုနှင့်ယှဉ်လျှင် မုန့်ကျိဖန်သည် အငယ်တန်းအရာရှိမျှသာရှိ‌သော်လည်း သူသည် မိဖုရားခေါင်ကြီး၏ ဂိုဏ်းတူတပည့်တစ်ယောက်ဖြစ်၍ သိက္ခာရှိသည်ဟု ယူဆနိုင်သည်။

မိဖုရားခေါင်ကြီး၏ ဖခင်ဖြစ်သော ရှဲ့နျို့ရှန်းမှာမူ ပထမအဆင့် အမတ်ရာထူးချီးမြှင့်ခံခဲ့ရစဉ် ရှဲ့ဖန်းကန်းသည်ကား ဝမ်းနည်းပူဆွေးခြင်းကာလတတွင်ရှိနေဆဲ။ သို့သော် သူသည် မြို့တော်ရှိ အရေးကြီးပုဂ္ဂိုလ်များ အလိုရှိရာ လူငယ်တစ်ဦးဖြစ်နှင့်နေပြီးလေပြီ။

အထူးသဖြင့် မင်းကြီးနန်းတက်ပြီးနောက် အနောက်ဆောင်အားဖျက်သိမ်းခဲ့ကာ ထီးနန်းစိုးစံစဉ်ကာလအတွင်း မည်သည့်ကိုယ်လုပ်တော်ရွေးချယ်မှုမှ ရှိမည်မဟုတ်ဟုအမိန့်ထုတ်ပြန်ခဲ့သည်။ ထိုသို့ဖြင့် မိဖုရားခေါင်ကြီး၏ ရာထူးသည် မယိမ်းမယိုင်ခိုင်မြဲခဲ့ကာ ရှဲ့မိသားစုသည်လည်း ပို၍ ထင်ပေါ်ကျော်ကြားလာခဲ့၏။

ကံဆိုးစွာဖြင့် လက်ရှိ ရှဲ့မိသားစုသည် ယခင်ကနှင့်မတူတော့။ သူတို့အား ဖျက်ဆီး၍မရတော့ပေ။

•••••

အခန်း ၁၂၂၆။

ရှဲ့မိသားစု၏ ဒုတိယသားဖြစ်သော ရှဲ့ဖင်းဟွိုက်သည် ဆရာရှောင်းနောက်သို့လိုက်ကာ ကြိုးစားသင်ယူခဲ့၏။ သူသည် ဆိုးသွမ်းကာ ထိန်းမနိုင်သိမ်းမရသူတစ်ယောက်ဖြစ်ခဲ့သော်လည်း အရွယ်ရောက်လာသည်နှင့်အမျှ ပို၍ တည်ငြိမ်လာခဲ့၏။ သူသည် ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်ကာ သူ၏ အကျင့်စရိုက်သည်လည်း လျှို့ဝှက်ဆန်းကြယ်ပေသည်။

သူသည် အတော်ဆုံးစာသင်သားတစ်ယောက်မဟုတ်သော်လည်း စာပေပညာနှင့် ကိုယ်ခံပညာနှစ်ခုလုံးတွင် ကျွမ်းကျင်နှံ့စပ်၏။ မြို့တော်၌ စာသင်သားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရန်လွယ်ကူခဲ့သည်မဟုတ်။

ရှဲ့မိသားစု၏ အငယ်ဆုံးသမီးရှဲ့ရှီသည် ရိုးစင်းကာ ပူပင်‌ကြောင့်ကြမဲ့သူတစ်ယောက်ဟု ဆိုနိုင်သည်။ သူမသည် မိသားစုရေးရာများအား စီမံခြင်း၌ ကျွမ်းကျင်သူတစ်ယောက်ပင်။ မင်းကြီးနန်းတက်ပြီးနောက် မိသားစုများစွာသည် သူမအား လက်ထပ်ချင်ခဲ့ကြသည်။

ရှဲ့ချောင်သည် ရှဲ့ရှီ၏ အိမ်ထောင်ရေးအား စိတ်ပူနေရန်မလို။

သူမသည် ရှဲ့ဖင်းကန်းကဲ့သို့ ဝမ်းနည်းပူဆွေးရန်မလိုသော်လည်း မှန်မှန်ကန်ကန် ရွေးချယ်ရလိမ့်မည်။

သူမရွေးချယ်သော အမျိုးသားသည် စင်ကြယ်၍ ရိုးရှင်းသော မိသားစုနောက်ခံရှိရမည်။ထိုအမျိုးသားသည် အင်မတန်ထူးချွန်‌လွန်းပြီး သူမအား ကာကွယ်ပေးလောက်အောင် မကောင်းမွန်ပါက။

ထိုမျိုးရိုးမြင့်မိသားစုသည် သူမ၏ ဖြူစင်သော အကျင့်နှင့် ကိုက်လိမ့်မည်မဟုတ်၊

….

ချင်ရှိူ့မင်း၏ နန်းသက်ပထမနှစ် ခုနစ်လအတွင်းတွင် မြောက်ပိုင်း၌ မိုးခေါင်ခဲ့သည်။

ရုန်တောင်မှ လူများသည် ထကြွလာကြပြန်ကာ ပြဿနာများဖြစ်စေခဲ့၏။

သာမန်ပြည်သူများသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကကဲ့သို့ တိုက်ပွဲကြီးတစ်ခုရှိလိမ့်မည်ဟုသာ ထင်ခဲ့ကြသည်။

နန်းတွင်းရုံးတော်မှာ လျင်မြန်စွာ အရေးယူဆောင်ရွက်လိမ့်မည်ဟု မမျှော်လင်ခဲ့ကြ။ သူ့တို့သည် ရုန်တောင်မှ လူများအား နှိမ်နင်းရန်အတွက် စစ်သည်အင်အားစုများစွာ စီစဉ်ထားပြီလေပြီ။

သူတို့၏ စိတ်ဓာတ်များ သိသိသာသာမြင့်တက်သွားခဲ့သည်။

ထိုမျှသာမက နန်းတွင်းရုံးတော်၏ စားနပ်ရိက္ခာဂိုထောင်သည်လည်း အလျှံပယ်ဖြစ်နေ၏။ မြောက်ပိုင်းဒေသရှိ မိုးခေါင်မှုမှာ ပြင်းထန်သော်လည်း ယခင်နှစ်ကတည်းက ဆည်တစ်ဆည်တူးထားကာ ရေများသိုလှောင်ထာခဲ့သည်။ မင်းကြီးသည် ဝမ်လန်ချန်နှင့် အခြားသော အရာရှိအသစ်များအား ကပ်ဘေးကျရောက်ရာဒေသို့ စားနပ်ရိက္ခာများပို့ရန်စေလွှတ်လိုက်သည်။ ဤနည်းဖြင့် ဒုက္ခသည်များအား တည်ငြိမ်စေကာ မည်သည်ပြဿနာကြီးကြီးမာမားတစ်ခုမှမဖြစ်ခဲ့ပေ.

…

ရှဲ့‌ချောင်၏ မျက်လုံးများမှာ ဝေဝါးနေဆဲဖြစ်ပြီး ရှင်းလင်းစွာ မမြင်နိုင်သေး။ ကံကောင်းစွာဖြင့် အနောက်ဆောင်၌ တိတ်ဆိတ်နေသဖြင့် သူမစိတ်ပူစရာတစ်ခုမှမရှိခဲ့ပေ။

ရံဖန်ရံခါ သူမသည် မော့ချူးရှန်းအဖြစ်သို့ပြောင်းတတ်ပြီး ပျော်ပါးရန်အတွက် နန်းတော်မှ ထွက်သွားတတ်သည်။

သူမ၏ အမြင်အာရုံသည် ပြန်လည်ကောင်းမွန်လာလိမ့်မည်မဟုတ်ဟု မူလက ထင်နေခဲ့သော်လည်း မိုးခေါင်မှုကြီးပြီးသွား၍ ပထမဆုံး မိုးရွာချိန်တွင် သူမ၏ မျက်လုံးများ ရုတ်တရက် ပြန်လည်ကောင်းမွန်သွားခဲ့ကာ အမြင်အာရုံသည်လည်း ကြင်လင်သွားခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ရှဲ့ချောင် နားလည်သွားခဲ့သည်။

တစ်ချိန်က ထူးခြားသော နက္ခတ်ဗေဒလက္ခဏာတစ်ခုကို သူမရုတ်တရက်တွေ့လိုက်ရသည့်အချိန် အိမ်ရှေ့စံမင်းသားအား ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် အသိပေးခဲ့သဖြင့် လူအနည်းစုသာ သေဆုံးခဲ့သည်။ သူမသည်လည်း ဤသေးသယ်လှသောအသိအမှတ်ပြုခံရမှုအား တစ်စိတ်တစ်ပိုင်းရရှိခဲ့၏။

သက်ရှိများကိုမြင်နိုင်သည်သာမက… သေဆုံးသူများကိုပင်… မြင်နိုင်နေသည်။

သို့သော်လည်း အတိတ်နှင့်မတူတော့သည်မှာ သူမ၏ ကောင်းကင်မျက်လုံးသည် မန္တန်အသုံးပြုချိန်မှသာ ပွင့်လာခြင်းပင်!

အတိတ်၌ သူမသည် များစွာသော မနှစ်မြို့စရာမကောင်းဆိုးဝါးဝိဥာဥ်များအား ကြည့်ရန် အမြဲတမ်း

ဖိအားပေးခံခဲ့ရသော်လည်း နောင်တွင်မူ ထိုသို့ထပ်ဖြစ်လာတော့မည်မဟုတ်!

သူမ၏ မျက်လုံးများပြန်ကောင်းလာပြီးနောက် ရှဲ့ချောင်သည် ကျိပိုင်လိအား ပို့ဆောင်ခဲ့၏။ လူအိုကြီးသည် သူမအားစိုးရိမ်နေခဲ့ကာ ရတက်မအေးဖြစ်ခဲ့သည်။ မျိုးဆက်များ၏ ဝိဥာဥ်များအား လွှတ်ပေးပြီးချိန်တွင်ပင် သူမအား စောင့်ကြည့်ရန်အတွက် ကြမ္မာဥယျာဥ်တွင် တစ်မယောက်တည်း နေရစ်ခဲ့သည်။ သူမအတွက် ဆိုင်အား စောင့်ကြပ်‌ပေးကာ များစွာကူညီပေးခဲ့သည်။

ယခုမူ သူမပြန်ကောင်းသွားပြီဖြစ်၍ ကျိပိုင်လိ၌ စိတ်ပူစရာမရှိတော့ပေ။

ယခင်က ပိုင်မိသားစု၌ သူတို့အတွက် ဆုတောင်းပေးမည့် မျိုးဆက်များမရှိသော်လည်း ဤကာလအတွင်း ရှဲ့ချောင်နှင့် ရှဲ့ဖင်းကန်းတို့သည် ပိုင်လိမိသားစု၏ ဓလေ့စရိုက်တို့အား အမွေဆက်ခံနိုင်ရန် ဥာဏ်ထက်မြက်သည့် မိဘမဲ့ကလေးတချို့အား ရွေးချယ့်ခဲသည်။ ကလေးများသည် သိတတ်ကြပြီး. ဆရာကြီးလီနှင့် သူတပည့်များထံမှ စာပေပညာများ သင်ယူရကာ ရှဲ့ဖင်းကန်းထံမှ ကိုယ်ခံပညာကို သင်ယူကြရသည်။ ကောင်းကောင်းလုပ်နေကြပေ၏။

ဆယ်စုနှစ်အနည်းစုအတွင်း ပိုင်လိမိသားစုသည် တစ်ဖန်ပြန်၍ ကြွယ်ဝလာဦးမည်ဟု ကြိုတင်မြင်နိုင်ပေသည်။

…

ချင်ရှို့မင်း နန်းသက်တတိယနှစ်၌ စိုးရိမ်ပူပင်မှုများအောက်တွင်ပင် ရှဲ့ချောင် ကိုယ်ဝန်ရှိလာခဲ့သည်။

နောက်တစ်နှစ်တွင်မူ သားတော်တစ်ပါး ဖွားမြင်ခဲ့သည်။ ဧကရာဇ်မင်းကြီး၏ အကြီး‌ဆုံးသား ဖွားမြင်လာပြီဖြစ်၍ အိမ်ရှေ့စံမင်းသားရာထူး ချက်ချင်းပေးအပ်ခံရသည်။

ချင်ရှို့မင်း နန်းသက်ဆယ်နှစ်မြောက်တွင် ရှဲ့ချောင်သည် နောက်ထပ်သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါး ဖွားမြင်ခဲ့ပြန်သည်။ အိမ်ရှေ့စံမင်းသားငယ်လေးမှာ စိတ်သက်သာရာရသွားသော သက်ပြင်းတချက် တိတ်တဆိတ်ချမိခဲ့သည်။

ယခင်ကမူ သူသည်တော်ဝင်မိသားစု၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်၍ သူ့၌ ခြစ်ရာသေးသေးလေးရှိလျှင် အနား၌ ပြုစု‌စောင့်ရှောက်ပေးကြသော လူများရှိနေတတ်သဖြင့် တကယ်ပင်ပန်းလှသည်။

ယခုအခါ ညီငယ်တစ်ယောက်ရှိလာ၍ ဂရုတစိုက်နေထိုင်ရန်မလိုတော့။

ကလေးနှစ်ခါမွေးပြီးနောက် ကျောက်ရွှမ်ကျင်းသည် သူမဒုက္ခခံစားရမည်အား ဆက်ပြီးမကြည့်ရက်တော့ပေ။

မိဖုရားခေါင်ကြီးဖြစ်သော ရှဲ့ချောင်မှာ ထီးနန်းအရိုက်အရာဆက်ခံမည့်သူ မရှိမည်အား စိတ်ပူရန်မလိုတော့‌။

ကျောက်ရွှမ်ကျင်း ထီးနန်းစိုးစံစဉ်ကာလာအတွင်း တိုင်းပြည်အား ကောင်းမွန်စွာစီမံအုပ်ချုပ်ခဲ့၏။

ချန်ယွမ်ပြည်ထောင်သည် ချမ်းသာကာ ပြည်သူများသည်လည်း ပေါကြွယ်ဝသဖြင့် အင်အားကြီးမားသော ဂုဏ်သတင်းက ရုန်တောင်အား ပြဿနာရှာစေခြင်းမှ ရပ်တန့်စေခဲ့သည်။

မိဖုရားခေါင်ကြီး၏ ဆုတောင်းဆန္ဒများကြောင့် အမျိုးသမီးများ၏ အဆင့်အတန်းအား မြှင့်တင်ရန် တော်ဝင်ပြန်တမ်းများ ထပ်ခါတလဲလဲထုတ်ပြန်ခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက်တွင် နန်းတွင်းရုံးတော်၌ ထူးချွန်ထက်မြက်သော အမျိုးသမီးအရာရှိအနည်းစု ရှိနေခဲ့ချေပြီ။

နန်းတွင်းသူနန်းတွင်းသားများသာမက လူများသည်လည်း လက်ရှိ ဧကရာဇ်၌ မသန်စွမ်းသော လက်တစ်ဖက်ရှိနေကြောင်း မေ့သွားသည်မှာ ကြာနေလေပြီ။ လူများသည် အလိုရှိသည်အား ရသဖြင့် တိုင်းပြည်မှာ ငြိမ်းချမ်းနေချေပြီ။

•••••

အခန်း ၁၂၂၇။

နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ဆရာကြီးယွင်ဝေ့၏ ပန်းချီကားသည် စာအုပ်ဆိုင်တစ်ခုတွင် ချိတ်ဆွဲထားဆဲ။

အသက်ကိုးဆယ်ဝန်းကျင် အဖိုးအိုတစ်ဦးသည် စာအုပ်ဆိုင်ထဲသို့ဝင်လာ၏။ သူသည် ငွေစ‌ထောင်ကျော် ထုတ်ကာ စာအုပ်ဆိုင်၏ ရတနာအား တုန်တုန်ယင်ယင်ဖြင့် ဝယ်သွားခဲ့သည် ။

နှစ်ပေါင်းခြောက်ဆယ်ကျော်ပင် ရှိခဲ့ချေပြီ….

အသက်သုံးဆယ်ဝန်းကျင်အရွယ်၌ သူသည် ကံကောင်းပြီး ဆရာကြီးယွင်ဝေ့၏ပန်းချီကား၏ ပုံတူအား ရရှိခဲ့သည်။ ထိုအချိန်မှစပြီး လူအိုကြီး၏ လက်ရာသစ်များအား ရှာဖွေရန်ကြိုးစားခဲ့သည်။ ထိုအချိန်၌ ဆရာကြီးယွင်ဝေ့သည် ခုနစ်ဆယ် ရှစ်ဆယ်အရွယ်လူကြီးတစ်ယောက် ဖြစ်မှာသေချာသည်ဟာ လူတိုင်းဆိုခဲ့ကြ၏…

သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီးသည့်တိုင် နှစ်အနည်းငယ်နေတိုင်း ပန်းချီကားတစ်ချပ်ကို ဝယ်နိုင်ခဲ့သည်….

ဆရာကြီးယွင်ဝေ့၏ ပန်းချီကားများသည် ပိုပိုပြီးလက်ရာမြောက်လာသော်လည်း… သူသည် ကိုးဆယ်ကျော်ပြီဖြစ်ကာ အသက်ရှင်နေဆဲ….

လူအိုကြီး၏ ခြေထောက်များမှာ တုန်ယင်နေကာ တံခါးမှထွက်လာသည့်အချိန် သူအံ့ကြိတ်လိုက်၏။

သူသည်းခံရမည် သည်းခံရမည်။

ဆရာကြီးယွင်ဝေသည် ပန်းချီကားအသစ်ထပ်မံမရေးဆွဲနိုင်တော့သည့်အခါ သူ့လက်ထဲတွင်ရှိနေသော ပန်းချီကားများသည် အဆပေါင်းများစွာ တန်ဖိုးမြင့်သွားမည်! သူ-သူ.. ထိန်းသိမ်းထားရမည်!

ဒုတ်!

ကံဆိုးစွာဖြင့် သူ၏မြင်းလှည်းပေါ်သို့ မတက်နိုင်ခင်ပင် လူအိုကြီး၏ အမြင်အာရုံတို့ မည်းမှောင်သွားကာ ကွယ်လွန်သွားခဲ့လေသည်။

…

ဤနှစ်တွင် ရှဲ့ချောင် အသက်ရှစ်ဆယ်ပြည့်ခဲ့လေပြီ။

သူမ အမြွှာနှစ်ယောက်ကို‌မွေးခဲ့သောနှစ်တွင်ပင် သူမအစ်ကိုကြီးသည် အထီးကျန်အမျိုးသားတစ်ဦးဖြစ်မည့်ကံကြမ္မာမှာ ချောမွေ့စွာထွက်လာနိုင်ခဲ့ကာ ယွီရှန်းနှင့် လက်ထပ်ခဲ့သည်။

ရှဲ့ဖင်းဟွိုက်သည် စောစီးစွာ အိမ်ထောင်မပြုခဲ့။ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရောက်မှသာ အိမ်ထောင်ပြုခဲ့သည်။ သူ၏ ဇနီးမှာ မျိုးရိုးမြင့်ထဲမှမဟုတ်ဘဲ လင်းမိသားစုမှဝမ်းကွဲတစ်ယောက်ဖြစ်သည်။ သူမသည် သူ့ထက် ရှစ်နှစ်ငယ်သော်လည်း လက်ထပ်ချင်ခဲ့လေ၏။

သို့သော် သူတို့နှစ်ယောက်သည် ငယ်ကျွမ်းဆွေများဖြစ်နေ၍ ရှဲ့ချောင် မတားနိုင်ခဲ့။

ယခုကာလ၌ ဝမ်းကွဲများကြားလက်ထပ်ခြင်းသည်… အထူးအဆန်းမဟုတ်။

ထိုမျှသာမက လင်းမိသားစုမှ ဝမ်းကွဲတစ်ယောက်သည် အသက်နှစ်ဆယ်အရွယ်တွင်ပင် နန်းတွင်းဆေးဌာန၌ အလုပ်ခန့်ခံခဲ့ရ၏။ သူသည် ပညာရှင်သမားတော်တစ်ဦး၏ အရည်အချင်းမျိုးရှိသဖြင့် ရှဲ့ဖင်းဟွိုက်၌ လင်းမိသားစုအား အထင်မြင်သေးပိုင်ခွင့်မရှိ။ သူတို့အား လေးစားရမည်။

သို့သော်.. ရှဲ့ရှီမှာမူ…

နောက်ဆုံး၌ သူမသည် စစ်ဘက်ရေးရာအရာရှိတစ်ဦးနှင့် ထိမ်းမြားခဲ့သည်။

သူသည် လုလင်းဟု အမည်ရသူတစ်ယောက်ပင်။ သူ့၌ မည်သည့်နောက်ခံမှမှမရှိသော်လည်း အတော်လေး သဘောကျစရာကောင်းသည်။ သူမ၏ အဖေ‌ပြောပုံအရဆိုလျှင် ဤကလေးသည် သူ့ဘဝနှင့်မည်သို့တိုက်ခိုက်ရမည်ကိုသိသူတစ်ယောက်။ စွမ်းဆောင်ရည်ရှိသည့်အပြင် ငယ်လည်းငယ်၏။ ရုန်တောင်မှ ပြဿနာရှာချိန်တွင် သူသည် ရှေ့ပြေးစစ်သည်များထဲမှ တစ်ဦးဖြစ်ခဲ့ပြီး လူပေါင်းများစွာအား သတ်ဖြတ်နှိမ်နင်းခဲ့သည်။

ရှဲ့မိသားစု၏ သားမက်ဖြစ်လာနိုင်ရန်အတွက် သူသည် ဦးချကန်တော့လွန်းသဖြင့် ခေါင်းပင်ကွဲလုနီးနီးဖြစ်ခဲ့သည်ဟုဆို၏….

ရှဲ့ရှီသည် သူနှင့်တိတ်တဆိတ်တွေ့ဆုံခဲ့ဖူးကာ စကားစမြည်အနည်းငယ်ပြောခဲ့ဖူးသည်။ အကြောင်းပြချက်တချို့ကြောင့် နှစ်ဦးသားသည် တစ်ယောက်ကိုတစ်ယောက် သဘောကျခဲ့ကြသဖြင့် ဘဝအတွက် လက်ထက်ခဲ့ကြခြင်းပင်။

ရှဲ့ချောင်သည် သူ့ညီမအား လက်လွတ်စပယ် ပေးစားခဲ့သည်တော့မဟုတ်။ လုလင်းအား လူလွှတ်၍ အချိန်ကြာမြင့်စွာစောင့်ကြည့်ခဲ့သည်။

သူသည် တကယ်လူ‌ကောင်းတစ်ယောက်ဖြစ်သည်။

သူသည်စစ်ဘက်အရာရှိတစ်ဦးဖြစ်သော်လည်း ရည်ရည်မွန်မွန်ရှိကာ အကျင့်ဆိုးများမရှိခဲ့။ငွေစုဆောင်းတတ်ပြီး ဖြုန်းတီးသူမဟုတ်ခဲ့ပေ။

စစ်ပွဲများမှ ဆုလာဘ်များဖြင့် မြို့တော်တွင် အိမ်တစ်လုံးကိုလည်း ပိုင်ဆိုငိထားသေးသည်။ သူသည် အပျော်အပါးကိစ္စများတွင် ငွေမဖြုန်းတတ်ကာ ကိုယ်လုပ်တော်လည်းမရှိပေ။

ထို့ကြောင့်လည်း ရှဲ့ချောင် မင်္ဂလာပွဲအား သဘောတူလိုက်ရခြင်းပင်….

….

သူမအသက် လေးဆယ့်ငါးနှစ်အရွယ်အရောက်၌ နန်းတော်၌ ကျောက်ရွှမ်ကျင်းနှင့်အတူ ပင်ပန်းခက်ခဲစွာနေထိုင်ရခြင်းအား ငြီးငွေ့နေလေပြီ။

ကျောက်ရွှမ်ကျင်းသည် သူ၏ အကြီးဆုံးသားအား ထီးနန်းလွှဲအပ်ခဲ့၏။

ထိုအချိန်တွင် မုန့်ကျိဖန်သည် တော်ဝင်ဆရာအသစ်ဖြစ်လာပြီဖြစ်ကာ ငယ်ရွယ်စဉ်ကကဲ့သို့ မောက်မာခြင်းမျိုးမရှိတော့။ အစနှောင်းခဲ့သော်လည်း အလွန် ဉာဏ်ထက်မြက်သူတစ်ယောက်ဖြစ်၏။ ဆယ်နှစ်မှသည် နှစ်နှစ်ဆယ်ကြာချိန်တွင် သူ၏ အရည်အချင်းမှာ မော့လင်းကျစ်နှင့် ယှဉ်နိုင်နေချေပြီ။

ရှဲ့ချောင်၏ သားသည် ငယ်စဉ်ကတည်းက ပညာရှိတစ်ဦးထံမှ သင်ပြခြင်းခံခဲ့ရ၏။ သူသည် အလွန်

ဉာဏ်ထက်မြက်ကာ အကျင့်စရိုက်ကောင်းရှိသည်။ နန်းတက်ပြီးနောက်တွင် ငြိမ်းချမ်းစွာအုပ်ချုပ်ခြင်းအားထိန်းသိမ်းထားနိုင်ခဲ့၏။

ယခင်ဘုရင်နှစ်ပါးသည် စောစီးစွာ နန်းစွန့်ခဲ့ခြင်းကြောင့်ဖြစ်မည်ထင်၊ သူမ၏သားသည် နှစ်နှစ်ဆယ်ကျော်ခန့်သာ အုပ်စိုးခဲ့ပြီး သူမ၏ အကြီးဆုံးမြေးအား ထီးနန်းလွှဲပြောင်းခဲ့သည်။

ယခုမူ သူမတွင် မြေးခုနစ်ယောက် ရှစ်ယောက်ခန့်ရှိနေချေပြီ။

လက်ရှိ အိမ်ရှေ့စံမင်းသားသည် အသက်ခြောက်နှစ်သာရှိသေးသည်။ သူသည် အင်မတန်အရေထူလွန်းကာ အဆော့မက်၏။ သူမနှင့် ကျောက်ရွှမ်ကျင်းအနားယူခြင်းကို နှောင့်ယှက်ရန် ခြံဝန်းထဲသို့ မကြာခဏဆိုသလို ရောက်လာတတ်၏။ ကျောက်ရွှမ်ကျင်း၏ လူများထံမှာ ပစ်ထုတ်ခံရသည်မှာလည်း အကြိမ်ပေါင်းမနည်းလှ။

“ဖိုးဖိုး ၊ဖွားဖွား!ကျွန်တော် မနေ့က လောင်းကစားရုံသွားခဲ့သေးတယ်၊ ဘာဖြစ်လဲ မှန်းကြည့်၊ အဲဒီမှာ ဖိုးဖိုးတို့နှစ်ယောက် ဒီနှစ်ထဲသေမသေကို လောင်းကြေးထပ်နေကြတာ!”

ကလေးပေါက်စသည် ဒေါသတကြီးစူအောင့်လျက်

“ဟမ့်၊ အဲဒီလောင်းကစားဝိုင်းက ဟုတ်ကိုမဟုတ်ဘူး၊ သူတို့ကများ စိတ်ကြီးဝင်ရဲသေးတယ်၊ ကျွန်တော် ဒေါသထွက်လွန်းလို့ အဲဒီနေရာကို ချေမွပစ်ခဲ့တယ်!”

ကျောက်ရွှမ်ကျင်းသည် မျက်ခုံးတစ်ချက်ပင် ပင့်သွားခြင်းမရှိ။

သေမယ်?

ရှဲ့ချောင်သည် ယခုမှ အသက်ရှစ်ဆယ်သာရှိသေးသဖြင့် သေလိမ့်မည်မဟုတ်။

လွန်ခဲ့သော ဆယ်စုနှစ်ခန့်၌ သူမသာ ရုပ်လုံးထွက်ပြခြင်းမရှိသ၍ လူများသည် သူမ၏ခန္ဓာကိုယ်မှာ အားနည်းနေသည်ဟု ဆိုတတ်ကြသည်.. သို့သော်စင်စစ်… သူမ အလွန်ကျန်းမာနေပေသည်!

ယခုအခါ.. သူမသည် အသက်ရှစ်ဆယ်ရှိနေသော်လည်း ပိုပို၍ငယ်လာသည်ဟု ခံစားနေရ၏။

သူမ အသက်ဆက်ရှင်နိုင်သေးသည်!

အိမ်ရှေ့စံမင်းသားငယ်လေးသည် လူကြီးနှစ်ယောက်၏ မျက်လုံးများမှာ အနည်းငယ် မရိုးဖြောင့်သကဲ့သို့ ထင်ခဲ့မိ၏။

နောက်နှစ်ပေါင်းများစွာပင်မကြာလိုက်၊ လူကြီးနှစ်ယောက် အသက်ရှင်နေသေးသောအခါမှသာ အပြင်ကလူများ ဘယ်လောက်တောင် တုံးအသလဲ သူသဘောပေါက်သွား‌ခဲ့တော့သည်။

သူတို့နှစ်ယောက်လုံး သက်တမ်းရှည်ခဲ့လွန်းကြသည်လေ!

••••• 《ပြီးပါပြီ》

All Chapters