← Chapters

အခန်း (၁၂၂၃-၁၂၂၄)

Vol. 62 Ch. 1223-1224

အခန်း (၁၂၂၃-၁၂၂၄)

Vol. 62 Ch. 1223-1224

အခန်း ၁၂၂၃။ အိမ်ရှေ့စံမင်းသားအား ဖြုတ်ချခြင်း

ကနဦး၌ ရှဲ့ချောင်သည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့ကဲ့သို့သောလူမျိုး၏ ဝိဥာဥ်အား ပို့ဆောင်ပေးခြင်းကို သဘေမကျလောက်ဟု ခံစားခဲ့ရသည်။ သို့သော် ယခုမူ အနှီပုဂ္ဂိုလ်သာ အမှောင်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသော် အတော်လေး သနားစရာကောင်းလှပေမည်။

သူမသည် သူမ၏ တစ်ဘဝလုံး ထိခိုက်နာကျင်ခံခဲ့ရ၏။

“လောလောဆယ် အများကြီးမတွေးသင့်သေးဘူး”

ကျောက်ရွှမ်ကျင်းသတိပေးလိုက်သည်။

“အင်းပါ ကျွန်မဘာကိုမှထပ်မတွေးတော့ဘူး”

ရှဲ့‌ချောင် ပြုံးရယ်လိုက်၏။

သူမသည် အလွန်နာခံတတ်ပုံပေါ်နေသော်လည်း ကျောက်ရွှမ်ကျင်းမှာမူ စိုးရိမ်နေဆဲ။ သူသည် စံအိမ်တော်တွင်သာ နေနေပြီး ဘယ်ကိုမှမသွားခဲ့ချေ။

…

ရှဲ့မိသားစုတွင်မူ ရှဲ့ဖင်းကန်သည် စျာပနအခမ်းအနားအား အေးစက်စွာဖြင့် ဦးစွာစီစဥ်နေခဲ့သည်။ လူများစွာသည် သူ့အား သွေးအေးကာ အသည်းနှလုံးမရှိသူတစ်ယောက်ဟု ထင်နေကြဆဲ။ ထို့အပြင် တော်ဝင်ဆရာကြီးသည် ရှဲ့မိသားစုအား ကောင်းမွန်စွာဆက်ဆံခဲ့၏။ ရှဲ့ဖင်းကန်းအနေဖြင့် အနည်းဆုံးတော့ငိုသင့်ပေသည်…

လူဘယ်နှယောက်လောက် သူ့နောက်ကွယ်မှာ လူကောင်းတစ်ယောက်မဟုတ်ဟုဆိုပြီး ဆူပူနေကြမည်ကို မသိနိုင်။

သို့သော်လည်း သူ့အား နှစ်ရက်ကြာဆူပူကြိမ်းမောင်းပြီးကြသည့်နောက် ရှဲ့ဖင်းကန်းနှုတ်ထွက်ခဲ့၏။ သူသည် တော်ဝင်ဆရာကြီး၏ မွေးစားသားဖြစ်မည်ဟုဆိုကာ သုံးနှစ်တိုင် ဝမ်းနည်းပူဆွေးခြင်းပြုလိမ့်မည်။

ထိုအချိန်တွင် လူပေါင်းများစွာက သူ့အား ကျေးဇူးသိတတ်သူဟု ချီးကျူးကြ၏။…

ရှဲ့နျိုရှန်းသည်လည်း မည်သည့်ကန့်ကွက်မှုမျိုးမှမရှိခဲ့။

သုံးနှစ်ခန့် အရာရှိအဖြစ်မှ နှုတ်ထွက်ခြင်းကမူ နှမျောစရာပင်။ သို့သော်.. တော်ဝင်ဆရာကြီးသည်..

သူ့မိသားစုအပေါ် တကယ်ကောင်း‌ပေးခဲ့၏။ သူ့သား ကိုယ်တိုင် စျာပနတတ်ရောက်ခြင်းကိုပင်မဆိုထားနှင့် သူကိုယ်တိုင် သုံးနှစ်ဝမ်းနည်းပူဆွေးရမည်ဆိုလျှင်ပင် ဖြစ်နိုင်သည်!

ရှဲ့မိသားစုသည် သီးခြားနေနေခဲ့၏။

ရှဲ့ဖင်းဟွိုက်နှင့်ရှဲ့ရှီတို့သာ ရှဲ့ချောင်ကိုတွေ့ရန်အတွက် အိမ်ရှေ့စံမင်းသား အိမ်တော်သို့ ရံဖန်ရံခါ လာရောက်တတ်ကြသည်။

ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်လိမ်နေပြန်သည်ဟု ထင်ခဲ့မိသော်လည်း သူမ၏ အသက်မဲ့နေသောမျက်လုံးများကို မြင်ရချိန်တွင်မူ သူ့ချက်ချင်း အပြစ်ရှိစိတ်ခံစားခဲ့ရသည်။

သူက တကယ်ကို မကောင်းသည့်သူပင်!

သူ့အစ်မကြီးက ဤကဲ့သို့ဖြစ်နေသည်ကိုပင် သူမလိမ်နေသည်ဟု တွေးနေခဲ့သည်!

“အစ်မကြီး၊ နေမကောင်းတော့ မျက်လုံး နာနေတုန်းလား။ နောက်ဆိုရင်‌ေရာ။ မဟုတ်မှ… မြေကြီးပေါ်ကနေ မထနိုင်တာတော့မဟုတ်ဘူးမလား၊ ဒီလိုနည်းနဲ့ သေရတာကြီးကအရမ်းဝမ်းနည်းစရာကောင်းလွန်းတယ်…”ရှဲ့ဖင်းကန်း၏ နှလုံးသားထဲ သွေးများစီးကျနေလေပြီ။

ရှဲ့ရှီကမူ နှုတ်ခမ်များကို စုဝိုင်းထား၏။

မုန့်ကျိဖန် မျက်လုံးလှိမ့်လိုက်သည်။

ဒီရောဂါက ဘယ်ကရောက်လာတာမလို့လဲ?!

ဒီအသက်ကယ်တဲ့ ကုသမှုမျိုးကို ရှဲ့မိသားစုရဲ့ သွေးသားတော်စပ်ပါတယ်ဆိုတဲ့မောင်က ဘာမှမသိဘူးသေးဘူးလား?

ရှဲ့ချောင် တစ်နေရာရာကနေရလာတယ်လို့ထင်နေတာလား?

“သစ်သီးပင်ကိုမြင်ရလား၊ ငါကအခုဒီသစ်ပင်တွေလိုပဲ။ အရင်ဆုံး ငါ့မျက်လုံးတွေက ကြွေကျမယ် နောက်ကျရင် ငါ့မျက်လုံးတွေမရှိတော့တာနဲ့.. ငါ့ခန္ဓာကိုယ်ပေါ်က အကိုင်းအခတ်တွေ.. ငါ့ဆံပင် ငါ့လက်ချောင်းတွေက နည်းနည်းချင်းစီကွာကျလိမ့်မယ် နောက်ဆုံးကျတော့ ငါ့ခေါင်းတစ်ခုပဲကျန်မှာ..”ရှဲ့ချောင်သည် သူတို့အား ခြောက်လှန့်ရန်အတွက် အကောင်းဆုံးကြိုးစားခဲ့သည်။

ရှဲ့ဖင်းကန်းမှာ အနည်းငယ်မနှစ်မြို့ဟန်ဖြစ်သွား၏။

“အစ်မကန်းနေလို့လား၊ အစ်မမျက်လုံးကို မျက်လုံးအိမ်ကနေ ကျွတ်ကျစေချင်လို့လား”

“အင်း” ရှဲ့ချောင် ခေါင်းညိတ်လိုက်ကာ သူမနှလုံးသာထဲ၌ ပျော်ရွှင်နေလေသည်။

“ဒါဆို. အစ်မအတွက် ပုံစံတူတစ်ခုလုပ်ပေးဖို့လက်မှုပညာရှင်တစ်ယောက်ရှာပေးမယ်.. အနည်းဆုံးတော့ လူတွေကိုအယုံသွင်းလို့ရတာပေါ့၊ မဟုတ်ရင် အိမ်ရှေ့စံမင်းသားနန်းတက်တဲ့အခါကျ ဘယ်လိုလုပ်မလဲ”

ရှဲ့ဖင်းဟွိုက်တစ်ယောက် အလိုမကျစွာဖြင့် ပြောလေသည်။

“နန်းတက်တယ်?”

ရှဲ့ချောင် မှင်တက်နေမိသည်။

“အင်း ယောက်ဖက မကြာခင် ဘုရင်ဖြစ်လာတော့မှာမဟုတ်ဘူးလား”

ရှဲ့ဖင်းဟွိုက်သည် အလွန်ရိုးသားလွန်း၏

မုန့်ကျိဖန်သည် ဤတစ်လော၌ အိမ်မှထွက်သွားခြင်းမရှိသဖြင့် ဘာတစ်ခုမှ မသိခဲ့ပေ။ သူ ကြားသောအခါ ထိတ်လန့်သွားခဲ့၏။

“မဖြစ်နိုင်တာ! အိမ်ရှေ့စံမင်းသားက နှုတ်ထွက်ချင်တယ်ဆိုပြီး ပြောထားတာ”

“ ဒါပေမဲ့ ဟိုအမတ်တွေက အိမ်ရှေ့စံမင်းသားနန်းချတာကို ကန့်ကွတ်တဲ့စာတစ်စောင် အတူတူတစုပြီးရေးထားကြတယ်မလား

ရှဲ့ဖင်းဟွိုက်က ချက်ကျလက်ကျပြော၏

“မင်းကြီးက နေမကောင်းတော့ နန်းစွန့်ချင်ပြီးလို့ပြောနေတာ၊ စတုတ္ထမင်းသားနဲ့ ပဉ္စမမင်းသားတို့ နန်းတော်ထဲသွားတော့ သူတို့ကို အိမ်ရှေ့စံမင်းသားနေရာယူချင်လားဆိုပြီး မေးသေးတယ်၊ ပဉ္စမမင်းသားဆို လန့်ဖျပ်ပြီးငိုပါငိုသေး၊ ဘုရင်မလုပ်ချင်ပါဘူးချည်း ပြောနေတာ၊ စတုတ္ထမင်းသားကလည်း ငြင်းပဲငြင်းနေတာလေ၊ အစ်မရဲ့ခမည်းတော်ဆို ဒေါသထွက်လွန်းလို့ မုတ်ဆိတမတွေတောင် ဖြူကုန်ရော”

တံခါးဝသို့ ရောက်လာသောအခွင့်ရေးသည် စတုတ္ထမင်းသားထံမှ ငြင်းဆိုခြင်းခံလိုက်ရ၏

အိမ်ရှေ့စံမင်းသား ကျောက်ရွှမ်ကျင်းသည် အရည်အချင်းရှိပြီးမွန်မြတ်သူတစ်ယောက် ဖြစ်သည်။ထီးနန်းဆက်ခံသူဖြစ်ရန် သဘောတူခြင်းထက် နယ်စပ်ကိုသာ ဆန္ဒအလျောက် သွား၍ စောင့်ကြပ်ချင်တော့သည်။

စတုတ္ထမင်းသားသည် အဆုံးစီရင်လုနီးနီးပင်ဖြစ်ခဲ့သေး၏။ သူ ဘုရင်တစ်ပါးမဖြစ်လိုကြောင်း သက်သေပြချင်ခဲ့သည်..

ထိုအချိန်ကဧကရာဇ်မင်းကြီးသည် အသစ်တစ်ယောက်အား တကယ်ရှာချင်ခဲ့တာပင်။ နောက်မျိုးဆက်၌ သတ္တိရှိလောက်သည်ဟု ထင်ခဲ့၏။ ထို့ကြောင့် ပြည်သူများအား မေးခဲ့ရခြင်ပင်။ ထိုနှစ်ယောက်၌ ကြီးမားလှသော တုံ့ပြန်မှုကြီးရှိလိမ့်မည်ဟု မည်သူထင်မည်နည်း။

ထိုသို့ဖြင့် အရပ်ဘက်နှင့် စစ်မက်ရေးရာအရာရှိများသည် သူတို့၏ မျှော်လင့်ချက်များအား အိမ်ရှေ့စံမင်းသားတွင် ပုံအောရန်သာတတ်နိုင်တော့သည်။ အမတ်ကြီးမုန့်သည်ပင်လျှင် အိမ်ရှေ့စံမင်းသားမည်မျှ ပညာရှိပြီးစွမ်းကြောင်း ကြွားဝါးပြောဆိုခဲ့သည်။

•••••

အခန်း ၁၂၂၄။ လူတိုင်းမျှော်လင့်ထားကြသော

မင်းကြီးသည် အစကတည်းက အိမ်ရှေ့စံမင်းသားအား မျက်နှာသာပေးရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်၏။ ယခုအခါ ရုံးတော်၌ မည့်သည့်ကန့်ကွက်ချက်မျိုးမှ မရှိတော့သဖြင့် နောက်နှစ်တွင် အိမ်ရှေ့စံမင်းသားနန်းတက်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ဤဝမ်းသာစရာကိစ္စသည် အပြင်လောကတစ်ခွင်လုံး ပျံ့နှံ့နေလေပြီ!

သူ၏အစ်မကြီး မသိသေးဘဲရှိဦးမည်ဟု ရှဲ့ဖင်းဟွိုက် မမျှော်လင့်ထားခဲ့!

မုန့်ကျိဖန်သည် ပါးစပ်အဟောင်းသားဖြစ်နေကာ ရှဲ့ချောင်အား ဖြတ်ခနဲကြည့်လိုက်၏။ နောက်ဆုံးတွင်မူ သရော်သံပြု၍ ခေါင်းလှည့်သွားခဲ့လေသည်။

အိမ်ရှေ့စံမင်းသား နန်းတက်ခြင်းသည်.. အလွန်ကောင်းလှပေ၏။

အိမ်ရှေ့စံမင်းသားသည် အေးတိအေးစက်နေတတ်ကာ ဂရုမစိုက်တတ်သူတစ်ယောက်ဟု သူထင်ခဲ့ဖူးသည်။ သူ မြို့တော်သို့ ပြန်လိုက်သည့်အခါတိုင်း အစုလိုက်အပြုံလိုက်ကွပ်မျက်မှုတစ်ခုဖြစ်တတ်ကာ အမှုမျိုးစုံကို စုံစမ်းစစ်ဆေးတတ်သည်။ ကွပ်မျက်ရာမြေပြင်သည် သွေးချောင်းများဖြင့် လွှမ်းနေတတ်စမြဲ။ ကျောင်းတော်မှ သူ၏ မိတ်ဆွေကောင်းများပင်လျင် သူ၏ စုံစမ်းစစ်ဆေးမှုကြောင့် ပြည်နှင်ဒဏ်ပေးခံကြရသည်။ သူ့နှလုံးသားထဲ၌ အိမ်ရှေ့စံမင်းသားသည် အကြောင်းရင်းမရှိ ပြဿနာရှာနေသည်ဟု ထင်ခဲ့သည်။ အပေါ်ယံ၌ အကျိုးဆောင်သူတစ်ယောက်ဖြစ်နေသာ်လည်း အတွင်း၌မူ ရက်စက်သူတစ်ယောက်ပင်။

သို့သော် ဤတစ်ကြိမ်တွင်မူ…

သူ့အား ကယ်တင်ရန်အတွက် တာအိုဘုရားကျာင်းတွင် ရက်ပိုင်းခန့်နေခဲ့၏။ အိမ်ရှေ့စံမင်းသမီးနှင့်ပင် အခက်အခဲများကို မျှဝေခံစားပြီး ရာထူးစွန့်ရန် ဆန္ဒရှိခဲ့သည်…

ရိုးရာပွဲပြီးသွားသည့်နောက် နန်းတွင်းသမားတော်သည် ကလေးများအား သွားကြည့်ခဲ့ကာ ခေါ်သွားခဲ့သည်။

အနှီပုဂ္ဂိုလ်သည် သူထင်ထားသကဲ့သို့ သူတော်ကောင်းဟန်ဆောင်ထားသူ ကြောက်စရာကောင်းသူတစ်ယောက်မဟုတ်။

ဤအခိုက်အတန့်၌ ရှဲ့ချောင်သည် အနည်းငယ်သာ အံ့သြသွားမိ၏။ ထိတ်လန့်သွားခြင်းမျိုးပင် မရှိ။

အိမ်ရှေ့စံမင်းသားသည် လွန်ခဲ့သောနှစ်နှစ်လုံး ကောင်းမှုကုသိုလ်ကောင်းများကို စုဆောင်းနေခဲ့ကာ နဂါးစွမ်းအင်၏ ကာကွယ်မှုလည်း ရှိထားသည်။ ရှင်းရှင်းဆိုရသော်၊ ၎င်းသည် စစ်မှန်သော နဂါးဧကရာဇ်တစ်ပါး၏ ဘဝဖြစ်ကာ ရာထူးအား စွန့်လွှတ်ရန်အတွက် လွယ်ကူလိမ့်မည်မဟုတ်။

ထိုမျှမက ကျောက်ရွှမ်ကျင်း၏ ရာထူးစွန့်ရန် ရွှေ့ကွက်သည် မိုက်မဲခြင်းမဟုတ်။

စတုတ္ထမင်းသားသည် သိမ်မွေ့သောစရိုက်ရှိသူဖြစ်၏။ သူ ဘုရင်တစ်ပါးဖြစ်လာခဲ့လျှင်ပင် အိမ်ရှေ့စံမင်းသားအား အန္တရာယ်ကင်းစွာ ထားနိုင်လိမ့်မည်။ ဤနှစ်များ၌ အိမ်ရှေ့စံမင်းသားသည် သူ၏ကိုယ်ကျိုးအတွက် ဘက်တော်သား စုဆောင်းဖွဲ့စည်းခြင်းမျိုးမလုပ်ခဲ့သဖြင့် ဘုရင်အသစ်ထံမှ ကြောက်ရွံ့ခြင်းအား ခံရမည်ကို စိတ်ပူနေရန်မလို။ ၎င်းသည် အဆိုးဆုံးဖြစ်နိုင်ချေပင်။

ဤနှစ်များအတွင်း၌ နန်းတွင်းရုံးတော်အတွင်းမှ လူများစွာသည် အိမ်ရှေ့စံမင်းသားအား ဖြုတ်ချရန် အဆိုပြုခဲ့ကြသည်။ အိမ်ရှေ့စံမင်းသားသည် ၎င်းအား မမြင်ချင်ဟန်ဆောင်၍ နောင်တစ်ချိန် အောင်မြင်စွာဖြင့် နန်တက်နိုင်ခဲ့လျှင်ပင် နန်းတွင်းရုံးတော်အတွင်း၌ အတင်းအဖျင်းစကားများစွာရှိလာမည်မှာ အသေချာပင်။ ရှင်းလင်းရန်ပင် လုပ်ချင်လုပ်ရနိုင်သည်။

ယခုအချိန်၌ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ခြင်းသည် သူတို့တွင် ရွေးချယ်စရာ လုံးဝမရှိကြောင်း မှူးမတ်အရာရှိများအား အသိပေးပြီးသားလည်း ဖြစ်သွားသည်။

ဤထီးနန်းသည် အိမ်ရှေ့စံမင်းသား ယူစေရန် သူတို့ဆန္ဒပြင်းပျနေကြသောအရာတစ်ခု။ ၎င်းက လူတိုင်းမျှော်လင့်ထားကြသောအရာပင််။

နောင်တစ်ချိန် သမိုင်း၌ ကျောက်ရွှမ်ကျင်း၏မှတ်တမ်းများသည် ပို၍ပင် အလေးပေးခံရနိုင်သည်။ သူသည် မသန်စွမ်းဖြစ်နေသည်မှာသိသာသော်လည်း အရာရှိအားလုံး၏ ထောက်ခံမှုကို ရနေဆဲ။ သူ၏အကျင့်သီလသည် ဤလောကကြီး၌ ရှားပါးကြောင်းပေါ်လွင်ပေသည်။

ကံဆိုးစွာဖြင့် အမတ်မုန့်တို့မှာမူ ဤဆုံးရှုံးမှုအား ခံစားရရုံသာရှိ၏.

အိမ်ရှေ့စံမင်းသားသည် သူ၏ညီငယ်နှစ်ယောက်အာ ကြို၍ ဆက်သွယ်ထားသည်လောကိုပင် ရှဲ့ချောင် သံသယဝင်မိသေးသည်…

အခြားအရာများကိုမဆိုထားနှင့် အိမ်ရှေ့စံမင်းသား၏ လူများအား လှည့်စားနိုင်သောအရည်အချင်းသည် အလွန်ကောင်းမွန်နေဆဲ။

ရှဲ့ချောင်သည် ဤအရာများအား ရှဲ့ဖင်းဟွိုက်ကို ပြောပြလိမ့်မည်မဟုတ်။ ဤရူးမိုက်သောကလေး

သည် ကိုယ်တိုင် တွေးတောတတ်ရန်အတွက် သင်ယူရန်လိုနေဆဲ။

ရှဲ့ချောင် အင်မတန်ပျင်းလာသဖြင့် သူမ၏ မောင်နှင့်ညီမအား အိမ်‌ရှေ့စံမင်းသားစံအိမ်တော်တွင် ခဏနေခိုင်းခဲ့သည်။

သို့သော် ညတွင်မူ မော့လင်းကျစ်သည် ယွီရွှီဘုရားကျောင်းမှ တာအိုဆရာတစ်ယောက်ဖြင့် ထူးဆန်းစွာပြန်‌ရောက်လာ၏။

ရှဲ့‌ချောင်အား ခေါ်လိုက်ပြီးနောက် သူသည်တာအိုဆရာအား လေးနက်သော မျက်နှာထားဖြင့်၊

“ဒါ ကျုပ်တပည့်၊ က‌လေးမက အခုဆို အရမ်းကောင်းချီးပေးခံထားရတာ။ သူရဲ့ပုံပန်းသဏ္ဍန်က.. အရင်ကနဲ့ နည်းနည်းကွာနေပြီ… ဒါပေမဲ့ အမှားလုပ်မိမှာကြောက်လို့ ခင်ဗျား‌နောက်မှ တွက်ကြည့်လို့ရတယ်”

သူတို့သည်ရင်းနှီးလွန်းနေလျှင်ပင် အမှားများရှိမည်မှာ မလွဲမသွေပင်!

ရှဲ့ချောင်မှာ အံ့သြလွန်းသဖြင့်ပြောစရာစကားပျောက်ရှနေလျက်။

တာအိုဆရာကြီးသည် အလွန်အသက်ကြီးနေပြီဖြစ်ကာ ကူကယ်ရာမဲ့နေပုံရ၏။

သို့တိုင် သူ့တွင် အကျင့်စရိုက်ကောင်ရှိပုံပင်၊ သူမအားကြည့်သောအခါ သူ၏ မျက်နှာအမူအရာမှာ အင်မတန်တည်ငြိမ်နေခဲ့သည်။

မော့လင်းကျစ်သည် သူမ၏ မွေးဖွာလက္ခဏာရှစ်ခုကိုလည်း မမေ့မပျောက် ယူလာခဲ့ကာ တာအိုဆရာကြီးအား အနီးကပ်ကြည့်စေခဲ့သည်။

တာအိုဆရာကြီးသည် အချိန်ကြာမြင့်စွာတွက်ချက်ပြီးသွားသည့်နောက် သူမ၏ လက်ဖဝါးအား သေချာကြည့်လိုက်။ အချိန်အတော်ကြာသွာပြီးနောက်.. “အိမ်ရှေ့စံမင်းသမီး၏ သက်တမ်းကတိုတယ်. ကြမ်းတမ်းတဲ့ဘဝမျိုးနဲ့မွေးလာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ဂရုမစိုက်လို့ကတော့ အသက်အန္တရာယ်ရှိလာမှာ”

“ဒါပေမဲ့ အရှင်မင်းသမီးမှာက ကံကောင်ခြင်းတွေ တော်တော်များများရှိတယ်။ ဒီကံကြမ္မာမှာ..အပြောင်းအလဲတချို့ရှိလာလိမ့်မယ်လို့ မြင်နေရတယ်”

ဆရာကြီးက သူ့၏ မုတ်ဆိတ်အား ပွတ်သပ်နေသည်။

“ဒီတစ်လော အရှင်မင်းသမီးဆီမှာ တစ်ခုခုဖြစ်ပျက်သွားသေးလား”

“တစ်ခုခုဖြစ်တာလား”

ရှဲ့ချောင်မှင်တက်နေမိသည်။

မော့လင်းကျစ်သည် လက်ခုပ်လက်ဝါးတီးလျက် “ငါသိနေတယ်!

ဒီကလေးမက မွေးကင်းစကလေးခုနစ်‌ယောက်ကိုကယ်ခဲ့တာ။ ဒီလိုကြင်နာမှုမျိုးက ပြန်မရဘဲနေမတဲ့လား”

••••

All Chapters