← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇) ဟင်းလင်းပြင်လမ်းစဉ်၊ ဝိညာဉ်ရတနာ ဘယ်မှာရှိသလဲဆိုတာကို ဤခန်းမသခင် သိသည်

ဖုန်းလန်မြို့ပြင်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် ဖြစ်၏။

ချီလင်ခန်းမကြီး၏ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် ထိုနေရာသို့ ဆင်းသက်လာခဲ့သည်။

"မဟာလီစစ်တပ်ကို ဘယ်သူကများ ရွှေ့ပြောင်းသွားခဲ့တာလဲ..."

"ကောင်းဖန်နိုင်ငံ နန်းတော်ရဲ့ အတွင်းရတနာတိုက်ထဲက ရတနာတွေကရော ဘယ်လိုလုပ်ပြီး ရွှေ့ပြောင်းခံလိုက်ရတာလဲ..."

"အဲ့တာတွေက ဝိညာဉ်ရတနာနှစ်ခု ဖြစ်ကိုဖြစ်ရမယ်..."

"ဒီခန်းမသခင်က နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ ဟင်းလင်းပြင် ရတနာတစ်ခုကိုမှ မတွေ့ခဲ့ရဘူး..."

"ငါတို့ရှေ့မှာ ဝိညာဉ်ရတနာနှစ်ခုတောင် ရှိနေတာကို ဒီခန်းမသခင်က တစ်ခုကိုမှ မရှာတွေ့ခဲ့ဘူးပဲ..."

"မဖြစ်ဘူး... ဒီခန်းမသခင်က တာ့ဝါရဲ့ ကမ္ဘာ့အမြုတေကိုရဖို့ ကျရှုံးခဲ့တယ်... ဒီခန်းမသခင်ရဲ့ နောင်တတွေကို အစားထိုးနိုင်ဖို့ ဟင်းလင်းပြင် ဝိညာဉ်ရတနာတစ်ခုကို မဖြစ်မနေ ရှာဖွေရမယ်..."

ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ မျက်နှာမှာ ဒေါသတကြီး ဖြစ်နေ၏။ သူသည် ကောင်းဖန်နိုင်ငံ တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ဝိညာဉ်ရတနာ၏ အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပေ။ သူသည် ရူးသွပ်လုမတတ် ဖြစ်နေလေပြီ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် ရှီးလန်စီရင်စု တစ်ခုလုံးကို ထပ်မံရှာဖွေခဲ့သော်လည်း မဟာလီစစ်တပ်၏ အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရချေ။

အခြားတစ်နည်းဆိုရသော် ဤဝိညာဉ်ရတနာ နှစ်ခုလုံးနှင့် ပတ်သက်၍ မည်သည့်သဲလွန်စမျှ မရှိခြင်းပင်ဖြစ်သည်။ မည်သည့်နေရာသို့ ရောက်သွားသည် သို့မဟုတ် ဝိညာဉ်ရတနာများကို လုယူရန် မည်သူနှင့် တိုက်ခိုက်နေသည်ကို ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်ပင်လျှင် မသိရှိပေ။

ခေတ္တမျှ စိတ်ဓာတ်ကျသွားပြီးနောက် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် ဖုန်းလန်မြို့သို့ ပြန်လည် ပျံသန်းသွားခဲ့၏။

ထိုအခိုက်တွင် ဖုန်းလန်မြို့ တံခါးအပြင်ဘက်၌ နဂါးပျံသင်္ဘော အစင်းသုံးဆယ်ကျော် ဆိုက်ကပ်ထားပြီး ကုန်သည် အများအပြားက ထောက်ပံ့ရေး ပစ္စည်းများကို လေလံတင် ရောင်းချနေကြသည်။ ထိုနေရာမှာ အလွန်ပင် စည်ကားနေ၏။

"ထောက်ပံ့ရေး ပစ္စည်းတွေက ဒီလောက်တောင် များပြားလှတာလား..."

လေလံတင် ရောင်းချနေသည့် များပြားလှသော ထောက်ပံ့ရေး ပစ္စည်းများကို မြင်လိုက်ရသောအခါ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူအမျိုးမျိုးက ကောင်းဖန်နိုင်ငံအတွင်းသို့ အလုအယက် ဝင်ရောက်လာကြပြီး ထောက်ပံ့ရေး ပစ္စည်းများကို ထင်သလို လုယက်နေကြရာ ဤထောက်ပံ့ရေး ပစ္စည်းများ အားလုံးကို မည်သည့်နေရာတွင် သိုလှောင်ထားကြမည်နည်း။

မဟာလီစစ်တပ်ကို ရွှေ့ပြောင်းသွားသောသူသည်လည်း ကောင်းဖန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး ဤလုယက်ရေး တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ရုတ်တရက် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် သဲလွန်စတစ်ခုကို တွေ့ရှိသွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် မြို့တံခါးသို့ ရောက်ရှိလာပြီး မြို့စား လျန်မန်စုန့် တစ်ယောက်တည်း အလုပ်လုပ်နေသည်ကို မြင်လိုက်ရသည်။

ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် ရုတ်တရက် ပေါ်လာပြီး လျန်မန်စုန့်၏ လည်ပင်းအနောက်ဘက်ကို ရိုက်ချလိုက်ရာ သူမှာ သတိလစ်သွားလေ၏။ ထို့နောက် သူသည် ဝိညာဉ်ရှာဖွေခြင်း ကျင့်စဉ်ကို တွေဝေခြင်းမရှိဘဲ အသုံးပြုလိုက်သည်။

မကြာမီမှာပင် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် လျန်မန်စုန့်၏ မှတ်ဉာဏ်များ အားလုံးကို စစ်ဆေးကြည့်ရှုပြီး ဖြစ်သည်။

ထို့နောက် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် ပျောက်ကွယ်သွားပြီး ဖုန်းလန်မြို့ရှိ တောင်ပေါ်သစ်တောတစ်ခုသို့ သွားရောက်ကာ ကျောက်သားမဏ္ဍပ် တစ်ခုတွင် ထိုင်၍ နက်နက်နဲနဲ တွေးတောနေလေ၏။

"ကျောက်လင်... အဲ့ကောင်လေးက တစ်ယောက်တည်းနဲ့ နဂါးပျံသင်္ဘော အစင်းတစ်ရာစာ ထောက်ပံ့ရေး ပစ္စည်းတွေကို ပြန်လည် သယ်ဆောင်သွားခဲ့တာပဲ..."

"နယ်ခြားစောင့်တပ်က စစ်သည်တစ်ရာကို ဦးဆောင်လာတဲ့ အဲ့ကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လုယက်နိုင်ခဲ့တာလဲ..."

"ကြည့်ရတာ... ကျောက်လင်ဆီမှာ ဟင်းလင်းပြင် ဝိညာဉ်ရတနာတစ်ခု ရှိနေတာ သေချာတယ်..."

လျန်မန်စုန့်၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး ဖြစ်သည်။

ကျောက်လင်သည် သိုလှောင်လက်စွပ်ကို လုယူပြီးနောက် ထင်းရှူးနက်ကျေးရွာသို့ ချက်ချင်းပင် တည်နေရာ ပြောင်းရွှေ့သွားခဲ့၏။

ထျဲ့လင်တောင်၏ ထိပ်တွင် ကျောက်လင်က ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်နေသည်။

ကျောက်လင်သည် တန်းနျီမိသားစု၏ ရတနာတိုက်ထဲမှ ငွေသန်းတစ်ရာကို ရရှိခဲ့၏။

ဤအရာများသည် ကောင်းဖန်နိုင်ငံမှ သွန်းလုပ်ထားသော ငွေပြားများဖြစ်ပြီး မဟာချန်မင်းဆက် အတွင်း၌ လည်ပတ်အသုံးပြု၍ မရသော်လည်း ကျောက်လင်အတွက်မူ အရေးမကြီးပေ။

"စနစ်... ငွေပြားတွေ အားလုံးကို စနစ်အမှတ်တွေအဖြစ် ပြောင်းလဲလိုက်..."

သူက စိတ်ထဲမှ အမိန့်ပေးလိုက်၏။

ထို့နောက် ကျောက်လင်က စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

စနစ်အမှတ် - ၁၉၀,၂၁၁,၀၀၀,၀၀၀

"စနစ်အမှတ် ဘီလီယံ နှစ်သိန်း နီးပါး ရောက်နေပြီပဲ..."

"ဒီနိုင်ငံစစ်ပွဲကနေ အကျိုးအမြတ် အများဆုံးရတဲ့သူက ငါ ဖြစ်ရမယ်..."

"နောက်တစ်ကြိမ် နိုင်ငံစစ်ပွဲ ထပ်ဖြစ်ရင် ငါ မဖြစ်မနေ သွားရမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ဤနိုင်ငံစစ်ပွဲတွင် သူတို့သည် ဦးစွာ သံမဏိခွာ စာမရီအကောင်ရေ ရှစ်သောင်းကျော်ကို ရရှိခဲ့ပြီးနောက် ငွေပြား ဘီလီယံနှစ်ရာ နီးပါးအပြင် မရေမတွက်နိုင်သော ကောက်နှံများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကိုပါ ရရှိခဲ့သည်။

သေချာပေါက်ပင် ကျောက်လင်ကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သည်မှာ မဟာလီမင်းဆက်ပင်ဖြစ်သည်။ အနောက်ပိုင်းဒေသစစ်တပ်၏ စစ်သည် နှစ်သိန်းသည် နန်ယွဲ့တိုင်းပြည်သို့ ပြောင်းရွှေ့ခံခဲ့ရ၏။ လောင်းရှန်းဒေသတွင် မူလ ကျန်းနန်စစ်တပ်၏ စစ်သည် နှစ်သိန်းနှင့်အတူ ယခုအခါ မဟာလီစစ်တပ်၏ စစ်သည် လေးသိန်း ရှိနေပြီဖြစ်သည်။

အမည်ခံအားဖြင့် ဤမဟာလီစစ်တပ်၏ စစ်သည် လေးသိန်းစလုံးသည် ယွီဝမ်ချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ကျောက်လင်က အမိန့်ပေးသည်နှင့် တစ်ပြိုင်နက် သူတို့က နာခံကြမည် ဖြစ်သည်။

အကြီးမားဆုံးသော အကျိုးအမြတ်မှာ အဋ္ဌမအဆင့် ရေခဲသခင် ငါးဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းနှင့် ၎င်းတို့၏ စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားများကို ရရှိခဲ့ခြင်းပင် ဖြစ်ရာ ယင်းက ကျောက်လင်အား တာအိုခုနစ်ခု၏ မျိုးရိုးလိုက်အမွေအနှစ်များကို အလွယ်တကူ ရယူနိုင်စေခဲ့သည်။

အခြားသော ကျင့်ကြံသူများသည် တာအိုတစ်ခုကို နားလည်သဘောပေါက်ရန်ပင် အလွန်တရာ ခက်ခဲလှသော်လည်း ကျောက်လင်ကမူ တာအိုရှစ်ခုစလုံးကို နားလည်သဘောပေါက်ခဲ့ပြီးနောက် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်သို့ ပြီးပြည့်စုံစွာ အဆင့်တက်လှမ်းနိုင်ခဲ့၏။

"နောက်လာမယ့် ရက်တွေမှာ ငါတို့က ထုတ်လုပ်ရေးလိုင်း စက်ပစ္စည်း တစ်ချို့ကို နေ့တိုင်း ပြန်လည် သယ်ဆောင်လာပြီး အလုပ်ရုံ အသီးသီးကို လွှဲပြောင်းပေးမယ်... ပြီးရင် သူတို့ကို စက်ပစ္စည်းတွေ တပ်ဆင်ခိုင်းပြီး စမ်းသပ် ထုတ်လုပ်ဖို့ ပြင်ဆင်ရမယ်..."

"ငါက နေရာအနှံ့ကနေ ထောက်ပံ့ရေး ပစ္စည်းတွေကို လုယက်နိုင်တယ်ဆိုပေမဲ့ အစိတ်အချရဆုံး အရာကတော့ ကိုယ်ပိုင် စက်မှုလုပ်ငန်းကနေ ပုံမှန် ဝင်ငွေတွေ ရရှိနေတာပဲ..."

ကျောက်လင်က မတ်တတ်ရပ်ကာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက် ကျောက်လင်သည် နဂါးပျံသင်္ဘော တစ်စင်းကို ထုတ်ယူလိုက်ပြီး သံမဏိ ထုတ်လုပ်ရေးလိုင်း စက်ပစ္စည်းများ အားလုံးကို ၎င်းအပေါ်သို့ ချက်ချင်း တင်ဆောင်ကာ နဂါးပျံသင်္ဘောကို ထင်းရှူးနက်ကျေးရွာဆီသို့ ပျံသန်းစေရန် ထိန်းချုပ်လိုက်၏။

"အဲ့ဒါက ဘာကြီးလဲ..."

ထင်းရှူးနက်တောင်တွင် နေထိုင်ကြသူ အားလုံးသည် ကောင်းကင်ထက်ရှိ ဧရာမ နဂါးပျံသင်္ဘောကြီးကို မြင်လိုက်ရပြီး အထက်သို့ မော့ကြည့်နေကြသည်။

"အဲ့ဒါက နဂါးပျံသင်္ဘောလေ... ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အသုံးပြုတဲ့ ယာဉ်ပျံ တစ်မျိုးပေါ့..."

ဆရာသခင်အဆင့် အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့် မိုချန်းချွမ်းက ၎င်းကို သဘာဝကျကျပင် မှတ်မိနေပြီး ရှင်းပြလိုက်၏။

ယခုရက်ပိုင်းအတွင်း မိုချန်းချွမ်းသည် ကျောက်လင် ပေးထားသော စွမ်းအင်သုံး ဘတ္ထရီနည်းပညာကို လေ့လာနေခဲ့ပြီး လူသားများအကြား ခရီးဝေး ဆက်သွယ်နိုင်ရေး အိပ်မက်အတွက် ကြိုးပမ်းလိုနေသည်။

လဝက်ခန့် အချိန်အတွင်းမှာပင် မိုချန်းချွမ်းသည် အသိအမြင်အချို့ကို ရရှိနေပြီ ဖြစ်၏။

မိုချန်းချွမ်း၏ စကားကို ကြားလိုက်ရသောအခါ ရှန်ချန်းရွှယ်၏ မျက်နှာပေါ်တွင် အပျော်ရွှင်ဆုံး အလင်းရောင်များ တောက်ပလာခဲ့သည်။ သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကျောက်လင်က အလုပ်ရုံ၏ ထုတ်လုပ်ရေးလိုင်း စက်ပစ္စည်းများကို ပြန်လည် သယ်ဆောင်လာခြင်း ဖြစ်ရပေမည်။

သေချာပေါက်ပင် နဂါးပျံသင်္ဘောသည် တဲအမိုးကြီး အောက်ရှိ ကုန်တိုက်ရင်ပြင်၌ ဆင်းသက်လာခဲ့ပြီးနောက် ကျောက်လင်က အပြင်သို့ ပျံသန်းထွက်လာခဲ့၏။

"သူဌေး ပြန်လာပြီ..."

"ဟုတ်တယ်... သူဌေးပဲ..."

လေထဲတွင် ပျံသန်းလာသော ကျောက်လင်ကို ဒုက္ခသည်များ မြင်လိုက်ရသောအခါ သူတို့အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

ကျောက်လင်က သူတို့ကို ဝယ်ယူခဲ့ပြီးကတည်းက သူတို့ နောက်ထပ် ဘယ်တော့မှ ဗိုက်မဆာခဲ့ရတော့ပေ။

ယခုအခါ ပိုင်နက်အတွင်းရှိ အလုပ်ရုံ အားလုံးသည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဖြစ်ကာ အလုပ်ရုံ အမျိုးမျိုးကိုလည်း တည်ဆောက်ဆဲ သို့မဟုတ် စီစဉ်နေဆဲ အဆင့်တွင် ရှိနေသည်။ အနာဂတ်တွင် ဒုက္ခသည် အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်အကိုင်များ ရရှိကြမည် ဖြစ်ပြီး ၎င်းသည် သူတို့အတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည့် နည်းလမ်းတစ်ခု ရှိလာမည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။

ကျောက်လင်က သူတို့ကို ဘဝသစ်တစ်ခု ပေးအပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဤလူများသည် ကျောက်လင်ကို မြင်လိုက်ရသည့်အတွက် အမှန်တကယ်ပင် ပျော်ရွှင်နေကြ၏။

ကျောက်လင်က ဤလူများကို လက်ပြနှုတ်ဆက်လိုက်သည်။

ချက်ချင်းပင် ကျောက်လင်သည် နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ် အောက်ခြေသို့ အမြန်သွားလိုက်၏။

"သခင်ကြီးမို... ကျွန်တော့်မိတ်ဆွေက သံမဏိ ထုတ်လုပ်ရေးလိုင်းအတွက် စက်ပစ္စည်းတွေကို ဖန်တီးလို့ ပြီးသွားပြီ... အခုကျွန်တော်နဲ့အတူ သံရည်ကျိုအလုပ်ရုံကို လိုက်ခဲ့ပါဦး..."

ကျောက်လင်က ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်ကာ ပြောလိုက်သည်။

သံမဏိ ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် ဤကမ္ဘာရှိ အဂ္ဂိရတ်ပညာရှင်များ၏ လုပ်ငန်းစဉ်နှင့် ဆင်တူသည်။ ဆရာသခင်အဆင့် အဂ္ဂိရတ်ပညာရှင် မိုချန်းချွမ်းက ကြီးကြပ်ပေးမည်ဆိုပါက ပိုင်နက်၏ သံရည်ကျို အလုပ်ရုံသည် လျင်မြန်စွာပင် လည်ပတ်နိုင်မည် ဖြစ်၏။

"ကောင်းပြီလေ... မင်းရဲ့ မိတ်ဆွေက ဒီတစ်ကြိမ်မှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အရာအသစ်တွေကို ဖန်တီးထားလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

ထင်းရှူးနက်ကျေးရွာသို့ ရောက်ရှိပြီးကတည်းက မိုချန်းချွမ်းသည် နေ့စဉ်နှင့်အမျှ ပစ္စည်းအသစ်အဆန်းအချို့ကို မြင်တွေ့နေရသည်။

အထူးသဖြင့် မိုချန်းချွမ်းသည် စွမ်းအင်သုံး ဘတ္ထရီနည်းပညာကို ရရှိပြီးနောက်တွင် သူ၏ အသိပညာများက လုံးဝ ကျယ်ပြန့်သွားခဲ့ပြီး ကျောက်လင်၏မိတ်ဆွေဆိုသူကို အလွန်အမင်း လေးစားအားကျနေခဲ့၏။

ထို့ကြောင့် ကျောက်လင်က မိုချန်းချွမ်းကို ဆွဲခေါ်သွားပြီး သူတို့နှစ်ဦး အတူတကွ နဂါးပျံသင်္ဘောပေါ်သို့ ပျံသန်းသွားခဲ့ကြသည်။

"မဖြစ်နိုင်တာ... ဒီလောက်တောင် ကြီးမားလှတာလား..."

မိုချန်းချွမ်းသည် အောက်ခြေတွင်သာရှိနေခဲ့ပြီး သင်္ဘော၏ အတွင်းပိုင်း တစ်ခုလုံးကို မမြင်ခဲ့ရချေ။

သို့သော် သူသည် နဂါးပျံသင်္ဘောပေါ်သို့ ရောက်ရှိသွားပြီး ဧရာမ မီးဖိုကြီးကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ မိုချန်းချွမ်းက အံ့အားသင့်နေသော အမူအရာကို နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြန်၏။

All Chapters