← Chapters

အခန်း ၄၃၁

Vol. 43 Ch. 431

အခန်း ၄၃၁

Vol. 43 Ch. 431

အခန်း (၄၃၁) ဝိညာဉ်ကြွက်လေး ကမ္ဘာ့အမြုတေကို မျိုချခြင်း

"မလုပ်ပါနဲ့..."

ကျောက်လင်က ပျက်စီးခြင်းဓားအဆောင်ကို ထပ်မံအသက်သွင်းလိုက်သည်ကို မြင်လိုက်ရသောအခါ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်မှာ အလွန်တရာ ထိတ်လန့်သွား၏။

သို့သော် ဤသို့ အသက်ချမ်းသာပေးရန် တောင်းဆိုမှုက ကျောက်လင်အတွက် လုံးဝ အသုံးမဝင်ပေ။

တစ်နေ့တာ ပျက်စီးခြင်းဓားချီက ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွား၏။

ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်က သူ၏ ကိုယ်တွင်းရှိ နောက်ဆုံးကျန်ရစ်သော ကမ္ဘာ့စွမ်းအားကို ထုတ်လွှတ်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်ကာ ပျက်စီးခြင်းဓားချီက သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့ပြီ ဖြစ်သည်။

ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သော်လည်း အဆုံးမဲ့စကြဝဠာအစီအရင် အတွင်းရှိ အစွမ်းထက်လှသော မျိုချခြင်းနှင့် ချုပ်နှောင်ခြင်းစွမ်းအားများက ထိုပေါက်ကွဲမှုအရှိန်ကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့၏။

ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့် ခဏမှာပင် အလွန်တရာ စူးရှတောက်ပသော အလင်းလုံးတစ်လုံး ထွက်ပေါ်လာခဲ့သော်လည်း အဆုံးမဲ့စကြဝဠာအစီအရင်၏ ပိတ်လှောင်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။

"ဒါက နဝမအဆင့် ကမ္ဘာ့အမြုတေပဲ..."

ထိုအလင်းလုံးကို ကြည့်ရင်း ကျောက်လင်က ၎င်း၏ အသုံးဝင်ပုံကို သိလိုက်၏။

အကယ်၍ နဝမအဆင့် သိုင်းပညာရှင်တစ်ယောက်သာ ဤတာအိုကမ္ဘာ့အမြုတေကို စုပ်ယူနိုင်ခဲ့လျှင် ၎င်းတို့၏ အတွင်းကမ္ဘာကို ကျယ်ပြန့်စေပြီး စွမ်းအားများကိုလည်း အလျင်အမြန် တိုးတက်လာစေမည် ဖြစ်သည်။

ထိုအခိုက်တွင် ကျောက်လင်က ရှေ့သို့ ခုန်တက်သွားပြီး ကမ္ဘာ့အမြုတေကို ဖမ်းဆုပ်လိုက်၏။

"ကျွီ..."

အစီအရင်၏ အပြင်ဘက်မှ ဝိညာဉ်ကြွက်လေး၏ အသံ ထွက်ပေါ်လာသည်။

ကျောက်လင်က အဆုံးမဲ့စကြဝဠာအစီအရင်၏ အစီအရင်ပြားကို ချက်ချင်း ရုပ်သိမ်းလိုက်ရာ အစီအရင်စွမ်းအားများ ပျောက်ကွယ်သွားပြီး ကြီးမားလှသော ကမ္ဘာ့အမြုတေ၏ စွမ်းအင်များ ချက်ချင်း ပြန့်ကျဲသွားကာ တောင်ကြားအတွင်းရှိ အပင်များနှင့် သားရဲများက အမြုတေစွမ်းအားအချို့ကို စုပ်ယူလိုက်မိသဖြင့် အထိန်းအကွပ်မဲ့ ကြီးထွားလာကြ၏။ သားရဲများသည် ဝိညာဉ်သားရဲများအဖြစ်သို့ပင် အဆင့်တက်သွားကြသည်။

ဝိညာဉ်ကြွက်လေးသည် ကျောက်လင့်အနီးသို့ ဟင်းလင်းပြင် တည်နေရာပြောင်းရွှေ့ခြင်းဖြင့် ရောက်ရှိလာပြီး ဤကမ္ဘာ့အမြုတေကို မျိုချရန် ဟန်ပြင်လိုက်၏။

ကျောက်လင်က သူ၏ လက်ကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။

"ဖက်တီး မင်း ရူးနေပြီလား ဒါက ကမ္ဘာ့အမြုတေလေ..."

ကျောက်လင်က တင်းမာစွာဖြင့် ဆူပူလိုက်၏။

ကျောက်လင်ထံမှ ဝိညာဉ်သလင်းကျောက်တစ်ရာကို ရရှိပြီးနောက် ဝိညာဉ်ကြွက်လေးမှာ သတ္တမအဆင့် ဝိညာဉ်သားရဲအဖြစ်သို့ အဆင့်တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ကျောက်လင်က ဝိညာဉ်ကြွက်လေးကို အလွန် တန်ဖိုးထားသဖြင့် တာအိုကမ္ဘာ့အမြုတေကို မျိုချပြီးနောက် ကြီးမားလှသော စွမ်းအင်များကြောင့် ခန္ဓာကိုယ် ပေါက်ကွဲသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။

"ကျွီ..."

ဝိညာဉ်ကြွက်လေးက သူ၏ ရှေ့လက်သည်းလေးနှစ်ခုဖြင့် ဗိုက်ကို ပုတ်ပြကာ အလွန် းယုံကြည်မှုရှိနေသည့် အမူအရာကို ပြသလိုက်သည်။

"မင်းက မကြောက်ဘူးလို့ ပြောချင်တာလား..."

ကျောက်လင်က နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။

ဝိညာဉ်ကြွက်လေးက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

ကျောက်လင်က တည်ငြိမ်စွာဖြင့် တွေးတောလိုက်၏။

ဝိညာဉ်ကြွက်လေးနှင့် ကျောက်လင်တို့ စတင်တွေ့ဆုံချိန်ကတည်းက ၎င်းသည် ကိုယ်ပိုင် မျိုးရိုးသွေးဆက်နှင့် မျိုးရိုးလိုက်စွမ်းရည်ရှိသော ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ခဲ့သည်။

ကျောက်လင်တွင် ဟင်းလင်းပြင်လမ်းစဉ် မရှိချိန်၌ ဝိညာဉ်ကြွက်လေးက သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင်လမ်းစဉ်ကို ကျောက်လင်အား ပေးအပ်ခဲ့၏။

ဝိညာဉ်ကြွက်လေးသည် ကျောက်စိမ်းဗိမာန်နယ်ပယ်တွင် ရှိနေစဉ်ကပင် ကိုယ်ပိုင်အတွင်းဟင်းလင်းပြင်ကို ပိုင်ဆိုင်ခဲ့ပြီး ယခု သတ္တမအဆင့် ဝိညာဉ်သားရဲ ဖြစ်လာချိန်တွင် သူ၏ အတွင်းဟင်းလင်းပြင်မှာ အတွင်းကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပြီမှာ သေချာပေသည်။

ဝိညာဉ်ကြွက်လေး ကိုယ်တိုင်က အဆင်ပြေသည်ဟု ယူဆနေသဖြင့် ကျောက်လင်လည်း ဆက်လက် တားဆီးနေခြင်း မပြုတော့ချေ။

"ကောင်းပြီလေ ရော့..."

ကျောက်လင်က သဘောတူလိုက်၏။

ဝိညာဉ်ကြွက်လေးက ကျောက်လင်၏ လက်မောင်းပေါ်သို့ ချက်ချင်း ခုန်တက်သွားပြီး သူ၏ ပါးစပ်ငယ်လေးကို ဟကာ ကြီးမားလှသော မျိုချခြင်းစွမ်းအားဖြင့် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ ကမ္ဘာ့အမြုတေကို တစ်ချက်တည်းဖြင့် မျိုချပစ်လိုက်သည်။

"ကျွီ...ဂေ့"

ရုတ်တရက် ဝိညာဉ်ကြွက်လေးက သာယာသော လေချဉ်တက်သံလေး ပြုလိုက်ပြီးနောက် လဲကျကာ သတိလစ်သွားတော့၏။

"ဒီတာအိုကမ္ဘာ့အမြုတေရဲ့ စွမ်းအင်တွေက တကယ့်ကို ကြီးမားလွန်းတယ် ဝိညာဉ်ကြွက်လေးမှာ အတွင်းကမ္ဘာ ရှိနေရင်တောင် အကုန်လုံးကို ချေဖျက်နိုင်ဖို့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်..."

"ရပါတယ် ကြွက်လေးကို ဟင်းလင်းပြင်ပုတီးစေ့ထဲ ထည့်ပြီး ကမ္ဘာ့အမြုတေကို အပြည့်အဝ စုပ်ယူနိုင်ဖို့ အေးအေးဆေးဆေး အိပ်ခိုင်းထားလိုက်မယ်..."

ဝိညာဉ်ကြွက်လေး၏ အခြေအနေကို ကြည့်ပြီးနောက် ကျောက်လင်က ၎င်း၏ လက်ရှိအခြေအနေကို သိရှိသွား၏။

ထို့နောက် ကျောက်လင်က ဝိညာဉ်ကြွက်လေးအား ဟင်းလင်းပြင်ပုတီးစေ့ထဲသို့ ထည့်လိုက်သည်။

ခဏအကြာတွင် ကျောက်လင်သည် ထင်းရှူးနက်တောင်ဆီသို့ ပြန်လည် ပျံသန်းသွားခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်အောက်သို့ ဆင်းသက်လိုက်၏။

ထိုနေရာတွင် ဇနီးရာပေါင်းများစွာ ရှိနေကြပြီး အားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအရာများ ရှိနေကြသည်။

မည်သို့ပင်ဆိုစေ ကျောက်လင် ရုတ်တရက် ပျံသန်းထွက်ခွာသွားချိန်၌ သူတို့အားလုံးက အစွမ်းထက်လှသော ရန်သူနှင့် ရင်ဆိုင်လိုက်ရပြီဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။

ယခု ကျောက်လင် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ သူတို့အားလုံးမှာ ပြုံးရွှင်သွားကြတော့သည်။

"ဇနီးတို့ သွားနားကြတော့လေ ကိုယ် ဘာမှမဖြစ်ပါဘူး..."

ဇနီးသည်များ၏ စိုးရိမ်ပူပန်မှုများကို ခံစားသိရှိလိုက်ရသဖြင့် ကျောက်လင်၏ ရင်ထဲတွင် ကြည်နူးသွား၏။

ထို့နောက် ကျောက်လင်က ရှန်ချန်းရွှယ်ကို ရှာလိုက်သည်။

"ခင်ပွန်း ကျွန်မကို ခိုင်းစရာရှိလို့လား..."

ရှန်ချန်းရွှယ်က ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် မေးလိုက်၏။

"ဇနီး ကိုယ် ထျဲ့လင်တောင်မှာ အစီအရင်တစ်ခု ပြင်ဆင်ထားတယ် အဲ့ဒါက မင်းကို ပေါင်းစည်းခြင်းနယ်ပယ်ကို အဆင့်တက်လှမ်းဖို့ ကြိုးစားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်..."

"ဇနီးတွေထဲမှာ သုံးဆယ်က ကျောက်စိမ်းဗိမာန်နယ်ပယ် အမြင့်ဆုံးအဆင့် စွမ်းအားကို ရောက်နေကြပြီလေ..."

"သူတို့ကို လက်ရှိကိစ္စတွေ အသာထားပြီး ထျဲ့လင်တောင်ထွတ်မှာ ကျင့်ကြံဖို့ပဲ အာရုံစိုက်ခိုင်းလိုက်ပါ အမြန်ဆုံး ပေါင်းစည်းခြင်းနယ်ပယ်ကို အဆင့်တက်လှမ်းနိုင်အောင် ကြိုးစားခိုင်းလိုက်..."

ကျောက်လင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏

ကျောက်လင်တွင် စနစ် ရှိနေပြီး ၎င်းမှတစ်ဆင့် အစွမ်းထက်သော ရတနာအမျိုးမျိုးကို ဝယ်ယူနိုင်ကာ ဇနီးသည်များကို ကာကွယ်ရန် ပေးအပ်ထားနိုင်သော်လည်း။

ကျောက်လင်က သူ၏ ဇနီးသည်များ ကိုယ်တိုင် စွမ်းအားများ တိုးတက်လာပြီး သက်တမ်းပိုရှည်လာကာ သူနှင့်အတူ အချိန်ကြာမြင့်စွာ အတူရှိနေနိုင်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။

စိတ်စွမ်းအား အစီအရင်များ လမ်းစဥ်မေးမြန်းခြင်း ကျောက်စာတိုင်များ ရှိနေပြီး ကျောက်လင်က သူ၏ တာအိုကို ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းမှတစ်ဆင့် အတိတ်သို့ ထည့်သွင်းပေးထားသည်။

ဤဇနီးသည်များသည် အလွန်တရာ မထုံအလွန်းလျှင် ပေါင်းစည်းခြင်းနယ်ပယ်သို့ အားလုံး အဆင့်တက်လှမ်းနိုင်ကြမည် ဖြစ်၏။

"ကောင်းပါပြီ..."

"ခင်ပွန် ရှင်က ကျွန်မတို့အတွက် တကယ့်ကို သေသေချာချာ စဉ်းစားပေးတာပဲနော်..."

ရှန်ချန်းရွှယ်က ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

ယခင် စီရင်စုဝန်ဟောင်း၏ သမီးတစ်ယောက်အနေဖြင့် ရှန်ချန်းရွှယ်က အကယ်၍ သူမသာ ပေါင်းစည်းခြင်းနယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်ခဲ့ပါက မဟာချန်မင်းဆက်တွင် သိုင်းဆရာသခင်တစ်ယောက်ဖြစ်လာမည်ဖြစ်ပြီး ဒေသတွင်း အုပ်စိုးသူတစ်ယောက် ဖြစ်လာနိုင်ကြောင်းကို ကောင်းစွာ သိရှိထား၏။

ယခုမူ သူမအတွက်လည်း အခွင့်အရေး ရရှိနေပြီ ဖြစ်သည်။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် ရှီးလန်စီရင်စုက နိုင်ငံစစ်ပွဲမှာ ကိုယ်က စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည် တစ်သောင်းနဲ့ လူတစ်သောင်းကို သတ်ဖြတ်သူဆိုတဲ့ ဘွဲ့ကို ရခဲ့တယ်..."

"လူတစ်သောင်းကို သတ်ဖြတ်သူဆိုတဲ့ စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်အပေါ် အခြေခံပြီး ကိုယ်က ဧကတစ်သောင်းရှိတဲ့ မြေရိုင်းတွေကို ကိုယ်ပိုင်မြေအဖြစ် ရွေးချယ်ခွင့်ရတယ်လေ..."

"ဒါ့အပြင် ကိုယ်ပိုင်စစ်သား တစ်ထောင်လည်း ထားခွင့်ရတယ်..."

"စဉ်းစားကြည့်လေ ဒီမြေရိုင်း ဧကတစ်သောင်းကို မင်း ဘယ်လို ခွဲဝေချင်လဲဆိုတာကို..."

ကျောက်လင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

ရှန်ချန်းရွှယ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေပြီး ကျောက်လင်အား လေးစားအားကျစွာဖြင့် ကြည့်လိုက်သည်။

သာမန်နယ်ခြားစောင့်တပ် စစ်သားတစ်ယောက်အနေဖြင့် လူထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ကာ ဤမျှလောက်သော စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်ကို ရရှိခဲ့ခြင်းမှာ ယွင်လန်တိုက်ကြီး တစ်ခုလုံးတွင် တကယ့်ကို ဂန္ထဝင်မြောက် ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်၏။

ထိုသူမှာ သူမ၏ ခင်ပွန်းပင်ဖြစ်နေသည်။

ရှန်ချန်းရွှယ်က အလွန်ဂုဏ်ယူနေမိပြီး ဤသို့သော လူနှင့် လက်ထပ်ရလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပေ။

"မြေဧကတစ်သောင်းဆိုတော့... ကျွန်မ သိပြီ အအေးသံသတ္တုတွင်းဒေသမှာ ကြီးမားတဲ့ မြေရိုင်းကြီးတစ်ခုရှိတယ်..."

"သခင်ကြီးမိုက ကျွန်မကို ပြောဖူးတယ် အဲ့ဒီတောင်တန်းဒေသမှာ ကြီးမားတဲ့ တွင်းထွက်သတ္တုတွေ ရှိနေနိုင်တယ်တဲ့ အကယ်၍ ကျွန်မတို့သာ အဲ့ဒီတောင်ကို သိမ်းပိုက်နိုင်ရင် ကျွန်မတို့ ပိုင်နက်ထဲက အလုပ်ရုံအမျိုးမျိုးအတွက် ကုန်ကြမ်းတချို့ကို ဖူလုံအောင်သုံးနိုင်မှာပဲ..."

ရှန်ချန်းရွှယ်က ပိုင်နက်နယ်မြေ၏ အသေးအဖွဲ ကိစ္စရပ်များကို စီမံခန့်ခွဲနေခဲ့ပြီး သတင်းအချက်အလက် များစွာကိုလည်း သိရှိထားသဖြင့် ကျောက်လင်ကို ချက်ချင်း အဖြေပေးလိုက်၏။

"ကောင်းပြီလေ ဒါဆို မင်းပြောတဲ့အတိုင်း အအေးသံသတ္တုတွင်း တောင်တန်းဒေသကိုပဲ ယူလိုက်ကြတာပေါ့..."

ကျောက်လင်က ချက်ချင်း သဘောတူလိုက်သည်။

ထို့နောက် ကျောက်လင်က သူ၏ သိုလှောင်လက်စွပ်ထဲမှ ငွေပြားသန်းတစ်ရာတန် ငွေစက္ကူများကို ထုတ်ယူလိုက်ရာ ကျောက်စားပွဲ တစ်ခုလုံး ပြည့်သွားတော့၏။

"ဇနီး ဒီငွေပြားသန်းတစ်ရာကို မင်းဆီ အပ်ထားခဲ့မယ် ဒီငွေပြားသန်းတစ်ရာနဲ့ဆိုရင် မင်း ပိုင်နက်ထဲက အသုံးစရိတ်အမျိုးမျိုးအတွက် လွတ်လွတ်လပ်လပ် သုံးနိုင်မှာ သေချာတယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

ရှန်ချန်းရွှယ်မှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်၏။

ဤလောက်များပြားလှသော ငွေတွေပါလား။

ရှန်ချန်းရွှယ် စကားမပြောနိုင်မီမှာပင် ကျောက်လင်၏ စိတ်အာရုံက ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းနှင့် ချိတ်ဆက်မိသွားပြီး ဖုန်းလန်မြို့၏ မြို့စား လျန်မန်စုန့်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

"အရမ်းကောင်းတယ် ငါ့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးကို စီစဉ်ပြီးသွားပြီပဲ..."

"လျန်မန်စုန့်နဲ့ စစ်သူကြီး ချောင်ကျွင်းရီတို့ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ယူရမယ့် အချိန်ရောက်ပြီ..."

ကျောက်လင်က ရင်ထဲတွင် တွေးလိုက်ပြီး ညမှောင်လာသည်နှင့် ထိုနှစ်ယောက်ထံ သွားရောက်၍ စာရင်းရှင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။

All Chapters