← Chapters

အခန်း (၆၉၄-၆၉၅)

Vol. 37 Ch. 694-695

အခန်း (၆၉၄-၆၉၅)

Vol. 37 Ch. 694-695

အပိုင်း (၆၉၄) စစ်တပ်ကြီးထွက်ခွာခြင်းနှင့် တရားဝင်စစ်ပွဲစတင်ခြင်း။

နောက်ထပ် အိမ်ရှေ့စံမင်းသားရဲ့ စာလား။

လျောက်ချွန်းက စာအိတ်ကို လှမ်းယူကာ ဖောက်ကြည့်လိုက်ရာ အထဲတွင် စာမဟုတ်ဘဲ ခေါက်ထားသော မြေပုံတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူက သံသယဖြင့် ကျိုးထျဲ့ကို ကြည့်လိုက်ရာ ကျိုးထျဲ့က ခေါင်းညိတ်ပြသဖြင့် မြေပုံကို ဖြန့်ကာ စားပွဲပေါ်တွင် တင်ပြီး အသေအချာ ကြည့်ရှုလိုက်၏။

ကျိုးထျဲ့က ပြောလိုက်သည်။ "ဒီမြေပုံက အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ဆွဲထားတာပါ။ အပေါ်မှာ စစ်ရေးနည်းဗျူဟာ တွေကို အသေးစိတ် ရေးဆွဲထားတယ်။ ဒီမြေပုံက တိကျမှုရှိ၊ မရှိတော့ မသိဘူး။"

ခဏကြာသော် လျောက်ချွန်းက ခေါင်းမော့ကာ ပြောလိုက်၏။ "ဒီမြေပုံက တကယ်ကို တိကျတယ်။ ဒါပေမဲ့... ဒီအထဲမှာ ဆွဲထားတဲ့ ဘောလုံးက ဘာအရာကြီးလဲ။ တကယ်ကို...။"

သူက အဓိပ္ပာယ်မရှိဘူးဟု ပြောချင်သော်လည်း အိမ်ရှေ့စံမင်းသား ဆွဲထားခြင်းဖြစ်ကြောင်း တွေးမိသဖြင့် ပါးစပ်ကို အချိန်မီ ပိတ်လိုက်သည်။

ကျိုးထျဲ့က ပြုံးရင်း ပြောလိုက်၏။ "မြေပုံက တိကျတယ်ဆိုမှတော့ အဆင်ပြေသွားပြီ။ မြေပုံပေါ်မှာ ဆွဲထားတဲ့ ဘောလုံးက အခြေအနေကို အဖြေရှာပေးမယ့် အဓိကသော့ချက်ပဲ။ အိမ်ရှေ့စံမင်းသားရဲ့ အကြံအစည်အရ အကြမ်းဖျင်းပြောရရင် စစ်သူကြီးက စစ်တပ်ကြီးကို ဦးဆောင်ပြီး ရန်သူတွေကို အဓိက ရွာကြီးထဲ ရောက်သွားအောင် ခြောက်လှန့်ရမယ်။ ပြီးရင် ကျုပ်တို့က ကောင်းကင်ပေါ်ကနေ ရေနံဆီတွေ ပစ်ချပြီး ရွာကို မီးရှို့မယ်၊ တစ်ပွဲတည်းနဲ့ အောင်ပွဲခံမယ်။"

လျောက်ချွန်းမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး မျက်တောင်အကြိမ်ကြိမ် ခတ်လိုက်မှသာ အသိဝင်လာတော့သည်။ သူက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ "ခင်ဗျား ဘာပြောလိုက်တယ်။ ကောင်းကင်ပေါ်ကနေ ရေနံဆီတွေ ပစ်ချမယ်။ ခင်ဗျားတို့က အပေါ်ကို ပျံတက်သွားမှာလား။ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။"

ကျိုးထျဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ "မြေပုံပေါ်မှာ ဆွဲထားတဲ့ ဘောလုံးက ပျံသန်းနိုင်တဲ့ အရာပဲ။"

လျောက်ချွန်းက ခေါင်းမော့ကာ ကျိုးထျဲ့ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သော်လည်း လိမ်ညာနေသည့်ပုံစံ လုံးဝမပေါ်ပေ။

သူက တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ "ခင်ဗျား ဘာပြောနေလဲဆိုတာ ခင်ဗျားသိရဲ့လား။ စစ်တပ်ထဲမှာ ခင်ဗျား လိမ်ရဲရင်တော့...။"

ကျိုးထျဲ့က သူ၏စကားကို ဖြတ်ပြောလိုက်သည်။ "ကျုပ်က သေချာ အနားယူပြီးမှ စစ်သူကြီးကို ပြောပြမလို့ပါ။ စစ်သူကြီးက ကျုပ်တို့ကို မယုံကြည်ဘူးဆိုမှတော့ ကျုပ် ပြန်သွားပြီး အဲဒီပစ္စည်းကို ယူလာခဲ့မယ်၊ စစ်သူကြီး ကိုယ်တိုင် စစ်ဆေးကြည့်ပါလား။"

လျောက်ချွန်း၏ ခန္ဓာကိုယ်ကြီးက တုန်ခါသွားသည်။ ကျိုးထျဲ့က ပြတ်သားစွာ ပြောဆိုနေသော်လည်း သူ မယုံကြည်ရဲသေးပေ။ ကောင်းကင်ပျံနိုင်သည်ဆိုသော ကိစ္စက တကယ်ကို ယုံကြည်နိုင်စရာ မရှိပေ။ အကယ်၍ မြေပုံပေါ်မှာ ဆွဲထားတာက စွန်ဆိုရင်တောင် သူ မနည်းလက်ခံပေးလို့ရသေးသည်။ သို့ပေမည့် ဘောလုံးတစ်လုံးက အဘယ်သို့ ပျံနိုင်မည်နည်း။ အဝိုင်းပုံစံ စွန်များလား။

ထိုအကြောင်းကို တွေးမိသောအခါ လျောက်ချွန်းက လက်ဆန့်ထုတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ။ ခင်ဗျား သွားယူချေ။ ခင်ဗျား လေလုံးထွားပြီး လိမ်နေသလားဆိုတာ ကျုပ် ကြည့်ရသေးတာပေါ့။"

နာရီဝက်ခန့် ကြာပြီးနောက် တောက်ယွမ်ခရိုင်မှ လူများက မီးပုံးပျံကို ယူဆောင်လာကြသည်။ ဝေ့ရှောင်ဟုန်လည်း အစောကြီးတည်းက ပွဲကြည့်ရန် ရောက်လာနှင့်နေပြီဖြစ်၏။

လျောက်ချွန်းက မီးပုံးပျံကို ပတ်၍ အကြိမ်အနည်းငယ် ကြည့်ရှုလိုက်သော်လည်း ဘာမှမပြောပေ။ ယခုအချိန်တွင် မီးမထွန်းရသေးသဖြင့် တွန့်လိပ်နေသော အခြေအနေတွင် ရှိနေပြီး စုတ်ပြတ်နေသော ကြိမ်ခြင်းတောင်းနှင့် သားရေပုံကြီး တစ်ပုံသာ ဖြစ်သည်။ ဘယ်လိုကြည့်ကြည့် ပျံနိုင်မည့်ပုံစံ လုံးဝ မပေါ်ပေ။

သူ မေးမြန်းမည်ကို မစောင့်ဘဲ ကျိုးထျဲ့က ရှင်းပြလိုက်သည်။ "ဒီပစ္စည်း နာမည်က မီးပုံးပျံလို့ ခေါ်တယ်။ သေချာ ချိန်ညှိပြီး မီးထွန်းလိုက်တာနဲ့ ကောင်းကင်ပေါ် ပျံတက်သွားနိုင်တယ်။ ကောင်းကင်ပေါ်မှာလည်း လမ်းကြောင်းကို ချိန်ညှိလို့ရတယ်။ ရန်သူ မထင်မှတ်ထားတဲ့ အချိန်မှာ တိုက်ခိုက်လို့ရတယ်။"

လျောက်ချွန်းက မေးစေ့ကို ပင့်ကာ ပြောလိုက်သည်။ "မီးထွန်းလိုက်စမ်း၊ ကျုပ်ကို ပြ။"

ကျိုးထျဲ့၏ အမိန့်ပေးသံနှင့်အတူ လူတစ်ယောက်က ချက်ချင်း ရှေ့တိုးလာပြီး မီးစတင် ထွန်းညှိလိုက်သည်။ မီးတောက်များ အဆက်မပြတ် တောက်လောင်လာသည်နှင့်အမျှ ဝေ့ရှောင်ဟုန်၊ လျောက်ချွန်းနှင့် ဝန်းကျင်ရှိ စစ်သားများ၏ အံ့သြမှင်သက်နေသော အကြည့်များအောက်တွင် မီးပုံးပျံက မြေပြင်မှ တဖြည်းဖြည်း ကြွတက်လာတော့သည်။

ပျံပြီ။ တကယ်ကြီး ပျံတက်သွားပြီ။

ဝေ့ရှောင်ဟုန်က စူးစူးဝါးဝါး အော်လိုက်သည်။ "ကောင်းကင်ဘုံ .. တကယ်ကြီး ပျံသွားပြီ။ နတ်ဘုရားတွေရဲ့ အစွမ်းပဲ။ တကယ် နတ်ဘုရားတွေရဲ့ အစွမ်းပဲ။"

လျောက်ချွန်းလည်း မျက်လုံးများ ပြူးကျယ်သွားပြီး သွားများပင် ကြိတ်၍ စကားထစ်နေသည်။ "ဒါ... ဒါ... ဒါ..."

အသက်ဆယ်ချီ နေလာခဲ့ရာ ယနေ့မှ တကယ့် နိမိတ်ကောင်း ကို တွေ့ဖူးတော့၏။

မီးပုံးပျံက လူတစ်ဝက်ခန့် အမြင့်သို့ ရောက်ရှိသွားသောအခါ လျောက်ချွန်းက ရုတ်တရက် လန့်သွားပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "မြန်မြန် အောက်ပြန်ဆင်း။ ဆက်ပြီး အပေါ်ပေးတက်လို့ မရတော့ဘူး။"

မီးပုံးပျံက တဖြည်းဖြည်း အောက်ဆင်းလာကာ မြေပြင်ပေါ် ကျရောက်သွားသောအခါမှသာ လျောက်ချွန်းက သက်ပြင်းချနိုင်တော့၏။

ကျိုးထျဲ့က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "စစ်သူကြီးက ဘာလို့ ရပ်ခိုင်းလိုက်တာလဲ။"

လျောက်ချွန်းက မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။ "ဒီမြို့ထဲမှာ သူလျှိုတွေ ရှိနိုင်တယ်၊ တခြားသူတွေကို ပေးသိလို့ မဖြစ်ဘူး။ ကျွတ်... ကျွတ်... အံ့သြစရာပဲ၊ တကယ်ကို အံ့သြစရာကောင်းလွန်းတယ်။ ကျုပ် စစ်တိုက်လာတာ တစ်သက်လုံးပဲ၊ တကယ်လို့သာ ဒီလို နတ်လက်နက်မျိုး ရှိခဲ့ရင် ရှုံးပွဲဆိုတာ ရှိပါအုံးမလား။"

ထို့နောက် သူက မီးပုံးပျံကို ထပ်မံ ပတ်၍ ကြည့်ရှုလိုက်သည်။

ကျိုးထျဲ့က ပြုံးရင်း မေးလိုက်၏။ "ဒါဆို... စစ်သူကြီး၊ ကျုပ်တို့ သွားရတော့မလား။"

လျောက်ချွန်းက ကျိုးထျဲ့ကို အလျင်အမြန် ကြည့်ကာ ဖော်လံဖားသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ မသွားရပါဘူး၊ မသွားရပါဘူး။ အိမ်ရှေ့စံမင်းသား လက်အောက်မှာ ဒီလို နတ်စစ်သည်တွေ ရှိမှန်း ခင်ဗျား အစောကြီးတည်းက ပြောသင့်တာပေါ့။ ကျုပ် မျက်စိညံ့သွားလို့ပါ၊ ညီအစ်ကိုကျိုးထျဲ့ စိတ်မရှိပါနဲ့။ နောက်ပိုင်း ဘာတောင်းဆိုမှုပဲ ရှိရှိ၊ ကျုပ် အကုန် သဘောတူပါတယ်။"

ကျိုးထျဲ့က ပြောလိုက်၏။ "ကျုပ်မှာ ဘာတောင်းဆိုမှုမှ မရှိပါဘူး၊ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး အိမ်ပြန်ချင်တာလေး တစ်ခုပါပဲ။"

လျောက်ချွန်းက တံတွေးတစ်ချက် မြိုချပြီး ပြောလိုက်သည်။ "ကောင်းပြီလေ။ အကုန် အဆင်ပြေပါတယ်။"

ထို့နောက် သူက အင်္ကျီလက်ထဲမှ အိမ်ရှေ့စံမင်းသား ဆွဲထားသော မြေပုံကို ထုတ်ယူကာ ထပ်မံ၍ သေချာ ကြည့်ရှုနေသည်။ အချိန်အတော်ကြာပြီးနောက် လျောက်ချွန်းက လေးစားစွာဖြင့် ပြောလိုက်၏။ "ဒီနည်းလမ်းက ဖြစ်နိုင်တယ်။ သေချာပေါက် ဖြစ်နိုင်တယ်။ အိမ်ရှေ့စံမင်းသားက ပါရမီရှင်တစ်ယောက် ဖြစ်နေရုံသာမက စစ်ရေးစစ်ရာမှာလည်း ဒီလောက်တောင် ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ညီအစ်ကိုကျိုးထျဲ့... ခင်ဗျားတို့ အရင် အနားယူထားကြပါ။ လေ့ကျင့်ဖို့ လိုတယ်ဆိုရင်လည်း ကျုပ်ရဲ့ စစ်စခန်းထဲမှာ ညဘက် အမှောင်ကို အသုံးချပြီး လေ့ကျင့်ကြပါ။ အချိန်အခါကောင်းကို ရွေးပြီးရင် ကျုပ်တို့ စစ်ချီကြမယ်။ ဒီတစ်ခေါက်တော့... အဲဒီ ဒေသခံတွေကို နာကျင်စရာ သင်ခန်းစာ တစ်ခု ပေးရမယ်။"

ကျိုးထျဲ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဒီကိစ္စအတွက် စစ်သူကြီး ပူးပေါင်းကူညီဖို့ လိုအပ်တာတွေ ရှိသေးတယ်။ ညဘက် လှုပ်ရှားရတာဆိုတော့ လမ်းကြောင်း ရှာရခက်တယ်။ မီးပုံးပျံ ထွက်ခွာမယ့် နေရာမှာ လမ်းပြမီးပြတိုက်အနေနဲ့ အသုံးပြုဖို့ စင်မြင့်တွေ အများကြီး ပြင်ဆင်ထားဖို့ လိုအပ်တယ်။"

"ကောင်းပြီလေ။ ကောင်းပြီလေ၊ ကျုပ်တို့ ထိုင်ပြီး ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့...။"

……

ရက်အနည်းငယ် အနားယူပြီးနောက် ကျိုးထျဲ့နှင့် လျောက်ချွန်းတို့၏ ပူးပေါင်းမှုက အတော်လေး အဆင်ပြေလာပြီဖြစ်သည်။ သူတို့နှစ်ယောက်က စစ်ရေးနည်းဗျူဟာများကို ဆွေးနွေးတိုင်ပင်ကြပြီး ပတ်ဝန်းကျင် အခြေအနေနှင့် လျောက်ချွန်း၏ အတွေ့အကြုံများအပေါ် အခြေခံကာ ပိုမို အသေးစိတ်ကျသော ချိန်ညှိမှုများကို ပြုလုပ်ခဲ့ကြ၏။

သူတို့နှစ်ယောက် ဆက်ဆံရာတွင် လျောက်ချွန်းက ကျိုးထျဲ့မှာ အလွန် ကျွမ်းကျင်ကြောင်း တွေ့ရှိခဲ့ရသည်။ စစ်ရေးစစ်ရာများကို ပြောဆိုရာတွင် အလွန် စနစ်ကျပြီး သူ့ထက် လုံးဝ မညံ့ပေ။ ထို့အပြင် သူ၏ လက်နှစ်ဖက်ကို ကြည့်ရသည်မှာ သိုင်းပညာလည်း လုံးဝ မညံ့ကြောင်း သိသာသည်။ ထို့ကြောင့် ရင်ထဲတွင် ချီးကျူး လေးစားစိတ်များ ပိုမို ဖြစ်ပေါ်လာသည်။

ကျိုးထျဲ့ကလည်း လျောက်ချွန်းအပေါ် အထင်ကြီးလေးစားမိသည်။ ပွင့်ပွင့်လင်းလင်း ရှိပြီး အရာအားလုံးကို အခြေအနေတစ်ခုလုံးအပေါ် အဓိကထား စဉ်းစားကာ ဆက်သွယ်ပြောဆိုရသည်မှာ အလွန် ချောမွေ့လှ၏။

လက်အောက်ရှိ လူများကလည်း အချိန်တိုအတွင်း လေ့ကျင့်ပြီးနောက် ရီရွှန်း၏ ပတ်ဝန်းကျင်နှင့် လုံးဝ အသားကျသွားပြီဖြစ်သည်။ အနီးအနားရှိ မြေမျက်နှာသွင်ပြင်များကိုလည်း အကြမ်းဖျင်း နားလည်ထားပြီဖြစ်ရာ တရားဝင် စစ်တိုက်ရာတွင် အမှားအယွင်းများ မဖြစ်ပေါ်လာနိုင်တော့ပေ။

……

ဤနေ့တွင် ရာသီဥတု သာယာပြီး လေပြေလေညင်းလေးများသာ တိုက်ခတ်နေသည်။

ဤသည်က ကြီးမားသော စစ်ပွဲကြီးမတိုင်မီ ငြိမ်သက်မှုပင်ဖြစ်သည်။ စစ်တပ်ကြီးက စုဝေးပြီးစီးသွားပြီဖြစ်ပြီး လူတစ်သောင်းခြောက်ထောင် အတိအကျက အသင့်အနေအထားတွင် ရှိနေကြသည်။ လျောက်ချွန်းက မြင်းစီးကာ ရှေ့ဆုံးတွင် ရှိနေပြီး ကျိုးထျဲ့က သူ၏ ဘေးတွင် ရှိနေ၏။

လျောက်ချွန်းက ပြောလိုက်သည်။ "ညီအစ်ကိုကျိုးထျဲ့... ရီရွှန်းက တောင်ပေါ်မှာရှိတဲ့ မျိုးနွယ်စု ဆယ်စုကျော် စုဝေးထားတာ။ ကျုပ်တို့ သိထားတဲ့ အရေအတွက်က အကြမ်းဖျင်း ရှစ်ထောင်၊ ကိုးထောင်လောက် ရှိတယ်။ ဒါပေမဲ့... တကယ်တမ်းကျတော့ အဲဒီထက် အများကြီး ပိုများနိုင်တယ်။ ပြီးတော့ သူတို့က ပြန့်ကျဲနေထိုင်ကြတော့ စုစည်းဖို့ မလွယ်ဘူး။ ဒီအကြီးဆုံး ရွာကြီးကို ကျုပ်တို့က ယုံယွမ်ရွာလို့ ခေါ်တယ်။ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးတယ်။

ဒီစစ်ပွဲက နှေးမယ်ဆိုရင် လူအများစုကို ယုံယွမ်ရွာထဲ ရောက်သွားအောင် မောင်းထုတ်ဖို့ နှစ်ရက်လောက် ကြာနိုင်တယ်။ ဒီည ယင်နာရီ ကျော်သွားရင် ခင်ဗျား လူတစ်ယောက်ကို အရင် ကောင်းကင်ပေါ်ကနေ သွားစစ်ဆေးခိုင်းလိုက်၊ သတင်းရပြီဆိုမှ အကြီးအကျယ် လှုပ်ရှားကြတာပေါ့။"

ကျိုးထျဲ့က ရင်ဘတ်ထဲမှ ပြွန်အနည်းငယ်ကို ထုတ်ကာ လှမ်းပေးရင်း ပြောလိုက်သည်။ "ဒီလောက် ဒုက္ခခံစရာ မလိုပါဘူး။ ဒီဟာတွေကို ခင်ဗျားတို့ရဲ့ လက်အောက်က ထိပ်တန်းစစ်သူကြီးတွေကို ခွဲပေးလိုက်။ အချိန်ကျရင် မီးခြစ်နဲ့ အောက်က ကြိုးစလေးကို မီးညှိလိုက်၊ ဒါက ကောင်းကင်ကို အချက်ပြပေးလိမ့်မယ်။ သုံးတဲ့အခါ အနီရောင်ဘက်ကို ကောင်းကင်ဘက် လှည့်ထားဖို့တော့ သတိရ။"

"ဒါက...။"

ကျိုးထျဲ့က ရှင်းပြလိုက်သည်။ "ဒါက မြို့တော်မှာ အသစ်ဖန်တီးထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေး ကိရိယာပဲ။ စစ်သူကြီးက မြို့တော်နဲ့ ဝေးနေတာ ကြာပြီဆိုတော့ မသိတာလည်း ပုံမှန်ပါပဲ။"

လျောက်ချွန်းက အချက်ပြမီးရှူးကို လှမ်းယူလိုက်ရာ မျက်လုံးထဲတွင် ဖော်ပြ၍မရသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက သက်ပြင်းချကာ ပြောလိုက်၏။ "ခေတ်တွေ ပြောင်းသွားပြီပဲ။ ဟူး... အခုခေတ် စစ်တိုက်ပုံတွေကို ကျုပ် နားမလည်တော့ဘူး။"

ကျိုးထျဲ့က ရယ်မောရင်း ပြောလိုက်သည်။ "ဟုတ်တယ်၊ မြို့တော်မှာ အသစ်အဆန်းတွေ အများကြီး ရှိတယ်။ တကယ်လို့ စစ်သူကြီး အချိန်ရရင် ကျုပ် ကိုယ်တိုင် စစ်သူကြီးကို လိုက်ပြပေးလို့ ရပါတယ်။"

လျောက်ချွန်းက တဟားဟား ရယ်မောပြီး ပြောလိုက်၏။ "ကောင်းပြီ။ စစ်တိုက်ပြီးမှ ဆက်ပြောကြတာပေါ့။ ထွက်ခွာကြ။"

အပိုင်း (၆၉၅) ကောင်းကင်စစ်သည်များ တိုက်ခိုက်ခြင်း။

စစ်တပ်ကြီး စတင်ထွက်ခွာလာပြီး လျောက်ချွန်းက ဦးဆောင်ကာ အခြား ထိပ်တန်းစစ်သူကြီး နှစ်ယောက်ကိုလည်း တစ်ဖွဲ့စီ ဦးဆောင်စေပြီး ရှေ့တန်းတပ်အဖြစ် တောင်ပေါ်သို့ စတင် တက်ရောက်စေသည်။

ဤတစ်ကြိမ်တွင် ဝေ့ရှောင်ဟုန်က နောက်တန်းမှ ကူညီရန် တာဝန်ယူရသည်။ ဝေ့ရှောင်ဟုန်၏ ပူးပေါင်း ဆောင်ရွက်မှုက အလွန် ကောင်းမွန်သော်လည်း ဤစစ်ပွဲအတွက် သူ၏ စွမ်းရည်က အနည်းငယ် လိုအပ်နေသေးကြောင်း လျောက်ချွန်းက သိထား၏။

သို့ပေမည့် ဝေ့ရှောင်ဟုန်ကလည်း ဘာမှ ကန့်ကွက်ခြင်း မရှိပေ။ သူက အချက်တစ်ချက်ကိုသာ မှတ်ထားသည်။ ကျွမ်းကျင်သူများ၏ စကားကို နားထောင်လိုက်လျှင် မည်သူ့ကိုမျှ စော်ကားရာ မရောက်တော့ပေ။ ဤစစ်ပွဲကို အောင်နိုင်လျှင် နောင်တစ်ချိန် ဖခင်ဖြစ်သူထံ လျှောက်လွှာတင်ပြသည့်အခါ ဆုလာဘ်မရမည်ကို ကြောက်စရာ မလိုတော့ပေ။

လူတစ်သောင်းကျော်ပါဝင်သော စစ်တပ်ကြီးက တောအုပ်အတွင်းသို့ စတင် ဝင်ရောက်လာသည်။ ရီရွှန်းက တောင်တန်းများပြားသော်လည်း အတက်အဆင်းများက အရမ်းကြီး မကြမ်းတမ်းလှပေ။ အကြီးမားဆုံး ပြဿနာမှာ ဒေသခံများက ပြန့်ကျဲနေထိုင်ကြပြီး ထောင်ချောက်များစွာ ထောင်ထားခြင်းဖြစ်သည်။ ဤအချက်ကို လျောက်ချွန်းက ကောင်းကောင်း သိထားသည်။

ဤစစ်ပွဲတွင် သူက ဇာတ်လိုက် မဟုတ်ပေ။ ကြိုတင် သတ်မှတ်ထားသော အစီအစဉ်အတိုင်း ရန်သူများကို ဝိုင်းရံကာ ရွာထဲသို့ မောင်းထုတ်ရုံသာ ဖြစ်ပြီး ရန်သူများနှင့် အပြင်းအထန် တိုက်ခိုက်ရန် မလိုအပ်ပေ။ ထို့ကြောင့် အစပိုင်းတွင် ရှေ့သို့ တိုးသည့် အရှိန်က မမြန်ဘဲ တစ်လှမ်းချင်း သတိထားကာ သွားနေခြင်းဖြစ်သည်။ လူသုံးရာလျှင် တစ်ဖွဲ့ခွဲကာ အရှေ့အနောက် အသုတ်လိုက် ရှေ့သို့ တိုးနေကြ၏။

နေမဝင်မီလေးတွင် လျောက်ချွန်း ဦးဆောင်သော စစ်ကြောင်းက ပထမဆုံး ရန်သူအဖွဲ့ငယ်လေးတစ်ခုကို စတင် တွေ့ရှိလိုက်သည်။ အယောက်နှစ်ရာခန့်ပင် မပြည့်သော ဒေသခံများက ရိုးရှင်းသော စခန်းချရာ နေရာလေးတွင် အနားယူနေကြသည်။ တချို့က ထမင်းစားနေပြီး တချို့က လက်နက်များကို သွေးနေကြသည်။

ရုတ်တရက် သူတို့ရှေ့တွင် စစ်သည်တစ်စု ပေါ်လာသည်ကို မြင်သောအခါ ပထမဆုံး မြင်တွေ့လိုက်ရသော ဒေသခံက အဓိပ္ပာယ်မသိရသော အသံများဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ဒေသခံအားလုံးက သတိဝီရိယ အပြည့်ဖြစ်သွားကြသည်။ တောအုပ်ထဲတွင် အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ အလွန်မြန်ဆန်စွာ တုံ့ပြန်တတ်ခြင်းက သူတို့၏ မွေးရာပါ အလေ့အကျင့်တစ်ခု ဖြစ်နေပြီဖြစ်၏။

ဤသည်က တာ့ကျင်းစစ်သည်များ၏ တောတွင်းတိုက်ပွဲတွင် အားနည်းချက်တစ်ခု ဖြစ်နေသည်။ လျောက်ချွန်းက အသံကြားသည်နှင့် အလျင်အမြန် ရှေ့သို့ တိုးသွားရာ မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်များ ပေါ်ထွက်လာပြီး အံ့သြဝမ်းသာမှုများလည်း ပါဝင်နေသည်။ ထို့နောက် ချက်ချင်း အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ "သတ် … ကျုပ်နောက်က လိုက်ပြီး ရန်သူတွေကို သတ်။"

ပြောပြီးသည်နှင့် သူက ရှေ့ဆုံးမှ ပြေးထွက်သွားပြီး လှံရှည်ကို ဝှေ့ယမ်းကာ နောက်မဆုတ်တမ်း သတ္တိများဖြင့် ဒေသခံများ စုဝေးရာဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။ အနောက်မှ စစ်သည်များကလည်း စစ်သူကြီး၏ သတ္တိကို မြင်သောအခါ စိတ်ဓာတ်များ တက်ကြွလာပြီး ပါးစပ်မှ သတ်ဟူသော အော်သံများဖြင့် အရူးအမူး ရှေ့သို့ တိုးဝင်သွားကြ၏။

တစ်ဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့... ဆန်းဝေ့မြို့မှ စစ်သားများက ရေလှိုင်းကြီးများကဲ့သို့ ထွက်ပေါ်လာကြသည်။

ဒေသခံ ရာကျော်က အစပိုင်းတွင် ခုခံရန် တွေးထားသော်လည်း ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း နောက်လှည့်ကာ တောနက်ထဲသို့ ပြေးဝင်သွားကြသည်။ လျောက်ချွန်း၏ အရှိန်က အလွန်မြန်ဆန်လှပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ အပြင်းအထန် ဝင်ရောက်သွား၏။

သေမှာမကြောက်၍တော့ မဟုတ်ပေ၊ သူ့တစ်ကိုယ်လုံးရှိ ကာကွယ်ရေး ဝတ်စုံများကြောင့် ဒေသခံများ၏ လက်နက်များဖြင့် သေစေနိုင်လောက်သည့် ဒဏ်ရာမျိုး ရရန် ခက်ခဲပေမည်။ ဒေသခံ အများအပြားက တုံ့ပြန်မှု နှေးကွေးသွားရာ လျောက်ချွန်းက လူအုပ်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ လှံရှည်ဖြင့် ဘယ်ညာ ထိုးသွင်းကာ ဒေသခံ အနည်းငယ်ကို ချက်ချင်း သတ်ဖြတ်လိုက်သည်။

နောက်မှ လိုက်လာသော စစ်သားများကလည်း အမီလိုက်လာပြီး ဒေသခံ ဆယ်ဂဏန်းခန့်ကို ဝိုင်းရံလိုက်ကာ ဓားများဖြင့် အသားကြိတ်စက်ကဲ့သို့ အဆက်မပြတ် ခုတ်ထစ်နေကြရာ... စစ်မြေပြင်တွင် အလောင်း ဆယ်ဂဏန်းခန့် ထပ်တိုးလာခဲ့သည်။ သတ်ဟူသော အော်သံများက ကောင်းကင်အထိ ညံနေပြီး ရုတ်တရက် ဝင်ရောက်လာခြင်းဖြစ်ရာ ဒေသခံများက လုံးဝ တိုက်ခိုက်ချင်စိတ် မရှိတော့ဘဲ... ပါးစပ်မှ ထူးဆန်းသော အော်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ အလျင်အမြန် ထွက်ပြေးကြတော့၏။

အနောက်မှ စစ်သည်များကလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြပြီး အားကုန်သုံးကာ ဆက်လက် လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ထိုစဉ် လျောက်ချွန်းက လက်ကို မြှောက်ကာ အသံကျယ်ကြီးဖြင့် အော်လိုက်၏။ "ရပ်လိုက်။"

ယခုအချိန်တွင် ဆက်တိုက်၍ မဖြစ်ပေ၊ ထွက်ပြေးသွားသော ဒေသခံ ရာကျော်က သေချာပေါက် သတင်းသွားပို့မည်ဖြစ်ရာ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ရန်သူများကို မောင်းထုတ်ရုံသာ ဖြစ်သည်။

တစ်ခါတည်း အကုန်သတ်လိုက်လျှင် သေကျေဒဏ်ရာရမှုများ ရှိလာမည့်အပြင် နောက်ပိုင်းတွင် ပြဿနာများစွာ ရှိလာနိုင်သေးသည်။ အမြန်ဆုံး ပြေးသွားသော စစ်သည်အချို့က မကျေမနပ်ဖြင့် ဓားများကို အိမ်ထဲ ပြန်သွင်းကာ အဓိက တပ်ဖွဲ့ထဲသို့ တဖြည်းဖြည်း ပြန်ဝင်လာကြ၏။

ဒေသခံများနှင့် ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ ရှားပါးလှသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုသူများက အမြဲတစေ လာရောက် နှောင့်ယှက်တတ်သောကြောင့် ညီအစ်ကိုများ အလဟဿ သေပွဲဝင်ခဲ့ရသည်မှာ များပြားလှပြီ ဖြစ်၏။ ဤကလဲ့စားကိုသာ ပြန်လည်မချေပလိုက်ရလျှင် အမှန်တကယ်ပင် နှမြောတသဖွယ် ကောင်းပေတော့မည်။

လျောက်ချွန်းက လက်အောက်ငယ်သားများ၏ စိတ်အခြေအနေကို ကောင်းကောင်း သိထားသဖြင့် အေးအေးဆေးဆေး ပြုံးလိုက်ပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "ညီအစ်ကိုတို့ .. ဒီနေရာက ရန်သူတွေရဲ့ နယ်မြေထဲကို အတော်လေး ဝင်လာပြီ။ နောက်ပိုင်းဆိုရင် ဒေသခံတွေ ပိုများလာလိမ့်မယ်။ ကျုပ်တို့ ဆက်တိုးကြမယ်။ ရန်သူကို တွေ့ရင် အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်ကြ။ တောင်ဘက်ကို ဆက်ပြီး တိုးကြ။"

စစ်သားများအားလုံး စိတ်ဓာတ်များ တက်ကြွနေပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြကာ အစီအစဉ်အတိုင်း ဆက်လက် ရှေ့သို့ တိုးသွားကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးက အခြား စစ်ကြောင်း နှစ်ကြောင်းတွင်လည်း ဖြစ်ပေါ်နေ၏။

ဒေသခံများက မြေမျက်နှာသွင်ပြင် အားသာချက်ကို ရယူထားသော်လည်း အလွန်ကြီးမားသော အားနည်းချက် တစ်ခုမှာ စုစည်းမှုစွမ်းအား မရှိခြင်းဖြစ်သည်။ မျိုးနွယ်စု ဆယ်စုကျော် စုဝေးထားသော်လည်း အထူးစစ်ပွဲများ မှလွဲ၍ ထိရောက်သော စုစည်းမှုစွမ်းအားကို မဖန်တီးနိုင်ပေ။ နေရာအနှံ့ ပြန့်ကျဲနေထိုင်ရုံသာ ရှိသည်။

လှုပ်ရှားမှုက ထူးထူးခြားခြား ချောမွေ့နေသည်။ နှစ်ရက်တာ ကာလအတွင်း အတွင်းဘက်သို့ အဆက်မပြတ် တိုးဝင်သွားရာ တိုက်ပွဲပေါင်း ဆယ်ဂဏန်းခန့် ဖြစ်ပွားခဲ့သော်လည်း အတိုင်းအတာက အရမ်း မကြီးမားလှပေ။ အကြီးဆုံး တိုက်ပွဲမှာပင် လူရာဂဏန်းခန့်သာ ရှိ၏။

ဒုတိယနေ့ ညဘက်သို့ ရောက်သောအခါ... တစ်ဖက်က ပြေးလွှားရင်း တစ်ဖက်က လူများကို မောင်းထုတ်လာရာ နောက်ဆုံးတွင် ရည်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်သည်။

လျောက်ချွန်းက မလှမ်းမကမ်းရှိ မြင့်မားသော ရွာကြီး၏ အရိပ်ကို ကြည့်ကာ ရင်ထဲတွင် တိတ်တဆိတ် စိတ်လှုပ်ရှားနေ၏။

ဒီအထိ တိုက်လာတာ လူတစ်ထောင်ကျော် သေဆုံးသွားပြီ။ တကယ်လို့ ကိုယ်တိုင် မြို့ကို ဝင်တိုက်ပြီး ရန်သူကို သတ်နိုင်ရင်တော့ အရမ်းကို ကျေနပ်စရာ ကောင်းမှာပဲ။ နှမြောစရာပဲ... မျက်စိရှေ့က ရွာကြီးက နာမည်သာ ရွာဖြစ်ပေမယ့် နှစ်ပေါင်းဘယ်လောက်ကြာအောင် တိုးချဲ့လာခဲ့လဲ မသိဘူး၊ ဧရိယာက ရွာလို့တောင် ခေါ်လို့ မရတော့ဘူး။ အပြင်ဘက်က ကြမ်းတမ်းတဲ့ မြေကြီးတွေ၊ ကျောက်ခဲတွေနဲ့ စီထားတဲ့ မြို့ရိုးသာ မရှိရင် မြို့တစ်မြို့လို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူး။

မြို့ထဲမှာ အသုံးပြုလို့ရမယ့် စစ်သည်ကတင် တစ်သောင်းနီးပါး ရှိတယ်၊ တိုက်ခိုက်ရေးစွမ်းရည် မရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကိုတောင် ထည့်မတွက်ရသေးဘူး။ အဲဒီ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေက စစ်မြေပြင်ကို မသွားနိုင်ပေမယ့် မြို့ကို ကာကွယ်တဲ့ နေရာမှာတော့ တစ်ဖက်တစ်လမ်းကနေ အသုံးဝင်နိုင်တယ်။ အတင်းအကျပ် မြို့ကို ဝင်တိုက်မယ်ဆိုရင် လုံးဝ မဖြစ်နိုင်ဘူး။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် လျောက်ချွန်းက သက်ပြင်းချကာ ရင်ဘတ်ထဲမှ အချက်ပြမီးရှူးကို ထုတ်ပြီး မီးခြစ်ဖြင့် မီးညှိလိုက်သည်။

ရွှီးခနဲ အသံနှင့်အတူ။

တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ နောက်ဘက် အဝေးမှ အချက်ပြမီးကို မြင်သောအခါ သူတို့၏ အချက်ပြမီးရှူးကိုလည်း အလျင်အမြန် မီးညှိလိုက်ကြသည်။ ... နောက်ဘက်မှလည်း ဆက်တိုက် မီးညှိသွားကြသည်။ အကွာအဝေး ဝေးလွန်း၍ အချက်ပြမီးကို မတွေ့လိုက်ရမည်ကို စိုးရိမ်သဖြင့် ကင်းထောက်အဖြစ် စစ်သည်အချို့ကို တမင် ချန်ထားခဲ့ခြင်းဖြစ်ပြီး ဤသည်က တောင်ပေါ်သို့ မတက်မီတည်းက ကြိုတင် စီစဉ်ထားခြင်းဖြစ်၏။

ကျိုးထျဲ့တို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေကြပြီဖြစ်ပြီး ယနေ့ည လေတိုက်နှုန်းကိုပင် သုံးကြိမ်တိုင်တိုင် တိုင်းတာပြီးဖြစ်သည်။ ရုတ်တရက် အဝေးမှ အချက်ပြမီးရှူး ကောင်းကင်ပေါ် တက်သွားသည်ကို မြင်သောအခါ ချက်ချင်း သတိဝီရိယ အပြည့်ဖြစ်သွားကြသည်။

ကျိုးထျဲ့က အသံကျယ်ကြီးဖြင့် အော်လိုက်၏။ "ညီအစ်ကိုတို့ .. ပျံတက်ဖို့ ပြင်ကြတော့။ စိတ်ကို လန်းလန်းဆန်းဆန်း ထားပြီး ရေနံဆီဘူးတွေကို အဆင်သင့် ပြင်ထားကြ၊ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လှုပ်ရှားကြမယ်။ နောက်ဘက်က ညီအစ်ကိုတွေက မင်းတို့အတွက် အချက်ပြမီး ထွန်းပေးလိမ့်မယ်၊ မီးပုံတွေအတိုင်း ပြန်ပျံလာခဲ့ကြ၊ လုံးဝ ပြာယာမခတ်ကြနဲ့နော်။ ဒီနေ့ တစ်ပွဲတည်းနဲ့ အောင်ပွဲခံပြီးတာနဲ့ ငါတို့ ချက်ချင်း အိမ်ပြန်ကြမယ်။"

"ကောင်းပြီ။" တောင့်တင်းသန်စွမ်းသော အမျိုးသား နှစ်ရာလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ထိုလူနှစ်ရာလုံးက အစောကြီးတည်းက ဓားသွေးကာ အသင့်ပြင်ထားကြပြီး ပစ္စည်းအထုပ်အပိုးများအားလုံး အဆင်သင့်ဖြစ်နေကာ ပျံသန်းရန် အသင့်အနေအထားတွင် ရှိနေကြပြီဖြစ်သည်။ ထို့နောက် လူအားလုံးက မျက်မှန်များကို တပ်ဆင်ကာ အအေးခံ အင်္ကျီများကို ဝတ်ဆင်လိုက်ကြသည်။ မီးပုံးပျံ တစ်ခုချင်းစီတိုင်းတွင် ရေနံဆီဘူး အမြောက်အမြား ပြင်ဆင်ထားပြီး ခြင်းတောင်းအောက်တွင်ပင် ရေနံဆီဘူး အများအပြားကို ကြိုးများဖြင့် တွဲချည်ထားရာ သယ်ဆောင်နိုင်သော အလေးချိန်က အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်၏။

ထို့နောက် လူအားလုံးက ခြင်းတောင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်ကြပြီး အစီအစဉ်အတိုင်း ကောင်းကင်ပေါ်သို့ အသီးသီး ပျံတက်သွားကြသည်။ မှောင်မည်းနေသော ညကောင်းကင်ယံတွင် မီးပုံးပျံများက ကြယ်ရောင်လေးများကဲ့သို့ ထူးဆန်းစွာ တန်းစီလျက် ယုံယွမ်ရွာဘက်သို့ ပျံသန်းသွားကြသည်။

လူအားလုံး မီးပုံးပျံ စီးကာ ချောမွေ့စွာ ပျံသန်းသွားပြီးနောက် ကျိုးထျဲ့က သက်ပြင်းချလိုက်ပြီး ဘေးနားရှိ စစ်သည်ငယ်လေးကို မှာကြားလိုက်သည်။ "မီးပုံအချက်ပြတွေကို သေချာ ကြည့်ထားဖို့ မမေ့နဲ့နော်။ မဟုတ်ရင် ငါတို့ အဆင်ပြေပြေ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ရေနံဆီတွေကိုလည်း သေချာ ကြည့်ထား၊ မတော်တဆမှုတွေ မဖြစ်စေနဲ့။ ငါတို့ ပြန်လာပြီး ရေနံဆီတွေ ထပ်ယူရမယ်။ ဒုတိယအကြိမ် ထပ်ပျံရအုံးမှာ။"

စစ်သည်ငယ်လေးက ခေါင်းညိတ်ကာ အမိန့်ခံလိုက်သည်။ ဤလုပ်ငန်းစဉ်များကို သူလည်း အလွတ်ရနေပြီဖြစ်သည်။ စစ်သားငယ်လေး ယုံကြည်မှုအပြည့်ဖြင့် ကတိပေးသည်ကို မြင်သောအခါ ကျိုးထျဲ့က ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြပြီးနောက် သူ၏ မီးပုံးပျံပေါ်သို့ တက်ကာ ကြိုးကို ဖြတ်တောက်ပြီး တဖြည်းဖြည်း ပျံတက်သွားတော့၏။

All Chapters