← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁)

ဓားချက်... ၂၃ချက်၊ လောကတွင် ပြိုင်ဘက်ကင်းသော စွမ်းအား

“ဓားချက် ၂၂ချက်...”

မုန့်ချန်ချင်း ဓားချက် ၂၁ ထက် သာလွန်သော သူ၏ လက်ရှိ အစွမ်းအထက်ဆုံး ဓားချက်ကို ချက်ချင်း အသုံးပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ဓားချက် ၂၃ ကိုလည်း အဆက်မပြတ် နားလည်သဘောပေါက်အောင် ကြိုးစားနေခဲ့သည်။

ဖိအားသည် အလားအလာကို လှုံ့ဆော်ပေးနိုင်သည် မဟုတ်လား။

အလွန်အမင်း သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်သည် လူကို ပျင်းရိစေပြီး စစ်မှန်သော တိုးတက်မှုကို အဟန့်အတား ဖြစ်စေပေသည်။

ဝီး...

ဧရာမဓားကြီး တုန်ခါလာခဲ့သည်။

၃၀ ရာခိုင်နှုန်း ဓားရည်ရွယ်ချက်က ထိုဓားချက်အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။

ကြက်သွေးရောင်ကောင်းကင်ဓားကို ဆုပ်ကိုင်ထားရင်း မုန့်ချန်ချင်း၏အော်ရာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ထက်ရှသောစွမ်းအားများက ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ရွစ်!

ကြောက်မက်ဖွယ်ဓားအလင်းတန်းမှာ ကြက်သွေးရောင်ကောင်းကင်ဓားထံမှ နေမင်းကြီးကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းအမှောင်ထုကြီးကို လင်းထိန်သွားစေခဲ့သည်။

အနားသို့ ချဥ်းကပ်လာသော နတ်ဆိုးတောင်တန်းတစ်သောင်းမှာ ခဏချင်းအတွင်းမှာပင် ပြိုကွဲပျက်စီးသွား၏။

“ဒီဓားချက်...”

ဒူမင်မျက်နှာ ဖြူဖျော့သွားခဲ့သည်။

ယခင်ဓားချက်မှာ မုန့်ချန်ချင်း၏ အစွမ်းအထက်ဆုံးဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုတစ်ခုမှာ ပို၍ပင် သန်မာနေခဲ့ပြန်သည်။

“ဒါ ဘယ်လို ကောင်းကင်အဆင့် ဓားသိုင်းမျိုးလဲ... ဝိညာဥ်ကိုပဲ အဓိကတိုက်ခိုက်နေတယ်...”

ထိုအရာမှာ သူ့အသက်အန္တရာယ်အား အလွန်အမင်း ခြိမ်းခြောက်နိုင်သည်။

အထူးသဖြင့် ၃၀ ရာခိုင်နှုန်း ဓားရည်ရွယ်ချက်ပင် ဖြစ်သည်။

၎င်းက သန္ဓေသားပုံစံမျှသာ ဆိုလျှင် သူ ကြောက်နေမည် မဟုတ်သော်လည်း ၃၀ ရာခိုင်းနှုန်းမှာ ဓားစွမ်းအားကို အကြီးအကျယ်မြင့်တင်ပေးနိုင်သည်။

ဘုန်း! ဘုန်း! ဘုန်း!

နတ်ဆိုးတောင်တန်းတစ်သောင်းမှာ လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့တော့သည်။

“ငါ ဒီလူကို မယှဥ်နိုင်ဘူး... ဘိုးဘေးကို ခေါ်မှ ဖြစ်မယ်...”

ဒူမင် အခြေအနေကို လျင်မြန်စွာ သုံးသပ်လိုက်သည်။

မုန့်ချန်ချင်းမှာ သာမန်ပါရမီရှင်မဟုတ်ဘဲ ကောင်းကင်ဆန့်ကျင်သည့် မကောင်းဆိုးဝါးမှန်း သိလိုက်ကတည်းက သူထွက်ပြေးခဲ့သင့်သည်။

သို့သော် သူ၏ဂုဏ်ယူရသောကဗျာကို သာမန်ပဲဟုအခေါ်ခံရသဖြင့် သူ၏မာနက တားဆီးထားခဲ့ခြင်း ဖြစ်သည်။

ဤသို့တွေးတောရင်း ဒူမင် လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် မုန့်ချန်ချင်း သူ့ကို လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။

ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိထားသော အလင်းလိုက်ဓားသိုင်းကို ချက်ချင်း အသက်သွင်းပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ လျင်မြန်စွာ လိုက်မီသွားခဲ့သည်။

“မင်း ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား... အခုကျမှ ဘာလို့ ထွက်ပြေးနေတာလဲ...”

မုန့်ချန်ချင်း ဒူမင်ကို အနီးကပ်တိုက်ခိုက်ရင်း လှောင်ပြောင်လိုက်သည်။

သူသည် အမျိုးမျိုးသော ဓားချက်များကို အဆက်မပြတ် ထုတ်ဖော်နေခဲ့သည်။

ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းနှင့် ဤကဲ့သို့သော ပတ်ဝန်းကျင်အောက်တွင် သူ၏ ဓားချက် ၂၃ အပေါ် နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ရှင်းလင်းသော ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤနှုန်းအတိုင်းဆိုလျှင် ဧကန်မုချ နားလည်သဘောပေါက်မည်ပင်။

ဤအရာကိုတွေးမိသည့်အခါ မုန့်ချန်ချင်း၏ မျက်လုံးများ တောက်ပလာခဲ့ပြီး ဓားချက်များမှာ ပိုမိုမြန်ဆန်ကာ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် ထိုအချိန်က ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းကို ရွေးချယ်ခဲ့သည်။

သာလွန်အဆင့် နားလည်နိုင်စွမ်းမျှဖြင့်ဆိုလျှင် ဤအရာကို နားလည်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“မင်း...”

ဒူမင် ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အတော်လေး မကျေမနပ်ဖြစ်သွား၏။

အဆင့် ၅ အထွတ်အထိပ် နတ်ဆိုးတစ်ကောင်အနေဖြင့် သူသည် လူသားသိုင်းပညာရှင်တစ်ဦး၏ ဖိနှိပ်မှုကို ဤမျှအထိ တစ်ခါမျှ မခံစားခဲ့ဖူးချေ။

သူ့ကို အနာကျင်စေဆုံးအချက်မှာ မုန့်ချန်ချင်း၌ သူ့ကို သတ်နိုင်သော စွမ်းအားရှိပါလျက်နှင့် မသတ်သေးဘဲ သူ၏ဓားကို သွေးနေသကဲ့သို့ အဆက်မပြတ် ဖိအားပေးနေခြင်းပင် ဖြစ်သည်။

“အားစိုက်စမ်းပါဦး... ခုခံရုံတင်မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြစမ်းပါ... ဒီအတိုင်းဆိုရင်တော့ မင်းက ကဗျာရွတ်ဖို့ အရည်အချင်းမရှိဘူးဆိုတာ ငါ တကယ် ယုံသွားတော့မှာနော်...”

မုန့်ချန်ချင်း ပြောလိုက်သည်။

“သေလိုက်တော့...”

ဒူမင်သည် သူ၏ပြောင်းပြန်အကြေးခွံကို ထိခံလိုက်ရသဖြင့် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

လွတ်မြောက်ရန် မဖြစ်နိုင်သဖြင့် သူသည် အစွမ်းကုန် တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

“ပျက်သုဉ်းခြင်းမျက်ဝန်း - နတ်ဆိုးနတ်ဘုရား၏ ကောင်းကင်မျက်လုံး - ဖျက်ဆီးခြင်း နတ်ဆိုးအလင်းတန်း...”

ဒူမင် ပူးကပ်ထားသော ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားခဲ့သည်။

သူ၏ အသားစများမှာ စိတ်ဝိညာဥ်၏ စုပ်ယူခြင်း ခံလိုက်ရပြီး လေထဲတွင် လွင့်မျောနေသော ဧရာမသွေးနီရောင် မျက်လုံးကြီး တစ်လုံးသာ ကျန်ရှိတော့သည်။

ကြောက်မက်ဖွယ် ဝိညာဥ်ဖိအားများလည်း ပျံ့နှက်နေပြီး ဟင်းလင်းပြင်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။

ဤသည်မှာ ဒူမင်၏ အထွတ်အထိပ် စွမ်းအားပင် ဖြစ်သည်။

အဆင့် ၆ သို့ မရောက်ရှိဘဲ ဤစွမ်းအားကို အသုံးပြုခြင်းမှာ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိသဖြင့် ပေါ့ပေါ့ဆဆ အသုံးမပြုနိုင်ချေ။

သို့သော် ယခုအခါတွင်မူ သူ့၌ အခြားရွေးချယ်စရာ မရှိတော့ချေ။

ဤကြီးမားလှသော ဝိညာဥ်ဖိအားအောက်တွင် မုန့်ချန်ချင်း ကြောက်ရွံ့မနေဘဲ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။

အကြောင်းမှာ သူ၏ ဓားချက် ၂၃ အပေါ် နားလည်မှုမှာ ပိုမိုရှင်းလင်းလာပြီး နားလည်နိုင်နှုန်းမှာလည်း မြင့်တက်လာသောကြောင့် ဖြစ်သည်။

နောက်ဆုံး အချိန်တစ်ခု၌ လေဟာနယ်ထဲတွင် တစ်ခုခု ကျိုးပျက်သွားသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

ဓားချက် ၂၃ ကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

အတုမဲ့ဧကရာဇ်ဓားကျမ်း - မဟာဆင့်ကဲပြောင်းလဲခြင်း ဓားချက် ၂၃ ချက်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဝိညာဥ်တောင်ထိပ်သခင်ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

“ကျေးဇူးပဲ, မဟုတ်ရင် ငါ ကျွမ်းကျင်ကဒ်ကို သုံးနေရဦးမှာ... ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို အမြန်ဆုံးသေခွင့်ပေးပါ့မယ်...”

မုန့်ချန်ချင်းအမူအရာ ပြောင်းလဲသွားသည်။

သူ၏ အရှိန်အဝါအားလုံးမှာ အတွင်း၌ စုစည်းသွားခဲ့ပြီး တည်ငြိမ်နေပုံရသော်လည်း မုန်တိုင်းမလာမီ ငြိမ်သက်နေသည့် နတ်ဘုရားဓားတစ်လက် ဓားအိမ်ထဲမှထွက်လာတော့မလိုပင်။

“လူနားမလည်တာတွေပြောနေတယ်... သေလိုက်တော့...”

ဒူမင် မုန့်ချန်ချင်း ပြောနေသော “ကျွမ်းကျင်ကဒ်” ကဲ့သို့သော စကားလုံးများကို နားမလည်ချေ။

ထိုအရာကိုလျစ်လျူရှုထားပြီး သူ၏သွေးနီရောင်မျက်လုံးကြီး တုန်ခါလာခဲ့သည်။

ထို့နောက် အဆုံးမရှိသော အနက်ရောင်နတ်ဆိုးအလင်းတန်းများမှာ ရေကြီးသကဲ့သို့ တစ်ဟုန်ထိုးထွက်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်။

လေဟာနယ်တောင် တိုက်စားခံရပုံရ၏။

“ကြက်သွေးရောင်ကောင်းကင်ဓား... မင်းဒီဓားချက်ကို သဘောကျမှာပါ...”

မုန့်ချန်ချင်း ပြုံးလိုက်သည်။

ဓားစွမ်းအားကို နားလည်လိုက်သည်နှင့် ထိုအရာမှာ အလွန်ကြောက်စရာကောင်းကြောင်း သိလိုက်သည်။

ဝီ...

ကြက်သွေးရောင်ကောင်းကင်ဓား ကျယ်လောင်သော ဓားဟိန်းသံတစ်ခုနှင့်အတူ တုန်ခါသွားခဲ့သည်။

“ဓားချက်... ၂၃ချက်...”

တည်ငြိမ်သော အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

လောကကြီး တုန်ခါသွားပြီး လေနှင့် တိမ်တိုက်များ၊ အဝါရောင် သဲများ၊ ကောင်းကင်နှင့် မြေကြီး — အရာအားလုံးမှာ ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ဟုန်ထိုးထွက်ပေါ်နေသည့်ဓားရည်ရွယ်ချက်တွေဖြင့် ပြည့်နှက်နေခဲ့သည်။

စကြဝဠာအတွင်းရှိ အရာအားလုံးမှာ ပြိုင်ဘက်ကင်းဓားချက်ထဲသို့ ပေါင်းစပ်သွားသည့်အလားပင်။

ရွစ်!

ကြက်သွေးရောင်ကောင်းကင်ဓား အလျားလိုက် ခုတ်ပိုင်းလိုက်သည်။

တောက်ပသော ဓားအလင်းတန်းမှာ နတ်ဆိုးအလင်းတန်းများနှင့် သွေးနီရောင် မျက်လုံးကြီးကို ပိုင်းဖြတ်သွားခဲ့တော့သည်။

ခရက်! ခရက်! ခရက်!

အရာအားလုံးမှာ ချက်ချင်းပင် ပြိုကွဲပျက်ဆီးသွားခဲ့သည်။

နတ်ဆိုးအလင်းတန်းများ ပျောက်ကွယ်သွားပြီး သွေးနီရောင် မျက်လုံးကြီးမှာလည်း အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။

၎င်းမှာ ကံကြမ္မာကဲ့သို့ပင် တားဆီး၍မရ၊ ရှောင်လွှဲ၍မရနိုင်သောအရာ ဖြစ်သည်။

“ဒီ... ဓားတစ်ချက်...”

ဒူမင်၏ အသိစိတ်မှာ မှေးမှိန်သွားခဲ့ပြီး မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် အံ့ဩလေးစားမှုများ ပြည့်နှက်နေခဲ့သည်။

သူ၏ နတ်ဆိုးဘဝတစ်လျှောက်တွင် ဤမျှ စွမ်းအားကြီးသော ဓားချက်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ဤအရာက လူသားတစ်ယောက်ကော ဟုတ်ရဲ့လား။

ဘိုးဘေးတစ်ယောက်သာလျှင် ခုခံနိုင်မည်ဖြစ်သည်။

သို့သော်လည်း လွယ်ကူလိမ့်မည်တော့ မဟုတ်ချေ။

“တကယ်ကို... မကောင်းဆိုးဝါးပဲ...”

ဤအတွေးနှင့် ဒူမင်၏အသိစိတ်မှာ အမှောင်ထုထဲသို့ နစ်မြုပ်သွားခဲ့တော့သည်။

ရွပ်!

မုန့်ချန်ချင်း လေဟာနယ်ထဲတွင် ရပ်နေရင်း သူ၏ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။

လေပြင်းများ တိုက်ခတ်နေပြီး သူ၏ အနက်ရောင်ဆံပင်များမှာ တဖျတ်ဖျတ် လွင့်ပျံနေခဲ့သည်။

ဤအချိန်တွင် သူ့တစ်ကိုယ်လုံး၌ ပြင်းထန်သော ဓားရည်ရွယ်ချက်များ ထုတ်ဖော်နေပြီး ပြိုင်ဘက်ကင်းဓားသခင်တစ်ယောက်ကဲ့သို့ အံ့သြလေးစားစရာကောင်းလှသည်။

ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာလည်း တုန်ခါနေခဲ့သည်။

မုန့်ချန်ချင်း တွန့်ဆုတ်မနေဘဲ သူ၏ ညာလက်ကိုမြှောက်ပြီး အနက်ရောင်သံကြိုးများစွာကိုဆင့်ခေါ်ကာ ဒူမင်၏ ဝိညာဥ်အသိစိတ်ကို ချည်နှောင်၍ စတင်သန့်စင်လိုက်တော့သည်။

နတ်ဆိုးတစ်ကောင်၏ ဝိညာဥ်မှာ သေဆုံးပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားတတ်သဖြင့် အချိန်ဖြုန်းနေ၍ မရချေ။

အသက်ရှူအကြိမ် အနည်းငယ် ကြာပြီးနောက်၌ မည်းနက်သောနတ်ဆိုးချီတစ်မျှင် မုန့်ချန်ချင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

ဤအရည်အသွေးမှာ ယခင်အရာများထက် များစွာသာလွန်နေခဲ့သည်။

၎င်းကို စုပ်ယူလိုက်ပါက သူ၏ကျင့်ကြံရေးမှာ အကြီးအကျယ်တိုးတက်လာမည်ဖြစ်သည်။

All Chapters