← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄)

ကြီးမားသောရိတ်သိမ်းမှု၊ အပိုဆောင်းဆုလဒ် - စဦးလက်သီးရည်ရွယ်ချက်

သေချာပြန်တွေးကြည့်လျှင် ဤကောင်းကင်နတ်ဆိုးချောက်နက်ခရီးစဥ်မှာ တကယ့်ကို ကံကောင်းခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက ပါရမီရှင်တိုက်ပွဲမတိုင်မီ နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

ယခုမူ နောက်ထပ်ခြေလှမ်းတစ်ခုတိုးကာ သေခြင်းရှင်ခြင်းနယ်ပယ်သို့ပင် ဝင်ရောက်နိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေခဲ့ပြီ ဖြစ်သည်။

သေခြင်းရှင်ခြင်းနယ်ပယ်နှင့် ပတ်သက်၍ မုန့်ချန်ချင်း အများကြီး မသိသေးချေ။

လူတစ်ယောက်၏သက်တမ်းကို တိုးမြင့်ပေးနိုင်သော စွမ်းအားကြီးမားသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်းသာ သိထားသည်။

လူသားများသည် မသေမျိုးများ မဟုတ်ကြပေ။

အမှန်စင်စစ် နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် ရှိသူများအပါအဝင် လူအများစုမှာ သက်တမ်းမရှည်ကြဘဲ နှစ်ပေါင်း သုံးရာအထိသာ နေထိုင်နိုင်ကြသည်။

သေခြင်းရှင်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီး သေခြင်းရှင်ခြင်း တာအိုကို နားလည်သဘောပေါက်နိုင်မှသာလျှင် တစ်ဦးချင်းစီအပေါ် မူတည်၍ သက်တမ်းမှာ များစွာ တိုးတက်လာနိုင်ခြင်း ဖြစ်သည်။

ရှေးဟောင်းစာပေများအရ လူသားမျိုးနွယ်သည် သူတို့၏ မွေးရာပါအမည်နာမကို ဆုံးရှုံးလိုက်ရချိန်တွင် မသေမျိုးဖြစ်နိုင်သည့် အလားအလာမှာလည်း ပျောက်ကွယ်သွားခဲ့ရသည်ဟု ဆိုကြသည်။

မကြာမီမှာပင် တိမ်လှေသည် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မုန့်ချန်ချင်း ဂိုဏ်းချုပ်ခန်းမသို့ သွားလိုက်သည်။

နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ သေချာနေပြီဖြစ်ရာ သူသည် သေခြင်းရှင်ခြင်းနယ်ပယ်အကြောင်းကို လေ့လာရန် လိုအပ်နေပြီ ဖြစ်သည်။

ရှေ့ဆောင်လမ်းပြများ၏ အတွေ့အကြုံများရှိပါက သူ၏အဆင့်ချိုးဖျက်မှုမှာ များစွာ ပိုမိုလွယ်ကူသွားပေလိမ့်မည်ဖြစ်သည်။

ဝူး...

အဆုံးမရှိဟု ထင်ရသော ပန်းပင်လယ်ကြီးက ရှေ့တွင် ရှိနေဆဲပင်။

ရှီယင်ချင်းသည် ဧရာမ ပန်းငုံကြီးတစ်ခုပေါ်တွင် ခြေချိတ်ထိုင်နေခဲ့သည်။

“နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၆... ကြည့်ရတာ မင်း တော်တော်လေး ရိတ်သိမ်းနိုင်ခဲ့ပုံပဲ...”

ရှီယင်ချင်း မျက်ခုံးပင့်ကာ ပြောလိုက်သည်။

သူကိုယ်တိုင်ပင်လျှင် အံ့သြသွားခြင်းကို မထိန်းနိုင်ချေ။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံရေးအရှိန်အဟုန်မှာ တကယ့်ကို မကြားဖူး မမြင်ဖူးလောက်အောင်ပင် ဖြစ်သည်။

တစ်လကျော်အတွင်းမှာပင် နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁ မှ အဆင့် ၆ သို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလား။

“မင်း နတ်ဆိုးချီကို သန့်စင်လိုက်တာလား...”

ရှီယင်ချင်း မေးမြန်းလိုက်သည်။

သူ၏ အမြင်တွင် ဤမျှ မြန်ဆန်စွာ တိုးတက်ရန်မှာ ဤနည်းလမ်းတစ်ခုသာ ရှိပေသည်။

“ဟုတ်ကဲ့...”

မုန့်ချန်ချင်း ဇာတ်လမ်းတစ်ခုကို စတင်လုပ်ကြံပြောဆိုလိုက်သည်။

“ကောင်းကင်နတ်ဆိုးချောက်နက်ထဲမှာ ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ ရှေးဟောင်းနတ်ဆိုးအတတ်တစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့ပြီး ပြီးပြည့်စုံခြင်းအဆင့်အထိ တတ်မြောက်သွားခဲ့လို့ပါ...”

ဤစကားကို ကြားသည့်အခါ ရှီယင်ချင်း ရုတ်တရက် ထရပ်လိုက်ပြီး မုန့်ချန်ချင်းကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။

သူက အသိပြန်ဝင်ရန် ခဏမျှ အချိန်ယူလိုက်ရသည်။

“ဒါကြောင့်ကိုး.. မင်းက ဒီလို ရှားပါးတဲ့ အတတ်မျိုးနဲ့ ဆုံတွေ့ရအောင်ကို တကယ့်ကို ကံထူးတဲ့သူပဲ...”

ရှီယင်ချင်း သက်ပြင်းချရင်း ပြောလိုက်ပြီး လုံးဝ သံသယမဝင်ခဲ့ချေ။

သူ၏ အမြင်တွင် ကံကြမ္မာ၏ ကောင်းချီးပေးခြင်းကို ခံထားရသူတစ်ဦးအား သာမန်အသိတရားဖြင့် တိုင်းတာ၍ မရနိုင်ချေ။

“ဒဏ္ဍာရီလာ စစ်မှန်နတ်ဆိုးနည်းစနစ်က ကောင်းကင်နတ်ဆိုးချောက်နက်ထဲမှာ ဝှက်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...”

ရှီယင်ချင်း ရှေ့လျှောက်နောက်လျှောက် လုပ်နေရင်း ပြောလိုက်သည်။

“ခေတ်တစ်ခေတ်မှာ တစ်ယောက်တည်းပဲ ဒီနည်းစနစ်ကို တတ်မြောက်နိုင်တယ်လို့ ပြောစမှတ်ရှိကြတယ်... တခြားသူတွေ ရှာတွေ့ရင်တောင် ကျင့်ကြံလို့ မရဘူးတဲ့...”

“ဘာကြောင့်လဲ...”

မုန့်ချန်ချင်း အံ့သြသွားသည်။

ဤနည်းစနစ်မှာ တတ်မြောက်ရန် အလွန်ခက်ခဲကြောင်း သူ သိသော်လည်း ခေတ်တစ်ခေတ်တွင် တစ်ဦးတည်းသာ အောင်မြင်နိုင်သည်ဟု မထင်ထားခဲ့ချေ။

“ဒီနတ်ဆိုးအတတ်ကို ကျင့်ကြံဖို့ဆိုရင် အလွန်တရာ ရှားပါးတဲ့ နတ်ဆိုးနှိမ်နင်းရေး ရတနာတစ်ခု လိုအပ်တယ်... ဘယ်ခေတ်မှာမဆို အဲဒီလို ရတနာတစ်ခုပဲ တည်ရှိတယ်... အဲဒါက ကောင်းကင်တာအိုက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပဲ... ဒါမှမဟုတ်ရင် နတ်ဆိုးမျိုးနွယ်စုတွေဟာ ဟိုးအရင်ကတည်းက မျိုးတုံးသွားလောက်ပြီ...”

ရှီယင်ချင်း မုန့်ချန်ချင်းကို ပြုံးပြလိုက်သည်။

“မင်းက နတ်ဆိုးအတတ်ကို ရှာတွေ့ရုံတင်မကဘဲ နတ်ဆိုးနှိမ်နင်းရေး ရတနာကိုပါ ရှာတွေ့ခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းရဲ့ ကံကြမ္မာက တကယ့်ကို ထူးခြားတာပဲ...”

"ကျွန်တော်သိပြီ..."

မုန့်ချန်ချင်း သဘောပေါက်သွားခဲ့သည်။

ဤအချက်မှာ သူ့အတွက် သတင်းအချက်အလက်အသစ်ပင် ဖြစ်သည်။

“မင်း အဲဒီ အဆင့် ၆ နတ်ဆိုးကို သန့်စင်လိုက်တာလား...”

ရှီယင်ချင်း မေးလိုက်သည်။

“ဟုတ်ကဲ့...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ, အဆင့် ၆ နတ်ဆိုးတစ်ကောင်ရဲ့ စွမ်းအားက နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်ဖို့အတွက် လုံလောက်ပါတယ်...”

ရှီယင်ချင်း ပြောလိုက်သည်။

“ဒီလက်စွပ်ထဲမှာ ကျွန်တော်စုဆောင်းထားတဲ့ နတ်ဆိုးချီတွေ ရှိတယ်... အမျှင်ပေါင်း သုံးသောင်းကနေ လေးသောင်းလောက် ရှိမယ်... အများစုက အဆင့် ၁ နဲ့ ၂ တွေပါ... ဒါတွေက ကျွန်တော်တို့ဂိုဏ်းတပည့်တွေအတွက် အများကြီး အသုံးဝင်မှာပါ...”

မုန့်ချန်ချင်း သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။

သူ၏ အစီအစဥ်မှာ ဤအရာကို အသုံးပြု၍ ဂိုဏ်းချုပ်၏ မျက်နှာသာပေးမှုကို ရယူရန် ဖြစ်သည်။

မူလက စစ်မှန်သော နတ်ဆိုးနည်းစနစ်မှာလည်း အစီအစဥ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ဂိုဏ်းချုပ်၏ စကားများအရ ဤခေတ်တွင် အခြားသူများ ကျင့်ကြံ၍ မရနိုင်သဖြင့် ၎င်းကို ထုတ်ပြနေရန် မလိုတော့ချေ။

“စဉ်းစားပေးတတ်သားပဲ...”

ရှီယင်ချင်း၏ မျက်လုံးများထဲတွင် အသိမှတ်ပြုမှုများ ပြသလာခဲ့သည်။

အနည်းဆုံး ဤအချက်ကြောင့် မုန့်ချန်ချင်းမှာ ဂိုဏ်းအပေါ်တွင် အလေးထားကြောင်း ရှင်းလင်းနေသည်။

သူကျရှုံးလျှင်တောင် ဂိုဏ်းသည်မုန့်ချန်ချင်း၏ လက်အောက်တွင် ကြီးပွားတိုးတက်နိုင်မည်ဖြစ်သည်။

ဒင်!

[နှစ်သက်မှု ကြယ်နှစ်ပွင့်အထိ တိုးတက်သွားပါပြီ]

[စွမ်းရည်ရွေးချယ်ပါ]

[အပိုဆောင်းဆုလဒ် ရရှိပါသည် - စဦးလက်သီးရည်ရွယ်ချက်]

စိတ်ထဲတွင် စနစ်၏အသံကို ကြားလိုက်ရသောအခါ မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်မိသည်။

သူသည် အပိုဆောင်းဆုလဒ်ကို ရရှိခဲ့ပြီး ၎င်းမှာ စဦးလက်သီးရည်ရွယ်ချက် ဖြစ်နေခဲ့သည်။

သူက အဓိကအားဖြင့် ဓားသိုင်းပညာကိုသာ အာရုံစိုက်သော်လည်း သိုင်းပညာရည်ရွယ်ချက်မှာ အမြဲတမ်း တန်ဖိုးရှိပေသည်။

ဤသည်မှာ ဂိုဏ်းချုပ် သူ့ကိုလွှဲပြောင်းပေးထားသော မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် နှင့် လိုက်ဖက်ညီသည့် အမှန်တရားနတ်ဘုရားလက်သီး ကဲ့သို့သော စွမ်းအားကြီး လက်သီးသိုင်းပညာများကို အနာဂတ်တွင် လေ့ကျင့်ကြည့်နိုင်သည်ဟု ဆိုလိုနေခဲ့သည်။

စွမ်းရည်များ များလေလေ ပိုကောင်းလေလေပင် ဖြစ်သည်။

“မဆိုးဘူး...”

မုန့်ချန်ချင်း မျက်လုံးများထဲတွင် ဝမ်းသာမှုများ ဖျတ်ခနဲ လက်သွားခဲ့သည်။

ဤသည်မှာ တကယ့်ကို ကြီးမားသည့် ရိတ်သိမ်းမှုဖြစ်သည်။

သူကိုယ်တိုင် အသုံးမပြုနိုင်သော နတ်ဆိုးချီများက မျက်နှာသာပေးမှုကို တိုးတက်စေခဲ့ပြီး စဦးလက်သီးရည်ရွယ်ချက်ကိုပါ ရရှိစေခဲ့သည် မဟုတ်ပါလား။

“မင်း ဒီကို လာတာက သေခြင်းရှင်ခြင်းနယ်ပယ်အကြောင်း မေးဖို့ မဟုတ်လား...”

ရှီယင်ချင်း ပြောလိုက်သည်။

“ဟုတ်ပါတယ်... နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ် ရောက်ဖို့က မခက်ခဲတော့ဘူးဆိုတော့ တောင်ပိုင်းပါရမီရှင်တိုက်ပွဲ မတိုင်ခင် သေခြင်းရှင်ခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားချင်လို့ပါ... အဲဒါဆိုရင် ထိပ်တန်း အယောက် ၂၀ ထဲ ဝင်ဖို့ အခွင့်အလမ်း ပိုများသွားပြီ...”

မုန့်ချန်ချင်း ပြောလိုက်သည်။

“စီနီယာအစ်ကို မင်းကို ပါရမီရှင်တိုက်ပွဲအကြောင်း ပြောပြပြီးပြီ ထင်တယ်...”

ရှီယင်ချင်း ဆက်ပြောလိုက်သည်။

“နတ်ဘုရားရရှိခြင်းနယ်ပယ် တစ်ခုတည်းနဲ့တင် ထင်ရှားပေါ်လွင်ဖို့က ခက်ခဲတယ်... ထိပ်တန်းစီရင်စုတွေမှာ မကောင်းဆိုးဝါးဆန်တဲ့ ပါရမီရှင်တွေအများကြီးပဲ... သေခြင်းရှင်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မှသာ သူတို့နဲ့ ယှဥ်ပြိုင်နိုင်မှာ...”

ရှီယင်ချင်း လက်နောက်ပစ်ရပ်နေရင်း သူ၏ အသံထဲတွင် အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်အချို့ ပါဝင်နေခဲ့သည်။

“တိုက်ပွဲမတိုင်ခင် မင်း သေခြင်းရှင်ခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ဖို့က ခက်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ.... ဒါပေမဲ့ ငါ မင်းရဲ့ ကျင့်ကြံရေးအရှိန်ကို လျှော့တွက်မိသွားတာတယ်...”

ရှီယင်ချင်း အနည်းငယ် ပြုံးလိုက်သည်။

“အခု ငါ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စွမ်းအားအကြောင်းကို ရှင်းပြပြီး သရုပ်ပြပေးမယ်...”

ဤစကားကို ကြားသည့်အခါ မုန့်ချန်ချင်း ချက်ချင်း အာရုံစုစည်းလိုက်ပြီး အာရုံမလွင့်ရဲတော့ချေ။

သေခြင်းရှင်ခြင်းနယ်ပယ်သည် မြင့်မားသောနားလည်နိုင်စွမ်း လိုအပ်သဖြင့် ရှေ့ဆောင်လမ်းပြများ၏ အတွေ့အကြုံနှင့် အသိအမြင်များမှာ တန်ဖိုးမဖြတ်နိုင်ပေ။

All Chapters