← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅)

စွမ်းရည်များပေါင်းစပ်ခြင်း၊ သေခြင်းရှင်ခြင်း တာအို

နှစ်နာရီခန့် ကြာပြီးနောက်...

မုန့်ချန်ချင်း ဂိုဏ်းချုပ်ခန်းမမှ ထွက်ခွာလာခဲ့သည်။

“ဒါဆို... ဒါက သေခြင်းရှင်ခြင်းနယ်ပယ်ပေါ့...”

မုန့်ချန်ချင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

ရှီယင်ချင်း၏ ရှင်းပြမှုကြောင့် သူ သေခြင်းရှင်ခြင်းနယ်ပယ်ကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သေခြင်းရှင်ခြင်းနယ်ပယ် ဟု ခေါ်ဆိုရခြင်းမှာ သေခြင်းရှင်ခြင်း တာအိုကို နားလည်သဘောပေါက်ပြီး ထိုမှတစ်ဆင့် လူသားခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ဝှက်ထားသော မသေမျိုးလျှို့ဝှက်ချက်ကို ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။

၎င်းတို့မှာ ကြီးမားလှသော အပ်စိုက်မှတ်နှစ်ခု ဖြစ်သည့် ရှင်ခြင်းအပ်စိုက်မှတ်နှင့် သေခြင်းအပ်စိုက်မှတ်တို့ ဖြစ်ကြသည်။

ရှင်ခြင်းအပ်စိုက်မှတ်သည် ကျယ်ပြောလှသော ကောင်းကင်နှင့်မြေကြီးထံမှ အသက်ဓာတ်ကို လုယူကာ မိမိကိုယ်ပိုင်အသုံးပြုနိုင်ရန် ပြောင်းလဲပေးသည်။

ထိုအရာက သိုင်းပညာရှင်တစ်ဦး၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုလည်း အလွန်အမင်း သန်မာစေသည်။

သေစေနိုင်လောက်သည့် ဒဏ်ရာအပြင်းအထန်မျိုး မရရှိခဲ့လျှင် သူတို့ကို သတ်ရန် အလွန်ခက်ခဲပေမည်။

အသက်ရှူချိန် ခဏမျှ ရလျှင်ပင် သူတို့သည် ကမ္ဘာကြီး၏ အသက်ဓာတ်ကို ဖမ်းယူပြီး မိမိကိုယ်ကိုယ် ပြန်လည်ကုသနိုင်ကြသည်။

အခြားတစ်ဖက်တွင်မူ သေခြင်းအပ်စိုက်မှတ်သည် ခန္ဓာကိုယ်အတွင်းရှိ သေခြင်းချီများကို မောင်းထုတ်ပစ်နိုင်ပြီး ရုပ်ခန္ဓာကို ထာဝရနုပျိုစေ၏။

ထိုအရာမှာ အလွန်အမင်းစွမ်းအားကြီးသော နယ်ပယ်တစ်ခုပင်ဖြစ်သည်။

ဤသည်မှာ ထိုအဆင့်၏ အကျိုးသက်ရောက်မှုများထဲမှ အစိတ်အပိုင်းအချို့သာ ရှိသေးပြီး အခြားအကျိုးသက်ရောက်မှုများစွာ ကျန်ရှိနေသေးသည်။

မုန့်ချန်ချင်းအနေဖြင့် ဂိုဏ်းချုပ်သည် သေခြင်းရှင်ခြင်းနယ်ပယ်တွင် ရှိနေပါလျက်နှင့် ဘာကြောင့် သူ၏ ဘယ်ဘက်လက်မောင်းမှာ လစ်ဟာနေရသေးသလဲဆိုသည်ကို နားလည်ရန် ခက်ခဲနေခဲ့သည်။

(ရှေ့ပိုင်းမှာ လက်ဗလာလို့ပြန်မိတယ်ထင်တယ်။ ခုမှလက်ပြတ်နေမှန်းသိတယ်။)

၎င်းမှာ ပြန်လည်မကုသနိုင်တော့သည့် ဒဏ်ရာဟောင်းတစ်ခု ဖြစ်နေသည်လား?...

သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားကပင် ၎င်းကို ပြန်လည်မကုသပေးနိုင်ဘူးလား?...

မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါယမ်းပြီး ထပ်တွေးမနေတော့ချေ။

သူအမြင်တွင် ဂိုဏ်းချုပ်ရော ဂိုဏ်းတစ်ခုလုံးပါ အလွန်တရာ ဆန်းကြယ်ပြီး ပုံပြင်များစွာဖြင့် ပြည့်နှက်နေသည်။

လက်ရှိတွင်မူ သူသည် မိမိ၏ ကျင့်ကြံရေးကို တိတ်တဆိတ် မြှင့်တင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ကျင့်ကြံရေးနေရာသို့ ပြန်ရောက်သည့်အခါ မုန့်ချန်ချင်း ခြေချိတ်ထိုင်လိုက်ပြီး သူ၏ အချက်အလက်ဇယားကို ဆင့်ခေါ်လိုက်သည်။

ထို့နောက် ရှီယင်ချင်း၏ မိတ်ဆွေအချက်အလက်ကို ဖွင့်လှစ်လိုက်သည်။

ဤအကြိမ်တွင် သူ့၌ ရွေးချယ်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။

သန့်စင်သောသိုင်းခန္ဓာ ကဲ့သို့သော ဆွဲဆောင်မှုရှိသည့် စွမ်းရည်များစွာ ရှိနေသော်လည်း မုန့်ချန်ချင်းသည် နောက်ဆုံးတွင် မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် (ပထမတွဲ) ကိုသာ ရွေးချယ်လိုက်သည်။

သူ့တွင် မွေးရာပါဓားခန္ဓာ ရှိပြီးသားဖြစ်သဖြင့် အခြားတစ်ခု မလိုအပ်ချေ။

ထို့ပြင် အချိန်အတော်ကြာပြီးနောက် ၎င်းကို ကျင့်ကြံရမည့်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

၎င်းမှာ ဂိုဏ်း၏ အမြင့်မြတ်ဆုံးအတတ်ဖြစ်ပြီး အစွမ်းထက်ဆုံး နည်းစနစ်လည်း ဖြစ်သည်။

မုန့်ချန်ချင်း ဤနည်းစနစ်၏ အကျိုးသက်ရောက်မှုကို အလွန်တန်ဖိုးထားသည်။

၎င်းသည် သိုင်းပညာရှင်တစ်ဦးကို ကမ္ဘာကြီးနှင့် တစ်သားတည်း ပေါင်းစည်းစေနိုင်ပြီး အားကောင်းသည့်စိတ်စွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်အတွင်းရှိ အမှန်တရားကို ခံစားသိရှိနိုင်သည်။

ထိုအမှန်တရားကို မခံစားနိုင်လျှင်ပင် သူတို့သည် အခြားသူများ ရုန်းကန်လှုပ်ရှားနေရသည့် အဆင့်တစ်ခုဖြစ်သော ကောင်းကင်နှင့် လူသား တစ်သားတည်းဖြစ်ခြင်း အခြေအနေသို့ ရောက်ရှိနိုင်ပေသည်။

ဤအခြေအနေတွင် နားလည်နိုင်စွမ်းရော၊ ကျင့်ကြံရေးအရှိန်ပါ အရည်အသွေးပိုင်းအရ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

လက်ရှိ ကျင့်ကြံရေးမှာ နားလည်နိုင်စွမ်းကို ပိုမိုအလေးထားလာခဲ့သည်။

သူ၏ ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းနှင့်အတူ ကောင်းကင်နှင့် လူသား တစ်သားတည်းဖြစ်ခြင်း အခြေအနေကို အသုံးပြုလိုက်ပါက စိတ်ကူးမယဉ်နိုင်လောက်သည့် အဆင့်အထိ မြှင့်တင်ပေးနိုင်မည်ဖြစ်၏။

ဂိုဏ်းချုပ် လတ်တလော လွှဲပြောင်းပေးထားသော အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်လျှင် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ချိုးဖျက်ရန်မှာ လွယ်ကူသွားပြီဖြစ်သည်။

“စနစ်... မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် - ပထမတွဲကို ပေါင်းစပ်မယ်...”

မုန့်ချန်ချင်း တုံ့ဆိုင်းမနေဘဲ စိတ်ထဲမှနေ၍ တိတ်တဆိတ် အမိန့်ပေးလိုက်သည်။

ဒင်!

[စွမ်းရည်ရွေးချယ်ကဒ် တစ်ကဒ် အသုံးပြုပြီးပါပြီ]

[စွမ်းရည်ရရှိပါသည် - ‘မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် - ပထမတွဲ (ပြီးပြည့်စုံခြင်းအဆင့်)’]

[ပေါင်းစပ်ခြင်း စတင်ပါပြီ]

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် များပြားသောအချက်အလက်များမှာ သူ့စိတ်ထဲသို့ တဟုန်ထိုး ဝင်ရောက်လာခဲ့သည်။

ထိုအရာများမှာ အလွန်ကျယ်ပြန့်ခမ်းနားပြီး စကားလုံးတစ်လုံးချင်းစီတွင် အမြင့်မြတ်ဆုံး ဆွဲဆောင်မှုများ ကိန်းဝပ်နေခဲ့သည်။

“မသေမျိုး... အမှန်တရား...”

မုန့်ချန်ချင်း နည်းစနစ်ကိုကျင့်ကြံရင်း စိတ်ထဲမှနာမည်များစွာကို ရွတ်ဆိုနေမိသည်။

တစ်ချိန်တည်း၌ သူ့အရှိန်အဝါတစ်ခုလုံးမှာ အကြီးအကျယ်ပြာင်းလဲသွားခဲ့သည်။

ကောင်းကင်အုပ်ချုပ်သူတစ်ဦး ဒါမှမဟုတ် မိမိကိုယ်တိုင်တာအိုဖြစ်ခြင်း အစရှိသဖြင့် အေးစက်ပြီး ခံစားချက်ကင်းမဲ့လာခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ပေါင်းစပ်ခြင်း လုပ်ငန်းစဥ် ပြီးဆုံးသွားခဲ့သည်။

မုန့်ချန်ချင်း သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ မျက်လုံးများထဲတွင် တုန်လှုပ်သည့် အရိပ်အယောင်တစ်ခု လက်သွား၏။

ဤနည်းစနစ်၏ ရည်ရွယ်ချက်မှာ အလွန်တရာ နက်နဲခမ်းနားကြောင်း သူ သိထားသော်လည်း ၎င်းကို အမှန်တကယ် သင်ယူပြီး ပေါင်းစပ်လိုက်ရချိန်တွင်မူ စိတ်ကူးစိတ်သန်းများထက်ပင် ကျော်လွန်နေခဲ့သည်။

အမြင့်မြတ်ဆုံး အမှန်တရားကို နားလည်သဘောပေါက်ခြင်း၊ မသေမျိုးခန္ဓာကိုယ်၊ ထာဝရတည်တံ့သောဝိညာဥ်၊ အချိန်နှင့်ပင် တစ်သားတည်း ပေါင်းစည်းသွားခြင်း...

“နှမြောစရာကောင်းတာက... ငါ အမှန်တရားရဲ့ တည်ရှိမှုကို မခံစားမိသေးဘူးပဲ...”

မုန့်ချန်ချင်း နည်းစနစ်ကို လည်ပတ်လိုက်သည်။

သူ၏ ဖြစ်တည်မှုတစ်ခုလုံးမှာ ဝေဝါးသွားခဲ့ပြီး ကမ္ဘာကြီးနှင့် လုံးဝ ပေါင်းစည်းသွားသကဲ့သို့ တဖြည်းဖြည်းချင်းကြည်လင်လာခဲ့သည်။

ဤအခြေအနေတွင် သူ၏ နားလည်နိုင်စွမ်းမှာ မဟာတာအို၏ ကောင်းချီးပေးမှုကို ခံရသည့်အလား ရူးသွပ်မတတ် မြင့်တက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အမျိုးမျိုးသော ကျင့်ကြံရေးအသိအမြင်များမှာ သူ၏ စိတ်ထဲသို့ ရေကြီးသလိုထွက်ပေါ်လာပြီး ယခင်ကရှုပ်ထွေးမှုများအားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

၎င်းမှာ သူ့အား အရာအားလုံးကို သိမြင်နိုင်ပြီး အရာအားလုံးကို တတ်စွမ်းနိုင်သည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကိုပင် ပေးစွမ်းနေခဲ့သည်။

ဝူး...

ထိုခံစားချက်မှာ အလွန်တရာ စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း မုန့်ချန်ချင်း ၎င်းထဲမှ ပြန်လည်ထွက်ခွာလိုက်သည်။

ယခင်က ပြောခဲ့သည့်အတိုင်း သူသည် အမှန်တရားကို မခံစားနိုင်သေးချေ။

ဤသည်မှာ မျှော်လင့်ထားပြီးသားပင် ဖြစ်သည်။

အကြောင်းမှာ ဤအရာမှာ ပထမတွဲသာ ရှိသေးပြီး နောက်ထပ် ငါးတွဲ ကျန်ရှိနေသေးသောကြောင့်ပင်။

အမှန်တရားကို ဤမျှလောက် လွယ်လွယ်ကူကူ ရှာဖွေနိုင်မည်ဆိုပါက တကယ့ကို လက်တွေ့မကျလွန်းလှပေ။

အမှန်တရားဆိုသည်မှာ ကမ္ဘာကြီး၏ အခြေခံကျသော ဖြစ်တည်မှုနှင့် အရာခပ်သိမ်းကို အုပ်ချုပ်သည့် နိယာမတရားဖြစ်ပြီး အခြေခံအားဖြင့် လူသားတို့ လက်လှမ်းမမီနိုင်သော စွမ်းအားတစ်ခု ဖြစ်သည်။

“စနစ်... စဦးလက်သီးရည်ရွယ်ချက်ကို ပေါင်းစပ်မယ်...”

မုန့်ချန်ချင်း အာရုံပြန်စုစည်းပြီး တိုက်ရိုက် အမိန့်ပေးလိုက်သည်။

ဒင်!

[ပေါင်းစပ်ခြင်း စတင်ပါပြီ]

ယခင်က စဦးဓားရည်ရွယ်ချက်နှင့် အလားတူပင် သူ၏အသိစိတ်ပင်လယ်ထဲတွင် ကြီးမားသည့်လက်သီးကြီးတစ်ခုပေါ်လာခဲ့သည်။

ထိုလက်သီးကြီးမှာ တင်းကြပ်စွာဆုပ်ထားပြီ သလင်းကျောက်ကဲ့သို့ကြည်လင်နေကာ အလွန်အမင်းကြောက်စရာကောင်းသည့်အော်ရာတစ်ခုကို ထုတ်လွတ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်သီးသိုင်းပညာနှင့်ဆိုင်သည့် အသိအမြင်များစွာမှာ သူ၏ အသိစိတ်ထဲသို့ တဟုန်ထိုး ဝင်ရောက်လာခဲ့ပြီး လက်သီးသိုင်းလမ်းစဥ်အပေါ် သူ၏ နားလည်မှုကို အဆက်မပြတ် မြှင့်တင်ပေးနေခဲ့သည်။

ဝှစ်...

အချိန်မည်မျှကြာသွားမှန်းမသိရပေ။

မုန့်ချန်ချင်း မျက်လုံးများ ပွင့်လာခဲ့သည်။

ထိုအခါ သိပ်သည်းသည့်လက်သီးရည်ရွယ်ချက်များ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ရာ သူ့အား သိုင်းပညာမဟာဆရာကြီးတစ်ဦး၏ အရှိန်အဝါမျိုးကို ပေးစွမ်းနေခဲ့သည်။

လက်သီးတစ်ချက်တည်းဖြင့် မြစ်ပြင်နှင့် ပင်လယ်များကို လှန်မှောက်နိုင်ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိပေသည်။

“မဆိုးဘူး...”

မုန့်ချန်ချင်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

နောင်တစ်ချိန်တွင် အစွမ်းထက်သော လက်သီးသိုင်းပညာများနှင့် ဆုံတွေ့ပါက သူသည် ၎င်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ပြီး နောက်ထပ် ဝှက်ဖဲတစ်ခု တိုးပွားလာမည်ဖြစ်သည်။

ပြင်ပလောကအတွက်မူ သူကို ဓားသမားတစ်ဦးအဖြစ် လူသိများထားရာ လက်သီးသိုင်းပညာများကိုပါ အသုံးပြုနိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။

“ကဲ... အခု ကျင့်ကြံခြင်းကို စတင်ကြစို့...”

မုန့်ချန်ချင်း ထိုအဆင့် ၆ နတ်ဆိုးချီ အမျှင်ကို ထုတ်ယူလိုက်သည်။

ဤအရာနှင့်ဆိုလျှင် နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ မည်သည့်ပြဿနာမျှ ရှိတော့မည် မဟုတ်ချေ။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤတစ်လအတွင်း ဂိုဏ်းထဲ၌ ဆေးလုံးအသစ်တစ်မျိုး ပေါ်ပေါက်လာခဲ့ပြီး ၎င်းကို ပီလော်ဆေးလုံးဟု ခေါ်ဆိုကြသည်။

၎င်း၏ အကျိုးသက်ရောက်မှုမှာ တာအိုဖန်တီးခြင်းနယ်ပယ်ရှိတပည့်များအား စိတ်ဝိညာဥ်တာအိုကို စောစီးစွာခံစားသိရှိနိုင်စေရန် ကူညီပေးခြင်း ဖြစ်သည်။

ထို့အပြင် နတ်ဘုရားရရှိခြင်းနယ်ပယ်ရှိ သိုင်းပညာရှင်များအတွက်မူ ၎င်းတို့၏ ဝိညာဥ်ကျင့်ကြံရေးကို များစွာ မြှင့်တင်ပေးသည်။

မကြာမီအချိန်အတွင်းမှာပင် ဂိုဏ်းထဲ၌ နတ်ဘုရားရရှိခြင်းနယ်ပယ် သိုင်းပညာရှင်အသစ်အချို့ ထွက်ပေါ်လာခဲ့သည်။

သူတို့မှာ ယခင်က ပါရမီရှင်များဖြစ်ကြပြီး နားလည်နိုင်စွမ်းကြောင့်သာ ပိတ်မိနေကြခြင်းဖြစ်သည်။

ယခု သူတို့မှာ 'ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့ကြပြီး' နောက်ဆုံးတွင် ချိုးဖျက်နိုင်ကြပြီ ဖြစ်သည်။

ထို့အပြင် တောင်ပိုင်းပါရမီရှင်တိုက်ပွဲနှင့် ပတ်သက်သည့် သတင်းများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။

“နောက်နှစ်လဆိုရင် တောင်ပိုင်းပါရမီရှင်တိုက်ပွဲ ရောက်ပြီပဲ...”

“ဂိုဏ်းချုပ်ငယ်တို့လည်း မကြာခင် ထွက်ခွာကြတော့မှာ ထင်တယ်...”

“နှမြောစရာကောင်းတာက ခရီးက အရမ်းဝေးတော့ ငါတို့ သွားပြီး အားမပေးနိုင်ဘူး...”

“ဟုတ်တယ်, ငါလည်း တခြားစီရင်စုကြီးတွေရဲ့ ရှုခင်းတွေကို မြင်ဖူးချင်တာ... ထိပ်တန်းစီရင်စုတွေက လူငယ်ပါရမီရှင်တွေဆိုရင် ဗဟိုစီရင်စုက လူတွေနီးပါး သန်မာကြတယ်လို့ ပြောကြတယ်...”

“ပြီးခဲ့တဲ့ နှစ်တွေတုန်းက ငါတို့ ထျန်းလင်စီရင်စုက အမြဲတမ်း အောက်ဆုံးမှာပဲ ရှိခဲ့တာ... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဂိုဏ်းချုပ်ငယ် ရှိနေတော့ အထင်ကြီးစရာကောင်းတဲ့ အဆင့်တစ်ခု သေချာပေါက် ရမှာပဲ...”

“ဟုတ်တယ်...”

တပည့်အများစုမှာ အလွန်တရာ အကောင်းမြင်နေကြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေကြသည်။

ဘာပဲပြောပြော ဂိုဏ်းချုပ်ငယ်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေသည့် ပါရမီရှင်တစ်ဦး မဟုတ်ပါလား။

သူ၏ ကျင့်ကြံရေးအဆင့်မှာ အနည်းငယ် လိုအပ်နေသေးလျှင်တောင်မှ ထိပ်တန်း အယောက် ၅၀ အတွင်း ဝင်ရောက်ရန်မှာ သေချာပေါက် ဖြစ်နိုင်ချေ ရှိသည်။

ထို့ပြင် ထိပ်တန်း အယောက် ၅၀ ဆိုသည်မှာလည်း အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုပင် ဖြစ်သည်။

ရလဒ်အနေဖြင့် ဂိုဏ်းမှာလည်း ပိုမိုများပြားသည့်အရင်းအမြစ်တွေရရှိမည်ဖြစ်သည်။

All Chapters