← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀)

မျှော်လင့်မထားသော ရလဒ်၊ နတ်ဆိုးဂိုဏ်းသစ်,ကြာဖြူသန့်စင်ဂိုဏ်း

ပြောင်းလဲမှုများမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။

သူကိုယ်တိုင် အလျှင်အမြန် တိုးတက်နေရုံသာမက ဤညီအစ်ကိုနှစ်ဦးစလုံးသည်လည်း အလားတူတိုးတက်နေကြ၏။

အမှန်တကယ်တော့ ဤကဲ့သို့သော ထိပ်တန်းပါရမီရှင်များသည် အမြဲတမ်း လျင်မြန်စွာ တိုးတက်လေ့ရှိကြသည်။

သူ၏ ကိုယ်ပိုင်တိုးတက်မှုနှုန်းမှာ အလွန်တရာ အဓိပ္ပာယ်မရှိလောက်အောင် မြန်ဆန်လွန်းနေသဖြင့်သာ သူတို့၏ တိုးတက်မှုမှာ နှိုင်းယှဥ်ကြည့်ပါက နှေးကွေးနေတာဖြစ်သည်။

ယခင်အကြိမ်နှင့်ယှဥ်လျှင် ဤညီအစ်ကိုနှစ်ဦးသည် သွေးမျိုးဆက်စွမ်းရည် နှစ်ခုစီ ပိုမိုနိုးထလာခဲ့ကြသည်။

သို့သော် ယခုအခါ သူသည် သွေးမျိုးဆက်စွမ်းရည်များအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

အဆုံးမှာတော့ သွေးမျိုးဆက်စွမ်းရည်ဆိုသည်မှာ သိုင်းပညာစွမ်းရည်များသာ ဖြစ်သည်။

သူ ကျင့်ကြံနေသော ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာများမှာ ၎င်းတို့ထက် အားမနည်းသည့်အပြင် ပို၍ပင် သန်မာသေးသည်။

ထို့အပြင် "ကြယ်ဘုရင်ကျမ်း" သည် ထိပ်တန်းခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ဖြစ်ရာ ကျောက်တုံးလူသားသွေးမျိုးဆက်၏ သွေးမျိုးဆက်စွမ်းရည်များထက် လုံးဝ အားမနည်းချေ။

ထို့ကြောင့် ကန့်သတ်ချက်ရှိသော အခွင့်အရေးများကြားမှ သူသည် ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာများကိုသာ ပိုမိုရွေးချယ်လိုသည်။

သူ၏ အကြည့်မှာ အောက်ဘက်ရှိ နောက်တစ်ပိုင်းဆီသို့ ရွေ့သွားခဲ့သည်။

ညီအစ်ကိုနှစ်ဦးစလုံးသည် ဤနည်းစနစ်၏ ပထမတွဲကို ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ကြသည်။

ကျောက်တုံးလူသားသွေးမျိုးဆက်သည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်းတွင် များစွာအထောက်အပံ့ပေးကြောင်း ဝန်ခံရပေမည်။

သူတို့၏ တိုးတက်မှုမှာ အလွန်လျင်မြန်လှသည်။

ပထမတွဲမှာ မြေကမ္ဘာအဆင့်မြင့် သိုင်းပညာတစ်ခုသာ ဖြစ်သော်လည်း၊ ဒုတိယတွဲမှာမူ စဦးကောင်းကင်အဆင့် သိုင်းပညာတစ်ခု ဖြစ်သည်။

ဤကျမ်းကို ကျင့်ကြံရန်အတွက် ဒုတိယတွဲသို့ မကူးပြောင်းမီ ပထမတွဲကို အရင်ဆုံး ပြီးမြောက်အောင် ကျင့်ကြံရမည် ဖြစ်သည်။

ပထမတွဲမှာ အခြေခံဖြစ်၏။

ခိုင်မာသော အခြေခံအုတ်မြစ်မရှိပါက တိုးတက်ရန် ခက်ခဲပေမည်။

ပထမတွဲကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားပြီဖြစ်၍ ဤညီအစ်ကိုနှစ်ဦးသည် သူတို့၏ ကြယ်စင်ခန္ဓာကိုယ်ကို ပုံဖော်နိုင်ခဲ့ပြီဟု ဆိုလိုသည်။

ကြယ်စင်များ၏ စွမ်းအားဖြင့် တည်ဆောက်ထားသော ကြယ်စင်ခန္ဓာကိုယ်သည် အလွန်မြင့်မားသော ခုခံရေးစွမ်းအားရှိပြီး အားနည်းသော ကောင်းကင်အဆင့် သိုင်းပညာအချို့ကိုပင် ခံနိုင်ရည်ရှိသည်။

ဒုတိယတွဲ၏ ယင်ယန်အတတ်မှာမူ...

၎င်းသည် နေနှင့်လ၏ စွမ်းအားကို ဝါးမြိုပြီး ပိုမိုသန်မာသော ကြယ်စင်ယင်ယန်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲပေးသည်။

၎င်း၏ ခုခံရေးစွမ်းအားမှာ ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်၏။

အဆင့်တူ သိုင်းပညာများမှာ ၎င်းကို ချိုးဖျက်ရန် အလွန်ခက်ခဲလှသည်။

ဓားရည်ရွယ်ချက် သို့မဟုတ် ဓားခန္ဓာကဲ့သို့သော အခြားအချက်များဖြင့် မြင့်တင်ထားခြင်း မရှိလျှင်ဖြစ်၏။

“ဒီကောင်တွေရဲ့ နှစ်သက်မှုတိုးမယ့် နည်းလမ်းတစ်ခု ရှာရမယ်”

မုန့်ချန်ချင်း၏ မျက်လုံးများ အရောင်လက်သွားသည်။

ပထမဆုံးအနေဖြင့် သူသည် ဤကျမ်း၏ ပထမတွဲကို ရယူရန် လိုအပ်သည်။

“ငါ သိသားပဲ... စီနီယာအကိုမုန့်က စီနီယာအကိုလို့ အခေါ်ခံရတာကို ပိုသဘောကျတာပါဆို... သိုင်းပညာဦးလေးဆိုတာကြီးက အရမ်းစိမ်းကားလွန်းတယ်... ငါတို့က မိတ်ဆွေတွေပဲဥစ္စာ...”

ရှီယောင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဒင်!

[ရှီယောင်၏ နှစ်သက်မှုအဆင့် ကြယ်သုံးပွင့်သို့ တိုးမြင့်သွားပါပြီ]

[စွမ်းရည်ရွေးချယ်ပါ]

စနစ်၏ အသံမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ဤအသံကို ကြားသည့်အခါ မုန့်ချန်ချင်း ခေတ္တမျှ မှင်တက်သွားခဲ့သည်။

ဘာဖြစ်သွားသနည်း။

နှစ်သက်မှုအဆင့်က ဘယ်လိုလုပ် တိုးသွားတာလဲ။

ငါဘာတွေများလုပ်ပြီး ဘာတွေပြောလိုက်မိလို့လဲ...

မုန့်ချန်ချင်း အလျှင်အမြန် ပြန်တွေးလိုက်၏။

သူ ခုနကပဲ “သီးသန့်ဆိုရင် စီနီယာအကိုလို့ပဲ ခေါ်နိုင်ပါတယ်၊ ဒီလောက်အထိ လုပ်ထုံးလုပ်နည်းတွေ အများကြီး ရှိနေဖို့ မလိုပါဘူး” ဟု ပြောခဲ့သည် မဟုတ်ပါလား။

ဤကဲ့သို့သော စကားလုံးများက အမှန်တကယ်ပင် နှစ်သက်မှုအဆင့်ကို တိုးစေနိုင်သည်လား?

ဤအရာက နည်းနည်း လွယ်ကူလွန်းမနေဘူးလား?...

“ဒီရက်ပိုင်းအတွင်း ရှီယောင်က ခဏခဏ ပြောနေတာ... စီနီယာအကိုမုန့်က ဂိုဏ်းချုပ်ငယ်ဖြစ်လာပြီး အခုသိုင်းပညာဦးလေးပါ ဖြစ်သွားပြီဆိုတော့ အချင်းချင်း မတွေ့ရတော့မှာ စိုးနေတာ... ပြီးတော့ စိမ်းကားသွားပြီး မိတ်ဆွေတွေ မဟုတ်တော့မှာကိုလည်း ကြောက်နေခဲ့တာလေ... အခုကြည့်ရတာတော့ စီနီယာအကိုမုန့်က မပြောင်းလဲဘဲ အရင်က စီနီယာအကိုမုန့်ဖြစ်နေတုန်းပဲ...”

ရှီဂွမ်း ပြုံးလျက် ပြောလိုက်သည်။

အော်... ဒါကြောင့်ကိုး။

မုန့်ချန်ချင်း နားလည်သွားခဲ့သည်။

ရှီဂွမ်းနှင့် မတူဘဲ ရှီယောင်မှာ ပို၍ ရိုးရှင်းလှသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၌ ကလေးတစ်ယောက်၏ စိတ်ဓာတ်မျိုး ရှိနေခြင်း ဖြစ်သည်။

သို့သော် သူသည် အသက် ရှစ်နှစ်သာ ရှိသေးသည်ကို ထည့်တွက်လျှင်မူ ဤသည်မှာ ပုံမှန်ပဲဖြစ်သည်။

ကလေးတစ်ယောက်အတွက်မူ မိတ်ဆွေတစ်ယောက်က ပြင်ပအကြောင်းအရာများကြောင့်ပြောင်းလဲမသွားဘဲ မိတ်ဆွေအဖြစ် ဆက်ရှိနေခြင်းသည် ပျော်ရွှင်စရာ အကြောင်းရင်းတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် သူ၏ နှစ်သက်မှုအဆင့်တိုးသွားခဲ့ခြင်းဖြစ်သည်။

ဒင်!

[ရှီဂွမ်း၏ နှစ်အဆင့်သည် ကြယ်သုံးပွင့်သို့ တိုးမြင့်သွားပါပြီ]

[စွမ်းရည်ရွေးချယ်ပါ]

စနစ်၏ အသံမှာ သူ၏ စိတ်ထဲတွင် တစ်ဖန်ပြန်၍ ပဲ့တင်ထပ်လာခဲ့ပြန်ရာ မုန့်ချန်ချင်းကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှီဂွမ်းသည် ရှီယောင်ထက် ပိုမို၍ ထက်မြက်သူဖြစ်သဖြင့် သူ၏ နှစ်သက်မှုအဆင့်ကို တိုးမြင့်ရန်မှာ မလွယ်ကူသောကြောင့်ပင်။

ယခင် စနစ်၏ အသိပေးချက်မှာ ရှီယောင်အတွက်သာ ဖြစ်သည်။

သို့သော် မျှော်လင့်မထားဘဲ ရှီဂွမ်း၏ အသိပေးချက်မှာလည်း မကြာမီမှာပင် ထွက်ပေါ်လာခဲ့သည်။

စိတ်ဝင်စားစရာပဲ...

မုန့်ချန်ချင်း ပြုံးလိုက်မိသည်။

ရိုးရိုးသားသားပြောရလျှင် ဤသည်မှာ မျှော်လင့်မထားသော ဝမ်းမြောက်စရာ အရာတစ်ခုပင်။

သူသည် သူတို့၏ နှစ်သက်မှုအဆင့်ကို မည်သို့ တိုးမြှင့်ရမည်ကို တွေးတောနေခဲ့ရသော်လည်း စကားတစ်ခွန်းတည်းဖြင့် ပြေလည်သွားခဲ့သည်။

တကယ်တော့ လူတစ်ဦးသည် မိမိ၏ မူလနှလုံးသားကို ထိန်းသိမ်းထားရမည်ဖြစ်သည်။

ခွန်အားနှင့် အဆင့်အတန်း ပြောင်းလဲမှုများကြောင့် မိမိ၏အတိတ်ကပုံစံကို မေ့လျော့မောက်မာလာပြီး အရာရာကို အထင်သေးတတ်သည့် ပုံစံမျိုး ဖြစ်လို့မရချေ။

ကံကောင်းစွာဖြင့် သူက အမြဲတမ်း မူလစိတ်နေစိတ်ထားကို ထိန်းသိမ်းထားနိုင်ခဲ့သဖြင့် များစွာပြောင်းလဲခြင်းမရှိပေ။

မဟုတ်ပါက ယနေ့၏ မျှော်လင့်မထားသော ရလဒ်ကို လွဲချော်သွားမည့်အပြင် ရင်းနှီးသော မိတ်ဆွေကောင်း နှစ်ယောက်ကိုပါ ဆုံးရှုံးရနိုင်ပေသည်။

“စိတ်မပူပါနဲ့... ဘာပဲဖြစ်ဖြစ် ငါတို့တွေက အမြဲတမ်း မိတ်ဆွေတွေ ဖြစ်နေမှာပါ...”

မုန့်ချန်ချင်း လက်သီးမြှောက်ပြလိုက်သည်။

ညီအစ်ကိုနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်လှုပ်တရှား သူတို့၏လက်သီးများကိုလည်း လိုက်လံမြှောက်လိုက်ကြသည်။

ထို့နောက် လက်သီးချင်းခပ်ဖွဖွ တိုက်လိုက်ကြရာ ၎င်းမှာ ကတိသစ္စာပြုလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

“စီနီယာအကိုမုန့်... လာ, ငါ့ရဲ့ ပခုံးပေါ်မှာ ထိုင်...”

ရှီယောင်က ညွှန်ပြလိုက်သည်။

သူ၏ လက်ရှိ ခန္ဓာကိုယ်အရွယ်အစားဖြင့်ဆိုလျှင် မုန့်ချန်ချင်းကို အလွယ်တကူ သယ်ဆောင်နိုင်ပေသည်။

“ကောင်းပြီလေ...”

မုန့်ချန်ချင်း ရယ်မောကာ အပေါ်သို့ ခုန်တက်လိုက်သည်။

“သွားကြစို့...”

ရှီယောင် သူ၏ ခြေထောက်များကို အနည်းငယ် ကွေးလိုက်ပြီးနောက် ဘုန်းခနဲ အသံနှင့်အတူ ရှေးဟောင်းမြို့တော်ကြီးဆီသို့ လှမ်းခုန်လိုက်သည်။

ချက်ချင်းပင် ဥက္ကာခဲတစ်ခု ပြုတ်ကျလာသည့်အလား ခံစားလိုက်ရသည်။

ဖုန်းလင် ရှေးဟောင်းမြို့တော်...

၎င်းသည် ထျန်းယွင်စီရင်စုရှိ ကျော်ကြားသော ရှေးဟောင်းမြို့တော်များထဲမှ တစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ထိပ်တန်းအင်အားစုတစ်ခု ရှိနေသောကြောင့်ပင်။

ချန်မိသားစု...

သူတို့၏ ဘိုးဘေးမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့၏။

အချိန်ကို တွက်ချက်ကြည့်လျှင် ချန်မိသားစု၏ ဘိုးဘေးသည် ယခုအခါ အသက်ရွယ်ကြီးရင့်နေလောက်ပြီဖြစ်သည်။

ထိုက်ရွမ်ဂိုဏ်း၏ တိမ်သင်္ဘောရောက်ရှိလာခြင်းမှာ မည်သူတစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုကိုမျှ မဆွဲဆောင်နိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ထျန်းယွင်စီရင်စုနှင့် နှိုင်းယှဥ်ပါက ထျန်းလင်စီရင်စုမှာ အဆင့်နိမ့်ပြီး ပထဝီဝင်အနေအထားအရ ပိုမိုဝေးလံသဖြင့် ၎င်း၏ အင်အားစုများသည် လူသိနည်းသောကြောင့် ဖြစ်သည်။

သို့သော် ရှီညီအစ်ကိုများ၏ အသွင်အပြင်မှာမူ လူအများ၏အာရုံကို ဆွဲဆောင်သွားပြီး လူတိုင်းအံ့အားသင့်သွားကြသည်။

ဤကဲ့သို့သော အရွယ်အစားမျိုးနှင့် သူတို့က တကယ်ပဲ လူသားတွေ ဟုတ်ရဲ့လား?

အချို့သော စားသောက်ဆိုင်များမှာ ထိုလူနှစ်ယောက်ကို မဆန့်ကြချေ။

ရှီယောင် စိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်သည်။

သူက အစားအသောက်နံ့ကို ရရှိနေပြီ ဖြစ်သည်။

မုန့်ချန်ချင်း ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး သူတို့ကို အပြင်တွင် စောင့်ဆိုင်းနေရန် ပြောကာ တစ်ဦးတည်း အတွင်းသို့ ဝင်လာခဲ့သည်။

ပြတင်းပေါက်နားတွင်ထိုင်ပြီး မုန့်ချန်ချင်း ဤမြို့၏ အထူးဆေးဝိုင်ကို သောက်သုံးနေခဲ့သည်။

အရသာမှာ ကောင်းမွန်မွှေးကြိုင်ပြီး ဝိညာဥ်ဆေးဖက်ဝင်အပင်များ ပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် များစွာ အကျိုးရှိသည်။

သို့သော် မုန့်ချန်ချင်းကဲ့သို့ သေခြင်းရှင်ခြင်းနယ်ပယ်တွင် ရှိနေသော လူတစ်ဦးအတွက်မူ ၎င်းမှာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိချေ။

“မင်း ကြားပြီးပြီလား...”

“မကြာသေးခင်က ထျန်းယွင်စီရင်စုမှာ နတ်ဆိုးအင်အားစုအသစ်တစ်ခု ပေါ်ထွက်လာတယ်ဆိုပဲ... အရမ်းသန်မာတယ်... ဂိုဏ်းအတော်များများ ဖျက်ဆီးခံလိုက်ရပြီး ရှင်သန်ကျန်ရစ်သူ တစ်ယောက်မှ မရှိဘူးတဲ့...”

“အို... တောင်ပိုင်းပါရမီရှင်တိုက်ပွဲ ကျင်းပတော့မယ့် ခုလိုအရေးကြီးအချိန်မျိုးမှာ နတ်ဆိုးအင်အားစုတစ်ခုက ပြဿနာရှာရဲတယ်ပေါ့... သူတို့ အသက်မရှင်ချင်တော့ဘူးလား...”

“ဘယ်သူသိမှာလဲ...”

“ဒီနတ်ဆိုးအင်အားစုကို ဘာလို့ ခေါ်လဲ...”

“ငါကြားတာတော့... ကြာဖြူသန့်စင်ဂိုဏ်းဆိုပဲ...”

All Chapters