← Chapters

အခန်း ၁၀၀၇

Vol. 68 Ch. 1007

အခန်း ၁၀၀၇

Vol. 68 Ch. 1007

အခန်း ၁၀၀၇ - ငါတို့ ဟိုဘက်ကို တစ်ချက်သွားကြည့်ရအောင်

အကယ်၍ ကျန်းမုန့်လောင်တို့တစ်သိုက်က အဆင့်ခြောက်သက်ရှိများ ဖြစ်ခဲ့မည်ဆိုပါက သူတို့အနေနှင့် တစ်စက္ကန့်မျှပင် သံသယဝင်မိမည်မဟုတ်ချေ။ သို့သော် သူတို့အားလုံးမှာ အဆင့်ငါးသက်ရှိများသာ ဖြစ်နေကြပေသည်။

စကြဝဠာအမှတ်၃၇ နှင့် စကြဝဠာအမှတ်၃၈တို့၏ စစ်တပ်ဖွဲ့စည်းပုံများအရ လူအယောက်တစ်ထောင်လျှင် အဆင့်ခြောက်သက်ရှိဆယ်ဦးနှင့် စကြဝဠာသားရဲ အကောင်နှစ်ရာ ပါဝင်သည်။ အရေပြားကြမ်းတမ်းမာကျောသော ထိုအဆင့်ငါးအထွတ်အထိပ် သက်ရှိများပင် အားနည်းသည့် အချို့အဆင့်ခြောက်သက်ရှိများနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိ၏။

သို့သော် ဤလူ၆၆၇ယောက်ကမူ လူစုခွဲလိုက်ပြီးနောက် တစ်ဦးချင်းစီက မီတာရာနှင့်ချီ၍ ရှည်လျားသော ခံစစ်ကြောင်းတစ်ခုကို တည်ဆောက်လိုက်ကြလေရာ ကျူးကျော်သူများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ဟန့်တားထားသည့် သံမဏိတံတိုင်းကြီးတစ်ခုအလား ဖြစ်နေတော့သည်။

သူတို့တစ်ယောက်ချင်းစီသည် သာမန်အဆင့်ခြောက်သက်ရှိများပင် မနာလိုဖြစ်ရလောက်မည့် စွမ်းအားများကို ထုတ်လွှတ်နေကြပြီး တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသော လျှို့ဝှက်သိုင်းပညာများကို အသုံးပြုနေကြသည်။ လှုပ်ရှားမှုတိုင်းမှာ ခမ်းနားကြီးကျယ်ပြီး အစွမ်းထက်လှပေသည်။ သူတို့၏တပ်မှူးများ အစွမ်းကုန် ကြိုးစားအားထုတ်လျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်သိုင်းပညာများကို ထုတ်သုံးနိုင်စွမ်း ရှိမည်မဟုတ်ချေ။

"ရှီနိုခယ်... မင်း ငါ့ကို အရူးလုပ်နေတာတော့ မဟုတ်ပါဘူးနော်.. သူတို့က အထူးတပ်ဖွဲ့တစ်ခုခုကနေ လျှို့ဝှက်ပျိုးထောင်ထားတဲ့ အထူးစစ်သားတွေလား"

ကာဒရီရယ်မှာ ထိုမြင်ကွင်းကြောင့် အလွန်တရာ အံ့အားသင့်သွားလေသည်။

ဒါက ဘယ်လိုလူသစ်တွေလဲ။ အဆင့်ခြောက်သက်ရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုရင်တောင် ဒီလူတွေရှေ့မှာတော့ ဖုန်မှုန့်ဖြစ်သွားမှာပဲ။

သူ တွေ့လိုက်ရသည်။ ဤလူများ၏ တိုက်ခိုက်မှုများမှာ အစွမ်းထက်ရုံသာမက ကျယ်ဝန်းလှသော ဧရိယာတစ်ခုအထိ ဖုံးလွှမ်းနိုင်စွမ်း ရှိကြသည်။

အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က သိပ်သည်းလှသော စကြဝဠာမူလစွမ်းအင်ဘောလုံးတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ဖန်တီးလိုက်၏။ ဤစွမ်းအားမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် အင်အားအကြီးမားဆုံး အလင်းတန်းအမြောက်များနှင့် အမှုန်အမြောက်များပင် ထိုစွမ်းအားကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ စွမ်းအင်ဘောလုံး တစ်ခုစီသည် အချင်းမီတာဆယ်ဂဏန်းရှိသော ဧရိယာကို လွှမ်းခြုံနိုင်ပြီး ထိုနေရာအတွင်းရှိ ဘယ်ရန်သူကိုမှ အသက်ရှင်လျက် မချန်ထားခဲ့ပါချေ။

သူတို့အနေနှင့် ထိုမျှအစွမ်းထက်သော စကြဝဠာမူလစွမ်းအင်ကို စုစည်းနိုင်စွမ်း မရှိခြင်းတော့ မဟုတ်ပေ။ သို့သော် ထိုသို့သော စုစည်းမှုတိုင်းအတွက် အနည်းဆုံး စက္ကန့်ဆယ်ဂဏန်းမျှ အချိန်ယူရပြီး အကြိမ်အနည်းငယ် ပြုလုပ်ပြီးသည်နှင့် သူတို့ကို လုံးဝ အားအင်ကုန်ခမ်းသွားစေမည်သာ။

အခြားတစ်ဖက်တွင်မူ ထိုလူငယ်သည် စက်သေနတ်တစ်လက်ပစ်ခတ်နေသည့်အလား စကြဝဠာမူလစွမ်းအင်ကို အားစိုက်ထုတ်စရာမလိုဘဲ ဖန်တီးကာ မီတာရာနှင့်ချီ၍ ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားစေခဲ့ရာ လူသားပုံစံ စူပါစွမ်းအင်အမြောက်ကြီးတစ်ခုနှင့်ပင် တူနေပေသည်။

မိနစ်အတော်ကြာအောင် ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွင်လည်း သူသည် ဘာပင်ပန်းနွမ်းနယ်မှုလက္ခဏာမျှ မပြသဘဲ "အနီရောင်ကျွဲ"ဟု စာတန်းတပ်ထားသော သံဘူးတစ်ဘူးကို ပေါ့ပေါ့ပါးပါး ထုတ်သောက်လိုက်ရာ စက္ကန့်အနည်းငယ်အတွင်းမှာပင် အားအင်များ ပြန်လည်ပြည့်ဖြိုးလာပြီး အရိုင်းဆန်သော ဗုံးကြဲတိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်လေတော့သည်။

အခြားလူငယ်တစ်ဦးက တစ်မီတာရှည်လျားသော ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး သူ့ဓားလွှဲချက်တိုင်းကလည်း မီတာလေးဆယ်ရှည်လျားသော ဓားအလင်းတန်းများ ထွက်ပေါ်လာကာ ဒေါင်လိုက်ခုတ်ပိုင်းခြင်း၊ အလျားလိုက်ယမ်းခုတ်ခြင်းတို့ဖြင့် ကျူးကျော်သူများ၏ ချပ်ဝတ်တန်ဆာများကို တစ်စစီဖြစ်အောင် လုပ်ပစ်နေပေသည်။

နောက်ထပ်လူငယ်တစ်ယောက်ကမူ အနက်ရောင်စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ ဂါထာမန္တန်အချို့ကို ရေရွတ်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို စစ်မြေပြင်ပေါ်တွင် သဲဝါများ လိပ်တက်လာပြီး ထူးဆန်းသော သက်ရှိထောင်ပေါင်းများစွာအဖြစ် ဖွဲ့စည်း၍ ရန်သူ့တပ်ဖွဲ့ထံသို့ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

ထိုသဲစစ်သည်တော်များသည် ရန်သူ၏ အဆင့်ငါးသက်ရှိများထက် များစွာသာလွန်သော ဧရာမခွန်အားများကို ပိုင်ဆိုင်ထားကြပြီး မသေဆုံးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အလား ထင်မှတ်ရပေသည်။ ရံဖန်ရံခါတွင် သားရဲများကြောင့် ကြေမွသွားခြင်း သို့မဟုတ် လက်နက်များကြောင့် ဖျက်ဆီးခံလိုက်ရလျှင်ပင် ထိုသဲများမှာ စက္ကန့်ပိုင်းအတွင်း ပြန်လည်စုစည်းသွားပြီး တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြလေသည်။

ကောင်းကင်က ဆင်းသက်လာသော ဧရာမရွှေရောင်လက်ဝါးကြီးများနှင့် လက်ချောင်းကြီးများအပြင် "ဆူဆာနို"ဟု အမည်ရသည့် အရောင်အသွေးစုံလင်လှသော စွမ်းအင်ဘီလူးကြီးများမှာ အိပ်မက်တစ်ခုအတွင်းမှ ထွက်ပေါ်လာသည့် မြင်ကွင်းများအလား ထင်မှတ်ရပေသည်။

"သူတို့က တကယ် လူသစ်တွေပါ"

ရှီနိုခယ်က သူတို့၏ ဒေတာအချက်အလက်များကို ဆွဲထုတ်ပြလိုက်သည်။

"ကြည့်လိုက်… သူတို့အားလုံးက အသစ်စက်စက် စာရင်းသွင်းထားကြတာ.. ဒါက သူတို့ရဲ့ စာမေးပွဲကာလနဲ့ ရမှတ်တွေလေ.. ဒီအရာတွေကို အတုလုပ်လို့မရဘူး မဟုတ်လား"

"ဒါက လွန်ခဲ့တဲ့စကြဝဠာရက်နှစ်ဆယ်လောက်ကမှ မဟုတ်ဘူးလား"

"နေပါဦး"

တပ်မှူးကာဒရီရယ်သည် ထိုလူတို့၏ စာမေးပွဲဒေတာဘေးရှိ ရမှတ်များကို ရုတ်တရက် သတိပြုမိသွားသည်။

"ခွန်အားနဲ့ အမြန်နှုန်းရမှတ်တွေက လေးထောင်ငါးထောင်တောင်ရှိတယ်... ဒီအဆင့်နဲ့ဆိုရင် သူတို့က ဘယ်အဖွဲ့မှာမဆို အဓိကအဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်"

"အသန်မာဆုံးက နှစ်သောင်းတောင်လား.. သူတို့က ငါတို့ထက်တောင် ပိုသန်မာနေတာ မဟုတ်ဘူးလား"

"မင်း မှားနေပြီ"

ရှီနိုခယ်က ပြောလိုက်လေသည်။

"ငါတို့အဖွဲ့ထဲက အလယ်အလတ်အဆင့်ကနေ အဆင့်မြင့်အဆင့်ခြောက်သက်ရှိတချို့ဆိုရင် ဘယ်သူမှ ရမှတ်လေးငါးထောင်ထက် မနိမ့်ကြဘူး.. ဒါပေမဲ့ သူတို့တွေက ဒီလို တိုက်ခိုက်ရေးစွမ်းရည်မျိုး ပြနိုင်လို့လား"

ကာဒရီရယ်တစ်ယောက် ခေါင်းယမ်းလိုက်လေသည်။ ဤအဖွဲ့၏ ရှေ့မှောက်တွင် အဆင့် ခြောက်သက်ရှိများနှင့် အသေခံတပ်သားများကြား၌ ကွာခြားချက် သိပ်မရှိတော့ချေ။ တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့အနေနှင့် ပြတ်တောက်နေသော လက်ချောင်းအချို့ သို့မဟုတ် အကြွင်းအကျန်အချို့ကို ချန်ထားရစ်နိုင်ခြင်း ရှိမရှိသာလျှင်။

"သူတို့တွေက ခွန်အားကို ထိန်းချုပ်ထားကြတာ။ အစွမ်းကုန်ထုတ်မသုံးကြသေးဘူး.. ပြီးတော့ ကျန်းမုန့်လောင်လို့ခေါ်တဲ့ အဲ့ဒီလူငယ်လေးက အမှတ်နှစ်သောင်း ရခဲ့တယ်ဆိုတာ စမ်းသပ်ရေးကိရိယာရဲ့ ကန့်သတ်ချက်က နှစ်သောင်းပဲ ရှိနေလို့.. သူက တစ်ခါတည်းထိုးချပြီး စက်ကိုပါ ခွဲပစ်လိုက်တာ"

"ခွဲပစ်လိုက်တယ် ဟုတ်လား.. ဒါဆိုရင် သူ့မှာ အနည်းဆုံး ခွန်အားသုံးသောင်းလောက် ရှိနိုင်တာပေါ့"

"ဟီးဟီးဟီး... ငါထင်တာတော့ ဒီအဖွဲ့ထဲက အားအနည်းဆုံးသူတောင်မှ ခွန်အားရမှတ် တစ်သောင်းခွဲကျော်ကျော် ရှိလိမ့်မယ်.. ပြီးတော့ သူကလေ..."

ရှီနိုခယ်က ကျန်းမုန့်လောင်ကို လှမ်းကြည့်လိုက်၏။

"...အခြေခံ အဆင့်ခုနစ်သက်ရှိတစ်သိုက်ကိုတောင် အသာလေး ရင်ဆိုင်နိုင်စွမ်းရှိမယ်ထင်တယ်"

"ဟာသပဲကွာ"

ကာဒရီရယ်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည် ။

"ငါက ခုနလေးတင် သူတို့က ကိုယ့်သေတွင်းကိုယ်တူးနေတာလို့ ထင်ခဲ့သေးတယ်..ဒီလောက် အတိုင်းအတာရှိတဲ့ စစ်မြေပြင်မှာတောင် သူတို့အတွက် ခြိမ်းခြောက်မှုဆိုတာ မရှိသလောက်ပဲကိုး"

သူတို့ စကားပြောဆိုနေကြချိန်မှာပင် စစ်မြေပြင်ပေါ်ရှိ ပရမ်းပတာအခြေအနေများမှာ ငြိမ်သက်သွားခဲ့ချေပြီ။

ဆန့်ကျင်ဘက်စကြဝဠာနှစ်ခုသည် ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သော်လည်း သူတို့၏ ပြိုင်ဘက်များကို သေချာမမြင်လိုက်ရခင်မှာပင် နောက်ဆုတ်သွားရပြီး အဖွဲ့ငယ်တိုင်း၏ နေရာများတွင် ရုပ်အလောင်း သောင်းနှင့်ချီ၍ ကျန်ရစ်နေခဲ့လေသည်။

သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။

ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအား အဆင့်အတန်းမှာ အနည်းဆုံး ထိပ်တန်းအဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်သက်ရှိများပင် ဖြစ်နိုင်လေသည်။

ဤကဲ့သို့သော ဆရာ့ဆရာကြီးများကို ရာနှင့်ချီသော အဖွဲ့ငယ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းတစ်ခုတွင် ခပ်ကျဲကျဲသာ တွေ့ရလေ့ရှိသော်လည်း ဤအဖွဲ့ငယ် ထောင်ပေါင်းများစွာတွင်မူ အဖွဲ့တိုင်းတွင် ဤကဲ့သို့သော ဖြစ်တည်မှုမျိုး တစ်ယောက်စီ ပါဝင်နေပေသည်။

စကြဝဠာအမှတ်၃၇ နှင့် စကြဝဠာအမှတ် ၃၈တို့သာမက စကြဝဠာအမှတ်၇ပင်လျှင် ဤစုစည်းနိုင်စွမ်းကို ကျော်လွန်နေပေသည်။ ဤသည်မှာ လွန်ကျူးရာမကျပေဘူးလား။

အကယ်၍ သူတို့ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက အဓိပ္ပာယ်မရှိသော အသေအပျောက်များသာ ဖြစ်ပေါ်လာလိမ့်မည်။ ယခုအခါတွင် အရေးကြီးဆုံးမှာ စကြဝဠာ အမှတ်၇၏ အခြေအနေကို တာဝန်ရှိသူများထံ အစီရင်ခံတင်ပြပြီး မဟာဗျူဟာမြောက် တုံ့ပြန်မှုများ ပြုလုပ်ရန်ပင်။

စစ်မြေပြင်မှ မီးခိုးငွေ့များ ရှင်းလင်းသွားသောအခါ ပြန့်ကျဲနေသော ခြေလက်အင်္ဂါများနှင့် ရုပ်အလောင်းများကလွဲ၍ အသက်ရှင်ကျန်ရစ်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်တွေ့ရတော့ချေ။

"နောက်ဆုတ်သွားပြီ။ ငါတို့ သူတို့ကို တိုက်ထုတ်နိုင်ခဲ့ပြီ"

"အသေအပျောက်မရှိ... ဒါက အသေအပျောက် လုံးဝမရှိတဲ့ ငါတို့ရဲ့ ပထမဆုံးတိုက်ပွဲပဲ"

"နောက်တစ်ခါ လာခဲ့ကြဦးလေ ခွေးကောင်တွေ… မင်းတို့က ငါတို့စကြဝဠာကို ကျူးကျော်နေတာ မဟုတ်ဘူးလား.. မင်းတို့ အရမ်းရောင့်တက်နေတာ မဟုတ်ဘူးလား"

အဖွဲ့ငယ်ထောင်ပေါင်းများစွာသည် အကြိမ်ကြိမ် အောင်ပွဲခံ၍ အော်ဟစ်လိုက်ကြသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ လတိုင်းနီးပါး ဖြစ်ပွားလေ့ရှိပြီး များသောအားဖြင့် ကြီးမားလှသော တန်ဖိုးကို ပေးဆပ်ရပြီး တစ်ခါတစ်ရံ နေ့ရက်ပေါင်းများစွာ ကြာမြင့်တတ်ပေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ စတင်ချိန်မှစ၍ ဆုတ်ခွာချိန်အထိ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ထို့ပြင် ကျူးကျော်သူများ၏ ဆုံးရှုံးမှုများမှာ တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ မြင်တွေ့ရလေ့ရှိသော အဆင့်မျိုးဖြစ်ပြီး နောက်တိုက်ပွဲအတွက် ပြန်လည်အင်အားဖြည့်တင်းရန် လိုအပ်လောက်အောင် အလွန်ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

သူတို့၏ လက်နက်များက ရန်သူကို ထပ်မံမဟန့်တားနိုင်တော့ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြသည်။ အချို့ဆိုလျှင် လက်နက်ပိတ်ဆို့မှုများကိုပင် ဖောက်ထွက်လာနိုင်ခဲ့သဖြင့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် အသေအလဲတိုက်ပွဲဝင်ရမည်မှာ သေချာသည်။

တိုက်ပွဲအပြီး ပြန်လည်ထူထောင်ရေး အခြေအနေများအရ ယနေ့ ဆုံးရှုံးမှုများမှာ များပြားနိုင်ပြီး တပ်ဖွဲ့အချို့အနေနှင့် သူတို့၏ အင်အားတစ်ခုလုံးကို ဆုံးရှုံးသွားရနိုင်ခြေ ရှိပေသည်။ သို့တိုင် ရှီနိုခယ်၏ လူအယောက်ရာဂဏန်းခန့်ပါဝင်သော အဖွဲ့ကတော့ သန်းနှင့်ချီသောအင်အားဖြင့် ဝင်ရောက်တိုက်ခိုက်မှု၏ ရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

အသေအပျောက် လုံးဝမရှိပါချေ။

"သူတို့တွေ ထွက်သွားကြပြီလား.. ငါ ပျော်လို့တောင် မဝသေးဘူး.. ဒါက ဘာကြီးလဲ"

"မသွားကြပါနဲ့ဦး... ငါ အသစ်သင်ထားတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကိုတောင် မစမ်းသပ်ရသေးဘူး.. အဲ့ဒီစွမ်းအားကို စမ်းသပ်ခွင့်ပြုပါဦး"

"ပြီးသွားပြီလား.. ငါ့ခေါက်ဆွဲပြုတ်တောင် မနူးသေးဘူးလေ"

[တင်! ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ကျော်စောမှုရမှတ်တစ်မှတ် ရရှိပါတယ်]

[တင်! ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ကျော်စောမှုရမှတ်တစ်မှတ် ရရှိပါတယ်]

...

ကျန်းမုန့်လောင်၏ နားထဲတွင် အဆုံးမဲ့အသိပေးချက်များကို ကြားနေရသည်။ ဤတိုက်ပွဲကတစ်ဆင့် သူသည် ကျော်စောမှုရမှတ်တစ်ရာကို ရရှိခဲ့ပြီး ခွန်အားအမှတ်တစ်သန်းကျော်လည်း ချက်ချင်းဝင်ရောက်လာခဲ့သည်။

"သိပ်ကျေနပ်စရာ မကောင်းသေးဘူး"

ဆုတ်ခွာသွားသော ကျူးကျော်သူများကို လှမ်းကြည့်ရင်း ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါတို့ ဟိုဘက်ကို တစ်ချက်သွားကြည့်ကြရအောင်လား"

***********************

All Chapters