← Chapters

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း ၁၀၁၆ - မင်းကို ၃၉မီတာ အရင်ပြေးခွင့်ပေးမယ်

"နေဦး"

သတ်ဖြတ်ရန် အသင့်ပြင်ပြီး ထွက်သွားတော့မည့်လူများကို ကျန်းမုန့်လောင်က ရုတ်တရက် လှမ်းအော်လိုက်သည်။

"ထွက်တိုက်မယ် ဟုတ်လား။ ငါတို့က ဘာလို့ထွက်တိုက်ရမှာလဲ။ သူတို့ကသာ ငါတို့ကို ထွက်တိုက်ရမှာမဟုတ်ဘူးလား"

ထိုစကားကို ကြားလိုက်ရချိန်ဝယ် လူတိုင်း ကိုယ့်ပေါင်ကို ရိုက်လိုက်ကြသည်။

ဟုတ်သားပဲ.. သူတို့အားလုံးက အဆင့်ခြောက်သက်ရှိတွေ ဖြစ်နေပြီလေ…

ထိုအဆင့်ငါးနှင့် အဆင့်ခြောက်သက်ရှိများက သူတို့အတွက် လျစ်လျူရှုထား၍ရသော အနေအထားတွင် ရှိနေလေပြီ။ သူတို့၏ပြိုင်ဘက်များက အဆင့်ခုနစ်သက်ရှိ ရာဂဏန်းဖြစ်လေရာ ယခုအချိန်တွင် သူတို့ဘက်က အသာစီးရနေကြောင်း သိသာလှသည်။

"အရှေ့ကလူတွေ နားထောင်ကြ။ အခု မင်းတို့ကို ငါတို့လူ ၆၆၇ယောက် ဝိုင်းထားလိုက်ပြီ။ မင်းတို့ရဲ့ အကာသယာဉ်လက်နက်တွေနဲ့ ပစ္စည်းတွေအားလုံးကို အပ်ပါ။ ယောကျ်ားတွေက ဘယ်ဘက်မှာရပ်မယ်။ မိန်းမတွေက ညာဘက်မှာ ရပ်မယ်။ ယောကျ်ားမဟုတ် မိန်းမမဟုတ်တဲ့ လူတွေကတော့ အလယ်မှာရပ်ကြ"

"ပြီးတော့ မင်းတို့ဆီမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေအားလုံးကိုလည်း ပေးခဲ့ကြ။ ငါတို့လည်း ဒီကိုလာရတာ မလွယ်ဘူးလေ။ အချင်းချင်း နားလည်ပေးကြရအောင်"

"သူတို့ရူးနေကြတာလား"

အလွန်မောက်မာလှသော သူတို့၏စကားများကို ကြားသောအခါ အဆင့်ခုနစ်အဆင့်မြင့်သက်ရှိ စစ်သည်တစ်ယောက်က လှောင်ပြောင်လိုက်သည်။

"အဆင့်ခြောက်သက်ရှိဖြစ်သွားတာနဲ့ပဲ အံ့ဩဖို့ကောင်းလှပြီလို့ ထင်နေတာလား"

အံ့ဖွယ်ကောင်းသော ဤသက်ရှိမှာ အရပ်သုံးမီတာကျော် မြင့်ပြီး သူ့ချပ်ဝတ်တန်ဆာမှာ အထူးပြုလုပ်ထားခြင်းဖြစ်ကြောင်း သိသာလှသ်ည။ မည်သည့်ကုန်ကြမ်းပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း မသေချာသော်လည်း ထိုအရာ၏ ခိုင်ခံ့မှုနှင့် မာကျောမှုမှာ အဆင့်ခြောက်သိုင်းလက်နက်များနှင့် တူညီလုနီးပါးပင်။

အဆင့်ခုနစ်အဆင့်မြင့်သက်ရှိတစ်ယောက် ဖြစ်သော်လည်း သူ့ချပ်ဝတ်တန်ဆာနှင့် လက်နက်မှာ အဆင့်ခြောက်သိုင်းလက်နက်မျှသာ။ သို့သော် သူတို့၏ရန်သူများမှာ အဆင့်ခြောက်အခြေခံသက်ရှိများသာ ဖြစ်သော်လည်း တစ်ယောက်ချင်းစီတိုင်းတွင် အဆင့်ခုနစ်သိုင်းလက်နက်များကို တပ်ဆင်ထားကြလေရာ ဤအခြေအနေကို သူ့အနေနှင့် မည်သို့သည်းခံနိုင်မည်နည်း။

"အတော်ပဲ။ မင်းတို့တွေက မိုင်ပေါင်းထောင်ချီဖြတ်သန်းပြီး လက်နက်တွေ ပစ္စည်းကိရိယာတွေ လာပို့ပေးတယ်ဆိုမှတော့ ငါတို့လည်း အားနာမနေတော့ဘူး"

"အော်ကာ.. သတိထား"

လီယွန်က သတိပေးလိုက်သည်။

"သူတို့က သာမန်အဆင့်ခြောက်သက်ရှိတွေမဟုတ်ဘူး"

"ဟိုလူထွားကြီးပြောတာ ဘာအဓိပ္ပာယ်လဲ"

"သေချာတော့မသိဘူး။ သူက ငါတို့ကိုသတ်ပြီး လက်နက်တွေ လုချင်နေပုံပဲ"

"ဝူးဟူး.. သူတို့ရဲ့ အဲဒီသတ္တိတွေကို လျန်ကျင်းရူးကများ ပေးလိုက်တာလား"

ဘယ်သူ အရင်လာမလဲ"

"စည်းကမ်းဟောင်းအတိုင်းပဲနော်။ စုံစွမ်စိ ကစားကြမယ်"

….

ဟားဟားဟား.. ကံတရားက အလှည့်အပြောင်းရှိတယ်ဆိုတာ ဒါမျိုးပဲ။ ဒီတစ်ခါတော့ ငါ့အလှည့်ရောက်လာပြီ"

အနိုင်ရရှိသွားသော လူငယ်လေးက ဝမ်းသာအားရဖြင့် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

သူ့ချပ်ဝတ်တန်ဆာမှာ "သူတော်စင်ဆေယာ"ဇာတ်လမ်းထဲမှ ရာသီခွင်တစ်ခု၏ သန့်စင်မြင့်မြတ်သော ဝတ်ရုံဖြစ်ပြီး သူ့လက်ထဲတွင်မူ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေအောင် အဆင့်မြှင့်တင်ထားသည့် နှင်းသောက်ဓားရိုင်းတစ်လက်ကို ကိုင်ဆောင်ထားသည်။ အမှန်ပင်။ ထိုအရာကား "ဖုန်းယွင်"ဇာတ်လမ်းထဲတွင် နျဲ့ဖုန်းက မီတာလေးဆယ်အထိ ခုတ်ပိုင်းနိုင်ခဲ့သည့် ဓားပင်တည်း။

"မင်းက ဘယ်သူလဲ။ မင်းတို့ခေါင်းဆောင်ကို လာခိုင်းလိုက်"

အော်ကာက အော်ပြောလိုက်လေသည်။

"ကျားပျံအထူးတပ်ဖွဲ့ နျဲ့ဖုန်း"

ဝူချောင်းဟု အမည်ရသော လူငယ်လေးက ပြောလိုက်လေသည်။

"မင်းက ငါတို့ခေါင်းဆောင်နဲ့ တိုက်ခိုက်ဖို့အထိ မတန်ဘူး"

ဝူချောင်းက သူ့ဓားသွားကို သုတ်လိုက်လေသည်။

"နှင်းသောက်ဓားရိုင်းက အညတရတွေကို မခုတ်ဘူး။ မင်းက ဘာကောင်လဲ။ အမှိုက်ခြောက်လား။ အမှိုက်စိုလား"

"တောက်.. စကြဝဠာအမှတ်၃၇၊ တပ်ရင်း၇၃၁၊ ၁၀၃၇အခြေစိုက်စခန်းမြို့တော်ရဲ့ ဗိုလ်ချုပ်အော်ကာကွ"

"မင်းတစ်ယောက်တည်းလား"

ဝူချောင်းက မထီမဲ့မြင်လေဟန်ဖြင့် လက်ယပ်ခေါ်လိုက်၏။

"ယောကျ်ားစစ်ရင် ဆယ်ယောက်ဆို ဆယ်ယောက်လာခဲ့။ တမလွန်မှာ မင်း အထီးမကျန်ရအောင်လို့ ဆယ်ယောက်ဆိုရင် အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဂိမ်းဆော့လို့ရပြီ"

"စကြဝဠာအမှတ်၇က လူတွေအားလုံး ဒီလိုမျိုး ပေါက်ကရတွေပြောကြတာလား"

အော်ကာသည် စကြဝဠာအမှတ်၇ရှိ တိုက်ခိုက်ရေးမျိုးနွယ်စုမှ မွေးဖွားလာသော စစ်သည်တော်တစ်ယောက်ပင်။ ဤမျိုးနွယ်စုသည် မွေးရာပါနတ်ဘုရားစွမ်းအင်များကို ပိုင်ဆိုင်ထားကြပြီး မျိုးနွယ်စုတစ်ခုလုံးသည် စကြဝဠာ၏ စစ်မြေပြင်ကြီးများအနှံ့ ပျံ့နှံ့ရောက်ရှိနေပေသည်။

အော်ကာသည် စကြဝဠာအမှတ်၃၇တွင် အကျော်အမော်တစ်ဦးဖြစ်ပြီး ဤကမ္ဘာခြားစစ်မြေပြင်သို့ အဆင့်ငါးသက်ရှိတစ်ယောက်အဖြစ် ရောက်လာကာ နှစ်ပေါင်းသန်းသုံးရာကျော်တိုင်အောင် ရှင်သန်နိုင်ခဲ့သည်။ အဆင့်ငါးသက်ရှိအဆင့်မှ အဆင့်ခုနစ်သက်ရှိအဆင့်သို့ ရောက်လာခဲ့ပြီး သွေးချောင်းစီးနေသော အလောင်းကောင်များကြားက ဖြတ်လျှောက်လာခဲ့သူဟုပင် ဆိုနိုင်သည်။

သူ့ရဲဘော်ရဲဘက်များ သေဆုံးသွားသော်လည်း သူကတော့ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ထိုစဉ်က သူ့တပ်ခွဲမှူး သေဆုံးသွားခဲ့သော်ငြား သူကတော့ အသက်ရှင်နေဆဲပင်။ သူတို့၏ အမှတ်၁၀၃၇တပ်ဖွဲ့၏ဗိုလ်ချုပ် သေဆုံးသွားခဲ့သည့်တိုင် သူကတော့ အသက်ရှင်နေခဲ့သည်။

ကြွယ်ဝလှ‌သော တိုက်ပွဲအတွေ့အကြုံများက သူ့တိုက်ခိုက်ရေးစွမ်းအားကို မယုံနိုင်လောက်အောင် အားကောင်းစေခဲ့ပြီး အချို့အဆင့်ခုနစ်အထွတ်အထိပ်ဗိုလ်ချုပ်များနှင့် ယှဉ်ပြိုင်ရာတွင်ပင် တန်းတူရင်ဆိုင်နိုင်စွမ်းရှိသည်။

အော်ကာ၏လက်ထဲတွင် သွေးနီရောင်ပုဆိန်တစ်လက် ပေါ်လာလေသည်။ အခြားစကြဝဠာများမှ သက်ရှိပေါင်းသောင်းဂဏန်းလောက် ဤပုဆိန်အောက်တွင် အသက်ပျောက်ခဲ့ရသည်ဟု ဆိုကြသည်။

"ငါ အော်ကာရဲ့လက်ချက်နဲ့ သေရတာ မင်းတို့တွေ ကံကောင်းတယ်"

အော်ကာက တိုက်ပွဲဝင်ပုဆိန်ကို ဝှေ့ယမ်း၍ ဝူချောင်းထံသို့ ပြေးဝင်လာလေသည်။

"နတ်ဆိုးဓားသွား"

ဝူချောင်း၏မျက်ဝန်းအစုံကား ရုတ်ခြည်းနီရဲသွားပြီး သူ့ခန္ဓာကိုယ်ကလည်း ပြင်းထန်လှသော သွေးနံ့များပင် ထွက်ပေါ်လာသည်။ နတ်ဆိုးဆန်သော သူ့သဘာဝက အော်ကာထက်ပင် ပိုပြင်းထန်နေသေးသည်။

"သူက ငါတို့ဗိုလ်ချုပ်အော်ကာနဲ့ အင်အားပြိုင်ရဲတယ်ပေါ့လေ"

"သူ့ရဲ့ပိန်ပါးပါးခန္ဓာကိုယ်လေးကို ကြည့်ပါဦး။ သူ့ဆီမှာ အင်အားဘယ်လောက်ရှိနိုင်မှာမို့လို့လဲ။ ငါတို့ဗိုလ်ချုပ်ရဲ့ ပုဆိန်တစ်ချက်ကိုတောင် ခံနိုင်မှာမဟုတ်ဘူး"

"အခုလေးတင် အဆင့်ခြောက်သက်ရှိဖြစ်တာနဲ့ပဲ သူက အဆင့်ခုနစ်သက်ရှိတစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား"

၁၀၃၇တပ်ဖွဲ့မှ စစ်သည်များအဖို့ ဝူချောင်းသည် မိုက်ရူးရဲဆန်သူတစ်ယောက်နှင့် တူနေပေသည်။ အော်ကာ၏ အင်အားမှာ အဆင့်ခုနစ်အထွတ်အထိပ် ဗိုလ်ချုပ်အချို့ထက်ပင် သာလွန်နေချေသည်။

"ကိုင်အိုကန်ဆယ်ဆ"

ဝူချောင်း၏ ခန္ဓာကိုယ်ထက်မှ သွေးရောင်အလင်းတန်းများ ရုတ်တရက်ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အင်အား၊ အမြန်နှုန်းနှင့် အခြေခံစွမ်းရည်များအားလုံး ဆယ်ဆအထိ မြင့်တက်သွားသည်။

"တင်!"

သွေးရောင်ပုဆိန်နှင့် ဝူချောင်း၏ အဆင့်မြင့်သွေးသောက်ဓားရိုင်းတို့ ထိခတ်မိပြီးနောက် စူးရှလှသော အသံတစ်သံ ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်အရွယ်အစားကွာခြားမှုမှာ အံ့ဩဖို့ကောင်းလောက်အောင်ပင် အင်အားပြိုင်ဆိုင်ရာ၌ ဘာအားနည်းချက်မှ မဖြစ်စေခဲ့ပေ။

"အာဏာရှင်ဓားသိုင်း"

ဝူချောင်း၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အော်ကာကို ကြမ်းတမ်းစွာ တိုက်ခိုက်လေတော့သည်။ ဤသိုင်းကွက်မှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြင်းထန်လွန်းလှသဖြင့် ဓားချက်တိုင်းက အော်ကာ့ကို နောက်ဆုတ်သွားစေသည်။ ဝူချောင်း၏ အင်အားကို မယှဉ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူ ကြက်သေသေသွားသည်။

သူ့အနေနှင့် တန်ပြန်တိုက်ခိုက်ချင်ပါသော်ငြား ဝူချောင်း၏ တိုက်ခိုက်မှုများက တရစပ်ကျရောက်လာသဖြင့် မခုခံနိုင်တော့ဘဲ တိုက်ပွဲဝင်ပုဆိန်ကို ဆုပ်ကိုင်ထားသည့် လက်ပင် နာကျင်ကျိန်းစပ်လာသည်။

အဆင့်ခုနစ်နှင့် အဆင့်ခြောက်သိုင်းလက်နက်များအကြားရှိ ကွာခြားချက်မှာ အဆင့်ခုနစ်နှင့် အဆင့်ခြောက်သက်ရှိများအကြားရှိ အင်အားကွာဟချက်အလား ကြီးမားလှပေသည်။ ဝူချောင်း၏ ဓားချက်တိုင်းက သွေးရောင်ပုဆိန်ပေါ်တွင် အစင်းရာတစ်ခုစီ ချန်ထားခဲ့သည်။

"ဂျွတ်"

နောက်ဆုံးတွင်မူ သွေးရောင်ပုဆိန်မှာ တောင့်မခံနိုင်တော့ချေ။ အော်ကာ၏ ချပ်ဝတ်တန်ဆာကလည်း ဓားအလင်းတန်း၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး အက်ကွဲကြောင်းထဲက သွေးများ စီးကျလာသည်။

"ဒါက အခုမှ အဆင့်တက်ထားတဲ့ အဆင့်ခြောက်သက်ရှိတစ်ယောက်တဲ့လား.. မဖြစ်နိုင်တာ"

အော်ကာ၏လက်မောင်းမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် တုန်ယင်နေပြီး ဝူချောင်းကလည်း ရူးသွပ်နေသော အဆင့်ခုနစ်သားရဲတစ်ကောင်နှင့် တူနေပေသည်။

"ဒီအတိုင်းသာ ဆက်တိုက်ရင် ငါ သေသွားနိုင်တယ်"

အော်ကာ၏စိတ်ထဲတွင် ထိတ်လန့်ဖွယ်အတွေးတစ်ခု ဝင်လာခဲ့သည်။ ပစ္စည်းကိရိယာချင်း ယှဉ်လျှင်လည်း မနိုင်ပေ။ လက်နက်ချင်းလည်း မယှဉ်နိုင်ချေ။ ခွန်အားကလည်း သူတို့ကို တစ်ဝက်လောက် အရှုံးပေးနေရပြီဖြစ်ရာ ဤတိုက်ပွဲကို ဘယ်လိုဆက်တိုက်ရမည်နည်း။

"ဝှစ်"

သူ့မှာ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။ အေးစက်စက်ဓားသွားက သူ့မျက်ခုံးကြားကို ချိန်ရွယ်ထားပြီးဖြစ်၏။

"ဖြန်း"

သူ့ခေါင်းဆောင်မှာ နှစ်ခြမ်းကွဲသွားလေသည်။ ထိုဓားက နောက်ထပ် တစ်လက်မလောက်သာ ထပ်ဆင်းသွားပါက သူ သေလေပြီ။

"မင်း ငါ့ကို မသတ်ဘူးလား"

အော်ကာက နားမလည်နိုင်လေဟန် အမူအရာဖြင့် မေးလိုက်သည်။ ဝူချောင်းသာ သတ်ချင်ပါက သူ့အနေနှင့် လုံးဝခုခံနိုင်မည်မဟုတ်ပေ။

"ငါ မင်းကို ၃၉မီတာ အရင်ပြေးခွင့်ပေးမယ်"

"မှတ်ထားနော်။ မင်းပြောပြီးသားစကားကို နောင်တမရစေနဲ့"

အော်ကာခမျာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား တစ်ဖက်သို့လှည့်ပြီးနောက် သူ့တပ်ဖွဲ့ရှိရာဆီသို့ ပြေးသွားလေသည်။

သို့သော် သူ ၃၉မီတာအထိ မရောက်လိုက်ခင်မှာပင် သွေးရောင်ဓားအလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။

"ဆောရီးပဲ"

ဝူချောင်းက သူ့ဓားကို ပြန်သိမ်းလိုက်၏။

"မင်းကို ၃၉မီတာလောက် ပြေးခွင့်ပေးမယ်လို့ ကတိပေးထားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ့ဓားက မီတာလေးဆယ်အထိ ရောက်တယ်ကွ"

ဝူချောင်းက ထူးဆန်းမီးတောက်နှစ်သုတ်ကို ပစ်လွှတ်လိုက်သည်။ အဆင့်ခြောက်နှင့်အထက် သက်ရှိများအတွက် သက်စောင့်စွမ်းအင်မှာ အလွန်အားကောင်းလှသည်ဖြစ်ရာ ခန္ဓာကိုယ်ပျက်စီးသွားသည့်တိုင် အသက်ဓာတ်အမြုတေ မပျက်စီးပါက ပြန်လည်ရှင်သန်နိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည်။

ထိုထူးဆန်းမီးတောက်နှစ်သုတ်အတွင်းတွင် အော်ကာ၏ခန္ဓာကိုယ်မှာ လုံးဝပြာကျသွားလေတော့သည်။

အဆင့်ခုနစ်အဆင့်မြင့်သက်ရှိတစ်ယောက်မှာ ဤနည်းဖြင့် ကျဆုံးသွားလေတော့သည်။

အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်က အဆင့်ခုနစ်အဆင့်မြင့်သက်ရှိတစ်ယောက်ကို မိနစ်ပိုင်းအတွင်း သတ်ဖြတ်သွားခြင်းမှာ ကိုယ်တိုင်မြင်လိုက်ရခြင်းမဟုတ်ပါက မည်သူကများ ယုံကြည်နိုင်မည်နည်း။

ဝူချောင်းက အခြားတပ်ခွဲမှူးများကို အကဲခတ်ကြည့်လိုက်သော်ငြား မည်သူကမှ သူ့အကြည့်ကို ရင်မဆိုင်ရဲကြချေ။

"ဘယ်သူကျန်သေးလဲ"

"ငါမေးနေတယ်လေ.. ဘယ်သူကျန်သေးလဲလို့"

**********************

All Chapters