← Chapters

အခန်း ၁၀၁၇

Vol. 68 Ch. 1017

အခန်း ၁၀၁၇

Vol. 68 Ch. 1017

အခန်း ၁၀၁၇ - ညလယ်စာ အတူတူစားကြမလား

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဝူချောင်းက ရန်စနေသည့်တိုင် စကြဝဠာအမှတ်၃၇ သို့မဟုတ် အမှတ်၃၈ရှိ စစ်သည်တစ်ယောက်မှ ရှေ့မထွက်ရဲကြပေ။

သူတို့၏တပ်မှူးများအကြားတွင် အော်ကာ၏ အင်အားက သေချာပေါက်အားကောင်းသည်ဟု သတ်မှတ်ခံထားရသည်။ သို့တိုင် အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိအချို့ပင် အော်ကာ့ကို အနိုင်ယူနိုင်မည်ဟု ရာနှုန်းပြည့်ယုံကြည်ချက် မရှိပေ။

သူတို့အနေနှင့် အော်ကာ့ကို အနိုင်ယူနိုင်လျှင်ပင် ဤမျှလွယ်ကူမည်မဟုတ်ချေ။ အဆင့်ခုနစ်သက်ရှိတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ သူတို့ကို အနိုင်ယူရသည်ထက် ဆယ်ဆခန့် ပိုခက်ခဲသည်။ သို့သော် သူတို့၏ အသက်ဓာတ်ထောက်လှမ်းရေးကိရိယာများက အော်ကာ၏အသက်စွမ်းအင်မှာ လုံးဝပျောက်ကွယ်သွားပြီဟု ပြသနေချေသည်။

"ဒါပဲလား။ မင်းတို့တပ်မှူးရဲ့အစွမ်းက ဒါ အကုန်ပဲလား"

"ဪ.. မင်းတို့ထဲက တစ်ယောက်မှ မတိုက်နိုင်ကြဘူးလား။ ဘယ်သူမှ ရှေ့မထွက်ရဲကြဘူးပေါ့"

"ငါသာ မင်းတို့နေရာမှာဆိုရင် တခြားနေရာ သွားနေလောက်ပြီ။ အရမ်းရှက်ဖို့ကောင်းလွန်းတယ်"

"ဒီလူတွေလောက်နဲ့ ငါတို့ကို ဖမ်းချုပ်ထားနိုင်မယ်လို့ တကယ်ထင်နေကြတာလား"

"မင်းတို့ ယုံချင်ယုံ မယုံချင်နေ။ သူက ငါတို့၆၆၇ယောက်ထဲမှာ အားအနည်းဆုံးလူပဲ"

….

"သွားပြီ။ သူတို့က မကောင်းဆိုးဝါးတွေပဲ။ ငါတို့ရဲ့တပ်မှူးတောင် သေသွားပြီဆိုတော့ ငါတို့လည်း ဒီပွဲကို မနိုင်နိုင်တော့ဘူး"

"သူတို့က သာမန်စစ်သည်တွေ လုံးဝမဟုတ်ပါဘူးလို့ ငါပြောသားပဲ။ ငါတို့ လာကိုမလာခဲ့သင့်တာ။ ဒါ သေမင်းထောင်ချောက်ပဲ"

"တပ်မမှူးကိုယ်တိုင် မလာရင်တော့ ဒီတပ်ဖွဲ့ကို ငါတို့ ရှင်းပစ်နိုင်မယ့် နည်းလမ်းမရှိတော့ဘူး"

"ငါတို့ ပြန်ဆုတ်ကြမလား"

အော်ကာ၏ သေဆုံးခြင်းက စကြဝဠာအမှတ်၃၇နှင့် ၃၈တပ်ဖွဲ့များအကြား အုတ်အော်သောင်းတင်းဖြစ်သွားစေပြီး အချို့လူများ၏ စိတ်ထဲတွင် ဆုတ်ခွာရန် တွေးနေကြပြီဖြစ်၏။

သူတို့ဘက်တွင် အဆင့်ခုနစ်သက်ရှိ ရာဂဏန်းအနည်းငယ်သာရှိပြီး ပြိုင်ဘက်များဘက်တွင်မူ အယောက်ခြောက်ရာခုနစ်ရာခန့်ရှိသည်။ သူတို့၏ တပ်ဖွဲ့တချို့ကို တပ်ခွဲမှူးများအား တားဆီးရန် စေလွှတ်လိုက်ပါက ကျန်လူများက သူတို့၏တပ်မထဲသို့ သိုးအုပ်ထဲကို ကျားဝင်သလို ထိုးဖောက်ဝင်ရောက်လာမည်ဖြစ်၏။

"ဘယ်သူမှ နောက်ဆုတ်ခွင့်မရှိဘူး"

ယခုအချိန်တွင် စိတ်ဓာတ်မြှင့်တင်ရေးမလုပ်နိုင်ပါက ရှုံးနိမ့်မှုကြောင့် ကြီးမားလှသော ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာမည်ကို ကြိုသိနေသဖြင့် လီယွန်က ဟိန်းဟောက်လိုက်၏။

"သူတို့မှာ အယောက်ခြောက်ရာခုနစ်ရာပဲရှိတာ။ ငါတို့မှာ စစ်သည်အင်အား ဘီလီယံနဲ့ချီပြီးရှိတယ်။ ငါတို့ အသေအလဲတိုက်ရရင်တောင် သူတို့ကို ချေမှုန်းနိုင်တယ်။ ရှေ့ကို ဆက်တက်ကြ။ ဒါဆို မင်းတို့ အသက်ရှင်ကောင်းရှင်နိုင်လိမ့်မယ်။ နောက်ပြတ်ဆုတ်တဲ့လူတိုင်းကို ငါ အရင်သတ်ပစ်မယ်"

၉၁၂အခြေစိုက်စခန်းမြို့တော်၏ အရေးပါမှုမှာ ၇၃၁တပ်မတစ်ခုလုံးတွင်ပင် ထိပ်တန်းအဆင့်ရှိ၏။ သူတို့၏တပ်မမှူးက မည်သည့်အဖိုးအခပင် ပေးရပေးရ ၉၁၂အခြေစိုက်စခန်းမြို့တော်ကို အရပြန်သိမ်းပိုက်ရမည်။ သို့မဟုတ်ပါက အနာဂတ်တိုးချဲ့ရေးအစီအစဉ်များကို ဆိုးဝါးစွာ ထိခိုက်စေမည်ဖြစ်ကြောင်း ရာဇသံထုတ်ထားသည်။

ထိုသို့သော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် စစ်သည်အများအပြားလည်း အထိတ်တလန့်ဖြစ်သွားကြသည်။ လီယွန် အမိန့်မပေးရသေးခင်မှာပင် အာကာသယာဉ်အချို့၏ ပင်မအမြောက်ကြီးများက စတင်ပစ်ခတ်နေပြီဖြစ်၏။

ပင်မအမြောက်ကြီးက တိုက်ခိုက်ရန် အချက်ပေးလိုက်သော အချက်ပေးခရာအလား မရေမတွက်နိုင်သော စစ်သည်များက သူတို့ဆီသို့ ရေစီးကြောင်းကြီးတစ်ခုနှယ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

"ပုရွက်ဆိတ်တွေက ဘယ်လောက်ပဲလာလာ ပုရွက်ဆိတ်ပါပဲ။ ညီအစ်ကိုတို့… အကွက်အကြီးစားတွေ ထုတ်သုံးကြ"

"ငါတို့ကလည်း ဒီဟာအတွက် အသင့်ပြင်ထားပြီးသား"

"ငါ့ရဲ့ဖျက်ဆီးခြင်းမီးကြာပန်းကို ကြည့်ထား"

"မိုးကြိုးမုန်တိုင်း"

"သတိထား.. အဲဒီအာကာသယာဉ်တွေကို တအားမပျက်စီးစေနဲ့။ နောက်ပိုင်း ငါတို့ ပြန်သုံးလို့ရတယ်"

…

ကြမ်းတမ်းလှသော တိုက်ခိုက်မှုများကြောင့် ကျန်းမုန့်လောင်နှင့် အခြားလူများ၏ ပတ်ပတ်လည်မီတာရာဂဏန်းတွင် လေဟာနယ်ဇုန်တစ်ခု ဖြစ်ပေါ်သွားလေရာ ပြေးဝင်လာသူများခမျာ သူတို့အနားသို့ မရောက်လာနိုင်တော့ဘဲ ပြာကျသွားရလေသည်။

ပင်ပန်းနေပြီလား။ နို့လက်ဖက်ရည်တစ်ခွက်သောက်လိုက်တာနဲ့ လန်းဆန်းသွားလိမ့်မယ်…

စွမ်းအင်တွေကုန်သွားပြီလား။ အစပ်ချောင်းတစ်ချောင်းစားလိုက်ရုံနဲ့ အင်အားပြန်ပြည့်သွားလိမ့်မယ်…

သူတို့ဆီမှာ လှည့်ကွက်အစုံရှိနေသည်ဖြစ်ရာ မည်သို့ ယှဉ်တိုက်နိုင်မည်နည်း။ ဤသည်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲကြီးပင်။

"သတ်.. အကုန်လုံးကို သတ်ပစ်လိုက်"

မျက်လုံးများနီရဲနေသော အဆင့်ခုနစ်သက်ရှိတစ်ယောက်က သူ့လက်အောက်ငယ်သားများကို အသေခံတိုက်ခိုက်ရန် အရူးအမူးအမိန့်ပေးနေချေသည်။

"ဒီနေရာမှာ ဘာလို့လာအော်နေတာလဲ"

ရုတ်ခြည်းပင် သူ့နားထဲတွင် တစ္ဆေတစ်ကောင်အလား အသံတစ်သံ ပဲ့တင်ထပ်လာသည်။

ထိုအဆင့်ခုနစ်သက်ရှိ၏ ကျောပြင်ထက်မှ ချွေးစေးများ စီးကျလာသည်။ သူ့အနောက်တွင် လူတစ်ယောက် ပေါ်လာပြီး သူ့လည်ပင်းကို ထက်ရှသော ဓားတစ်လက်ဖြင့် ချိန်ရွယ်ထားလိုက်သည်။

"မင်း ဘယ်အချိန်က…"

သူ့မျက်နှာထက်တွင် ထိတ်လန့်နေဟန်အမူအရာများက အထင်းသားပေါ်လွင်နေသည်။

"ဟင်းလင်ပြင်နိယာမလား။ မင်း ဟင်းလင်းပြင်နိယာမကို တတ်ကျွမ်းထားတာလား"

"အဲဒါက ဒီလောက်တောင်ထူးဆန်းနေလို့လား"

ထိုလူငယ်လေးက လှောင်ပြောင်လိုက်လေသည်။

"နိယာမတွေကို သဘောမပေါက်ဘဲနဲ့ ငါတို့ကျောင်းမှာ ကျောင်းပြီးလို့တောင်မရဘူးကွ။ ဒါက မသင်မနေရဘာသာရပ်ပဲ"

…

"ရှီနီယာ… ငါ မင်းကို လာကူမယ်"

အခြားအဆင့်ခုနစ်သက်ရှိတစ်ယောက်က ထိုအဖြစ်ကို မြင်သောအခါ ချက်ချင်းလာကူညီရန် ကြိုးစားလိုက်သည်။

"မင်းကိုယ်မင်းသာ ဂရုစိုက်စမ်းပါ"

သူ့အနောက်တွင် အခြားပုံရိပ်တစ်ခု ပေါ်လာလေသည်။

"မင်းက ဘယ်သူလဲ။ မင်း.."

"အလှလေးတွေရဲ့ကိစ္စမှာ မင်း ဝင်ပါစရာမလိုဘူး"

…

"မင်း ဘယ်သူလဲ။ မင်း ဘာလို့…"

"ဟယ်လို.. ငါက ရှရှဟွေ့ပါ"

…

"တပ်ခွဲမှူး.. ကျွန်တော်တို့တပ်ခွဲမှူးသေသွားပြီ။ သူ့ခေါင်း အဖြတ်ခံလိုက်ရတာ"

"ငါတို့တပ်ခွဲမှူး အဝတ်အစားတွေ ဆွဲချွတ်ခံထားရတယ်။ သူသေနေတာကို ငါတွေ့ခဲ့တယ်"

"ငါတို့တပ်ခွဲမှူးက အပိုင်းပိုင်းအခုတ်ခံထားရတာ"

"ငါတို့တပ်ခွဲမှူးက နောက်ကျောမှာ ထုတ်ချင်းဖောက်ခံထားရတယ်"

သတင်းဆိုးတစ်ခုပြီးတစ်ခု စစ်မြေပြင်အနှံ့ ပျံ့နှံ့သွားသည်။ ဘီလီယံနှင့်ချီသော စစ်သည်များ၏ အရူးအမူးတိုက်ခိုက်မှုများကို ခုခံရင်း ဤကျားပျံအထူးတပ်ဖွဲ့ အာကာသယာဉ်အသီးသီးကို ခိုးဝင်ကာ သူတို့၏တပ်မှူးများကို လုပ်ကြံရန် အချိန်ရလိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။

သူတို့ဘက်က စစ်သည်သန်းပေါင်းများစွာနှင့် အာကာသယာဉ်သောင်းဂဏန်းခန့် ပေးဆပ်ခဲ့ရသော်လည်း သူတို့၏တိုက်ခိုက်မှုမှာ တစ်မီတာမျှပင် ရှေ့မတိုးနိုင်သေးပေ။ ကျားပျံတပ်ဖွဲ့၏ ခံနိုင်ရည်နှင့် စွမ်းအင်က အကန့်အသတ်မရှိသည့်အလားပင်။

"ခေါင်းဆောင်.. ကြီးမားတဲ့ စွမ်းအင်အရင်းအမြစ်အများကြီးကို ထောက်လှမ်းမိထားပါတယ်။ အရေအတွက်က ငါးသန်းလောက်ရှိပါတယ်"

"ဒီဘက်မှာလည်း နှစ်သန်းကျော်တယ်"

"ဒီဘက်မှာ စွမ်းအင်အချက်ပြ၁၂သန်းကို ထောက်လှမ်းမိထားတယ်"

"ဒါ သူတို့ရဲ့စစ်ကူတွေပဲ။ သူတို့ရဲ့စစ်ကူတွေလည်း ရောက်လာပြီ"

"ငါတို့ ဆက်တိုက်လို့မရတော့ဘူး။ ဆက်တိုက်ရင် အကုန်သေကုန်လိမ့်မယ်"

အကုန်လုံး အထိတ်တလန့်ဖြစ်လာပြီး မည်သူမှ ရှေ့မတက်ရဲကြတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် အာကာသယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးသင်္ဘောများပေါ်သို့ အလုအယက်တက်နေကြသည်။ ဤနေရာတွင် ဆက်နေပါက လုံးဝပျက်စီးရပေလိမ့်မည်။ သို့မဟုတ် ဖမ်းဆီးခံရလိမ့်မည်။

"ထွက်ပြေးချင်တာလား။ တံခါးတွေပိတ်ထား။ ခွေးတွေကိုလွှတ်လိုက်"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်၏။

လူငယ်လေးယောက်က လက်ဟန်အမူအရာများ ပြုလုပ်လိုက်ကြသည်။ သူတို့က ရှေးဟောင်းသိုင်းပညာရှင်မိသားစုမှ အမြွှာလေးယောက်ဖြစ်ပြီး ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ သူတို့သည် ပူးတွဲသိုင်းကွက်များကို သင်ယူထားကြပြီး အတူတကွပူးပေါင်းတိုက်ခိုက်ပါက သာမန်ကျောင်းသားဆယ်ဂဏန့်ခန့်ပင် သူတို့ကို မယှဉ်နိုင်ကြချေ။

"အနီရောင်နေမင်းလေးစင်းဝင်္ကပါ"

ကီလိုမီတာရာနှင့်ချီ၍ ရှည်လျားသော ဧရာမအလင်းတံတိုင်းကြီးများက လေဟာပြင်ထဲမှ ပေါ်ထွက်လာပြီး ၉၁၂အခြေစိုက်စခန်းမြို့တော်၏ ပတ်ပတ်လည်ရှိ ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ပစ်လိုက်သည်။

"ဝုန်း"

ထွက်ပြေးနေသော အာကာသယာဉ်တစ်စင်းပြီးတစ်စင်း ထိုအလင်းတိုင်ကြီးများကို ဝင်တိုက်မိသဖြင့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေတော့သည်။ ဤအလင်းတိုင်ကြီးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခိုင်ခံ့ရုံသာမက အလွန်ပူပြင်းလှသဖြင့် သူတို့ကို သတ်ကွင်းထဲက သိုးငယ်လေးများအလား ပိတ်မိသွားစေသည်။

"ဖောက်ထွက်ရမှာက သူတို့မဟုတ်ဘူး။ ငါတို့ပဲ.."

အဆင့်ခုနစ်သက်ရှိတပ်ခွဲမှူးများမှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ကြသည်။ အစောပိုင်းက ကျန်းမုန့်လောင်ပြောခဲ့သည့်စကားမှာ သူတို့ကိုယ်တိုင်ဖောက်ထွက်ရမည်ဟူသော အဓိပ္ပာယ်ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြလေသည်။

…

ထိုအချိန်တွင် စစ်ကူအများစုက နောက်ဆုံး၌ ရောက်လာကြပြီဖြစ်သော်လည်း အနီရောင်အလင်းတိုင်ကြီးများက သူတို့လမ်းကို ပိတ်ဆို့ထားလေသည်။ ရန်သူ့စစ်သင်္ဘောများစွာက ဖောက်ထွက်ရန် ကြိုးစားရင်း အလင်းတိုင်များကို ဝင်တိုက်မိသွားသည့်အဖြစ်ကို သူတို့ မျက်မြင်တွေ့လိုက်ရသည်။

"ဒါ ဘာကြီးလဲ"

ရှီနိုခယ်မှာ ထိုအလင်းတိုင်ကြီးများအနီးသို့ ချဉ်းကပ်၍ ထိတွေ့ရန် ရည်ရွယ်လိုက်သော်ငြား တံတိုင်းအတွင်းရှိ ရန်သူ့စစ်သည်များမှာ ထိုအရာကို ထိမိသည်နှင့် မီးလောင်သွားကြောင်း မြင်လိုက်ရသဖြင့် သူ့လက်ကို အမြန်ပြန်ရုပ်လိုက်၏။

"ရှီနိုခယ်.. သူတို့ ဘာလို့ ဒီလောက်တောင်ထိတ်လန့်နေကြတာလဲ"

"ငါလည်းမသိဘူး။ သူတို့ အပြင်ကို အသည်းအသန်ထွက်ချင်နေကြသလိုပဲ"

"နေဦး… ဟိုမှာကြည့်လိုက်။ အဲဒါ မင်းတို့အဖွဲ့ဝင်တွေ မဟုတ်ဘူးလား"

အခြားတပ်ခွဲမှူးများက ဟိုဟိုသည်သည် လိုက်လံသတ်ဖြတ်နေသည့် အတွင်းဘက်ရှိ ပုံရိပ်များကို လက်ညှိုးထိုးပြလိုက်သည်။

"သူတို့ပဲ။ သေချာတယ်"

ရှီနိုခယ်သည် အဝေးကပင် သူတို့မှာ ကျန်းမုန့်လောင်တို့အဖွဲ့ဖြစ်ကြောင်း မှတ်မိလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ အယောက်ခြောက်ရာခုနစ်ရာလောက်လေးနဲ့ ရန်သူ့ရဲ့ဘီလီယံချီတဲ့စစ်သည်တွေကို ဒီလိုပုံစံကြီး သုတ်သင်နေတာလား"

"ဟိုအလောင်းကို ကြည့်လိုက်စမ်း။ အဲဒါ ၉၃၄အခြေစိုက်စခန်းမြို့တော်ရဲ့ စစ်ဦးစီးချုပ်မဟုတ်ဘူးလား"

"သူသေသွားပြီလား"

"အဝတ်တွေပါ အချွတ်ခံထားရတာလား"

"ဟေး.. ခေါင်းဆောင် ရောက်လာပြီလား"

ကျန်းမုန့်လောင်လည်း စစ်ကူများ ရောက်ရှိလာကြောင်း သတိထားမိလိုက်သည်။

"ခဏစောင့်ဦးနော်။ ဒီမှာ ပြီးတော့မယ်။ ခဏနေရင် ညလယ်စာအတူစားကြမလား"

ခေါင်းဆောင်များအားလုံးလည်း ကိုးရိုးကားရားရပ်နေမိကြသည်။ သူတို့က ဤနေရာသို့ စစ်ကူပေးရန် ရောက်လာခြင်းပင်။ သို့သော် လက်ရှိအခြေအနေအရ သူတို့ကို ဘာအတွက်များ လိုအပ်ဦးမည်နည်း။

************************

All Chapters