မျိုးစေ့
Vol. 17 Ch. 179
ချူကျန့်သည် စိုးရိမ်ပူပန်မှုများဖြင့် လျန်တူမြို့ သို့ မြင်းနှင်သွားချိန်တွင် လက်တွေ့ကမ္ဘာ၌မူ .. 'မဟာ သိုင်းလောက ခေတ်' ဂိမ်း၏ တရားဝင် ဖိုရမ်တွင် ဆယ့်ငါးစက္ကန့်မျှသာ ကြာမြင့်ပြီး သိပ်မကြည်လင်လှသော ဗီဒီယိုအတိုလေး တစ်ခုက ကြီးမားသော အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့၏။
ဂိမ်းထဲတွင် လေးလခန့် အချိန်ကုန်လွန်သွားခဲ့သော်ငြား လက်တွေ့အချိန်၌မူ 'မဟာ သိုင်းလောက ခေတ်' ၏ တတိယမြောက် အခြေခံ ဆာဗာကို ဖွင့်လှစ်ခဲ့သည်မှာ တစ်ပတ်ပင် မပြည့်သေးချေ။ လူကြိုက်များပြီးသား ဖြစ်သော ဖိုရမ်တွင် လူများ ပြည့်နှက်နေသည်။
မရေမတွက်နိုင်သော ကစားသမားဟောင်းများနှင့် ကစားသမားသစ်များက ဖိုရမ်တွင် ပေါ်လာကြပြီး ပစ္စည်းကိရိယာများ တောင်းခံခြင်း၊ ဆရာ ရှာဖွေခြင်း၊ လမ်းညွှန်များ တောင်းခံခြင်း၊ ဂိုဏ်းတာဝန်များ၏ ခက်ခဲမှုကို ညည်းညူခြင်း၊ ပစ္စည်းကျပန်းနှုန်းများကို ညည်းညူခြင်း စသည်တို့ကို ပြုလုပ်နေကြ၏။
မရေမတွက်နိုင်သော ပို့စ်များက မှိုပေါက်သလို ပေါ်ထွက်လာပြီး စာမျက်နှာ ဒါဇင်ချီ၍ လျင်မြန်စွာ ပြည့်နှက်သွားတော့သည်။ သေချာသည်မှာ 'ဘတ်ဂ်အစ်ကို' ဟု နာမည်ပြောင် ပေးခံထားရသော လျှို့ဝှက်ဆန်းကြယ်သည့် ကစားသမား 'ချူလော့ကျွင်း' အကြောင်း ညည်းညူသည့် ပို့စ်များကလည်း ဖိုရမ်တွင် မကြာခဏ ပြည့်နှက်နေသည်။
သို့သော် ဤပို့စ်များကြားတွင် ပို့စ်တစ်ခုက အလွန် လူကြိုက်များနေသဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေလေ၏။ မိနစ်အနည်းငယ်အတွင်းမှာပင် ဖိုရမ်တစ်ခုလုံးတွင် ရေပန်းအစားဆုံး ပို့စ်တစ်ခု ဖြစ်လာခဲ့ကာ ကြည့်ရှုသူ တစ်သန်းကို အလွယ်တကူ ကျော်လွန်သွားပြီး မှတ်ချက် အရေအတွက်များကလည်း အံ့မခန်း နှုန်းဖြင့် တိုးလာနေတော့သည်။
၎င်းမှာ လွန်ခဲ့သော လေးနာရီခန့်က ဖိုရမ်တွင် တင်ထားသော အခကြေးငွေပေးရသည့် ပို့စ်တစ်ခု ဖြစ်ပြီး 'သြဇာလွှမ်းမိုးသူ ဘတ်ဂ်အစ်ကို ချူလော့ကျွင်း ရဲ့ အစစ်အမှန် မျက်နှာစာကို ဖော်ထုတ်ခြင်း။ ချူလော့ကျွင်း နဲ့ တင်းချွန်းချိုး တို့ရဲ့ တစ်ဦးချင်း တိုက်ပွဲ ဆယ့်ငါးစက္ကန့် ဗီဒီယို ပါဝင်သည်' ဟု ခေါင်းစဉ်တပ်ထားသည်။
အခကြေးငွေပေးရသော ပို့စ်များကို ဖတ်ရှုရန်အတွက် ဖိုရမ်အမှတ် အချို့ကို ပေးချေရန် လိုအပ်၏။
အစပိုင်းတွင် လူအများအပြားက ၎င်းကို 'ဘတ်ဂ်အစ်ကို' ဟူသော နာမည်ကို အသုံးချကာ လိမ်လည်လှည့်ဖြားသည့် နောက်ထပ် ပို့စ်တစ်ခုဟု ထင်မှတ်ခဲ့ကြပြီး စီမံခန့်ခွဲသူများ အရေးယူနိုင်ရန် တိုင်ကြားသည့် ခလုတ်ကိုပင် နှိပ်ခဲ့ကြသေး၏။
သို့သော် ထူးဆန်းစွာပင် ဤပို့စ်ကို စီမံခန့်ခွဲသူများက မဖျက်ပစ်ခဲ့ချေ။ ထို့အစား စီမံခန့်ခွဲသူများက 'ဗီဒီယို အတည်ပြုပြီး' ဆိုသော အမှတ်အသားတစ်ခုကိုပင် ထည့်သွင်းပေးခဲ့၏။
ဒါက မယုံနိုင်စရာပဲ... ဗီဒီယိုက အတုမဟုတ်ဘူးလို့ တရားဝင် အသိအမှတ်ပြုလိုက်တာနဲ့ တူတူပဲ...
မရေမတွက်နိုင်သော စူးစမ်းလိုစိတ် ပြင်းပြနေသည့် ကစားသမားဟောင်းများနှင့် ကစားသမားသစ်များမှာ ဆယ်ယွမ် အကုန်အကျခံကာ ၎င်း၏ အကြောင်းအရာကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဝယ်ယူ ဖတ်ရှုခဲ့ကြ၏။
ဤပို့စ်တွင် ပို့စ်တင်သူက သူ့ကိုယ်သူ ဝါရင့် ကစားသမား တစ်ဦးဖြစ်ကြောင်း ပြောဆိုထားပြီး ဆာဗာအသစ်သို့ ဝင်ရောက်ပြီးနောက် လေးလမပြည့်မီ အချိန်အတွင်း ရှင်းရှို့ဂိုဏ်း သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကာ အဆင့်ခုနစ်ရှိသော စီနီယာအစ်ကိုကြီး တစ်ဦး၏ နောက်လိုက် ဖြစ်လာခဲ့သည်ဟု ဆိုထား၏။ ဤသို့ဖြင့် သူသည် တင်းချွန်းချိုး နှင့် အခြားသူများ ရာချီ၍ ဆွေ့ကျိုးဒေသ သို့ ကျန်းလုံ စစ်တုရင်ပွဲ ကို လာရောက် ယှဉ်ပြိုင်ရာတွင် လိုက်ပါခွင့် ရရှိခဲ့ပြီး ချူလော့ကျွင်း နှင့် တင်းချွန်းချိုး တို့၏ တိုက်ပွဲ အစိတ်အပိုင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရကြောင်း ဆိုထားသည်။ သူသည် တိုက်ပွဲ၏ အဖိုးတန် ဆယ့်ငါးစက္ကန့် ဗီဒီယို တစ်ခုကိုပင် ရိုက်ကူးနိုင်ခဲ့ပြီး ၎င်းကို ပို့စ်တွင် ပူးတွဲ တင်ပြထားသည်။
အစစ်အမှန် သိုင်းလောက အတွေ့အကြုံကို ထိန်းသိမ်းရန်အတွက် ဂိမ်းတွင် VR ဂိမ်းများ၏ ပုံမှန် မျက်နှာပြင် မှတ်တမ်းတင်ခြင်းနှင့် ဗီဒီယို ရိုက်ကူးခြင်း လုပ်ဆောင်ချက်များ မပါဝင်ချေ။
သို့သော် ကစားသမားများ၏ ပြင်းပြသော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန်နှင့် အမြတ်အစွန်း ရရှိရန်အတွက် 'အလင်းပြန် သေတ္တာ' ဟုခေါ်သော ပစ္စည်းတစ်ခုကို ရွှေဒင်္ဂါး ၉၉၉ ပြားဖြင့် ရောင်းချပေးထားသည်။ ၎င်းကို ဖွင့်လိုက်ပါက ဆယ့်ငါးစက္ကန့်ခန့် ကြာမြင့်သော ဗီဒီယို တစ်ခုကို မှတ်တမ်းတင်ပေးမည်ပင်။ 'မဟာ သိုင်းလောက ခေတ်' ၏ ဆိုင်တွင် ဂိမ်း၏ တရားမျှတမှုနှင့် ညီမျှမှုကို မထိခိုက်စေဘဲ ချမ်းသာသော ကစားသမားများ၏ အသုံးစရိတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အလားတူ အပိုပစ္စည်းများကိုသာ အဓိက ရောင်းချပေးထား၏။
ဤဆယ့်ငါးစက္ကန့် ဗီဒီယိုတိုလေးကို 'အလင်းပြန် သေတ္တာ' ကို အသုံးပြု၍ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာထဲသို့ ထည့်သွင်းကာ ပို့စ်တွင် တင်ထားသည်။
ရိုက်ကူးသူမှာ လူအုပ်ထဲတွင် ပိတ်မိနေပြီး ချူလော့ကျွင်း နှင့် တင်းချွန်းချိုး တို့၏ တိုက်ပွဲမှာ အလွန်တရာ မြန်ဆန်လွန်းသောကြောင့် ဗီဒီယိုမှာ သိပ်မကြည်လင်လှချေ။ လိမ္မော်ရောင် လက်နက်နှစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသား ကစားသမား တစ်ဦးက ဒေါသထွက်နေသော တင်းချွန်းချိုး နှင့် တိုက်ခိုက်နေသည်ကိုသာ မြင်တွေ့နိုင်သည်။ တင်းချွန်းချိုး မှာ အဆက်မပြတ် ခုခံနေရပုံပေါ်ပြီး နောက်ဆုံးတွင် သူ၏ အင်္ကျီလက် အစိတ်အပိုင်းတစ်ခုပင် ဆုတ်ဖြဲခံလိုက်ရသည်ကို မြင်တွေ့လိုက်ရ၏။
ဗီဒီယိုမှာ ထိုနေရာတွင် ရုတ်တရက် ပြီးဆုံးသွားသော်ငြား ၎င်း၏ ပေါ်ထွက်လာမှုက ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေပြီ။
"ပို့စ်တင်တဲ့လူ... ဒီကို ထွက်လာခဲ့စမ်း... မင်းက လိမ်စားဖို့ ကြိုးစားနေတာလား... ဗီဒီယိုက အရမ်း လှုပ်နေတော့ နာမည် ကိုတောင် သေချာ မမြင်ရဘူး..."
"ဟေး... သေချာ ကြည့်စမ်း... ဘယ်အချိန်ပဲ ဖြစ်ဖြစ် ခဏ ရပ်ကြည့်လိုက်... ကစားသမားရဲ့ နာမည်က ချူ... ချူ ဘာလဲ မသိဘူး..."
"အခုမှ မြင်ရပြီ... 'ချူလော့ကျွင်း' တကယ်ပဲ..."
"အပေါ်က လူက အမြင်အာရုံ အရမ်း ကောင်းတာပဲ..."
"အရူးအုပ်ကြီး... အမြန်နှုန်း အဆ ၂၀ လောက် လျှော့ပြီး ကြည့်လိုက်... အကြောင်းအရာကို အကြမ်းဖျင်း မြင်ရလိမ့်မယ်..."
"အဋ္ဌမထပ်ကို လက်မထောင်ပေးတယ်... အမြန်နှုန်း လျှော့တာ အလုပ်ဖြစ်တယ်... သေစမ်း... ဒီဗီဒီယိုက အစစ်ကြီးလား... ဒီ ချူလော့ကျွင်း က တင်းချွန်းချိုး နဲ့ တကယ်ပဲ တိုက်ခိုက်ပြီး အသာစီး ရသွားတာလား..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တင်းချွန်းချိုး ရဲ့ သိုင်းပညာ အမှတ်က ၇၅၀ လေ... ဒီ ချူ ဆိုတဲ့ကောင်ရဲ့ အမှတ်က ၈၀၀ အထက်မှာ ရှိနေမှပဲ ဖြစ်မှာပေါ့... ဂိမ်းထဲမှာ လေးလတောင် မပြည့်သေးဘူး... သူ ဒုံးပျံနဲ့ ပျံသွားရင်တောင် သူ့ရဲ့ စွမ်းအားက ဒီလောက် မြန်မြန် တိုးမလာနိုင်ပါဘူး..."
"ဒါပေမဲ့ ဒီဗီဒီယိုကို စီမံခန့်ခွဲသူတွေက အတည်ပြုထားတယ်လေ... အတုမဟုတ်ဘူးလို့ သက်သေပြနေတာပဲ..."
"တောက်... လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ငါ လိုင်းပေါ်ကတောင် သိပ်မဆင်းဘဲ ဆော့နေတာတောင် ငါ့ရဲ့ သိုင်းပညာ အမှတ်က ၂၅၀ ပဲ ရှိသေးတယ်... ဒီ ချူ ဆိုတဲ့ကောင်က ဘတ်ဂ် တစ်ခုခုများ သုံးနေတာလား... သူ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ..."
"သူက ပရို ကစားသမား တစ်ယောက်ယောက်ရဲ့ အကောင့်ပွား များလား... သိတဲ့သူ ရှိလား..."
"သူက ရှောင်ယောင်ဂိုဏ်း ရဲ့ အမွေအနှစ်နဲ့ ဝူယာကျီ ရဲ့ စွမ်းအားတွေကို ရသွားလို့များလား..."
"ဒီကောင် ဆွံ့အနားမကြား တောင်ကြား ကို ရောက်လာချိန်မှာ ကျန်းလုံ စစ်တုရင်ပွဲ ကိစ္စက မပြီးသေးဘူးလို့ ပို့စ်တင်တဲ့လူက ပြောထားတယ် မဟုတ်လား... သူက ဘယ်လိုလုပ် ဝူယာကျီ ရဲ့ စွမ်းအားတွေကို ရသွားနိုင်မှာလဲ..."
"ငါတော့ မယုံဘူး... ဒီ ချူ ဆိုတဲ့ကောင်က မဟာ မိစ္ဆာကြီး တင်းချွန်းချိုး ကို သူ့ရဲ့ စွမ်းအားနဲ့ ဖိနှိပ်နိုင်တယ်ပေါ့လေ... ဒါ လိမ်နေတာပဲ... ဂိမ်း ကုမ္ပဏီ... ငါတို့ကို ရှင်းပြပါဦး... @မဟာသိုင်းလောကခေတ် ကာစတမ်မာ ဆားဗစ်"
"ဒီ ချူ ဆိုတဲ့ကောင်ရဲ့ ပစ္စည်းကိရိယာတွေက အရမ်း အစွမ်းထက်နေလို့များလား... သူက လိမ္မော်ရောင် လက်နက်နှစ်လက်ကို သုံးနေပုံရတယ်..."
"မင်းတို့ အဆင့်သတ်မှတ်ချက်ကို မကြည့်ဘူးလား... ဒီကောင်က အခု အဆင့်သတ်မှတ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားတာလေ... မဟာသိုင်းလောကခေတ် က အွန်လိုင်းမှာ လွှင့်လာတာ အတော်ကြာပြီ... ပရို ကစားသမားတွေတောင် ဒီလို အောင်မြင်မှုမျိုး မရဖူးဘူး... ချူလော့ကျွင်း ရဲ့ အဆင့်သတ်မှတ်ချက်တွေကို လွှမ်းမိုးထားမှုမှာ မရိုးသားမှု တစ်ခုခုများ ရှိနေမလားလို့ ငါ တာဝန်မဲ့ ခန့်မှန်းကြည့်တာပါ... နောက်ကွယ်က အပေးအယူ တစ်ခုခုများ ရှိနေမလား..."
"မဟာသိုင်းလောကခေတ် ကာစတမ်မာ ဆားဗစ်... ကျေးဇူးပြုပြီး ရှင်းပြပါဦး... ဒီကစားသမားက ခင်ဗျားတို့ ကုမ္ပဏီ ဥက္ကဋ္ဌရဲ့ သားများလား..."
အွန်လိုင်း ကစားသမားများမှာ အခြားသူများက သူတို့ထက် သာလွန်နေသည်ကို မမြင်နိုင်ကြချေ။ အထူးသဖြင့် ဆာဗာ စတင်ဖွင့်လှစ်ချိန်ကတည်းက သတင်းခေါင်းစဉ်များတွင် မကြာခဏ ဖော်ပြခံနေရပြီး အံ့မခန်း တွေ့ကြုံမှုများ ရရှိကာ စံပြပုဂ္ဂိုလ်များ အားလုံးကို လွှမ်းမိုးထားသော အမည်မသိ ကစားသမား တစ်ဦးဖြစ်နေပါက ပို၍ပင် မနာလို ဖြစ်တတ်ကြ၏။
ပိုမိုများပြားသော ကစားသမားများ ဆွေးနွေးမှုတွင် ပါဝင်လာသည်နှင့်အမျှ ဤပို့စ်မှာ 'မဟာ သိုင်းလောက ခေတ်' တရားဝင် ဖိုရမ် သမိုင်းတစ်လျှောက်တွင် ကြည့်ရှုသူနှင့် မှတ်ချက် အများဆုံး စံချိန်များကို လျင်မြန်စွာ ချိုးဖျက်သွားပြီး ဤစံချိန်များမှာ ဆက်လက် မြင့်တက်နေကာ အဖြစ်အပျက်မှာလည်း ပိုမို ကြီးထွားလာတော့၏။
လူအများအပြားက ၎င်းကို တဂ် တွဲနေကြသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ မဟာသိုင်းလောကခေတ် ၏ တရားဝင် ဖောက်သည် ဝန်ဆောင်မှုက ဖိုရမ်တစ်ခုလုံးသို့ ကြေညာချက်တစ်ခုကို နောက်ဆုံးတွင် ထုတ်ပြန်လိုက်၏။
“လက်ရှိမှာ... 'ချူလော့ကျွင်း' ဆိုတဲ့ နာမည် နဲ့ ကစားသမားဟာ ဂိမ်းထဲမှာ မတွေ့ရှိသေးတဲ့ ဘတ်ဂ်တွေကို အသုံးချပြီး လိမ်လည် ကစားနေတယ်လို့ ကစားသမား အများအပြားက တိုင်ကြားထားကြပါတယ်... ကျွန်တော်တို့ ကုမ္ပဏီရဲ့ နည်းပညာ ဒါရိုက်တာနဲ့ အဖွဲ့က အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာတော့ ကစားသမား 'ချူလော့ကျွင်း' ရဲ့ လုပ်ရပ်တွေ အားလုံးဟာ ဂိမ်းစည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး ကျိုးကြောင်းဆီလျော်ကာ တရားဝင်ကြောင်းနဲ့ မသင်္ကာစရာ အခြေအနေ တစ်ခုမှ မတွေ့ရှိရကြောင်း ဒီကြေညာချက် ထုတ်ပြန်တဲ့ နေ့ကစပြီး တရားဝင် ကြေညာအပ်ပါတယ်... ဒါ့အပြင် 'ချူလော့ကျွင်း' ဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အကြီးတန်း စီမံခန့်ခွဲသူတွေ၊ နည်းပညာ ဝန်ထမ်းတွေ၊ လည်ပတ်မှုနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတွေ ဒါမှမဟုတ် တခြား ဝန်ထမ်း တစ်ဦးဦးနဲ့ ဆွေမျိုး၊ အတန်းဖော် ဒါမှမဟုတ် မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေး လုံးဝ မရှိကြောင်းကိုလည်း အတည်ပြုပြီး ဖြစ်ပါတယ်..”
“ကျွန်တော်တို့ ကုမ္ပဏီက ဝန်ထမ်း တစ်ဦးတစ်ယောက်ကမှ ဂိမ်းထဲက သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အထူး အကူအညီ တစ်စုံတစ်ရာ ပေးအပ်ခဲ့ခြင်း မရှိပါဘူး... ကျွန်တော်တို့ ကုမ္ပဏီဟာ တရားမျှတမှုနဲ့ ရိုးသားဖြောင့်မတ်မှုကို အမြဲတမ်း ဦးစားပေးထားပြီး မည်သူ့ဆီကမဆို ကြီးကြပ်မှုကို ပွင့်လင်းစွာ လက်ခံဖို့ အဆင်သင့် ရှိပါတယ်... အကယ်၍ ကစားသမား တစ်ယောက်ယောက်က ကျွန်တော်တို့ ကုမ္ပဏီဟာ ကစားသမား တစ်ဦးဦးကို မျက်နှာလိုက်ခဲ့တယ် ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ပေးနိုင်မယ်ဆိုရင် ဆုကြေးငွေ ယွမ် ဆယ်သန်း ပေးအပ်ဖို့ ကျွန်တော်တို့ ကုမ္ပဏီက အဆင်သင့် ရှိပါတယ်..."
ဤပုံနှိပ်ပြီး စကင်ဖတ်ထားသော ကြေညာချက်တွင် 'မဟာသိုင်းလောကခေတ်ကုမ္ပဏီ' ၏ အနီရောင် တံဆိပ်တုံးကြီးကို ရိုက်နှိပ်ထားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သံသယများ အားလုံး ပျောက်ကွယ်သွားတော့၏။
'မဟာ သိုင်းလောက ခေတ်' ၏ နောက်ကွယ်ရှိ ကုမ္ပဏီသည် ပြည်တွင်း ကစားသမားများကြားတွင် အမှန်တကယ်ပင် ဂုဏ်သတင်း အလွန် ကောင်းမွန်၏။ သူတို့၏ နည်းပညာ စွမ်းရည်များ၊ ဖောက်သည် ဝန်ဆောင်မှုနှင့် တရားမျှတပြီး ဘက်မလိုက်မှုအတွက် သူတို့၏ ဂုဏ်သတင်းမှာ အပြစ်ပြောစရာ မရှိလှချေ။ ဤသည်မှာ နိုင်ငံတော်အဆင့် ပရို ကစားပွဲများကို ကျင်းပရန် သူတို့၏ ယုံကြည်မှု အခြေခံအုတ်မြစ်ပင်။
တရားဝင် ကြေညာချက် ထွက်ပေါ်လာသည်နှင့်အမျှ ညည်းညူနေဆဲဖြစ်သော ဂျလေဘီ အနည်းငယ်မှလွဲ၍ ကစားသမား အများစုမှာ 'ချူလော့ကျွင်း ဟာ ဘယ်လို မတရားတဲ့ နည်းလမ်းကိုမှ အသုံးမပြုခဲ့ဘူး' ဆိုသော အချက်ကို လက်ခံသွားကြလေပြီ။
၎င်းမှာ ဘတ်ဂ် ကို အသုံးချခြင်း၊ လိမ်လည် ကစားခြင်း သို့မဟုတ် ကုမ္ပဏီ ဝန်ထမ်းများ၏ မျက်နှာလိုက်ခြင်းကြောင့် မဟုတ်ပါက တစ်ခုတည်းသော ရှင်းပြချက်သာ ကျန်ရှိတော့၏။
'ချူလော့ကျွင်း' အမည်ရှိ ဤကစားသမားသစ်သည် အမှန်တကယ်ပင် အံ့မခန်း စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းပင်။ ထို့အပြင် ၎င်းစွမ်းရည်မှာ ပရို ကစားသမားများနှင့် လုံးဝ ရင်ပေါင်တန်းနိုင်သော အဆင့်တွင် ရှိနေသည်။
သက်ဝင်လှုပ်ရှားနေသော ဖိုရမ်၏ အငွေ့အသက်များက 'ချူလော့ကျွင်း' ၏ နာမည်ကျော်ကြားမှုကို တားဆီး၍ မရနိုင်လောက်အောင် တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့ပြီး ဖိုရမ်ကို စောင့်ကြည့်နေသော ကစားသမားတိုင်းလိုလိုပင် သူ့ကို သိရှိသွားကြတော့သည်။
...
“ကလင်… ကလင်…”
တရားဝင် 'မဟာ သိုင်းလောက ခေတ်' ကုမ္ပဏီ ဌာနချုပ်၏ ဥက္ကဋ္ဌ ရုံးခန်းအတွင်း၌ တယ်လီဖုန်း မြည်နေ၏။
ထိုက်ရှုယွီ သည် ဖုန်းကို ကောက်ကိုင်လိုက်ရာ သူ၏ အတွင်းရေးမှူး၏ အနည်းငယ် စိုးရိမ်နေသော အသံက ထွက်ပေါ်လာသည်။
"မစ္စတာထိုက်... တရားဝင် ကြေညာချက်ကိုတော့ ထုတ်ပြန်လိုက်ပါပြီ... ဒါပေမဲ့ ချူလော့ကျွင်း က တကယ်ကို နည်းနည်းတော့ လွန်သွားပြီ... ကျွန်တော်တို့ နည်းနည်းလောက် လျှော့ချလိုက်သင့်တာ မဟုတ်ဘူးလား..."
"လွန်သွားပြီ..."
ထိုက်ရှုယွီ က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"မဟာ သိုင်းလောက ခေတ် ဆိုတာ ခွန်အားက စကားပြောတဲ့ နေရာတစ်ခုပဲ... တကယ်လို့ မင်းသာ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ ကံကောင်းတဲ့ အဖြစ်အပျက်တွေကနေ အသက်ရှင်နိုင်စွမ်း ရှိမယ်ဆိုရင် မင်းလည်း သူ့လောက် အစွမ်းထက်နိုင်တာပဲ... မှတ်ထားပါ... ငါတို့ရဲ့ ဂိမ်းက တမူထူးခြားတဲ့ လက်ရာတစ်ခု ဖြစ်ပြီး ဘယ်လို မတရားမှု၊ မမျှတမှုမျိုးကိုမှ ခွင့်မပြုဘူး..."
အတွင်းရေးမှူးမှာ နောက်ထပ် စကားမပြောရဲတော့ဘဲ ရိုသေစွာဖြင့် တုံ့ပြန်လိုက်ရသည်။
ထိုက်ရှုယွီ သည် ဖုန်းကို ချလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ သူ၏ လျှို့ဝှက် ဖုန်းကို ထုတ်ယူပြီး ဖုန်းနံပါတ် တစ်ခုကို ခေါ်ဆိုလိုက်၏။
"ဥက္ကဋ္ဌချင်... ဒီလိုပါ... လွန်ခဲ့တဲ့ တစ်ခေါက်က ကျွန်တော် သတင်းပို့ခဲ့တဲ့ 'ချူလော့ကျွင်း' ဆိုတဲ့ ကစားသမား အကြောင်းပါ..."
သူသည် ချူလော့ကျွင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များကို အသေးစိတ် ရှင်းပြလိုက်၏။
ဖုန်း၏ တစ်ဖက်စွန်းမှ နက်ရှိုင်းပြီး အိုမင်းနေသော အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်း ကောင်းကောင်း ကိုင်တွယ်ခဲ့ပါတယ်... ငါတို့ရဲ့ 'နူဝါ ပရောဂျက်' က အလွန်တရာ အရေးကြီးတယ်... 'မျိုးစေ့' တွေ အောင်အောင်မြင်မြင် အပင်ပေါက်လာဖို့ ဘယ်လိုနည်းနဲ့မဆို ငါတို့ သေချာအောင် လုပ်ရမယ်... မနေ့က ဒေါက်တာဝေ ငါ့ကို ဆက်သွယ်လာတယ်... 'မျိုးစေ့' လေးစေ့ အပင်ပေါက်လာပြီတဲ့... ဒါက အစကောင်းပဲ... ဒီအတိုင်း ဆက်ထိန်းထားရမယ်...”
“ဒါပေမဲ့ ချူလော့ကျွင်း ရဲ့ 'ဝိညာဉ်စွမ်းအား' က ပုံမှန် မဟုတ်ဘူး... သာမန် လူသားတွေထက် အဆမတန် သာလွန်နေတယ်... 'မျိုးစေ့' တွေ အပင်ပေါက်လာတာက သူ့ရဲ့ 'ဓာတ်ကူပေးမှု' နဲ့ ခွဲခြားလို့ မရဘူး... ဒီလို အဓိကကျတဲ့ ပုဂ္ဂိုလ်ကို 'ကာကွယ်ဖို့' အစီအမံ တစ်ခုခု လုပ်သင့်တယ် မဟုတ်လား...”
“အလျင်စလို လုပ်လိုက်ရင် 'မျိုးစေ့' တွေကို ထိခိုက်သွားနိုင်တယ်... ဒေါက်တာဝေ နဲ့ သွားတိုင်ပင်ကြည့်လိုက်... သူ ဘယ်လိုထင်လဲဆိုတာ သိရအောင်... အပင်ပေါက်လာတဲ့ 'မျိုးစေ့' တွေ ဆက်လက် ကြီးထွားလာသရွေ့ နောက်ဆက်တွဲ 'မျိုးစေ့' တွေလည်း အပင်ပေါက်လာနိုင်တယ်... မင်း သင့်တော်သလို ဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်ပါ...”
“ဟုတ်ကဲ့ပါ…”