← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း (၃၄၂) - ရုတ်တရက်ထွက်ပေါ်လာသော ကြေညာချက်

ဟယ်ရှန်း သစ်သားစည်ပိုင်းဆီသို့ သွားနေသည်ကို ကျိုးရီနှင့် ကျိုးလီချင်းတို့ မြင်လိုက်ရသောအခါ သူတို့အားလုံး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြပြီး ဟယ်ရှန်းဖော်စပ်ထားသော ဆေးရည်ဖြစ်သည့် မြရောင်ကောင်းကင်ကျေးဇူးဆေးရည် အလုပ်လုပ်ခြင်း ရှိ၊ မရှိ အကဲခတ်ရန် သွားရောက်ခဲ့ကြလေသည်။

အပေါ်ယံကြည့်လျှင် စာအုပ်ထဲရှိ ဖော်ပြချက်အတိုင်း အဆင်ပြေပုံရသော်လည်း တစ်စုံတစ်ယောက်က ထိုဆေးရည်ထဲတွင်စိမ်၍ အာနိသင် မခံစားရမချင်း သူတို့ တပ်အပ်မပြောနိုင်ပေ။

ဟယ်ရှန်းမှာ သစ်သားအဖုံးကို ဖွင့်လိုက်ပြီးနောက် သားရဲသားရေဝတ်ရုံဖြင့် ဝင်ရန် မဖြစ်နိုင်သဖြင့် တစ်ကိုယ်ရေစာအတွက် ကာရံထားသော သစ်သားအခန်းငယ်တစ်ခုအား ပြင်ဆင်နေသည်ကိုကြည့်ရင်း မောင်နှမနှစ်ယောက်မှာ စိုးရိမ်တကြီး တံတွေးမျိုချလိုက်ကြ၏။

"ဘယ်လိုနေလဲ"

ကျိုးရီက စိုးရိမ်တကြီး မေးလိုက်သော်လည်း မိနစ်အနည်းငယ်ကြာသည်အထိ ဟယ်ရှန်းက ပြန်မဖြေသောကြောင့် စိုးရိမ်မှုများ ပိုတိုးလာလေသည်။

"အလုပ်လုပ်တယ်"

ဟယ်ရှန်းက စိတ်လှုပ်ရှားမှုနှင့် နာကျင်မှုတို့ ရောယှက်နေသော လေသံဖြင့် ပြန်ဖြေလိုက်၏။

ဟယ်ရှန်း၏အဖြေကို ကြားသောအခါ ကျိုးရီနှင့် ကျိုးလီချင်းတို့၏ မျက်နှာများ ဝင်းလက်သွားကြသည်။

ဆေးရည်က အာနိသင်ရှိသည်ဆိုလျှင် သူတို့ ငွေရောင်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုတော့ပေသည်။

အခြေအနေအရပ်ရပ်ကြောင့် ကြေးအဆင့်တွင် ငါးနှစ်ကြာ ပိတ်မိနေခဲ့ပြီးနောက် ကြေးအဆင့်ကို ကျော်လွန်၍ သူတို့၏စွမ်းအားကို တိုးတက်စေမည့် အခွင့်အရေးအား သူတို့ အလွန်တရာ မျှော်လင့်စောင့်စားခဲ့ရသည်။

ကျိုးလီချင်းမှာ မျက်ရည်မဆည်နိုင်အောင် ဖြစ်သွားခဲ့၏။

တစ်ဖက်တွင်မူ ဟယ်ရှန်း၏မျက်နှာမှာ အကြိးကျယ် ရှုံ့တွနေခဲ့သည်။

ထိုဆေးရည်က မည်သည့်ကောင်းကင်ကျေးဇူးကိုမျှ မပေးစွမ်းဘဲ သက်သာရာရမှုနှင့်ရောယှက်နေသော ဆင်းရဲဒုက္ခကိုသာ ပေးစွမ်းနေလေ၏။

မြရောင်ကောင်းကင်ကျေးဇူးဆေးရည်ထဲသို့ သူ၏တစ်ကိုယ်လုံး နှစ်မြှုပ်လိုက်သည့် အခိုက်အတန့်၌ အေးခဲနေသော ရေခဲပြင်ကြီးထဲ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ထိုမှတစ်ဆင့် အရည်ပျော်နေသော ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားကာ သူ၏ကြွက်သားမျှင်တိုင်းကို ကိုက်ခဲနေသော ကျည်ဆန်ပုရွက်ဆိတ်များအဖြစ် ထပ်မံပြောင်းလဲသွားပြန်သည်။

ထို့နောက် ၎င်းက ကောင်းကင်ဘုံဆေးရည်အဖြစ် ပြောင်းလဲသွားကာ သူ့ကို သက်သာရာရစေပြီး သက်တောင့်သက်သာဖြစ်စေသဖြင့် မညည်းတွားဘဲမနေနိုင် ဖြစ်သွားရပြီး မကြာမီမှာပင် အေးခဲနေသော ရေခဲပြင်ကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားပြန်လေသည်။

ဆန့်ကျင်ဘက်အာနိသင်များ ရှိနေသော်လည်း ထိုဆေးရည်က မိနစ်တိုင်းတွင် ခန္ဓာကိုယ်အား သန်စွမ်းလာစေသည်ကို သူ ခံစားသိရှိနိုင်ပေသည်။

သံမဏိ၊ ကြေး၊ ငွေ သို့မဟုတ် ရွှေရောင်ခန္ဓာကိုယ် အစရှိသည့် အဆင့်တိုင်းတွင် ကြွက်သားများ၊ ရိုးတွင်းခြင်ဆီများ၊ အရိုးများနှင့် အတွင်းကလီစာများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး စုပေါင်း၍ ပြီးပြည့်စုံသော အသွင်ပြောင်းလဲခြင်းများ ပါဝင်ပြီး ၎င်းက ကျင့်ကြံသူ၏ အာရုံခံစားမှုများ၊ လုပ်ဆောင်ချက်များနှင့် အသက်စွမ်းအားတို့အား အရည်အသွေးပိုင်းဆိုင်ရာ လွှမ်းမိုးမှုများ ဖြစ်ပေါ်စေလေသည်။

သူ ရောက်ရှိနေသည်မှာ အင်အားကုန်ခမ်းနေသည့် အခြေအနေဖြစ်သော်လည်း ဟယ်ရှန်းသည် သူ၏သွေးများ ပိုမိုတက်ကြွလာခြင်း၊ ကြွက်သားများ သန်မာလာခြင်း၊ အရိုးများ ပိုမိုသိပ်သည်းလာခြင်းတို့နှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ပိုမိုပေါ့ပါးလာကာ အာရုံခံစားမှုများလည်း အနည်းငယ် ပိုမိုထက်မြက်လာသည်ကို ခံစားလိုက်ရ၏။

သူ၏ ခန္ဓာကိုယ်က ချွေးပေါက်များမှတစ်ဆင့် ဆေးရည်ကို လောဘတကြီး စုပ်ယူနေခဲ့သည်။

မိနစ်သုံးဆယ်ကြာပြီးနောက် ဆေးရည်၏ အာနိသင် လျော့ကျသွားပြီး အစပိုင်းကရှိနေသော စိမ်းပြာရောင်သည် အမည်းရောင်နောက်ကျိကျိများ ပေါလောပေါ်နေသည့် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

"ဟယ်ရှန်း၊ မင်းလား။ အထဲမှာ သေသွားပြီလား"

ကျိုးရီက သူ့ဘက်သို့ လွင့်ပျံလာသော အပုပ်နံ့ကို ရှောင်ရှားရန် နှာခေါင်းပိတ်ထားရင်း ပြောလိုက်သည်။

ကျိုးလီချင်းကလည်း အန်ချင်လာသော မျက်နှာထားဖြင့် ထိုနည်းတူ လုပ်ဆောင်လိုက်၏။

'အခြားဆေးဖော်စပ်နည်းတွေက ပိုကောင်းတဲ့ အာနိသင်တွေ ရှိဦးမလား မသိဘူး'

ဟယ်ရှန်းက ခန္ဓာကိုယ်မှ အမည်းရောင်အညစ်အကြေးများကို ဆေးကြောပြီး သားရဲသားရေဝတ်ရုံကို ဝတ်ဆင်ရင်း တွေးလိုက်မိလေသည်။

မြရောင်ကောင်းကင်ကျေးဇူးဆေးရည်သည် ဖော်စပ်ရန် အလွယ်ကူဆုံးဖြစ်မည်ဟု ထင်ရသောကြောင့် သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပါဝင်ပစ္စည်းများ အားလုံးစုံလင်သော အခြားဆေးဖော်စပ်နည်းအနည်းငယ်လည်း ရှိသေးသည်။

သို့သော် မြရောင်ကောင်းကင်ကျေးဇူးဆေးရည်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ခက်ခဲမှုအဆင့်မှာ ပိုမိုမြင့်မားပေသည်။

မြရောင်ကောင်းကင်ကျေးဇူးဆေးရည်၏ အာနိသင်ကို ခံစားရပြီးနောက် အခြားဆေးရည်များကို စမ်းသပ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ပြီး အထူးသဖြင့် ၎င်းတို့၏အာနိသင်က မြရောင်ကောင်းကင်ကျေးဇူးဆေးရည်ထက် များစွာသာလွန်နေမည်ဆိုပါလျှင် ပို၍ပင် စမ်းသပ်ချင်လာခဲ့၏။

အပြင်သို့ရောက်သည်နှင့် သူ ကြုံတွေ့ခဲ့ရသည်များကို ကျိုးရီနှင့် ကျိုးလီချင်းတို့အား မျှဝေလိုက်ပြီး သူကိုယ်တိုင်နှင့် ထိုမောင်နှမနှစ်ယောက်အတွက် နောက်ထပ်ဆေးရည်များကို ဆက်လက်ဖော်စပ်ရန် အလုပ်စလုပ်လေတော့သည်။

ပထမဆုံးအကြိမ်စမ်းသပ်မှုမှ ရရှိခဲ့သော အတွေ့အကြုံကြောင့် သူ့အတွက် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် ဆေးရည်များကို ဖော်စပ်ရန်မှာ ပိုမိုလွယ်ကူလာပြီး အချိန်တိုအတွင်း ဖော်စပ်နိုင်ခဲ့ကာ အာနိသင်မှာလည်း ပိုမိုတိုးတက်လာခဲ့သည်။

ထိုသို့ ဆေးရည်ဖော်စပ်နေသည့် အချိန်များမှတစ်ဆင့် ဟယ်ရှန်းသည် ဆေးပညာနှင့် ပတ်သက်လာလျှင် မည်မျှကျွမ်းကျင်ကြောင်းနှင့် သူ မည်မျှကြိုးစားအားထုတ်ကြောင်းကို ကျိုးရီနှင့် ကျိုးလီချင်းတို့ သိရှိနားလည်လာခဲ့ကြပြီး ၎င်းမှာ ဆေးပညာနှင့်သာ သက်ဆိုင်သည် မဟုတ်ချေ။

ဟယ်ရှန်းက တိရစ္ဆာန်အလောင်းများအား အစားအစာအရင်းအမြစ်အဖြစ်သာ ယူဆောင်လာခြင်း မဟုတ်ဘဲ လေ့လာရန်အတွက်ပါ ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း ပေါ်လွင်လာခဲ့သည်။

သူက ၎င်းတို့ကို ခွဲစိတ်ပြီးနောက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီကို လက်ဝယ်ရှိ အခြားသောဆေးရည်များ၊ သတ္တုရိုင်းများနှင့် ရောနှောကာ ၎င်းတို့၏ ဂုဏ်သတ္တိများကို ရှာဖွေဖော်ထုတ်ပြီး စာအုပ်တစ်အုပ်ထဲတွင် မှတ်သားထားခဲ့လေသည်။

ကျိုးရီနှင့် ကျိုးလီချင်းတို့ လုံးဝ အာရုံမစိုက်ခဲ့မိသော အခြားအချက်အလက်များအပြင် ၎င်းတို့ကို မည်သည့်နေရာတွင် တွေ့ရှိခဲ့ကြောင်း၊ သူတို့၏ တိုက်ခိုက်မှုကို မည်သည့်အရာက လှုံ့ဆော်ခဲ့ကြောင်းနှင့် ထိုအချိန်က သူတို့ စောင့်ကြပ်နေပုံရသည့် အပင်များ ရှိမရှိတို့ကိုပါ စာရင်းပြုစုထားခဲ့သည်။

ထို့နောက် သူ၏လေ့လာမှုသည် သူတို့ကို အခမဲ့ ထောက်ပံ့ပေးထားသော ဆေးဘက်ဝင်အပင်များဆီသို့ ကူးပြောင်းသွားခဲ့သည်။

ဆေးရည်များဖော်စပ်စဉ်က သူ ရှာဖွေတွေ့ရှိခဲ့သော ဂုဏ်သတ္တိများနှင့် ဆေးဖော်စပ်နည်းမှ ပေးထားသော အမည်များကို မှတ်သားရင်း သူ၏ကိုယ်ပေါ်ရှိ သားရေစာအုပ်အဟောင်းတစ်အုပ်ထဲတွင် ပုံကြမ်းများ ရေးဆွဲခဲ့လေ၏။

ကျိုးရီအတွက် အကြီးမားဆုံး အံ့အားသင့်မှုမှာ ဟယ်ရှန်းက ပုံဆွဲရာတွင် အလွန်တော်ကြောင်းနှင့် သူ၏လက်ရေးမှာ အလွန်တရာ လှပသေသပ်နေခြင်းပင် ဖြစ်သည်။

အမာရွတ်များပြည့်နှက်နေပြီး ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် ဟယ်ရှန်း၌ ထိုမျှနူးညံ့သော လက်ရေးနှင့် ကောင်းမွန်လှသော ပုံဆွဲစွမ်းရည်များ ရှိနေမည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်ရလေသည်။

ကျိုးရီ၏ အကဲဖြတ်မှုအရ ထိုစွမ်းရည်များက သူ၏ ဆေးဘက်ဝင်အပင်ပညာ၊ ဆေးပညာနှင့် စိတ်ဝိညာဉ်သားရဲ သတ္တဗေဒပညာရပ်များရှိ ကြီးမားသော စွမ်းရည်များကိုပင် ဖုံးလွှမ်းသွားစေခဲ့သည်။

...

နောက်သုံးရက်အကြာတွင် ဟယ်ရှန်းသည် ကျင့်ကြံခြင်း၊ ဆေးရည်များဖော်စပ်ခြင်းနှင့် ထောက်ပံ့ပေးထားသော ဆေးဘက်ဝင်အပင်အသီးသီးကို လေ့လာခြင်းတို့ကြား တစ်လှည့်စီ လုပ်ဆောင်နေခဲ့ပြီး ကျိုးရီနှင့် ကျိုးလီချင်းတို့မှာမူ ပိုမိုပြင်းထန်လာသော လေ့ကျင့်ရေးများကို လုပ်ဆောင်နေခဲ့သည်။

သူတို့၏ စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ အစားအသောက်လိုအပ်ချက်မှာ ကြီးမားလာသဖြင့် ကျင့်ကြံခြင်းနှင့် ချက်ပြုတ်ခြင်းကို တာဝန်ယူခဲ့ကြသည်။

ကျိုးရီက ဟယ်ရှန်းကို နောက်ထပ်မြားအချို့ ပြုလုပ်ရာတွင်ပင် ကူညီပေးခဲ့သေးသည်။

အစီအရင်များနှင့် ပတ်သက်၍ ညီမဖြစ်သူလောက် မကျွမ်းကျင်သော်လည်း အရာရာကို ပြီးပြည့်စုံချင်သော ဝက်ဝံတစ်ကောင်ကဲ့သို့ ဒေါသကြီးသည့် မိခင်ဖြစ်သူထံမှ သင်ယူခဲ့ရသော အဆောင်လက်ဖွဲ့သန့်စင်ခြင်း၌ စွမ်းရည်အချို့ ရှိနေခဲ့သည်။

မိခင်ဖြစ်သူ၏ ညှဉ်းပန်းနှိပ်စက်သည့် လေ့ကျင့်မှုများက သူ့ကို ကျွမ်းကျင်သောလက်များအား ပိုင်ဆိုင်စေခဲ့ပြီး မြားများပြုလုပ်ခြင်းနှင့် အက္ခရာများ ထွင်းထုခြင်းကဲ့သို့သော ရှုပ်ထွေးသည့် အလုပ်များတွင် အသုံးဝင်လာခဲ့လေသည်။

တစ်ဖက်တွင်မူ ယုမေက တရားထိုင်ခြင်းသို့ ပြန်မသွားမီ အစာစားရန် ဆယ့်နှစ်နာရီကြာတိုင်း တစ်ကြိမ် နိုးလာတတ်သည်။

ထိုသုံးရက်အတွင်း သူတို့သုံးဦးမှာ ယုမေတွင် ကျင့်ကြံခြင်း အခြေခံမရှိသေးသော်ငြား ပိုမိုသန်စွမ်းလာသည်ဟု အကြောင်းပြချက်မရှိ ခံစားခဲ့ကြရသည်။

သူတို့အားလုံး အထူးဇုန်နယ်မြေမှ မထွက်ခွာမီ ခုနစ်ရက်ကြာနေထိုင်ရန် သဘောတူညီခဲ့ကြသည်။

ယန်ချင်းပြောခဲ့သည်ကို မမှတ်မိသောကြောင့် တောင်ထိပ်သို့ ရောက်ရှိရန် အချိန်ကန့်သတ်ချက် ရှိ၊ မရှိကို သူတို့ မသိကြသော်လည်း အထူးဇုန်နယ်မြေအတွင်း လိုအပ်သည်ထက် အချိန်ပိုပေးမည့်အစား စောစောရောက်ရှိခြင်းက ပို၍ ဘေးကင်းမည်ဟု ဆုံးဖြတ်ခဲ့ကြလေသည်။

ထို့အပြင် လုပ်ငန်းဆောင်ရွက်ရန် အချိန်ကန့်သတ်ချက်တစ်ခု ရှိနေခြင်းကြောင့် သူတို့ကိုယ်သူတို့ ပိုမိုတွန်းအားပေးနိုင်မည် ဖြစ်သည်။

နောက်ရက်အနည်းငယ်တွင် ဟယ်ရှန်းက အခြားသောဆေးရည်များကို စမ်းသပ်ခဲ့ရာ သူ ကြိုးစားခဲ့သည့် ခုနစ်မျိုးထဲမှ သုံးမျိုး အောင်မြင်ခဲ့သည်။

၎င်းတို့၏ အာနိသင်များမှာ မြရောင်ကောင်းကင်ကျေးဇူးဆေးရည်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေခဲ့ပြီး ထိုနည်းဖြင့်ပင် အဖွဲ့ဝင်လေးဦးသည် သူတို့၏စွမ်းအားကို တိုးတက်စေရန်နှင့် ဆောင်းဦးရွက်ကြွေသိုင်းစဉ် ၁၀၈ ချက်နှင့် ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ရန်အတွက် သူတို့ကိုယ်သူတို့ အစွမ်းကုန် တွန်းအားပေးရင်း လေးရက်တာအချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့လေတော့၏။

....

"ဟယ်ရှန်း ဘာလို့တုန်နေတာလဲ။ စိတ်လှုပ်ရှားနေတာလား။ မင်းရဲ့စမ်းသပ်မှုတွေက မင်းကို ထိခိုက်သွားစေလို့လား”

“မင်းသိထားဖို့က ငါ မင်းကိုသယ်ဖို့ ရပ်မှာမဟုတ်ဘူးနော်။ တောင်ထိပ်ကိုပဲ တန်းသွားမှာ"

ကျိုးရီက မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တလက်လက်တောက်ပနေရင်း ရန်စွယ်တငေါငေါဖြင့် ပြောလိုက်သည်။

သူသည် အသက် ကိုးနှစ်အရွယ်သာ ရှိသေးသော်လည်း ခန္ဓာကိုယ်မှာ ၁၅ နှစ်အရွယ်နှင့် တူနေပြီး ဆံပင်များက ယခင်ကထက် ပိုမိုရှည်လျားကာ ပို၍ တောက်ပနေပုံရသည်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ။

ဟယ်ရှန်းနှင့် ကျိုးလီချင်းတို့လည်း ထိုနည်းတူစွာ အသွင်ပြောင်းလဲမှုများ ရှိခဲ့ကြသော်ငြား အကြီးမားဆုံးသော ပြောင်းလဲမှုမှာ ယုမေထံတွင် ဖြစ်သည်။

ခြောက်နှစ်အရွယ်နှင့်တူသော ၁၃ နှစ်အရွယ် ကလေးမလေးဘဝမှ တည်ငြိမ်ပြီး သန့်စင်အေးချမ်းသော အမျိုးသမီးငယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။

"အစ်မယုမေ... အဖွဲ့ထဲက ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်နေတဲ့ တစ်ဦးတည်းသောသူအနေနဲ့ အခုကစပြီး ကျွန်မတို့ကို စောင့်ရှောက်ပေးပါဦးနော်"

ကျိုးလီချင်းက မျက်နှာပေါ်တွင် ပြောင်စပ်စပ်အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"အစ်မလီချင်းက နောက်နေတာပဲ ဖြစ်ရမယ်။ ကျွန်မရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် အစ်မတို့ထဲက တစ်ယောက်ယောက်ကိုတောင် အနိုင်ယူနိုင်ပါ့မလားဆိုတာ သံသယ၀င်မိတယ်"

ယုမေက နူးညံ့သော အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မက အခုဆို အစ်မတို့အားလုံးထက် ပိုမြန်မြန် ပြေးနိုင်နေပြီလေ"

သူမက ထပ်လောင်းပြောလိုက်ရာ ကျန်လူများကလည်း လိုက်လံရယ်မောလိုက်ကြလေ၏။

"ငါတို့ ရပ်လိုက်တဲ့အချိန်မှာ အားလုံးက တောင်ထိပ်မှာ ရှိနေကြဖို့ မျှော်လင့်ပါတယ်"

ကျိုးရီက သူ၏အဖွဲ့သားများကို ကြည့်ရင်း ပြောလိုက်သည်။

ခုနစ်ရက်တာအချိန်နှင့် ယခင်က ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကြောင့် သူတို့အားလုံးမှာ အဖွဲ့စတင်ဖွဲ့စည်းစဉ်ကနှင့်မတူဘဲ ပိုမိုရင်းနှီးလာခဲ့သည်။

ဟယ်ရှန်းပင်လျှင် ယခင်ကကဲ့သို့ သူ၏လေးကို ဆွဲယူခြင်း မရှိတော့ပေ။

ထိုအဖွဲ့က အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြပြီးနောက် တောင်ထိပ်သို့ ရောက်ရှိရန်နှင့် ပန်းတိုင်သို့ ပထမဆုံးရောက်ရှိမည့် သုံးဦးအတွက် ကတိပေးထားသော အကျိုးပြုရမှတ်များကို အနိုင်ရရှိနိုင်ရန်ဟူသော ရည်မှန်းချက်တစ်ခုတည်းဖြင့် သူတို့ရှေ့ရှိ သစ်ပင်များဆီသို့ ကျွမ်းကျင်သော အမြန်နှုန်းဖြင့် ပြေးဝင်သွားကြလေတော့သည်။

မိနစ်အနည်းငယ်ကြာ ပြေးလွှားပြီးနောက် မီတာငါးရာခန့်မျှသာ ရောက်ရှိသေးချိန်တွင် ယန်ချင်းထံမှ ကြေညာချက်တစ်ခုကို ကြားလိုက်ရသဖြင့် သူတို့အားလုံး မျက်လုံးများ ပြူးကျယ်သွားကာ ခြေလှမ်းများလည်း ရုတ်တရက် ရပ်တန့်သွားကြ၏။

"ပါဝင်သူအားလုံးကို အသိပေးချင်တာက ပထမ၊ ဒုတိယနဲ့ တတိယနေရာတွေက တောင်ထိပ်ကို ရောက်ရှိသွားပြီဖြစ်ကြောင်း ကြေညာချင်ပါတယ်”

“သူတို့အပြင် နောက်ထပ်သုံးယောက်ကလည်း စာမေးပွဲကို ပြီးဆုံးသွားပြီဖြစ်လို့ စုစုပေါင်း ခြောက်ယောက်ရှိသွားပါပြီ”

“ပထမဆုံး ဆယ့်ငါးယောက်က တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး ကျောင်းတော်မှာ ချက်ချင်း စာရင်းသွင်းခံရမှာပါ”

“ဆယ့်ငါးယောက်နောက်ပိုင်းမှ တောင်ထိပ်ကို ရောက်လာတဲ့သူတွေကတော့ စာရင်းမသွင်းခင် နောက်ထပ်တစ်လတိတိ စောင့်ရပါလိမ့်မယ်”

“အဲဒီတစ်လအတွင်းမှာ နည်းပြတွေဆီကနေ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံယူရပါမယ်။ မင်းတို့ သေချာပေါက် သေဆုံးနိုင်တဲ့အတွက် အဲဒါကိုတော့ အကြံမပြုချင်ပါဘူး”

“ကျေးဇူးပြုပြီး အကောင်းဆုံး ကြိုးစားကြပါ။ ထိပ်ဆုံးဆယ့်ငါးယောက်စာရင်းထဲ ဝင်မယ်လို့ သိပ်မသေချာတဲ့သူတွေအတွက် အရှုံးပေးဖို့ အခွင့်အရေးရှိပါတယ်”

“အဲဒီလိုမှမဟုတ်ဘဲ နည်းပြတွေရဲ့ လက်ထဲရောက်သွားရင် အရမ်းနောက်ကျသွားပါလိမ့်မယ်”

“အခု ပထမဆုံးရောက်တဲ့ သုံးယောက်နဲ့ သူတို့ရရှိတဲ့ အကျိုးပြုရမှတ်တွေကို ကြေညာပေးပါမယ်..."

All Chapters