← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း (၃၄၄) - ပြိုင်ပွဲဝင်ခြောက်ဦး၏ လမ်းစဉ် (၁)

ဆောင်းဦးတောင်ထိပ်၌…

စစ်ဆေးရေးမှူးလေးဦးဖြစ်သော ယန်ချင်း၊ ခန်းဟွေ့လန်၊ ရှားပေါ်ချင်းနှင့် တိုင်ချန်တို့သည် သူတို့ရှေ့ရှိ လူအနည်းစုအပေါ်သို့ အကြည့်များကို စူးစိုက်ထားကြ၏။

ထိုအုပ်စုအပေါ် သူတို့အားလုံးက လေးစားချီးကျူးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် စာမေးပွဲအတွက် အချို့သောအရာများကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော ယန်ချင်းနှင့် ခန်းဟွေ့လန်တို့ပင် ဖြစ်သည်။

"ရူးသွပ်တဲ့သူတွေကို ငါတို့ ရှာတွေ့သွားပြီပဲ"

ယန်ချင်းက ပြောလိုက်လေသည်။

"ဟုတ်ပါ့"

ခန်းဟွေ့လန်က ထောက်ခံလိုက်၏။

သူတို့၏ရှေ့တွင် လူခြောက်ဦးရှိနေသည်။

အသက်အရွယ်၊ လိင်အမျိုးအစား၊ ကျင့်ကြံခြင်းအခြေခံများကအစ အခြားအရာပေါင်းများစွာ ကွာခြားနေကြသော်လည်း သူတို့အားလုံးတွင် တူညီသောအချက်အနည်းငယ် ရှိနေခဲ့သည်။

ထိုအချက်များထဲမှ တစ်ချက်မှာ သူတို့ရောက်ရှိနေသော စုတ်ပြတ်သတ်နေသည့် အခြေအနေပင် ဖြစ်လေသည်။

ယန်ချင်းနှင့် အခြားသူများထိုင်နေသော စားပွဲနှင့် လက်မအနည်းငယ်ခန့်အကွာ မြေပြင်ပေါ်တွင် သူတို့အားလုံး လဲကျနေကြသည်။

ထဖို့ရန်ပင် ခွန်အားမရှိသလောက်ဖြစ်နေပြီး အချို့ဆိုလျှင် သတိလစ်တော့မည့်ပုံ ပေါက်နေလေသည်။

သူတို့၏ဝတ်ရုံများမှာ စုတ်ပြတ်နေပြီး ခန္ဓာကိုယ်တွင်လည်း မတူညီသော ဒဏ်ရာအခြေအနေများ ရှိနေသော်ငြား အားလုံးနီးပါး ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကတော့ အတူတူပင် ဖြစ်သည်။

အချို့မှာ ခြေလက်အင်္ဂါများ ပြတ်တောက်နေပြီး အချို့မှာမူ အရိုးများပင်ပေါ်နေသည့် အပေါက်ကြီးများနှင့် နက်ရှိုင်းသော ဓားခုတ်ရာများ တစ်ကိုယ်လုံးတွင် ပြည့်နှက်နေ၏။

သူတို့အောက်ရှိ မြေပြင်တွင် သွေးများက အဆက်မပြတ် စိမ့်ဝင်နေကာ အသက်ရှူသံများမှာလည်း ပြင်းထန်ကာ ခက်ခဲနေခဲ့သည်။

ကျန်သူများနှင့်ယှဉ်လျှင် အနည်းငယ်သက်သာသည်ဟု ထင်ရသော လူတစ်ယောက်သာ ရှိပေသည်။

သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းဆုံးဖြစ်ပြီး ဟိုနေရာဒီနေရာများတွင် နက်ရှိုင်းသော ကုတ်ခြစ်ရာအနည်းငယ်သာ ရှိသည်။

ထိုဒဏ်ရာများမှာလည်း ကုသမှုမခံယူဘဲ ပစ်ထားလျှင်ပင် အသက်အန္တရာယ်မစိုးရိမ်ရသည့် နေရာများတွင်သာ ဖြစ်၏။

သေမင်းနှင့် လက်ဖက်ရည်အတူသောက်ကာ စကားစမြည်ပြောနေသကဲ့သို့ ဖြစ်နေသော ကျန်လူများနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။

ထိုသူသည် လက်မောင်းနှင့် ဒူးနေရာများတွင် စုတ်ပြဲနေသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ကို ကြီးမားလှသော သမုဒ္ဒရာကြီးတစ်ခု ရှိနေသကဲ့သို့ လေးလံသောခံစားချက်ကို ပေးစွမ်းသည့် မီးခိုးရောင်မြူခိုးများဖြင့် လွှမ်းခြုံထား၏။

ထိုမြူခိုးများအတွင်းမှ တစ်ခါတစ်ရံ ရှေးဟောင်းမူလဝေလငါးကြီး၏ အော်သံနှင့် ရှေးဟောင်းမူလငှက်ကြီး၏ အော်သံကဲ့သို့ သဲ့သဲ့လေးပေါ်ထွက်လာသော အသံများကိုလည်း ကြားနိုင်ပေသည်။

"တကယ်ကို မျှော်လင့်မထားတာပဲ။ ငါတို့တော့ ပွပေါက်တိုးတာပဲ။ ခွန်းဖန်သွေးကြောဆက်ခံသူ ရှိနေတယ်ဟ”

ရှားပေါ်ချင်းက ပြောလိုက်သည်။

သူ၏မျက်လုံးများထဲတွင် တောက်ပသောအလင်းများ ထွက်ပေါ်နေကာ လူငယ်လေးကို စိုက်ကြည့်နေ၏။

ထိုလူငယ်လေးမှာ အခြားသူများထက် အခြေအနေကောင်းမွန်နေသော်လည်း သတိလစ်နေသည်။

ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိထားသည့်တိုင် အသိစိတ်အနည်းငယ် ကျန်ရှိနေသေးသော ကျန်လူများနှင့်တော့ တခြားစီပင်ဖြစ်သည်။

"တိုင်ချန်၊ မင်း ဘယ်လိုထင်လဲ"

ယန်ချင်းက မေးလိုက်၏။

"သဘာဝကျသလိုလိုနဲ့ မကျသလိုလိုပဲ"

"ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ တော်တော်လေးကို ထူးဆန်းတဲ့ ကလေးပဲ"

ယန်ချင်းက ပြုံးလျက် ပြောလိုက်လေသည်။

"ကျန်တဲ့သူတွေကလည်း သိပ်မညံ့ပါဘူး။ အံ့သြစရာတစ်ခုထက် ပိုရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

သူက ထပ်ပြောလိုက်ပြီး ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်ရေပေါက်ကလေးများ ထွက်ပေါ်လာပြီး ရှေ့မှလူခြောက်ဦးကို ရေပူဖောင်းကဲ့သို့ ညင်သာစွာ လွှမ်းခြုံသွားလေသည်။

ထိုရေပေါက်ကလေး လူငယ်လေးအနီးသို့ ချဉ်းကပ်သွားသောအခါ မီးခိုးရောင်မြူခိုးများက တိုက်ခိုက်တော့မည့်အလား တုံ့ပြန်လာ၏။

သို့သော်လည်း ရေပေါက်ကလေးက ကြီးထွားလာပြီး လူငယ်လေးကို လွှမ်းခြုံလိုက်ကာ မြူခိုးများအား အတင်းအကျပ် ဖိနှိပ်ချေမှုန်းပစ်လိုက်လေသည်။

ပူဖောင်းအတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲဝင်ခြောက်ဦး၏ ဒဏ်ရာအားလုံး အလျင်အမြန် ကျက်သွားပြီး ခြေလက်ပြတ်တောက်နေသူများနှင့် ခန္ဓာကိုယ်တွင် အပေါက်များဖြစ်နေသူများမှာလည်း ပျောက်ဆုံးနေသော အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ထွက်ပေါ်လာတော့၏။

ယန်ချင်းသည် ထိုပြိုင်ပွဲဝင်ခြောက်ဦးကို အကဲခတ်ရင်း ချီးကျူးလေးစားစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

သူတို့ခြောက်ဦးလုံး တစ်ချိန်တည်းလိုလို ရောက်လာလိမ့်မည်ဟူသော ကျိုးလီချင်း၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့သည်။

ပန်းဝင်မျဉ်းတွင် သူတို့ကိုစောင့်ကြိုနေသော နောက်ဆုံးအံ့အားသင့်စရာကြောင့် ဤကဲ့သို့ တပြိုင်နက်ရောက်ရှိလာခြင်းက သူတို့အတွက်တော့ မမျှော်လင့်ထားသော ကံကောင်းမှုတစ်ခု ဖြစ်လာခဲ့သည်။

သူတို့ထဲမှ အနည်းငယ်မှာ တစ်ဦးတည်း ဖြတ်ကျော်နိုင်ခဲ့လိမ့်မည်ဟူ၍ ယန်ချင်း ခံစားမိသော်လည်း အတူတကွ ရင်ဆိုင်ခဲ့ခြင်းက သူတို့၏ အောင်မြင်နိုင်စွမ်းကို ပိုမိုတိုးပွားစေခဲ့သည်။

ထို့ကြောင့်ပင် ဒဏ်ရာများရရှိထားသော်လည်း သူတို့အားလုံး ပန်းဝင်မျဉ်းသို့ရောက်အောင် လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုခြောက်ဦးသည် သူ့အတွက် အံ့အားသင့်စရာအချို့ကို ယူဆောင်လာပေးခဲ့သည်။

ယင်းတို့ထဲမှတစ်ခုမှာ ထိုခြောက်ဦးအနက် တစ်ဦးတည်းသာ အမွေဆက်ခံသူဖြစ်ပြီး ထိုသူမှာ တတိယနေရာရရှိသူ ယန်ချိုးဖြစ်နေခြင်းပင်။

ပထမနေရာမှ လျောင်ကျားရီမှလွဲ၍ အခြားသူများ ပန်းဝင်မျဉ်းကို မည်သို့ဖြတ်ကျော်ခဲ့သည်အား ထည့်သွင်းစဉ်းစားပါက ဒုတိယ သို့မဟုတ် ဆဋ္ဌမနေရာရရှိရေးသည် အန်စာတုံးလှိမ့်သကဲ့သို့ ကံတရားအပေါ် မူတည်နေခဲ့၏။

ကွာခြားချက်မှာ ဆံခြည်တစ်မျှင်စာမျှသာ ရှိပေသည်။

ပထမနေရာမှာ မီးခိုးရောင်မြူခိုးများ လွှမ်းခြုံထားသော လူငယ်လေးဖြစ်ပြီး ဒုတိယနေရာရရှိသူ မုန့်ကျားမှာ ပွင့်နေသော စိတ်ဝိညာဉ်ပင်လယ်နှင့် ပုံမှန်မဟုတ်သော အစွမ်းထက်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ဆယ့်လေးနှစ်အရွယ် မိန်းကလေးဖြစ်သည်။

တတိယနေရာရရှိသူ ယန်ချိုးမှာ အညိုရောင်သန်းနေသော ဗာဒံစေ့ရောင်ဆံပင်ရှိသည့် အမွေဆက်ခံသူဖြစ်ပြီး သူ၏ဖခင်မှာ လက်မှုပညာဌာနခွဲမှ ပန်းပဲဆရာတစ်ဦး ဖြစ်လေသည်။

လက်နက်သန့်စင်ခြင်းတွင် ဖခင်ဖြစ်သူ၏ ပါရမီမျိုး သူ့ထံတွင် ရှိပုံမပေါ်သော်လည်း လက်နက်များအကြောင်း နားလည်သဘောပေါက်မှုတွင်မူ သူသည် အတော်ဆုံးများထဲမှ တစ်ဦးဖြစ်ပေသည်။

လှံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းက ဤမျှမြန်ဆန်စွာဖြင့် ဤနေရာအထိ ရောက်လာရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်၏။

စတုတ္ထနှင့် ပဉ္စမနေရာများတွင် အသီးသီးရှိနေသော ထန်စုနှင့် ထန်တိတို့မှာ ဒြပ်စင်အရည်အသွေးများကို ပေးစွမ်းနိုင်သည့် အပြာရောင်အဆင့်ကျင့်စဉ်တစ်ခုကို အခြေခံအဆင့် နားလည်သဘောပေါက်ထားသော အမြွှာညီအစ်ကိုနှစ်ဦး ဖြစ်သည်။

ထန်စုသည် မြေကြီးဒြပ်စင်ကို ကျွမ်းကျင်ပြီး ထန်တိမှာ လျှပ်စီးဒြပ်စင်ကို ပိုင်ဆိုင်ထားသည်။

သူတို့၏ ပန်းဝင်သည့်အစီအစဉ်က ယန်ချင်းအတွက် စိတ်ဝင်စားစရာကောင်းနေခဲ့၏။

ညီဖြစ်သူထန်တိသည် ယန်ချင်း၏ ခန့်မှန်းချက်များအရသာဆိုလျှင် သူ လိုချင်ပါက ဒုတိယနေရာဖြင့် ပန်းဝင်နိုင်မည်ဖြစ်သည်။

သို့သော်လည်း သူက အစ်ကိုဖြစ်သူထန်စုကို ရှေ့သို့တွန်းပို့ပေးရန်အတွက် လက်မအနည်းငယ်မျှ နောက်ချန်ပေးခဲ့လေသည်။

ပြိုင်ပွဲဝင်ခြောက်ဦးအနက် ထန်စုသည် အပြင်းထန်ဆုံး ဒဏ်ရာအချို့ကို ရရှိထားခြင်းဖြစ်သည်။

သူ၏ခန္ဓာကိုယ်တွင် အပေါက်အနည်းငယ်ရှိနေပြီး သူကျင့်ကြံထားသော အပြာရောင်အဆင့်ကျင့်စဉ်မှ ယူဆောင်လာသည့် မြေကြီးဒြပ်စင်၏ ပြန်လည်ကုစားခြင်း အာနိသင်များသာမရှိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်မှာ သေချာပေသည်။

ယန်ချင်း၏ အတွင်းစိတ်ထဲရှိ ကျင့်စဉ်များကို စုဆောင်းတတ်သည့် အကျင့်က သူတို့ကျင့်ကြံထားသည့် အပြာရောင်အဆင့်ကျင့်စဉ်ကို လေ့လာကြည့်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်နေတော့၏။

ထိုကျင့်စဉ်တစ်ခုတည်းကပင် ညီအစ်ကိုနှစ်ဦးကို ရှေ့သို့ တွန်းပို့ပေးခဲ့ခြင်းဖြစ်သည်။

တစ်ဦးက ချီသန့်စင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း ခန္ဓာကိုယ်တွင် အပေါက်များဖြစ်နေသည့်တိုင် အသက်ရှင်နိုင်ခဲ့ပြီး နောက်တစ်ဦးမှာ ဒုတိယနေရာကိုပင် ရရှိနိုင်သည့်အခြေအနေအထိ ရောက်ရှိစေခဲ့ပေသည်။

ဤသည်က ညီအစ်ကိုနှစ်ဦး၏ အဆင့်မြင့်ကျင့်စဉ်များကို ကျင့်ကြံရာတွင်ရှိသော စွမ်းရည်များကိုသာမက သူတို့ကျင့်ကြံထားသည့် အပြာရောင်အဆင့်ကျင့်စဉ်၏ စွမ်းအားကိုပါ ပြသနေခြင်းပင်။

ယန်ချိုးသည် အပြာရောင်အဆင့်ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသော်လည်း ယန်ချင်းအတွက်မူ ညီအစ်ကိုနှစ်ဦးကျင့်ကြံထားသည့် အပြာရောင်အဆင့်ကျင့်စဉ်က ပိုမိုကောင်းမွန်နေသည်။

အထူးသဖြင့် ဘက်စုံအသုံးဝင်မှုအပိုင်းတွင် ဖြစ်လေသည်။

နောက်ဆုံးပြိုင်ပွဲဝင်ပုဖေးသည် အကြီးမားဆုံး အံ့အားသင့်စရာပင်။

သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ယခင်က စတုတ္ထအဆင့်သာ ရှိခဲ့သော်လည်း ယခုအခါတွင် ချီသန့်စင်ခြင်းနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သို့ရာတွင် ယန်ချင်းကို အံ့အားသင့်စေခဲ့သည်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ တိုက်ပွဲအတွင်း ဓားအာရုံကို နိုးထလာစေခဲ့ခြင်းပင် ဖြစ်သည်။

All Chapters