← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း (၃၄၅) - ပြိုင်ပွဲဝင်ခြောက်ဦး၏ လမ်းစဉ် (၂)

ဓားဖြင့် တာအိုကို သက်သေပြလိုကြသည့် ဓားကျင့်ကြံသူများအတွက် လျှောက်လှမ်းရမည့်လမ်းစဉ်မှာ 'ဓားအာရုံခံစားမှု' မှ စတင်လေသည်။

ယင်းမှာ ဓားကို မိမိခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းတစ်ခုကဲ့သို့ တစ်သားတည်းကျသည်အထိ အလွန်အမင်း ရင်းနှီးကျွမ်းဝင်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

သူတို့သည် ဓား၏အသက်ရှူသံနှင့် ဖွဲ့စည်းပုံကို မိမိတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ပင် ခံစားသိရှိနိုင်ကြလေသည်။

ဓားအာရုံခံစားမှုမှတစ်ဆင့် ဓားချီ၊ ထိုမှတစ်ဆင့် ဓားဆန္ဒ၊ ထို့နောက် ဓားနယ်ပယ်နှင့် နောက်ဆုံးတွင် ဓားဝိညာဉ်အဆင့်သို့ အဆင့်ဆင့်ကူးပြောင်းသွားကြခြင်း ဖြစ်လေသည်။

ဓားအာရုံခံစားမှုကို ရရှိရန်ပင် အလွန်ခက်ခဲလှသဖြင့် ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အချိုးအကွေ့ကြီးတစ်ခုလည်း ဖြစ်‌သည်။

ရုံးတော်အတွင်း၌ ကျင့်ကြံသူများ ဤအဆင့်သို့ ရောက်ရှိစေရန် ကူညီပေးသော လေ့ကျင့်ရေးစနစ်များစွာ ရှိသော်လည်း လူငါးဆယ်တွင် တစ်ဦးသာ လေ့ကျင့်အောင်မြင်နိုင်ပေသည်။

သို့ရာတွင် ပုဖေးမှာမူ မည်သူ့အကူအညီမျှမပါဘဲ မိမိဘာသာ ဓားအာရုံခံစားမှုကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

ယန်ချင်းသည် ပုဖေး၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် အလင်းမုန်တိုင်းပုစဉ်းရင်ကွဲကို ကျေးဇူးတင်ရတော့မည် ဖြစ်ပေသည်။

အလင်းမုန်တိုင်းပုစဉ်းရင်ကွဲသည် ခုနစ်ရောင်ခြယ်သမင်မကဲ့သို့ပင် ဆောင်းဦးတောင်တန်း၏ အရှင်သခင်တစ်ကောင်ဖြစ်သော်လည်း သမင်မထက် ပိုမိုရက်စက်ကြမ်းကြုတ်လှပေသည်။

၎င်းတွင် သံမဏိထက် ပိုမိုမာကျောသည့် အခွံမာရှိပြီး မေးရိုးများနှင့် တောင်ပံများသည် မည်သည့်အသားကိုမဆို အလွယ်တကူ ကိုက်ဖြတ်ပစ်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

၎င်း၏ခြေသည်းများနှင့် တောင်ပံများမှာ အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်သဖြင့် အလင်းရောင်ရိပ်များ ထင်ကျန်ရစ်စေပြီး ပစ်မှတ်အား ဆွဲဖြဲနိုင်စွမ်းကို ပိုမိုတိုးမြင့်စေလေသည်။

အလားအလာပိုင်းအရ ခုနစ်ရောင်ခြယ်သမင်မမှာ အလင်းမုန်တိုင်းပုစဉ်းရင်ကွဲထက် များစွာသာလွန်သော်လည်း လက်ရှိစွမ်းရည်ပိုင်းတွင်မူ အလင်းမုန်တိုင်းပုစဉ်းရင်ကွဲသည် ပိုမိုအန္တရာယ်များသည့် ပြိုင်ဘက်ဖြစ်ပေသည်။

ထို့ကြောင့်လည်း လက်ရှိပါဝင်သူ ခြောက်ဦးအနက် ပုဖေးသည် ဒဏ်ရာအပြင်းထန်ဆုံးရရှိခဲ့ပြီး သူ၏နောက်တွင် အမွှာညီအစ်ကိုများ ရှိနေခြင်း ဖြစ်လေသည်။

ဤပါဝင်သူသုံးဦးသည် ကံဆိုးစွာဖြင့် ၎င်းနှင့်တိုးခဲ့ကြခြင်း ဖြစ်ပေသည်။

အမွှာညီအစ်ကိုများသည် ၎င်းနှင့် ပထမဆုံး စတင်တိုးမိခဲ့ပြီး အလွယ်တကူပင် အနိုင်တိုက်ခြင်း ခံခဲ့ရသည်။

ထန်စု၏ ကာကွယ်ရေးကျင့်စဉ်ကြောင့်သာ ထန်တိမှာ ဆက်လက်တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထန်စုသည် ထန်တိအတွက် သေစေနိုင်သည့် တိုက်ခိုက်မှုများကို ဝင်ရောက်ခံယူကာ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ပုဖေးမှာလည်း ထိုနယ်မြေ၏ အခြားအရှင်သခင်တစ်ကောင်ဖြစ်သော ရွှေရည်ပူခြေသည်းဝက်ဝံ၏ လိုက်လံတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာရင်း ဤတိုက်ပွဲအတွင်းသို့ ရောက်ရှိလာခဲ့ရာ သုံးပွင့်ဆိုင်တိုက်ပွဲကြီး ဖြစ်ပွားခဲ့တော့သည်။

ယန်ချင်းမှာ သူတို့၏ကံကြမ္မာကိုပင် မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။

ကံကောင်းသည်မှာ ထိုစိတ်ဝိညာဉ်သားရဲနှစ်ကောင်သည် လူသုံးဦးကို တိုက်ခိုက်သည့်အပြင် အချင်းချင်းလည်း ပြန်လည်တိုက်ခိုက်ကြခြင်း ဖြစ်ပေသည်။

အမွှာညီအစ်ကိုများက ဝက်ဝံကြီးကို ရင်ဆိုင်ရပြီး ပုဖေးက ပုစဉ်းရင်ကွဲကို ရင်ဆိုင်ခဲ့ရသည်။

သူတို့သုံးဦးသည် အင်အားချင်းနှိုင်းယှဉ်ကြည့်ပြီးနောက် ဤကဲ့သို့ရင်ဆိုင်ရန် သဘောတူခဲ့ကြခြင်း ဖြစ်ပေသည်။

အမွှာညီအစ်ကိုများအနက် လျှပ်စီးဓာတ်ကြောင့် ပိုမိုလျင်မြန်ဖျတ်လတ်သည့် ထန်တိမှာ ပုဖေး သို့မဟုတ် အစ်ကိုဖြစ်သူ အန္တရာယ်အရှိဆုံးအခြေအနေနှင့် ကြုံတွေ့ရသည့်အခါ ပစ်မှတ်ကို ရံဖန်ရံခါ ပြောင်းလဲတိုက်ခိုက်ပေးခဲ့ရသည်။

တိုက်ပွဲမှာ အလွန်ရှုပ်ထွေးလှပြီး ပုဖေးမှာ အလင်းမုန်တိုင်းပုစဉ်းရင်ကွဲ၏ တိုက်ခိုက်မှုကြောင့် ဘယ်ဘက်လက်မောင်း ဆုံးရှုံးခဲ့ရသည်။

သို့သော် သူရရှိထားသည့် ဓားအာရုံခံစားမှုကြောင့် ပုစဉ်းရင်ကွဲ၏ တောင်ပံတစ်ဖက်နှင့် နောက်ခြေနှစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့သည်။

ပုစဉ်းရင်ကွဲသည် ရွှေရည်ပူခြေသည်းဝက်ဝံကြီးကြောင့်လည်း ဒဏ်ရာအချို့ ရရှိခဲ့သကဲ့သို့ ဝက်ဝံကြီးမှာလည်း ပြန်လည်ဒဏ်ရာရရှိခဲ့ကာ အမွှာညီအစ်ကိုများကြောင့်လည်း နက်ရှိုင်းသောပြတ်ရှဒဏ်ရာများ ရရှိခဲ့ပေသည်။

စိတ်ဝိညာဉ်သားရဲနှစ်ကောင်သည် ၎င်းတို့၏ဒဏ်ရာများ အတိုင်းအတာတစ်ခုအထိ ပြင်းထန်လာသောအခါ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

၎င်းတို့သည် ရင်ဆိုင်နေရသော လူသားသုံးဦးထက် အချင်းချင်း ပိုမိုသတိထားနေကြခြင်း ဖြစ်ပေသည်။

ဒဏ်ရာပိုမိုပြင်းထန်သူမှာ အခြားတစ်ကောင်၏ ဝါးမျိုခြင်းကိုခံရမည့် အန္တရာယ်ရှိသကဲ့သို့ သားရဲနှစ်ကောင်လုံး အခြားစိတ်ဝိညာဉ်သားရဲတစ်ကောင်၏ ဝါးမျိုခြင်းကို ခံရနိုင်သောကြောင့် တိုက်ခိုက်နိုင်စွမ်းကျန်ရှိနေစဉ် ဆုတ်ခွာခြင်းက ပိုမိုဘေးကင်းပေသည်။

အကယ်၍ သားရဲနှစ်ကောင်လုံးသာ အဆုံးထိ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပါက ၎င်းတို့၏အားကောင်းလှသော သက်စောင့်အားနှင့် စွမ်းရည်များကြောင့် လူသုံးဦးမှာ သေချာပေါက် ပြုတ်ကျသွားမည် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သားရဲနှစ်ကောင်မှာ အချင်းချင်း တိုက်ခိုက်နေရင်း လူသားများကိုပါ ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း သူတို့သုံးဦးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ပါဝင်သူသုံးဦးသည် သူတို့၏စွမ်းရည်များကို ကောင်းမွန်စွာ ပြသနိုင်ခဲ့ပြီး ပြသခဲ့သည့် စွမ်းရည်များအရ ထိပ်တန်းဆယ့်ငါးဦးစာရင်း၌ ပါဝင်ရန် ထိုက်တန်လှပေသည်။

သူတို့အပြင် အရှင်သခင်တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် အခြားတစ်ဦးမှာ ငွေဂျိုမြွေကြီးနှင့် ရင်ဆိုင်ခဲ့ရသော လျောင်ကျားရီ ဖြစ်ပေသည်။

သူတို့၏တိုက်ပွဲမှာ အမွှာညီအစ်ကိုများကဲ့သို့ပင် ပြင်းထန်လှ၏။

သို့သော် တိုက်ပွဲ ပိုမိုပြင်းထန်လာသည်နှင့်အမျှ လျောင်ကျားရီ၏သွေးမျိုးဆက်ထဲမှ ခွန်းဖန်အရှိန်အဝါများ ပိုမိုယိုစိမ့်ထွက်လာပြီး သားရဲများကြားတွင် တွေ့ရလေ့ရှိသော သွေးမျိုးဆက်ဖိနှိပ်မှုကြောင့် မြွေကြီးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ထို့ကြောင့် တိုက်ပွဲအလယ်၌ပင် မြွေကြီးမှာ ထွက်ပြေးသွားခဲ့ရလေသည်။

မုန့်ကျားနှင့် ယန်ချိုးတို့သည် အရှင်သခင်တစ်ကောင်နှင့် ထိပ်တိုက်မရင်ဆိုင်ခဲ့ရသော်လည်း မုန့်ကျားမှာ သူ၏စိတ်အာရုံပင်လယ်ကို အသုံးပြု၍ ကျိုးရီရင်ဆိုင်ခဲ့ရသော ကိုက်တတ်သည့်မိုးမခပင်ထက် ဆယ်ဆမျှ ပိုမိုလျင်မြန်သော ရာနှင့်ချီသည့် သွေးစုပ်နွယ်ပင်များကို ရှောင်တိမ်းနိုင်ခဲ့သည်။

ယန်ချိုးမှာမူ စိတ်ဝိညာဉ်သားရဲငါးကောင်အနက် အင်အားအကြီးဆုံး အရှင်သခင်ထံမှ လွတ်မြောက်ကာ ထွက်ပြေးနိုင်ခဲ့သော်လည်း အဆိပ်သင့်ခဲ့ရလေသည်။

သို့သော် သူသည် အဆိပ်သင့်နေသည့်တိုင် လမ်းခရီးတစ်လျှောက်ရှိ အခြားစိတ်ဝိညာဉ်သားရဲများကို တိုက်ခိုက်ရှောင်တိမ်းရင်း တောင်ထိပ်သို့ဦးတည်ထားသော အစီအရင်ထောင်ချောက်များနှင့် အခြားစိန်ခေါ်မှုများကို ကျော်ဖြတ်ကာ တောင်ထိပ်သို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။

ထိုစိတ်ဝိညာဉ်သားရဲမှာ မီးခိုးရောင်ဝတ်မှုန်ဝင်ရိုးစွန်းပိုးဖလံကြီး ဖြစ်ပေသည်။

၎င်းအိပ်ပျော်နေသောနေရာ၏ တစ်ကီလိုမီတာဝန်းကျင်အတွင်းသို့ ယန်ချိုး မတော်တဆ ဝင်ရောက်သွားချိန်တွင် ၎င်းမှာ နိုးတစ်၀က်အိပ်တစ်၀က်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ထိုပိုးဖလံကြီးမှာ ချီသန့်စင်ခြင်းနယ်ပယ်၌သာ ရှိသေးသော်လည်း ၎င်း၏စိတ်ဝိညာဉ်အာရုံနှင့် အာရုံခံနိုင်စွမ်းမှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် တူညီလှသည်။

၎င်း၏ကိုယ်ထည်မှာလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်နှောင်းပိုင်းရှိ သားရဲများနှင့် အရွယ်အစားတူညီ၏။

၎င်း၏အားကောင်းလှသော စိတ်ဝိညာဉ်အာရုံအပြင် ၎င်းတွင်ရှိသော ဝတ်မှုန်များမှာ မိမိထက်အင်အားနည်းသူ မည်သူ့ကိုမဆို စက္ကန့်ပိုင်းအတွင်း သေဆုံးစေနိုင်သည့် ပြင်းထန်သောအဆိပ်များ ပါရှိပေသည်။

၎င်း အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေစဉ် ယန်ချိုးသည် ၎င်း၏ဝတ်မှုန်တစ်ခုနှင့် ထိမိသွားခဲ့ပြီးနောက် ခန္ဓာကိုယ်မှာ လေးလံထိုင်းမှိုင်းကာ သတိတစ်ဝက်လွတ်သွားခဲ့ရသည်။

သူသည် အဆိပ်ကို ဟန့်တားရန် ဆေးအချို့ကို အသုံးပြုခဲ့သော်လည်း အဆိပ်ပျံ့နှံ့မှုကိုသာ နှောင့်နှေးစေခဲ့သည်။

သူစဉ်းစားမိသည့် တစ်ခုတည်းသော နည်းလမ်းမှာ သတိလစ်မသွားမီ သို့မဟုတ် အဆိပ်ကြောင့် အသက်အန္တရာယ်ဖြစ်ပြီး ပြုတ်ကျမသွားမီ တောင်ထိပ်သို့ရောက်အောင် အတင်းတိုးဝင်သွားရန်သာ ဖြစ်ပေသည်။

ပါဝင်သူခြောက်ဦး၏စွမ်းဆောင်ရည်မှာ ဒိုင်လူကြီးလေးဦးကို အလွန်အံ့အားသင့်စေခဲ့သည်။

သူတို့ကိုယ်တိုင် မသိရှိသော်လည်း သူတို့ထဲမှတစ်ဦးမှာ နောင်နှစ်ပေါင်းခုနစ်ရာတွင် အကယ်ဒမီ၏ အဓိပတိဖြစ်လာတော့မည်ပင်။

All Chapters