← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) - ပြေးကြစို့

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၁၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]

အံ့ဩစရာကောင်းလှစွာပင် ကြာပန်းခေါင်းဆောင်၏စွမ်းအားမှာ လင်းဖန် မျှော်လင့်ထားသည်ထက် ပိုမိုအစွမ်းထက်လှပေသည်။

သူသည် လက်ဝါးကိုဆန့်ထုတ်ကာ လင်းဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေသည်။

လင်းဖန်နှင့် နီးကပ်လာသည်နှင့်အမျှ သူ၏လက်ဝါးပြင်တစ်ခုလုံးကို နက်မှောင်သော အလင်းတန်းတစ်ခုက ဖုံးလွှမ်းသွားတော့သည်။

ဒေါင်…

သတ္တုချင်း ရိုက်ခတ်မိသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

လင်းဖန်၏ လက်ထဲတွင် သံတူတစ်စုံ ရုတ်တရက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု အားပြင်းစွာ ရိုက်ခတ်လိုက်လေသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် ထူးဆန်းသော အသံလှိုင်းကို ထွက်ပေါ်စေခြင်းပင်။

ထိုအသံမှာ ကြာပန်းခေါင်းဆောင်၏ နားထင်ကို ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏နားထင်နှစ်ဖက်ကို တင်းကျပ်သွားစေကာ ဦးခေါင်းကိုလည်း ပြင်းထန်စွာ နာကျင်သွားစေသည်။

မည်သည့်အရာက တိုက်ခိုက်လိုက်သည်ကို မသိသဖြင့် သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရလေသည်။

ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့မှာမူ သူတို့၏ နားများကို ကြိုတင်ပိတ်ထားသဖြင့် ထိခိုက်မှု သိပ်မရှိလှချေ။

လင်းဖန်သည် ဤတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ပြီးနောက် စိတ်ထဲမှ ကြံစည်လိုက်သည်။

‘ဒီရှစ်ကွက်အင်း အသံလှိုင်းတိုက်ကွက်က ဘေးမှာ မဟာမိတ်တွေ မရှိတဲ့အချိန်မှ သုံးတာ အကောင်းဆုံးပဲ’

ထိုအခွင့်အရေးကို အသုံးချကာ ဟွမ်ယွမ်ခွန်းသည် ကြာပန်းခေါင်းဆောင်၏လက်ထဲမှ စာကို ဆတ်ခနဲ လုယူလိုက်လေသည်။

“ငါ စာရပြီ။ သူ့ကို တားထားကြဦး”

ဟွမ်ယွမ်ခွန်းသည် အော်ဟစ်လိုက်ပြီးနောက် လှည့်ထွက်ကာ ဘုရားကျောင်းပြင်ပရှိ လမ်းဆီသို့ ဦးတည်ပြေးသွားတော့သည်။

ကြာပန်းခေါင်းဆောင်သည် လိုက်လံဖမ်းဆီးရန် ပြင်လိုက်သော်လည်း လင်းဖန်သည် သူ၏ သံတူများကို တစ်ဖန်ပြန်၍ ရိုက်ခတ်လိုက်ပြန်သည်။

ဒေါင်…

ယခုတစ်ကြိမ်တွင်မူ ကြာပန်းခေါင်းဆောင်၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာချေပြီ။

ဟိုမင်ကလည်း ကြာပန်းခေါင်းဆောင်၏ ဒူးခေါင်းကို ခြေဖနောင့်ဖြင့် ပြင်းထန်စွာ ကန်သွင်းလိုက်လေသည်။

ဗုန်း…

ထိုတိုက်ခိုက်မှုကြောင့် ကြာပန်းခေါင်းဆောင်မှာ ဒူးထောက်ကျသွားတော့သည်။

ထိုအခိုက်တွင် လင်းဖန်သည် သူ၏ သံတူတစ်ဖက်ထဲသို့ ချီစွမ်းအင်များကို ထည့်သွင်းလိုက်ရာ သံတူမှာ ရဲရဲနီသော အလင်းတန်းများ တောက်ပလာလေသည်။

ထို့နောက် သူသည် သံတူကို ကြာပန်းခေါင်းဆောင်ထံသို့ လွှဲရိုက်လိုက်သည်။

သံတူဆီမှ မီးတောက်ဝံပုလွေသဏ္ဌာန်ရှိသော ရဲရဲနီနေသည့် အလင်းတန်းတစ်ခု ဝုန်းခနဲ ထိုးထွက်လာသည်။

၎င်းသည် ကြာပန်းခေါင်းဆောင်ထံသို့ ခုန်အုပ်လိုက်ကာ သူ၏ လက်မောင်းကို ကိုက်ခဲထားလိုက်တော့သည်။

“အား”

ကြာပန်းခေါင်းဆောင်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

သူသည် မီးတောက်ဝံပုလွေကိုနှိမ်နင်းရန် လက်ဝါးဖြင့် အလျင်အမြန်ပင် ရိုက်ထုတ်လိုက်သည်။

လက်ဝါးရိုက်ချက် ထိမှန်သွားသည်နှင့် မီးတောက်ဝံပုလွေမှာ လွင့်ပျယ်ပျောက်ကွယ်သွားသည်။

လင်းဖန်တစ်ယောက် သူ၏ သံတူများကို တစ်ဖန်ပြန်၍ မရိုက်ခတ်မီမှာပင် ကြာပန်းခေါင်းဆောင်သည် လင်းဖန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာပြန်သည်။

လင်းဖန်သည် လက်ဝါးရိုက်ချက်ကို ခုခံကာကွယ်လိုက်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသယောင် ဟန်ဆောင်လိုက်လေသည်။

“သူက ငါတို့ထက် အများကြီး ပိုသန်မာတယ်။ ပြေးကြစို့”

လင်းဖန်သည် အော်ပြောလိုက်ပြီးနောက် ဘုရားကျောင်းပြင်ပသို့ ပြေးထွက်သွားသည်။

ဟိုမင်သည်လည်း သူ၏နောက်မှ အပြေးအလွှား လိုက်ပါသွားတော့သည်။

လင်းဖန်နှင့် ဟိုမင်တို့ အပြင်သို့ရောက်ရှိလာချိန်တွင် ဟွမ်ယွမ်ခွန်းမှာ သူတို့ကို ကြိုတင်၍ စောင့်ဆိုင်းနေချေပြီ။

သူတို့သည် လမ်းအတိုင်း အပြေးအလွှား ပြေးဆင်းသွားကြရာ ကြာပန်းခေါင်းဆောင်ကလည်း သူတို့နောက်မှ ကပ်လျက် လိုက်ပါလာလေသည်။

“သူတို့ကို တားကြစမ်း”

ကြာပန်းခေါင်းဆောင်က အော်ဟစ်လိုက်ရာ အစောင့်များမှာ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဘဲ ကြည့်ရှုနေကြသည်။

အစောင့်အချို့မှာ သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း သူတို့ ပြိုင်ဘက် မဟုတ်ချေ။

လင်းဖန်သည် မြေအောက်လှိုဏ်ခေါင်းလမ်းဝသို့ ရောက်ရှိသွားချိန်တွင် ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့ကို လှမ်းကြည့်လိုက်သည်။

သူတို့သည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အစောင့်နှစ်ဦးကို ဖမ်းဆွဲကာ မြေအောက်လှိုဏ်ခေါင်းထဲသို့ ဆွဲခေါ်သွားကြလေသည်။

သူတို့ မြေအောက်လှိုဏ်ခေါင်းသို့ ရောက်ရှိသွားချိန်တွင်မူ သူတို့၏ မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲသွားပြီး အစောင့်များ၏ ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြချေပြီ။

သူတို့၏ ခြေရင်း မြေပြင်ပေါ်တွင်မူ မျက်နှာဖုံးများ စွပ်ထားသော လူသုံးဦး လဲလျောင်းနေပြီး ယခင်က သူတို့ဟန်ဆောင်ခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်လေသည်။

ထိုလူများအနက် တစ်ဦး၏ လက်ထဲတွင်မူ လျှို့ဝှက်စာကို ကိုင်ဆောင်ထားလေသည်။

ထိုအစောင့်များသည် သူတို့သုံးဦးနှင့်အတူ သေဆုံးသွားသည့်အလား ထင်မှတ်ရပေသည်။

ထိုသို့ စီစဉ်ပြီးနောက် သူတို့သည် ရေတွင်းထဲမှ ခုန်ထွက်ကာ ဟူခုံမြို့၏လမ်းမများပေါ်သို့ ပြန်လည်ရောက်ရှိသွားကြလေသည်။

ကြာပန်းခေါင်းဆောင် ရောက်ရှိလာသောအခါ အလောင်းသုံးလောင်းကို စစ်ဆေးပြီးနောက် စာကို ပြန်လည်ယူဆောင်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

သူသည် သံသယဖြစ်မိသော်လည်း သူ၏မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်ကိုသာ ယုံကြည်ရန် ရွေးချယ်လိုက်သည်။

“ဒီည ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိစေနဲ့။ အားလုံးကို သွားပြီး သတ်ပစ်လိုက်စမ်း”

ကြာပန်းခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

…

အပြန်လမ်းတွင် ဟိုမင်က မေးလိုက်သည်။

“လင်းဖန်... ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။ ကြာနက်ဂိုဏ်းခေါင်းဆောင်က ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို တကယ်ပဲ နှုတ်ဆိတ်နေပါ့မလား”

လင်းဖန်က ပခုံးတွန့်ပြကာ ပြန်ဖြေလိုက်သည်။

“ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဒါက ငါတို့အတွက် အကောင်းဆုံး လောင်းကြေးပဲလေ။ ကြာပန်းခေါင်းဆောင်က ငါတို့ကို သေသွားပြီလို့ထင်နေရင် သူလည်း ဒီကိစ္စကို ဖုံးကွယ်ထားချင်မှာပဲ။ ငါမှတ်မိသလောက် ကြာနက်ဂိုဏ်းက သနားကြင်နာတတ်တဲ့ ဂိုဏ်းမျိုး မဟုတ်ဘူးလေ”

“အရမ်းကြီး စိုးရိမ်မနေစမ်းပါနဲ့။ ဒီလို အောင်မြင်တဲ့ တာဝန်မျိုးက ကဗျာတစ်ပုဒ် စပ်ဆိုဖို့ လိုအပ်တယ်လေ”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သော်လည်း လင်းဖန်နှင့် ဟိုမင်တို့မှာ ခေါင်းခါယမ်းလိုက်ကြလေသည်။

“ဟွန်း... အခုခေတ် လူငယ်တွေကတော့ အနုပညာကို နားမလည်ကြဘူး”

သူက ခြေလှမ်းများကို ရပ်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်

“ဒါနဲ့ အဲဒီစာထဲမှာ ဘာတွေရေးထားတာလဲ။ ချင်းယန်ဇီက ဒီလောက်အထိ ကြီးမားတဲ့ ဆုလာဘ်မျိုး ပေးတယ်ဆိုရင် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ရမယ်”

လင်းဖန်က မေးလိုက်သည်။ ဟွမ်ယွမ်ခွန်းသည် ‘ကြီးမားတဲ့ ဆုလာဘ်’ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ခေါင်းခါယမ်းခြင်းမှတစ်ပါး မတတ်နိုင်တော့ပေ။

သူသည်လည်း ချင်းယန်ဇီမှ ဤကဲ့သို့ ကြီးမားသော ဆုလာဘ်မျိုး ပေးအပ်သည်ကို ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

အကယ်၍ ချင်းယန်ဇီသာ ဤနေရာ၌ရှိနေပြီး လင်းဖန်သည် သူရသင့်သည်ထက် ပိုမိုများပြားသော ဆုလာဘ်များရရှိရန် ဆွေးနွေးညှိနှိုင်းခဲ့သည်ကို သိရှိသွားပါက ရှုမဝနိုင်သော မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

“နွေဦးနှောင်းပိုင်း အမဲလိုက်ပွဲ စတင်ချိန်မှာ ကြာနက်ဂိုဏ်းက ချင်ဖုန်းဂိုဏ်းကိုတိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ အကြောင်းပဲ”

ဟွမ်ယွမ်ခွန်းက စာထဲတွင် သူဖတ်ခဲ့ရသည်များကို ပြန်လည်ပြောပြလိုက်သည်။

‘ဒါဆို ရှေ့ဆက်ဖြစ်ပျက်မယ့် အရာတွေ ကျန်သေးတာပဲ’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ကြာနက်ဂိုဏ်းသည် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်ပြီး တိုက်ခိုက်ရန် ခက်ခဲလှပေသည်။

ဤတစ်ကြိမ်တွင်မူ ကြီးမားသော လှုပ်ရှားမှုကြီးတစ်ခု ဖြစ်လာရမည်မှာ အသေအချာပင်။

…

ဓားတစ်သန်းခန်းမ…

ချင်းယန်ဇီသည် သူ၏နေရာတွင် ထုံးစံအတိုင်း ထိုင်နေပြီး ချောင်းမြောင်းနားထောင်သူများကို တားဆီးရန်အတွက် အဖြူရောင် အလင်းတန်းဖြင့် ကာကွယ်ထားပြီး ဖြစ်လေသည်။

ဟွမ်ယွမ်ခွန်း၊ လင်းဖန်နှင့် ဟိုမင်တို့သည် ချင်ဖုန်းဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ချက်ချင်း ထိုနေရာသို့ ရောက်ရှိလာကြသည်။

“ပထမအချက်အနေနဲ့ ဧကရာဇ်က နွေဦးနှောင်းပိုင်း အမဲလိုက်ပွဲအတွက် ကိုယ်စားလှယ်တွေကို တောင်းဆိုလိမ့်မယ်”

“ဒုတိယအချက်က အဲဒီအမဲလိုက်ပွဲမှာ ခြုံခိုတိုက်ခိုက်မှုတွေ ရှိလာလိမ့်မယ်”

“တစ်ချိန်တည်းမှာပဲ အရေခွံရုပ်သေးတျောင်ရဲ့ ရုပ်သေးတပ်ဖွဲ့က ချင်ဖုန်းဂိုဏ်းကို တိုက်ခိုက်လိမ့်မယ်”

ဟွမ်ယွမ်ခွန်းက စာထဲတွင် ပါဝင်သော အကြောင်းအရာများကို အကျဉ်းချုပ် ပြန်လည်ပြောပြလိုက်သည်။

၎င်းသည် ကောင်းမွန်သော သတင်းတစ်ခု မဟုတ်သည့်အတွက် ချင်းယန်ဇီသည် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

လုပ်ဆောင်ရမည့် ကိစ္စရပ်များက အမြဲတမ်း ပိုမိုများပြားလာတတ်သည်။

သူသည် ဟွမ်ယွမ်ခွန်းကို ကြည့်လိုက်ပြီး သူ၏တပည့်ကို အားကိုးနိုင်သေးသည့်အတွက် စိတ်သက်သာရာရသွားသည်။

သူ့အနေဖြင့် လွတ်လပ်ပေါ့ပါးပြီး ထူးထူးဆန်းဆန်းပြုမူတတ်သော ကျောက်ချင်းယင်နှင့် ပို၍တူနေသော်လည်း…

အဟမ်း…

လင်းဖန်က ချင်းယန်ဇီ၏ အာရုံကို ဆွဲဆောင်ရန်အတွက် ချောင်းဟန့်လိုက်သည်။

“ဂိုဏ်းချုပ်... ဆုလာဘ် ကိစ္စလေးကို...”

လင်းဖန်က ဦးညွှတ်ရင်း ပြောလိုက်သည်။ သူ စိတ်သက်သာရာရခါစ ရှိသေးသော်လည်း လင်းဖန်မှ သူ့အား လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲခေါ်သွားခဲ့ချေပြီ။

ထင်ရှားလှသည်မှာ အချို့သော တပည့်များသည် အခြားသူများနှင့် လုံးဝမတူ ကွဲပြားကာ တစ်မူထူးခြားနေခြင်းပင်။

“ရော့... ဒါက စွမ်းဆောင်ရည်အမှတ် ငါးရာပဲ”

သူသည် သစ်သားပြားသုံးပြားကို လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ထံသို့ ပစ်ပေးလိုက်သည်။

လင်းဖန်သည် သစ်သားပြားကို ဖမ်းယူကာ သိမ်းဆည်းလိုက်သည်။

နောင်တွင် ဖြစ်ပျက်လာမည့်အရာများကို သိရှိထားသည့်အတွက် သူ၏ဆေးလုံး အထောက်အပံ့များကို ဖြည့်တင်းရန် ထိုစွမ်းဆောင်ရည်အမှတ်များက မဖြစ်မနေ လိုအပ်ပေသည်။

“ဝိညာဉ်အဆင့် ဓားတွေကိုတော့ နောက်မှ ဟိုမင်ဆီ ငါပို့ပေးလိုက်မယ်”

လင်းဖန် ထပ်မံမမေးမြန်းနိုင်မီ ချင်းယန်ဇီက အရင်ပြောလိုက်သည်။ လင်းဖန်သည် ခေါင်းညိတ်ပြရင်း ပြုံးလိုက်လေသည်။

ချင်းယန်ဇီက ဤကိစ္စအားလုံး ပြီးဆုံးသွားပြီဟု ထင်မှတ်လိုက်ချိန်မှာပင် လင်းဖန်က ဟွမ်ယွမ်ခွန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကိုကြီးက အဖိုးတန်ရတနာ သုံးခုတောင် ဆုံးရှုံးခဲ့ရတာ။ သူ့ခမျာ တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ရမှာပဲ...”

All Chapters