← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) - အမဲလိုက်ပွဲ စတင်ခြင်း

ဓားတစ်သန်းခန်းမ…

ချင်းယန်ဇီ၊ ကျောက်ချင်းယင်နှင့် တောင်ထွတ်သခင်အားလုံးသည် ခန်းမအတွင်း၌ အတူတကွ ထိုင်နေကြလေသည်။

ချင်းယန်ဇီသည် လက်ထဲ၌ စာတစ်စောင်ကိုကိုင်ထားရင်း တောင်ထွတ်သခင်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဧကရာဇ်မင်းမြတ်က နွေဦးနှောင်းပိုင်း အမဲလိုက်ပွဲကို ကိုယ်စားလှယ်တစ်ဦး စေလွှတ်စေချင်နေတယ်။ ဂိုဏ်းအသီးသီးက တပည့်တွေ အချင်းချင်း ပညာဖလှယ်ကြဖို့လည်း သူက လိုလားနေတယ်”

ထန်ခွန်းသည် မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

“အခြားဂိုဏ်းအားလုံးနဲ့လား။ ဒါဆိုရင်တော့ ကျွန်တော်တို့ဂိုဏ်းက အတော်ဆုံးလူတွေကိုပဲ စေလွှတ်ရလိမ့်မယ်။ တခြားဂိုဏ်းတွေရဲ့နောက်မှာ ကျန်ရစ်မနေစေရဘူး”

ကျောက်ချင်းယင်သည် နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။

“ဟွန့်... မင်းက ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။ ဒါက မင်းရဲ့ စရိုက်မဟုတ်ပါဘူး”

ချင်းယန်ဇီသည် ကျောက်ချင်းယင်ကို စိုက်ကြည့်လိုက်သည်။

သူ၏ စိတ်လိုက်ကိုယ်ပါ လုပ်တတ်သည့် အပြုအမူများကြောင့် မိမိ၏ အစီအစဉ်များ ပျက်စီးသွားမည်ကို ချင်းယန်ဇီ အဖြစ်မခံနိုင်ပေ။

ချင်းယန်ဇီသည် အခြားတောင်ထွတ်သခင်များဘက်သို့လှည့်ကာ မေးလိုက်သည်။

“ဒီကိစ္စအပေါ် မင်းတို့အားလုံးရဲ့ သဘောထားက ဘယ်လိုရှိလဲ”

၎င်းတို့သည် တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။

“ကျွန်တော်တို့လည်း ဆေးဖော်စပ်ခြင်းတောင်ထွတ်သခင်ရဲ့ အမြင်ကို သဘောတူပါတယ်။ ဒီပွဲအတွက် အတော်ဆုံးတပည့်တွေကိုပဲ မလွဲမသွေ စေလွှတ်ရပါလိမ့်မယ်”

ချင်းယန်ဇီက ဆက်ပြောလိုက်သည်။

“ကိုယ်စားလှယ် ရွေးချယ်တဲ့ကိစ္စကို တောင်ထွတ်သခင်တွေဆီကိုပဲ လွှဲအပ်လိုက်မယ်။ ကျောက်ချင်းယင်ကတော့ ဒီမှာပဲ ကျန်ရစ်ခဲ့ပြီး ဂိုဏ်းလုံခြုံရေးကို အထူးသတိထား စောင့်ကြပ်ရမယ်”

ကျောက်ချင်းယင်သည် မကျေမနပ်ဖြင့် ကန့်ကွက်လေသည်။

“ဘာ။ ကျုပ်က ဒီမှာပဲ ကျန်ခဲ့ရမယ်ဟုတ်လား။ ပျင်းစရာကြီးဗျာ”

သို့သော်လည်း သူ၏ ကန့်ကွက်မှုမှာ အရာမထင်ခဲ့ပေ။ ဂိုဏ်း၏ ထိပ်တန်းအင်အားစုများ နွေဦးနှောင်းပိုင်း အမဲလိုက်ပွဲသို့ ထွက်ခွာသွားကြမည်ဖြစ်ရာ ဂိုဏ်းအတွင်း၌ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး စောင့်ကြပ်ရန် လိုအပ်လှပေသည်။

ကျောက်ချင်းယင်၏ ညည်းညူသံကို ကြားသောအခါ ထန်ခွန်းက ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဂိုဏ်းတူဦးလေး။ ဂိုဏ်းတူဦးလေးကြိုက်တဲ့ အရက်တွေကို အိမ်တော်ဆီပို့ပေးဖို့ ကျွန်တော် စီစဉ်ပေးပါ့မယ်”

ကျောက်ချင်းယင်သည် အရက်ကြောင့် နီရဲနေသော နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။

“အရက်ဟုတ်လား။ ဒါဆိုရင်တော့ သဘောတူတာပေါ့။ တစ်နေ့လုံး မူးနေရတာထက် ကောင်းတာ ဘာမှမရှိဘူး”

ချင်းယန်ဇီသည် ကျောက်ချင်းယင်ကို လက်ညှိုးထိုးကာ ပြောချင်သော်လည်း စကားကို ပြန်ထိန်းလိုက်သည်။

“မင်းကတော့လေ...”

ဤမြင်ကွင်းကို မြင်သောအခါ ထန်ခွန်းသည် ခပ်ပြုံးပြုံး ပြုံးရင်း တွေးလိုက်လေသည်။

‘မင်း တစ်သက်လုံး မူးပြီး ဘယ်တော့မှ ပြန်မနိုးလာတာက ပိုကောင်းလိမ့်မယ်’

ထို့နောက် တောင်ထွတ်သခင်များသည် နွေဦးနှောင်းပိုင်း အမဲလိုက်ပွဲသို့ သွားရောက်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ကြတော့သည်။

ဓားတောင်ထွတ်သည် ဟွမ်ယွမ်ခွန်း၊ ဟိုမင်နှင့် အခြားတပည့်များကို ရွေးချယ်ခဲ့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာမူ ကျန်းရှီနှင့် လင်းဖန်တို့ကို ရွေးချယ်လိုက်ကြသည်။

ကျန်ရှိသော တောင်ထွတ်များကလည်း ၎င်းတို့၏ အထူးချွန်ဆုံး တပည့်များကို အသီးသီး ရွေးချယ်ခဲ့ကြလေသည်။

…

လင်းဖန်သည် ထုံးစံအတိုင်း ဖားပြုတ်ရုပ်တုငယ်ထဲသို့ ပစ္စည်းမှန်သမျှကို အိတ်သွန်ဖာမှောက် ထည့်သွင်းသိမ်းဆည်းလိုက်သည်။

အကယ်၍ ဖြစ်နိုင်လျှင် သူသည် နင်နာပေးခဲ့သော လက်ကောက်များကိုလည်း အသုံးချလိုသေးသည်။

သို့သော်လည်း အဆိပ်ကျင့်စဉ်အတွက် လက်ကောက်အတွင်းရှိ မြွေများနှင့် အဆိပ်ရှိသော သတ္တဝါများကို သူ အသုံးမပြုရသေးချေ။

တပည့်များအားလုံးသည် ဗဟိုရင်ပြင်၌ စုဝေးမိကြပြီ ဖြစ်သည်။

လင်းဖန်တစ်ဦးတည်းမှလွဲ၍ အပြင်သို့ ခရီးသွားခွင့်ရပြီး ဂိုဏ်းအတွက် ဂုဏ်ဆောင်နိုင်တော့မည်ဖြစ်ရာ လူတိုင်းမှာ စိတ်လှုပ်ရှားတက်ကြွနေကြသည်။

သူတို့သည် သာမန် နွေဦးပျော်ပွဲစားထွက်ကြခြင်းမဟုတ်ဘဲ ကြာနက်ဂိုဏ်းနှင့် ရင်ဆိုင်ကြရမည်ကို သူ ကောင်းကောင်းသိရှိထားပေသည်။

ဟွမ်ယွမ်ခွန်းသည် လင်းဖန်၏အနီးသို့ ရောက်ရှိလာပြီး ကျောကို ပုတ်ကာ ပြောလိုက်လေသည်။

“အား... နွေဦးရာသီ ရောက်လာပြီဆိုတော့ လူငယ်လေးတွေလည်း ပြဿနာတွေနဲ့ ကြုံရတော့မှာပဲ”

လင်းဖန်က ပြန်လည်တုံ့ပြန်လိုက်သည်။

“ရှေ့မှာ တကယ့်ပြဿနာကြီးတွေ စောင့်ကြိုနေတာ သေချာတယ်”

ဟွမ်ယွမ်ခွန်းသည် အဝေးမှ လှမ်းကြည့်နေသော အမျိုးသမီးတပည့်များဘက်သို့ လက်ဝှေ့ယမ်းပြလိုက်ရင်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ မင်းတို့အားလုံးကို ငါ စောင့်ရှောက်ပေးပါ့မယ်”

ဟွမ်ယွမ်ခွန်းနှင့် အတန်ကြာ ခွဲခွာရတော့မည်ဟူသော အတွေးကြောင့် အမျိုးသမီးတပည့်လေးများမှာ မျက်ရည်ဝဲလျက် ရှိကြသည်။

လင်းဖန်က ပြန်ပြောလိုက်သည်။

“တကယ်တော့ အကြီးမားဆုံးပြဿနာက စီနီယာကိုယ်တိုင် ဖြစ်နေမလားပဲ”

ဟွမ်ယွမ်ခွန်းနှင့် သိကျွမ်းပြီးသည့်အချိန်မှစ၍ ခက်ခဲသော တာဝန်မှန်သမျှအား ကိုင်တွယ်ဖြေရှင်းခဲ့ရသည်ကို လင်းဖန် သတိပြုမိသွားသည်။

ဟွမ်ယွမ်ခွန်းသည် လင်းဖန်၏စကားကို မငြင်းဆန်နိုင်ဘဲ စိုးရွံ့သောအပြုံးဖြင့် ယပ်တောင်ကိုသာ ခတ်နေလိုက်တော့သည်။

ဟိုမင်သည် အနားသို့ တိုးကပ်လာကာ သူ၏ ဓားအသစ်များကို ပြသရင်း ပြောလိုက်သည်။

“လင်းဖန်... ငါ ဓားအသစ်တွေ ရခဲ့ပြီ”

ဟိုမင်သည် ယခုအခါ သူ၏ တာအိုလမ်းစဉ်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ဟိုဖူ၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန်ပင်။

လင်းဖန်နှင့်ပူးပေါင်းကာ ဟိုမိသားစုကို ပြန်လည်ကြီးပွားတိုးတက်စေရန် စွမ်းဆောင်ရမည် ဖြစ်သည်။

လင်းဖန်သည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆိုရင်တော့ သာမန်အဆင့်လက်နက်တွေ ကိုင်ထားတဲ့လူတွေကို ကြောက်နေစရာ မလိုတော့ဘူး”

သံတူများအား ထန်ယွမ်၏ ဝိညာဉ်အဆင့်လက်နက်မှ ဖိနှိပ်ခြင်းခံလိုက်ရသည့်အကြောင်းကို ကောင်းကောင်း မှတ်မိနေသေးသည်။

ဤအရာက သူတို့၏ အောင်နိုင်ခြေကို သေချာပေါက် တိုးမြင့်လာစေမည် ဖြစ်ဖြစ်သည်။

မကြာမီမှာပင် ချင်းယန်ဇီပေါ်လာပြီး တပည့်များကို အကျဉ်းချုပ် ရှင်းပြလေသည်။

ဧကရာဇ်မှ သူတို့အတွက် ပြင်ဆင်ထားသည့်အကြောင်းအရာများကို ပြောပြလိုက်သည်။

၎င်းမှာ အခြားဂိုဏ်းများနှင့် ကျင်းပမည့် ပြိုင်ပွဲတစ်ခုပင်။

ဂိုဏ်းများအကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

နောက်ဆုံး အောင်နိုင်သူသည် ထိုနှစ်အတွက် ကျင့်ကြံရေးအရင်းအမြစ်များစွာကို ဆုလာဘ်အဖြစ် ရရှိလိမ့်မည်။

ထို့ကြောင့် လူတိုင်းသည် ဂိုဏ်းအား မျက်နှာမပျက်စေရန်နှင့် အနိုင်ရစေရန်အတွက် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

…

ရက်အနည်းငယ်ကြာခရီးနှင်ပြီးနောက် ချင်ဖုန်းဂိုဏ်းမှ ကိုယ်စားလှယ်အဖွဲ့သည် နောက်ဆုံးတွင် တော်ဝင်အမဲလိုက်ကွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

အမဲလိုက်ကွင်းမှာ သစ်တောထူထပ်သည့် နယ်မြေတစ်ခုဖြစ်ပြီး မြက်ခင်းပြင်ကျယ်ကြီးများ ရှိလေသည်။

စစ်သည်များက တည်းခိုရန် နေရာများပြင်ဆင်ထားပြီးဖြစ်ကာ လူတိုင်းကို သူတို့၏တဲများဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားကြသည်။

ချင်ဖုန်းဂိုဏ်းအပြင် အခြားဂိုဏ်းအချို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအထဲတွင် မိုးကြိုးမုန်တိုင်းဂိုဏ်းလည်း ပါဝင်ပြီး လော့ချန်နှင့် သူ၏ အမွှာတပည့်များလည်း ရှိနေကြသည်။

အမျိုးသမီးတပည့်များသီးသန့်ရှိသည့် ရိမေဂိုဏ်းလည်း ရောက်ရှိလာသည်။

သူတို့၏တပည့်များမှာ နတ်သမီးများကဲ့သို့ ဝတ်ရုံဖြူများကို ဆင်မြန်းထားကြပြီး လှပသောရုပ်ရည်များ ရှိကြသည်။

အခြားဂိုဏ်းများမှ တပည့်များမှာမူ ၎င်းတို့နှင့် ရင်းနှီးခွင့်ရရန် ကြိုးစားနေကြသည်။

ဤအရာက သူတို့၏ ဂိုဏ်းချုပ် မေရွှမ်းအား အလွန်စိတ်အနှောင့်အယှက် ဖြစ်စေသည်။

လူတိုင်းက သူမ၏တပည့်ဖြစ်သူ ကျောက်ကြားရွေ့နောက်သို့ ဝိုင်းဝိုင်းလည်နေကြခြင်းပင်။

သူမမှာ အရပ်ရှည်ပြီး အသားအရေမှာ ဖြူစင်ဝင်းပနေကာ ဝိုင်းစက်သော မျက်ဝန်းကြီးများ ရှိသည်။

ရေစီးကြောင်းတစ်ခုကဲ့သို့ စီးကျနေသော သူမ၏ ရှည်လျားသည့် ဆံပင်နက်ကြီးများကြောင့် တပည့်များမှာ ငေးမောကျရှုံးနေကြရသည်။

ဆန့်ကျင်ဘက်အနေနှင့်မူ အမျိုးသားတပည့်များသာရှိသော အနောက်ပိုင်းဘုန်းတော်ကြီးကျောင်းလည်း ရှိသည်။

သူတို့မှာ ကတုံး တုံးထားပြီး တိတ်ဆိတ်စွာ ရပ်နေကြသော်လည်း တင်းမာခက်ထန်သော အသွင်အပြင် ရှိကြလေသည်။

ထောင့်စွန်းတစ်နေရာတွင်မူ လင်းဖန်သည် စီမာမိသားစု၏ လျှို့ဝှက်နယ်မြေတွင် ဆုံတွေ့ခဲ့ဖူးသော ဟူထော်ကို မြင်လိုက်ရသည်။

‘မိတ်ဟောင်းဆွေဟောင်းတချို့နဲ့ ပြန်ဆုံရမယ့်ပုံပဲ’

သူက စိတ်ထဲမှ တွေးလိုက်သည်။

အခြား ဂိုဏ်းငယ်လေးများစွာလည်း ပူးပေါင်းပါဝင်လာကြသော်လည်း သူတို့မှာမူ အေးအေးဆေးဆေးသာ နေထိုင်ကြသည်။

ပထမဆုံးညတွင်မူ ဧကရာဇ်၏ တော်ဝင်အမဲလိုက်မှု မပြီးဆုံးသေးသဖြင့် ထူးထူးခြားခြား ဘာမျှမဖြစ်ပျက်ခဲ့ပေ။

လင်းဖန်သည် သူ၏တဲထဲတွင် ဟိုမင်၊ ဟွမ်ယွမ်ခွန်းတို့နှင့်အတူ ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့သည်။

သူသည် သတိရှိရန် ကြိုးစားခဲ့သော်လည်း မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ။

ဧကရာဇ်မှ သူတို့အား တရားမျှတသော တိုက်ပွဲတစ်ခုအတွက် အမှန်တကယ် ဖိတ်ခေါ်ခဲ့သည့်အတိုင်းပင်။

…

ဧကရာဇ်၏ တဲတော်အတွင်း…

ဧကရာဇ်ချွမ်ရှီသည် ကျားရေဖြင့် ပြုလုပ်ထားသော သူ၏ခုတင်ပေါ်တွင် မှောက်လျက် အိပ်စက်နေသည်။

တစ်နေ့လုံးမြင်းစီးခဲ့ရသဖြင့် သူသည် အလွန် ပင်ပန်းနွမ်းနယ်နေလေသည်။

ကိုယ်လုပ်တော်လီဖေးသည် သူ့အပေါ်တွင် ခွထိုင်ကာ ကျောပြင်ကို နှိပ်နယ်ပေးနေလေသည်။

သူမက ပို၍တိုးကပ်သွားပြီး သူ၏လည်ပင်းကို နမ်းလိုက်သည်။

သူကလည်း တူညီစွာ တုံ့ပြန်လိုက်သည်။

ဧကရာဇ်၏ စိတ်အာရုံမှာ ကာမရာဂစိတ်ရိုင်းများအောက်တွင် ဖြည်းဖြည်းချင်း နစ်မြုပ်သွားတော့သည်။

အနမ်းကြမ်းများအပြီးတွင် သူမက သူ၏နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“အရှင်မင်းကြီး... အရှင် ချင်ဖုန်းဂိုဏ်းကိုကိုင်တွယ်ဖို့ အကူအညီလိုရင် ကျွန်မ စီစဉ်ပေးထားတာ ရှိပါတယ်”

ဧကရာဇ်မင်းက မေးလိုက်သည်။

“အကူအညီ ဟုတ်လား။ မင်း ဘာလိုချင်လို့လဲ”

လီဖေးက ပြန်ပြောလိုက်သည်။

“ကျွန်မလူတွေကို တော်ဝင်အမဲလိုက်ကွင်းထဲ ဝင်ခွင့်ပေးဖို့ အရှင့်ရဲ့ ခွင့်ပြုအမိန့် လိုချင်ပါတယ်ရှင်”

သူ၏ကျောပြင်ပေါ်သို့ ဖိကပ်ထားသော နူးညံ့မှုများကို ခံစားနေရသဖြင့် စိတ်အာရုံများလွင့်ပါးနေသော ဧကရာဇ်က ဇဝေဇဝါဖြင့် ပြန်ပြောလိုက်သည်။

“ယူသွားလိုက်။ ငါကိုယ်တော်ရဲ့ ကျားအမိန့်တံဆိပ်ပြားက စားပွဲပေါ်မှာရှိတယ်၊ ယူသွားလိုက်တော့”

လီဖေးက ကျေနပ်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်... အရှင်မင်းကြီး”

All Chapters