← Chapters

မင်းနောက်မှာ အဆိပ်

Vol. 13 Ch. 190

မင်းနောက်မှာ အဆိပ်

Vol. 13 Ch. 190

ရွှီချင်းက ငါးမျက်လုံးတည်နေရာရှိ ကျဉ်းနက်ကြီးထဲ ခုန်ဆင်းသွားသည့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်၏ စကားသံများသည်လည်း အောက်သို့ ကျဆင်းသွားဟန်တူပါသော်ငြား ရွှီချင်း၏ စိတ်ထဲပဲ့တင်ထပ်နေဆဲပင်။

ထိုစကားများက သူ့စိတ်ကို အဆက်မပြတ် တုန်ရီသွားစေသည်။

ခေါင်းဆောင်၏ ရှင်းပြချက်ကို မကြားရသေးခင်က တားမြစ်နယ်မြေနှင့် ပတ်သက်ပြီး ရွှီချင်း နားလည်ထားသည်မှာ ရတနာမုဆိုးစခန်းဘေးက တောအုပ်နှင့််ဆင်တူပြီး တောနက်ထဲသို့ ပို၍ သွားမိပါက ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာများ ပေါများလာမည်ဟူ၍သာ ဖြစ်သည်။

နန်းဟွမ်ဒေသကြီး၏ တခြားတစ်ဖက်ရှိ ဖီးနစ်တားမြစ်ဒေသကြီးကိုပင် မကောင်းဆိုးဝါးများ၊ သားရဲများ ပို၍ ပေါများသည့် တားမြစ်နယ်မြေကြီးတစ်ခုအဖြစ်သာ သူ ခံစားခဲ့ရသည်။

ယခုတွင် သူ ထင်ထားသည်မှာ မမှားပါသော်ငြား ရေခဲတုံးကြီး၏ အစွန်အဖျားလေးသာ ဖြစ်သေးသည်ကို နားလည်သွားရသည်။

ဤလောကကြီးက ကျယ်ပြန့်သည်။ လူသားမျိုးနွယ်သာမက လူသားမျိုးနွယ်မဟုတ်သော မျိုးနွယ်များစွာနှင့် အန္တရာယ်ရှိသော တားမြစ်နယ်မြေများစွာ ရှိသည်။

တားမြစ်နယ်မြေအထက်တွင် တားမြစ်ဒေသများလည်း ရှိသည်။

တားမြစ်ဒေသများက တားမြစ်နယ်မြေအဆင့်ကို ကျော်လွန်ပြီး မျိုးစိတ်သစ်များကို မွေးဖွားပေးနိုင်သည်။

ခေါင်းဆောင် ရှင်းမပြနိုင်သေးသည့် နတ်လောကလည်း ရှိသေးသည်။

“ ဒီလောကကြီးထဲမှာ မကောင်းဆိုးဝါးတွေနဲ့ ပညာရှင်တွေအများကြီး ရှိတယ် ”

ရွှီချင်းက တားမြစ်နယ်မြေထဲမှ သူ မြင်ခဲ့ဖူးသည့် ဓားမော့ကိုင်စွဲထားသည့် ကျောက်ရုပ်ထု၊ ပင်လယ်ကြမ်းပြင်၌ သူ အာရုံခံမိခဲ့သည့် နဂါးလှည်းကို ဆွဲနေသည့် လူ့ဘီလူးကြီးနှင့် ပင်လယ်ဖွတ်ကျွန်း၏ ခန္ဓာကိုယ်အစစ်အမှန်အကြောင်းကို တွေးမိလိုက်သည်။

ခဏအကြာ သူက တင်းရှောင်ဟိုင်နှင့် တိုက်ခိုက်နေသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် အေးစက်စက်ဝင်းလက်သွားသည်။

ရုပ်အလောင်းတားမြစ်ဒေသ၏ အစွန်အဖျားတွင် ပေါက်ဖွားလာခဲ့သော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အလွန် အစွမ်းထက်သည်။

ချီစုစည်းခြင်းအထွတ်အထိပ်အဆင့်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နေရာတွင် ရေသူမမျိုးနွယ်ဝင် သို့မဟုတ် လူသားတစ်ယောက်ဖြစ်နေပါက သူ ကြန့်ကြာနေမည်မဟုတ်ဘဲ ပို၍ မြန်ဆန်သွက်လက်စွာ သတ်ဖြတ်နိုင်မည်ဖြစ်သည်။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုရင် ဘယ်လိုနေမလဲ ”

ရွှီချင်းမှာ စိတ်ထဲတွင် သတိထားသွားရသည်။ ကျဉ်းနက်ကြီးထဲတွင် အဏ္ဏဝါရု်အလောင်းမျိုးနွယ်ဝင်များ သေချာပေါက် ရှိနေမည်ဖြစ်ပြီး အခြေတည်အဆင့်မျိုးနွယ်ဝင်များလည်း ရှိနေနိုင်ကြောင်း သူ ယုံကြည်သည်။

ကောင်းကင်ရှိ မန္တန်အစီအရင်ကြီးက ရန်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ချီစုစည်းခြင်းအဆင့်သို့ ဖိနှိပ်ထားပါသော်လည်း ရွှီချင်းအနေဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ရင်ဆိုင်ရာတွင် သတိထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

အထူးသဖြင့် မန္တန်အစီအရင်ကြီးက တစတစ မတည်မငြိမ် ဖြစ်လာဟန်တူသည်။

ရွှီချင်း ငြိမ်ကျသွားသည်။ ဤလောကကြီး၏ လျှို့ဝှက်ချက်များကို သူ ပို၍ နားလည်လာရလေ သူ့ကိုယ်သူ နိမ့်ကျနေသလို ခံစားလာရလေပင်။ တတ်နိုင်သလောက် အခြေတည်အဆင့်သို့ မြန်မြန် ရောက်ရန် အတွေးက ပို၍ပင် ပြင်းထန်လာရသည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အကြည့်က စူးရှလာသည်။ ထို့နောက် သူက ငါးမျက်လုံးကြီးထဲရှိ ကျဉ်းနက်ကြီးထဲသို့ ခုန်ချလိုက်သည်။

ထိုကျဉ်းနက်ကြီးက ဥမင်တစ်ခုကဲ့သို့ပင်၊ ကျယ်ဝန်းပြီး နက်ရှိုင်းသောကြောင့် အဆုံးသတ်ကို မမြင်နိုင်ပေ။

ရွှီချင်းက အထဲသို့ ခုန်ဝင်လိုက်သောအခါ တရိပ်ရိပ် ကျဆင်းနေသော ခေါင်းဆောင်၏ပုံရိပ်ကို အနက်ရောင်အစက်လေးတစ်စက်အနေဖြင့်သာ မြင်ရသည်။ သူ၏ အမြန်နှုန်းကို သူ မထိန်းချုပ်နိုင်ပါသော်လည်း ပုံမှန်အတိုင်း သူ သွားနေရင်း ဘေးဘီဝဲယာကို စူးစမ်းလေ့လာလိုက်သည်။

ကျဉ်းနက်ကြီး၏ ပတ်လည်ရှိ မြေသားက မည်းနက်နေပြီး အောက်ပိုင်းသို့ ရောက်လေ စိုစွတ်လာလေ ဖြစ်သည်။ ပွေးကွက်များပမာ အပင်များလည်း နေရာအနှံ့ ရှိနေသည်။ ရံဖန်ရံခါ သွေးဆာနေသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်ပန်းပွင့်အနည်းအကျဉ်းကို သူ မြင်လိုက်ရသည်။

အစိုဓာတ်က တစတစ ပို၍ တိုးလာသည်။ မကြာခင် ခေါင်းဆောင်ဘက်ခြမ်းမှ တရှပ်ရှပ်မြည်သံကို ကြားလိုက်ရသည်။ ယင်းအသံသည် တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်လိုက်သည့်အသံနှင့် မတူဘဲ ရေထဲသို့ ကျသွားသည့်အသံနှင့် ပို၍ ဆင်တူသည်။

ရွှီချင်းက ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ချက်ချင်းလှည့်ပတ်လိုက်သည်။ သူ၏ ညာလက်ကို မြှောက်လိုက်ရာ မည်းနက်တောက်ပြောင်နေသော သံတုတ်လေး ပေါ်လာပြီး ဘေးရှိ မြေသားကို ထိုးစိုက်လိုက်သည်။

သံတုတ်၏ အကူအညီဖြင့် ရွှီချင်း၏ အမြန်နှုန်းက တဖြည်းဖြည်း လျော့ကျသွားသည်။ မကြာခင် အောက်မှ ရေပြင်ကို သူ မြင်လိုက်ရသည်။

ရေပြင်က မည်းနက်နေပြီး ရေထဲတွင် မည်သည့်အရာများ ရှိနေသည်ကို သူ မမြင်နိုင်ပေ။ သို့သော်လည်း ဤလမ်းကြောင်းက အဆုံးသို့ မရောက်သေးသည်မှာ ထင်ရှားသည်။ လက်ကျန်ခရီးစဉ်အတောအတွင်း သူ ရေထဲသို့ ဆင်းသွားရမည်ဖြစ်သည်။

အဆိပ်မှုန့်အနည်းအကျဉ်းကို သူ ပက်လိုက်သည်။

မူမမှန်သည့်အရာမရှိကြောင်း အတည်ပြုရန် သူ အချိန်အနည်းငယ် စောင့်လိုက်သည်။ ထိုအတောအတွင်း ရေစို၍ မဖြစ်သည့် ပစ္စည်းများအားလုံးကို သိုလှောင်အိတ်ထဲ ထည့်လိုက်၏။ ထို့နောက် ရေကို ကာကွယ်ရန် ပင်လယ်အသွင်ပြောင်းပညာရပ်ကို သုံး၍ သူ့ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက်မှသာ သူ ရေထဲငုပ်သွားပြီး ခရီးဆက်လိုက်သည်။

ရေအောက်ထဲသို့ သူ ရောက်ပြီး မကြာခင် သတိထားသွား၏။

ခေါင်းဆောင်ကို သူ မမြင်ရတော့ပေ။

ဤမည်းမှောင်နေသော လမ်းကြောင်းလေးထဲရှိ အမျိုးအမည်ခွဲခြားရခက်သော အန္တရာယ်တစ်ခုက ခေါင်းဆောင်၏ပုံရိပ်ကို ဝါးမျိုလိုက်သည့်အလားပင်။

ရွှီချင်းက သိုလှောင်အိတ်ထဲမှ အဆိပ်မျိုးစုံထည့်ထားသည့် အိတ်ရှုံ့ကလေးကို ထုတ်လိုက်ပြီး အကာအကွယ်အလွှာအပြင်ဘက်ရှိ ရေထဲသို့ ပစ်လွှတ်လိုက်သည်။ အိတ်ရှုံ့လေးက ချက်ချင်း စိုစွတ်သွားပြီး အဆိပ်များက ရေနှင့် ရောယှက်သွားသည်။

အဆိပ်များ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်နှင့် ရွှီချင်းက အိတ်ရှုံ့လေးကို ဖမ်းဆုပ်လိုက်ပြီး ရေထဲသို့ ဆက်ငုပ်လိုက်သည်။

သူ ဖြတ်သွားသည့်နေရာတိုင်း မည်းနက်နေသော ပင်လယ်ရေမှာ အဆိပ်ဓာတ်ကြောင့် ပို၍ပင် မည်းနက်သွားသည်။

ရွှီချင်း၏အဆိပ်က အလွန်ပြင်းထန်သည့်အတွက်ကြောင့်ပေလော၊ လမ်းတစ်လျှောက်တွင် အန္တရာယ်တစ်စုံတရာကို သူ မတွေ့ခဲ့ရပေ။ ဥမင်အဆုံးသတ်သို့ သူ တဖြည်းဖြည်း ရောက်လာသောအခါတွင် အိတ်ရှုံ့လေးထဲ၌ အဆိပ်များစွာ မကျန်တော့ပေ။

ရွှီချင်းက မရပ်ဘဲ အိတ်ရှုံ့လေးကို ဥမင်ထွက်ပေါက်သို့ ပစ်လွှတ်လိုက်သည်။ အိတ်ရှုံ့လေးက ရေထဲတွင် ပွင့်သွားပြီး လက်ကျန်အဆိပ်များက မှင်ရည်များအလား အဖက်ဖက်သို့ တရှဲရှဲမြည်ကာ ပျံ့နှံ့သွားသည်။

ထိုနေရာတွင် ချုံခိုက်တိုက်ခိုက်ရန် စောင့်နေမည့် ရန်သူများ မရှိလျှင် ဘာမှဖြစ်မည်မဟုတ်ပေ။ အကယ်၍ ချုံခိုတိုက်ခိုက်မည့်သူများသာ ရှိနေပါက ဤအဆိပ်ရေက ထိုသူများကို သူတို့ရွေးချယ်မှုအတွက် နောင်တရသွားစေမည်ဖြစ်သည်။

ထို့နောက် အဆိပ်ရေများ တရှဲရှဲမြည်ကာ ပျံ့နှံ့နေစဉ် စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ချုံခိုက်တိုက်ခိုက်ရန် စောင့်နေသော ရေသူမမျိုးနွယ်ဝင်ခြောက်ယောက်မှာ အဆိပ်ရေထဲတွင် နောက်ဆုတ်နေပြီး သူတို့ခန္ဓာကိုယ်များက စိမ်းပုပ်လာသည်။ သူတို့ ပုပ်ပွလာနေစဉ်မှာပင် ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပြီး အပြင်ဘက်သို့ ဝုန်းခနဲ ပြေးထွက်လိုက်သည်။

သူ အပြင်ရောက်သည့်အခိုက် ဘေးပတ်လည်မှ မန္တန်အစီအရင်အငွေ့အသက်များကို အာရုံခံမိလိုက်ပြီး မာန်သွင်းအော်ဟစ်သံများကိုလည်း ကြားလိုက်ရသည်။

တိုက်ပွဲများ နေရာအနှံ့ ဖြစ်နေလေပြီ။

တချိန်တည်းမှာပင် ရွှီချင်း၏ရှေ့တွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ရေအောက်လောက ပေါ်ထွက်လာ၏။

ကျွန်းပေါ်နှင့်ယှဉ်ပါက ဤနေရာတွင် အရာအားလုံး ပြောင်းပြန်ဖြစ်နေသည်။ သို့သော်လည်း ခန္ဓာကိုယ်ကို ပြောင်းပြန်လှန်၍ ကျွန်းအောက်ဘက်ရှိ မြေပြင်ပေါ်သို့ ခြေချလိုက်မည်ဆိုပါက ရောင်စုံခုနစ်သွယ်သန္တာကျောက်များ မရေမတွက်နိုင်အောင် ရှိနေသည်ကို ကောင်းစွာ မြင်ရပေမည်။

လောကကြီးတစ်ခုလုံး သန္တာကျောက်များဖြင့် ပြုလုပ်ထားသည့်အလားပင်။ ထိုသန္တာကျောက်များဖြင့် ဆောက်လုပ်ထားသော အဖိုးတန် အဆောက်အအုံများကို နေရာအနှံ့တွင် မြင်တွေ့နိုင်ပြီး ထိုသန္တာကျောက်များပေါ်၌ ပင်လယ်မှိုအမြောက်အမြား ရှိနေသည်။

ပင်လယ်မှို၏ အလယ်ဗဟိုက နီမြန်းနေပြီး ၎င်း၏ မီးခိုးရောင်နှင့် အဖြူရောင် ရောယှက်ထားသော လက်များက စူးရှချွန်ထက်သော သွားများအလားပင်။ ၎င်းတွင် ပင်လယ်ထဲသို့ လွင့်မျောကာ ရှည်ထွက်နိုင်သော ဆူးချွန်လက်များလည်း ရှိသည်။

ထိုလက်များက အရှည်အသီးသီးစီ ရှိကြသည်။ တချို့လက်များက ပေရာချီ၍ ရှည်လျားပြီး တချို့က ပေနှစ်ဆယ်ခန့်ရှည်သည်။ ထိုလက်များထဲတွင် အလင်းများ စီးဆင်းနေပေရာ ပင်လယ်အောက်ရှိ လောကကြီးတစ်ခုလုံးကို ခမ်းနားထည်ဝါသွားစေသည်။

ပင်လယ်ကြမ်းခင်းတစ်နေရာတွင် ဖောက်ထွင်းမြင်နေရသည့် ဥများ မရေမတွက်နိုင်လောက်အောင် လွင့်မျောနေသည်။ ထိုဥတစ်ဥစီက ခုနစ်သားကလေး သို့မဟုတ် ရှစ်ရှစ်သားကလေးအရွယ်အစားခန့် ရှိပြီး အထဲတွင် ရေသူမမျိုးနွယ်ဝင်ကလေးများ ရှိနေသည်ကို မြင်နိုင်သည်။

ထိုနေရာသည် ကျွန်းအောက်ဘက်၌ ရေသူမမျိုးနွယ် တည်ဆောက်ထားသည့် ရေအောက်လောကဖြစ်ပြီး သူတို့၏ စစ်မှန်သော အခြေခံအုတ်မြစ်တည်ရှိရာနေရာလည်း ဖြစ်သည်။ ရွှီချင်းက ထိုအရာအားလုံးကို သတိထားမိလိုက်ပြီး နေရာအနှံ့မှ တိုက်ပွဲများကိုလည်း မြင်လိုက်ရသည်။

ချီရွှဲ့ထုံဂိုဏ်းသားအမြောက်အမြားက ဤနေရာရှိ သန္တာကျောက်များနှင့် အဖိုးတန်ပစ္စည်းအားလုံးကို လုယူနေသည်။ ရေသူမကျင့်ကြံသူများက ခက်ထန်တင်းမာစွာဖြင့် ပြန်လည်တိုက်ခိုက်နေ၏။

ရေအောက်တါင် ရှိနေသည်ဖြစ်၍ သွေးများက ပင်လယ်ရေနှင့် ရောယှက်ကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှီချင်းက အခြေအနေတစ်ခုလုံးကို မလေ့လာနိုင်ခင် သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပြီး နောက်မှ အလစ်ဝင်တိုက်ချင်နေသည့် ရေသူမမျိုးနွယ်ဝင်တစ်ယောက်ကို လှည့်၍ ထိုးနှက်လိုက်သည်။

ရေသူမမျိုးနွယ်ဝင်၏ အသွေးအသားများ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။ ဘေးမှ ပင်လယ်မှိုတစ်ခုက ပါးစပ်ဟ၍ ရွှီချင်းကို ဆတ်ခနဲ လှမ်းကိုက်လိုက်သည်။

ဘေးပတ်လည်မှ လက်များသည်လည်း ရွှီချင်းထံ အလုအယက် ပြေးဝင်သွားကြပါသော်လည်း အနီးသို့ ရောက်သည်နှင့် ၎င်းတို့အားလုံး ညှိုးခြောက်သွားသည်။ ပင်လယ်မှိုသည်လည်း ထိုနည်းတူပင်။ ၎င်းမှာ ရွှီချင်းကို မကိုက်နိုင်ခင် မည်းနက်သွား၏။

ရွှီချင်းက ပင်လယ်မှိုကို လျစ်လျူရှုကာ ဘေးပတ်လည်ကို ဆက်လက်စစ်ဆေးရင်း ရှေ့ဆက်သွားနေသည်။

ရေအောက်စစ်ပွဲ၌ ရေသူမမျိုးနွယ်တစ်ခုတည်းသာ ချီရွှဲ့ထုံဂိုဏ်းသားများကို တိုက်ခိုက်နေသည် မဟုတ်ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကိုလည်း ရွှီချင်း မြင်လိုက်ရသည်။ သူ တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် ဘေးပတ်လည်တွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ရာခန့် ရှိသည်ကို သတိထားမိလိုက်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တိုင်းက အလွန် ရက်စက်ကြမ်းကြုတ်ကြပြီး သူတို့ထဲမှ ခုနစ်ယောက်၊ ရှစ်ယောက်က အခြေတည်အဆင့်သို့ ရောက်လုဆဲဆဲ ကျင့်ကြံခြင်းအငွေ့အသက်များပင် ထုတ်လွှတ်နေကြသည်။ ထိုကဲ့သို့ မျိုးနွယ်ဝင်တစ်ယောက်ကို ချီရွှဲ့ထုံဂိုဏ်းသားငါးယောက်ကျော် ပူးပေါင်းတိုက်ခိုက်နေရသည်။

ရွှီချင်းက ညာလက်ကို ဆတ်ခနဲ မြှောက်၍ သံတုတ်လေးကို ပစ်လွှတ်လိုက်ရာ ဘယ်ဘက်မှ သူ့ထံ ပြေးဝင်လာသည့်အရိပ်တစ်ရိပ်ဆီသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။ သံတုတ်လေးက ထိုသူ၏ မျက်ခုံးမွေးနှစ်ခုကြားသို့ ထိုးဖောက်သွားပြီး ရွှီချင်းထံ ပြန်ရောက်လာသည်။

ရွှီချင်းက မရပ်ဘဲ ဆက်လက်အရှိန်တင်လိုက်သည်။

သူက စတင်တိုက်ခိုက်ခြင်း မပြုပေ။ ယခုတစ်ခေါက် ခရီးစဉ်တွင် သတ်ဖြတ်ခြင်းမှာ သူ၏ဦးစားပေးအလုပ် မဟုတ်ပေ။ ရေအောက်လောကသို့ သူ ရောက်လာပြီးနောက် လင်းရှီမီးအိမ်မှ အာရုံခံမိခဲ့သည့် အငွေ့အသက်များ၏ တည်နေရာကို သူ အကြမ်းဖျင်း မှန်းဆမိနေပြီဖြစ်သည်။

ဤစစ်မြေပြင်မှ သူ ထွက်သွားကာ ထိုနေရာသို့ သွား၍ သူ မျှော်လင့်ထားသည့် ပစ္စည်း ဟုတ်၊ မဟုတ် အတည်ပြုချင်နေသည်။

ရွှီချင်းက စစ်မြေပြင်တစ်လျှောက် သွားလာနေစဉ် အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။

သူ ခြေလှမ်းများကို ရပ်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

သူ ကြည့်လိုက်သည့်အချိန်မှာပင် စစ်မြေပြင်၏ အစွန်အဖျားမှ ရေသူမဒါဇင် ပေါ်ထွက်လာသည်။

ထိုရေသူမများက အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့ကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်များက အလွန် ထူးဆန်းသည်။ ဓာတ်နှောများ မဟုတ်သလို ဝိညာဉ်စွမ်းအားများလည်း မဟုတ်ဘဲ ဖော်ပြရန်ခက်ခဲသော အငွေ့အသက်များပင်။ ထိုအငွေ့အသက်ကို ရွှီချင်း အာရုံခံမိလိုက်သောအခါ သူ၏မှော်လှေထဲတွင် ထည့်ထားသော နတ်တိုက်ကွက်အကြောင်းကို တွေးမိသွားပြီး မျက်လုံးများ မှေးသွားသည်။

ထိုကဲ့သို့ ရေသူများအပြင် ရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းသော သားရဲအနည်းငယ်လည်း ရှိနေသည်။

ထိုထူးဆန်းသော သားရဲတချို့က လူသားပုံစံရှိကြပါသော်လည်း သူတို့ခန္ဓာကိုယ်များက သွယ်လျသည်။ သူတို့က ဆယ့်နှစ်ပေကျော်ရှည်ကြပြီး သူတို့ပုံပန်းသွင်ပြင်က ဝါးတုတ်လေးများအလားပင်။ သို့သော်လည်း သူတို့ခေါင်းများက ကြီးကြပြီး သူတို့၏ စိမ်းဖန့်ဖန့်အရေပြားက ထူးဆန်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

ရက်စက်ကြမ်းကြုတ်သော ခေါင်းနှစ်ခေါင်းပါပြီး လူ့ဘီလူးကြီးများပုံစံရှိသည့် သားရဲများလည်း ရှိသည်။ ၎င်းတို့ ရှေ့လျှောက်လာနေစဉ် ခေါင်းနှစ်ခေါင်းက တစ်ခေါင်းနှင့်တစ်ခေါင်း ကိုက်နေကြ၏။

ပြည်တည်အနာဖုများ အပြည့်နှင့် မျက်ဆံကြီးများလည်း ရှိသည်။ သို့သော်လည်း ၎င်းတို့၏ မျက်ဆံများထဲတွင် အလွန်ရှည်လျားသော လျှာကြီးတစ်ခု ရှိသည်။

ခန္ဓာကိုယ်ထဲသို့ ပျက်စီးနေသော လက်နက်များ မရေမတွက်နိုင်လောက်အောင် ထိုးစိုက်ထားသည့် ပုပ်ပွနေသော ငါးမန်းတချို့လည်း ရှိသည်။

“ နတ်ဆရာ ”

ဖက်တီးလေး၏ ကျောက်စိမ်းလွှာထဲမှ ရေသူမမျိုးနွယ်ဝင်များအနက် ထူးခြားသော ကျင့်ကြံသူအမျိုးအစားတစ်ခုအကြောင်း ဖော်ပြထားသည်ကို ရွှီချင်း၏ စိတ်ထဲ ပေါ်လာသည်။

ထိုကဲ့သို့ ကျင့်ကြံသူများက အလွန်နည်းပါးပြီး သူတို့ကိုယ်သူတို့ ‘ နတ်ဆရာ ’ ဟူ၍ ခေါ်ဆိုကြသည်။ သူတို့၏မန္တန်များက ဝိညာဉ်စွမ်းအားများဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ သူတို့ ယုံကြည်သက်ဝင်သည့် နတ်ဘုရားထံမှ ရယူထားခြင်းဖြစ်ရာ ထိုမန္တန်များကို ‘ နတ်အတတ်များ ’ ဟူ၍ ခေါ်ကြသည်။

ထို့ပြင် ထိုထူးဆန်းသော သတ္တဝါများသည်လည်း သူတို့၏ နတ်အတတ်များဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည်။

သူတို့ ရောက်ရှိလာခြင်းသည် စစ်မြေပြင်ကို ကြီးစွာသော သက်ရောက်မှု ဖြစ်သွားစေပြီး ချီရွှဲ့ထုံဂိုဏ်းသားများ အနည်းငယ် ရုန့်ရင်းဆန်ခတ်ဖြစ်သွားသည်။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းသားများမှာ အဆိပ်မွေးမြူခြင်းနှင့် ရင့်ကျက်နေပြီဖြစ်သည့် ရက်စက်ကြမ်းကြုတ်သောလူများ ဖြစ်ပြီး အများစုက ထိုနတ်ဆရာများကို မျက်စိကျနေသည်။

ရေသူမမျိုးနွယ်၌ နတ်ဆရာများ၏ အဆင့်အတန်းက အလွန်မြင့်မားပြီး သာမန်မျိုးနွယ်ဝင်များထက် ပို၍ ချမ်းသာကြွယ်ဝကြသည်။

ရွှီချင်းက ထိုပွဲတွင် ဝင်နွှဲမနေတော့ပေ။ ထိုနတ်ဆရာများထံမှ အကြည့်လွှဲလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် သူ၏မျက်နှာ တစ်မျိုးဖြစ်သွားသည်။

ခပ်လှမ်းလှမ်းရှိ စစ်မြေပြင်၌ တွားသွားနေသော စုတ်ပြတ်သပ်နေသည့်အလောင်းတစ်လောင်းကို သူ မြင်လိုက်ရသည်။

ထိုအလောင်းက သွေးအလိမ်းလိမ်းဖြစ်နေပြီး ၎င်း၏တစ်ကိုယ်လုံး ဒဏ်ရာဗရပွရှိနေသည်။

၎င်းက ရံဖန်ရံခါ တွားသွားပြီး ရပ်သွားတတ်သည်။ ရေသူမမျိုးနွယ်နှင့် ချီရွှဲ့ထုံဂိုဏ်းသားများ၏ အလောင်းများဘေးသို့ ဖြတ်သွားသောအခါ ၎င်းက ကျင်လည်စွာဖြင့် မွှေနှောက်ရှာဖွေပြီး ပစ္စည်းများကို ယူ၍ ဆက်လက်တွားသွားလေသည်။

အစွမ်းထက်ရန်သူတစ်ယောက်ကို ကြုံတွေ့ရပါက ၎င်းက ချက်ချင်းပင် မလှုပ်မယှက်ဖြစ်ကာ သေချင်ယောင်ဆောင်လိုက်သည်။ သို့သော်လည်း သာမန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ၎င်းက အလစ်ဝင်တိုက်သည်။ ထိုလူကို သတ်ပြီးသည်နှင့် ၎င်းက တခြားဘက်သို့ အလျင်အမြန်ပြေးသွားကာ အလောင်းပုံစံ ဆက်လက်ဟန်ဆောင်လိုက်သည်။

ထိုလူ၏ သရုပ်ဆောင်စွမ်းရည်က လက်ဖျားခါရလောက်ပါသော်ငြား ထိုလူကို ရွှီချင်း မှတ်မိလိုက်သည်။

“ အစ်ကိုကြီးကျန်းစန်း ”

ကျန်းစန်းကို ရွှီချင်း မြင်လိုက်သည့်အခိုက် သူ့နောက်မှ ဝိညာဉ်စွမ်းအားအငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ပြေးတက်သွားပြီး ဆတ်ခနဲ လှည့်၍ ညာလက်ထဲရှိ သံတုတ်လေးကို ပစ်ရန်ပြင်လိုက်စဉ် စိုးရိမ်တကြီး ပြောလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ လက်ထောက်ခေါင်းဆောင် ရွှီ၊ ငါ ပါကွ ”

ထိုလူက ခေါင်းဆောင်ပင်။

သို့သော်လည်း လက်ရှိခေါင်းဆောင်က အပြင်ဘက်တွင် ရွှီချင်း မြင်ဖူးသည့်ခေါင်းဆောင်နှင့် တန်ငယ် ကွဲပြားနေသည်။

သူ့ခန္ဓာကိုယ် စိမ်းပုပ်နေပြီး အဆိပ်မိထားသည့်လက္ခဏာများ ပြနေသည်။ သူ့နှုတ်ခမ်းများက ခရမ်းရောင်သမ်းနေပြီး လမ်းလျှောက်ရင်း အဆိပ်ဖြေဆေးများကို သူ သောက်နေ၏။

All Chapters