← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅) သခင်မလေး၏ ဖိတ်ကြားချက်

နွားဝါကြီး၏ အပြုအမူက ကျန်းမန်ကို အနည်းငယ် ထူးဆန်းသွားစေသည်။

အစကတည်းက နွားဝါကြီးက သူ ကံကြမ္မာဇယား၏ ဒုတိယအဆင့် တောင်းဆိုချက်ကို ပြီးမြောက်နိုင်မည်ဟု မထင်ခဲ့ပေ။

သူ၏ တိုးတက်မှုနှုန်း ဤမျှမြန်ဆန်နေသည်တောင် တစ်ဖက်လူ၏ အမြင်ကို မပြောင်းလဲနိုင်ခဲ့ပေ။

ကြည့်ရသည်မှာ ပြဿနာက ဤစိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်အပေါ်တွင် ရှိနေပုံရသည်။

စကားဝှက်ပြောနေတဲ့သူ…..

တစ်နေ့ကျ ဒုက္ခရောက်ဦးမယ်။

အကဲဖြတ်စစ်ဆေးမှု စတင်ရန် လဝက်ခန့် လိုသေးရာ၊ ထိုအချိန်အတွင်း ကျင့်ကြံမှုအဆင့်ကို ချီသန့်စင်ခြင်း အဆင့်သုံး၏ အထွတ်အထိပ်သို့ ရောက်အောင် မြှင့်တင်နိုင်မည်ဟု ထင်သည်။

သွေးကြောအင်အား ကျင့်စဉ်ကို ရရှိပါက ဆက်လက်၍ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

သို့သော် ကျင့်စဉ်တစ်ခု တိုးလာပါက ကုန်ကျစရိတ်လည်း ပိုများလာမည် ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများ အများကြီး လိုအပ်လာပေမည်။

ဝိညာဉ်စုဆောင်းခြင်း ခန်းမမှ ရသော ဝင်ငွေလောက်နှင့် မလုံလောက်တော့သလို ခံစားရသည်။

သုံးရက် ကြာပြီးနောက်...

ကျန်းမန်သည် ခြံဝင်းငယ်တွင် ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်သည်။

အခြားသူများလည်း အသားကျနေပြီဖြစ်ရာ အဆင့်တစ်ဖြစ်သော လော်ရွှမ်က ထိုအခြေအနေကို ချိုးဖျက်ပြီး၊ ခြံဝင်းငယ်ထဲမှ ထွက်ခွာသွားမည့် အချိန်ကိုသာ စောင့်မျှော်နေကြသည်။

လဝက်လုံးလုံး ဤအတိုင်းပင် ဖြစ်သည်။

မည်သူကမျှ စည်းမျဉ်းကို မချိုးဖောက်ရဲကြပေ။

ညနေစောင်းအချိန်...

အချိန်ကိုကြည့်ပြီး လူတိုင်းက သက်ပြင်းချလိုက်ကြသည်။

ထိုအချိန်တွင် လော်ရွှမ်လည်း ကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။

သို့သော် သူမက ချက်ချင်း ထွက်မသွားပေ။

ထိုအစား ကျန်းမန်ကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ကျန်းမန်ကလည်း တစ်ဖက်လူ ထွက်သွားမည့်အချိန်ကို စောင့်နေခြင်း ဖြစ်သည်။

အချိန်လည်း တော်တော်လေး လင့်နေပြီဖြစ်ရာ ဝိညာဉ်ကျောက်တုံး သွားရှာရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

ဒီရက်ပိုင်း ကျင့်ကြံကြည့်ပြီးနောက် သူ၏ တတိယမြောက် ဘူးသီးခြောက်ဘူးကို ပြည့်အောင်လုပ်ရန်၊ ကျင့်စဉ်ကို အကြိမ်ရေ နှစ်ထောင်နီးပါး လည်ပတ်ရန် လိုအပ်ကြောင်း သူ တွေ့ရှိခဲ့သည်။

တကယ်ကို အဆပေါင်းများစွာ တိုးလာခြင်း ဖြစ်သည်။

သို့သော် လော်ရွှမ် အဆုံးသတ်သွားချိန်တွင်၊ မထွက်သွားဘဲ သူ့ကို လှမ်းကြည့်နေသဖြင့် သူ အနည်းငယ် အံ့ဩသွားသည်။

အထူးသဖြင့် တစ်ဖက်လူက သူ့ဆီသို့ လျှောက်လာနေသောကြောင့် ဖြစ်သည်။

"လော်သခင်မလေး ကျွန်တော့်ကို ရှာတာလား"

တစ်ဖက်လူ အနားရောက်လာသောအခါ ကျန်းမန်က ယဉ်ကျေးစွာ မေးလိုက်သည်။

"ငါနဲ့အတူတူ ကျင့်ကြံမလား။ ရမှတ် ဘယ်လောက်ရလဲဆိုတာကိုရော၊ ကျင့်ကြံမှုအဆင့်ကိုရော ငါ ဂရုမစိုက်ဘူး။ ငါ့ထက် ပိုကြိုးစားနိုင်ရင် ရပြီ"

လော်ရွှမ်က ဘေးပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ ကျန်းမန်ကို မေးလိုက်သည်။

ဖက်တီးလေး အပါအဝင် အခြားသူများအားလုံး အံ့ဩသွားကြသည်။

အရင်တစ်ခေါက်က လော်ရွှမ် ဤမေးခွန်းကို မေးဖူးသော်လည်း ကျန်းမန်က ငြင်းပယ်ခဲ့သည်။

အခု ထပ်မေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒါက ကျန်းမန်ကို ပျိုးထောင်ပေးသင့်တယ်လို့ ထင်သွားလို့များလား။

ဖက်တီးလေးက အန္တရာယ်ကို အာရုံခံမိသွားပြီး သူလည်း ကြိုးစားရတော့မည်။

မဟုတ်လျှင် တကယ်ပဲ ကျန်းမန် ကျော်တက်သွားလိမ့်မည်။

သူ့၏ ကျင့်ကြံမှုအဆင့်က မကြာခင် တက်တော့မည်ဖြစ်ရာ၊ ကျန်ရှိနေသည့် လဝက်အတွင်းတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ် သုံးရတော့မည် ဖြစ်သည်။

အကွာအဝေးကို ချဲ့ထားရမည်။

နောက်ဆုံးအဆင့်တော့ အဖြစ်မခံနိုင်ဘူး။

ကျန်းမန်က ယဉ်ကျေးစွာဖြင့် "လော်သခင်မလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ညနေပိုင်းမှာ ကျွန်တော် ဝိညာဉ်ကျောက်တုံး သွားရှာရဦးမယ်" ဟု ပြန်ဖြေလိုက်သည်။

လော်ရွှမ်က ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"ညပိုင်းလား၊ မင်း ဘယ်လောက် ရှာနိုင်လို့လဲ"

"နှစ်နာရီကို ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် ရတယ်"

ကျန်းမန်က မျက်နှာမပျက်ဘဲ ဖြေလိုက်သည်။

"အဲဒီအချိန်အတွင်းမှာ ကျင့်ကြံလို့ မရဘူးမလား"

လော်ရွှမ်က ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ မင်းကို ခုနစ်ဆယ် ပေးမယ်၊ လေးနာရီအတွင်းမှာ မင်းက ငါ့ထက် ပိုကြိုးစားဖို့ပဲ လိုတယ်"

ထိုစကားကို ကြားသောအခါ ကျန်းမန် အနည်းငယ် တွေဝေသွားပြီးနောက် နှမြောတသစွာဖြင့် သဘောတူလိုက်သည်။

"ဒါဆို ကျွန်တော်တို့ ဘယ်တော့ စကြမလဲ"

ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ်တောင်ရမှတော့ ဝိညာဉ်စုဆောင်းခြင်း ခန်းမက စောက်လုပ်ကို ခွေးတောင် သွားမလုပ်တော့ဘူး။

"မနက်ဖြန် စမယ်"

လော်ရွှမ်က ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့သည်။

လော်ရွှမ် ထွက်သွားသောအခါ မိန်းကလေးတစ်ဦးက ချက်ချင်း နောက်ကနေ လိုက်သွားသည်။

ဆဋ္ဌမမြောက် ခြံဝင်းငယ်မှ ထွက်လာပြီးမှ ထိုမိန်းကလေးက မေးလိုက်သည်။

"လော်ရွှမ် နင် ဘာလို့ အဲဒီလောက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးရတာလဲ။ သက်တော်စောင့် မွေးမလို့လား။ သုညမှတ်ရထားတဲ့သူကို မွေးမြူတယ်ဆိုတာ အသေခံတပ်သား မွေးဖို့လား"

ထိုမိန်းကလေး၏ အမည်မှာ ချန်ယွီ ဖြစ်ပြီး ချန်မိသားစု၏ ဆွေမျိုးဝမ်းကွဲ တစ်ဦး ဖြစ်သည်။

သူမသည် ငါးဆယ့်တစ်မှတ် ရရှိထားပြီး ဆဋ္ဌမမြောက် ခြံဝင်းငယ်တွင် အဆင့်လေး နေရာ၌ ရှိသည်။

"နှစ်ခုလုံး မဟုတ်ဘူး" လော်ရွှမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"မကြာသေးခင်က ဖန်ယုံက ဒီကျန်းမန်ကို တမင်သက်သက် ရန်ရှာနေပုံရတယ်"

"ဘာလို့လဲ။ သူတို့ကြားမှာ ကောင်းကင်နဲ့ မြေကြီးလောက် ကွာဟချက် ရှိနေတာ၊ ရန်ရှာနေစရာ လိုလို့လား"

ချန်ယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မသိဘူး၊ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေလည်း ဖြစ်နိုင်တာပဲ"

လော်ရွှမ်က တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။

"ဒါပေမယ့် ငါက ကျန်းမန်နဲ့ ရင်းနှီးအောင် နေပြလိုက်ရင်၊ သူက သေချာပေါက် ဂရုစိုက်လာလိမ့်မယ်၊ သူ့ရဲ့ စိတ်အာရုံတွေ တစ်စိတ်တစ်ပိုင်း ကုန်ဆုံးသွားလိမ့်မယ်။ ခုနစ်ဆယ်ပေးပြီး သူ့ရဲ့ ခြေလှမ်းတွေကို နှေးသွားအောင် လုပ်တာက မဆိုးပါဘူး။ ဖန်ယုံက အခြေခံ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ရှစ် ရောက်နေပြီ၊ သွေးကြောအင်အား ကျင့်စဉ်ကလည်း တိုးတက်လာပြီ။ မကြာခင် ငါနဲ့ ရမှတ် တူတော့မယ်"

"ဒါဆို နင်တို့က ပထမနဲ့ ဒုတိယ ဖြစ်သွားမှာပေါ့"

ချန်ယွီက ပြောလိုက်သည်။

"ဝင်ခွင့်ဆိုတာက အပြောင်းအလဲ အရမ်းများတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ဆဋ္ဌမမြောက် ခြံဝင်းငယ်အတွက် ဝင်ခွင့် သုံးနေရာ ရှိခဲ့တယ်။ ပြီးတော့ လူတိုင်းက သုံးနေရာလို့ ထင်နေချိန်မှာ ရုတ်တရက် နှစ်နေရာ ဖြစ်သွားတယ်။ တကယ်လို့ ဒီနှစ်မှာလည်း ရုတ်တရက် တစ်နေရာတည်း ဖြစ်သွားရင်ကော ဘယ်လိုလုပ်မလဲ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နေရင်းနဲ့ တခြားလူတွေရဲ့ ခြေလှမ်းကို နှေးသွားအောင် လုပ်တာကလည်း နည်းလမ်းကောင်း တစ်ခုပဲ။ ဝိညာဉ်ကျောက်တုံးတွေကိုလည်း အကျိုးရှိရှိ အသုံးချရမယ်"

"ဒါဆို လလယ် ရမှတ်စာရင်း ထွက်လာတဲ့အခါ ကျန်းမန်က သုညမှတ်ပဲ ဆက်ဖြစ်နေရင်ကော"

ချန်ယွီက မေးလိုက်သည်။

"လဝက်လောက်ဆိုရင် အကျိုးသက်ရောက်မှု တစ်ခုတော့ ရှိသွားလောက်ပါပြီ၊ နောက်ပိုင်း သူ့ကို ဆက်သုံးစရာ မလိုတော့ဘူး"

လော်ရွှမ်က ခပ်တိုးတိုး ဖြေလိုက်သည်။

"သူ တခြားဟာတွေ တွေးနေမှာကိုပဲ စိုးရိမ်ရတယ်"

"ဆင်းရဲတဲ့သူတွေက စိတ်ကူးယဉ်တတ်ကြတာ သဘာဝပဲလေ"

"ဒီကျန်းမန်ကတော့ အခုချိန်ဆို စိတ်ထဲမှာ အပျော်လုံးဆို့နေလောက်ပြီ"

သူတို့နှစ်ဦးသည် လမ်းလျှောက်ရင်း စကားပြောလာခဲ့ကြသည်။

မကြာမီပင် ချင်းယွင်ဆောင်မှ ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် ကျန်းမန်သည် အမှန်တကယ်ပင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

တစ်ရက်ကို သုံးဆယ်မှ ခုနစ်ဆယ်အထိ တက်သွားရာ၊ ဖက်တီးလေးပင် အားကျသွားခဲ့သည်။

ဟုတ်တာပေါ့၊ သူ အားကျတာက လော်ရွှမ်နှင့်အတူ အချိန်ဖြုန်းခွင့် ရသွားသည်ကို ဖြစ်သည်။

သို့သော် မထွက်ခွာမီ ဖက်တီးလေးက သူ့ကို စေတနာဖြင့် သတိပေးစကား တစ်ခွန်း ပြောခဲ့သည်။

လော်မိသားစုလို ချမ်းသာတဲ့ သခင်မလေးမျိုးက ဆင်းရဲသားလေးကို မျက်စိကျစရာ အကြောင်းမရှိဘူး။

တချို့လူတွေက ဆင်းရဲသားတွေကို လှောင်ပြောင်ရတာ သဘောကျတတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် သေချာ သိဖို့ လိုတယ်။

ပိုပြီးတော့ မလိုအပ်တာတွေ တွေးမနေနဲ့တဲ့။

ကျန်းမန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

သို့သော် လော်ရွှမ်တွင် ရည်ရွယ်ချက် တစ်ခုခု ရှိနေမည်မှာ သေချာသည်ဟု သူ တွေးမိသည်။

ဒါပေမယ့် အရေးမကြီးပါဘူး။

ဒီလူတွေအားလုံးကို ကျော်တက်နိုင်ရင်၊ အားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

ကျင့်ကြံမယ်

ထိုညတွင် ကျန်းမန်သည် ဝိညာဉ်စုဆောင်းခြင်း ခန်းမသို့ ထပ်သွားခဲ့သည်။

ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီးနောက် တာဝန်ခံ မျောက်ကို မနက်ဖြန်မှစ၍ မလာတော့မည့်အကြောင်း ပြောပြလိုက်သည်။

တစ်ဖက်လူကတော့ သိပ်ဂရုမစိုက်ပေ။

မျိုးစေ့ကောင်းလေး တစ်ခုအတွက် နှမြောစရာပါပဲ၊ ဆက်ပြီး ကြိုးစားရင် သေချာပေါက် အောင်မြင်လာမှာပါ၊ အစပိုင်းမှာ ခန္ဓာကိုယ် နည်းနည်း နေမကောင်းဖြစ်တာကို ဂရုမစိုက်နဲ့၊ ဒါတွေက အောင်မြင်ဖို့ လမ်းမှာ ကြုံရမယ့် အခက်အခဲတွေပါပဲ၊ ဒုက္ခခံနိုင်မှသာ အောင်မြင်ဖို့ လမ်းတိုကို ရမှာပါလို့ပဲ ပြောသွားတယ်။

ခန္ဓာကိုယ် ထိခိုက်မှုက အမှန်တကယ်သာ မဟုတ်ခဲ့လျှင်၊ ကျန်းမန်တောင် သူ့စကားကြောင့် ယုံသွားလောက်သည်။

နောက်ရက်များတွင် ကျန်းမန်သည် ဆဋ္ဌမမြောက် ခြံဝင်းငယ်၌ ညနေပိုင်းအထိ ကျင့်ကြံပြီးနောက်၊ လော်ရွှမ်နောက်သို့ လိုက်ကာ ချင်းယွင်ဆောင်ရှိ သူမ၏ နေထိုင်ရာ ခြံဝင်းငယ်သို့ သွားရောက် ကျင့်ကြံခဲ့သည်။

အစပိုင်းတွင် အခြားကိစ္စများ ရှိမည်လားဟု သူ စိုးရိမ်ခဲ့သော်လည်း၊ စကားတောင် ပြောစရာမလိုသည်ကို တွေ့ရသောအခါ စိတ်အေးချမ်းသာစွာဖြင့် ကျင့်ကြံလေတော့သည်။

တိုးတက်မှုနှုန်းက အရင်ကထက် အများကြီး ပိုမြန်လာသည်။

အထူးသဖြင့် လော်ရွှမ်၏ ခြံဝင်းငယ်တွင် ဝိညာဉ်စွမ်းအင်က ပိုမို ပေါများနေခြင်းကြောင့် ဖြစ်သည်။

တစ်ရက်ကို ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ် ရနေရတာက နည်းနည်းတော့ အားနာစရာ ကောင်းနေသလို ခံစားရပေမယ့်၊ ဒီအတွေးက တစ်ခဏလေးပဲ ပေါ်လာပြီး ချက်ချင်း ပျောက်သွားခဲ့ပါတယ်။

ခေါင်းကိုက်စရာ တစ်ခုတည်းသော ကိစ္စမှာ၊ ဖန်ယုံက သူ့ကို ကြည့်သည့် အကြည့်များက ပိုပိုပြီး အေးစက်လာခြင်း ဖြစ်သည်။

အထူးသဖြင့် မကြာသေးမီက ချန်သခင်လေးတို့ လူစုသည် ဆဋ္ဌမမြောက် ခြံဝင်းငယ်၏ အဆင့်သုံးနှင့် အတူတူ ဝင်ထွက်နေကြရာ၊ ဖန်ယုံက သူ၏ အခြေအနေ ဆိုးရွားလာရခြင်းမှာ ကျန်းမန်ကြောင့်ဟု ပို၍ ထင်မြင်လာပုံရသည်။

ကံကောင်းသည်မှာ တစ်ဖက်လူက စည်းမျဉ်းများကို စိုးရိမ်နေခြင်းပင်။ အကယ်၍ ကိုယ်ထိလက်ရောက် ကျူးလွန်မိပါက ဝင်ခွင့်ယှဉ်ပြိုင်ရန် အရည်အချင်း လွယ်လွယ်နှင့် ဆုံးရှုံးသွားနိုင်သည်။

ချန်သခင်လေးတို့ လူစုက ဖန်ယုံ ဒေါသထွက်ပြီး လူရွှင်တော်လို ဖြစ်နေသည်ကို တမင်သက်သက် ကြည့်ချင်နေပုံရသည်။

ဖန်ယုံက သူ့အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မည့်အချိန်ကိုသာ စောင့်နေကြသည်။

အထူးသဖြင့် သူ့ကို လော်ရွှမ်က ငှားရမ်းလိုက်ခြင်းက ဖန်ယုံကို ပို၍ ဒေါသထွက်စေခဲ့သည်။

သူ အမုန်းဆုံး လူက သူဌေးသမီးလေးနဲ့ သွားပတ်သက်နေတာကိုး။

ဒါက ချန်သခင်လေးတို့ရဲ့ လျစ်လျူရှုခံရတာထက် ပိုပြီး ခံရခက်စေတယ်။

ထိုအကြောင်း တွေးမိသောအခါ ကျန်းမန် ရုတ်တရက် သဘောပေါက်သွားသည်။

ဒီလော်ရွှမ်က သူ့ကိုသုံးပြီး ဖန်ယုံကို ဒေါသထွက်အောင် ဆွပေးနေတာများလား။

အဆင့်တစ် နေရာအတွက် ယှဉ်ပြိုင်ရတာက အမြဲတမ်း ရက်စက်လေ့ရှိတယ်။

ဘာပဲဖြစ်ဖြစ် အဆင့်တစ် နေရာကမှ ပိုပြီး သေချာတယ်လေ။

လလယ် ရမှတ်အသစ် ထွက်လာတဲ့အခါ၊ ဖန်ယုံက ပိုပြီး ဒေါသထွက်လာနိုင်တယ်။

တကယ်လို့ ဒေါသကို မထိန်းနိုင်ရင်၊ ကိုယ်ထိလက်ရောက် ကျူးလွန်လာမလား မသိဘူး။

အဲဒီလိုဆိုရင် အနစ်နာခံရမှာက သူပဲ ဖြစ်လိမ့်မယ်။

နှမြောစရာကောင်းတာက သွေးကြောအင်အား ကျင့်စဉ်ကို ရမှတ်နဲ့ လဲလှယ်ရမှာ ဖြစ်လို့ပါ။

ဒါကြောင့် သူ့အနေနဲ့ အစွမ်းအစတွေကို ဖုံးကွယ်ထားလို့ မရတော့ဘူး။

ထို့အပြင် လော်ရွှမ်၏ နေထိုင်ရာတွင်လည်း မှတ်တမ်းတင်စရာ ဘာမှမရှိသဖြင့် အနည်းငယ် နှမြောစရာ ကောင်းလှသည်။

ထို့နောက် ကျန်းမန်သည် ပုံမှန်အတိုင်းပင်၊ မနက်ပိုင်းတွင် မြင်းတင်းကုပ်ကို သန့်ရှင်းရေးလုပ်ပြီး ဆရာများ၏ သိုင်းပညာရပ် သင်ကြားပို့ချမှုများကို နားထောင်ခဲ့သည်။

နေ့လည်ပိုင်းတွင် သူ့အစီအစဉ်အတိုင်း ကျင့်ကြံခြင်းကို အပြီးသတ်သည်။

ညပိုင်းတွင် လော်ရွှမ်ထံသို့ လာရောက်ကျင့်ကြံကာ နေ့စဉ် ဝိညာဉ်ကျောက်တုံးများ ရယူခဲ့သည်။

စက်တင်ဘာ ၁၄ ရက်နေ့အထိ….

မနက်ဖြန် ၁၅ ရက်နေ့တွင် အကဲဖြတ်စစ်ဆေးမှု စတင်မည်။

၁၇ ရက်နေ့တွင် ရမှတ်နှင့် အဆင့်များ ထွက်ပေါ်လာမည်။

ထိုနေ့ ညနေပိုင်းတွင်၊ ကျန်းမန်သည် သိုင်းပညာရပ် မွေးရာပါချီကို အသုံးပြု၍ နတ်ခြေလှမ်း ကျင့်စဉ်ကို စတင် ကျင့်ကြံနေပြီ ဖြစ်သည်။

သို့သော် ဖက်တီးလေးက ကျန်းမန်ကို ကြည့်ကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

"ရှောင်ကျန်း၊ ဒီရက်ပိုင်း ပင်ပန်းနေမှာပဲ။ ငါ့ကို လိုက်မီဖို့ အရမ်း ခက်ခဲနေတယ် မလား။"

ကျန်းမန် မျက်လုံးပြူးသွားသည်။ မနေ့ကမှ အစ်ကိုကျန်း၊ ဒီနေ့ကျ ရှောင်ကျန်း ဖြစ်သွားပြန်ပြီလား။

All Chapters