စကားပြောတတ်တဲ့ နွားဝါကြီး၊ အဝတ်အစားတွေ ခိုးမိလို့ ဆိုးရွားသွားတဲ့ကိုယ့်ရဲ့ ကံကြမ္မာ၊ ပြီးတော့ အဓမ္မ လက်ထပ်လိုက်ရတဲ့ အင်မော်တယ်မလေး...။ ဒီလို အခြေအနေတွေကြားထဲ ရောက်လာတဲ့ ကျန်းမန် တစ်ယောက် လောကသစ်ကို ကူးပြောင်းလာရတာကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဒါပေမယ့် သူ အသက်ရှင်ဖို့ ကြိုးစားလေ၊ ကံကြမ္မာက သူ့ကို ပိုပြီး ထောင်ချောက်ဆင်လေ ဖြစ်နေသည်။ သူ့ကို ပြိုင်ဘက်ကင်း ပါရမီရှင်လို့ တံဆိပ်ကပ်ထားတဲ့ ကံကြမ္မာဇယားက သူ့ကို အနားမပေးဘဲ အသက်လုနေရအောင် လုပ်နေကာ ကျင့်ကြံရတာ ရေသောက်သလို လွယ်တယ်လို့ ပြောပေမယ့်၊ တကယ်တမ်းတော့ နေ့စဉ်နေ့တိုင်း သေမင်းရဲ့ ခြေလှမ်းတွေကို ခံစားနေရလေသည်။ အင်မော်တယ်လမ်းစဉ်က ကြမ်းတယ်၊ ဒါပေမယ့် သူ့ကံကြမ္မာက ပိုကြမ်းတယ်။ စွမ်းအားအလွန်ကြီးမားတဲ့ အင်မော်တယ်မလေးက သူ့ကို လိုက်လံ သတ်ဖြတ်တော့မယ့် အချိန်မှာ၊ ကျန်းမန် တစ်ယောက် ဒီလမ်းစဉ်ကို ဘယ်လိုများ ရုန်းကန်ပြီး အဆုံးသတ်သွားမလဲ။ "ငါ့ရဲ့ အောင်မြင်မှုအားလုံးက ကိုယ်ပိုင်ကြိုးစားမှုကြောင့်ပါ" ခပ်တည်တည်ပုံစံ ဟာသလေသံနဲ့ အသက်လုနေရတဲ့ ကျန်းမန်ရဲ့ ခရီးစဉ်ကို ဆက်လက် ရှုစားကြပါ။

