← Chapters

အခန်း ၁၁၂

Vol. 8 Ch. 112

အခန်း ၁၁၂

Vol. 8 Ch. 112

အခန်း (၁၁၂) စာမေးပွဲ အဆင့်သတ်မှတ်ချက် ကြေညာခြင်း

ဖေဖော်ဝါရီလ နောက်ဆုံးရက်တွင် ကျန်းမန် ရောက်လာချိန်၌ အခြားသူများအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

ဆရာမ ယန်လည်း ရောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ အနည်းငယ် အံ့ဩသွားပြီး မိမိနေရာသို့ အမြန် သွားထိုင်လိုက်ရသည်။

သို့သော် လမ်းတစ်လျှောက် လျှောက်လာစဉ် အသစ်ရောက်လာသော ထိုလူများမှာ တက်ကြွလန်းဆန်းနေကြသည်ကို တွေ့လိုက်ရသဖြင့် နောက်ထပ် စာမေးပွဲအတွက် အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု ရှိနေကြပုံရသည်။

ထိုအထဲတွင် ဝေ့ပေ့ချွမ်၏ မျက်လုံးများက အတောက်ပဆုံး ဖြစ်သည်။ စာမေးပွဲကို မျှော်လင့်နေပုံရသည်။

ကျိုးပုဖန် တို့မှာမူ လူတိုင်း၏ စိတ်ဓာတ်များ အနည်းငယ် ကျဆင်းနေပြီး ခန္ဓာကိုယ်များမှာလည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသည်။ ပါးစပ်မှလည်း ဒီည အဆောင်တွေ ဆေးလုံးတွေနဲ့ အိပ်ရေးမဝတာကို ဖြေရှင်းရမယ် ဟု ရေရွတ်နေကြသေးသည်။

သူတို့က ညအိပ်ပျက်ခံမည့် နည်းလမ်း တစ်ခုကို ရှာတွေ့သွားပုံရသည်။

"မနက်ဖြန် စာမေးပွဲ စစ်မယ်၊ ဒီတစ်ခေါက် စာမေးပွဲ ပြီးရင် လဝက်တိတိ အနားပေးမယ်"

ယန်ရိချိုးက အောက်ရှိ လူအားလုံးကို ကြည့်ကာ ပြောလိုက်သည်။

"စာမေးပွဲမှာ ထိပ်ဆုံး သုံးယောက်က အရင်အတိုင်းပဲ ဆရာတင်ခွင့် ဖိတ်စာ ရလိမ့်မယ်၊ ဒါပေမယ့် ထိပ်ဆုံး ဆယ်ယောက်ကလည်း အခွင့်အရေး ရနိုင်တယ်၊ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်က နေရာ တစ်ခု လွတ်သွားလို့ပဲ"

"နောက်တစ်ခုက ဒီတစ်ခေါက် စာမေးပွဲမှာ ပထမရတဲ့သူက ပြန်လည်ကျင့်ကြံရေး ခြံဝင်းငယ်မှာ ခုနစ်ရက် သွားပြီး စာသင်ပေးရမယ်"

ထိုစကားကို ကြားသော် ကျန်းမန် အနည်းငယ် အံ့ဩသွားသည်။

ပြန်လည်ကျင့်ကြံရေး ခြံဝင်းငယ်မှာ စာသွားသင်ရမယ်။

ဒါဆို ခုနစ်ရက်တောင် အချိန်ကုန်သွားမှာပေါ့။

ဒါက လုံးဝ သည်းခံနိုင်စရာ အကြောင်းမရှိဘူး၊ သူ ငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ခုနစ်ရက် မကျင့်ကြံဘဲ နေလိုက်လျှင် အလွယ်တကူ ကျော်တက်ခံရနိုင်ပေသည်။ ထိုလူများက မကျော်တက်နိုင်လျှင်တောင် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက သေချာပေါက် ကျော်တက်သွားလိမ့်မည်။

"ဒါပေမယ့် ငြင်းပယ်ဖို့ ရွေးချယ်လို့လည်း ရပါတယ်၊ တကယ်လို့ သဘောတူမယ် ဆိုရင်တော့ ပြန်လည်ကျင့်ကြံရေး ခြံဝင်းငယ်က စာသင်ကြားခအတွက် ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးပါလိမ့်မယ်"

ယန်ရိချိုးက ထပ်ပြောလိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားပြီး ခန္ဓာကိုယ်ကို မတ်မတ် ပြင်ထိုင်လိုက်သည်။

နောက်တစ်ခါကျလျှင် သူများ ပြောသောစကားကို ဆုံးအောင် အရင် နားထောင်သင့်သည်ဟု သူ ထင်လိုက်သည်။ စကားတစ်ဝက်တစ်ပျက်နှင့် ဆုံးဖြတ်ချက်ချရန် မသင့်တော်ပေ။ ပြင်ရမည်။

"နောက်တစ်ခုက ခြံဝင်းငယ် သုံးခု စာမေးပွဲက ရှစ်လပိုင်း အကုန်မှာ ရှိတယ်၊ တကယ်လို့ ရလဒ်တွေ အရမ်း ကောင်းမယ် ဆိုရင် တောင်ထွတ် ခုနစ်ခု စာမေးပွဲမှာ ပါဝင်နိုင်တယ်၊ တကယ်လို့ မင်းတို့မှာ အဲဒီလို ရည်မှန်းချက်မျိုး ရှိတယ် ဆိုရင်တော့ စောစောစီးစီး ပြင်ဆင်ထားမှ ရမယ်"

ယန်ရိချိုးက ကျန်းမန်ကို ကြည့်ကာ တိုက်ရိုက် ပြောလိုက်သကဲ့သို့ပင်။

သို့သော် ကျန်းမန်တွင်မူ ထိုသို့သော ရည်မှန်းချက်မျိုး မရှိချေ။

ပြင်ပဂိုဏ်း တောင်ထွတ် ခုနစ်ခု၏ ပြိုင်ပွဲက လျှို့ဝှက်နယ်မြေ ရွေးချယ်ရေး ပြိုင်ပွဲလောက် မကောင်းပေ။

ယန်ရိချိုးက ကျန်းမန်၏ အမူအရာကို ကြည့်ကာ အတော်လေး သိချင်စိတ် ဖြစ်သွားသည်။

"ကျန်းမန်၊ မင်း စိတ်မဝင်စားဘူးလား"

ကျန်းမန် ခေါင်းညိတ်လိုက်သည်။

"စိတ်မဝင်စားပါဘူး"

"အရည်အချင်း မလုံလောက်လို့လား"

"သူတို့ကို နောက်ထပ် တစ်နှစ်လောက် ထပ်ပြီး ကျင့်ကြံခိုင်းလိုက်ပါဦးမယ်၊ မဟုတ်ရင် ကျွန်တော်က အနိုင်ကျင့်တယ်လို့ ပြောနေကြဦးမယ်"

"မင်းက တကယ်ကို နည်းနည်းလေးမှ မနှိမ့်ချတတ်ဘူးပဲ၊ စကားမှားသွားမှာကိုတောင် မကြောက်ဘူးလား"

ကျန်းမန်က ပြုံးရုံသာ ပြုံးပြလိုက်သည်။

ပါရမီက ဤမျှ ကြီးမားနေပြီဖြစ်ရာ သူက ရွယ်တူများကို အထင်သေး၍ မဟုတ်ပေ။

ယန်ရိချိုးကလည်း သိပ်ဂရုမစိုက်တော့ဘဲ ဆက်ပြောသည်။

"ဒီနှစ် အသုတ်ထဲမှာ ပါရမီရှင်တွေ တော်တော် များတယ်၊ ထောင်ယွမ်တောင်ထွတ်မှာ တစ်ယောက် ရှိတယ်၊ ချစ်ရွှေတောင်ထွတ် ဘက်မှာလည်း တစ်ယောက် ရှိတယ်"

"နောက်ပြီး ခြံဝင်းငယ် သုံးခု ပြိုင်ပွဲဆိုတာ ပြိုင်ဘက်က နဝမမြောက် ခြံဝင်းငယ်က တပည့်တွေချည်းပဲ မဟုတ်ဘူး"

"သတ္တမမြောက် ခြံဝင်းငယ်၊ အဋ္ဌမမြောက် ခြံဝင်းငယ် တွေလည်း ပါဝင်တယ်"

"မင်းရဲ့ ပြိုင်ဘက်တွေက နည်းနည်းလေးမှ မနည်းဘူး"

"မင်းက ဒီလောက်တောင် ဆင်းရဲနေတာ၊ သိုင်းပညာရပ်က တစ်ဆင့်မက နိမ့်ကျနေလိမ့်မယ်"

ထိုစကားကို ကြားသော် ကျန်းမန်လည်း ဟုတ်သည်ဟု ထင်လိုက်သည်။

"ဆရာမ ယန်၊ သိုင်းပညာရပ်တွေကို ဘယ်ကနေ ရနိုင်မလဲ"

"အစပျိုးအဆင့်၊ အစပိုင်းအဆင့်၊ အလယ်အလတ်အဆင့် အားလုံးမှာ တစ်ခုစီ ထုတ်ယူလို့ ရတယ်၊ သိုင်းပညာရပ် ဖြန့်ဝေရေး ဌာနကို သွားလိုက်ရုံပဲ"

ယန်ရိချိုးက ခဏရပ်ပြီးနောက် ဆက်ပြောသည်။

"တကယ်လို့ နောက်ထပ် သိုင်းပညာရပ်တွေကို လိုချင်တယ် ဆိုရင်တော့ မင်းရဲ့ ရင်းနှီးမြှုပ်နှံသူက နည်းလမ်း ရှာပေးမလား ဆိုတာကိုပဲ ကြည့်ရမှာပေါ့"

"ဒါမှမဟုတ်ရင်လည်း ဝယ်ရမှာပေါ့၊ အမျိုးအစားတွေကတော့ အများကြီးပဲ"

"ဈေးကြီးတာ တစ်ခုပဲ ရှိတယ်"

ကျန်းမန် ခေါင်းညိတ်လိုက်သည်။

ယွီစီနီယာကတော့ တကယ်ပဲ နည်းလမ်း ရှာပေးခဲ့သည်။ ကြည့်ရသည်မှာ အတော်လေး ကောင်းမွန်သော ကျင့်စဉ်၊ သိုင်းပညာရပ် ဖြစ်ပုံရသည်။ ဝယ်ယူရန် ဆိုသည်မှာမူ ကျန်းမန်တွင် နည်းလမ်း မရှိချေ။ ကျင့်ကြံခြင်းက ဝိညာဉ်ကျောက်တုံးများ အလွန်အမင်း ကုန်ကျလွန်းသည်။

အခြားကိစ္စ အနည်းငယ်ကို မှာကြားပြီးနောက် ယန်ရိချိုးက အတန်းဆင်းလိုက်သည်။

ဤတစ်ကြိမ် အနားပေးပြီးနောက် အဆင့်သတ်မှတ်ချက်အလိုက် နေရာများကို ပြန်လည် စီစဉ်မည်ဖြစ်ကြောင်းနှင့် အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်သုတ်လည်း နဝမမြောက် ခြံဝင်းငယ်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သူမက ပြောခဲ့သည်။

ထိုအချိန်ကျလျှင် နဝမမြောက် ခြံဝင်းငယ်မှ လူများ အားလုံး စုံလင်သွားပြီ ဖြစ်သည်။

ယန်ရိချိုး ထွက်သွားပြီးနောက် ကျန်းမန်လည်း မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ဝေ့ပေ့ချွမ်ကမူ သူ့ကို စိုက်ကြည့်နေဆဲပင်။

ကျန်းမန်က သူ၏နေရာအစွန်းတွင် ပထမဆုံးအကြိမ် ရပ်လိုက်ပြီး မေးလိုက်သည်။

"ငါ့ရဲ့ ပထမနေရာကို လိုချင်နေတာလား"

"အရည်အချင်း ရှိတဲ့သူပဲ ရမှာပေါ့"

ဝေ့ပေ့ချွမ် က ပြောလိုက်သည်။

ကျန်းမန် ပြုံးလိုက်သည်။

"မင်း ငါ့ကို ဘယ်တော့လောက် ကျော်တက်နိုင်မယ်လို့ ထင်လဲ"

"ရှစ်လပိုင်း၊ နှစ်ပတ်လည် စာမေးပွဲ"

ဝေ့ပေ့ချွမ် က အလေးအနက် ပြောလိုက်သည်။

"အဲဒီအချိန်ကျရင် မင်း အစွမ်းကုန် ကြိုးစားဖို့ မျှော်လင့်ပါတယ်"

ကျန်းမန်က ခေါင်းခါပြလိုက်ပြီး အတော်လေး နှမြောသွားသည်။

အဘယ်ကြောင့်ဆိုသော် သူ ပါဝင်၍ မရနိုင်သောကြောင့်ပင်။

သို့သော် ဤလတွင်တော့ ပထမနေရာ၏ အလင်းရောင်ကို တစ်ဖက်လူအား ခံစားခွင့် ပြုနိုင်ပေသည်။

ထိုအချိန်တွင် နောက်ဘက်မှ ကျောက်ယောင်ယောင်က လျှောက်လာပြီး ဝေ့ပေ့ချွမ် ကို ပြောလိုက်သည်။

"နင် နောင်တရလိမ့်မယ်"

ဝေ့ပေ့ချွမ် က ပြန်လည် မချေပခဲ့ပေ၊ သူက သူခံစားရသည်များနှင့် သူမြင်တွေ့ရသည်များကိုသာ ယုံကြည်သည်။

ဒုတိယအနေဖြင့် နောက်ပိုင်း စာမေးပွဲ အဆင့်သတ်မှတ်ချက်များကို သူ ယုံကြည်သည်။

နောင်တရမည်လား၊ မရဘူးလား ဆိုသည်ကို... အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ရုံဖြင့် သိနိုင်ပေမည်။ ယခုအချိန်တွင် အများကြီး ပြောနေခြင်းက အလကားပင် ဖြစ်သည်။

"အရင်တုန်းက ငါတို့လည်း ပါရမီရှင်တွေပါပဲ၊ ဒါပေမယ့် ကျန်းမန်ကို မြင်တဲ့အချိန်မှာတော့ ငါတို့လည်း ပါရမီရှင် ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်တော့တယ်"

ကျောက်ယောင်ယောင်က ဝေ့ပေ့ချွမ် ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"နင် အစွမ်းထက်တယ် ဆိုတာကို ငါ သိပါတယ်၊ ဒါပေမယ့် ပါရမီရှင်နဲ့ ပါရမီရှင် ကြားမှာလည်း ကွာဟချက် ဆိုတာ ရှိသေးတယ်"

ထို့နောက် ကျောက်ယောင်ယောင် လှည့်ထွက်သွားခဲ့သည်။

ကျန်းမန်က တစ်ဖက်လူကို ကြည့်ရင်း တတိယနေရာလောက်လေးက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောပြင်ကြီးကို ဘယ်လိုများ ချန်ထားခဲ့နိုင်တာလဲ ဟု ခံစားလိုက်ရသည်။

သူ့ရဲ့ နာမည်ကျော်ကြားမှုကို လုယူသွားတာပဲ။

သို့သော် သူလည်း သိပ်ဂရုမစိုက်တော့ဘဲ လှည့်ထွက်လာခဲ့သည်။

ဤကိစ္စကို စိတ်ထဲ သိပ်မထားခဲ့ချေ။ အခြားသူများ ယုံကြည်မှု ရှိနေခြင်းက သူတို့၏ အမှား မဟုတ်ပေ။

သူတို့က သူ့အလင်းရောင် လွှမ်းခြုံထားသော နယ်ပယ်ထဲတွင် မရှိသေးသောကြောင့်သာ ဖြစ်သည်။

သူ၏ အလင်းရောင်က အလုံအလောက် မတောက်ပသေးသော သူ၏ အမှားပင် ဖြစ်သည်။

သူတို့ ရှိနေသည့် ကမ္ဘာမြေပေါ်သို့ မရောက်ရှိသေးခြင်းသာ ဖြစ်၏။

ဝေ့ပေ့ချွမ် ကတော့ တည်ငြိမ်နေဆဲပင်။ သူ၏ အခြေခံ၊ ဓနအင်အား၊ ပါရမီ အားလုံးက သူ ပထမနေရာကို ရယူနိုင်မည့် အားကိုးရာများပင် ဖြစ်သည်။

နောက်တစ်နေ့တွင် စာမေးပွဲ စတင်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ကျန်းမန်မှာ ပထမဆုံးအကြိမ် စာမေးပွဲ ဖြေဆိုစဉ်ကကဲ့သို့ အခက်အခဲ မရှိတော့ချေ။

ပထမနေ့တွင် ခန္ဓာကိုယ်နှင့် စိတ်အာရုံ အကြောင်းဖြစ်သည်။ သူက အကြောင်းအရာ အတော်များများကို ရေးနိုင်ခဲ့သည်။

ဘာသာရပ် နှစ်ခုပေါင်းလျှင် အနည်းဆုံး အမှတ် သုံးဆယ်တော့ ရနိုင်လောက်သည်။

အရင်ကတော့ ဆယ်မှတ်လောက်ပဲ ရနိုင်ခဲ့တာ။

ဒုတိယနေ့…..

ကျင့်ကြံမှုအဆင့်နှင့် ဝှက်ထားသော ဝိညာဉ်စွမ်းအင် အကြောင်းကို စစ်ဆေးသည်။

ဝှက်ထားသော ဝိညာဉ်စွမ်းအင်၏ တိုးတက်မှုက အခြေခံအားဖြင့် မရှိသလောက်ပင်။ ဝှက်ထားသော ဝိညာဉ်စွမ်းအင် အမှတ်များက ရယူရန် လွယ်ကူသော်လည်း တိုးတက်အောင် လုပ်ရန်မှာမူ ထူးဆန်းစွာပင် ခက်ခဲနေကြောင်း ကျန်းမန် တွေ့ရှိခဲ့ရသည်။

နင်းယွမ်ကျင့်စဉ် အဆင့်ကြောင့် ဖြစ်နိုင်ပေသည်။

အဆင့်ကိုး နင်းယွမ်ကျင့်စဉ်က ဤမျှ အရည်အသွေးသာ ရှိသည်။

ကျင့်ကြံမှုအဆင့် တက်လာလျှင်တောင် ဘာမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

အမှတ်က အများကြီး တက်လာမည် မဟုတ်ချေ။

နောက်ပိုင်းတွင် အမှတ်တိုးရန် အတော်လေး ခက်ခဲပေမည်။

စုစုပေါင်း အမှတ် လေးရာတွင် ဝှက်ထားသော ဝိညာဉ်စွမ်းအင် အမှတ်မှလွဲ၍ အခြားအမှတ်များက တိုးတက်ရန် အလွန် ခက်ခဲလှသည်။

စာမေးပွဲ ပြီးဆုံးသွားပြီ။

ချောင်ချန်က ကျန်းမန်အနားသို့ လာကာ စာမေးပွဲ ဖြေဆိုမှု အခြေအနေကို မေးမြန်းလိုက်သည်။

ကျန်းမန် ခေါင်းခါပြလိုက်သည်။

မကျေနပ်သေးဘူးပေါ့။

အမှတ်တက်တာ အရမ်း နည်းလွန်းတယ်။

သုံးလတာ အချိန်အတွင်းမှာ အမှတ် သိပ်မတက်ခဲ့ဘူး။

"နောက်ပိုင်းမှာ အမှတ်တက်ဖို့က တကယ်ပဲ နှေးသွားတယ်၊ ဆယ်မှတ်လောက် တက်ရင်တောင် တော်တော်လေး စွမ်းနေပြီလို့ ပြောလို့ ရတယ်"

အန်းရုံက ပြုံးလျက် ဖြေသိမ့်ပေးလိုက်သည်။

ချောင်ချန်ကလည်း ပြုံးလျက် ဖြေသိမ့်ပေးသည်။

"ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် အမှတ်က လုံလောက်အောင် မြင့်နေပြီပဲ"

ဖြေသိမ့်ပေးသည်ဆိုသော်လည်း သူတို့၏ အပြုံးများက အလွန် ပျော်ရွှင်နေပုံရသည်။

ဒီလူနှစ်ယောက်ကို မှတ်စုစာအုပ်ထဲမှာ မှတ်ထားမိတာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူးလို့ ကျန်းမန် အမြဲတမ်း ခံစားနေရတယ်။

ထို့နောက် ချောင်ချန်က ဝေ့ပေ့ချွမ် ၏ အနားသို့ သွားကာ စာမေးပွဲ ဖြေဆိုမှု အခြေအနေကို မေးမြန်းလိုက်သည်။

ဝေ့ပေ့ချွမ် က တည်ငြိမ်စွာ ပြောလိုက်၏။

"ပုံမှန်ပါပဲ"

ထိုစကားကို ကြားသော် ချောင်ချန်ပင် မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား။

အန်းရုံပင် စိုးရိမ်လာခဲ့သည်။

သူမ၏ ပဉ္စမနေရာက မလုံခြုံတော့ဘူးလား။

နောက်တစ်နေ့

တစ်ဦးချင်းစီ၏ စာရွက်များ ရောက်ရှိလာသည်။

အန်းရုံက သူမ၏ အဆင့်သတ်မှတ်ချက်ကို ကြည့်ပြီး ကြောင်အမ်းသွားခဲ့သည်။

မတ်လ ၃ ရက်နေ့

ဝူယွင်ဂိုဏ်း

ပြင်ပဂိုဏ်း ယွန်းရှာတောင်ထွတ်

အခြေခံတည်ဆောက်ခြင်း အရှေ့ခြံဝင်း၊ နဝမမြောက် ခြံဝင်းငယ်

အမည် - အန်းရုံ

အဆင့်သတ်မှတ်ချက် - ၆ (စုစုပေါင်း ၃၆ ယောက်)

ကျင့်ကြံမှုအဆင့် - အခြေခံတည်ဆောက်ခြင်း အစပျိုး

ခန္ဓာကိုယ် - အဆင့်တစ် အစပျိုး

စိတ်အာရုံ - အဆင့်တစ် အစပျိုး

အရန် လမ်းကြောင်း - မရှိ

ဝှက်ထားသော ဝိညာဉ်စွမ်းအင် - အောက်အဆင့်

ရရှိသော အရင်းအမြစ်များ - အခြေခံ နင်းယွမ်ကျင့်စဉ်၊ အခြေခံ ခန္ဓာကိုယ်ကျင့်စဉ်၊ အခြေခံ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်။

ရမှတ် - ၅၂

မှတ်ချက် - ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက အဆင့်သတ်မှတ်ချက် ကျဆင်းသွားသဖြင့် ပိုမို ကြိုးစားရန် လိုအပ်သည်။

ဆဋ္ဌမနေရာ အဆင့်သတ်မှတ်ချက်ကို ကြည့်ရင်း အန်းရုံက ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။

တကယ်ပဲ ကျသွားပြီ။

"အဆင့်သတ်မှတ်ချက် ဆိုတာ ဒီလိုပါပဲ၊ တစ်ယောက်က တိုးတက်သွားရင် နောက်တစ်ယောက်က ဆုတ်ယုတ်သွားတာပဲ၊ ဒါပေမယ့် ယေဘုယျ ရမှတ်တွေကတော့ မဆိုးပါဘူး"

"ထိပ်ဆုံး သုံးယောက်ရဲ့ ဆုလာဘ်နဲ့ ပထမနေရာရဲ့ စာသင်ကြားခွင့်က လွဲရင်၊ ကျန်တဲ့သူတွေ အကုန်လုံး လဝက်တိတိ အနားပေးမယ် စိတ်အေးလက်အေး အနားယူကြပါ အရမ်းကြီး လောနေစရာ မလိုပါဘူး"

"နေ့လယ်ကျရင် အဆင့်သတ်မှတ်ချက် ကြေညာမယ်"

"နောက်တစ်ခုက ခြံဝင်းငယ်ရဲ့ အဆင့်သတ်မှတ်ချက်ကို အပြင်ကို မပြောရဘူး"

"အတန်းဆင်းပြီ"

ယန်ရိချိုးက ပြောလိုက်သည်။

အတန်းဆင်းပြီဖြစ်သော်လည်း လူအများစုမှာ လှုပ်ရှားခြင်း မရှိကြချေ။

အန်းရုံက ဘေးနားရှိ ချောင်ချန်ကို ကြည့်ကာ မေးလိုက်သည်။

"နင်ကော ကျသွားလား"

"ကျသွားတယ်"

ချောင်ချန်၏ မျက်နှာကလည်း မကောင်းလှပေ။

ထို့နောက် သူတို့က ဒုတိယနေရာနှင့် တတိယနေရာကို ကြည့်လိုက်ကြသည်။

ကျိုးပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒုတိယနေရာမှာ အခိုင်အမာ ရပ်တည်နေဆဲပါပဲ"

ကျောက်ယောင်ယောင်ကလည်း ပြုံးရွှင်လျက် ပြောလိုက်၏။

"တတိယနေရာက တုန်လှုပ်မှု မရှိပါဘူး"

သူတို့၏ အပြုံးများကို ကြည့်ရုံဖြင့် ဤလူနှစ်ယောက်က မိမိတို့၏ အဆင့်သတ်မှတ်ချက်အပေါ် အလွန် ကျေနပ်နေကြကြောင်း ချောင်ချန်တို့ သိလိုက်ရသည်။

ထို့ကြောင့် ပထမသုံးနေရာက မပြောင်းလဲဘဲ၊ စတုတ္ထနှင့် ပဉ္စမနေရာက နောက်ကို တစ်နေရာစီ ဆုတ်သွားတာပေါ့။

ချက်ချင်းပင် သူတို့က အကြည့်များကို ဝေ့ပေ့ချွမ်ထံသို့ ရွှေ့လိုက်ကြသည်။

အန်းရုံ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ရောက်လာလာချင်း အဆင့်လေးလား၊ ဒီလောက်တောင် စွမ်းနေတာလား"

"ရောက်လာလာချင်း အမှတ် ငါးဆယ်ကျော်တောင် ရတယ်၊ ဒါက ပထမဆုံး အကြိမ်မှာ ကိုးဆယ့်ရှစ်မှတ် ရခဲ့တဲ့ ပထမနေရာ ပြီးရင် အမြင့်ဆုံးပဲ"

ချောင်ချန်က သက်ပြင်းချကာ ပြောလိုက်သည်။

"ကြည့်ရတာ မကြာခင် ဒုတိယနေရာက လူစားလဲရတော့မယ် ထင်တယ်"

ကျိုးပုဖန်မှာ ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။

ပိုကြိုးစားမှ ရတော့မယ်။

ညအိပ်ပျက်ခံပြီး ကျင့်ကြံတာက မှန်တယ်ဆိုတာ လက်တွေ့ သက်သေပြနေတာပဲ။

တခြားသူတွေ အိပ်နေချိန်မှာ သူက ကျင့်ကြံတယ်၊ တခြားသူတွေ ရပ်နေချိန်မှာ သူက ရှေ့ကို ဆက်သွားနေတယ်။

သူ မနားသရွေ့ တခြားသူတွေက သူ့ကို ကျော်တက်ဖို့ အခွင့်အရေး မရှိဘူး။

ထို့နောက် ချောင်ချန်တို့ နှစ်ဦးက ဝေ့ပေ့ချွမ်၏ အနားသို့ ကပ်သွားကာ မေးလိုက်သည်။

"မင်းက အဆင့်လေးလား"

အန်းရုံက ဆက်ပြောသည်။

"တကယ်ကို စွမ်းတာပဲ၊ ငါက အဆင့်ငါး ကနေ အောက်ကို ရောက်သွားပြီ"

"တကယ်ကို လေးစားစရာပဲ၊ ငါလည်း အဆင့်လေး ကနေ အဆင့်ငါးကို ရောက်သွားပြီ"

ချောင်ချန်က ဝင်ပြောလိုက်သည်။

ဝေ့ပေ့ချွမ်က မျက်လွှာချထားပြီး သူတို့ကို မကြည့်သလို သူတို့ ပြောစကားများကိုလည်း နားမထောင်ချင်ချေ။

ထို့နောက် သူက တိတ်ဆိတ်စွာ မတ်တပ်ရပ်ကာ အပြင်သို့ လျှောက်သွားခဲ့သည်။

သူက လက်ထဲမှ စာရွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများထဲတွင် ပြင်းထန်သော မကျေနပ်မှုများနှင့် တွေဝေမှုများ အပြည့် ရှိနေသည်။

လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ရောက်မှသာ သူ၏ အချက်အလက်များကို ကြည့်ရှုလိုက်သည်။

ထိုအပေါ်ရှိ အဆင့်သတ်မှတ်ချက် စာကြောင်းတွင် အလွန် ရှင်းလင်းစွာ ရေးသားထားသည်။

အဆင့်သတ်မှတ်ချက် - ၁၈ (၃၆)

ထိပ်ဆုံး ဆယ်ယောက်စာရင်းဆိုတာ ဝေးစွ၊ ထိပ်ဆုံး ဆယ့်ငါးယောက်စာရင်းတောင် မဝင်ခဲ့ဘူး။

ဒါက သူ မျှော်မှန်းထားတဲ့ အဆင့်သတ်မှတ်ချက်နဲ့ လုံးဝ မတူဘူး။

ယုတ္တိအရဆိုလျှင် အဋ္ဌမနေရာ လောက်တော့ ဖြစ်သင့်တာပေါ့။

ခုနက အန်းရုံနဲ့ ချောင်ချန်ရဲ့ စကားတွေက သူ့ကို ပိုပြီး နာကျင်စေတယ်။

တစ်ယောက်က ပဉ္စမနေရာ၊ နောက်တစ်ယောက်က ဆဋ္ဌမနေရာ။

သူ့ရဲ့ အဆင့်သတ်မှတ်ချက်ကို လာပြီး လေးစားနေကြတယ်လေ။

တစ်ခဏအတွင်းမှာ သူက မြေကြီးထဲ တိုးဝင်သွားချင်စိတ်တောင် ပေါက်သွားတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူက သူ့ကိုယ်သူ ပြန်လည် နှစ်သိမ့်နိုင်ခဲ့တယ်၊ သူက အမြဲတမ်း ဖြည်းဖြည်းချင်း အခြေခံကို ခိုင်မာအောင် လုပ်လာခဲ့တာလေ။

အဲဒီလူတွေရဲ့ အစွမ်းအစကို နည်းနည်းလေး အထင်သေးသွားရုံပါပဲ။

နောက်ပိုင်းမှာ အေးအေးဆေးဆေး ကျော်တက်နိုင်ပါတယ်။

ဒီတစ်ခေါက် အနည်းဆုံးတော့ လူခြောက်ယောက်ကို ကျော်တက်နိုင်ခဲ့ပြီလေ။

နောက်ပိုင်း နောက်ထပ် လူခြောက်ယောက်ကို ထပ်ကျော်တက်နိုင်ရင် ထိပ်ဆုံး ဆယ်ယောက်စာရင်း အနားကို ရောက်ပြီ။

ပြီးတော့ ဒီလူတွေက ညအိပ်ပျက်ခံပြီး ကျင့်ကြံနေကြတာ၊ တိုးတက်မှုက ခဏတာပါပဲ။

နောက်ပိုင်းကျရင် သေချာပေါက် ဒုက္ခရောက်ကြမှာပဲ။

ဒါကြောင့် သူ အခွင့်အရေး ရှိပါသေးတယ်။

အခု လိုအပ်တာက စိတ်အာရုံ တည်ငြိမ်အောင် ထားဖို့ပဲ၊ နည်းနည်းလေးမှ မတော်တဆမှု ဖြစ်လို့ မရဘူး။

အခက်အခဲ တစ်ခုကြောင့် စိတ်ဓာတ်ကျသွားပြီ ဆိုတာနဲ့ အရာအားလုံး အလကား ဖြစ်သွားလိမ့်မယ်။

နေ့လယ်ပိုင်းတွင် သူက နဝမမြောက် ခြံဝင်းငယ်သို့ ပြန်လာခဲ့သည်။

သူတို့ရဲ့ ရမှတ်တွေက ဘယ်လောက်လဲ ဆိုတာကို ကြည့်ရမယ်။

ဒါမှ သူတို့ကို ကျော်တက်ဖို့ အချိန်ဘယ်လောက် လိုမလဲ ဆိုတာကို အတိအကျ သိနိုင်မှာလေ။

ထိုအချိန်တွင် လူအများအပြားက ထိုနေရာတွင် ဝိုင်းအုံနေကြပြီး အဆင့်သတ်မှတ်ချက် ကြေညာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

မကြာမီမှာပင် အဆင့်သတ်မှတ်ချက် စာရွက်ကို ကပ်လိုက်သည်။

ဝေ့ပေ့ချွမ် က ပထမဆုံး အကြည့်ကို ဆယ့်ရှစ်နေရာသို့ ရွှေ့လိုက်ပြီး သူ့ကိုယ်သူ ရှာဖွေလိုက်သည်။

ဆယ့်ရှစ်နေရာ၊ ဝေ့ပေ့ချွမ် ၃၅ မှတ်

ထို့နောက် ဆယ့်ခုနစ်နေရာသို့ ကြည့်လိုက်သည်။

ဆယ့်ခုနစ်နေရာ၊ ပိုင်ရှီး ၃၆ မှတ်

တစ်မှတ်တည်း ကွာတာဆိုတော့ ကျော်တက်ဖို့က အရမ်း လွယ်ပါတယ်။

အထူးသဖြင့် အပေါ်က ရမှတ်တွေ အကုန်လုံးက သိပ်မကွာဘူးလေ။

ထို့နောက် သူက အပေါ်သို့ ဆက်လက် ကြည့်ရှုလိုက်သည်။

ဒသမနေရာ ရောက်ပြီးနောက် ရမှတ်များက အနည်းငယ် မြင့်မားလာကြောင်း တွေ့ရှိလိုက်ရသော်လည်း လေးဆယ်ဂဏန်းကျော်မျှသာ ရှိသေးသဖြင့် အမီလိုက်နိုင်သေးသည်။

ဆဋ္ဌမနေရာသို့ ရောက်သည့်တိုင် ၅၂ မှတ်

နည်းနည်း မြင့်ပေမယ့် အချိန်ပေးရင် လုံးဝ လုပ်နိုင်ပါတယ်။

ဒုတိယနေရာ ၅၈ မှတ်

ဒီလို ရမှတ်မျိုးက လက်ခံနိုင်တဲ့ အတိုင်းအတာ အတွင်းမှာ ရှိနေပါသေးတယ်၊ ဒါဆို နောက်ဆုံး ပထမနေရာပဲ ကျန်တော့တာပေါ့။

ပထမနေရာ၏ နာမည်က သာမန် နာမည်များထက် အများကြီး ပိုကြီးနေကြောင်း ဝေ့ပေ့ချွမ် တွေ့လိုက်ရသည်။

ပထမနေရာ ကျန်းမန် ၁၃၃ မှတ်

ရမှတ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဝေ့ပေ့ချွမ် ကြောင်အမ်းသွားခဲ့သည်။

သူ အမြင်များ မှားနေသလားဟုပင် သံသယ ဝင်မိသွား၏။

၁၃၃ မှတ် ဟုတ်လား။

သူ့ထက် အမှတ် တစ်ရာနီးပါးလောက် မြင့်နေတာလား။

တစ်ခဏအတွင်းမှာပင် ကျန်းမန်၏ ပုံရိပ်က သူ၏ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

မူလက ပိန်ပိန်ပါးပါးဟု ထင်ရသော ထိုပုံရိပ်လေးက ချက်ချင်း ကြီးမားလာပြီး သူ၏ စိတ်အာရုံအပေါ်တွင် ကျော်ဖြတ်ရန် ခက်ခဲသော တောင်ကြီးတစ်လုံးလို ဖိစီးလာခဲ့သည်။

အသက်ရှူလို့တောင် မဝတော့အောင်ပါပဲ။

တစ်ချိန်တည်းမှာပင် အန်းရုံတို့က အကြည့်များကို စတုတ္ထနေရာရှိ သူထံသို့ ရွှေ့လိုက်ကြသည်။

စတုတ္ထနေရာ လင်းချင်းရှန် ၅၄ မှတ်

ဒီလူက ဘယ်သူလဲ။

နောက်ဆုံးတွင် သူတို့၏ အကြည့်များက သာမန် အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးအပေါ်သို့ ကျရောက်သွားပြီး အံ့ဩစရာ အကောင်းဆုံးမှာ သူ၏ မျက်ကွင်းညိုများက အလွန် သိသာထင်ရှားနေခြင်းပင် ဖြစ်သည်။

အန်းရုံနှင့် ချောင်ချန်တို့ သူတို့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် တွေဝေသွားကြသည်။

ဆင်းရဲသား တစ်ယောက်ကို ရှုံးသွားတာလား။

"နည်းနည်းလေးမှ မမှတ်မိဘူး"

အန်းရုံက ပြောလိုက်သည်။

"အဆင့်သတ်မှတ်ချက်က နင့်ထက် နိမ့်တဲ့သူတွေကို နင် ဘယ်နှစ်ယောက်လောက် မှတ်မိလို့လဲ"

ချောင်ချန်က ပြောလိုက်သည်။

အန်းရုံ ခေါင်းညိတ်လိုက်သည်၊ ဟုတ်တော့လည်း ဟုတ်တာပဲ။

ဒီဆင်းရဲသားက နာမည် မထင်ရှားဘဲနဲ့ ရုတ်တရက် တက်လာတာပဲ။

ကြည့်ရတာ ကိုယ်တွေ ညအိပ်ပျက်ခံတာ သိပ်မပြင်းထန်သေးလို့ ဖြစ်မယ်။

——

ကျန်းမန်က အဆင့်သတ်မှတ်ချက်ကို ကြည့်ရန် မနေခဲ့ချေ။

သူက ကျိုးပုဖန်၏ အဆင့်သတ်မှတ်ချက်ကို ကြည့်ခဲ့ပြီး ၅၀ ကျော် ရထားသဖြင့် သူ့ကို မကြာမီ အမီလိုက်နိုင်တော့မည်ဟု ခံစားလိုက်ရသည်။

နောက်ပိုင်းမှာ ပိုကြိုးစားမှ ရတော့မယ်။

ဒါပေမယ့် ဝှက်ထားတဲ့ ဝိညာဉ်စွမ်းအင်ကို တိုးတက်အောင် လုပ်လို့ မရဘူး၊ ပိုမြင့်တဲ့ နင်းယွမ်ကျင့်စဉ် မရမချင်းပေါ့။

"ကြည့်ရတာ ယွီစီနီယာ ပေးတဲ့ အခွင့်အရေးထဲကနေ အဆင့်တစ်ခုခု ရအောင် ယူပြီး ဝှက်ထားတဲ့ ဝိညာဉ်စွမ်းအင်ရဲ့ အရည်အသွေးကို မြှင့်တင်ရမယ်၊ အဲဒီတော့မှ အမှတ်များများ ရနိုင်မှာ"

ယခု သူ၏ အဆင့်ကိုး နင်းယွမ်ကျင့်စဉ်၏ ဝှက်ထားသော ဝိညာဉ်စွမ်းအင် အမှတ်မှာ အမှတ် ၇၀ ဖြစ်လောက်ပေသည်။

အခြားသူများ၏ အဆင့်ငါးက အမှတ် ၃၀ ဖြစ်လောက်ပြီး၊ တစ်ဆင့် မြင့်တိုင်း ဆယ်မှတ် တိုးမည် ဖြစ်၏。

ပထမ အဆင့်လေးဆင့်က တစ်ဆင့်ကို ငါးမှတ်စီ ဖြစ်လောက်ပြီး ပဉ္စမအဆင့်က ဆယ်မှတ် ဖြစ်မည်။

ကျန်းမန် ခေါင်းခါလိုက်ပြီး အများကြီး ဆက်မတွေးတော့ပေ။

လက်ထဲမှ စာအိတ်များကိုသာ ကြည့်လိုက်သည်။

စုစုပေါင်း စာအိတ် သုံးအိတ် ပါဝင်ပြီး ဤတစ်ကြိမ် ပထမနေရာ၏ ဆုလာဘ်များ ဖြစ်သည်။

ပထမ စာအိတ်က ဆရာတင်ခွင့် ဖိတ်စာ၊ ဒုတိယ စာအိတ်က စာသင်ကြားခွင့် စာလွှာ၊ တတိယ စာအိတ်ကတော့ အတော်လေး အဓိပ္ပာယ် မရှိပေ၊ ယွင်ချန်ဌာနခွဲ တတိယထပ် ထောက်ခံစာ ဖြစ်သည်။

ပထမနဲ့ ဒုတိယက အသုံးဝင်သေးတယ်၊ တတိယက ဘာလုပ်ဖို့လဲ။

ဆရာမ ယန် ပြောတာကတော့ မိသားစုဝင်တွေ ရှိရင် သူတို့ကို ပေးလို့ ရတယ်၊ မရှိရင်လည်း ကိုယ့်ဘာသာ ကြည့်လုပ်ပေါ့တဲ့။

ကျန်းမန် ခေါင်းခါလိုက်သည်။

"အဘိုးချန်ကို ပေးလိုက်မယ်လေ၊ ဝိညာဉ်ကျောက်တုံး တစ်သောင်းရှစ်ထောင်ရဲ့ အပို အတိုးအနေနဲ့ပေါ့"

ဘာပဲဖြစ်ဖြစ် တစ်သောင်းရှစ်ထောင်ကို တစ်နှစ်နေမှ နှစ်သောင်း ပြန်ဆပ်ရတာက၊ အခု တစ်သောင်းနှစ်ထောင်ကို ခြောက်လနေရင် တစ်သောင်းလေးထောင် ပြန်ဆပ်ရတာထက် အများကြီး သက်သာနေတာပဲလေ။

ချစ်ရွှေမြစ်အတိုင်း အပေါ်ကို ဆန်တက်သွားရင် သိပ်မကြာခင်မှာပဲ ချစ်ရွှေတောင်ထွတ် ကို ရောက်သွားမှာပါ။

ချန်ချီဝမ်က အဲဒီဘက်မှာ သူ့ကို စောင့်နေလောက်တယ်။

ဝိညာဉ်ကျောက်တုံး တစ်သောင်းလေးထောင်က ပြန်ဆပ်ဖို့ လောက်ပါတယ်၊ ဒါပေမယ့် နောက်ထပ် နည်းနည်းလောက် ထပ်ချေးနိုင်ရင် ပိုကောင်းတာပေါ့၊ ဘာလို့လဲဆိုတော့ နောက်ထပ် ခြောက်လအတွင်းမှာ ထပ်ပြီး ကြိုးစားရဦးမှာလေ။

——

ချစ်ရွှေတောင်ထွတ်။

ချန်ချီဝမ်က ဘေးဘက်တွင် ရပ်လျက် ကျန်းမန် ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည်။

ဂိုဏ်းကို တစ်ခေါက် လာရတာ အရမ်း မလွယ်ကူဘူး။

ဒုတိယအနေနဲ့ ဂိုဏ်းက အရမ်း ကျယ်ဝန်းပြီး သူ ဒီကို ရောက်လာတာက ပိုးစုန်းကြူးလေး တစ်ကောင်လိုပါပဲ။

ဘယ်ဂိုဏ်းသားပဲ ဖြစ်ဖြစ် ကျင့်ကြံမှုအဆင့်က သူ့ထက် အများကြီး သာလွန်ပါတယ်။

သာမန် ဆိုင်အကူလေးတွေတောင် ကျင့်ကြံမှုအဆင့်က သူ့ထက် မြင့်နေသေးတယ်။

ဖက်တီးလေးကတော့ နည်းနည်း အစွမ်းအစ မရှိဘူး၊ ချီသန့်စင်ခြင်း အဆင့်လေးမှာပဲ ရှိသေးတယ်။

ဒါပေမယ့် အဆင့်ငါးကို ရောက်တော့မှာပါ။

သူကတော့ အသက်မွေးဝမ်းကျောင်း အတွက် ရုန်းကန်နေရလို့ ချီသန့်စင်ခြင်း အဆင့်ခြောက်မှာပဲ ကပ်နေတုန်းပဲ။

လော်ရွှမ်၊ ချန်ယွီတို့က အဆင့်ခုနစ် ရောက်သွားကြပြီ။

ဖန်ယုံ ဆိုရင် ချီသန့်စင်ခြင်း အဆင့်ကိုးတောင် ရောက်နေပြီ။

ဒါပေမယ့် အခု သူ့ရဲ့ အခြေအနေက တော်တော်လေး ကောင်းနေပြီမို့လို့ ကျေနပ်နေပါပြီ။

ဒါပေမယ့် အကြွေးတွေ အရမ်း များလာလို့ တချို့လူတွေက စိုးရိမ်လာကြပြီ။

ဒီတစ်ခေါက်မှာ တစ်ဝက်လောက်က နုတ်ထွက်ကြတော့မယ်။

ထပ်မချေးချင်ကြတော့ဘူး။

နောက်ပြီး တချို့လူတွေက ချေးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို အမြန်ဆုံး ပြန်တောင်းဖို့ အကြံပေးနေကြတယ်။

အထူးသဖြင့် သူ့ကို အကြွေးစချေးကတည်းက ဝိညာဉ်ကျောက်တုံး ပြန်ရဖူးလား ဆိုတာကိုပါ ပြန်တွေးခိုင်းနေကြတယ်။

တကယ်တော့ တစ်ခါမှ ပြန်မရဖူးပါဘူး၊ ပြီးတော့ ချေးတာတွေကလည်း ပိုပို များလာတယ်။

တချို့လူတွေက ပြောကြတယ်၊ ဒီအတိုင်း ဆက်သွားရင် တစ်ဖက်လူက ပြန်မဆပ်ချင်တော့ရင်ကော တဲ့။

ဒါဆိုရင် အကုန်လုံး အလကား ဖြစ်သွားမှာပေါ့။

တစ်ယောက်က ဂိုဏ်းသား၊ တစ်ယောက်က ယွင်ချန်ဌာနခွဲ အစောင့်။

ဒုက္ခရောက်လာရင် အစောင့်တစ်ယောက်ရဲ့ အသက်အန္တရာယ်ကို ဘယ်သူက လာဂရုစိုက်မှာလဲ။

ဒါက အသက်ကြီးတဲ့ အစောင့် တစ်ယောက်က သူ့ကို သတိပေးလိုက်တာပါ။

ဒီလို လူမျိုးတွေကို သူ အများကြီး တွေ့ဖူးတယ်လေ၊ သူတို့က သာမန် အစောင့်တွေ သက်သက်ပါပဲ။

ဂိုဏ်းသားတွေရဲ့ မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်ပါဘူး။

ဒါကြောင့် သူ့ကို သေချာ စဉ်းစားခိုင်းတာပါ။

All Chapters