← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) ဒီကောင်လေးရဲ့ အမြင်က ကျဉ်းမြောင်းသေးတယ်

မိုးချုပ်သောအခါ ကျန်းမန် မြင်းတင်းကုပ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ကျင့်ကြံရန် ပြင်လိုက်သည်။

ယခုအခါ သူက ချီသန့်စင်ခြင်း အဆင့်လေး ရောက်နေပြီမို့ လုပ်ရမှာက ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်သာ ဖြစ်သည်။

နောက်ပိုင်း အချိန်ရရင် သိုင်းပညာရပ်ကိုလည်း ကျင့်ကြံရဦးမည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံး အကဲဖြတ်စစ်ဆေးမှုမှာ ရမှတ်မြင့်ဖို့တင် မဟုတ်ဘဲ တိုက်ခိုက်နိုင်စွမ်းလည်း ရှိရမည်။

ကျန်းမန် အနည်းငယ် စဉ်းစားလိုက်သည်။

ဒီဇင်ဘာလလယ် အကဲဖြတ်စစ်ဆေးမှု ဆိုရင်တော့….

သူက ချီသန့်စင်ခြင်း အဆင့်ခြောက်၊ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး၊ သွေးကြောအင်အား ကျင့်စဉ် အဆင့်ကိုး၊ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်ဆယ့်သုံး ဖြစ်နေလိမ့်မည်။

စုစုပေါင်း ရမှတ်က ခုနစ်ဆယ့်ကိုး…..

အဲဒီအချိန်ကျရင် အဲဒီလူတွေက သူ့ကို ဘယ်လို မြင်ကြမလဲ။

စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို အဆင့်ကိုး ဒါမှမဟုတ် ခြောက်အထိ ဖိနှိမ်ထားရင်တောင်မှ ရမှတ်က ခုနစ်ဆယ်ကျော် ရှိနေဦးမှာပဲ။

ဖန်ယုံတို့ထက် ဆယ်မှတ်လောက် ပိုများနေလိမ့်မည်။

ဒါပေမယ့် သတိတော့ ထားရဦးမည်။

တကယ်လို့ သူတို့က ရုတ်တရက် အဆင့်တက်သွားရင် ဒါမှမဟုတ် အစွမ်းအစ ဖုံးကွယ်ထားတာမျိုး ရှိနေရင် ပထမနေရာကို ယူဖို့က မလွယ်ကူတော့ပေ။

နွားဝါကြီးက အနားသို့ ရောက်လာပြီး မေးလိုက်သည်။

"မင်းမှာ ဒီလောက် ဆေးလုံးတွေ အများကြီး ဘယ်ကရလာတာလဲ"

ကျန်းမန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

"ချေးလာတာ"

"သူများတွေက ဘာလို့ မင်းကို ချေးရတာလဲ"

"ပါရမီကြောင့်လေ"

နွားဝါကြီးက ချက်ချင်း ဘာပြောရမှန်း မသိတော့ပေ။

နှစ်လအတွင်း ချီသန့်စင်ခြင်း အဆင့်လေးဆိုတာက တကယ်ကို သာမန်မဟုတ်ဘူး။

ပါရမီရှင်လို့ ခေါ်လို့ ရတယ်။

တကယ်လို့ ချီသန့်စင်ခြင်း ကျင့်စဉ်နဲ့ သွေးကြောအင်အား ကျင့်စဉ်ရဲ့ အဆင့်ကိုပါ ထုတ်ပြလိုက်ရင် လူတစ်သောင်းမှာ တစ်ယောက်ရှိတဲ့ ပါရမီရှင် ဖြစ်သွားလိမ့်မည်။

တခြားသူတွေက ဆေးလုံး ချေးပေးတာလည်း တန်ပါတယ်။

နွားဝါကြီးက မေးလိုက်သည်။

"မင်းရဲ့ သာမန် အထက်အဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကကော သတင်းအစအန ကြားရပြီလား"

ကျန်းမန်က ခေါင်းခါလိုက်သည်။

"ဘာသတင်းမှ မကြားရသေးဘူး အခု အောက်တိုဘာလတောင် ရောက်နေပြီ နောက်လဆို စမ်းသပ်မှုမှာ ပါဝင်ရတော့မှာကို အခုထိ ဘာသတင်းမှ မရသေးဘူး"

နွားဝါကြီးက မေးလိုက်သည်။

"မင်း အလိမ်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"

ကျန်းမန်က တစ်ဖက်လူကို မျက်စောင်းတစ်ချက် ထိုးကြည့်ကာ ခေါင်းခါလိုက်သည်။

"သေချာတော့ မသိဘူး"

သူက မသေချာလို့ မဟုတ်ဘဲ ရွေးချယ်စရာ မရှိလို့သာ ဖြစ်သည်။

ဒီနေရာမှာ သူ့နဲ့ အရောင်းအဝယ် လုပ်ဖူးတာဆိုလို့ ကျောက်လဲ့မင်ပဲ ရှိသည်။

ဆက်ဆံဖူးသမျှထဲမှာတော့ အယုံကြည်ရဆုံး လူလို့ ပြောလို့ရသည်။

လောင်းကစားဆန်တဲ့ အပိုင်းတော့ ပါပေမယ့် ရွေးချယ်စရာ တခြားလူ တကယ် မရှိပေ။

အောက်တိုဘာလက အလွန် မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

ကျန်းမန်က လော်ရွှမ် ဒါမှမဟုတ် ဖန်ယုံတို့ တစ်ခုခု လုပ်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် မမျှော်လင့်ထားသော ကိစ္စများ လုံးဝ မဖြစ်လာခဲ့ပေ။

သူ၏ ကျင့်ကြံမှုအဆင့်ကလည်း အောက်တိုဘာလ နှောင်းပိုင်းတွင် ချီသန့်စင်ခြင်း အဆင့်ငါးသို့ အောင်မြင်စွာ ရောက်ရှိသွားသည်။

ဆေးလုံးများ၏ အကူအညီဖြင့် ပဉ္စမမြောက် ဘူးသီးခြောက်ဘူးကို အလွန် ချောမွေ့စွာ ဖွင့်လှစ်နိုင်ခဲ့သည်။

ယခုအခါ အဆက်မပြတ် ကျင့်ကြံပြီး ရှာဖွေရရှိသော ဝိညာဉ်ကျောက်တုံးများဖြင့် ဆေးလုံးများ ထပ်ဝယ်ရန်သာ ကျန်တော့သည်။

ဆက်လက် ကျင့်ကြံပြီး ဆဋ္ဌမမြောက် ဘူးသီးခြောက်ဘူးကို အမြန်ဆုံး ဖွင့်လှစ်ရမည်။

ထိုသို့ဆိုလျှင် ချီသန့်စင်ခြင်း အဆင့်ခြောက်သို့ ချောမွေ့စွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထိုမှတစ်ဆင့် ချီသန့်စင်ခြင်း အဆင့်ခုနစ်သို့ တက်ချင်ပါက သွေးကြောအင်အား အဆင့်လေးနှင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်တစ် ရှိရမည် ဖြစ်သည်။

အခက်အခဲက သေးငယ်သည်ဟု မဆိုနိုင်ပေ။

ဒါပေမယ့် အဲဒါတွေက အဝေးကြီး လိုပါသေးသည်။

နိုဝင်ဘာလဆန်းတွင်….

ကျန်းမန်က သူရှာဖွေထားသော ဝိညာဉ်ကျောက်တုံး တစ်ထောင့်တစ်ရာလုံးကို ရိက္ခာနှင့် ဆေးလုံးများ ဝယ်ယူရာတွင် အသုံးပြုလိုက်သည်။

အကုန် ဖြုန်းတီးပစ်လိုက်သည်။

ဝိညာဉ်ကျောက်တုံး နှစ်ဆယ်သာ ကျန်တော့သော မိမိကိုယ်ကိုယ် ကြည့်ကာ ကျန်းမန် သက်ပြင်းချလိုက်မိသည် ကျင့်ကြံခြင်းက အရင်းအမြစ်တွေကို တကယ် ကုန်ကျစေတာပဲ။

ကျင့်ကြံမှုအဆင့် တက်လို့ ရမှတ်တွေပါ တက်လာတာ မဟုတ်ရင် ဒီလောက် ဝိညာဉ်ကျောက်တုံးတောင် ရှိမှာ မဟုတ်ဘူး။

ဒီနေ့ ကျင့်ကြံမှု ပြီးဆုံးပြီးနောက် ကျောက်လဲ့မင်က သူ့ကို လာရှာသည်။

ကျန်းမန် စိတ်ထဲ ဝမ်းသာသွားသည် တိုးတက်မှု တစ်ခုခု ရှိလာပြီထင်တယ်။

ဒါပေမယ့် တစ်ဖက်လူ၏ မျက်နှာထားက သိပ်မမှန်ပေ။

မကြာမီ တစ်ဖက်လူ၏ အသံ ထွက်ပေါ်လာသည်။

"ဒီတစ်ခေါက် ကိစ္စက ငါထင်ထားတာထက်တောင် ပိုခက်ခဲတယ် နောက်ကွယ်မှာ နေရာလုတာက အရမ်း ပြင်းထန်လွန်းတယ် ဒါပေမယ့် ငါက မင်းကို ကတိပေးထားပြီးပြီဆိုတော့ အစွမ်းကုန် လုပ်ပေးရမှာပေါ့"

အစပိုင်းတွင် ကျန်းမန်က သတင်းဆိုးဟု ထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် တစ်ဖက်လူက အမိန့်ပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

ကျောက်လဲ့မင်က ပစ္စည်းကို ကျန်းမန်အား ပေးကာ ပြောလိုက်သည်။

"ဒါက အမိန့်ပြားပဲ ဒီလ ဆယ့်ခုနစ်ရက်နေ့ကျရင် မင်း သိုင်းပညာရပ် ဖြန့်ဝေရေး နေရာကို သွားရမယ် အမိန့်ပြားကို ထုတ်ပြလိုက်ရင် မင်းသွားရမယ့် နေရာကို ခေါ်သွားပေးမယ့်လူ ရှိလိမ့်မယ် အဲဒီနောက် အကဲဖြတ်စစ်ဆေးမှုကို ခံယူရမယ် တကယ်လို့ အကဲဖြတ်စစ်ဆေးမှု ကျရှုံးသွားရင်တော့ ဘာမှ လုပ်လို့မရတော့ဘူး အကဲဖြတ်စစ်ဆေးမှု မတိုင်ခင်မှာ သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြလိမ့်မယ် မင်း လုပ်နိုင်တယ်လို့ ထင်ရင် လုပ်ပေါ့"

"အလားတူပဲ သူတို့က မင်းရဲ့ ဆယ့်ငါးရက်နေ့က အစွမ်းအစ အခြေအနေကို ကြိုတင် စစ်ဆေးလိမ့်မယ် အရမ်း နိမ့်နေလို့ မဖြစ်ဘူး မဟုတ်ရင် မမျှော်လင့်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ် ဂိုဏ်းက လူတွေရဲ့ စိတ်ကို ခန့်မှန်းလို့ မရဘူးလေ တကယ်လို့ သူက မင်းကို အရည်အချင်း မမီဘူးလို့ ထင်သွားရင် ဝင်ခွင့်ကို တိုက်ရိုက် ပယ်ဖျက်လိုက်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"

အမိန့်ပြားကို လက်ခံရရှိပြီးနောက် ကျန်းမန် စိတ်ထဲတွင် သက်ပြင်းချလိုက်နိုင်သည်။

အမိန့်ပြားကို ရပြီးနောက် ကျောက်လဲ့မင် လုပ်ပေးရမည့် အပိုင်းက အကြမ်းဖျင်း ပြီးဆုံးသွားပြီ ဖြစ်သည်။

တကယ်လို့ ကျရှုံးသွားခဲ့ရင် မိမိကိုယ်တိုင် အစွမ်းအစ မရှိတာပဲ ဖြစ်သည်။

ဆယ့်ခုနစ်ရက်နေ့ စမ်းသပ်မှုတွင် ဆယ့်ငါးရက်နေ့၏ ရမှတ်ကိုလည်း ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

ပိုမို သေချာစေရန်အတွက် ဆယ့်ငါးရက်နေ့တွင် ချီသန့်စင်ခြင်း အဆင့်ခြောက်သို့ တက်လှမ်းရန် လိုအပ်သေးသည်။

ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး ရှိနေလျှင်တောင်မှ ဖိအား အတော်လေး ရှိနေသေးသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"စုစုပေါင်း နေရာ ဘယ်နှစ်နေရာ ရှိတာလဲ"

ကျောက်လဲ့မင်က ရှင်းပြလိုက်သည်။

"ခြောက်နေရာ တစ်မျိုးကို ခြောက်နေရာစီ ရှိတယ် ပြီးတော့ ကျင့်ကြံဖို့ အချိန်က တစ်ရက်ပဲ ရှိတယ် တတ်ရင်တော့ တတ်ပြီပေါ့ မတတ်ရင်တော့ မတတ်ဘူးပေါ့"

တစ်ရက်တည်း။

နားလည်ဖို့တောင် လောက်ပါ့မလား။

ကံကောင်းစွာဖြင့် ကျောက်လဲ့မင်က သူ့ကို သင်ပေးမည့်လူ ရှိကြောင်း ပြောပြခဲ့သည် သို့သော် မနက်ပိုင်း တစ်ပိုင်းသာ သင်ပေးမည်ဖြစ်ပြီး ကျန်သည့်အချိန်များတွင် ကိုယ့်ဘာသာ ကြိုးစားရမည် ဖြစ်သည်။

ကျန်းမန် နားမလည်နိုင်အောင် ဖြစ်သွားသည် ဒါက တကယ်ပဲ ကျင့်စဉ် စမ်းသပ်တာ ဟုတ်ရဲ့လား။

ကျင့်ကြံရတဲ့ အခက်အခဲကို စမ်းသပ်တာ ဖြစ်လိမ့်မည်။

ဒါပေမယ့် သူလည်း ဝင်ပြီး မမေးရဲပေ။

တကယ်လို့သာ သင်ယူလို့ မတတ်ခဲ့ဘူးဆိုရင် လမ်းတစ်လမ်းပဲ ကျန်တော့သည်။

ကျန်းမန် အများကြီး ဆက်မတွေးတော့ပေ။

အရင်ဆုံး ဒီလမ်းကို သေချာ လျှောက်ကြည့်ဦးမည်။

ကျောက်လဲ့မင်က အနည်းငယ် စဉ်းစားပြီးနောက် ထပ်မံ သတိပေးလိုက်သည်။

"ဒါနဲ့ နေရာသတ်မှတ်ပြီးသွားရင် ပြောင်းလဲလို့ မရတော့ဘူး ဒီကာလအတွင်းမှာ ပြဿနာ တစ်ခုခု ကြုံလာရင်လည်း ဒီအမိန့်ပြားကို အသုံးပြုလို့ ရတယ် အဲဒါက မင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အခွင့်အာဏာ အတိုင်းအတာ တစ်ခုအထိ ရှိတယ် ဒါပေမယ့် မသုံးနိုင်ရင် မသုံးတာ အကောင်းဆုံးပဲ တစ်ခါ သုံးလိုက်ရင် ဆယ့်ငါးရက်နေ့ ရမှတ်က သာမန်လောက်ပဲ ရှိမယ်ဆိုရင် အရည်အချင်း ပယ်ဖျက်ခံရနိုင်တယ်"

ကျန်းမန်က ခေါင်းညိတ်လိုက်သည် အမိန့်ပြားက ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားသည်။

ဒါပေမယ့် ပြဿနာ ဖြေရှင်းပေးနိုင်မည့် အတိုင်းအတာကတော့ မသေချာပေ။

သာမန် မေးခွန်းအချို့ကို ထပ်မေးပြီးနောက် ကျန်းမန် လှည့်ထွက်လာခဲ့သည်။

ကျောက်လဲ့မင်က ကျန်းမန်၏ ကျောပြင်ကို ကြည့်ကာ ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

"နည်းနည်းတော့ လောလွန်းတယ် နောက်ကွယ်က ထောက်ပံ့ပေးတဲ့လူ ရှိနေတဲ့ အခြေအနေမျိုးမှာ ခြေလှမ်းတွေကို ပိုပြီး ခိုင်မာအောင် လုပ်သင့်တာ အခုတော့ ခြေလှမ်းတွေက အရမ်း ကျယ်လွန်းနေပြီ"

ကျန်းမန်က ဒီဇင်ဘာလ အကဲဖြတ်စစ်ဆေးမှုအတွက် အရည်အချင်း ပြည့်မီနိုင်မလားဆိုတာကို သူ သံသယမဖြစ်ပေ။

ဒါပေမယ့် အရည်အချင်း ပြည့်မီသွားရင်တောင်မှ အဲဒါက အတင်းအဓမ္မ မြှင့်တင်ထားတဲ့ ရလဒ်ပဲ ဖြစ်လိမ့်မည်။

ခန္ဓာကိုယ်ကို အများကြီး ထိခိုက်စေနိုင်သည်။

ဝင်ခွင့်နေရာ ရသွားရင်တောင်မှ နောက်ပိုင်း ဂိုဏ်းရဲ့ အကဲဖြတ်စစ်ဆေးမှုမှာ အခြေခံအားဖြင့် မျှော်လင့်ချက် မရှိတော့ဘူး။

"အမြင်က ကျဉ်းမြောင်းနေတုန်းပဲ"

ထို့နောက် သူ ဆက်မတွေးတော့ပေ။

အရောင်းအဝယ် ကိစ္စက ပြီးဆုံးသွားပြီ။

တစ်ဖက်လူက ကျင့်စဉ်ကို ရနိုင်မလား ဆိုတာက သူ့နဲ့ ဘာမှမဆိုင်တော့ပေ။

ဒါပေမယ့် တစ်ဖက်လူ၏ အခြေအနေကိုတော့ အနည်းငယ် စောင့်ကြည့်နေဦးမည် ဖြစ်သည်။

ဒီလောက် လောကြီးနေတာ နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ သိချင်လို့ ဖြစ်သည်။

—

ယွင်ချန်ဌာန၏ လမ်းကျဉ်းလေးပေါ်တွင် သခင်လေးယန်က ချန်မော့ယန် အနားသို့ ရောက်လာပြီး ပြောလိုက်သည်။

"ဖန်ယုံက တကယ်ကို အသုံးမကျတာပဲ သူ့ခြံဝင်းထဲက အဲဒီ ဆင်းရဲသားကောင်လေးနဲ့ ခွေးအချင်းချင်းတောင် မကိုက်သေးဘူး"

ထိုစကားကို ကြားသောအခါ ချန်မော့ယန်က အတော်လေး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ"

သခင်လေးယန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"အဲဒီ ကျင့်ကြံရေးကြေး မပေးနိုင်တဲ့သူလေ ကျန်းမန်လို့ ခေါ်တယ်ထင်တယ် အရင်တုန်းက သူက ကျင့်ကြံရေးကြေး မပေးနိုင်ခဲ့ဘူး အခုတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်း တက်လာသလိုပဲ လမ်းပျောက်နေတဲ့သူ မဟုတ်တော့ဘူး"

ချန်မော့ယန် အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည်။

"ကျန်းမန် ဟုတ်လား လော်ရွှမ်က သက်တော်စောင့် လုပ်ဖို့ သိမ်းသွင်းမယ့် တစ်ယောက်လား"

သခင်လေးယန်က ပြောလိုက်သည်။

"ဒီလို ပြောသံတွေတော့ ကြားတယ် အမှန်လား အမှားလားတော့ မသိဘူး"

ချန်မော့ယန်က ပြုံးလျက် ခေါင်းခါရင်း ပြောလိုက်သည်။

"အမှားပဲ"

ထို့နောက် အခြေအနေ အကြမ်းဖျင်းကို ပြောပြလိုက်သည်။

သခင်လေးယန် သိချင်စိတ် ဖြစ်သွားသည်။

"ငြင်းလိုက်တာလား ဒါဆို သူက ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်ကရတာလဲ"

ချန်မော့ယန်က ပြောလိုက်သည်။

"စုံစမ်းကြည့်လိုက်ရင် သိရမှာပေါ့"

နောက်တစ်နေ့ ထိုနေရာမှာပင် သခင်လေးယန်က အဖြေရလာခဲ့သည်။

"ဝိညာဉ်စုဆောင်းခြင်း ခန်းမတဲ့ ကြည့်ရတာ တခြားတစ်ယောက်ယောက်က သူ့ကို လျှို့ဝှက်စွာ သိမ်းသွင်းထားတာ မဟုတ်လောက်ဘူး"

တကယ်လို့ ပြုစုပျိုးထောင်ခံရတဲ့သူသာ ဆိုရင် အဲဒီနေရာကို လုံးဝ သွားမှာမဟုတ်ပေ။

ချန်မော့ယန်က သက်ပြင်းချလိုက်သည်။

"ဒီလောက် ကြိုးစားတဲ့ ဆင်းရဲသား ကောင်လေးပဲ အရင်တစ်ခေါက်ကလိုမျိုး လျော်ကြေးပေးရမယ့် အခြေအနေမျိုးနဲ့ ထပ်ကြုံရင် ဘယ်လိုလုပ်မလဲ မသိဘူး"

All Chapters