← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) ကျွန်တော့်ရဲ့ အောင်မြင်မှုအားလုံးက ကိုယ်ပိုင်ကြိုးစားမှုကြောင့်ပါ

"မွေးကတည်းက မပါလာတဲ့အရာက၊ ဒီတစ်သက်တော့ သေချာပေါက် ရလာတော့မှာ မဟုတ်ဘူး"

ကျန်းမန် ပြန်ရောက်လာပြီးနောက် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်နှင့် ပတ်သက်၍ ပြောပြလိုက်သောအခါ၊ နွားဝါကြီးထံမှ ထိုအဖြေကို ရလိုက်ခြင်း ဖြစ်သည်။

"သာမန် အထက်အဆင့်လောက်နဲ့ ဒီလောက်ကြီး ဖြစ်စရာ လိုလို့လား"

ကျန်းမန်က မေးလိုက်သည်။

"မင်းပဲ ပြောတယ်လေ၊ လော့ယွင်မြို့လေး တစ်ခုလုံးမှာ ယွင်ချန်ဌာနတစ်ခုတည်းမှာပဲ သာမန် အထက်အဆင့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် ရှိတာဆို။ ဒီလောက်လူတွေ အများကြီးထဲမှာ ဘာလို့ မင်းအလှည့် ရောက်လာရမှာလဲ။ မင်းက ပါရမီကောင်းတယ်ဆိုရင်၊ သူတို့က ဘာလို့ မင်းကို ပေးရမှာလဲ။ မင်းရဲ့ ပါရမီကို ရောင်းစားမှာလား၊ အသက်ကို ရောင်းစားမှာလား"

နွားဝါကြီးက မေးလိုက်သည်။

နှစ်ခုလုံးက ရောင်းလို့ မရဘူး။ ကျန်းမန်က အနည်းငယ် စဉ်းစားပြီးနောက် "အဲဒီနတ်သမီးလေးက တခြားနေရာတွေမှာ မရှိဘူးလို့လည်း မပြောပါဘူး" ဟု ဖြေလိုက်သည်။

နွားဝါကြီးက ကျန်းမန်ကို တည်ငြိမ်စွာ ကြည့်နေပြီး ဘာမှ မပြောတော့ပေ။

နောက်ဆုံးတွင် ကျန်းမန် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

"စီနီယာ့ဆီမှာကော စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် မရှိဘူးလား"

နွားအစ်ကိုကနေ စီနီယာ ပြန်ဖြစ်သွားပြန်ပြီလား။

နွားဝါကြီးကတော့ အခေါ်အဝေါ်ကို သိပ်ဂရုမစိုက်ပေ။

သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ရှိတော့ ရှိတယ်။ ငါတို့ရဲ့ ကျင့်စဉ်စနစ်တွေ မတူပေမယ့် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကတော့ တော်တော်လေး ဆင်တူတယ်။ သီအိုရီအရ မင်းလည်း ကျင့်ကြံလို့ ရတယ်၊ နောက်ပြီး အဆင့်ဆယ့်သုံးအထိလည်း ကျင့်လို့ရတယ်။ ဒါပေမယ့် ဒီနေရာက ယွင်ချန်ဌာန၊ ဝူယွင်ဂိုဏ်းရဲ့ လက်အောက်ခံဖြစ်ပြီး၊ အင်မော်တယ်ဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ တစ်ပြေးညီ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် မဟုတ်တဲ့ တခြားကျင့်စဉ်တစ်ခုခု ပေါ်လာတာနဲ့၊ အချိန်သိပ်မကြာခင်မှာပဲ လူမိသွားလိမ့်မယ်။ မင်း ဒီနေရာမှာ မနေတော့ဘဲ လော့ယွင်မြို့နဲ့ ဝေးဝေးကို သွားမယ်၊ ဝူယွင်ဂိုဏ်းထဲကို မဝင်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင် ပုန်းလို့လွတ်မှာ မဟုတ်ဘူး"

ကျန်းမန် ခဏတာ တိတ်ဆိတ်သွားသည်၊ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ။

ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ် ကံကြမ္မာဇယားရဲ့ တောင်းဆိုချက်က ပိုပြီးတော့တောင် ခက်ခဲလာဦးမှာလေ။

ဂိုဏ်းရဲ့ အထောက်အပံ့ မရှိရင် ပြီးမြောက်နိုင်ဖို့ မလွယ်ဘူး။

ဝူယွင်ဂိုဏ်းကိုတော့ သေချာပေါက် ဝင်ရမှာပဲ။

ဒါဆို နွားဝါကြီးရဲ့ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို သင်လို့မရဘူးပေါ့။

ဒါမှမဟုတ် နောက်ဆုံးအချိန် မရောက်မချင်း သင်လို့မရဘူး။

"နွားအစ်ကို ဘာနည်းလမ်းများ ရှိလဲ"

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ယွင်ချန်ဌာနရဲ့ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ဘယ်လိုရနိုင်မလဲ"

အဆင်မပြေတော့ နွားအစ်ကို ပြန်ဖြစ်သွားပြန်ပြီ။

နွားဝါကြီးက ကျန်းမန်ကို စွမ်းဆောင်နိုင်ရည်ရှိတဲ့သူ သွားရှာဖို့ပဲ ပြောလိုက်သည်။

ကျန်းမန် စဉ်းစားကြည့်လိုက်ရာ၊ မနက်ဖြန် ဆရာကျောက်ကို သွားရှာရတော့မည်။

လောလောဆယ် သူသိတဲ့လူတွေထဲမှာ၊ ဆရာကျောက် တစ်ယောက်ပဲ သိဖို့ အလားအလာ အများဆုံး ရှိတယ်။

အကြံရသွားပြီးနောက် ကျန်းမန်သည် ထပ်မစဉ်းစားတော့ဘဲ၊ သွေးကြောအင်အား ကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။

လွန်ခဲ့သော တစ်လကတည်းက သွေးကြောအင်အား ကျင့်စဉ်အကြောင်း အကြိမ်ကြိမ် သင်ကြားခဲ့ပြီး ဖြစ်သည်။

ဒါကြောင့် ကျန်းမန် တိုက်ရိုက် စတင် ကျင့်ကြံနိုင်ခဲ့သည်။

ထို့နောက် ကျန်းမန်သည် ကျင့်စဉ်စာအုပ်အတိုင်း သွေးကြောအင်အား ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်။

ဒီတစ်ခေါက် လှုံ့ဆော်လိုက်တာကလည်း ဝိညာဉ်စွမ်းအင်ပဲ ဖြစ်ပြီး၊ ကျင့်စဉ် ခရမ်းရောင်ချီလည်း အတူတူ ပါလာသည်။

ကိုယ်လက်လှုပ်ရှားမှုများကို အသုံးပြု၍ ဝိညာဉ်စွမ်းအင်နှင့် အသား၊ သွေးများကို ပေါင်းစပ်ပေးခြင်း ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက်...

ကျန်းမန်သည် တစ်ကြော့ လေ့ကျင့်ပြီးသွားသည်။

ထိုအခါ သွေးကြောအင်အား ကျင့်စဉ်က ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်ကာ အသားနှင့် သွေးများကို ပြုစုပျိုးထောင်ပေးနိုင်ကြောင်း သူ ချက်ချင်း ခံစားလိုက်ရသည်။

သွေးကြောအင်အား ကျင့်စဉ် အခြေခံဝင်သွားပြီ။

ထို့နောက် ကျန်းမန် ဆက်လက် ကျင့်ကြံရာ၊ ဝိညာဉ်စွမ်းအင်များက အသား၊ သွေးများနှင့် ပိုမို ပေါင်းစပ်လာသည်။ သွေးကြောအင်အား ကျင့်စဉ်ဆိုသည်မှာ ပြုစုပျိုးထောင်ရေး လမ်းကြောင်းတစ်ခု တည်ဆောက်ခြင်း ဖြစ်သည်။

ဤသည်မှာ သွေးကြောအင်အား ကျင့်စဉ်၏ အတွင်းပိုင်း ကျင့်ကြံမှုဖြစ်ပြီး၊ အပြင်ပိုင်း ကျင့်ကြံမှုမှာမူ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ကာ သန်မာစေခြင်း ဖြစ်သည်။

(ဒီစာအုပ်မှာ အတွင်းပိုင်းကျင့်ကြံမှု့ဆိုတာ ကျင့်စဉ်ရဲ့ အဆင့်ကို အရင်ကျင့်ကြံတာ ပြီးမှ ခန္ဓာကိုယ်က ကျင်ကြံတာ)

ပြုစုပျိုးထောင်မှု အတိုင်းအတာက ဘူးသီးခြောက်ဘူး စုဆောင်းတာနဲ့ အတူတူပဲ။

များများ စုဆောင်းနိုင်လေ ခန္ဓာကိုယ်က ပိုသန်မာလေပဲ။

ခန္ဓာကိုယ် ပိုသန်မာမှသာ ဝိညာဉ်စွမ်းအင် ပိုများများကို သယ်ပိုးနိုင်ပြီး၊ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်မှာ ဖြစ်တယ်။

နောက်ထပ် နှစ်ကြိမ် လေ့ကျင့်ပြီးနောက်….သွေးကြောအင်အား ကျင့်စဉ် အဆင့်နှစ်

နောက်ထပ် လေးကြိမ် လေ့ကျင့်ပြီးနောက်…..သွေးကြောအင်အား ကျင့်စဉ် အဆင့်သုံး

နောက်ထပ် ရှစ်ကြိမ် လေ့ကျင့်ပြီးနောက်….သွေးကြောအင်အား ကျင့်စဉ် အဆင့်လေး

ဆယ့်ခြောက်ကြိမ် လေ့ကျင့်ပြီးနောက်….သွေးကြောအင်အား ကျင့်စဉ် အဆင့်ငါး

ရုတ်တရက် သွေးကြောအင်အားများ တုန်ခါသွားပြီး အရိုးများကိုပါ လှုံ့ဆော်လာသည်ကို သူ ခံစားလိုက်ရသည်။

နွားဝါကြီးကတော့ နားမလည်နိုင်အောင် ကြည့်နေမိသည်။

ကျန်းမန် သွေးကြောအင်အား ကျင့်စဉ် အဆင့်တက်တာက ကလေးကစားနေသလိုပဲလို့ သူ မြင်နေရသည်။

နေ့တစ်ဝက်တောင် မကြာဘူး၊ သွေးကြောအင်အား ကျင့်စဉ် အဆင့်ငါး ရောက်သွားပြီ။

"သူ တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင် ဟုတ်ရဲ့လား"

နွားဝါကြီး အနည်းငယ် သံသယ ဝင်လာသည်။

ဒါပေမယ့်...

ပြိုင်ဘက်ကင်း ပါရမီရှင်တွေက ဒီလိုမျိုး တိုးတက်မှုနှုန်း ရှိလို့လား။

တကယ်ပဲ မိန်းမယူလိုက်လို့များလား။

မိန်းမယူရုံနဲ့ ဒီလောက်အထိ ဖြစ်နိုင်တယ်ဆိုရင်၊ သူလည်း စဉ်းစားကြည့်လို့ ရပါတယ်။

"နွားအစ်ကို ဘာတွေ စဉ်းစားနေတာလဲ"

ကျန်းမန်က အနားသို့ လျှောက်လာရင်း မေးလိုက်သည်။

သို့သော် သူ၏ ခြေလှမ်းများကို မရပ်တန့်ဘဲ အထဲဝင်ကာ စားစရာ လုပ်တော့သည်။

ဆာတယ်…

အရမ်းဆာတယ်….

သွေးကြောအင်အား ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်က အရင်ကထက် ပိုပြီး ဆာလောင်လာသည်ကို သူ တွေ့လိုက်ရသည်။

မကြာမီပင် ဤလအတွက် ရိက္ခာများ ကုန်သွားပြီကို ကျန်းမန် တွေ့လိုက်ရသည်။

နောက်ထပ် ရိက္ခာ လိုချင်သေးရင် ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်ရတော့မည်။

မူလက ဝိညာဉ်ကျောက်တုံး တစ်ထောင့်သုံးရာ ရှိရာမှ ယခုအခါ တစ်ထောင့်နှစ်ရာ့ကိုးဆယ်သာ ကျန်တော့သည်။

သူ၏ လက်ရှိ စားနိုင်စွမ်းအရဆိုလျှင် ဝိညာဉ်ကျောက်တုံး သုံးရာခန့် ကုန်ကျပေမည်။

ထို့အပြင် ကျင့်ကြံမှုအဆင့် တက်ရန် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးလည်း ဝယ်ရဦးမည်။

ဝိညာဉ်ကျောက်တုံးတွေ မကြာခင် ကုန်တော့မယ်၊ ကြည့်ရတာ ဝိညာဉ်စုဆောင်းခြင်း ခန်းမမှာ ဆက်ပြီး အလုပ်လုပ်ရဦးမယ် ထင်တယ်။

"မင်း ကျင့်ကြံတာ ဒီလောက်မြန်နေတာ၊ တကယ်ပဲ မိန်းမယူလိုက်လို့လား"

နွားဝါကြီးက ရုတ်တရက် မေးလိုက်သည်။

ကျန်းမန် အံ့ဩသွားပြီး ပြန်မေးလိုက်သည်။

"နွားအစ်ကိုလည်း မိန်းမယူချင်လို့လား"

နွားဝါကြီးက ခေါင်းခါရင်း "မင်းကို မိန်းမယူပေးဖို့ ငါ့ရဲ့ အင်အားတွေ အကုန် သုံးလိုက်ရတယ်" ဟု ပြန်ဖြေသည်။

"ဒါဆိုရင် နွားအစ်ကိုလည်း အင်အားနည်းနည်း ပြန်စုလိုက်လေ၊ နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင်က နွားအစ်ကို ဖြစ်လာမှာပေါ့"

ကျန်းမန်က ပြုံးလျက် ပြောလိုက်သည်။

တကယ်တမ်းတော့ သူကိုယ်တိုင်လည်း ဘာတွေဖြစ်နေလဲဆိုတာ သေချာ မသိပါဘူး။

ဒီကောင်းကင်ဘုံ မှတ်တမ်းကျမ်းကြီးက ဘယ်ကရောက်လာလဲဆိုတာ သဲလွန်စ လုံးဝ မရှိဘူး။

ဒါပေမယ့် ဒီပစ္စည်းက လော့ယွင်မြို့မှာ သိပ်ပြီး အသုံးမဝင်ပါဘူး။

နောက်ခံ အင်အားကြီးတဲ့ နေရာကို ရောက်မှသာ အပြည့်အဝ အသုံးချနိုင်မှာပါ။

ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက အဆင့်ကိုးဆိုတော့၊ အရှေ့က ရှစ်ခုက ဘာတွေများ ဖြစ်မလဲ။

ဘာအကျိုးကျေးဇူးတွေများ ရနိုင်မလဲ။

နှမြောစရာက အဖြေမရှိတာပါပဲ။

အများကြီး တွေးမနေတော့ပါဘူး။

အရင်ဆုံး သွေးကြောအင်အား ကျင့်စဉ်ကို မြှင့်တင်မယ်၊ ပြီးရင် ခန္ဓာကိုယ်ကို သန်မာအောင် လုပ်မယ်၊ အဲဒီနောက် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်မယ်။

နောက်တစ်နေ့ မနက်ခင်း……

ကျန်းမန် မြင်းတင်းကုပ်မှ ထွက်လာပြီး ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ရောက်လာခဲ့သည်။

ဒီနေ့မနက် လက်ဝါးခြောက်ကွက် သင်ပေးမှာဖြစ်ပြီး၊ အချင်းချင်း ယှဉ်ပြိုင်လေ့ကျင့်တာတွေလည်း စတင်တော့မယ်။

သူလည်း အခုမှ စသင်ရမှာ။

လက်ဝါးခြောက်ကွက်သည် နတ်ခြေလှမ်းနှင့် မတူဘဲ အမြင့်ဆုံး အဆင့်ကိုးအထိ ကျင့်ကြံနိုင်သည်။

အတော်လေး အစွမ်းထက်သော သိုင်းပညာရပ်ဟု ဆိုနိုင်သည်။

ဆဋ္ဌမမြောက် ခြံဝင်းငယ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လူအချို့က သူ့ကို ကြည့်သည့် အကြည့်များ ထူးဆန်းနေသည်ကို ကျန်းမန် ခံစားလိုက်ရသည်။

ကြည့်ရတာ...

လှောင်ပြောင်နေသလိုလို၊ အားကျနေသလိုလို……

ကျန်းမန်လည်း နားမလည်နိုင်အောင် ဖြစ်ရသည်။

အားကျတာ၊ မနာလိုဖြစ်တာ သက်သက်ပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။

သူက တစ်လအတွင်းမှာတင် ချီသန့်စင်ခြင်း အဆင့်သုံးကို တိုက်ရိုက် ရောက်သွားတာလေ။

မကြာခင် ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ဝင်တော့မှာ။

အားကျတာ၊ မနာလိုဖြစ်တာ၊ မုန်းတီးတာတွေက အရမ်း သဘာဝကျပါတယ်။

လှောင်ပြောင်တယ်ဆိုတာက ဘာသဘောလဲ။

ထိုအချိန်တွင် ဖက်တီးလေး ရောက်လာပြီး မေးလိုက်သည်။

"အစ်ကိုကျန်း၊ မင်းက လော်သခင်မလေးရဲ့ သက်တော်စောင့် လုပ်တော့မယ်ဆိုတာ ဟုတ်လား"

"သက်တော်စောင့် လုပ်မယ်" ကျန်းမန် အနည်းငယ် အံ့ဩသွားသည်။

သက်တော်စောင့်ဆိုတာက နားထောင်လို့ကောင်းအောင် ပြောထားတာလေ။

နားထောင်လို့ မကောင်းအောင် ပြောရရင် အိမ်စေပေါ့။

တစ်ဖက်လူအတွက် အသက်စွန့်ပြီး သစ္စာစောင့်သိရမှာ။

လော်ရွှမ်က ဘာအရည်အချင်း ရှိလို့လဲ။

"ဟုတ်တယ်လေ၊ မဟုတ်ရင် မင်းက ဘာလို့ ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ"

ဖက်တီးလေးက ရှင်းပြလိုက်သည်။

"လူတိုင်းက မင်းကို လော်သခင်မလေး ပြုစုပျိုးထောင်ပေးထားတာလို့ ပြောနေကြတယ်။ သက်တော်စောင့် လုပ်ဖို့အတွက် မင်းကို ပြုစုပျိုးထောင်ပေးနေတာတဲ့။"

"ငါ့ရဲ့ အောင်မြင်မှုအားလုံးက ကိုယ်ပိုင်ပါရမီနဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ၊ လော်သခင်မလေးနဲ့ ဘာဆိုင်လို့လဲ" ကျန်းမန်က ရဲဝံ့ပြတ်သားစွာ ပြောလိုက်သည်။

"ဘယ်သူမှ မယုံဘူးလေ၊ သူတို့အားလုံးက မင်းကို သက်တော်စောင့်အဖြစ် ရွေးချယ်ခံရတယ်လို့ ထင်နေကြတယ်။ သူတို့က မကျေမနပ်ဖြစ်ပြီး သူတို့က ပိုစွမ်းတယ်လို့ ထင်နေကြတာ"

ဖက်တီးလေးက ကျန်းမန်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

"ဒီနေ့ လက်ဝါးခြောက်ကွက် သင်မှာ မဟုတ်လား။ အချင်းချင်း ယှဉ်ပြိုင်လေ့ကျင့်တာလည်း စတော့မှာဆိုတော့၊ လူတချို့က မင်းကို ယှဉ်ပြိုင်လေ့ကျင့်ရင်း အရှက်ခွဲဖို့ ကြိုးစားကြမှာ သေချာတယ်။ လော်သခင်မလေးရဲ့ စိတ်ပြောင်းသွားအောင်နဲ့ သူတို့ကို သက်တော်စောင့်အဖြစ် ရွေးချယ်လာအောင် သူတို့ရဲ့ စွမ်းရည်တွေကို ပြသချင်ကြတာလေ။"

ကျန်းမန် သက်ပြင်းချလိုက်သည်၊ အိမ်စေလုပ်ရမှာကိုတောင် အလုအယက် ဖြစ်နေကြတာကိုး။

ဒါပေမယ့်လည်း ဟုတ်ပါတယ်၊ လော်သခင်မလေးရဲ့ နောက်ခံက သာမန်မှ မဟုတ်တာ၊ သက်တော်စောင့် လုပ်ခွင့်ရရင် နှစ်ပေါင်းများစွာ အချိန်ကုန်သက်သာသွားမှာပေါ့။

ရွာပြန်ပြီး လယ်စိုက်ရတာထက်စာရင် အများကြီး သာပါတယ်။

ယွင်ချန်ဌာနကနေ ပြန်သွားရင် ဂုဏ်သိက္ခာ နည်းနည်း တက်လာမှာ မှန်ပေမယ့်

ကျင့်ကြံမှုအဆင့်ကတော့ ရွာကလူတွေထက် သာမယ်လို့ သေချာ မပြောနိုင်ဘူး။

အခုခေတ်မှာ မကျင့်ကြံတဲ့သူမှ မရှိတာ။

ကျန်းမန် စဉ်းစားခန်း ဝင်နေဆဲမှာပင်၊ ရုတ်တရက် သူ့ပခုံးကို တစ်ယောက်ယောက်က ဝင်တိုက်လိုက်သည်။

ထိုသူက လှည့်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"မင်းက ကျန်းမန်လား"

ကျန်းမန်က ပခုံးကို ပုတ်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ်ခန့်၊ ဝတ်စားဆင်ယင်မှု မဆိုးလှပေ။

အသားအရေ အနည်းငယ် ညိုသော်လည်း၊ သူ့ထက်စာလျှင် အများကြီး ပိုကောင်းသည်။

"ဟုတ်တယ်" ကျန်းမန်က ခေါင်းညိတ်လိုက်သည်။

"ငါ့နာမည် စုန့်ချင့်၊ အဆင့် ဆယ့်ခုနစ်။ လက်ဝါးခြောက်ကွက် ယှဉ်ပြိုင်လေ့ကျင့်တဲ့အခါ မင်းနဲ့ငါ ကျလောက်တယ်။ ငါက သိပ်မကျွမ်းကျင်သေးတော့ မင်းကို နာကျင်အောင် လုပ်မိရင် ခွင့်လွှတ်ပေးပါ"

စုန့်ချင့်က ပြုံးလျက် ပြောလိုက်သည်။

သေချာပေါက် နိုင်မယ်လို့ ထင်နေပုံရသည်။

ကျန်းမန် မျက်မှောင်ကြုတ်သွားသည်။

လက်ဝါးခြောက်ကွက်ကို သူ အခုမှ စသင်ရမှာ…..

သိုင်းပညာရပ် မွေးရာပါချီရဲ့ အကူအညီ ပါပေမယ့် အချိန်မီနိုင်ပါ့မလား မသိဘူး။

တစ်ဖက်လူရဲ့ အဆင့်က ဘယ်လောက်ရှိလဲဆိုတာလည်း မသိဘူး။

သူ ခံနိုင်ရည် ရှိပါ့မလား။

တိုးတက်မှုနှုန်း မလုံလောက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ။

ပထမအဆင့်တောင်မှ စိန်ခေါ်ခံရသေးလို့လား။

All Chapters