← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) မဖြစ်ရင်လည်း မိစ္ဆာလမ်းစဉ် လိုက်ရုံပဲ ရှိတာပေါ့

ဝိညာဉ်စုဆောင်းခြင်း ခန်းမ

တာဝန်ခံ မြောင်က ကျန်းမန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ရမှတ်က မဆိုးဘူးပဲ မင်း ဒီနေရာမှာ လေ့ကျင့်ရင် သေချာပေါက် အောင်မြင်မှုတစ်ခုခု ရလိမ့်မယ်လို့ ငါပြောခဲ့သားပဲ အခုတော့ တကယ် ဖြစ်လာတာ မြန်လွန်းတယ် ငါတို့ ဝိညာဉ်စုဆောင်းခြင်း ခန်းမက လူတွေကို အတော်ဆုံး လေ့ကျင့်ပေးနိုင်သလို အောင်မြင်မှုအပေါ် မူတည်ပြီးတော့လည်း အကျိုးအမြတ် ပေးတာ မင်းရဲ့ ဒီလိုရမှတ်မျိုးဆိုရင် ဝိညာဉ်ကျောက်တုံး ငါးဆယ် ရမယ် ပုတီးစေ့ ငါးစေ့ကို အာမခံ လင်းစေနိုင်ပြီး ပိုတဲ့ တစ်စေ့ချင်းစီအတွက် ဝိညာဉ်ကျောက်တုံး ခုနစ်တုံးစီ တွက်ပေးမယ် နည်းနည်းလောက် ကြိုးစားရင် မင်း ပုတီးစေ့ ခုနစ်စေ့ ဒါမှမဟုတ် ရှစ်စေ့အထိ လင်းစေနိုင်တယ် တစ်နေ့လုံးဆိုရင် ခုနစ်ဆယ်ဝန်းကျင် ရမှာဖြစ်ပြီး တစ်လကို ဝိညာဉ်ကျောက်တုံး နှစ်ထောင် ရလိမ့်မယ် ဒါက သာမန်လူတွေထက် အများကြီး ပိုများတယ်"

ကျန်းမန် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ရာ ပုတီးစေ့ နောက်ထပ် နှစ်စေ့ ပိုလင်းစေရင်တောင် ငါးဆယ် အပေါင်း ဆယ့်လေးဆိုတော့ ခြောက်ဆယ့်လေးတုံးပဲ ရှိသေးသည်။

လော်ရွှမ်နှင့် ယှဉ်ပြိုင်လေ့ကျင့်ပေးလို့ ရတာထက်တောင် နည်းနေသေးသည်။

ထိုအခါမှ စုန့်ချင့်တစ်ယောက် ဘာကြောင့် သက်တော်စောင့် သေချာပေါက် လုပ်ချင်နေရသလဲဆိုတာ သူ သဘောပေါက်သွားသည်။

တစ်ဖက်လူ ပေးတာက တကယ်ကို များလွန်းသည်။

စုန့်ချင့်တစ်ယောက် နောက်ဆုံးတော့ တကယ်ကြီး သွားလိုက်မလားဆိုတာ မသိနိုင်ပေ။

သူက ခဏရပ်ပြီးနောက် ပြောလိုက်သည်။

"တာဝန်ခံက ဒီနေ့ တခြားလူတွေကို စိတ်ဓာတ်မြှင့်တင်ပေးဦးမလား ကျွန်တော် စလာတုန်းက ချီသန့်စင်ခြင်း အဆင့်တစ်ပဲ ရှိသေးတာ အခုတော့ ချီသန့်စင်ခြင်း အဆင့်သုံး ဖြစ်နေပြီမို့ စံပြအနေနဲ့ လုပ်လို့ရတယ် ဝိညာဉ်စုဆောင်းခြင်း ခန်းမရဲ့ ပြုစုပျိုးထောင်မှုကြောင့်ပါ"

ထိုစကားကို ကြားသောအခါ တာဝန်ခံ မြောင်က ကျန်းမန်ကို အံ့ဩစွာ ကြည့်ပြီး မေးလိုက်သည်။

"နှစ်ဆလား"

ကျန်းမန်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သည်။

"နှစ်ဆပါ"

နောက်ဆုံးတွင် ကျန်းမန်က အံကြိတ်ထားဟန် ဆောင်ကာ ပုတီးစေ့ ရှစ်စေ့ကို လင်းစေခဲ့သည်။

စုစုပေါင်း ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ့်တစ်တုံး ရသည်။

စင်ပေါ်တက်ကာ ဝိညာဉ်စုဆောင်းခြင်း ခန်းမ၏ နှစ်ဆတိုး ပြုစုပျိုးထောင်ပေးမှုအတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။

ဝိညာဉ်ကျောက်တုံး တစ်ရာ့လေးဆယ့်နှစ်တုံး ဖြစ်သည်။

တကယ့်ကို အမြတ်အစွန်းများသော နေ့တစ်နေ့ပင်။

တခြားလူတွေ ယုံမယုံကတော့…………

ကျန်းမန် ထင်တာကတော့ ပုံမှန်လူတစ်ယောက်သာ ဒီထဲဝင်လာရင် ဤနေရာက လူတွေကို ပြုစုပျိုးထောင်ပေးနိုင်တယ်ဆိုတာ ဘယ်လိုမှ ယုံမှာမဟုတ်ပေ။

တကယ်လို့ ယုံကြည်သွားတဲ့သူ ရှိရင်တောင်မှ အံကြိတ်ပြီး အချိန်အတန်ကြာ ပိုလုပ်ကြမှာ ဖြစ်ကာ ထို့နောက် တတိယထပ်နှင့် ခန်းမခြောက်ဆောင်တွင် ပညာသင်ယူမှု ပြီးဆုံးသွားလျှင် မိမိတို့ရွာသို့ ပြန်ကြရုံသာ ရှိသည်။

ဝိညာဉ်ကျောက်တုံး အများအပြားကို ပြန်သယ်သွားကြလိမ့်မည်။

ပုံမှန် လယ်လုပ်ရတာထက်စာရင် ပိုကောင်းတဲ့ ဘဝမျိုးနဲ့ ရှင်သန်ကြလိမ့်မည်။

ဒီနေရာမှာ ရှိနေတဲ့သူတွေက အခြေခံအားဖြင့် မိမိတို့၏ အင်မော်တယ် လမ်းစဉ်ကို ဖြတ်တောက်လိုက်ကြရသူများသာ ဖြစ်သည်။

အခြေခံ အုတ်မြစ် ပျက်စီးသွားမှတော့ ဘယ်မှာ အနာဂတ် ရှိတော့မှာလဲ။

သူ့လိုမျိုး ချီသန့်စင်ခြင်း ကျင့်စဉ်က အဆင့်ကိုးကို ရောက်ရှိထားပြီး ဝိညာဉ်စွမ်းအင် အချို့ကို ချန်ထားနိုင်ကာ အခြေခံ အုတ်မြစ် ပျက်စီးမှုကို ထိန်းချုပ်နိုင်မှသာ တစ်မျိုးဖြစ်သည်။

ဒါပေမယ့် ဒီနေရာကို လာရင် ကျင့်ကြံမှုအဆင့်က တိုးတက်လာမှာ မဟုတ်တော့ပေ。

တော်သေးတာက သူက မကြာသေးခင်က သွေးကြောအင်အား ကျင့်စဉ်ကိုပဲ အာရုံစိုက် မြှင့်တင်နေတာမို့ ကျင့်ကြံမှုအဆင့် တိုးတက်မှုနှုန်းကို စိုးရိမ်မနေခြင်း ဖြစ်သည်။

နောက်ပိုင်းရက်တွေမှာ ကျန်းမန်က တခြားကိစ္စတွေကို ဘာမှမလုပ်တော့ပေ။

နေ့ဘက်တွင် ကျင့်ကြံပြီး ညဘက်တွင် ဝိညာဉ်ကျောက်တုံး ရှာသည်။

သုံးရာ ပြည့်တာနဲ့ သားရဲအသား ဝယ်သည်။

သွေးကြောအင်အား ကျင့်စဉ်ကို ဆက်လက် မြှင့်တင်သည်။

ဒါပေမယ့် ဒီရက်ပိုင်းအတွင်း စုန့်ချင့်၏ စိတ်ခံစားချက်က တစ်ခုခု လွဲမှားနေသည်ကို ကျန်းမန် သတိပြုမိသဖြင့် မေးကြည့်လိုက်ရာ တစ်ဖက်လူက ခေါင်းခါပြီး သက်ပြင်းချရုံသာ လုပ်သည်။

တစ်လုံးမှ ထုတ်မပြောပေ။

ဒါပေမယ့် ကြည့်ရတာတော့ တကယ့်ကို အခက်အခဲအချို့နှင့် ကြုံတွေ့နေရပုံရသည်။

လော်ရွှမ်ဘက်က သူ့ကို ကြည့်တဲ့ မျက်နှာထားကလည်း သိပ်မကောင်းလှပေ။

ကျန်းမန် လက်ကိုင်ပဝါကို သတိရသွားသည်။

တစ်ဖက်လူက ငါးမျှားနေတာ ဖြစ်နိုင်ပြီး နှမြောစရာက ငါးက ငါးစာမစားဘဲ စုန့်ချင့်က ဝင်ဟတ်မိသွားခြင်း ဖြစ်သည်။

ကျန်းမန် သက်ပြင်းချလိုက်မိသည် အခုဆိုရင် အဆင့်တစ်နှင့် အဆင့်နှစ်တို့က သူနှင့် အနည်းငယ် ငြိစွန်းနေပြီ ဖြစ်သည်။

သူတို့ကို တတ်နိုင်သမျှ ရှောင်ရမည်။

မဟုတ်ရင် ကျန်းမန်၏ ကျင့်ကြံခြင်းကို နှောင့်နှေးစေလိမ့်မည်။

ရက်သတ္တပတ် နှစ်ပတ် ကြာပြီးနောက်…..

ကျန်းမန်က ဝိညာဉ်ကျောက်တုံး တစ်ထောင် ရှာနိုင်ခဲ့ပြီး အားလုံးကို သားရဲအသား ဝယ်ယူလိုက်သည်။

အားလပ်ချိန် အားလုံးကိုလည်း သွေးကြောအင်အား ကျင့်ကြံဖို့အတွက်ပဲ အသုံးပြုခဲ့သည်။

ဒါပေမယ့် အဆင့်ကိုး သွေးကြောအင်အား ကျင့်စဉ် ရှိနေရင်တောင် ကျင့်ကြံခြင်း အရှိန်က ထင်သလောက် မမြန်လှဘဲ အခုမှ တတိယမြောက် သွေးဘူးသီးခြောက်ဘူးကို ကပ်သီးကပ်သတ် ဖွင့်လှစ်နိုင်ခဲ့သည်။

ခန္ဓာကိုယ်ကတော့ တကယ်ကို ပိုပြီး သန်မာတောင့်တင်းလာသည်။

လက်ဝါးခြောက်ကွက်က သူ့လက်ထဲတွင် စွမ်းအား ပိုမို ပြင်းထန်လာသည်။

နတ်ခြေလှမ်းကလည်း အများကြီး ပိုမြန်လာသည်။

မျှော်လင့်ထားသည့်အတိုင်း ကျင့်ကြံမှုအဆင့်နှင့် သွေးကြောအင်အား တိုးတက်လာခြင်းက သိုင်းပညာရပ်များ၏ စွမ်းအားကို သက်ရောက်မှု ရှိစေသည်။

အောက်တိုဘာလဆန်းတွင်…..

ခြံဝင်းငယ်အသီးသီးမှ ဆရာများက လူတိုင်းကို စည်းကမ်းလိုက်နာရန်နှင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် စတင် ပြောဆိုလာကြပြီး မဆင်မခြင် မလုပ်ခိုင်းတော့ပေ။

ထို့အပြင် ဌာနတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ကာ နေရာအသီးသီးကို ပြင်ဆင်မွမ်းမံလာကြသည်။

ကျန်းမန်၏ မြင်းတင်းကုပ်ကိုပင် ပြုပြင်ပေးခဲ့ပြီး ထို့နောက် သူ့ကို သန့်ရှင်းရေး လုပ်ခိုင်းသည်။

လူတိုင်း နားမလည်ကြသော်လည်း ဆရာများနှင့် ယွင်ချန်ဌာန၏ အာဏာကြောင့် လိုက်နာလုပ်ဆောင်ကြရုံသာ ရှိသည်။

သုံးရက် ကြာပြီးနောက်….

နောက်ဆုံးတွင် သတင်းတစ်ခု ထွက်ပေါ်လာသည် ဝူယွင်ဂိုဏ်းက လူတွေ လာတော့မည်တဲ့။

အကဲဖြတ်စစ်ဆေးရန် လာခြင်းဖြစ်သည်ဟု ဆိုကြသည်။

နောက်ထပ် သုံးရက် ကြာပြီးနောက်….

ဂိုဏ်း၏ အင်အားကြီး ပုဂ္ဂိုလ်များက တတိယထပ် ခန်းမခြောက်ဆောင်နှင့် အရှေ့ အလယ် အနောက် ခြံဝင်းကြီး သုံးခုလုံးကို လှည့်လည်ကြည့်ရှု စစ်ဆေးလိမ့်မည်ဟူသော သတင်းများ ထပ်မံ ထွက်ပေါ်လာသည်။

တကယ်လို့ မျက်စိကျခံရရင်တော့ တစ်ရှိန်ထိုး အောင်မြင်သွားနိုင်သည်။

ချက်ချင်းပင် လူတိုင်းက ကျင့်ကြံခြင်းဘက်တွင် တက်ကြွလာကြသည်။

ကိုယ့်အလှည့် ရောက်လာမှာ မဟုတ်ဘူးလို့ ခံစားရရင်တောင်မှ မမျှော်လင့်ဘဲ ဖြစ်လာရင်ကော။

ဘယ်ကိစ္စမဆို မမျှော်လင့်ဘဲ ဖြစ်လာမှာကိုပဲ ကြောက်ရတာ။

မမျှော်လင့်ဘဲ မျက်စိကျခံရရင်တော့။

ဒါက ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မှာ ဖြစ်သည်။

ကျန်းမန် ကြားလိုက်ရတော့လည်း အနည်းငယ် အံ့ဩသွားသည်။

ဒါပေမယ့် ဂိုဏ်းကလူတွေက အကဲဖြတ်စစ်ဆေးဖို့ လာတာမဟုတ်ဘဲ အကြောင်းအရင်းအချို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာဆိုတာ သူ သိသည်။

ရောက်လာပြီး ယွင်ချန်ဌာနကို ပေးမယ့် အကျိုးအမြတ်က သာမန် အထက်အဆင့် ကျင့်စဉ် သုံးအုပ်ပဲ ဖြစ်သည်။

ကြည့်ရတာ ဆရာကျောက်က လိမ်ပြောတာ မဟုတ်ဘူးပဲ ဒါပေမယ့် သူကတော့ အခုထိ ဘာသတင်းမှ မရသေးပေ။

ဆက်ပြီး စောင့်ဆိုင်းဖို့ပဲ ရွေးချယ်နိုင်သည်။

တကယ်လို့ ဒီလမ်းက သွားလို့မရဘူးဆိုရင် နောက်ဆုံးတော့ လော့ယွင်မြို့နဲ့ ဝေးရာကို သွားပြီး မိစ္ဆာလမ်းစဉ် လိုက်ရုံပဲ ရှိတော့သည်။

အောက်တိုဘာလ တစ်ဆယ့်လေးရက်နေ့…..

ကျန်းမန်က အသစ်ဝယ်ထားသော သားရဲအသားကို စုပ်ယူပြီးနောက် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

တတိယမြောက် သွေးဘူးသီးခြောက် ပြည့်သွားပြီ။

ကျင့်ကြံမှုအဆင့်ကို စတင် မြှင့်တင်နိုင်ပြီ ဖြစ်သည်။

ဒါပေမယ့် အချိန်က တစ်လပဲ ကျန်တော့တာမို့ ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးတွေ အများကြီး ကုန်ကျလိမ့်မည်။

လက်ရှိ သူ ဝိညာဉ်ကျောက်တုံး ရှာတဲ့အရှိန်က မမြန်လှပေ။

တစ်လကို အများဆုံး ခြောက်လုံးပဲ ဝယ်နိုင်မှာဖြစ်ပြီး ခြောက်လုံးဆိုတာက ဘယ်လိုမှ မလောက်နိုင်ပေ။

ဖက်တီးလေးက ကျန်းမန်၏ ဘေးသို့ ရောက်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အစ်ကိုကျန်း ဘာလုပ်နေတာလဲ မနက်ဖြန်ကိစ္စကို စဉ်းစားနေတာလား"

သူက ခပ်တိုးတိုး ဆက်ပြောသည်။

"အစ်ကိုကျန်း မနက်ဖြန် ထိပ်ဆုံး ဆယ့်ငါးယောက်စာရင်းထဲ ဝင်ဖို့ ယုံကြည်ချက် ရှိရဲ့လား"

ကျန်းမန်က အသားခြောက်စားနေသော ဖက်တီးလေးကို လှည့်ကြည့်ကာ ခဏတာ စဉ်းစားလိုက်ပြီး ဒီအတိုင်း ဆက်သွားနေရင် ချီသန့်စင်ခြင်း အဆင့်ခြောက်ကို သေချာပေါက် အောင်မြင်အောင် တက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။

အတွေးအမြင် ပြောင်းလဲဖို့ လိုအပ်သည်။

ဝိညာဉ်ကျောက်တုံး ရှာရတာ တကယ်ကို နှေးကွေးလွန်းသည်။

အချိန်တိုအတွင်း လိုအပ်ချက်အတွက်ဆိုရင် မရှာသင့်တော့ဘဲ ချေးငှားသင့်သည်။

ကျန်းမန်က မေးလိုက်သည်။

"ကောင်းလေး မင်းမှာ လတိုင်း ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်လို့ ကြားတယ်"

တကယ်တော့ ကြားဖူးတာ မဟုတ်ဘဲ ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်း ဖြစ်သည်။

ဖက်တီးလေးက အနည်းငယ် အံ့ဩသွားပြီးနောက် ခေါင်းခါပြသည်။

"မရှိပါဘူး အားလုံးက ကောလာဟလတွေပါ ကျွန်တော့်အိမ်က ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး မပေးဘူး"

ကျန်းမန် စိတ်ထဲတွင် အံ့ဩသွားပြီး မေးလိုက်သည်။

"တစ်ပြားမှ မပေးဘူးလား"

ဖက်တီးလေးက အသေအချာ ပြန်ပြောသည်။

"တစ်ပြားမှ မပေးဘူး"

ဒါက ကျန်းမန်ကို တကယ်ပဲ အံ့ဩသွားစေသည် ကြည့်ရတာ ဒီဘက်မှာတော့ အဆင်မပြေတော့ပေ။

ဒါဆိုရင် ဆရာကျောက်ကိုပဲ သွားရှာရတော့မည် တစ်ဖက်လူက ကူညီပေးနိုင်ဖို့ မျှော်လင့်ရတာပဲ။

ဒါပေမယ့် ကျန်းမန် မကျင့်ကြံရသေးခင်မှာပဲ ဖက်တီးလေးက ပြောလာသည်။

"သူတို့က ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးတွေပဲ ပေးတာ တစ်လကို ခြောက်လုံး ပေးတယ် ကျွန်တော့်ဆီမှာ အခု ဆယ်လုံးတောင် ကျန်သေးတယ် အစ်ကိုကျန်း လိုချင်လား"

ကျန်းမန် တစ်ကိုယ်လုံး ကြောင်အမ်းသွားသည် တစ်လကို ခြောက်လုံးပေးတာ လဝက်ပဲ ရှိသေးတယ် ဘယ်လိုလုပ် ဆယ်လုံးတောင် ပိုနေရတာလဲ။

"စားလို့ မကုန်ဘူးလေ"

ဖက်တီးလေးက သက်ပြင်းချရင်း လက်နှစ်ဖက်ကို ဖြန့်ပြသည်။

"ကျွန်တော်က အဲဒီလောက်အများကြီး မစုပ်ယူနိုင်ဘူး ဆေးလုံးတစ်လုံးချင်းစီက တကယ်တော့ ဆေးစွမ်းတွေ အများကြီး ဖြုန်းတီးပစ်လိုက်သလိုပဲ"

ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်မမြင့်ရင်တော့ ဤကဲ့သို့သော အခြေအနေမျိုး အမှန်တကယ် ရှိတတ်သည်။

အနည်းငယ် စဉ်းစားပြီးနောက် ကျန်းမန်က ဆေးလုံး ခြောက်လုံး ချေးရန် ဆုံးဖြတ်လိုက်သည်။

မိမိကိုယ်တိုင် ရှာဖွေထားသော ဝိညာဉ်ကျောက်တုံး နှစ်ထောင့်တစ်ရာနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး ဆယ့်သုံးလုံး ရမည် ဖြစ်သည်။

ထို့အပြင် အဆင့်ကိုး ချီသန့်စင်ခြင်း ကျင့်စဉ်ဖြင့် မနားမနေ ကြိုးစားမယ်ဆိုရင်……

ချီသန့်စင်ခြင်း အဆင့်ခြောက်ကို မနည်း ရောက်အောင် သွားနိုင်သည်။

ဆဌမမြောက် ဘူးသီးခြောက်ဘူးကို ဖွင့်လှစ်နိုင်တာနဲ့ ချီသန့်စင်ခြင်း အဆင့်ခြောက် ဖြစ်ပြီ။

နည်းနည်းတော့ လိုအပ်ချက် ရှိနေသေးပေမယ့် အရည်အချင်းကတော့ ပြည့်မီသည်။

ကျန်းမန်ကို ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး ခြောက်လုံး ပေးပြီးနောက် ဖက်တီးလေးက တိုးတက်စွာ မေးလိုက်သည်။

"ဝိညာဉ်စုဆောင်းခြင်း ခန်းမရဲ့ အခွင့်အရေးကော ချေးမလား"

ကျန်းမန်က ပြန်မေးလိုက်သည်။

"ဝိညာဉ်စုဆောင်းခြင်း ခန်းမရဲ့ အခွင့်အရေး"

ကျန်းမန်က ဝိညာဉ်စုဆောင်းခြင်း ခန်းမကို သိသလို ထိုနေရာကို ဝင်ရောက်ပြီး ကျင့်ကြံနိုင်သူ ရှိတယ်ဆိုတာလည်း နားလည်သည်။

ဝိညာဉ်ကျောက်တုံး တစ်ထောင်ကနေ စရတာ။

ဝိညာဉ်ကျောက်တုံး တစ်ထောင်ရဲ့ ပမာဏက သာမန် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံးစာ ပမာဏနဲ့ အတူတူပဲ။

တစ်ခုတည်းသော ကွာခြားချက်ကတော့ ဝိညာဉ်စုဆောင်းခြင်း ခန်းမထဲက ဝိညာဉ်စွမ်းအင်က စုပ်ယူရလွယ်ကူခြင်း ဖြစ်သည်။

ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်နိမ့်တဲ့သူတွေအတွက်တော့ အလွန် အဆင်ပြေသည်။

ကျန်းမန် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး မေးလိုက်သည်။

"ဒီလောက် အရင်းအမြစ်တွေ အများကြီး ရှိတာကို မင်းက ဘာလို့ ချီသန့်စင်ခြင်း အဆင့်နှစ်ပဲ ရှိသေးတာလဲ"

ဖက်တီးလေးက ပြန်ဖြေသည်။

"အရင်က ကျွန်တော် မကြိုးစားလို့ ဒီလောက် အရင်းအမြစ် မရှိတာ အခုတော့ အစ်ကိုကျန်းနဲ့အတူ အဆင့်တက်လာတော့မှ အရင်းအမြစ်တွေ အများကြီး ရတာ ဒါပေမယ့် တောင်းဆိုချက်ကလည်း မြင့်တယ်"

သူက ခဏရပ်ပြီးနောက် ချက်ချင်း ဆက်ပြောသည်။

"ဒါကြောင့် အစ်ကိုကျန်းက သေချာ ကျင့်ကြံပြီး အဆင့်တွေ ပိုတက်အောင် ကြိုးစားပါဦး"

ကျန်းမန် ကြောင်သွားသည် မိမိ အဆင့်တက်တာနဲ့ သူနဲ့ ဘာဆိုင်လို့လဲ

All Chapters