← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) အစ်ကိုကျန်း ထိပ်ဆုံးဆယ်ယောက်စာရင်းထဲ ဝင်အောင် ကြိုးစား

ကျန်းမန်က ဖက်တီးလေးကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

တစ်ဖက်လူက ချက်ချင်း ရှင်းပြသည်။

"အရင်တုန်းက ကျွန်တော်က အစ်ကိုကျန်းအပေါ်မှာ အမြဲတမ်း နေရာယူထားတာ အခုတော့ အစ်ကိုက ကျွန်တော့်ကို ကျော်သွားပြီလေ ငါ့အဖေက ပြောတယ် အရင်က နောက်ဆုံးအဆင့်ဖြစ်တဲ့ အစ်ကိုတောင် ရမှတ်တွေ တစ်ောက်လျှောက် တက်လာတာ ဒါဆို ဒုတိယ နောက်ဆုံးအဆင့်ဖြစ်တဲ့ ငါကကော ဘာလို့ မရရမှာလဲတဲ့

သီအိုရီအရဆိုရင် ဒုတိယ နောက်ဆုံးအဆင့်က နောက်ဆုံးအဆင့်ထက် ပိုမြန်မြန် တိုးတက်သင့်တာပေါ့ ဒါက ငါ့အဖေ အမှန်တရားကို မမြင်တာလို့ ငါသိပါတယ် အခုချိန်မှာ အစ်ကိုကျန်းရဲ့ အဆင့်က သိပ်မမြင့်သေးဘူးလေ ဒါကြောင့် ငါက အစ်ကိုကျန်းနေရာမှာဆိုရင်လည်း ဒီလောက်တော့ ရမှာပဲလို့ သူက ထင်နေတာ ဒါကြောင့် အစ်ကိုကျန်းက ပိုကြိုးစားပြီး ထိပ်ဆုံး ဆယ်ယောက် ဒါမှမဟုတ် ငါးယောက်စာရင်းထဲ ဝင်အောင် ကြိုးစားပေးပါ အဲဒါမှ သူလည်း အမှန်တရားကို မြင်သွားမှာ"

ကျန်းမန် ဘာပြောရမှန်း မသိတော့ပေ။

ပါရမီရှင်ဆိုတာ အမြဲတမ်း အကြောင်းပြချက်မရှိဘဲ တာဝန်တွေ ထမ်းထားရတာပဲ။

ဒါပေမယ့် ဖက်တီးလေးရဲ့ အရင်းအမြစ်တွေက သူ့ကို တကယ်ပဲ အများကြီး အကူအညီ ဖြစ်ခဲ့သည်။

အရင်ကတည်းက သူက ဘူးသီးခြောက်ဘူး သုံးခုစာ ဝိညာဉ်စွမ်းအင်ကို စုဆောင်းပြီးသား ဖြစ်သည်။

အခု ပြန်သွားပြီး ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံးကို စားကာ စုပ်ယူသန့်စင်လိုက်တာနဲ့ စတုတ္ထမြောက် ဘူးသီးခြောက်ဘူးကို အောင်မြင်စွာ ဖွင့်နိုင်ပြီ ဖြစ်သည်။

ညပိုင်း…….

ကျန်းမန် အချိန်အတော်ကြာ ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ကျင့်စဉ်လည်ပတ်မှုကို ရပ်တန့်လိုက်သည်။

ယခုအခါ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားလှသော ဝိညာဉ်စွမ်းအင်များ တရစ်ဝဲဝဲ ဖြစ်နေသည်။

ချီသန့်စင်ခြင်း အဆင့်လေးသို့ ရောက်ပြီးနောက် သူ၏ မူလ ဝိညာဉ်စွမ်းအင်များက အရင်ကထက် အများကြီး ပိုမို လေးလံသိပ်သည်းလာသည်။

အရင်က အတင်းအဓမ္မ အဆင့်မတက်နိုင်ခဲ့တာ မဆန်းပေ။

တကယ်လို့သာ အတင်းအဓမ္မ အဆင့်တက်ခဲ့ရင် ခန္ဓာကိုယ်က လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

နွားဝါကြီးက အနားသို့ ရောက်လာပြီး သတိပေးလိုက်သည်။

"နှစ်လရှိပြီ မင်းမှာ တစ်လပဲ အချိန်ကျန်တော့တယ်"

ကျန်းမန်က ပြန်မေးလိုက်သည်။

"နွားအစ်ကိုက ကိုယ့်ခန္ဓာကိုယ်ပေါ်က ပြဿနာကိုပဲ အရင် စိတ်ပူလိုက်ပါ အဲဒီ အင်မော်တယ်မလေး မကြာသေးခင်က နွားအစ်ကို့ကို ဒုက္ခမပေးဘူးလား"

နွားဝါကြီးက ပြောလိုက်သည်။

"ငါ သေမှာ မဟုတ်ဘူး ဒါပေမယ့် မင်းကတော့ တကယ်ပဲ သေနိုင်တယ်"

ထို့နောက် နွားဝါကြီးက သူ့ကိုချည်ထားသော ကြိုးကို ကိုက်ချီကာ တခြားနေရာတွင် မြက်သွားစားသည်။

ကျန်းမန်က ထွက်သွားသော နွားဝါကြီးကို ကြည့်ကာ အနည်းငယ် စဉ်းစားလိုက်သည်။

သူ မှတ်မိသလောက်တော့ အင်မော်တယ်မလေး လက်ရမ်းလွန်သွားရင် သေမှာက နွားဝါကြီး ဖြစ်သည်။

နှစ်ယောက်လုံးက အခြေအနေချင်း အတူတူပါပဲ။

အောက်တိုဘာလ ဆယ့်ငါးရက်…..

နောက်ထပ် အကဲဖြတ်စစ်ဆေးမှု အသစ်တစ်ခု ရောက်လာပြန်သည်။

ခြံဝင်းငယ်ထဲတွင် စုန့်ချင့်က ကျန်းမန်၏ အနားသို့ ရောက်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"ဒီရက်ပိုင်း အနေအထိုင် နည်းနည်း ဆင်ခြင်နော် ဂိုဏ်းကလူတွေ စစ်ဆေးရေး စဆင်းနေပြီလို့ ကြားတယ်"

ကျန်းမန်က တစ်ဖက်လူ ဘာကြောင့် ဒီလောက် စေတနာကောင်းနေမှန်း နားမလည်ပေ။

ဒါပေမယ့်လည်း ကျေးဇူးတင်စကားတော့ ဆိုလိုက်သည်။

ဒီနေ့က အကဲဖြတ်စစ်ဆေးသည့် နေ့ဖြစ်သဖြင့် အာရုံလွင့်စင်မည်စိုး၍ လူတိုင်းက စကားသိပ်မပြောကြပေ။

နှစ်ရက်ကြာ အကဲဖြတ်စစ်ဆေးချိန်ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့သည်။

ဘာပြဿနာမှ မရှိခဲ့သလို ဂိုဏ်းကလူတွေ လာရောက် စစ်ဆေးသည်ကိုလည်း မတွေ့ရပေ။

ဂိုဏ်းကလူတွေ လာရောက် စစ်ဆေးမည်ဟုသာ မကြာခဏ ကြားရသော်လည်း တစ်ခါမှတော့ မမြင်ဖူးပေ။

စုံစမ်းကြည့်လိုက်မှသာ ဂိုဏ်းကလူတွေက တတိယထပ် ဝန်းကျင်မှာသာ မကြာခဏ ပေါ်လာတတ်ကြောင်း သိလိုက်ရသည်။

ယွင်ချန်ဌာန တစ်ခုလုံးကို စစ်ဆေးမည်ဆိုသည်မှာ အစကတည်းက ကောလာဟလတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် အစွမ်းအစရှိသူ အများစုက တတိယထပ်ကို ရောက်သွားကြပြီလေ။

ဒါကြောင့် တတိယထပ်က ခြံဝင်းအသီးသီးမှာ အကဲဖြတ်စစ်ဆေးမှု ဝင်ခွင့်နေရာတွေလည်း ပိုများသည်။

ဆယ့်ခုနစ်ရက်နေ့ မနက်ခင်း။

လူတိုင်းက မနက်စောစောကတည်းက လာရောက် စောင့်ဆိုင်းနေကြသည်။

ဒီနေ့က အဆင့်သတ်မှတ်ချက် အသစ်ထွက်မည့်နေ့ ဖြစ်သည်။

ကျောက်လဲ့မင်လည်း စောစောစီးစီး ရောက်လာခဲ့သည်။

ကျောက်လဲ့မင်က ပြောလိုက်သည်။

"အကြမ်းဖျင်းအားဖြင့်တော့ အဆင့်သတ်မှတ်ချက်တွေ သိပ်မပြောင်းလဲပါဘူး"

ထို့နောက် သူက လက်ထဲမှ စာရွက်များကို ဝေငှပေးလိုက်သည်။

မကြာမီမှာပင် ကျန်းမန်လည်း စာရွက်တစ်ရွက် ရလာခဲ့သည်။

အောက်တိုဘာလ ဆယ့်ခုနစ်ရက်

ယွင်ချန်ဌာန၊ ချင်းယွင်ဆောင်

အနောက်ခြံဝင်း၊ ဆဋ္ဌမမြောက် ခြံဝင်းငယ်

အမည် - ကျန်းမန် အဆင့် - ၁၄ (စုစုပေါင်း ၂၆ ယောက်)

ကျင့်ကြံမှုအဆင့် - ချီသန့်စင်ခြင်း အဆင့်လေး

ကျင့်စဉ်အဆင့် - အခြေခံ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ငါး၊ အခြေခံ သွေးကြောအင်အား ကျင့်စဉ် အဆင့်သုံး

ရရှိထားသော အရင်းအမြစ်များ - အခြေခံ ချီသန့်စင်ခြင်း ကျင့်စဉ်၊ နတ်ခြေလှမ်း၊ လက်ဝါးခြောက်ကွက်၊ သုံးခုပေါင်းစပ် အားအင် အစီအစဉ် - နေ့စဉ် အကြိမ် ခြောက်ဆယ် လေ့ကျင့်ရန် ရမှတ် - ၄၀ မှတ်ချက် - နှစ်လတာ ကြိုးစားမှုက လူတစ်ဝက်နီးပါးရဲ့ နှစ်နှစ်တာ ကြိုးစားမှုထက် ပိုသာနေသည်။

စာရွက်ကို သိမ်းလိုက်ပြီးနောက် ကျန်းမန်က ဖက်တီးလေးဘက်သို့ လှည့်ကြည့်လိုက်သည်။

တစ်ဖက်လူ၏ မျက်နှာထား သိပ်မကောင်းသည်ကို တွေ့လိုက်ရသည်။

ကျန်းမန်က မေးလိုက်သည်။

"အဆင့် ဘယ်လောက်လဲ"

ဖက်တီးလေးက သူ၏ စာရွက်ကို ကျန်းမန်အား တိုက်ရိုက် ပြလိုက်သည်။

ဖက်တီးလေး၏ ကျင့်ကြံမှုအဆင့်က မပြောင်းလဲသော်လည်း ချီသန့်စင်ခြင်း ကျင့်စဉ်က တစ်ဆင့် တက်သွားသည်။

အဆင့်သတ်မှတ်ချက်လည်း တစ်ဆင့် မြင့်သွားသည်။

နောက်ဆုံးမှ ရေတွက်လျှင် တတိယနေရာ ဖြစ်သည်။

သို့သော် မှတ်ချက်ကတော့ အတော်လေး ဆိုးရွားပြီး ထိုအပေါ်တွင် ရေးထားသည်မှာ အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ မင်းရဲ့ နှစ်နှစ်စာကို နှစ်လနဲ့ လုပ်နိုင်တဲ့သူကို ပေးလိုက်တာကမှ ပိုကောင်းဦးမယ် ဟူ၍ဖြစ်သည်။

ကျန်းမန် တိတ်ဆိတ်သွားသည်။

စာမေးပွဲစစ်ရုံနဲ့ အရင်းအမြစ်တွေကို ကောင်းကောင်း မချေဖျက်နိုင်ဘူးဆိုတာကို သိနိုင်သည်ဟု တွေးမိသည်။

ဖြစ်တော့ ဖြစ်နိုင်ချေရှိသည်။

ဖက်တီးလေးက အနည်းငယ် ဒေါသထွက်နေပြီး ပြောလိုက်သည်။

"ဘာလို့ ငါ့ရဲ့ မှတ်ချက်တွေက တစ်ခါမှ မကောင်းရတာလဲ မင်း နောက်ဆုံးအဆင့် ဖြစ်နေတုန်းက ရတဲ့ မှတ်ချက်ကတောင် ငါ့ထက် ပိုကောင်းနေသေးတယ်"

ငါက လက်ဆောင်တွေ ထိုးထားလို့လေ မင်းရဲ့ လက်ဆောင်တွေကျတော့ မင်းဘာသာ အကုန်သုံးပစ်လိုက်တာကိုးဟု ကျန်းမန်က စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

နေ့လယ်ပိုင်း။

အဆင့်သတ်မှတ်ချက်များ ကြေညာလိုက်သည်။

ကျန်းမန် အဆင့်ဆယ့်ရှစ်မှ ဆယ့်လေးသို့ ရောက်သွားသည်ကို လူတိုင်း ချက်ချင်း သတိထားမိသွားကြသည်။

လော်သခင်မလေး၏ လှေပေါ်သို့ တက်နိုင်သွားသည်နှင့် တစ်ဟုန်ထိုး အောင်မြင်ကာ တိုးတက်မှုနှုန်းက နတ်ဘုရားတစ်ပါးလို မြန်ဆန်လှသည်ဟု သူတို့အားလုံး အတော်လေး သက်ပြင်းချမိကြသည်။

စုန့်ချင့်ကလည်း ကျန်းမန်၏ အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချမိသည်။

ယုံမှားသံသယဖြစ်ဖွယ် မရှိပေ ကျန်းမန်က လော်ရွှမ်၏ သက်တော်စောင့် တကယ် ဖြစ်သွားခြင်းပင်။

ဒါကြောင့် သူမ၏ အစွမ်းကုန် ပြုစုပျိုးထောင်မှုကို ရရှိခဲ့ခြင်း ဖြစ်ပြီး မဟုတ်လျှင် ကျင့်ကြံမှုအဆင့် တိုးတက်မှုနှုန်းက ဤမျှ မြန်ဆန်နိုင်စရာ အကြောင်းမရှိပေ။

ကျန်းမန်က တစ်ချိန်လုံး ငြင်းဆန်နေသော်လည်း သူကတော့ လုံးဝ ယုံမည်မဟုတ်ပေ။

တကယ်လို့ သူသာဆိုလျှင်လည်း အမြဲတမ်း ငြင်းဆန်နေမည်သာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံး အောင်မြင်မှု ဆုံးရှုံးမှုနဲ့ ပတ်သက်နေတာမို့ တခြားလူတွေရဲ့ မနာလိုမှုကြောင့် အဖျက်အဆီး ခံလို့ မဖြစ်ဘူးလေ။

အခြားလူများကလည်း သက်တော်စောင့် ဖြစ်သွားခြင်းကြောင့်ဟု ထင်မှတ်နေကြပြီး အချင်းချင်း စကားပြောဆိုရာတွင် လူအများစု၏ လေသံထဲ၌ အထင်အမြင်သေးမှုများ ပါဝင်နေသည်။

သို့သော် သူတို့၏ စိတ်ထဲတွင်တော့ ထိုနေရာ၌ မိမိသာ ဖြစ်လိုက်ချင်သည်ဟု တမ်းတနေကြသည်။

ဒီနေ့ အပြန်လမ်းတွင် ချန်ယွီက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဒီကျန်းမန်က ကောင်းတာဆိုးတာ နားမလည်တဲ့ကောင်ပဲ ဒါပေမယ့် သူ့ရဲ့ အဆင့်က ဘာလို့ ဒီလောက်မြန်မြန် တက်လာရတာလဲ"

ခဏရပ်ပြီးနောက် သူမ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။

"သူ တခြားတစ်ယောက်ယောက်ကို သက်တော်စောင့် သွားလုပ်နေတာလား ဘယ်သူလဲ အရိပ်အယောင်တောင် မပြဘူး"

လော်ရွှမ်က ပြုံးလျက် ပြောလိုက်သည်။

"လူတိုင်းကတော့ ငါ့ရဲ့ သက်တော်စောင့် လုပ်နေပြီး ငါက ပြုစုပျိုးထောင်ပေးနေတယ်လို့ ထင်နေကြတာပဲ"

ချန်ယွီက ဒေါသတကြီး မေးလိုက်သည်။

"အခု ဘယ်လိုလုပ်ကြမလဲ"

လော်ရွှမ် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အရင်တုန်းက ငါတို့က ဖန်ယုံကို အကျိုးသက်ရောက်မှု ရှိစေဖို့ သူ့ကို အသုံးချချင်ခဲ့တာ ပြီးတော့ သူ့မှာ အရည်အချင်း နည်းနည်းရှိတာတွေ့လို့ သိမ်းသွင်းချင်ခဲ့တယ် ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာဘူး အခုတော့ ငါတို့ကိုယ်တိုင်တောင် အကျိုးသက်ရောက်ခံလိုက်ရပြီ ထင်တယ်"

ပြောရင်းဖြင့် လော်ရွှမ်က ချန်ယွီကို ကြည့်ကာ ပြောလိုက်သည်။

"ဒီကိစ္စကို ဒီမှာပဲ ရပ်ထားလိုက်ရအောင် နောက်ပိုင်း အခွင့်အရေး ရှိပါသေးတယ် လောလောဆယ်တော့ ဝင်ခွင့်နေရာကို အရင် လုယူရမယ် နင့်ရဲ့ ရမှတ်ကလည်း မနိမ့်ပါဘူး ဒီနေရာကို မလုယူနိုင်ဘူးလို့ မပြောနိုင်ဘူး"

သူမအနေဖြင့် ဤဘက်တွင် စိတ်ကို ဆက်မထားချင်တော့ဘဲ မိမိကိုယ်ကိုယ် ဆက်လက် မြှင့်တင်ရန် လိုအပ်သည်။

ဖန်ယုံက ဘာလှုပ်ရှားမှုမှ မလုပ်သေးပေ။

ကိုယ်ကသာ ဒီကိစ္စထဲမှာ နစ်မွန်းနေခဲ့သည်။

ဒါက လုံးဝ ကောင်းတဲ့ကိစ္စ မဟုတ်ပေ။

တစ်ဖက်လူရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရရင် ဒါကမှ တကယ့် အန္တရာယ်အစစ် ဖြစ်သည်။

ဒီကိစ္စတွေကို ဘေးဖယ်ထားပြီး ဝင်ခွင့်နေရာကို အစွမ်းကုန် လုယူခြင်းကသာ လမ်းမှန် ဖြစ်သည်။

နောက်ထပ် နှစ်လ အချိန်ရသေးသည် တကယ်လို့ ဒီနှစ်လအတွင်းမှာ အဆင့်တက်နိုင်ခဲ့ရင် အခိုင်မာဆုံး ဖြစ်သွားမည်။

ချန်ယွီက အနည်းငယ် စဉ်းစားပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမတို့ နှစ်ယောက် လမ်းခွဲကာ ကိုယ့်နေရာကိုယ်ပြန်၍ ကျင့်ကြံကြသည်။

ချန်ယွီက လော်ရွှမ်ကို လက်ပြကာ နှုတ်ဆက်လိုက်သည်။

လော်ရွှမ်၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက်မှသာ ချန်ယွီက အပြုံးများကို ရုပ်သိမ်းလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

"လော်ရွှမ်က အကုန်ကောင်းတယ် အမြင်ကျဉ်းတာကလွဲရင်ပေါ့ ကျန်းမန်လို တောရွာက ကောင်လေးတစ်ယောက်က ဒီလောက် မြန်မြန် အဆင့်တက်နိုင်တာက သာမန် မျိုးစေ့လေး မဟုတ်ဘူး သူ့ကို သိမ်းသွင်းနိုင်ခဲ့ရင် အနာဂတ်အတွက် သေချာပေါက် အကူအညီ ကြီးကြီးမားမား ဖြစ်လာမှာ လော်ရွှမ်က မသိမ်းသွင်းချင်ဘူးဆိုမှတော့ ငါပဲ သိမ်းသွင်းလိုက်မယ်"

ချန်ယွီက မိမိ၏ နေအိမ်သို့ ပြန်လျှောက်သွားရင်း ဤသက်တော်စောင့်ကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကို စဉ်းစားနေသည်။

သူမက စိတ်ထဲတွင် ပြောလိုက်သည်။

"လော်ရွှမ် ချပေးတဲ့ လှေကားကို သူက မဆင်းဘူးဆိုတော့ စိတ်ထဲမှာ မာနနဲ့ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ ထင်ရတယ် ဒါဆိုရင် သူ့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်ရုံပဲပေါ့"

"အဲဒီနောက်ကျရင် သူက ဘယ်သူလုပ်တာလဲဆိုတာကို ခန့်မှန်းလိမ့်မယ် လောလောဆယ် သူနဲ့ ရန်ငြိုးရန်စ ရှိနေတာက လော်ရွှမ်နဲ့ ဖန်ယုံပဲ ရှိတယ်"

"ပထမလူက ရှက်စိတ်ကြောင့် ဒေါသထွက်ပြီး တစ်ဖက်လူကို ဖျက်ဆီးပစ်တာ ဖြစ်နိုင်သလို ဒုတိယလူကတော့ သူ ပိုကောင်းတဲ့ အဆင့်ကို ရောက်မလာအောင် တားဆီးတာ ဖြစ်နိုင်တယ်"

"အဲဒီအချိန်ကျမှ ငါက ဝင်ပြီး သိမ်းသွင်းမယ်ဆိုရင် အကြောင်းပြချက် ခိုင်လုံသွားပြီ"

"ကံကောင်းရင် ငါကိုယ်တိုင်တောင် ဝင်ခွင့်နေရာကို ရသွားနိုင်တယ်"

ချန်ယွီ စိတ်ထဲတွင် အကြံရသွားသော်လည်း မည်သို့ အကောင်အထည်ဖော်ရမည်ကတော့ အနည်းငယ် ခက်ခဲနေသေးသည်။

နေအိမ်သို့ ရောက်ခါနီးတွင် ချန်ယွီက အရှေ့မှ လူတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ချန်မော့ယန် ဖြစ်သည်။

၎င်းကိုမြင်သောအခါ ချန်ယွီက ပြုံးလိုက်ပြီး သွားရောက် နှုတ်ဆက်ကာ လော်ရွှမ် အရှက်ကွဲခဲ့ရသည့် ကိစ္စကို စကားစပ်မိသလို ပြောပြလိုက်သည်။

ဤကိစ္စများကို ပြောပြရခြင်းမှာ ချန်မော့ယန်က လော်ရွှမ်ကို မျက်စိကျနေ၍ မဟုတ်ဘဲ သူတို့က ဆင်းရဲသားများကို လှောင်ပြောင်ရယ်မောရသည်ကို အနှစ်သက်ဆုံး ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် စိတ်ဝင်စားစရာကောင်းသော ဆင်းရဲသားများကို ဖြစ်သည်။

ထို့နောက် ချန်ယွီက ပြုံးလျက် ထွက်ခွာသွားပြီး ကျင့်ကြံရန် ပြန်သွားခဲ့သည်။

မျိုးစေ့လည်း ချထားပြီးပြီ ရန်ငြိုးရန်စလည်း ရှိနေပြီ။

ယခုအခါ အသီးအပွင့်ကို စောင့်ယူရုံသာ ရှိတော့သည်။

ဘာမှ ထပ်လုပ်နေစရာ မလိုတော့ပေ။

All Chapters