← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း (၃၁) အစွမ်းထက်တဲ့သူ ရှိနေသေးတယ်ပေါ့လေ

လူအစုံအလင် ရောက်ရှိလာသည်နှင့် ကျောက်လဲ့မင်က စာအုပ်များကို ကိုင်ဆောင်ကာ ဝင်လာသည်။

ဒီတစ်ခေါက် အကဲဖြတ်စစ်ဆေးမှုက အရင်ကနှင့် မကွာခြားပေ။

သို့သော် ဒါက နောက်ဆုံးအကြိမ် ပုံမှန် အကဲဖြတ်စစ်ဆေးမှုလည်း ဖြစ်သည်။

နောက်လဆိုရင် ဂိုဏ်း၏ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်မည့် ဝင်ခွင့်နေရာများကို လုယူရတော့မည်။

နောက်လမှစတင်၍ လက်တွေ့ တိုက်ခိုက်မှုများကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

လက်တွေ့ တိုက်ခိုက်မှုမှသာ မည်သူက ဝင်ခွင့်နေရာ ရမည်ကို အသေအချာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ကျန်ရှိနေသူများကတော့ မိမိတို့၏ ထွက်ပေါက်အတွက် စဉ်းစားရတော့မည်။

လာမည့်နှစ် သြဂုတ်လတွင် ယွင်ချန်ဌာနမှ တရားဝင် ထွက်ခွာပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြရတော့မည်။

ယခုအချိန်တွင် လူတိုင်းက တိတ်ဆိတ်စွာဖြင့် အကဲဖြတ်စစ်ဆေးရန် စောင့်ဆိုင်းနေကြသည်။

ကျန်းမန်က လော်ရွှမ်နှင့် ချန်ယွီတို့ကို အကဲခတ်ကြည့်လိုက်ရာ သူတို့နှစ်ယောက်က သူ့ဘက်သို့ လှည့်မကြည့်ကြသည်ကို တွေ့လိုက်ရသည်။

လော်ရွှမ်က ဖန်ယုံကို တစ်ချက် ကြည့်လိုက်ပြီး ချန်ယွီကတော့ နှစ်ချက်လောက် ပိုကြည့်သည်။

နှစ်ယောက်စလုံးက ပုံမှန် တုံ့ပြန်မှုတွေချည်းမို့ ဒီနှစ်ယောက်ထဲက ဘယ်သူက ပြဿနာ အကြီးဆုံးလဲဆိုတာ ကျန်းမန် သေချာ မခန့်မှန်းနိုင်ပေ။

နောက်ပိုင်းတွင်လည်း အများကြီး ဆက်မတွေးတော့ဘဲ ပထမနေရာကို အရင် ရယူရန်သာ စဉ်းစားလိုက်သည်။

ကျန်းမန်တို့ ပြန်ရောက်လာခြင်းအပေါ် အပေါ်ဆုံးမှ ကျောက်လဲ့မင်ကလည်း သိပ်အံ့ဩပုံမရပေ။

သို့သော် ကျန်းမန် ဒီတစ်ခေါက် ရမှတ် ဘယ်လောက်ရမလဲဆိုတာကိုတော့ သူလည်း အတော်လေး သိချင်နေသည်။

တကယ်လို့ ထိပ်ဆုံး သုံးယောက်စာရင်းထဲ မဝင်ဘူးဆိုရင် ပြဿနာ ကြီးသွားပြီ။

ဂိုဏ်းက လူတွေက တကယ်ပဲ လူကို ပယ်ချပစ်လိမ့်မည်။

အမိန့်ပြားကို အသုံးပြုလို့ ရပေမယ့် သုံးလိုက်ရင် ကိုယ့်ရဲ့ အစွမ်းအစကို ပြသနိုင်ရမည်။

မဟုတ်လျှင် သူတို့က အသိအမှတ်ပြုမှာ မဟုတ်ပေ။

ဆက်မတွေးတော့ဘဲ သူက စာအုပ်များကို ဝေငှပေးလိုက်သည်။

တစ်ရက်လျှင် ဘာသာရပ် နှစ်ခုဖြင့် အကဲဖြတ်စစ်ဆေးမှုမှာ ချောမွေ့စွာ ပြီးဆုံးသွားသည်။

လော်ရွှမ်နှင့် ချန်ယွီတို့ အတူတူ ပြန်လာကြသည်။

လမ်းတွင် ချန်ယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"လော်ရွှမ် ကျန်းမန်ကို နင် တကယ်ပဲ အရင်းအနှီး ထုတ်ပြီး ကယ်ထုတ်လာတာလား"

"မဟုတ်ဘူး"

လော်ရွှမ်က ခေါင်းခါရင်း ပြန်ဖြေသည်။

"ဒီသတင်းကို ရလိုက်တော့ ငါလည်း အံ့ဩသွားတာ ဒါပေမယ့် အများကြီး ဂရုမစိုက်ဖြစ်ပါဘူး တစ်ဖက်လူက ဒီလိုစိတ်ကူး မရှိမှတော့ ငါလည်း အများကြီး လုပ်ပေးနေစရာ မလိုဘူးလေ"

"ဒါက လူတွေရဲ့ စိတ်ကို သိမ်းသွင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ အဲဒါကို နင်က ဒီအတိုင်း လက်လွှတ်ခံလိုက်တာလား"

ချန်ယွီက ပြုံးလျက် မေးလိုက်သည်။

လော်ရွှမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ငါနဲ့ သူက ရင်းနှီးတဲ့သူတွေမှ မဟုတ်တာ သူ့ကို အသုံးချတာက ဖန်ယုံကို တားဆီးဖို့ပဲ ဒါပေမယ့် ကိုယ်တိုင်ပါ ဒီကိစ္စထဲ ပါလာရင်တော့ နည်းနည်း မတန်သလို ဖြစ်သွားပြီ"

"သူ့မှာ အလားအလာ နည်းနည်း ရှိပေမယ့် လက်ရှိ ပြသနေတဲ့ အခြေအနေအရဆိုရင် သက်တော်စောင့် လုပ်မယ့်သူနဲ့ မတူဘူး"

"သူ့အတွက် ငါ စိတ်ပင်ပန်းခံနေစရာ မလိုပါဘူး အခု ငါလုပ်ရမယ့် ကိစ္စက တစ်ခုတည်းပဲ အဲဒါက အဆင့်ကို ထိန်းထားပြီး ဝင်ခွင့်နေရာကို ရယူဖို့ပဲ"

လော်ရွှမ်နှင့် လမ်းခွဲပြီးနောက် ချန်ယွီ မျက်မှောင်ကြုတ်သွားသည်။

"မူလက အရာအားလုံး ချောမွေ့နေတာ ဒါပေမယ့် နှစ်ယောက်စလုံး ထွက်လာကြတော့ နည်းနည်း နှမြောစရာ ဖြစ်သွားတယ်"

"လော်ရွှမ်က အသိဉာဏ်ပွင့်ပြီး ကျန်းမန်ကို ကြိုတင် ကယ်ထုတ်လိုက်တာလို့ ထင်နေတာ"

"ဒီလို ကြည့်ရတာ လော်ရွှမ်က တကယ်ပဲ ကျန်းမန်ကို လက်လွှတ်လိုက်ပြီ ထင်တယ်"

"အမြင်ကျဉ်းလွန်းတယ် ဒါက သက်တော်စောင့် လုပ်ဖို့ အရမ်းကောင်းတဲ့ မျိုးစေ့လေးပဲ"

"ဘယ်သူက သက်တော်စောင့် မလုပ်ချင်ဘဲ နေမှာလဲ။"

"လှည့်ကွက်တွေ မလုံလောက်သေးလို့သာ ဖြစ်မှာပါ။"

ထို့နောက် ချန်ယွီက တရားခံစစ်ဆေးရေးဌာနဘက်သို့ လျှောက်သွားခဲ့သည်။

ငွေပေးပြီး ဝင်သွားပြီးနောက် အထဲတွင် အချုပ်ခံထားရသော ချန်ချီဝမ်ကို သူမ တွေ့လိုက်ရသည်။

"သခင်မလေးချန် ကျွန်တော့် တာဝန် ပြီးမြောက်သွားပြီလား"

သူက ချက်ချင်း မေးလိုက်သည်။

ချန်ယွီက ပခုံးပေါ်မှ ဆံပင်ရှည်များကို ကစားရင်း ပြုံးလျက် ပြောလိုက်သည်။

"ကျရှုံးသွားပြီ"

ထိုစကားကို ကြားသောအခါ ချန်ချီဝမ်က ချက်ချင်း ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မင်းနဲ့ မဆိုင်ပါဘူး မင်း တော်တော် ကောင်းကောင်း လုပ်ခဲ့ပါတယ် ဒါပေမယ့် မင်းလုပ်တာက အရမ်း သိသာလွန်းတော့ ဝင်ခွင့်နေရာကို ပယ်ဖျက်ခံလိုက်ရပြီး အချိန်တိုအတွင်း ထွက်လာလို့ မရတော့ဘူး"

ဤအကြောင်းများ ပြောပြီးနောက် ချန်ယွီက စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါပေမယ့် ဒီကိစ္စတွေ အားလုံးကို ငါ ဖြေရှင်းပေးနိုင်ပါတယ်။"

"အခု တာဝန်အသစ် တစ်ခု ရှိတယ်။"

"သခင်မလေး ပြောပါ"

ချန်ချီဝမ်က ရိုသေစွာ ပြောလိုက်သည်။

"နောက်လ ဆယ့်ငါးရက်နေ့မှာ လုံလောက်တဲ့ တန်ဖိုးတစ်ခု ပေးဆပ်ပြီး လော်ရွှမ် ဒါမှမဟုတ် ဖန်ယုံကို ဒဏ်ရာရအောင် လုပ်ပေး"

ချန်ယွီက ပြုံးလျက် ပြောလိုက်သည်။

"ဂိုဏ်းရဲ့ ဝင်ခွင့်နေရာကိုတော့ ငါ ယူရမှာပဲ"

ချန်ချီဝမ်က ရိုသေစွာ ခေါင်းညိတ်လိုက်သည်။

"သေချာပေါက် လုပ်ပေးပါ့မယ်"

ထို့နောက် ချန်ယွီ ထွက်ခွာသွားခဲ့သည်။

သို့သော် ကျန်းမန်ကို သွားရှာသင့်၊ မရှာသင့် သူမ တွေဝေနေမိသည်။

ဒါပေမယ့် တစ်ဖက်လူ၏ အခြေအနေက အဲဒီလောက်အထိ ဆိုးရွားမနေသေးပေ။

ထို့အပြင် တစ်ဖက်လူက ဘယ်လိုနည်းလမ်းနဲ့ ထွက်လာသလဲဆိုတာ သေချာ မသိသေးသဖြင့် သွားရှာဖို့ မစဉ်းစားတော့ပေ။

ဒီတစ်ခေါက် အဆင့်သတ်မှတ်ချက် ထွက်လာတာကို စောင့်ကြည့်ဖို့ သူမ ဆုံးဖြတ်လိုက်သည်။

အဆင့်က ထိပ်ပိုင်းမှာ ရှိနေရင် ပိုကောင်းတာပေါ့ တစ်ဖက်လူကသာ ခေါင်းညိတ်မယ်ဆိုရင် ဝင်ခွင့်နေရာ နှစ်ခုထဲက တစ်ခုက သူ့အတွက် ဖြစ်လာနိုင်တယ်။

နောက်ပိုင်းကျရင် သူမအတွက် အရမ်းကောင်းတဲ့ ဓားတစ်လက် ဖြစ်လာလိမ့်မယ်။

ဒီလောက်ကောင်းတဲ့ သက်တော်စောင့်ကိုမှ မပြုစုပျိုးထောင်ဘူးဆိုတော့ လော်ရွှမ်က တကယ်ပဲ မာနကြီးလွန်းနေတာ။

—

ချန်ချီဝမ်လည်း ပြန်ရောက်လာသည်။

လူတိုင်း အနည်းငယ် အံ့ဩသွားကြသည်။

တစ်ဖက်လူက ဘယ်လိုလုပ်ပြီး ပြန်ထွက်လာတာလဲဆိုတာကိုပေါ့။

ကျန်းမန်ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားမိသည်။

သခင်လေးယန်က သွားထုတ်လာတာလား။

သူ သိပ်မယုံပေ။

သို့သော် တစ်ဖက်လူက တကယ်ပဲ ပြန်ထွက်လာခဲ့သည်။

သို့သော် သေချာသည့် အချက်တစ်ချက် ရှိသည် ဒီတစ်ခေါက် တစ်ဖက်လူ၏ အဆင့်သတ်မှတ်ချက် မြင့်မည်မဟုတ်ပေ။

ဘာကြောင့်လဲဆိုတော့ မနေ့က အကဲဖြတ်စစ်ဆေးမှုကို တစ်ဖက်လူ မဖြေဆိုခဲ့ရသောကြောင့် ဖြစ်သည်။

သို့သော် ကျန်းမန်အတွက်တော့ ကိစ္စမရှိပေ အကြောင်းမှာ တတိယနေရာရထားသူက ဝင်ရောက်ဖြေဆိုသည်ဖြစ်စေ၊ မဖြေဆိုသည်ဖြစ်စေ သူ့အတွက် အတူတူပင် ဖြစ်သည်။

မကြာမီပင် ဒီနေ့ အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးသွားသည်။

မနက်ဖြန် ဆယ့်ခုနစ်ရက်နေ့က အဆင့်သတ်မှတ်ချက်များ ထွက်လာမည့် အချိန်ဖြစ်သည်။

"မနက်ဖြန် အစ်ကို ဘယ်အချိန်လာမှာလဲ"

ဖက်တီးလေးက ကျန်းမန်၏ အနားသို့ လာကာ မေးလိုက်သည်။

ကျန်းမန်က ခေါင်းခါလိုက်သည်။

"မနက်ဖြန် ငါ လာဖြစ်မယ် မထင်ဘူး အဆင့်သတ်မှတ်ချက်က နေ့လယ်ပိုင်းမှ ကြေညာမှာဆိုတော့ အဲဒီအချိန်ကျရင် ငါ့ရဲ့ အဆင့်ကို မင်း သိရမှာပါ"

"အဆင့်ဆယ် ဝင်ဖို့ ခက်လား" ဖက်တီးလေးက မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ခက်တယ်"

ဖက်တီးလေးက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါဆိုလည်း ရပါတယ် ဆယ်ယောက်စာရင်းနား ကပ်သွားရင်ကို မဆိုးပါဘူး"

ကျန်းမန် ဘာမှ ထပ်မရှင်းပြတော့ဘဲ ပြန်၍ ကျင့်ကြံရန် ထွက်လာခဲ့သည်။

ယခုအခါ နောက်လ လက်တွေ့ တိုက်ခိုက်မှုအတွက် ကျင့်ကြံမှုအဆင့်ကို အရင် တက်ထားရမည်။

သိုင်းပညာရပ်ကိုလည်း အပြင်းအထန် ကျင့်ကြံရဦးမည် ထို့နောက်တွင်တော့ လက်တွေ့ တိုက်ခိုက်မှု လေ့ကျင့်ခန်း လုပ်ရန် လိုအပ်သည်။

ဒါကတော့ အနည်းငယ် ပြဿနာ ရှိသည်။

ယှဉ်ပြိုင်လေ့ကျင့်မည့်သူ ရှာရမည်။

အစွမ်းအစ တူညီသူကို ရှာ၍ဖြစ်စေ၊ သို့မဟုတ် ငွေပေး၍ လူငှားရမည်။

အနည်းငယ် စဉ်းစားပြီးနောက် ကျန်းမန်က အစောင့်ဌာနသို့ သွားကာ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် တခြားသူတွေကလည်း လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ လိုအပ်မှာပဲလေ ကိုယ့်ကိုယ်ကိုယ် ငှားလိုက်လို့ ရတာပဲ။

"မနက်ဖြန် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် သွားသင်ရတော့မှာလား"

နွားဝါကြီးက မေးလိုက်သည်။

ကျန်းမန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

"တကယ်လို့ သင်ယူလို့ မရခဲ့ဘူးဆိုရင်တောင် အကြောင်းအရာတွေကို မှတ်ထားဖို့ မမေ့နဲ့ နောက်ပိုင်း အခွင့်အရေး ရှိပါသေးတယ်"

နွားဝါကြီးက သတိပေးလိုက်သည်။

ကျန်းမန် နားလည်ပါသည်။

ကျင့်စဉ်တစ်ခု သင်ယူရာတွင် အရေးအကြီးဆုံး အချက်တစ်ချက် ရှိသည်၊ ၎င်းမှာ ရှင်းလင်းချက် ဖြစ်သည်။

ကျင့်စဉ်ဆိုသည်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် နားလည်နိုင်သော အရာမဟုတ်ဘဲ အလွန် ရှုပ်ထွေးလှသည်။

ရှင်းပြပေးမည့်သူ လိုအပ်ပြီး ထို့နောက် ကိုယ့်ဘာသာ နားလည်သဘောပေါက်အောင် ကြိုးစားရမည်။

ထိုသို့ဆိုမှသာ လည်ပတ်ရမည့် လမ်းကြောင်းများကို နားလည်နိုင်မည် ဖြစ်သည်။

ကိုယ့်ဘာသာ နားလည်အောင် ကြိုးစားရုံဖြင့်တော့ အခြေခံအဆင့်ကိုတောင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ထိုသို့သော ပါရမီရှင်မျိုးက အလွန် ရှားပါးပြီး များပြားလှသော ကျင့်စဉ် အခြေခံ ဗဟုသုတများ လိုအပ်သည်။

ကျန်းမန်တွင် ထိုကဲ့သို့သော အခြေခံ ဗဟုသုတ မရှိပေ သို့သော် မှတ်မိအောင် ကျက်ထားနိုင်လျှင် နွားဝါကြီးကို ပြန်မေးလို့ ရသည်။

မကြာမီ မိုးလင်းသွားသည်။

တစ်ညလုံး ကျင့်ကြံထားသဖြင့် ကျန်းမန် အတော်လေး ဆာလောင်နေပြီ ဖြစ်သည်။

သူက စားစရာရှိတာ အကုန် စားပစ်လိုက်သည်။

ဒီနေ့သာ ကျရှုံးသွားခဲ့ရင် နောက်ရက်ဆိုတာ ရှိတော့မှာ မဟုတ်ဘူးလေ။

ကိုယ့်ရဲ့ အခြေအနေကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားရမည်။

မကြာမီပင် သူ သိုင်းပညာရပ် ဖြန့်ဝေရေး နေရာသို့ ရောက်ရှိလာခဲ့သည်။

ဝင်ဝင်ချင်း အမိန့်ပြားကို ထုတ်ပြလိုက်သည်။

အစောင့်က အနည်းငယ် အံ့ဩသွားသော်လည်း အမိန့်ပြားကို ပြန်ပေးကာ ပြောလိုက်သည်။

"ငါ့နောက် လိုက်ခဲ့"

အခြားတစ်ဖက်တွင်

ချင်းယွင်ဆောင် ဆဋ္ဌမမြောက် ခြံဝင်းငယ်….

အဆင့်သတ်မှတ်ချက် စာရွက်များကို တစ်ရွက်ပြီး တစ်ရွက် ဝေငှနေသည်။

လော်ရွှမ်က သူမ၏ စာရွက်ပေါ်ရှိ အကြောင်းအရာများကို ချက်ချင်း ကြည့်ရှုလိုက်သည်။

နိုဝင်ဘာလ ဆယ့်ခုနစ်ရက်။

ယွင်ချန်ဌာန၊ ချင်းယွင်ဆောင်။

အနောက်ခြံဝင်း၊ ဆဋ္ဌမမြောက် ခြံဝင်းငယ်။

အမည် - လော်ရွှမ် အဆင့် - ၂ (စုစုပေါင်း ၂၆ ယောက်)

ကျင့်ကြံမှုအဆင့် - ချီသန့်စင်ခြင်း အဆင့်ခြောက်

ကျင့်စဉ်အဆင့် - သန့်စင်သော ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ရှစ်၊ နွေဦးအလင်း သွေးကြောအင်အား ကျင့်စဉ် အဆင့်ငါး၊ အခြေခံ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် အဆင့်နှစ်

ရရှိထားသော အရင်းအမြစ်များ - အခြေခံ ချီသန့်စင်ခြင်း ကျင့်စဉ်၊ အခြေခံ သွေးကြောအင်အား ကျင့်စဉ်၊ အခြေခံ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်၊ နတ်ခြေလှမ်း၊ လက်ဝါးခြောက်ကွက်၊ သုံးခုပေါင်းစပ် အားအင်

အစီအစဉ် - နေ့စဉ် အကြိမ် ရှစ်ဆယ် လေ့ကျင့်ရန် ရမှတ် - ၆၃

မှတ်ချက် - ပိုမို ကြိုးစားပြီး ပထမနေရာကို ပြန်လည် ရယူရန် လိုအပ်သည်။

အကြောင်းအရာများကို မြင်လိုက်ရသည့် အချိန်တွင် လော်ရွှမ်၏ မျက်လုံးများ ကျယ်လာသည်။

ဒုတိယ ဟုတ်လား…..

သူမ အနည်းငယ် မယုံနိုင်အောင် ဖြစ်သွားသည် ဖန်ယုံက သူ့ကို ကျော်သွားပြီလား။

ဒီဇင်ဘာလကျမှ ကျော်တက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း နိုဝင်ဘာလမှာတင် ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမ နားမလည်နိုင်အောင် ဖြစ်သွားသည်။

ထိုအချိန်တွင် ဖန်ယုံကလည်း သူ၏ အဆင့်သတ်မှတ်ချက်ကို ကြည့်နေသည်။

တတိယ….

ဒါက သူ့ကို အလွန် တုန်လှုပ်သွားစေသည်။

ချန်ယွီက သူ့ကို ကျော်သွားပြီလား။

သေချာတာပေါ့ သူမမှာ ပြဿနာ အကြီးဆုံးပဲ ရှိတာ။

ချန်ယွီက မိမိကိုယ်ကိုယ် အဆင့်လေးတွင် ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ အံ့ဩသွားသည် အစွမ်းထက်တဲ့သူ ရှိနေသေးတယ်ပေါ့လေ။

တစ်မုဟုတ်ချင်းမှာပင် အဆင့်မြင့်သည့် သူများ၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသော်လည်း မည်သူကမျှ အသံမထွက်ကြပေ။

All Chapters