အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) လူငယ်လေးရဲ့ စိတ်ထဲက ဖြူစင်တဲ့ လမင်းလေး
ခြံဝင်းငယ်မှ ထွက်ခွာလာခဲ့သည်။
ကျန်းမန် လမ်းမှာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ပေ၊ အရမ်း နောက်ကျနေပြီလေ။
ဒါပေမယ့် ပေါ်လာတဲ့ လူတွေက ဆဋ္ဌမမြောက် ခြံဝင်းငယ်ကို သိချင်စိတ်နဲ့ ကြည့်နေကြတယ်။
ကျန်းမန် ထွက်လာတာကို မြင်တော့ ချက်ချင်း ရှေ့တိုးလာကြတယ်။
သူ့ရဲ့ ရိုးရှင်းတဲ့ အဝတ်အစားကို ကြည့်ရုံနဲ့တင် ရင်းနှီးချင်စရာကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်။
အနားရောက်လာတဲ့အခါ တစ်ဖက်လူက သိမ်မွေ့စွာ မေးလိုက်တယ်။
"အစ်ကိုကြီး မင်းက ဆဋ္ဌမမြောက် ခြံဝင်းငယ်ကလား"
ကျန်းမန်က မူလက ပြဿနာတစ်ခုကို စဉ်းစားနေတာပါ ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကို ခေါ်လိုက်တာ ကြားတော့ ခေါင်းလှည့်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ သိချင်စိတ်နဲ့ မေးလိုက်တယ်။
"ငါ့ကို ခေါ်တာလား"
"ဟုတ်တယ်လေ"
စကားပြောတဲ့သူက လူနှစ်ယောက်ကို ခေါ်ပြီး အနားကို ရောက်လာတယ်။
သူက ဆဋ္ဌမမြောက် ခြံဝင်းငယ်ကို ကြည့်ပြီး မေးလိုက်တယ်။
"မင်းတို့ ဆဋ္ဌမမြောက် ခြံဝင်းငယ်က ဘာတွေလုပ်နေကြတာလဲ ဒီလောက် နောက်ကျနေပြီကို လူတွေ အများကြီး ရှိနေသေးတယ်"
ကျန်းမန်က တစ်ဖက်လူကို ကြည့်ပြီး ဘာမှ မပြောဘဲ နေလိုက်တယ်။
ခေါင်းဆောင်လုပ်သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး ကျန်းမန်ကို ဝိညာဉ်ကျောက်တုံး ငါးတုံး ပေးလိုက်တယ်။
ဝိညာဉ်ကျောက်တုံးတွေကို ယူပြီးမှ ကျန်းမန်က အမှန်အတိုင်း ပြန်ဖြေလိုက်တယ်။
"ကျင့်ကြံနေကြတာ"
တစ်ဖက်လူက နားမလည်နိုင်အောင် ဖြစ်သွားတယ်။
"ဒီလောက် နောက်ကျမှ ကျင့်ကြံတာလား"
"ဒီလောက် စောသေးတာ မကျင့်ကြံလို့ ဘာလုပ်ရမှာလဲ"
ကျန်းမန်က ပြန်မေးလိုက်တယ်။
တစ်ဖက်လူကတော့ အံ့ဩမှင်တက်သွားတယ်။
ထို့နောက် ကျန်းမန် ထွက်လာခဲ့တယ်။
သူပြောခဲ့တာ အားလုံးက အမှန်တွေချည်းပါပဲ ဒီလောက်စောစောစီးစီး မကျင့်ကြံရင်၊ ညဘက် မကျင့်ကြံရင် အချိန်တွေ ဖြုန်းတီးပစ်ရာ မကျဘူးလား။
မြင်းတင်းကုပ်သို့ ပြန်ရောက်သောအခါ အနားယူနေစဉ် ကျန်းမန်က နွားဝါကြီးနှင့် စကားပြောနေသည်။
နေ့ခင်းဘက်က အကြောင်းတွေကို ပြောနေကြတာပါ။
နွားဝါကြီးက သိချင်စိတ်နဲ့ မေးလိုက်သည်။
"မင်းက ညဘက် မအိပ်ဘူးလို့ ပြောတာကို သူတို့တွေလည်း မအိပ်ဘဲ လိုက်ကျင့်ကြံနေမှာကို မကြောက်ဘူးလား"
ကျန်းမန်က နားမလည်နိုင်အောင် ဖြစ်သွားလေသည်။
"ဘာလို့ ကြောက်ရမှာလဲ ပါရမီရှင် အချင်းချင်းကြားမှာတောင် ကွာဟချက် ဆိုတာ ရှိသေးတာပဲ"
နွားဝါကြီး "..."
ထို့နောက် နွားဝါကြီးက ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား အကြောင်းကို မေးလိုက်တယ်။
"တကယ်ကို ပြည့်စုံသွားပြီ အခုဆိုရင် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားကလည်း တုန်ခါနေပြီ မကြာခင် အမွေအနှစ် ပစ္စည်းတွေနဲ့ နောက်ထပ် တောင်းဆိုချက် ထွက်လာတော့မယ်"
ကျန်းမန်လည်း ဒီတစ်ခေါက် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက ဘာတွေပေးမလဲဆိုတာကို အတော်လေး သိချင်နေတယ်။
ဆေးလုံးလိုမျိုး ပစ္စည်းတွေပဲ ဖြစ်လောက်တယ်။
တကယ်လို့ ကျင့်စဉ်လိုမျိုးဆိုရင်တော့ သူလည်း ဖြစ်သလို မကျင့်ကြံရဲပါဘူး။
အဖမ်းခံရရင် အနာဂတ် လုံးဝ ပျက်စီးသွားမှာလေ။
—
အခြားတစ်ဖက်တွင်…..
လော်ရွှမ်နှင့် ချန်ယွီတို့ အိမ်ပြန်လမ်းတွင် လမ်းလျှောက်လာကြသည်။
"ဒီကျန်းမန်က နည်းနည်း ထူးခြားနေသလားလို့"
ချန်ယွီက လော်ရွှမ်ကို ကြည့်ကာ မေးလိုက်တယ်။
လော်ရွှမ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်တယ်။
"နည်းနည်းတော့ ထူးခြားတယ် ဒီလောက် အချိန်တိုလေးအတွင်းမှာ တစ်ရှိန်ထိုး ပထမနေရာကို တက်လှမ်းသွားနိုင်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။"
"အစကတည်းက သူ့ရဲ့ အစွမ်းအစတွေကို ဖုံးကွယ်ထားတာလားလို့တောင် သံသယ ဝင်မိတယ်။"
"နောက်ဆုံးအချိန် ရောက်မှ တမင်သက်သက် သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ပြလိုက်တာပေါ့။"
"အဲဒီတော့မှ အာရုံစိုက်မှုကို ရပြီး လူတချို့ဆီကနေ အရင်းအမြစ် ထောက်ပံ့မှုတွေ ရလာနိုင်အောင်လို့လေ။"
"ဒီနည်းနဲ့ ပိုကောင်းတဲ့ ပြုစုပျိုးထောင်မှုကို ရနိုင်တာပေါ့။"
"လာမယ့်နှစ် ဂိုဏ်းရဲ့ အကဲဖြတ်စစ်ဆေးမှုမှာ အောင်မြင်အောင် လုပ်ဖို့အတွက်လေ။"
ချန်ယွီက အံ့ဩတကြီးနဲ့ မေးလိုက်သည်။
"တကယ်ကြီး အဲဒီလိုလား"
"မဟုတ်လောက်ပါဘူး"
လော်ရွှမ်က ခေါင်းခါရင်း သက်ပြင်းချလိုက်တယ်။
"အဲဒီလို ဖြစ်စေချင်ပေမယ့် ဒီနေ့ သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြည့်တော့ သူက သိုင်းပညာရပ်တွေအကြောင်း တကယ်ကို ဘာမှမသိသလို သူ့မှာလည်း လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ မရှိဘူးဆိုတာ တွေ့လိုက်ရတယ်။"
"ခွန်အားကို ထိန်းချုပ်နိုင်စွမ်းကတော့ မဆိုးဘူးလို့ ပြောလို့ရပေမယ့် ထူးချွန်တယ်လို့တော့ ပြောလို့မရဘူး။"
"ဒါကြောင့် သူက ဒီလောက် အချိန်တိုလေးအတွင်းမှာ ဒီလို အောင်မြင်မှုမျိုးကို တကယ် ရခဲ့တာပါ။"
"ဒါပေမယ့် ဘယ်လိုနည်းနဲ့ ရခဲ့လဲဆိုတာကိုတော့ ငါလည်း မသိဘူး။"
ချန်ယွီရဲ့ မျက်နှာပေါ်မှာ အံ့ဩမှုတွေ အပြည့်ပါပဲ ထို့နောက် သူမက ဆက်မေးလိုက်သည်။
"ဒါဆို နင် သူ့ကို သက်တော်စောင့်အဖြစ် သိမ်းသွင်းချင်သေးလား"
ထိုစကားကို ကြားသောအခါ လော်ရွှမ်က သူမဘေးက လူကို အံ့ဩစွာ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"သူက ပထမနေရာလေ"
ရိုးရှင်းတဲ့ စကားတစ်ခွန်းက အေးဆေးတည်ငြိမ်ပုံရပေမယ့် ခါးသီးမှုတွေ ပြည့်နှက်နေတယ်။
မူလက သူမသာလျှင် ပထမနေရာ ဖြစ်တယ်။
နှစ်နှစ်လုံးလုံး ကြိုးစားအားထုတ်ခဲ့ရပြီး နည်းနည်းလေးမှ မပေါ့ဆရဲဘဲ စိတ်အပင်ပန်းခံခဲ့ရသည်။
ဒီနေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက်ပေါ့။
အခုတော့...
ဒီလိုမျိုး အလွယ်တကူပဲ တခြားသူရဲ့ လုယူခြင်းကို ခံလိုက်ရပြီ။
တစ်ယောက်ယောက်က သူမကို ပြောဖူးတယ် တစ်ဖက်လူက ကံကောင်းလို့ပါ နောက်ကွယ်မှာ သေချာပေါက် ကြီးမားတဲ့ အရင်းအမြစ်တွေရဲ့ ထောက်ပံ့မှု ရှိနေမှာပါတဲ့။
နောက်တစ်ယောက်ကလည်း သူမကို ပြောတယ် တစ်ဖက်လူက ဆင်းရဲတဲ့ ရွာလေးက လာတဲ့ ကောင်လေးပါ ပထမရတော့ကော ဘာဖြစ်လဲတဲ့။
အဝေးကြီး သွားနိုင်မှာ မဟုတ်ပါဘူးတဲ့။
ဒါပေမယ့်...
ပထမဆိုတာ ပထမပဲလေ ဒါက ပြောင်းလဲလို့ မရတဲ့ အမှန်တရားပဲ။
ခြံဝင်းငယ်ထဲမှာ သူတို့ရဲ့ အဆင့်အတန်းက ပြောင်းလဲသွားပြီ။
သူ့ကို သက်တော်စောင့်အဖြစ် သိမ်းသွင်းချင်နေသေးတယ်ဆိုရင် အရှက်ကွဲဖို့ ကိုယ့်ဘာသာ ဖန်တီးနေတာပဲ။
သိမ်းသွင်းတာထက် သူ့ရဲ့ စိတ်နေစိတ်ထားကို ပျက်ပြားအောင် နည်းလမ်းရှာပြီး နောက်လမှာ စွမ်းဆောင်ရည် ကျဆင်းသွားအောင် လုပ်တာကမှ ပိုကောင်းဦးမယ်။
ဒါပေမယ့် ဒီလိုကိစ္စမျိုးက အခွင့်အရေး လိုတယ် အလွတ်ကြီး ဖန်တီးယူလို့ မရဘူး။
ဒါပေမယ့် သူမမှာ နိုင်ဖို့ အခွင့်အရေး မရှိတာတော့ မဟုတ်ပါဘူး။
သိုင်းပညာရပ်က တစ်ဖက်လူရဲ့ အားနည်းချက် ဖြစ်ပြီး အဲဒါက သူမရဲ့ အားသာချက် ဖြစ်နေတယ်။
လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံကလည်း အများကြီး ကွာခြားတယ်။
အခု လောလောဆယ် အစီအစဉ်အရ တခြားကိစ္စတွေကို အများကြီး မတွေးတော့ဘဲ အစွမ်းကုန် ကြိုးစားရမယ်။
တစ်ဖက်လူက မအိပ်ဘဲ ကျင့်ကြံတယ်ဆိုရင် သူမကိုယ်တိုင်လည်း အဲဒီလို လုပ်ရမှာပဲ။
ဒီလို အစွမ်းထက်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရတာ သူမ ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ။
တကယ်လို့ နောက်ဆုံး ရက်နှစ်ဆယ်ကျော်လောက်မှာ တိုးတက်မှု တစ်ခုခု ရခဲ့ရင်
နိုင်ဖို့ အခွင့်အရေး ပိုများလာမှာပဲ။
လော်ရွှမ်နဲ့ လမ်းခွဲပြီးနောက် ချန်ယွီက ခေါင်းအနည်းငယ် ခါလိုက်တယ်။
"လော်ရွှမ်ရဲ့ အမြင်က အရင်လိုပဲ သာမန်ပါပဲ ဒီမျိုးစေ့လေးက တကယ်ကို ကောင်းတာ အဲဒါကို ဘယ်လိုနည်းနဲ့ သိမ်းသွင်းရမလဲ"
ချန်ယွီက လမ်းလျှောက်ရင်း စဉ်းစားနေလေသည်။
အရင်က နည်းလမ်းက ကျရှုံးသွားပြီ ချန်ချီဝမ်က လော်ရွှမ်ကိုပါ ဆွဲချနိုင်ခဲ့ရင်တောင် သူမက အပေါ်ကို တက်နိုင်ချင်မှ တက်နိုင်မှာ။
"ကျန်းမန်ကို နယ်ရုပ်ဖြစ်အောင် နည်းလမ်း တစ်ခုခု ရှာနိုင်ရင် ရပြီ ဘာကို အသုံးပြုရမလဲ"
ချန်ယွီက ကောင်းကင်ပေါ်က လမင်းကြီးကို ကြည့်လိုက်သည်။
သူမက ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
"လူငယ်လေးတွေရဲ့ စိတ်သဘာဝအရ လူတိုင်းရဲ့ စိတ်ထဲမှာ လရောင်လို လေးစားအားကျရတဲ့ သူတစ်ယောက်တော့ ရှိတတ်ကြစမြဲပဲ။"
"အဲဒီလို လူမျိုးက အများအားဖြင့် အထင်ပေါ်ဆုံး လူဖြစ်လေ့ရှိတယ်။"
"လော်ရွှမ်က အဲဒီလို လူမျိုးပဲ"
လော်ရွှမ်က ချမ်းသာတဲ့ သခင်မလေး ဖြစ်ပြီး ပါရမီလည်း ကောင်းတယ်၊ စိတ်သဘောထားလည်း သိမ်မွေ့တယ်၊ အနေအထိုင်လည်း ကျက်သရေရှိတယ်၊ ဒါတင်မကသေးဘူး ရုပ်ရည်ကလည်း ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်ကောင်းတယ်၊ အားသာချက်တွေ အများကြီး ပေါင်းစုထားတဲ့ လူတစ်ယောက်ပဲ။
ဒီလိုလူမျိုးက ဆင်းရဲသား ကောင်လေး တစ်ယောက်ယောက်နဲ့ စကားနည်းနည်းလောက် ပြောလိုက်တာနဲ့ တစ်ဖက်လူရဲ့ ရင်ခုန်သံကို မြန်စေနိုင်သည်။
တကယ်လို့ ဆင်းရဲသား ကောင်လေး တစ်ယောက်ကို သဘောကျသွားတယ်ဆိုရင် တစ်ဖက်လူက နှလုံးသားကိုတောင် ထုတ်ပေးရဲတယ်။
"ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း သူ့ရဲ့ မူလ သဘာဝကိုတော့ ပြောင်းလဲလို့ မရဘူး ဆင်းရဲတဲ့ လူတွေရဲ့ အရိုးထဲမှာ သိမ်ငယ်စိတ်တွေ ရှိနေတတ်တယ် မာနရှိရင်တောင် အလှလေးရဲ့ မေတ္တာကိုတော့ မလွန်ဆန်နိုင်ပါဘူး။"
"သူရဲကောင်းတောင် အလှလေးရဲ့ ကွန်ရက်ထဲက မထွက်နိုင်တာပဲ ပါရမီကောင်းလို့ ရုတ်တရက် အောင်မြင်လာတဲ့ ဆင်းရဲသား ကောင်လေးဆိုရင် ပိုပြီးတော့တောင် ဆိုးဦးမယ် မဟုတ်လား"
ချန်ယွီရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာသည်။
"တကယ်လို့ ကျန်းမန်က လော်ရွှမ်ဆီကနေ ချစ်သဝဏ်လွှာ ရခဲ့တယ်ဆိုရင် ဖန်ယုံကို အနိုင်ယူပြီး ဝင်ခွင့်နေရာကို အတူတူ ရယူဖို့ ကြိုးစားခိုင်းလိုက်မယ် ပြီးရင် အတူတူ နေကြမယ်လို့ ပြောရင် သူ ဘယ်လို တုံ့ပြန်မလဲ မသိဘူး"
လော်ရွှမ်ရဲ့ အချစ်ကို ဘယ်သူကများ လွန်ဆန်နိုင်မှာလဲ။
စမ်းတော့ စမ်းကြည့်ရမှာပဲ မဟုတ်လား။
ဒီနည်းနဲ့ ဖန်ယုံက အပြင်းအထန် ဒဏ်ရာရမယ် ပြီးရင် ချန်ချီဝမ်ကို သုံးပြီး လော်ရွှမ်ကိုပါ ဒဏ်ရာရအောင် လုပ်ခိုင်းလိုက်မယ်။
အဲဒီလိုဆိုရင်တော့….
သူမက ဒုတိယနေရာကို ချောချောမွေ့မွေ့ ရောက်သွားနိုင်တယ်။
အဲဒီလိုဆိုရင် လော်ရွှမ်က ဝင်ခွင့်နေရာ မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်သွားလို့ ရပြီး လူကတော့ ငါ့အပိုင် ဖြစ်သွားမှာ။
"အစီအစဉ်က ကျရှုံးနိုင်ပေမယ့် အောင်မြင်နိုင်ခြေကလည်း မနည်းပါဘူး"
"ဒါ့အပြင် ဒီလိုကိစ္စမျိုးက ရှေ့တိုး နောက်ဆုတ် လုပ်လို့ရတယ် ရွေးချယ်စရာတွေ အများကြီး ရှိတယ်"
"တစ်ခုတည်းသော အခက်အခဲက သူ့ကို ယုံကြည်အောင် လုပ်ဖို့ပဲ"
ယုံကြည်အောင် လုပ်ဖို့ကလည်း လွယ်ပါတယ် သူမက လော်ရွှမ်ရဲ့ သူငယ်ချင်းအနေနဲ့ ကိုယ်တိုင် သွားပေးလိုက်မယ်။
ဒါဆို ဒီစာကို ဘယ်သူက သံသယ ဝင်နိုင်မှာလဲ။
ရလဒ် မထွက်ပေါ်ခင်အထိ လော်ရွှမ်က ဒီကိစ္စကို ထုတ်ပြောမှာ မဟုတ်ဘူးလို့ သူ့ကို သတိပေးလိုက်ရုံပဲ။
ဒါဆို အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်သွားမှာပဲ။
ချန်ယွီက အကြည့်လွှဲလိုက်ပြီး ပြုံးလိုက်သည်။
လောကအတွေ့အကြုံ ဘာမှမရှိတဲ့ ဆင်းရဲသား ကောင်လေး တစ်ယောက်က လော်ရွှမ်ရဲ့ ချစ်သဝဏ်လွှာကို ခံနိုင်ရည် ရှိပါ့မလား မသိဘူး။
ဒါပေမယ့် သူမကတော့ ကျန်းမန်ကို လမ်းတစ်ဝက်မှာ ကျရှုံးသွားတာကို ပိုဖြစ်စေချင်တယ်။
ဒါမှ သူမ သိမ်းသွင်းရတာ ပိုလွယ်မှာလေ။
ပါရမီရှင်ဖြစ်တော့ကော ဘာအရေးလဲ။
ပါရမီရှင်မှာလည်း အားနည်းချက် ရှိတာပါပဲ။
—
ဒီအချိန်မှာ ကျန်းမန်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက တုန်ခါမှု ပြီးဆုံးသွားပြီ။
ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားထဲကနေ ဆေးလုံး နှစ်လုံး ထွက်ပေါ်လာပြီး သူ့ရဲ့ ချက်ကြိုးအောက် နေရာဆီကို ကျဆင်းသွားလေသည်။
အရည်အသွေး အရမ်းမြင့်တဲ့ ဆေးလုံးတွေချည်းပဲ။
ဒါပေမယ့် ဘာဆေးလုံးလဲဆိုတာကိုတော့ သူ သေချာ မသိသေးဘူး။
နွားဝါကြီးကို မေးကြည့်ဖို့ လိုသေးတယ်။
ဒီကိစ္စက သိပ်မလောပါဘူး။
ဘာလို့လဲဆိုတော့ ဆေးလုံးတွေက အမြဲတမ်း ရှိနေမှာလေ ဘယ်မှ ပျောက်မသွားဘူး။
အခု အရေးအကြီးဆုံးက ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားရဲ့ တတိယမြောက် တောင်းဆိုချက်က ဘာလဲဆိုတာကို ကြည့်ဖို့ပဲ။
ကိုယ့်အတွက် အချိန် ဘယ်လောက် ပေးထားလဲဆိုတာကိုပေါ့။