အခန်း ၇၃
Vol. 6 Ch. 73
အခန်း (၇၃) မိသားစု ခေါင်းဆောင် ကိုယ်တိုင် လာရောက်ပြီး အိမ်ပါသမက် လုပ်ရန် ဖိတ်ခေါ်ခြင်း
လောကကြီးက အမြဲ ပြောင်းလဲနေတတ်သည်။
တချို့ကိစ္စတွေ၊ တချို့လူတွေက ထင်မှတ်မထားတာတွေကို အမြဲ လုပ်ပြတတ်ကြ၏。
လုံးဝ နားလည်လို့မရတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားတတ်ကြတယ်။
ကျန်းမန်က အဲဒီလို လူမျိုးပဲ။
ဒီလူအကြောင်း ပထမဆုံး သိခဲ့ရတာက ဖန်ယုံကို လှောင်ပြောင်ချင်လို့ ဆိုတာကို ချန်မော့ယန် ပြန်တွေးမိလိုက်သည်။
ဒီလူက သူတို့ကြားထဲကို မတော်တဆ ရောက်လာခဲ့တာ။
အဲဒီတုန်းက သူက ကျောင်းလခတောင် မပေးနိုင်တော့မယ့် အခြေအနေမှာ ရှိနေခဲ့တယ်။
ထွက်ပေါက်မရှိတဲ့ လူတစ်ယောက်လို့ ထင်ခဲ့မိတာ။
သူ့ကို အတင်းအကျပ် ဖိအားပေးစရာတောင် မလိုဘူးပေါ့။
ဒါပေမယ့် နောက်ပိုင်းမှာ သူက တစ်ဟုန်ထိုး တက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
စိတ်ဝင်စားစရာ ကောင်းတဲ့ ဆင်းရဲသား တစ်ယောက် ဖြစ်လာခဲ့တယ်။
သူတို့လည်း ဖန်ယုံကို လှောင်ပြောင်သလိုမျိုး သူ့ကို တစ်ခေါက်လောက် လှောင်ပြောင်ခဲ့ကြသေးတယ်။
သူ့ကို အကူအညီမဲ့မှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ ဝမ်းနည်းမှုတွေ ခံစားရအောင် လုပ်ခဲ့တာပေါ့။
သူတို့ကြားမှာ ဘာမှတူညီတာ မရှိဘူးဆိုတာကို သူ သေချာ သိသွားအောင်လို့လေ။
တစ်နေရာတည်းမှာ သင်ယူပြီး တူညီတဲ့ အလုပ်တွေ လုပ်နေရုံနဲ့ တူညီတဲ့ လူတွေ ဖြစ်မလာနိုင်ဘူးလေ။
သူတို့ရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ ဆိုတာကို သူ သိပ်ဂရုမစိုက်ခဲ့ပါဘူး။
နေနိုင်ရင် နေ၊ မနေနိုင်ရင်လည်း သူ့အတွက်တော့ နောက်လိုက် တစ်ယောက် ပြောင်းသွားတာ၊ လှောင်ပြောင်စရာ လူတစ်ယောက် ပြောင်းသွားတာလောက်ပဲ ရှိတာကိုး။
သူ့ဘဝအတွက် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလေ။
ဒါပေမယ့် အဲဒီလို သာမန်လူ တစ်ယောက်က အခုဆိုရင် သူ့ကို ခြိမ်းခြောက်လာနေပြီ။
"လီ မိသားစုက လူတွေတောင် ငါ့ဆီ သတင်းလာပို့သေးတယ် သူတို့ စုံစမ်းထားသလောက်တော့ သူ့နောက်ကွယ်မှာ ဘယ်သူမှ မရှိဘူးတဲ့"
ချန်မော့ယန်က ပြုံးရင်း ပြောလိုက်၏။
"လီ မိသားစုက ငါ ကျန်းမန်ကို သွားရင်ဆိုင်ဖို့ မျှော်လင့်နေတာ ပြီးရင် သူတို့က လွယ်လွယ်လေး သိမ်းသွင်းလိုက်ဖို့လေ"
"အဆောင်ခြောက်ဆောင် ဒုတိယဆိုတော့ သူတို့ သိမ်းသွင်းချင်စရာ ကောင်းတာပေါ့"
"ဒါပေမယ့် သိမ်းသွင်းပြီး ဘာလုပ်မလို့လဲ ဆိုတာတော့ မသိဘူး"
"ဒီတစ်ခေါက် ယှဉ်ပြိုင်လုယူပွဲမှာ အသုံးချပြီး ဖိနှိပ်မလို့လား ဒါမှမဟုတ် ဂိုဏ်းထဲရောက်မှ ဖိနှိပ်မလို့လား"
ဘယ်တစ်ခုပဲဖြစ်ဖြစ် စာချုပ် ချုပ်ဆိုပြီးရင်တော့ ဖိနှိပ်ခံရဖို့က သေချာသလောက်ပဲ။
ပြီးတော့ ဒီလူတွေက ဒီစာချုပ်တွေကို သဘောတူရမှာပဲလေ။
ဘာလို့လဲဆိုတော့ တိုးတက်လေလေ ဝိညာဉ်ကျောက်တုံး လိုအပ်လေလေပဲ။
ပါရမီ ဆိုတာက ထာဝရ မဟုတ်ဘူး၊ ဝိညာဉ်ကျောက်တုံးကမှ ထာဝရ
ဝိညာဉ်ကျောက်တုံး ရှိမှ ပါရမီရှင် ဖြစ်လာမယ်၊ အနာဂတ် ရှိလာမယ်။
ပါရမီ ရှိရုံနဲ့ အနာဂတ် ရှိမယ်လို့ မသေချာဘူး။
အထူးသဖြင့် နောက်ခံ မရှိ၊ ဝိညာဉ်ကျောက်တုံး မရှိတဲ့ ပါရမီရှင်တွေပေါ့။
နောက်ခံ မရှိတဲ့ ဆင်းရဲသား တစ်ယောက်ကို ဖိနှိပ်ရတာက သူတို့မှာ ပါရမီ ဘယ်လောက်ပဲ ရှိရှိ လွယ်ကူနေတုန်းပဲ။
"သူက သခင်လေးချန်ကို တကယ် ခြိမ်းခြောက်နေတာပဲ အရင်တုန်းက အားနည်းနည်း ထပ်စိုက်ပြီး သူ့ကို ဝင်ခွင့်အရည်အချင်း လုံးဝ ဆုံးရှုံးသွားအောင် လုပ်ခဲ့သင့်တာ"
အရပ်ပုပုနှင့် သခင်လေးယန်က ပြောလိုက်၏။
"မင်း တော်တော် မကျေမနပ် ဖြစ်နေပုံပဲ"
ချန်မော့ယန်က ပြုံး၍ ပြောလိုက်သည်။
"ဟုတ်တာပေါ့ မင်းရဲ့ တတိယနေရာက သူ့ကြောင့် လွင့်စင်သွားပြီး စတုတ္ထနေရာကို ရောက်သွားတာကိုး"
"ဒါပေမယ့် အခု သူ့ကို အရင်က သူပဲလို့ မင်း ထင်နေတုန်းပဲလား"
"သူ့ကို ဖိနှိပ်ဖို့ဆိုတာ အထူးသဖြင့် ယွင်ချန်ဌာနခွဲမှာဆိုရင် မဖြစ်နိုင်သလောက်ပဲ"
"ဒီလိုမှ မဟုတ်ရင် တခြား မိသားစုတွေ အစောကြီးကတည်းက လက်စွမ်းပြနေလောက်ပြီ"
ပြောရင်းနှင့် ချန်မော့ယန်က ဘေးရှိ ထိုင်ခုံတစ်ခုသို့ လျှောက်သွားကာ ထိုင်လိုက်ပြီး ဆက်ပြော၏။
"သူက ချင်းယွင်ဆောင်ရဲ့ ပထမ၊ အဆောင်ခြောက်ဆောင်ရဲ့ ဒုတိယလေ"
"ချင်းယွင်ဆောင်က အဆောင်ခြောက်ဆောင်ရဲ့ ပထမနေရာကို မရတာ ဘယ်လောက်တောင် ကြာပြီလဲ"
"အင်အားသုံးပြီး သူ့ကို ဖိနှိပ်မလို့လား"
"ချင်းယွင်ဆောင်ကလည်း သဘောတူမှ ရမယ်လေ"
"သူ့ရဲ့ တာဝန်ခံ ဆရာကလည်း ခေါင်းညိတ်မှ ရမယ်"
"အခု သူက ဆင်းရဲသား ဆိုပေမယ့် နောက်ခံ မရှိတဲ့ ဆင်းရဲသား မဟုတ်တော့ဘူး"
သခင်လေးယန်က အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်၏။
"ဟုတ်သားပဲ တကယ်လို့ သူ့ကို တိုက်ရိုက် သွားရင်ဆိုင်ရင် ငါတို့ပဲ အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်"
ယခုအခါ ကျန်းမန်က အဆောင်ခြောက်ဆောင် ဒုတိယ၊ ချီသန့်စင်ခြင်း အဆင့်ရှစ် ဖြစ်နေပြီ။
မိသားစု အင်အားကို အသုံးမပြုဘဲ သူ့ကို ဖိနှိပ်၍ မရနိုင်တော့ချေ။
မကောင်းတဲ့ နည်းလမ်းတွေ မသုံးရင်ပေါ့။
ချန်မော့ယန်က တည်ငြိမ်စွာ ပြောလိုက်၏။
"အရင်အတိုင်းပဲ ငါတို့နဲ့ သူနဲ့က အရမ်း နီးကပ်နေတယ် ကျင့်ကြံမှုအဆင့်ကလည်း နီးကပ်နေတယ် တကယ်လို့ သူ့လမ်းကို ဖြတ်လိုက်ရင် ငါတို့ လမ်းလည်း ပြတ်သွားသလို ဖြစ်သွားလိမ့်မယ်"
"အရင်တုန်းက လှောင်ပြောင်ခဲ့တာက သူက စိတ်ဝင်စားစရာ ကောင်းတဲ့ ဆင်းရဲသားလေးမို့လို့လေ"
"အခုတော့ သူက ချင်းယွင်ဆောင်က အထင်ကြီးခံရတဲ့ ဆင်းရဲသား ဖြစ်နေပြီ"
"ပြဿနာ သွားရှာဖို့ မလိုပါဘူး"
"လီ မိသားစုကတော့ သေချာပေါက် တစ်ခုခု လုပ်လိမ့်မယ် ငါတို့က သူတို့ရဲ့ လက်နက် ဖြစ်ခံမှာ မဟုတ်ဘူး"
ချန်မော့ယန်က ခဏရပ်ပြီးနောက် ဆက်ပြော၏။
"အဲဒီအစား ဖန်ယုံကို သွားလှောင်ပြောင်တာက ပိုကောင်းမယ် သူက ငါတို့နဲ့ အတူတူ လာကျင့်ကြံဖို့ ကြိုးစားနေတုန်းပဲ"
"သူ့ရဲ့ သခင်လေးဖန် ဆိုတဲ့ ပုံစံကို ထိန်းသိမ်းဖို့ပေါ့"
"ငါလို အဆောင်ခြောက်ဆောင် ပထမရတဲ့ သခင်လေး တစ်ယောက်နဲ့ သူနဲ့ အတူတူ ရှိနေတယ်ဆိုတော့"
"ဘယ်လောက်များများက သူ့ကို အားကျနေကြမလဲ"
"အားလုံးက သူ့ကို သခင်လေးဖန် လို့ ခေါ်ရမှာပဲ"
"သူ့ကို ငါတို့ ဘယ်လို မြင်လဲဆိုတာ သူ သိလောက်ဦးမှာ မဟုတ်ဘူး"
သခင်လေးယန်ကလည်း လိုက်၍ ရယ်မောလိုက်သည်။
ချန်မော့ယန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။
"ဒါပေမယ့် နောက်ပိုင်း လစဉ် အကဲဖြတ်စစ်ဆေးမှုတွေကျရင် ဆဋ္ဌမမြောက် ခြံဝင်းငယ်ကို သေချာ စောင့်ကြည့်ရမယ်"
"ချင်းယွင်ဆောင်ကသာ အဆင့်သတ်မှတ်ချက် မကြေညာခဲ့ရင် အဲဒီလူတွေလည်း ဘယ်လိုလုပ် အလစ်ငိုက် အတိုက်ခံရသလို ဖြစ်သွားပါ့မလဲ"
သခင်လေးယန်က ခေါင်းညိတ်လိုက်သည်။
"သူ ထပ်ပြီး တိုးတက်လာဦးမလား ဆိုတာတော့ မသိဘူး နောက်ဆုံး သုံးလမှာတော့ တိုးတက်ဖို့ နေရာ မရှိလောက်တော့ဘူး ထင်တယ်"
"ချီသန့်စင်ခြင်း အဆင့်ရှစ်က သူ့အတွက် အမြင့်ဆုံး ဖြစ်လောက်ပြီ"
ထပ်ပြီး အဆင့်တက်ဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သူတို့ အသိဆုံးပဲ။
ဘာလို့လဲဆိုတော့ သူတို့လည်း အဲဒီအဆင့်မှာ ရှိနေတာကိုး။
————
ညနေစောင်း အချိန်တွင် ကျန်းမန်က ဝိညာဉ်စုဆောင်းခြင်း ခန်းမသို့ ထပ်မံ သွားရောက်ခဲ့၏。
ဝိညာဉ်စုဆောင်းခြင်း ခန်းမကိုချည်း အားကိုးနေရုံနှင့် မလုံလောက်နိုင်ကြောင်း သူ သတိပြုမိသွားသည်။
ချီသန့်စင်ခြင်း အဆင့်ရှစ်နှင့် အဆင့်ကိုး ကြားတွင် အတော်လေး ကွာဟချက် ရှိနေ၏။
ကျန်ရှိနေသော အချိန်အတွင်း အဆင့်တက်ရန် အလွန် ခက်ခဲလှပေသည်။
ဆင်းရဲခြင်းက တကယ်ပဲ သူ့ရဲ့ ပါရမီကို အဟန့်အတား ဖြစ်စေတယ်။
သူက အရမ်း မြန်မြန် စုပ်ယူနိုင်တယ် ဆိုရင်တောင် ဝိညာဉ်ကျောက်တုံး အလုံအလောက် မရှိဘဲနဲ့ သုံးလအတွင်း ချီသန့်စင်ခြင်း အဆင့်ကိုးကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒါက ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ဆယ့်တစ် တောင် မလုပ်နိုင်တဲ့ ကိစ္စလေ။
ပြီးတော့ အခုချိန်မှာ သူ့ရဲ့ အားသာချက်ကလည်း နည်းသွားပြီ ဘာလို့လဲဆိုတော့ တခြား အစွမ်းထက်တဲ့ သူတွေရဲ့ ချီသန့်စင်ခြင်း ကျင့်စဉ်ကလည်း အမြင့်ဆုံး အဆင့်ကို ရောက်နေလောက်ပြီကိုး။
ဝိညာဉ်ကျောက်တုံးကလည်း များသေးတယ်။
သူတို့ကို လိုက်မီဖို့ နေနေသာသာ အနောက်မှာ ကျန်မရစ်ခဲ့ရင်ပဲ တော်လှပြီ။
"ဘာလို့ ဘယ်သူကမှ ငါ့ကို ဝိညာဉ်ကျောက်တုံး အများကြီး အလကား မပေးကြတာလဲ"
ဝိညာဉ်စုဆောင်းခြင်း ခန်းမမှ ပြန်ရောက်လာချိန်တွင် ကျန်းမန်က နွားဝါကြီးကို ကြည့်ကာ မေးလိုက်သည်။
နွားဝါကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ငါ မင်းကို အလကား မိန်းမပေးခဲ့တယ် မဟုတ်ဘူးလား မင်းမိန်းမ ထွက်ပြေးသွားပေမယ့်လို့"
"အဝါကြီး ငါက သာမန်လူ မဟုတ်ဘူးဆိုတာကို မင်း အစောကြီးကတည်းက သိနေလို့ ငါ့ဘေးမှာ နေနေတာ မဟုတ်လား"
ကျန်းမန်က မေးလိုက်သည်။
နွားဝါကြီး ကြောင်အမ်းသွားပြီး ကျန်းမန်ကို မျက်ခုံးအနည်းငယ် ပင့်ကာ ကြည့်လိုက်၏။
ထို့နောက် ခေါင်းငုံ့၍ မြက်ဆက်စားနေလိုက်သည်။
ကျန်းမန် အတော်လေး နှမြောသွားသည်၊ သူက တကယ်ကို ဝိညာဉ်ကျောက်တုံး လိုအပ်နေသည်။
ယခုအခါ သူက ချီသန့်စင်ခြင်း အဆင့်ရှစ် ဖြစ်နေပြီဖြစ်ရာ အခြား နည်းလမ်းများ ရှိသင့်ပေသည်။
ဥပမာအားဖြင့် ဖက်တီးလေး သို့မဟုတ် ချန်ချီဝမ်တို့ထံမှ ချေးယူခြင်းမျိုး ဖြစ်၏။
ကံမကောင်းစွာဖြင့် လူအများစု၏ အမြင်တွင် ချီသန့်စင်ခြင်း အဆင့်ရှစ်က သူ၏ အမြင့်ဆုံး အဆင့် ဖြစ်နေပေသည်။
အဘယ်ကြောင့်ဆိုသော် ချီသန့်စင်ခြင်း အဆင့်ကိုးက အလွန် ဝေးကွာလွန်းသောကြောင့်ပင်။
ထို့အပြင် အဟန့်အတားကလည်း ပိုမို ကြီးမားလှသည်။
ဖောက်ထွက်ရန် အရင်းအမြစ် အမြောက်အမြား လိုအပ်၏။
ကျန်းမန် ကျင့်ကြံရန် ပြင်ဆင်နေချိန်တွင် အဝေးမှ လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
အသက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်၏。
"မိသားစု တစ်ခုက လူ လာရှာပြီ"
နွားဝါကြီးက ပြောလိုက်သည်။
ကျန်းမန် သတိထားလိုက်မိ၏။
"အဝါကြီး သူ ငါ့ကို တိုက်ခိုက်မလား"
"မတိုက်ခိုက်ပါဘူး သူ့မိသားစုက အရှက်မရှိတော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့"
နွားဝါကြီးက ဖြေလိုက်သည်။
"တကယ်လို့ သူက တကယ်ပဲ အရှက်မရှိတော့ဘူး ဆိုရင် အကြီးအကဲ ကျွန်တော့်ကို ကာကွယ်ပေးနော်"
ကျန်းမန်က တောင်းဆိုလိုက်၏။
ဒီလိုကျတော့လည်း အကြီးအကဲ ဖြစ်သွားတာပဲ။
နွားဝါကြီးက အဝါကြီး လို့ ခေါ်တာကို အသားကျနေပြီဖြစ်ရာ ရုတ်တရက် အကြီးအကဲ လို့ အခေါ်ခံရတော့ အနည်းငယ် အနေခက်သွားသည်။
ထိုအချိန်တွင် ကျန်းမန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက လည်ပတ်နေ၏။
ချီသန့်စင်ခြင်း အဆင့်ရှစ်ဆိုတော့ ဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားကြည့်လို့ ရနိုင်တယ်။
တကယ်လို့ ကိုယ်ရံတော် ဌာနကို ပြေးဝင်သွားနိုင်ရင်တော့ လုံခြုံသွားပြီ။
"မင်း စိတ်လှုပ်ရှားနေတာလား"
လော်ဟွိုင်လီက ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။
ရောက်လာသူမှာ အိမ်ပါသမက် ခေါ်ရန် စိတ်အားထက်သန်နေသော လော် မိသားစု ခေါင်းဆောင် လော်ဟွိုင်လီ ပင် ဖြစ်၏။
နောက်တစ်ခါ ငါက ခင်ဗျားထက် ပိုအစွမ်းထက်လာရင် ခင်ဗျားဆီကို ညဉ့်နက်သန်းခေါင် သွားလည်မယ် ခင်ဗျား စိတ်မလှုပ်ရှားဖို့ မျှော်လင့်တယ် ဟု ကျန်းမန် စိတ်ထဲတွင် တွေးလိုက်သော်လည်း နှုတ်မှတော့ ရိုင်းပျစွာ မပြောခဲ့ချေ။
"အကြီးအကဲ ကျွန်တော့်ကို လာရှာတာလား"
"ကိုယ်တိုင် မိတ်ဆက်ရရင် ငါက လော် မျိုးရိုးပါ လော် မိသားစုရဲ့ ခေါင်းဆောင်ပေါ့"
လော်ဟွိုင်လီက လေးလေးနက်နက် ပြောလိုက်၏။
"ဒီတစ်ခေါက် မင်းကို လာရှာတာ ဘာအတွက်လဲ ဆိုတာ မင်း သိလောက်မှာပါ"
အိမ်ပါသမက် လုပ်ဖို့လား။ ကျန်းမန် စိတ်ထဲတွင် ချက်ချင်း အဖြေထွက်သွားသည်။
သို့သော် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"ဒီလိုကိစ္စမျိုးကို အကြီးအကဲ ကိုယ်တိုင် လာရတာလား ပြီးတော့ ညဉ့်နက်သန်းခေါင်ကြီး"
"နည်းနည်းတော့ လောသွားတယ် ဒါပေမယ့် ငါက တကယ် စောင့်မနေနိုင်တော့လို့ပါ မင်းကို လော် မိသားစုထဲ ဝင်ဖို့ လာဖိတ်ခေါ်တာ တခြား ဘာတောင်းဆိုချက်တွေ ရှိရှိ မင်း တောင်းဆိုလို့ ရတယ်"
လော်ဟွိုင်လီက ကျန်းမန်ကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။
"ကျွန်တော် အိမ်ပါသမက် မလုပ်ဘူး"
"အဲဒါတော့ မရဘူး"
"..."