← Chapters

အခန်း ၇၈

Vol. 6 Ch. 78

အခန်း ၇၈

Vol. 6 Ch. 78

အခန်း (၇၈) တခြား မိသားစုတွေက သုံးသောင်းပေးတယ် လီ မိသားစုကမှ တစ်သောင်းပေးတာ

"ထပ်တွေ့ပြန်ပြီနော်"

တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းမန် သတိထားလိုက်မိသည်။

မိုးချုပ်ပြီး သိပ်မကြာမီမှာပင် လမ်းတွင် ရင်းနှီးနေသော သူနှင့် တွေ့လိုက်ရသည်။

လီ မိသားစုမှ လူ ရောက်လာခြင်း ဖြစ်သည်။

တစ်ဖက်လူက သူ အိမ်ပြန်မည့် လမ်းတွင် ရပ်နေသဖြင့် ရှောင်လွှဲရန် နေရာမရှိတော့ပေ။

သို့သော် ယခင်အကြိမ်ကဲ့သို့ပင် ရိုင်းစိုင်းလှသည်။

မည်သို့ ခေါ်ရမည်ကိုပင် မပြောခဲ့ပေ။

"လီ မိသားစုက ကျွန်တော့်ကို ရှာနေတာလား"

ကျန်းမန်က မေးလိုက်သည်။

အဘိုးကျင်း၏ စိတ်ခံစားမှုက အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း သင်ယူခွင့် အခကြေးငွေ မပေးရသေးဘူးလို့ ကြားတယ် ဒီအတိုင်းပဲ အလယ်အလတ် ကျင့်စဉ်တွေကို လက်လွှတ်လိုက်တော့မလို့လား"

"လီ မိသားစုက ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး ချေးပေးမလို့လား"

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"လီ မိသားစုနဲ့ စာချုပ် ချုပ်လိုက်ရင် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို လီ မိသားစုက မင်းအတွက် စိုက်ထုတ်ပေးမယ်"

အဘိုးကျင်းက ဖြေလိုက်သည်။

ကျန်းမန်က ခေါင်းခါပြရင်း ရှင်းပြလိုက်သည်။

"ခင်ဗျားတို့ရဲ့ ကမ်းလှမ်းချက်က အရမ်း ဆိုးလွန်းတယ် တစ်လကို ဝိညာဉ်ကျောက်တုံး တစ်သောင်းလေ ဖန် မိသားစုက တစ်လကို သုံးသောင်း ပေးတယ် အဲဒါကိုတောင် ကျွန်တော် ငြင်းခဲ့သေးတာ ဒါတင်မကဘူး ကောင်း မိသားစုကဆို ဂိုဏ်းထဲ ဝင်ခွင့်မရရင်တောင် အရင်းအမြစ်တွေ ပြန်ပေးစရာ မလိုဘဲ စာချုပ်ကို အလိုအလျောက် ပျက်ပြယ်ခွင့် ပေးထားသေးတယ်"

"လီ မိသားစုက တကယ်ကို သတ္တိမရှိတာပါ ကျွန်တော်က အခြေအနေကို နားမလည်တာ မဟုတ်ဘူး"

ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက တခြား မိသားစုတွေ ပေးထားတဲ့ ကမ်းလှမ်းချက်တွေကို သိတာမှ မဟုတ်တာ။ ကိုယ် ဒီလို ပြောလည်း အပြစ်မရှိဘူးလေ။

ထိုစကားကို ကြားသော် အဘိုးကျင်း မျက်မှောင်ကြုတ်သွားသည်။

ဖန် မိသားစုက ဤမျှ မြင့်မားသော ဈေးနှုန်းကို ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပုံရသည်။

ချက်ချင်းပင် သူက စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး ပြောလိုက်သည်။

"မင်းအတွက်ဆို ဝိညာဉ်ကျောက်တုံး တစ်သောင်းက ဂိုဏ်းထဲ ဝင်ဖို့ လုံလောက်ပါတယ် ပါရမီရှင်တွေမှာလည်း ပါရမီရှင်တွေရဲ့ စည်းမျဉ်း ရှိတာပေါ့ လီ မိသားစုထဲ ဝင်ဖို့ဆိုတာက ဒီလောက်လေး ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေက အဓိက မဟုတ်ဘူး"

"လအနည်းငယ်စာလောက် ရမယ့် ဝိညာဉ်ကျောက်တုံးတွေက မင်း ဂိုဏ်းထဲ ရောက်သွားရင် ဖြတ်သန်းရမယ့် နှစ်တွေ အကြာကြီးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး"

"ဂိုဏ်းထဲ ဝင်ပြီးရင် ထင်ပေါ်ကျော်ကြားနိုင်မလား ဆိုတာကိုတော့ လီ မိသားစုကပဲ အာမခံရဲတာ"

"သူတို့တွေမှာ အဲဒီလောက် အစွမ်းအစ မရှိဘူး"

"မင်းက အမြင်ကို ကျယ်ကျယ်ထားပြီး အနာဂတ်ကို ကြည့်ရမယ်"

"ဝိညာဉ်ကျောက်တုံး ဆိုတာက မင်းကို မျက်စိလည် လမ်းမှားအောင် လုပ်မယ့် အရာတွေကွ မင်း တကယ် အာရုံစိုက်ရမှာက အနာဂတ်မှာ မင်း ရရှိမယ့် အောင်မြင်မှုတွေပဲ"

ကျန်းမန်က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"ချန် မိသားစုကလည်း ကျွန်တော့်ကို ပိုကောင်းတဲ့ သင်ကြားမှု အခွင့်အရေးတွေ ရအောင် ကူညီပေးမယ်လို့ ပြောထားတယ်လေ လော် မိသားစုကလည်း ဂိုဏ်းထဲမှာ သူတို့ရဲ့ အရေးကြီးတဲ့ လူတွေ ရှိတယ် ကျွန်တော့်ကို ကူညီပေးနိုင်တယ် အရာအားလုံးကို ကျွန်တော့်အတွက်ပဲ ဦးစားပေးမယ်လို့ ပြောထားတယ်"

"လီ မိသားစုရဲ့ ကမ်းလှမ်းချက်က တကယ်ကို သာမန်ပါပဲ"

အဘိုးကျင်း ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

ဤသို့သော အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပုံရသည်။

"ဒါဆို မင်းရဲ့ သင်ယူခွင့် အခကြေးငွေ တစ်သောင်းကို ဘယ်လို ပေးမှာလဲ အလယ်အလတ် ကျင့်စဉ်တွေ မရှိရင် မင်း သြဂုတ်လ ဂိုဏ်း အကဲဖြတ်စစ်ဆေးမှုမှာ အဆင့်အနိမ့်ဆုံး လူတွေနဲ့ပဲ အတူတူ ဝင်ရလိမ့်မယ်"

"တကယ်လို့ ရသွားရင်တော့ အလယ်အလတ် အရည်အချင်းနဲ့ ဝင်နိုင်မှာပေါ့"

အဘိုးကျင်းက ပြောလိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားခဲ့သည်။ သြဂုတ်လလယ်မှာ အလယ်အလတ် အရည်အချင်းနဲ့ ဟုတ်လား။

စာကလေးက ဟင်္သာရဲ့ ရည်မှန်းချက်ကို ဘယ်သိပါ့မလဲ။

ဒီလူက ငါ့အကြောင်းကို ဘာမှ မသိတဲ့ လူတစ်ယောက်ပဲ။

"မင်း မအိပ်ဘဲ ညအိပ်ပျက်ခံပြီး ကျင့်ကြံရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

အဘိုးကျင်းက ကျန်းမန်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"နောက်တစ်ခုက လီ မိသားစုမှာ ဘယ်လောက်တောင် အစွမ်းရှိလဲ ဆိုတာကို မင်း သိချင်မှ သိမှာ ဒီနေ့ မင်း ဝိညာဉ်စုဆောင်းခြင်း ခန်းမကို သွားကြည့်လိုက်ရင် သိပါလိမ့်မယ်"

ကျန်းမန် မျက်မှောင်ကြုတ်သွားသည်။ ဒါက ငါ့ကို အလုပ်ပြုတ်အောင် လုပ်တာလား။

တကယ့် နည်းလမ်းပဲ။

ဒါပေမယ့် ဝိညာဉ်စုဆောင်းခြင်း ခန်းမက ယွင်ချန်ဌာနခွဲရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာလေ။

ဆရာကျောက် တားနိုင်မလား ဆိုတာတော့ မသိဘူး။

ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး၊ အခုချိန်မှာ ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံး နည်းနည်း ရှိနေတာပဲ၊ အလုပ်ပြုတ်သွားလည်း သိပ်ကြောက်စရာ မလိုပါဘူး။

ဒါက ပိုက်ဆံ စုဆောင်းထားတဲ့ သူတွေရဲ့ အားသာချက်ပဲ။

ဒီပိုက်ဆံသာ မရှိရင် အလုပ်ပြုတ်တာနဲ့ ထမင်းစားဖို့တောင် ပြဿနာ ဖြစ်လာမှာ။

အဲဒါကိုမှ လမ်းဆုံးသွားတယ်လို့ ခေါ်တာ။

ကျန်းမန် စကားမပြောသည်ကို မြင်သောအခါ အဘိုးကျင်းက ဆက်ပြောလိုက်သည်။

"ဝင်ငွေ မရှိတော့တာက မင်းအတွက် ပြဿနာ တစ်ခု ဖြစ်လောက်တယ် နောက်ပြီး ဒီတစ်ခေါက် အလယ်အလတ် ကျင့်စဉ်ကို မရလိုက်တာကို မင်း သည်းခံနိုင်တယ် ဆိုရင်တောင် နောက်တစ်ကြိမ် ယှဉ်ပြိုင်လုယူပွဲမှာ မင်း ဘာမှ မရခဲ့ရင် ဘယ်လို လုပ်မလဲ"

"ဘယ်လို အရင်းအမြစ်မှ မရှိတဲ့ အခြေအနေမှာ မင်း တိုးတက်နိုင်ပါဦးမလား"

"တစ်နေရာတည်းမှာ ရပ်နေတာက ကြောက်စရာ အကောင်းဆုံး နောက်ဆုတ်ခြင်းပဲ"

"မင်း သေချာ စဉ်းစားသင့်တယ်"

"သိုင်းပညာရပ် ဒါမှမဟုတ် ကျင့်စဉ်ကို သုံးယောက် အတူတူ သွားလုယူမှ ရမှာနော်"

"တကယ်လို့ တစ်ယောက်ယောက်က အဲဒီနေ့ကျမှ လက်လျှော့လိုက်ရင်ကော"

"မင်း နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ် မင်းရဲ့ ရွေးချယ်မှုကို ငါ စောင့်နေမယ်"

"အဲဒီအချိန်ကျရင် မင်းရဲ့ တာဝန်ခံ ဆရာဆီကို သွားပြီး စာချုပ် လက်မှတ်ထိုးလိုက်ရုံပဲ"

ပြောပြီးသည်နှင့် အဘိုးကျင်း ထွက်သွားတော့သည်။ အခြားစကားများ ဆက်မပြောခဲ့ပေ။

ကျန်းမန်က တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်ကာ နောက်ဆုံးတွင် ဘာစကားမှ မပြောခဲ့ပေ။

ဒီကိစ္စတွေကို ဆရာကျောက်က သူ့ကို ပြောပြပြီးသားပဲ။

အဖွဲ့ထဲက သုံးယောက် အတူတူ တောအုပ်ထဲ ဝင်သွားပြီး သိုင်းပညာရပ်ကို လုယူရမှာ။

မဟုတ်ရင် သိုင်းပညာရပ်ကို ရနိုင်မှာ မဟုတ်ဘူး။

အရင်တုန်းက လီယွမ်က ဒီအချက်ကြောင့် ငါ့ကို ကြိုတင်ပြီး ဘာမှ မလုပ်ခဲ့ဘဲ အချိန်တန်မှ ငါ့ကို ဝိုင်းဖမ်းဖို့ ရွေးချယ်ခဲ့တာ။

ရည်ရွယ်ချက်ကတော့ ငါ မထွက်ပြေးအောင် ထိန်းချုပ်ထားနိုင်ဖို့ပဲ။

အခုတော့ အခြေအနေတွေ ပြောင်းသွားပြီ။

ငါက သူတို့ကို ပါဝင်ခွင့် ရဖို့ လိုအပ်နေတဲ့ သူ ဖြစ်သွားပြီ။

ပြန်ပြီး အကျပ်ကိုင်ခံရတာပေါ့။

"ပြိုင်ဘက်ကင်း ပါရမီရှင်လည်း ခြေထောက်ဆွဲချခံရတာပဲ"

ကျန်းမန်က ပခုံးတွန့်လိုက်ပြီး အများကြီး ဆက်မတွေးတော့ပေ။

ဝိညာဉ်စုဆောင်းခြင်း ခန်းမသို့သာ ဆက်သွားလိုက်သည်။

ကိစ္စက ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ ယှဉ်ပြိုင်လုယူပွဲမှာ ကံတရားကိုပဲ အားကိုးရတော့မှာပေါ့။

သိုင်းပညာရပ် ရမရက လီယွမ်တို့ အပေါ်မှာပဲ အပြည့်အဝ မူတည်နေပြီ။

သူ လုပ်နိုင်တာက တစ်ခုတည်းပဲ ရှိတယ်။

ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး ဆက်လက် ကြိုးစားဖို့ပဲ။

ဘာ မကောင်းတဲ့ နည်းလမ်းတွေပဲ လာလာ အဲဒါ အကုန်လုံးက ကိုယ့်ကျင့်ကြံမှုအဆင့် မမြင့်သေးလို့ပဲ။

ဒီလောက် ပါရမီရှင် ဖြစ်နေတာပဲ၊ ဖြေရှင်းဖို့ နည်းလမ်းက ဘယ်လောက်တောင် လွယ်လိုက်သလဲ။

မန်နေဂျာမျောင်၊ လီယွမ်၊ ဖန်ထျန်းယီ၊ အကုန်လုံးက ငါ့ရဲ့ ပါရမီ အောက်မှာ ဒူးထောက်သွားကြတာချည်းပဲ။

ကိုယ်ရံတော် ဌာနသို့ ရောက်သောအခါ ကျန်းမန်က မန်နေဂျာမြောင် ရှိရာသို့ တိုက်ရိုက် သွားလိုက်သည်။

ကျန်းမန် ဝင်လာသည်ကို မြင်သောအခါ ကိုယ်ရံတော် နှစ်ဦးစလုံး အလွန် အံ့ဩမှင်တက်သွားကြသည်။

အသက် အနည်းငယ် ပိုကြီးသော ကိုယ်ရံတော်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ငါ အရင်က ဘာပြောခဲ့လဲ ဒီလိုလူမျိုးက အအောင်မြင်ဆုံးပဲ လို့ ပြောခဲ့တယ်မလား အရင်တုန်းက သူ့ကို သွားလှောင်ပြောင်မိရင် အခု ငါတို့ ဒီမှာ အေးအေးဆေးဆေး ထိုင်နေရမှာ မဟုတ်ဘူး"

အသက် အနည်းငယ် ငယ်သော ကိုယ်ရံတော်ကလည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"ငါ ထပ်ပြီး သင်ယူရဦးမယ်"

သူတို့နှစ်ဦးစလုံး ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သို့သော် မန်နေဂျာမြောင် အတွက်တော့ အတော်လေး အခက်တွေ့နေပုံရသည်။

အဘယ်ကြောင့်ဆိုသော် ယခုလောလောဆယ်တွင် ကျန်းမန်ကို အထဲသို့ ဝင်ခွင့် မပြုနိုင်သောကြောင့်ပင်။

"ဒါက အထက်က အမိန့်ပဲ မိသားစု တချို့က မင်းကို ဒုက္ခပေးချင်နေပုံရတယ် မင်းလည်း ကျောထောက်နောက်ခံ တစ်ခုခုကို ရှာကြည့်သင့်တယ်"

မန်နေဂျာမြောင်က သတိပေးလိုက်သည်။

ကျန်းမန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့"

ကျန်းမန် ဆက်မနေတော့ပေ။ ဤကိစ္စကို အတည်ပြုပြီးပြီဖြစ်ရာ ဆရာကျောက် အပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။

သူ တောင့်ခံနိုင်မလား ဆိုသည်ကို ကြည့်ရမည်။

မန်နေဂျာမြောင်က ကျန်းမန် စိတ်မကောင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး တစ်လုံး ပေးလိုက်သည်။

အရင် သုံးထားရန်နှင့် ဤနေရာမှ ကိစ္စများ ရှင်းလင်းသွားပါက လူလွှတ်၍ အကြောင်းကြားပေးမည်ဟု ပြောလိုက်သည်။

ကျန်းမန် အနည်းငယ် အံ့ဩသွားသည်၊ ဒီလို အကျိုးအမြတ်မျိုးတောင် ရလိုက်သေးတယ်။

သို့သော် ဤတစ်ကြိမ်တွင် သူ တိုက်ရိုက် မယူရဲဘဲ အကြွေး မှတ်ထားရန်နှင့် ကိုယ် ငွေကြေး အဆင်ပြေချိန်တွင် ပြန်ဆပ်မည်ဟု ပြောလိုက်သည်။

ယခုအချိန်တွင် ဆေးလုံး တစ်လုံး ပိုရခြင်းက အလွန် ကောင်းမွန်သောအရာပင်။

နောက်တစ်နေ့တွင် ကျန်းမန်က ဝိညာဉ်စုဆောင်းခြင်း ခန်းမမှ ကိစ္စများကို ဆရာကျောက်ထံ ပြောပြလိုက်သည်။

"ကိစ္စသေးသေးလေးပါ မင်းသာ သေချာ ကျင့်ကြံပါ မွန်းလွဲပိုင်းလောက်ဆို မင်း သွားချင်ရင် သွားလို့ ရပြီ"

ဆရာကျောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

တကယ်ပါပဲ။

မွန်းတည့်ချိန် ရောက်သည်နှင့် ဝိညာဉ်စုဆောင်းခြင်း ခန်းမမှ သတင်း ပို့လာသည်၊ အထက်မှ ပြဿနာများ ပြေလည်သွားပြီ ဖြစ်ကြောင်း အချိန်မရွေး သွားရောက်နိုင်ပြီ ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဤအချိန်တွင် လီ မိသားစုမှ လူကို လူကိုယ်တိုင် သွားပြောပြ၍ မရနိုင်တော့ပေ။

ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။

တတိယအကြိမ် ယှဉ်ပြိုင်လုယူပွဲကလည်း သိပ်မဝေးတော့ဘူးလေ။

သိပ်မကြာခင်မှာပဲ ဒီလို မကောင်းတဲ့ နည်းလမ်းတွေက တခြား ပါရမီရှင်တွေကို ဖိနှိပ်ဖို့တော့ ရနိုင်ပေမယ့် ပြိုင်ဘက်ကင်း ပါရမီရှင်ကို သွားသုံးရင်တော့ ရန်စသလို ဖြစ်သွားမယ် ဆိုတာကို တစ်ဖက်လူ သိသွားပါလိမ့်မယ်။

ဆဋ္ဌမမြောက် ခြံဝင်းငယ်။

ဖက်တီးလေးက ကျန်းမန် အနားသို့ လာကာ မေးလိုက်သည်။

"အစ်ကိုကျန်း ဒီဒုတိယမြောက် ကျင့်ကြံရေး စာအုပ်က နည်းနည်း လွန်ကဲလွန်းတယ် မဟုတ်ဘူးလား"

ကျန်းမန်က ဘေးရှိ ဖက်တီးလေးကို ကြည့်လိုက်ရာ သူ၏ မျက်ကွင်းညိုများက ပိုမို ဆိုးရွားလာပြီး တစ်ကိုယ်လုံး အားအင် ကုန်ခမ်းနေသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒါက ဘာဖြစ်သွားတာလဲ။

ကျင့်ကြံရင်းနဲ့ ဒီလို ဖြစ်သွားတာလား။

"ကျင့်ကြံတာ မှားသွားတာတော့ မဟုတ်ပါဘူးနော်"

သူက တိုက်ရိုက် မေးလိုက်သည်။

ဖက်တီးလေးက ခေါင်းခါပြလိုက်သည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။

"ကျင့်ကြံမှုအဆင့်ကကော"

ဖက်တီးလေးက အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။

"တိုးတက်လာတာကတော့ အမှန်ပဲ ဒါပေမယ့် ချီသန့်စင်ခြင်း အဆင့်လေး ရောက်ဖို့က အများကြီး လိုပါသေးတယ်"

"ဒါဆို ဆက်ပြီး ကျင့်ကြံ ဒီအတိုင်း ဆက်သွားရင် သြဂုတ်လ မတိုင်ခင် ချီသန့်စင်ခြင်း အဆင့်လေး ရောက်မှာ သေချာတယ် တကယ်လို့ ဆက်မကျင့်ရင်တော့ ငါ အာမမခံရဲဘူး"

ကျန်းမန်က ပြောလိုက်သည်။

ဒါက နွားဝါကြီး ပြောတာလေ၊ သူနဲ့ မဆိုင်ဘူး။

နွားဝါကြီး ပြောပြီးမှတော့ မှားစရာ အကြောင်း မရှိပါဘူး။

သို့သော် ဖက်တီးလေးက ဤမျှ ညအိပ်ပျက်ခံပြီး ကျင့်ကြံနေသည်ကို မည်သို့လုပ်၍ ပိန်မသွားရသနည်း ဆိုသည်ကို ကျန်းမန် အတော်လေး သိချင်သွားသည်။

"ဘာလို့လဲဆိုတော့ ငါက အရင်ကထက် ပိုစားလာလို့လေ အိမ်မှာက အသားတွေ အများကြီး ရှိတာကိုး"

ဖက်တီးလေးက ရှင်းပြလိုက်သည်။

ကျန်းမန်၏ အကြည့်များက အေးစက်သွားပြီး ဖက်တီးလေးကို အားပေးစကား ဆိုလိုက်သည်။

သေချာ ကြိုးစားပြီး ကျင့်ကြံ၊ ချီသန့်စင်ခြင်း အဆင့်လေး ရောက်အောင် လုပ်ပြီး အပြင်ထွက် အလုပ်လုပ်….အိမ်ပြန်ပြီး မိသားစု အလုပ်တွေကို ဆက်ခံဖို့ မစဉ်းစားနဲ့တော့။

ညဘက် ကျန်းမန် ပြန်ရောက်ချိန်တွင် စာအိတ်ကို ထပ်မံ ရရှိခဲ့သည်။

သင်ယူခွင့် အခကြေးငွေ ပေးသွင်းရန် ဖြစ်၏။

မိုးမလင်းမီ သင်ယူခွင့် အခကြေးငွေ မပေးသွင်းပါက ဤသင်ကြားမှုကို လက်လွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ထိုအပေါ် ကျန်းမန်က သိပ်ဂရုမစိုက်ခဲ့သလို ချန်ချီဝမ်လည်း အများကြီး မမေးခဲ့ပေ။

ခပ်မြန်မြန် ထွက်သွားတော့သည်။

သူ့ဆီမှာ ကျန်နေသေးတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ထပ်ချေးသွားမှာ ကြောက်လို့နေမှာပေါ့။

ကျန်းမန်က ခေါင်းခါလိုက်ပြီး ချန်ချီဝမ် ဘာလို့ အဲဒီလောက် မြန်မြန် ပြေးသွားသလဲ ဆိုတာကို နားမလည်နိုင် ဖြစ်သွားသည်။

အတူတူ လေ့ကျင့်ဖို့တောင် ပြောချင်နေတာကို။

ဒါပေမယ့် လီယွမ် ပြောထားတဲ့ အတူတူ လေ့ကျင့်မယ့် ကိစ္စကလည်း အခုထိ ရောက်မလာသေးဘူး။

အားကိုးလို့ မရဘူးပဲ။

အလယ်အလတ် ကျင့်စဉ် ဆိုတာလား။

မလိုပါဘူး။

ဝိညာဉ်ကျောက်တုံးတွေကို အရေးအကြီးဆုံး နေရာမှာပဲ သုံးရမယ်။

All Chapters