← Chapters

အခန်း ၈၀

Vol. 6 Ch. 80

အခန်း ၈၀

Vol. 6 Ch. 80

အခန်း (၈၀) နတ်သမီးလေးက မင်းကို မယားငယ် ယူခွင့်ပြုလား

ဖန်ယုံ ပြောသော စောစောနားရန် ဆိုသည်မှာ သေချာပေါက် ပထမနေရာဖြစ်သော သူ ကျင့်ကြံခြင်းကို ရပ်နားရန် ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ပါက အခြားသူများ ရပ်နားရဲမည် မဟုတ်ပေ။

"အစ်ကိုကျန်း ဒီရက်ပိုင်း ဆေးလုံးတွေ ဈေးတက်သွားတာ အစ်ကို သိလား"

ဖက်တီးလေးက မေးလိုက်သည်။

"မင်းကိုကော ထိခိုက်မှု ရှိလား"

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မရှိဘူး ကျွန်တော့် ပမာဏက အရင်အတိုင်းပဲလေ"

ဖက်တီးလေးက ခေါင်းခါပြပြီးနောက် တိုးတိုးလေး ဆက်ပြောသည်။

"ဒါက အစ်ကိုကျန်းတို့လို လူတွေကို ဖိအားပေးဖို့ လုပ်တာလို့ ကြားတယ်"

"စာချုပ်ကို အတင်း လက်မှတ်ထိုးခိုင်းဖို့ပေါ့"

"တကယ်တော့ အစ်ကိုကျန်း အိမ်ပါသမက် လုပ်ဖို့ စဉ်းစားသင့်တယ် ကြားရသလောက်ဆို လော် မိသားစုက လော်ရွှမ် အတွက် အိမ်ပါသမက် ရှာနေတာတဲ့"

ထိုစကားကို ကြားသော် ကျန်းမန်က အတော်လေး သိချင်သွားသည်။

"ဒါဆို ချန် မိသားစုကကော ချန်ယွီ အတွက် အိမ်ပါသမက် မရှာဘူးလား မင်းအတွက် အခွင့်အရေး ရောက်လာပြီလေ"

"အဲဒါတော့ မဖြစ်ဘူး"

ဖက်တီးလေးက ချက်ချင်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော် သဘောကျတာက အရင်တုန်းက ချန်ယွီ ပြသခဲ့တဲ့ ပုံစံလေးကိုပါ အခုတော့ သူက ကျွန်တော် မျှော်လင့်ထားတဲ့ လှပတဲ့ ပုံရိပ်လေးကို ဖျက်ဆီးပစ်လိုက်ပြီလေ"

"တစ်သောင်းလောက် လျှော့တွေးပြီး အရင်အတိုင်း ပြန်ဖြစ်သွားတယ်ပဲ ထားပါတော့"

"ကျွန်တော်ကတော့ လော်ရွှမ်တို့ ချန်ယွီတို့လို အရည်အချင်းရှိတဲ့ မိန်းကလေးတွေနဲ့ လက်ထပ်မှာ မဟုတ်ဘူး"

"နောက်ပိုင်း ဒုက္ခရောက်မှာက ကျွန်တော်ပဲ ဖြစ်နေမှာလေ"

"ဒါကို ဒုက္ခမရှိ ဒုက္ခရှာတယ် လို့ ခေါ်တာ"

"ကျွန်တော့်ထက် ကျင့်ကြံမှုအဆင့် နည်းနည်း နိမ့်ပြီး ပါရမီ နည်းနည်း နိမ့်တဲ့သူကို ယူလိုက်ရင် ပိုမကောင်းဘူးလား"

"ငယ်ရွယ်ပြီး လှပသလို စကားလည်း နားထောင်တယ်လေ"

"အထူးသဖြင့် မယားငယ် ယူခွင့်ပြုတာမျိုးပေါ့"

"ဒါကမှ သာမန်လူတွေ ရှာဖွေရမယ့် အရာပဲ"

"ဒါနဲ့ အစ်ကိုကျန်းရဲ့ နတ်သမီးလေးကကော မယားငယ် ယူခွင့်ပြုလား"

ကျန်းမန်က ပြုံးလျက်ပင် ဖက်တီးလေး၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"မျက်ကွင်းညိုတာက မလုံလောက်သေးဘူး ဒီထက်ပိုပြီး ကြိုးစားရဦးမယ်"

ဖက်တီးလေး ဒုက္ခရောက်နေသည်ကို မမြင်ရလျှင် သူ၏ စိတ်ထဲတွင် မသက်မသာ ဖြစ်ရလေသည်။

ထို့နောက် ဆရာကျောက် ဝင်လာပြီး ကျင့်ကြံခြင်းအကြောင်း ရှင်းပြပေးခဲ့သည်။

ကျန်းမန်ကမူ နားမထောင်ဘဲ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။

ယခုအခါ ဆေးလုံးများ ဈေးတက်သွားပြီဖြစ်ရာ သူ ပို၍ ကြိုးစားရန် လိုအပ်လာပြီ ဖြစ်သည်။

ဆရာအချို့ သင်ပေးသည့် အရာများက တကယ် အသုံးဝင်နေ၍သာ ထိုသို့မဟုတ်ပါက လာသည်နှင့် တိုက်ရိုက် ကျင့်ကြံနေမည် ဖြစ်သည်။

ဘာမျှပင် နားထောင်နေမည် မဟုတ်ပေ။

လုံးဝ မလာဘဲတောင် နေလိုက်မည် ဖြစ်သည်။

ယခုမူ ပို၍ ကြိုးစားရန် လိုအပ်လာပြီဖြစ်ကာ အန္တရာယ်က နီးကပ်လာခဲ့ပြီ ဖြစ်သည်။

အကယ်၍ မူလဈေးဖြင့် ဆေးလုံးများ မဝယ်နိုင်ပါက တကယ်ကို အန္တရာယ် ရှိသွားမည် ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများကို ချေးယူလျှင်ပင် အတိုးက နှစ်ဆ ဖြစ်နေပေသည်။

ပြန်ဆပ်ရန် ခက်ခဲခြင်းက တစ်ပိုင်းဖြစ်ပြီး အဓိကမှာ ချေးယူမည့်သူ ရှိမရှိ ဆိုသည်က ပိုအရေးကြီးလေသည်။

မိမိပင် ဤမျှအထိ အကျပ်ရိုက်နေရသည်။

အခြား ဆင်းရဲသားများဆိုလျှင်တော့ ခေါင်းငုံ့သွားရလောက်ပြီ ဖြစ်သည်။

ဖန်ယုံ ဤတစ်ကြိမ် ခေါ်သွားမည့် လူထံတွင်လည်း နည်းလမ်း မရှိပါက ဖန်ယုံ ကိုယ်တိုင်ပင် အိမ်ပါသမက် သွားလုပ်ရလောက်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူက ယခုတိုင် ချီသန့်စင်ခြင်း အဆင့်ခြောက်သာ ရှိသေးရာ အဆင့်ခုနစ် မရောက်ဘဲ ဂိုဏ်းထဲ ဝင်ရန်ဆိုသည်မှာ တကယ်ကို ခက်ခဲသောကြောင့်ပင်။

ချင်းယွင်ဆောင် တစ်ခုလုံးမှပင် လူအနည်းငယ်သာ ဝင်နိုင်မည် ဖြစ်သည်။

ထိပ်ဆုံး ငါးယောက်လောက်မှ ပိုစိတ်ချရပေသည်။

သို့သော် လူအများစုကတော့ ထိပ်ဆုံး သုံးယောက်စာရင်းကို လုကြမည်သာ ဖြစ်ပြီး အဆင့်သတ်မှတ်ချက် တောင်းဆိုမှုများ ရှိလာမည်ကို ကြောက်သောကြောင့် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ကျန်းမန်က ခပ်မြန်မြန်ပင် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

အခြားသူများ မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။

ယနေ့ ဘာဖြစ်သွားသနည်း ပထမနေရာက မကျင့်ကြံတော့ဘူးလား။

"အစ်ကိုကျန်း ကျင့်ကြံလို့ ပြီးပြီလား"

ဖက်တီးလေးက မေးလိုက်သည်။

ကျန်းမန်က သူ့ကို တစ်ချက်ကြည့်ကာ လေးလေးနက်နက် ဖြေလိုက်သည်။

"အိမ်ပြန်ပြီး ခိုးကျင့်မလို့"

ပြောရင်းနှင့် အပြင်သို့ ထွက်သွားတော့သည်။

ဖက်တီးလေး ဆွံ့အသွားရသည်။ အားလုံးလည်း ဆွံ့အသွားကြသည်။

ချင်းယွင် ပထမကတော့ တကယ်ကို လူမဆန်တော့ပေ။

လော်ရွှမ်နှင့် ချန်ယွီတို့ နှစ်ဦးလည်း သက်ပြင်းချလိုက်မိကြသည်။

ယနေ့မှ သူတို့က အစောကြီး ပြန်ခွင့်ရသောကြောင့် ဖြစ်သည်။

"သူ့ခန္ဓာကိုယ်က ဘယ်လို ခန္ဓာကိုယ်မျိုးလဲ ဆိုတာ တကယ်ကို နားမလည်နိုင်တော့ဘူး မအိပ်မနေ ကြိုးစားနေတာတောင် ဘာမှ ပင်ပန်းတဲ့ ပုံမပေါက်ဘူး"

လမ်းတွင် ချန်ယွီက သက်ပြင်းချရင်း ပြောလိုက်သည်။

မကြာသေးမီက သူမ ကြားခဲ့ရသည်မှာ လူအများအပြားက ကျန်းမန် တကယ် မအိပ်ဘဲ အမြဲတမ်း ကျင့်ကြံနေသလား ဆိုသည်ကို သွားရောက် စုံစမ်းခဲ့ကြသည်ဟူ၍ ဖြစ်သည်။

သို့သော် အမှန်တရားက အလွန် ရက်စက်လှသည်။

ကျန်းမန်က တကယ် မအိပ်ခဲ့ဘဲ မအိပ်မနေ အမြဲတမ်း ကျင့်ကြံနေခဲ့သည်။

ညဘက် ကျင့်ကြံခြင်းကိုတောင် လုံးဝ မရပ်နားခဲ့ပေ။

ယခုဆိုလျှင် အဆောင် ခြောက်ဆောင် တစ်ခုလုံးက ညည်းတွားနေကြပြီ ဖြစ်သည်။

ဤသို့သော လူမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ဘဲ ၎င်းက အခြားသူများကို အတင်း ကျင့်ကြံခိုင်းနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဒုတိယက ကျင့်ကြံနေလျှင် ပထမက မကျင့်ကြံလျှင်တောင် တတိယက ကျင့်ကြံရမည်ဖြစ်ပြီး တတိယက ကျင့်ကြံနေလျှင် စတုတ္ထက မလိုက်လုပ်၍ ရမည်လား။

မည်သူက အထက်သို့ မတက်လှမ်းချင်ဘဲ နေမည်နည်း။

မည်သူကကော မိမိကိုယ်ကိုယ် အနောက်တွင် ကျန်ရစ်ခဲ့အောင် အဖြစ်ခံမည်နည်း။

အရှေ့က လူများ အားလုံး ကျင့်ကြံနေကြသည်ကို အနောက်က လူများက မည်သို့လုပ်၍ အစောကြီး ထွက်သွားရဲမည်နည်း။

လမ်းလွဲနေသော အလေ့အထများပင် ဖြစ်သည်။

"အဆင့်သတ်မှတ်ချက်က အဲဒီမှာ ရှိနေတာလေ အဆောင် ခြောက်ဆောင်ရဲ့ ပထမက စကားမပြောရင် တခြားသူတွေက ဘယ်လိုလုပ် ပြန်ပြောရဲမှာလဲ"

လော်ရွှမ်က ဝင်ပြောလိုက်သည်။

ယခင်ကဆိုလျှင် သူမက ကျန်းမန်၏ ကျင့်ကြံမှု လေထုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

သို့သော် ထိုအမှတ်တရများက ပြန်တွေးကြည့်လျှင် သိပ်မကောင်းလှကြောင်း အမှန်တရားက သက်သေပြနေသည်။

ထိုစဉ်က တစ်ဖက်လူက ယခုကဲ့သို့ ပထမနေရာသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးခဲ့၍ ဖြစ်သည်။

ယခုဆိုလျှင် အဆောင် ခြောက်ဆောင်၏ ပထမက သေချာပေါက် ထိုသို့သော အန္တရာယ်ရှိသည့် ခံစားချက်မျိုး ရှိနေလောက်ပြီ ဖြစ်သည်။

သူက ကျင့်ကြံမှု လေထုကို ဖျက်ဆီးပစ်ခဲ့သော်လည်း သေချာပေါက် ပေါ့ပေါ့ဆဆ နေရဲမည် မဟုတ်ပေ။

တစ်ကြိမ်ခန့် အကျော်ခံရသည်နှင့် လှောင်ပြောင်စရာ ဖြစ်သွားမည်သာ ဖြစ်သည်။

"ကံကောင်းလို့ ငါက ပထမ မဖြစ်ခဲ့တာ မဟုတ်ရင် နောက်ကွယ်မှာ လှောင်ပြောင်ခံနေရမှာ သေချာတယ်"

ချန်ယွီက ပြောရင်းနှင့် မေးလိုက်သည်။

"နင် အိမ်ပါသမက် ရှာတာ မအောင်မြင်ဘူးလား"

"ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး"

လော်ရွှမ်က ခေါင်းညိတ်လိုက်သည်။

သူမ ဖခင်က ကျန်းမန်ကို ရွေးချယ်လိုက်ကတည်းက ကျရှုံးရန် သေချာသွားခဲ့ပြီ ဖြစ်သည်။

တစ်ခုတည်းသော ကံကောင်းမှုက သူမအတွက် အိမ်ပါသမက် ရှာနေသည် ဆိုတာကို ထုတ်မပြောခဲ့ခြင်းပင်။

ထိုသို့မဟုတ်ပါက သူမ တကယ်ပင် လှောင်ပြောင်စရာ ဖြစ်သွားမည်သာ ဖြစ်သည်။

သို့သော် အိမ်ပါသမက် ရှာ၍ မရပါက မိသားစုလည်း ပြဿနာ တက်လောက်ပြီ ဖြစ်သည်။

"ကျန်းမန် တကယ် အိမ်ထောင်ကျပြီးပြီလား"

ချန်ယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

သတင်းများ အရဆိုလျှင် မရှိဟု ပြောသော်လည်း ကျန်းမန်ကတော့ ရှိသည်ဟု အတင်း ပြောနေသဖြင့် အတည်ပြု၍တော့ မရပေ။

ထိုအခါ လော်ရွှမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နင် စမ်းကြည့်ချင်လို့လား"

"ငါလား"

ချန်ယွီက မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြရင်း ပြုံး၍ ပြောလိုက်သည်။

"သူ့ရဲ့ ဒီလောက် တောက်ပနေတဲ့ ပုံစံကို ကြည့်ပြီး တကယ်တော့ ငါလည်း စမ်းကြည့်ချင်ပါတယ် ဒါပေမယ့် မဖြစ်နိုင်ဘူး"

"ဘာလို့လဲ နင်က ဉာဏ်များတယ် မဟုတ်ဘူးလား"

လော်ရွှမ်က တည်ငြိမ်စွာ မေးလိုက်သည်။

"ငါ့ရဲ့ ဉာဏ်များမှုတွေကို သူ့ဆီမှာ သုံးခဲ့ဖူးတယ် ဘာမှ အသုံးမဝင်ဘူး"

ချန်ယွီက အကူအညီမဲ့စွာဖြင့် ဖြေလိုက်သည်။

ခဏရပ်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။

"တကယ်တော့ အကြောင်းပြချက် နောက်တစ်ခု ရှိသေးတယ် အဲဒါက ငါ သူ့ကို လိုက်မမီနိုင်လို့ပဲ ကျင့်ကြံမှုအဆင့်က နှစ်ဆင့်လောက်ပဲ ကွာတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ငါတို့က မိုးနဲ့ မြေလို ကွာခြားနေတာ"

"နင် ပြောသလိုပဲ သူ့မျက်လုံးထဲမှာ တခြား ဘာမှ မရှိဘူး ကျင့်ကြံတာကလွဲပြီး ကျင့်ကြံတာပဲ ရှိတာ"

"ဒီလို လူမျိုးက ငါတို့လို လူတွေကို ဘယ်လိုလုပ် အာရုံစိုက်မှာလဲ"

"တကယ်လို့ ဉာဏ်များတာ အောင်မြင်သွားရင်တောင် သူ ကျင့်ကြံလို့ ပြီးတဲ့ အချိန်ကျရင် ငါတို့က အရိုးခြောက်တွေ ဖြစ်နေလောက်ပြီ"

"တကယ် စဉ်းစားရမယ် ဆိုရင်တော့ ဖန်ယုံက ပိုကောင်းပါသေးတယ်"

"သူက နည်းနည်းတော့ ဟန်လုပ်ချင်သလို နည်းနည်းလည်း အောက်တန်းကျပေမယ့် တကယ်တမ်းကျတော့ သံယောဇဉ်ကို တန်ဖိုးထားတတ်တယ် ယုံကြည်ချက်ကလည်း အရမ်း ခိုင်မာတယ်"

"ဒီအချိန်မှာ ကြိုးစားကြည့်လို့ အောင်မြင်သွားရင် အနာဂတ်မှာ သူ အောင်မြင်သွားတဲ့ အခါကျရင် ကောင်းမွန်တဲ့ အဆုံးသတ် တစ်ခုတော့ ရနိုင်တာပေါ့"

ပြောရင်းနှင့် သူမက လော်ရွှမ်ကို ကြည့်လိုက်သည်။

"ဘာလို့ လော် မိသားစုက သူ့ကို မရွေးချယ်ရတာလဲ"

လော်ရွှမ် တိတ်ဆိတ်သွားခဲ့သည်။ ဖန်ယုံက ဖန် မိသားစုမှ မဟုတ်ကြောင်းကို မကြာသေးမီကမှ သူမ သိခဲ့ရပြီး သူ မည်သည့်နေရာမှ လာသည်ကို သေချာ မသိသော်လည်း ဖခင်ဖြစ်သူကတော့ သေချာပေါက် သိလောက်မည် ဖြစ်သည်။

မရှာရသည့် အကြောင်းပြချက်က တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ဖန်ယုံက ကျန်းမန်လောက် အနာဂတ် အလားအလာ မရှိ၍ပင် ဖြစ်သည်။

လော် မိသားစု လိုချင်သည်မှာ အနာဂတ် အလားအလာ အလွန် ကောင်းမွန်မည့် အိမ်ပါသမက် တစ်ယောက်ဖြစ်ပြီး ထိုသို့မှသာ အခြား မိသားစုများကို ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။

အကယ်၍ သာမန် ကျင့်ကြံသူ တစ်ယောက်သာ ဆိုလျှင် ဂိုဏ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပါကလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထို့ကြောင့် အဆောင် ခြောက်ဆောင်၏ ဒုတိယ နေရာတွင် ရှိနေသော ကျန်းမန်က ဖခင်ဖြစ်သူ၏ အမြင်တွင် အသင့်တော်ဆုံးဖြစ်ပြီး နာမည်ကလည်း ကြီးမားလှသည်။

ကံမကောင်းစွာဖြင့် ကျရှုံးသွားခဲ့သော်လည်း သူမ၏ ဖခင်ကတော့ လက်မလျှော့သေးဘဲ ဆေးလုံး ဈေးများ တက်လာခြင်းက သူ့ကို မျှော်လင့်ချက်များ ထပ်မံ မြင်တွေ့လာစေပုံ ရသည်။

ခဏရပ်ပြီးနောက် လော်ရွှမ်က ဘေးရှိ လူကို ကြည့်လိုက်သည်။

"နင်ကော သြဂုတ်လ ရောက်တော့မယ်နော်"

ထိုစကားကို ကြားသော် ချန်ယွီက ပြုံး၍ ပြောလိုက်သည်။

"ငါလား သိပ်မလောသေးပါဘူး"

"မလောဘူးလား"

လော်ရွှမ်က တိုးတိုးလေး ပြောလိုက်သည်။

ဖခင်ဖြစ်သူ ပြောခဲ့သော ဦးလေးဒုတိယ အကြောင်းကို မကြာမီ လူများ သိသွားလိမ့်မည် ဟူသော စကားကို သူမ ရုတ်တရက် သတိရသွားသည်။

လော် မိသားစုတွင် အချိန်သိပ်မရတော့ဘဲ အခြေအနေက ထင်ထားသည်ထက် ပို၍ အရေးပေါ်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူမမှာလည်း ထင်ထားသည်ထက် ရွေးချယ်ခွင့် ပိုမရှိတော့ပေ။

သို့သော် သူမ ဤသို့သော အခြေအနေ ရောက်နေလျှင်ပင် မိသားစု၏ အခြေအနေကို သက်သာအောင် မလုပ်ပေးနိုင်သကဲ့သို့ ရှိသည်။

မလောဘူး ဆိုသော စကားလုံး နှစ်လုံးက သူမအတွက်တော့ တကယ်ကို ဇိမ်ကျလွန်းသော စကားပင် ဖြစ်သည်။

အခြားတစ်ဖက်တွင် ကျန်းမန်နှင့် ဖန်ယုံတို့က လမ်းသွယ်လေး တစ်ခုထဲတွင် လျှောက်သွားနေကြပြီး သူတို့နှစ်ဦးက အထပ်သုံးထပ် ရှိရာ ဘက်သို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။

"သခင်လေးဖန် ဘယ်ကနေ ဒီလမ်းကြောင်းကို ရှာတွေ့တာလဲ"

ကျန်းမန် အတော်လေး သိချင်သွားသည်။

ယနေ့မှ ဈေးစတက်ခြင်းဖြစ်သော်လည်း လမ်းကြောင်း ရှိနေပြီဖြစ်ရာ တကယ်ကို အံ့ဩစရာပင်။

"အရင်တုန်းက တစ်ဖက်လူက ငါ့ကို လာရှာတာ ဈေးတက်မယ့် အကြောင်းကိုလည်း သူက ကြိုပြောထားတာ"

ဖန်ယုံက ဖြေလိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန် ကြောင်အမ်းသွားပြီး ဖန်ယုံကို မယုံနိုင်သလို ကြည့်လိုက်မိသည်။

ဒါဆို မင်းက တိတ်တဆိတ် ပစ္စည်းတွေ ဝယ်လှောင်ပြီး ပြန်ရောင်းတဲ့ အလုပ်ကို လုပ်နေတာလား ဟု တွေးလိုက်မိသည်။

All Chapters