← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄)

ဒူးထောက်ရာမှ ထမရတော့သော မျိုးဆက်သစ်

ချူရွှမ်သည် လွန်စွာ နောင်တရနေသော ပုံစံဖြင့် သူ၏ခြေထောက်ကို စိတ်ပျက်လက်ပျက် ဆောင့်လိုက်သည်။

သို့သော်လည်း ဤနေရာတွင် ရှိနေသူအားလုံးမှာ မိစ္ဆာလမ်းစဉ်ပညာရှင်များ ဖြစ်ကြပြီး အများစုမှာ လွန်စွာ ပါးနပ်မြော်မြင်သူများ ဖြစ်ကြပေသည်။ သူတို့သည် ချူရွှမ်၏ စကားများထဲမှ အလွန်အရေးကြီးသော အချက်အလက်များကို ချက်ချင်းပင် ဆန်းစစ်သုံးသပ်လိုက်ကြတော့၏။

ပထမအချက်မှာ ချူရွှမ်သည် တူညီသော နယ်ပယ်အဆင့်၌ ငါးပါးအဆိပ်အရှင်ကို အပြတ်အသတ် ဖိနှိပ်ခြေမှုန်းနိုင်ခဲ့ခြင်းမှာ သူ၏ ရေပန်းစားလှသော 'တစ္ဆေဧကရာဇ်လက်ဝါး' ကြောင့် မဟုတ်ဘဲ 'မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ' ကြောင့် ဖြစ်ပေသည်။

ဒုတိယအချက်မှာ ချူရွှမ်သည် ငါးပါးအဆိပ်အရှင်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ဘဲ သူသည် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို ရရှိထားသည်မှာ မကြာသေးသဖြင့် လုံးဝ မထိန်းချုပ်နိုင်သေးသောကြောင့်သာ ဖြစ်သည်။

နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ... သွေးဆာမိစ္ဆာအရှင်၏ စကားအရ အနုမာန ကောက်ချက်ချရလျှင် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို နောက်ပိုင်းမှ ရယူနိုင်ရုံသာမက ပေါင်းစပ်၍ပင် ရနိုင်ကြောင်း ထင်ရှားနေပေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချူရွှမ်၏ စကားထဲမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ကြသော မိစ္ဆာအားလုံးမှာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားကြရပြီး ဤအရာက ငါးပါးအဆိပ်အရှင် သေဆုံးခြင်းထက်ပင် ပို၍ တုန်လှုပ်စရာ ကောင်းနေတော့သည်။ ဒေါသပေါက်ကွဲတော့မည့် ပထမမင်းသားပင်လျှင် ဤစကားများကြောင့် အံ့ဩမှင်တက်သွားရပြီး စိတ်ကို ပြန်မစုစည်းနိုင်တော့ချေ။

သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့မှ မဟာဆရာသခင် နှစ်ဦးဖြစ်သော ဂူယွဲ့နှင့် ဂူမင်းတို့သည်လည်း လုံးဝ မယုံကြည်နိုင်လောက်အောင် အံ့ဩသွားကြပြီး ချူရွှမ်အား စူးစိုက်ကြည့်လျက် "သွေးမိစ္ဆာအရှင်... မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာဆိုတာ မွေးရာပါ ရရှိတာ မဟုတ်ဘူးလား။ အခု မင်းပြောပုံအရဆိုရင် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို နောက်ပိုင်းမှ ရနိုင်သလိုမျိုး ဖြစ်နေပြီ။ ငါတို့ကို လာမနောက်ပါနဲ့" ဟု ဆိုလိုက်သည်။

ဘာပဲဖြစ်ဖြစ် ထူးခြားသော ဝိညာဉ်ခန္ဓာ သို့မဟုတ် ရုပ်ခန္ဓာအမျိုးအစားများမှာ မွေးရာပါ ပါလာတတ်သောအရာများ ဖြစ်ကြပြီး ပြင်ပလူများက မည်သို့မျှ ရယူနိုင်ခြင်း မရှိချေ။ ဤအယူအဆမှာ လူသားများရော မိစ္ဆာများ၏ စိတ်ထဲတွင်ပါ လွန်စွာ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် 'ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ' က ကွေ့ချန်ချင်း၏ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို မမျှော်လင့်ဘဲ ဖော်ထုတ်မပေးခဲ့လျှင် ထူးခြားသော ဝိညာဉ်ခန္ဓာများကို ရတနာများမှတစ်ဆင့် လုယူနိုင်သည်ဟူသောအချက်ကို ချူရွှမ်ကိုယ်တိုင်လည်း ယုံကြည်မည် မဟုတ်ချေ။ သို့သော် ဤအချက်ကြောင့်ပင် ချူရွှမ်အား လွန်စွာ ရဲတင်းလှသော အတွေးတစ်ခုကို ပေးစွမ်းလိုက်ခြင်း ဖြစ်ပေသည်။

သူသည် ဂူယွဲ့နှင့် ဂူမင်းတို့၏ စကားကို ချက်ချင်း လိုက်လျောညီထွေဖြစ်အောင် ဖမ်းကိုင်လျက် "မှန်တာပေါ့... ဘယ်လို ထူးခြားတဲ့ ဝိညာဉ်ခန္ဓာမဆို မွေးရာပါပဲ။ သာမန်အခြေအနေမှာ ပြင်ပလူတွေ မရနိုင်ပါဘူး။ ဒါပေမဲ့ ငါတို့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းက တစ္ဆေလမ်းစဉ်ကို အထူးပြုပြီး ကျင့်ကြံရင်းနဲ့ မိစ္ဆာဧကရာဇ် စီနီယာရဲ့ အမွေအနှစ်ကို မမျှော်လင့်ဘဲ ရရှိခဲ့တာ။ ပြီးတော့ စီနီယာ မိစ္ဆာဧကရာဇ်ဟာ တစ်ချိန်က ပထမ ဧကရာဇ်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့တာလေ။ သူက သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်ခန္ဓာကို အသုံးချပြီး 'ယင်ကိုးပါးကျမ်းစာ' ကို ဖန်တီးနိုင်ခဲ့ကတည်းက... သဘာဝကျကျပဲ သူက... ဟွတ်... ဟွတ်..." ဟု ဆိုလိုက်သည်။

သူသည် စကားလွန်သွားပြီဟု ခံစားရဟန်ဖြင့် ချောင်းဆိုးချင်ယောင်ဆောင်ကာ ဆက်မပြောတော့ပေ။ ထို့ကြောင့် နားစွင့်နေကြသော မိစ္ဆာအုပ်စုကြီးမှာ လွန်စွာ သောကရောက်ကာ စိတ်လှုပ်ရှားသွားကြရတော့သည်။

သဘာဝကျကျပဲ သူက ဘာလုပ်နိုင်တာလဲ။ မြန်မြန်ပြောစမ်းပါဦး။

အကယ်၍ ထူးခြားသော ဝိညာဉ်ခန္ဓာများကို တစ်စုံတစ်ခုသော နည်းလမ်းဖြင့် နောက်ပိုင်းမှ ရယူနိုင်မည်ဆိုပါက ဤအရာက မိစ္ဆာအားလုံးအတွက် အလွန်တရာ ကြီးမားသော အကျိုးကျေးဇူး ဖြစ်ပေလိမ့်မည်။ မိစ္ဆာအားလုံးသည် ချူရွှမ်အား လွန်စွာ တောင့်တပြီး ပူပြင်းလှသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသော်လည်း ငါးပါးအဆိပ်အရှင်၏ အလောင်းကောင်မှာ သူတို့ရှေ့မှောက်၌ ရှိနေဆဲဖြစ်သဖြင့် မည်သူမျှ လောဘဇောကို မဖော်ပြရဲကြချေ။

ခုနက မှင်တက်နေခဲ့သော ပထမမင်းသားသည် ပို၍ပင် စိတ်လောသွားကာ တိုက်ရိုက် မတ်တပ်ရပ်လျက် စိတ်မရှည်စွာဖြင့် "မိစ္ဆာအရှင် စီနီယာ... ကျေးဇူးပြုပြီး ငါတို့ကို မြန်မြန် ပြောပြပေးပါ။" ဟု တောင်းဆိုလိုက်သည်။

"ပထမမင်းသား... ဒါကတော့..."

ချူရွှမ်သည် ခက်ခဲနေသော မျက်နှာပေးဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။

ဝိညာဉ်ခန္ဓာကို ရယူခြင်းကဲ့သို့သော အလွန်လျှို့ဝှက်လှသည့် အချက်အလက်များကို ပြင်ပလူများအား အလွယ်တကူ မပြောပြနိုင်ကြောင်း ပထမမင်းသား ချက်ချင်း သဘောပေါက်သွားသည်။ သွေးမိစ္ဆာအရှင်သည် ခေတ္တမျှ စိတ်လှုပ်ရှားသွားသဖြင့် မတော်တဆ နှုတ်ကျွံသွားခြင်းသာ ဖြစ်ပေလိမ့်မည်။

ပထမမင်းသား၏ နှလုံးသားသည် ချက်ချင်းပင် ပြင်းပြသော အလိုဆန္ဒများဖြင့် ပူလောင်လာခဲ့သည်။ သူသည် သူ၏လက်ကို အမြန်ဝှေ့ယမ်းကာ လေးနက်သော လေသံဖြင့် "ငါ မင်းသားက အခုကစပြီး စီနီယာ သွေးမိစ္ဆာအရှင်ကို ဒီနှစ်ရဲ့ မိစ္ဆာညီလာခံရဲ့ မဟာမိတ်ခေါင်းဆောင်အဖြစ် ကြေညာလိုက်တယ်။ ဘယ်သူကန့်ကွက်ဖို့ ရှိသေးလဲ" ဟု ဆိုလိုက်၏။

"မရှိပါဘူး။"

"ကျွန်တော်တို့ မိစ္ဆာအရှင် မဟာမိတ်ခေါင်းဆောင်ကို အကြွင်းမဲ့ ထောက်ခံပါတယ်။"

ဦးခေါင်းခွံ ကြေမွကာ မျက်လုံးအပြူးသားဖြင့် သေဆုံးနေသော ငါးပါးအဆိပ်အရှင်၏ အလောင်းကို ကြည့်ပြီးနောက် မိစ္ဆာအားလုံးသည် ပါးနပ်စွာဖြင့် ချူရွှမ်အား ထောက်ခံကြောင်း ပြသလိုက်ကြသည်။ ထို့နောက် မဟာဆရာသခင် နှစ်ဦးဖြစ်သော ဂူယွဲ့နှင့် ဂူမင်းတို့၏ အကြည့်အောက်တွင် သူတို့အားလုံး ဆင်ခြေအမျိုးမျိုးပေးကာ ပတ်ဝန်းကျင်မှ ဆုတ်ခွာသွားကြတော့သည်။

ပထမမင်းသားသည်လည်း သူတို့ကို ဆွဲမထားခဲ့ချေ။ သူသည် ချူရွှမ်အား ပိုမို၍ ရိုသေလေးစားစွာဖြင့် စစ်သေနတ်တဲကြီးအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။ ငါးပါးအဆိပ်အရှင် သေဆုံးသွားခြင်းနှင့် ပတ်သက်၍မူ လူတိုင်းက ရွေးချယ်စရာမရှိဘဲ မေ့လျော့ထားလိုက်ကြတော့သည်။

စစ်သေနတ်တဲကြီးအတွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ပထမမင်းသားသည် ချူရွှမ်အား စိတ်မရှည်စွာဖြင့် လက်ဝါးချင်းယှက် ဂါရဝပြုလျက် "မိစ္ဆာအရှင် စီနီယာ... ငါ မင်းသားက ဝိညာဉ်ဧကရာဇ်ဂိုဏ်းအပေါ် ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ စီနီယာ သိပါတယ်။ ငါက စီနီယာ့ကို တကယ့်ကို စိတ်ရင်းမှန်နဲ့ စည်းရုံးသိမ်းသွင်းချင်တာပါ။ ဒါကြောင့်မို့လို့ ကျေးဇူးပြုပြီး အမှန်အတိုင်း ပြောပြပေးပါ... မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို တကယ်ပဲ နောက်ပိုင်းမှ ရယူနိုင်တာ ဟုတ်ပါသလား" ဟု မေးမြန်းလိုက်သည်။

ဤအခိုက်အတန့်တွင် ပထမမင်းသား၏ မျက်လုံးများ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ချူရွှမ် စောင့်ဆိုင်းနေသည်မှာလည်း ဤစကားမျိုးပင် ဖြစ်၏။ သူသည် ထိုသူတို့၏ သံသယကို မကြောက်ချေ၊ သူတို့ စိတ်မဝင်စားမှာကိုသာ ကြောက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်ဧကရာဇ်ဂိုဏ်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ သူ ဘယ်လိုပင် လိမ်ညာလှည့်စားပါစေ သက်သေအထောက်အထား ရှာတွေ့နိုင်မည်မဟုတ်ကြောင်း သူ သိပေသည်။

ချက်ချင်းပင် ချူရွှမ်သည် ခက်ခဲပြီး မတတ်သာသည့် မျက်နှာပေးမျိုးကို ပြုလုပ်လိုက်ကာ "ဟူး... ထားလိုက်ပါတော့။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် စိတ်လောသွားလို့ အမှတ်မထင် နှုတ်ကျွံသွားမိတာပဲ။ အကယ်လို့ ဒီလျှို့ဝှက်ချက်ကို တခြားသူတွေ ကြားသွားခဲ့ရင် ကျွန်တော် နှုတ်ပိတ်တဲ့အနေနဲ့ သေချာပေါက် သတ်ပစ်မိမှာပဲ။" ဟု ဆိုလိုက်သည်။

ချူရွှမ်၏ ခန္ဓာကိုယ်မှ ယုတ်မာလှသော သတ်ဖြတ်ခြင်း အရှိန်အဝါများနှင့်အတူ တစ္ဆေအငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ဤလုပ်ရပ်ကြောင့် ဂူယွဲ့နှင့် ဂူမင်းတို့ထံမှ ပိုမို မြင့်မားသော အသိအမှတ်ပြုမှုကို ရရှိသွားခဲ့သည်။ အကယ်၍ သူတို့သာဆိုလျှင်လည်း ဤသို့ပင် ပြုလုပ်မည်ဖြစ်ရာ သူတို့ရှေ့မှ မိစ္ဆာအိုကြီးက ဤသို့ပြုမူခြင်းမှာ မဆန်းချေ။

"အကယ်လို့ ငါ မင်းသားက စုံစမ်းချင်တယ်ဆိုရင်ရော..." ပထမမင်းသားက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ဟားဟားဟားဟား... ကျွန်တော်က ပထမမင်းသားထံ သစ္စာခံထားပြီးကတည်းက ကျွန်တော့်ရဲ့ ဘေးကင်းမှု၊ ဂုဏ်သိက္ခာနဲ့ အရှက်သိက္ခာတွေအားလုံးက ပထမမင်းသားနဲ့ တစ်သားတည်း ဖြစ်သွားပါပြီ။ သဘာဝကျကျပဲ ကျွန်တော် သိသမျှ အကုန်ပြောပြရမှာပေါ့။ အမှန်အတိုင်းပြောရရင်... ကျွန်တော်တို့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းက ရရှိထားတဲ့ မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်မှာ အစိတ်အပိုင်း နှစ်ခု ရှိပါတယ်။ တစ်ခုက 'ယင်ကိုးပါးကျမ်းစာ' ဖြစ်ပြီး၊ နောက်တစ်ခုကတော့ 'မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ' ကို စုစည်းဖြစ်တည်စေတဲ့ လျှို့ဝှက်ကျင့်စဉ် ဖြစ်ပါတယ်။"

"ဒါမှမဟုတ်ရင်... ပထမမင်းသားက ကွေ့ချန်ချင်းရဲ့ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာက တကယ်ပဲ မွေးရာပါလို့ ထင်နေတာလား"

ချူရွှမ်သည် လွန်စွာ တုန်လှုပ်ဖွယ်ကောင်းသော လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ဖော်ချပြလိုက်ခြင်း ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကြောင့် ပထမမင်းသားနှင့် မဟာဆရာသခင် နှစ်ဦးဖြစ်သော ဂူယွဲ့၊ ဂူမင်းတို့မှာ လုံးဝကို ဆွံ့အသွားကြရပြီး ဦးရေပြားများပါ ထုံကျင်သွားစေခဲ့သည်။ "ဘာလဲ... ဒါဆိုရင် ကွေ့ချန်ချင်းရဲ့ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာက... မဟုတ်မှလွဲရော..."

"မှန်တာပေါ့... ကွေ့ချန်ချင်းရဲ့ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာဆိုတာ ကျွန်တော်တို့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းက စီနီယာ မိစ္ဆာဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ကျင့်စဉ်ကို အသုံးချပြီး နောက်ပိုင်းမှ စုစည်းဖန်တီးထားတာပါ။ ဒါပေမဲ့ ချန်ချင်းက ပါရမီအလွန်မြင့်မားလို့ ပြီးပြည့်စုံတဲ့ ဝိညာဉ်ခန္ဓာကို စုစည်းနိုင်ခဲ့တာ၊ ကျွန်တော်ကတော့ ပါရမီနည်းနည်း လိုအပ်ချက်ရှိလို့ မပြည့်စုံတဲ့ ဝိညာဉ်ခန္ဓာကိုပဲ စုစည်းနိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့ သေးငယ်တဲ့ အားနည်းချက်တစ်ခု ရှိနေပြီး... ခုနက ဖြစ်သွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း ပထမမင်းသား မြင်ပြီးပြီမလား... ဟူး။"

ချူရွှမ်သည် သူ၏ဦးခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်လေသည်။

သို့သော်လည်း ပထမမင်းသား၏ နှလုံးသားမှာမူ ပြင်းပြသော အလိုဆန္ဒများကြောင့် ပူလောင်နေခဲ့ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မင်းသားတစ်ပါးအနေဖြင့် သူသည် ငယ်စဉ်ကတည်းက ခန္ဓာကိုယ်အားနည်းခဲ့ပြီး သိုင်းပညာပါရမီမှာလည်း မြင့်မားခြင်းမရှိသဖြင့် အဖိုးအိုဧကရာဇ်၏ အာရုံစိုက်မှုကို သိပ်မရရှိခဲ့ရှာချေ။ ထို့ကြောင့် ပထမမင်းသား ရာဇပလ္လင်အပြင် အလိုချင်ဆုံးအရာမှာ သိုင်းပညာပါရမီပင် ဖြစ်ပေသည်။

ယခုအခါတွင် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းနိုင်သည့် အမွေအနှစ် လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိနေကြောင်း ကြားလိုက်ရပြီး သူ၏မျက်စိရှေ့မှောက်တွင် သက်ရှိထင်ရှား သက်သေတစ်ခု ရှိနေသဖြင့် ပထမမင်းသားသည် လုံးဝ စိတ်မထိန်းနိုင်တော့ချေ။

ရုတ်တရက်ဆိုသလို 'ဝုန်း' ခနဲ မြည်သံနှင့်အတူ သူသည် ချူရွှမ်၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ပြီး "ကျေးဇူးပြုပြီး မိစ္ဆာအရှင် စီနီယာ... ကျွန်တော့်ကို သွန်သင်ပြသပေးပါ။" ဟု တောင်းဆိုလိုက်တော့သည်။

ဂူယွဲ့နှင့် ဂူမင်းတို့ နှစ်ဦးစလုံးမှာ လွန်စွာ တုန်လှုပ်ခြောက်ခြားသွားကြရသည်။

ချူရွှမ်ကမူ စိုးစဉ်းမျှ အံ့ဩခြင်း မရှိချေ။ ရည်မှန်းချက်ကြီးမားသူမှန်သမျှ အလိုချင်ဆုံးအရာမှာ ခွန်အားစွမ်းပကားပင် ဖြစ်သည်။ ယခုအခါတွင် သူသည် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းနိုင်သည့် နည်းလမ်းကို ပထမမင်းသား၏ ရှေ့မှောက်သို့ ယူဆောင်လာပေးခဲ့ပြီ ဖြစ်ရာ ပထမမင်းသားသာ ဤငါးစာကို မဟပ်ခဲ့လျှင် ထူးဆန်းနေပေလိမ့်မည်။

သေချာတာပေါ့... အပေါ်ယံတွင်မူ ချူရွှမ်သည် အံ့ဩသွားသည့် ဟန်ပန်ကို ပြုလုပ်လျက် "ပထမမင်းသား... ဒါ ဘာလုပ်တာလဲ။ မင်းသားက အရှင်သခင်ဖြစ်ပြီး ကျွန်တော်က အစေအပါးပဲလေ။ အရှင်သခင်က အစေအပါးတစ်ယောက်ကို ဘယ်လိုလုပ် ဒူးထောက်ရမှာလဲ။ ကျေးဇူးပြုပြီး အမြန်ထပါ" ဟု ဆိုလိုက်သည်။

"မထပါဘူး... မိစ္ဆာအရှင် စီနီယာ၊ ကျွန်တော့်ရဲ့ ဒီဘဝမှာ အကြီးမားဆုံး နောင်တကတော့ ကျွန်တော့်ရဲ့ သိုင်းပညာပါရမီက အလွန်တရာ အားနည်းလွန်းတာကြောင့် ခမည်းတော် ဧကရာဇ်ရဲ့ အာရုံစိုက်မှုကို မရခဲ့သလို၊ စတုတ္ထမြောက် ညီတော်လိုမျိုး သိုင်းပညာမှာ အောင်မြင်မှု မရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်မှာ မယဉ်ကျေးတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်။ ကျွန်တော် စီနီယာ့ကို အသနားခံပါတယ်... ကျေးဇူးပြုပြီး မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းနိုင်တဲ့ နည်းလမ်းကို ပြောပြပေးပါ၊ ဒါမှသာ ကျွန်တော်လည်း စီနီယာနဲ့ ညီနောင် ချန်ချင်းတို့လိုမျိုး မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းနိုင်မှာပါ။ အကယ်လို့ စီနီယာသာ သဘောမတူရင် ကျွန်တော် ဒီနေရာမှာပဲ ထာဝရ ဒူးထောက်နေပါ့မယ်"

စကားပြောနေစဉ်တွင် ပထမမင်းသား၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံနေခဲ့သော်လည်း သူ၏ နှလုံးသားမှာမူ လွန်စွာ စိတ်လှုပ်ရှား တက်ကြွမှုများကြောင့် ဆူပွက်နေခဲ့ပြီ ဖြစ်သည်။

အခန်း (၁၈၅)

ဒီမိစ္ဆာအိုကြီးတော့ အမြတ်ထွက်သွားပြီ

"ဒါကတော့... ဟူး... ပထမမင်းသားရယ်၊ ဘာဖြစ်လို့ ဒီလောက်အထိ အပင်ပန်းခံရတာလဲ။ ဒါပေမဲ့ မင်းသားရဲ့ သိုင်းပညာလမ်းစဉ်အပေါ် ရှာဖွေလိုတဲ့ စိတ်ရင်းမှန်ကို တွေ့ရတာ တကယ်ပဲ ရှားပါးလှပါတယ်။ အကယ်လို့ ဒီအဘိုးကြီးက သဘောမတူဘူးဆိုရင် တကယ်ပဲ ရက်စက်လွန်းရာ ကျနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် သဘောတူလိုက်မယ်ဆိုရင်လည်း ဒီမိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ဟာ ကျွန်တော်တို့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ အမြင့်မားဆုံး လျှို့ဝှက်ချက် ဖြစ်နေပြန်ရော။ အကယ်လို့ ဒါကို ပေါက်ကြားသွားစေခဲ့ရင် ဒီအဘိုးကြီးအနေနဲ့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ ဘိုးဘေးတွေကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရတော့မှာလဲ"

ဟူး...

ချုရွှမ်သည် လေးနက်စွာ သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာထက်တွင် လွန်စွာ တွန့်ဆုတ်ခက်ခဲနေသော ရိပ်ယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ပထမမင်းသားသည် အမှန်တကယ်ပင် ပါးနပ်မြော်မြင်တတ်သူတစ်ဦး ဖြစ်သဖြင့် ချုရွှမ်၏ စကားအဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။ "မိစ္ဆာအရှင် စီနီယာ... ကျေးဇူးပြုပြီး စိတ်ချပါ၊ ကျွန်တော့်အနေနဲ့ စီနီယာ့ရဲ့ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ နည်းလမ်းကို အလကား ရယူမှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးက အလဲအလှယ်လုပ်ဖို့ တစ်ခုခုကို ကမ်းလှမ်းနိုင်ပါတယ်။ မိစ္ဆာအရှင် စီနီယာ ဘာပဲလိုချင်လိုချင် စိတ်ကြိုက် တောင်းဆိုနိုင်ပါတယ်။ ကျွန်တော်မျိုး ကမ်းလှမ်းတဲ့ ရတနာက လုံလောက်အောင် တန်ဖိုးရှိနေသရွေ့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ ဘိုးဘေးတွေသာ တမလွန်ကနေ သိရှိမယ်ဆိုရင် စီနီယာ့ရဲ့ ခက်ခဲပင်ပန်းမှုကို သေချာပေါက် နားလည်ပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်"

မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို ရရှိရန်အတွက် ပထမမင်းသားသည် ဤတစ်ကြိမ်တွင် ချုရွှမ်အား စိတ်ကြိုက် ဈေးခေါ်ခွင့်ပေးကာ အရာအားလုံးကို ပုံအော လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။

ချုရွှမ် စောင့်ဆိုင်းနေခဲ့သည်မှာလည်း ဤစကားမျိုးပင် ဖြစ်ပေသည်။ သူ ဤမျှအထိ သရုပ်ဆောင်ကာ အချိန်အကြာကြီး လှည့်စားဉာဏ်ဆင်နေခဲ့ခြင်းမှာ ဤအခိုက်အတန့်အတွက် မဟုတ်ပါလား။

သူသည် ချက်ချင်းပင် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် "ကောင်းပါပြီ... ပထမမင်းသားက ဒီလောက်အထိ ပြောလာမှတော့ ဒီအဘိုးကြီးက သဘောမတူဘူးဆိုရင် ရိုင်းပျရာ ကျပါလိမ့်မယ်။ ဒီလိုလုပ်ကြတာပေါ့... ပထမမင်းသားက ဒီအဘိုးကြီးဆီကနေ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းဖြစ်တည်စေမယ့် နည်းလမ်းကို လိုချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ မင်းသားအနေနဲ့ 'နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်' တစ်ခုနဲ့ လာပြီး လဲလှယ်ရမယ်။" ဟု ဆိုလိုက်သည်။

"ဘာလဲ... စီနီယာက တကယ်ပဲ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို လိုချင်တာလား" ပထမမင်းသား၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဂူယွဲ့နှင့် ဂူမင်းတို့၏ မျက်နှာအမူအရာများလည်း တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားခဲ့ရ၏။

မည်သည့် နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်မဆို တိုင်းပြည်တစ်ခုကို တည်ငြိမ်အေးချမ်းစေနိုင်စွမ်းရှိပြီး လွန်စွာ တန်ဖိုးကြီးမားလှပေသည်။ ထို့အပြင် လက်ရှိ ရှန်ဟိုင်ဂိတ်အတွင်း၌ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ပိုင်ဆိုင်ထားသူဟူ၍ ဂူယွဲ့နှင့် ဂူမင်း နှစ်ဦးတည်းသာ ရှိကြပေသည်။

ပထမမင်းသားသည် ချက်ချင်းပင် သူ၏ ဆရာနှစ်ဦးအား မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

ဂူယွဲ့နှင့် ဂူမင်းတို့သည် လွန်စွာ ခက်ခဲကျပ်တည်းသွားကြဟန် ပေါ်ပေါက်လာသည်။ ဆရာများအနေဖြင့် သူတို့သည် ပထမမင်းသား၏ စိတ်ကူးကို သဘာဝကျကျ သိရှိကြသော်လည်း မိမိတို့၏ ကိုယ်ပိုင် နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို လွယ်လွယ်ကူကူ လက်လွှဲမပေးလိုကြချေ။

"သွေးမိစ္ဆာအရှင်... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ငါတို့ ပထမမင်းသားနဲ့ သေချာဆွေးနွေးပြီးမှ မင်းကို အဖြေပြန်ပေးမယ်" ဟု ဂူယွဲ့က နောက်ဆုံးတွင် ပြောကြားလိုက်သည်။

"ကောင်းပါပြီ..." ချုရွှမ်သည် ခေါင်းညိတ်လိုက်ပြီး ပါးနပ်စွာဖြင့် စစ်တဲကြီးအတွင်းမှ လှည့်ထွက်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ငါးစာကိုတော့ ချကျွေးပြီးပြီ ဖြစ်သည်။ ငါးက ဟပ်မဟပ်ဆိုတာကတော့ ကံတရားအပေါ်၌သာ တည်ပေလိမ့်မည်။ အနည်းဆုံးတော့ ဤနေရာသို့ လာရောက်ပြီး ငါးပါးအဆိပ်အရှင်ကို သတ်ပစ်နိုင်ခဲ့ခြင်းကတင် သူ့အတွက် လုံးဝ မရှုံးတော့ချေ။

စစ်တဲအတွင်း၌ ချုရွှမ် ထွက်သွားသည်ကို မြင်လျှင်ပင် ပထမမင်းသားသည် ဂူယွဲ့နှင့် ဂူမင်းတို့၏ ရှေ့မှောက်၌ ချက်ချင်း တစ်ဖန်ပြန်၍ ဒူးထောက်ကာ မျက်ရည်စက်လက်ဖြင့် "ဆရာနှစ်ဦး... ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို သေချာပေါက် ကူညီပေးကြပါဦး။ အကယ်လို့ ကျွန်တော်သာ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းနိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ သိုင်းပညာပါရမီ အားနည်းချက်က ချက်ချင်း ပျောက်ကွယ်သွားမှာပါ။ နောင်အနာဂတ်မှာ စတုတ္ထမြောက် ညီတော်ကိုပါ ဖိနှိပ်ခြေမှုန်းပြီး မဟာချင်ပြည်ထောင်ရဲ့ မင်းသားတွေထဲမှာ အစွမ်းထက်ဆုံး သိုင်းပညာပါရမီရှင် ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဆိုရင် နောင်ပလ္လင်ကို ကျွန်တော်ကလွဲလို့ ဘယ်သူက လုယူနိုင်ဦးမှာလဲ" ဟု ဆိုလိုက်သည်။

"ဒါကတော့... ပထမမင်းသားရယ်၊ ငါတို့က မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ငါတို့ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ပြင်ပလူတွေဆီ အလွယ်တကူ လက်ဆင့်မကမ်းရဘူး၊ အထူးသဖြင့် ဒီသွေးမိစ္ဆာအရှင်က မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေတာမို့လို့ပဲ" ဟု ဂူယွဲ့က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"နောင်တော်... ငါတို့ ဒီသွေးမိစ္ဆာအရှင်ကို တိုက်ရိုက်ဖမ်းဆီးပြီး မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ စုစည်းနည်းကို အတင်းအကျပ် နှိပ်စက်တောင်းယူရင် ဘယ်လိုလဲ" ဟု ဂူမင်း၏ မျက်လုံးများထဲ၌ ရက်စက်ယုတ်မာသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။

"မဖြစ်ပါဘူး... ဆရာနှစ်ဦး၊ လုံးဝ မဖြစ်နိုင်တာ။ ကျွန်တော်မျိုးက အပင်ပန်းခံပြီးမှ ဒီမိစ္ဆာမဟာမိတ်အဖွဲ့ကို တည်ထောင်နိုင်ခဲ့တာပါ။ အကယ်လို့ သွေးမိစ္ဆာအရှင်သာ ဖမ်းဆီးခံရ ဒါမှမဟုတ် အသတ်ခံရမယ်ဆိုရင် ကျွန်တော်တို့ထံ သစ္စာခံထားတဲ့ မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်တွေအားလုံး သေချာပေါက် ထိတ်လန့်ခြောက်ခြားပြီး စိတ်မချ ဖြစ်ကုန်ကြလိမ့်မယ်။ အဲဒီအခါကျရင် ဘယ်သူက ကျွန်တော်မျိုးကို ဆက်ပြီး အမှုထမ်းဝံ့တော့မှာလဲ"

"ဒါ့အပြင် သွေးမိစ္ဆာအရှင်က အလင်းဝင်လာပြီး သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ထဲကို ဝင်ရောက်ထားပြီးပြီပဲ။ သူက ပြင်ပလူ မဟုတ်တော့ဘဲ ကျွန်တော်တို့ လူပဲ ဖြစ်နေပါပြီ။ ဆရာနှစ်ဦး... နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် တစ်ခုကို ပေးပြီး မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ နည်းလမ်းကို ရယူတာက ဘယ်လိုမှ မရှုံးပါဘူး။ အကယ်လို့ ဆရာနှစ်ဦးက မလုံလောက်သေးဘူးလို့ ထင်ရင် ကျွန်တော်တို့ ဒီလို ဒီလိုမျိုး လုပ်လို့ရပါသေးတယ်..."

ပထမမင်းသား၏ မျက်လုံးများ ဖြတ်ခနဲ လှုပ်ရှားသွားပြီး သူတို့၏ နားနားသို့ တိုးတိုးလေး ကပ်၍ လျှို့ဝှက်ချက်အချို့ကို ပြောကြားလိုက်ရာ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ မဟာဆရာသခင် နှစ်ဦးဖြစ်သော ဂူယွဲ့နှင့် ဂူမင်းတို့၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့ရသည်။

"ကောင်းပြီ... ပထမမင်းသား ပြောတဲ့အတိုင်းပဲ လုပ်ကြစို့။"

ဂူယွဲ့နှင့် ဂူမင်းတို့ သဘောတူသည်ကို မြင်လျှင် ပထမမင်းသားသည် စိတ်လှုပ်ရှားစွာဖြင့် စစ်တဲအပြင်သို့ ထွက်လာပြီး ချုရွှမ်အား ပြန်လည်ရှာဖွေကာ ရိုသေလေးစားစွာဖြင့် "စီနီယာ မိစ္ဆာအရှင်... ဆရာနှစ်ဦးက စီနီယာနဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် လဲလှယ်ဖို့ သဘောတူလိုက်ပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ကန့်သတ်ချက် တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ စုစည်းနည်းအပြင် မိစ္ဆာဧကရာဇ်ရဲ့ နောက်ထပ် အမွေအနှစ် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ 'ယင်ကိုးပါးကျမ်းစာ' ကိုပါ ပေးအပ်ရပါမယ်။" ဟု ဆိုလိုက်သည်။

"ရတာပေါ့။" ချုရွှမ်သည် စဉ်းစားပင် မနေဘဲ ချက်ချင်း သဘောတူလိုက်၏။

ဘာပဲဖြစ်ဖြစ် ဤကျမ်းစာဟူသည်မှာ မိစ္ဆာဧကရာဇ်က မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာအတွက် သီးသန့် တီထွင်ဖန်တီးထားသော ထူးခြားသည့် ကျင့်စဉ်တစ်ခုသာ ဖြစ်ပေသည်။ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ မရှိဘဲ ၎င်းကို ကျင့်ကြံပါက အလွန်ဆုံး နတ်အဆင့်သို့သာ ရောက်ရှိနိုင်မည်ဖြစ်ပြီး မဟာဆရာသခင် အဆင့်သို့ လုံးဝ ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။

ချုရွှမ်သည် ချက်ချင်းပင် လျှို့ဝှက်ကျမ်းစာတစ်အုပ်ကို ထုတ်ယူကာ ပထမမင်းသားထံ တိုက်ရိုက် လွှင့်ပစ်လိုက်လျက် "ပထမမင်းသား... ဒါက ယင်ကိုးပါးကျမ်းစာပဲ၊ ယူထားလိုက်ပါ" ဟု ဆိုလိုက်သည်။

"စီနီယာ မိစ္ဆာအရှင်... ဒါဆိုရင် မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ စုစည်းတဲ့ နည်းလမ်းကရော" ပထမမင်းသားသည် သူ၏ ရင်ခုန်စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"မလောပါနဲ့ဦး... မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာကို စုစည်းဖို့အတွက် အရင်ဆုံး ယင်ကိုးပါးကျမ်းစာကို တတ်မြောက်ထားဖို့ လိုအပ်တယ်။ အကယ်လို့ မင်းသားက ဒါကို မတတ်မြောက်နိုင်ရင် ပြောပြလည်း အပိုပဲ ဖြစ်လိမ့်မယ်။ တတ်မြောက်သွားတဲ့ အခါကျမှ ပြောပြလည်း မနှောင်းပါဘူး။ ဒါ့အပြင် ဒီအဘိုးကြီးက ကိုယ့်ရဲ့ စိတ်ရင်းမှန်ကို ပြသပြီးပြီပဲ၊ ပထမမင်းသားဘက်ကလည်း တစ်ခုခုတော့ ပြသင့်တာ မဟုတ်ဘူးလား"

ချုရွှမ်သည် ဝိညာဉ်ခန္ဓာ စုစည်းနည်းကို တိုက်ရိုက်လက်လွှဲပေးရလောက်အောင် မိုက်မဲသူ မဟုတ်ပေ၊ အခြေခံအားဖြင့် သူသည် ထိုနည်းလမ်းကို အစအဆုံး စိတ်ကူးမယဉ်ရသေးသောကြောင့် ဖြစ်၏။ အခုချက်ချင်း ပြောလိုက်ပါက သူ၏ လှည့်ကွက်များ ပေါ်သွားမည်ကို စိုးရိမ်ရသည်။

သို့သော် ယင်ကိုးပါးကျမ်းစာကမူ ကွဲပြားခြားနားပေသည်။ ၎င်းမှာ အသင့်ရှိပြီးသား ဖြစ်သလို၊ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ မရှိဘဲနှင့် မဟာဆရာသခင် အဆင့်သို့ လုံးဝ တက်လှမ်းနိုင်မည် မဟုတ်ချေ။ ၎င်းကို အလကား ပေးလိုက်ရလျှင်ပင် ချုရွှမ်အတွက် မည်သည့် ဆုံးရှုံးမှုမျှ မရှိနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤလုပ်ရပ်က သူ၏ စိတ်ရင်းမှန်ကို ပိုမို ပေါ်လွင်စေပြီး ပထမမင်းသား၏ လောဘဇောနှင့် မျှော်လင့်ချက်များကို အဆမတန် ကြီးထွားလာစေခဲ့သည်။

"ဟုတ်တယ်... ဒီမိစ္ဆာအိုကြီးက ယင်ကိုးပါးကျမ်းစာလိုမျိုး နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ငါ မင်းသားထံ လွယ်လွယ်ကူကူ ပေးနိုင်တယ်ဆိုကတည်းက သူက တကယ့်ကို စိတ်ရင်းမှန်နဲ့ ဆက်ဆံနေတာပဲ။ ဒါက ဒီမိစ္ဆာအိုကြီးက ကိစ္စရပ်တွေအပေါ် လွန်စွာ သစ္စာရှိကြောင်း ပြသနေတာ။ အကယ်လို့ ငါ မင်းသားက ဘာမှ ပြမပေးဘဲ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ စုစည်းနည်းကိုပဲ အတင်းအကျပ် တောင်းဆိုနေမယ်ဆိုရင် ငါ့ကို သဘောထားသေးသိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့သူလို့ ထင်သွားစေလိမ့်မယ်"

ဤသို့ တွေးတောမိပြီးနောက် ပထမမင်းသားသည် အလွန်ပင် ရိုးရှင်းစွာဖြင့် စစ်တဲအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ယင်ကိုးပါးကျမ်းစာကို ဂူယွဲ့နှင့် ဂူမင်းတို့ထံ ကမ်းပေးလျက် "ဆရာနှစ်ဦး... ဒီမိစ္ဆာအိုကြီးက တကယ့်ကို ငါတို့နဲ့ အရောင်းအဝယ် လုပ်ချင်နေပုံရတယ်၊ သူက ယင်ကိုးပါးကျမ်းစာကိုတောင် ပေးခဲ့ပြီပဲ။ အကယ်လို့ ငါတို့က သူ့ကို နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် ပြန်မပေးရင် တကယ့်ကို ကပ်စေးနှဲရာ ကျနေလိမ့်မယ်" ဟု ဆိုလိုက်သည်။

ဂူယွဲ့ကမူ စကားမဆိုဘဲ ခေတ္တမျှ စဉ်းစားတွေးတောနေခဲ့သည်။ ဂူမင်းကမူ ယင်ကိုးပါးကျမ်းစာကို ဆွဲလုယူကာ နာရီဝက်နီးပါးခန့် အလေးအနက်ထား၍ ဖတ်ရှုပြီးနောက်မှ နောက်ဆုံးတွင် မော့ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလျက် "ဒီယင်ကိုးပါးကျမ်းစာက အစစ်အမှန်ပဲ နောင်တော်... ဒီသွေးမိစ္ဆာအရှင်က စိတ်ရင်းမှန်ရှိနေမှတော့ ငါတို့လည်း ကပ်စေးနှဲမနေသင့်တော့ဘူး" ဟု ဆိုလိုက်၏။

"ကောင်းပြီ... ပထမမင်းသားရော ဂူမင်းပါ သဘောတူမှတော့ ငါလည်း ကန့်ကွက်မနေတော့ပါဘူး။ ဒီမိစ္ဆာအိုကြီးတော့ တကယ်ပဲ အမြတ်ထွက်သွားပြီ"

ကျမ်းစာမှာ အစစ်အမှန်ဖြစ်ကြောင်း မြင်တွေ့ရပြီးနောက် ဂူယွဲ့သည် တဲအပြင်သို့ ထွက်လာခဲ့သည်။ သူသည် ချုရွှမ်၏ ရှေ့သို့ ရောက်လာပြီး "သွေးမိစ္ဆာအရှင်... မင်းက ပွင့်လင်းပြတ်သားတယ်ဆိုတော့ ငါတို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို မင်းကို ပေးလို့ရတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ ဒီကျင့်စဉ်ကို မင်းတစ်ယောက်တည်းပဲ ကျင့်ကြံရမှာဖြစ်ပြီး တခြားဘယ်သူ့ကိုမှ လက်ဆင့်မကမ်းပါဘူးလို့ ကျိန်ဆိုရမယ်။" ဟု ဆိုလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် သွေးမိစ္ဆာအရှင်က ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ အကယ်လို့ ကျွန်တော်ဟာ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို ရရှိပြီးနောက် ကိုယ်တိုင်ကျင့်ကြံတာကလွဲလို့ အခြားသူတွေကို လက်ဆင့်ကမ်းခဲ့မယ်ဆိုရင် ကျွန်တော် သွေးမိစ္ဆာအရှင် ကျင့်စဉ်ဖောက်ပြန်ပြီး သေပါစေ၊ ဝိညာဉ်ဧကရာဇ်ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် ဖျက်ဆီးခံရပါစေ၊ ကွေ့ချန်ချင်းရဲ့ ဝိညာဉ်ပါ လွင့်စင်ပျောက်ကွယ်ရပါစေ။"

ချုရွှမ်သည် တစ်သက်ရှူအတွင်းမှာပင် လွန်စွာ ရက်စက်လှသော ကျိန်စာသစ္စာသုံးရပ်ကို ဆိုလိုက်ခြင်း ဖြစ်သည်။

ဤစကားကို ကြားလိုက်ရသော ပထမမင်းသားမှာ အသက်ရှူပင် မှားသွားခဲ့ရသည်... ဤမိစ္ဆာလမ်းစဉ်သိုင်းသမားအိုကြီးသည် တကယ်ကို ကြမ်းကြုတ်ရက်စက်လှပေသည်၊ သူ၏ ကျိန်ဆိုသစ္စာများပင်လျှင် ဤမျှအထိ အဆိပ်အတောက် ပြင်းလှပေသည်။

အခန်း (၁၈၆)

ဒုက္ခရောက်လာသော သားရဲမိစ္ဆာများ

သို့သော်လည်း ဤမိစ္ဆာအိုကြီး ကျိန်ဆိုခဲ့သော သစ္စာကျိန်စာက ပို၍ ပြင်းထန်ရက်စက်လေလေ၊ သူ၏ စိတ်ရင်းမှန်မှုကို ပို၍ ဖော်ပြနေလေလေ ဖြစ်ပေသည်။ ထို့ကြောင့် ပထမမင်းသားသည် လွန်စွာ ဝမ်းမြောက်သွားတော့၏။ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ မဟာဆရာသခင် နှစ်ဦးဖြစ်ကြသော ဂူယွဲ့နှင့် ဂူမင်းတို့သည်လည်း လွန်စွာ ကျေနပ်အားရသွားကြသည်။ သူတို့သည် ချက်ချင်းပင် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက် အစွမ်းအထက်ဆုံးဖြစ်သော ဂူယွဲ့က သွေးနီရောင် ကျောက်စိမ်းတစ်တုံးကို ထုတ်ယူလိုက်လေသည်။

ထို့နောက် သူသည် ထိုသွေးကျောက်စိမ်းအတွင်းသို့ သူ၏ စိတ်ဝိညာဉ်အသိအာရုံ တံဆိပ်အမှတ်အသားများကို ဆက်တိုက် ရိုက်နှိပ်လိုက်တော့သည်။ သာမန် မဟာဆရာသခင်များသည် ဝိညာဉ်၏ တည်ရှိမှုကို တိတိပပ မသိရှိကြသော်လည်း သူတို့၏ စိတ်ဝိညာဉ်အသိအာရုံမှာ လွန်စွာ အားကောင်းလှသဖြင့် အသိပညာနှင့် ကျင့်စဉ်များကို အသိအာရုံမှတစ်ဆင့် လက်ဆင့်ကမ်း ပေးပို့နိုင်ကြပေသည်။ ယခု အခြေအနေမှာလည်း ထိုသို့ပင် ဖြစ်၏။

သွေးကျောက်စိမ်းအတွင်း၌ ပြည့်စုံသော အသိအာရုံတံဆိပ်ကို ရိုက်နှိပ်ပြီးနောက် ဂူယွဲ့က ၎င်းကို ချုရွှမ်ထံသို့ ကမ်းပေးလိုက်ရင်း "သွေးမိစ္ဆာအရှင်... ဒီကျောက်စိမ်းထဲမှာ ကျွန်တော်တို့ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ဖြစ်တဲ့ 'သွေးနတ်ဘုရားကျင့်စဉ်' ရှိတယ်။ ဒါပေမဲ့ ဒီကျောက်စိမ်းက တစ်ကြိမ်ပဲ အာရုံခံ ဆင်ခြင်လို့ရမှာဖြစ်ပြီး ပြီးတာနဲ့ အလိုအလျောက် အက်ကွဲပျက်စီးသွားလိမ့်မယ်။ ယူပြီးတော့ ဆင်ခြင်ကျင့်ကြံလိုက်ပါ" ဟု ဆိုလိုက်သည်။

ထင်ရှားလှသည်မှာ... ချုရွှမ်သည် ရက်စက်လှသော သစ္စာကျိန်စာကို ဆိုခဲ့သော်လည်း ဂူယွဲ့နှင့် ဂူမင်းတို့သည် သူ့အပေါ် လုံးဝ ဥဿုံ မယုံကြည်ရဲသေးခြင်း ဖြစ်၏။ ချုရွှမ်ကမူ ထိုအရာကို စိတ်ထဲမထားပေ။ သူ၏လက်ထဲသို့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် ရောက်ရှိလာရုံမျှဖြင့် လုံလောက်လှပြီ မဟုတ်ပါလား။ သူသည် ချက်ချင်း ခေါင်းညိတ်လိုက်ကာ "ကောင်းပါပြီ... ငါ အခုပဲ လေ့ကျင့်လိုက်ပါ့မယ်။ ဒါပေမဲ့ ငါ့ရဲ့ မှတ်ဉာဏ်က သိပ်မကောင်းလှတော့ တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် ကြာနိုင်ပါတယ်။ ငါ လေ့ကျင့်လို့ ပြီးဆုံးသွားတာနဲ့ မိစ္ဆာဧကရာဇ် ဝိညာဉ်ခန္ဓာ စုစည်းနည်းကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ဆက်သပါ့မယ်" ဟု ဆိုလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် မင်း ဒီနေရာမှာပဲ ကျင့်ကြံလိုက်။ ငါတို့ နှောင့်ယှက်မှာ မဟုတ်ဘူး" ဟု ဆိုကာ ဂူယွဲ့က ရှေ့မှ ဦးဆောင်၍ ထွက်ခွာသွားတော့သည်။ ပထမမင်းသားသည်လည်း မတတ်သာဘဲ ဂူမင်းနှင့်အတူ ကမန်းကတန်း လိုက်ပါသွားရတော့၏။ သို့သော်လည်း သူတို့ မြေအောက်စစ်စခန်း၏ ဝင်ပေါက်သို့ ရောက်ရှိချိန်တွင် ဂူယွဲ့က ရုတ်တရက် အေးစက်စွာဖြင့် "ဂူမင်း... မင်း ဒီနေရာမှာ စောင့်ကြပ်နေလိုက်" ဟု အမိန့်ပေးလိုက်သည်။

"ဒီမိစ္ဆာအိုကြီးက စိတ်ရင်းမှန်ပြနေတယ် ဆိုပေမဲ့ သူက နောက်ဆုံးတော့ မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်တစ်ယောက်ပဲ။ ဘယ်မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်ကိုမဆို ငါတို့က အသုံးချရုံပဲ ရမယ်၊ လုံးဝ မယုံကြည်ရဘူး"။ ဂူယွဲ့သည် လွန်စွာ သတိကြီးသူဖြစ်ကြောင်း ပြောစရာပင် မလိုတော့ချေ။ ဂူမင်းကလည်း ခေါင်းညိတ်လက်ခံကာ ဝင်ပေါက်၌ တိုက်ရိုက် မတ်တပ်ရပ်၍ စောင့်ကြပ်နေလိုက်တော့သည်။

ချုရွှမ်သည် သူ၏ စိတ်ဝိညာဉ်အသိအာရုံမှတစ်ဆင့် ထိုမြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ရသဖြင့် နှလုံးသားမှာ ချက်ချင်းပင် လေးလံသွားရ၏။ "ပထမမင်းသားက ရည်မှန်းချက် လောဘဇောတွေကြောင့် အလွယ်တကူ လှည့်စားလို့ ရပေမဲ့ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ မဟာဆရာသခင် နှစ်ဦးကတော့ အလွယ်တကူ လှည့်စားလို့ မရတာ ထင်ရှားနေတာပဲ။ အခုထိတောင် ငါ့အပေါ် သံသယမျက်လုံးနဲ့ စောင့်ကြည့်နေတုန်း။ ဒါပေမဲ့ ကံဆိုးတာက သူတို့တွေဟာ ငါ့ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို ဘယ်တော့မှ သိမှာမဟုတ်ဘူး"။

ချုရွှမ်သည် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ကို အာရုံခံတတ်မြောက်ပြီးနောက်တွင် လှည့်စား၍ ထွက်ခွာနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး၊ အကယ်၍ မရပါက အတင်းအဓမ္မ ဖောက်ထွက်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ "ကံကောင်းတာက ဂူယွဲ့က အမှားတစ်ခု လုပ်မိသွားတာပဲ။ သူက သူ့ရဲ့ ဂုဏ်ဒြပ်ဂုဏ်သိက္ခာကို အထင်ကြီးပြီး ငါ့ကို ကိုယ်တိုင် စောင့်ကြည့်မနေဘဲ မဟာဆရာသခင် တတိယအလွှာ သာရှိတဲ့ ဂူမင်းကိုပဲ လွှတ်ထားခဲ့တာ။ အကယ်လို့ ငါသာ အားကုန်သုံးပြီး တိုက်ခိုက်မယ်ဆိုရင် ဒီလူကို မျက်စိတစ်မှိတ်အတွင်းမှာတင် အပြတ်အသတ် သတ်ပစ်ဖို့က မခက်ခဲပါဘူး"။

ဤသို့ တွေးတောရင်း ချုရွှမ်သည် သူ၏မျက်လုံးများကို မှိတ်ကာ စိတ်ဝိညာဉ်အသိအာရုံကို သွေးကျောက်စိမ်းအတွင်းသို့ နစ်မြုပ်စေလိုက်တော့သည်။ ထိုကျောက်စိမ်းအတွင်း၌ သွေးနီရောင် ကမ္ဘာတစ်ခု ရှိနေပြီး သွေးရောင် စာလုံးအမှတ်အသားများ တဖျတ်ဖျတ် ပေါ်ပေါက်လာခဲ့သည်။ ဤအရာကား သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်ဖြစ်သော 'သွေးနတ်ဘုရားကျင့်စဉ်' ပင် ဖြစ်၏။ ၎င်းသည် တစ်ချိန်တည်းမှာပင် တရားဝင်လမ်းစဉ်ရော မိစ္ဆာလမ်းစဉ်ပါ မြှင့်တင်နိုင်စွမ်းရှိသည့် လွန်စွာ အစွမ်းထက်သော နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်ပေသည်။

၎င်းသည် အဆက်မပြတ် သတ်ဖြတ်ခြင်းအားဖြင့် မိမိကိုယ်ကို ပိုမို အစွမ်းထက်လာစေနိုင်သလို၊ ခန္ဓာကိုယ်တွင်းရှိ သွေးနှင့် အသက်စွမ်းအင် အဆီအနှစ်များကို အဆက်မပြတ် စုစည်းစေခြင်းဖြင့် မိမိ၏ အကန့်အသတ်များကို ကျော်ဖြတ်စေနိုင်ပေသည်။ ချုရွှမ်၏ စိတ်အာရုံထဲတွင် ရှိနေသော မြင့်မြတ်သော ဝိညာဉ်မျိုးစေ့ ၈၁ စေ့ကြောင့် သူ၏ အာရုံခံဉာဏ်စွမ်းမှာ အဆမတန် မြင့်မားနေခဲ့ရာ နာရီဝက်ခန့်အတွင်းမှာပင် ဤနတ်ဘုရားကျင့်စဉ်ကို အကြွင်းမဲ့ တတ်မြောက်သွားခဲ့လေသည်။

ခုနတင် ငါးပါးအဆိပ်အရှင်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သူသည် မဟာဆရာသခင်အဆင့်၏ အနှစ်ငါးဆယ်စာ ကျင့်ကြံခြင်းစွမ်းအားကို ရရှိထားခဲ့ပေသည်။ ချုရွှမ်သည် ထိုကျင့်ကြံခြင်းစွမ်းအားများကို သွေးနတ်ဘုရားကျင့်စဉ်အတွင်းသို့ တိုက်ရိုက် ပေါင်းစပ်ထည့်သွင်းလိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချုရွှမ်၏ သွေးနတ်ဘုရားကျင့်စဉ်မှာ အနှစ်ငါးဆယ်စာ ကျင့်ကြံအားထုတ်ထားသကဲ့သို့ အခြေခံအဆင့်မှသည် တစ်ဟုန်ထိုး တိုးတက်ကာ အထမြောက်အောင်မြင်သွားခဲ့လေသည်။ ထို့နောက်တွင် သူသည် 'ဘိုးဘေးနဂါးကျင့်စဉ်' ကို စတင် လှုံ့ဆော်လိုက်၏။

သူ၏ ခန္ဓာကိုယ်အတွင်းမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ ချုရွှမ်သာ တမင်တကာ ဖိနှိပ်မထားခဲ့လျှင် သူ၏ကျောပြင်နောက်၌ ဘိုးဘေးနဂါးကြီး၏ ပုံရိပ်ယောင် သေချာပေါက် ပေါက်ကွဲထွက်ပေါ်လာပေလိမ့်မည်။ "ပြောရရင်တော့ ထူးဆန်းတယ်... ပထမမင်းသားကလည်း မဟာချင်တော်ဝင်မျိုးနွယ်စုဝင် တစ်ဦးပဲ၊ ဒါပေမဲ့ သူ့ဆီကနေ ဘိုးဘေးနဂါးကျင့်စဉ်ရဲ့ အရှိန်အဝါကို ငါ လုံးဝ မခံစားရဘူး။ သူ ကျင့်ကြံထားတဲ့အရာက သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ ကျင့်စဉ်နဲ့ ပိုပြီး ဆင်တူနေတယ်"။

"ပထမမင်းသား တင်မကဘူး... စတုတ္ထမင်းသား ဆီကနေလည်း ဘိုးဘေးနဂါးကျင့်စဉ်ရဲ့ အရှိန်အဝါကို ငါ ခံစားမိခဲ့ပုံမရဘူး။ ဒါဆိုရင် ဘိုးဘေးနဂါးကျင့်စဉ်ဆိုတာ မဟာချင်တော်ဝင်မိသားစုဝင် တိုင်း ကျင့်ကြံခွင့်ရတဲ့အရာ မဟုတ်ဘဲ သီးသန့်ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေပဲ ကျင့်ကြံနိုင်တာလား..." ချုရွှမ်သည် တိတ်တဆိတ် တွေးတောလိုက်မိသည်။

ဤသို့ဖြင့် နောက်ထပ် တစ်မတ်ခန့် အချိန်ကုန်လွန်သွားသောအခါ ဘိုးဘေးနဂါးကျင့်စဉ်သည် သွေးနတ်ဘုရားကျင့်စဉ်ကို လုံးဝ ဝါးမြိုခြေဖျက်လိုက်တော့သည်။ ချုရွှမ်သည် သူ၏ သိုင်းပညာနယ်ပယ်အတားအဆီးနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အတားအဆီးများမှာ ဤအခိုက်အတန့်တွင် တစ်ဖန်ပြန်၍ လျှော့ရဲလာကြောင်း ချက်ချင်း ခံစားလိုက်ရ၏။ အကယ်၍ သူသာ နောက်ထပ် မဟာဆရာသခင် တစ်ဦးကို ထပ်မံသတ်ဖြတ်နိုင်လျှင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်မှာ သေချာပေါက် ထပ်မံ ဖောက်ထွက်သွားပေလိမ့်မည်။

မဟာဆရာသခင်အကြောင်း ပြောရလျှင်... အဝေးကြီးမှာ မဟုတ်ဘဲ အနီးအနားမှာတင် တစ်ယောက် ရှိနေသည် မဟုတ်ပါလား။ ချုရွှမ်၏ အကြည့်သည် မြေအောက်စစ်စခန်း၏ အဝင်အဝဆီသို့ အမြန် လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဂူမင်းသည် မျက်လုံးများကို မှိတ်လျက် ကျင့်ကြံနေသယောင် ရှိသော်လည်း အမှန်စင်စစ် ချုရွှမ်အား စောင့်ကြည့်ရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ချုရွှမ်အနေဖြင့် ဖောက်ထွက်ထွက်ပြေးလိုပါက သူ ပထမဆုံး ရင်ဆိုင်ဖြေရှင်းရမည့် အတားအဆီးမှာ ဂူမင်း ဖြစ်သည်။ ၎င်းအပြင် 'ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ' ၏ အာရုံခံမှုအရ ဤဂူမင်း ဆိုသူ၏ ခန္ဓာကိုယ်တွင်လည်း အပြစ်ဒုစရိုက် အကုသိုလ်ကံများစွာ စုပုံနေကြောင်း ချုရွှမ် ရှာဖွေတွေ့ရှိလိုက်ရသည်။ "အကယ်လို့ ဤအခိုက်အတန့်မှာ ငါ ရုတ်တရက် လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်ရင်..."

ချုရွှမ်၏ အတွေးများ မြန်ဆန်စွာ လည်ပတ်နေစဉ်မှာပင်... ရုတ်တရက် မြေပြင်တစ်ခုလုံးမှာ စစ်သည်တော် သောင်းခြောက်ထောင် တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ချီတက်ပြေးလွှားနေသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ "ဘာဖြစ်တာလဲ... ဘာလို့ မြေပြင်က အကြောင်းရင်းမရှိဘဲ လှုပ်ခါနေရတာလဲ။ ငလျင်လှုပ်တာလား"။

ဤမြေအောက်စစ်စခန်းအတွင်း၌ ချုရွှမ်နှင့် ဂူမင်းတို့နှစ်ဦးတည်း ရှိနေခြင်း မဟုတ်ဘဲ ပထမမင်းသား လျှို့ဝှက်စည်းရုံးထားသော မိစ္ဆာလမ်းစဉ် သိုင်းပညာရှင် အများအပြားလည်း ရှိနေကြပေသည်။ သူတို့သည် ပုံမှန်အားဖြင့် ဤနေရာ၌ ပုန်းအောင်းကျင့်ကြံနေကြပြီး ပထမမင်းသား၏ အလျှို့ဝှက်ဆုံး အင်အားစုတစ်ရပ် ဖြစ်၏။ ယခုအခါတွင်မူ ဤမိစ္ဆာလမ်းစဉ် သိုင်းပညာရှင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။

မြေပြင်တုန်ခါမှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။ မြေအောက်၌ ရှိနေသဖြင့် ချုရွှမ်သည် အပေါ်ဘက် မျက်နှာကြက်မှ မြေကြီးများနှင့် ကျောက်ခဲအမြောက်အမြား ဆက်တိုက် ပြိုကျပျက်စီးလာသည်ကိုပင် မြင်တွေ့နေရ၏။ ထိုစဉ် စခန်းဝင်ပေါက်၌ ထိုင်နေသော ဂူမင်းသည်လည်း လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး လေထုထဲသို့ တိုက်ရိုက် ပျံဝဲတက်လျက် အားလုံးကို နှစ်သိမ့်လိုက်သည်။

"အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ ဒါက ရှန်ဟိုင်ဂိတ်အပြင်ဘက်က 'သားရဲဒီရေလှိုင်း' ဖြစ်ရမယ်! ရှန်ဟိုင်ဂိတ်ဟာ နှစ်စဉ်နှစ်တိုင်း သားရဲမိစ္ဆာတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံရလေ့ရှိပြီး တစ်ခါတလေ မိစ္ဆာတွေကပါ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး ဂိတ်ထွက်ပေါက်ကို ဖောက်ထွက်ဖို့ ကြိုးစားတတ်ကြတယ်"။

"ဒါကြောင့်မို့လို့ မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်တွေအားလုံး ဒီနေရာမှာပဲ နေပြီးတော့ မြေတွင်းအောင်းကျွမ်းကျင်တဲ့ သားရဲမိစ္ဆာတွေ မြေအောက်ကနေတစ်ဆင့် မြို့ထဲကို ခိုးဝင်မလာနိုင်အောင် စောင့်ကြပ်ကြ။ တွေ့တာနဲ့ ညှာတာမှုမရှိဘဲ သတ်ပစ်ကြစမ်း။"

"ပြီးတော့ သွေးမိစ္ဆာအရှင်... ဆက်ပြီး အာရုံခံမနေပါနဲ့တော့။ ဒီသားရဲဒီရေလှိုင်းကို နောက်ကွယ်ကနေ မောင်းနှင်နေတဲ့ 'မိစ္ဆာဘုရင်' တွေ ရှိကိုရှိရမယ်၊ တင်မကဘူး မိစ္ဆာဘုရင်က တစ်ပါးတည်းလည်း ဖြစ်ချင်မှဖြစ်မှာ" ပြောပြီးသည်နှင့် ဂူမင်းက ချုရွှမ်အား ကမန်းကတန်း လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်လေသည်။

ချုရွှမ်သည် ဝေခွဲမနေတော့ဘဲ သူ၏နောက်သို့ ချက်ချင်း လိုက်ပါသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သားရဲဒီရေလှိုင်းဟူသည်မှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သားရဲမိစ္ဆာများသည် ပုံမှန်အားဖြင့် ဉာဏ်ပညာနိမ့်ပါးပြီး လူသားအသွင် မပြောင်းလဲနိုင်ကြသော မိစ္ဆာမျိုးနွယ်တို့၏ မျိုးဆက်များသာ ဖြစ်ကြသည်။ သူတို့သည် လူသားတို့၏ နယ်စပ်ဂိတ်တံခါးများကို တိုက်ခိုက်ရန်အတွက် မိစ္ဆာများ အကြိမ်ကြိမ် အသုံးပြုလေ့ရှိသော အကောင်းဆုံး အမြောက်စာများ ဖြစ်ကြပြီး မိစ္ဆာများသည် ဤသားရဲမိစ္ဆာတို့၏ ဝိုင်းရံတိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ နယ်စပ်ကွန်းတံခါးများကို အတင်းအဓမ္မ ဖောက်ထွက်ကာ ကွန်းတံခါးနောက်ကွယ်မှ သာမန်ပြည်သူလူထုအား ကပ်ဘေးကြီး ဆိုက်ရောက်စေတတ်ပေသည်။

ချုရွှမ်သည် သူ ရှန်ဟိုင်ဂိတ်သို့ ရောက်ခါစတွင်ပင် ဤကဲ့သို့ သားရဲမိစ္ဆာတို့၏ ဝိုင်းရံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ယခုအချိန်တွင် သူ ထွက်ပြေးချင်လျှင်ပင် ထွက်ခွာ၍ မရနိုင်တော့ပါ၊ အဘယ်ကြောင့်ဆိုသော် သားရဲမိစ္ဆာများ ဝိုင်းရံတိုက်ခိုက်ချိန်တွင် မြို့ပြင်သို့ ထွက်ခွာသူမှန်သမျှကို စစ်ပြေးအဖြစ် သတ်မှတ်ကာ 'ဧရာမ နတ်ဘုရား ဒူးလေး' များဖြင့် ပစ်ခတ်သတ်ဖြတ်ပစ်မည် ဖြစ်သောကြောင့်ပင်။ ချုရွှမ်သည် ဧရာမ နတ်ဘုရား ဒူးလေး သောင်းနှင့်ချီ၍ ဝိုင်းရံပစ်ခတ်ခြင်း ခံရသည့် အရသာကို မမြည်းစမ်းလိုသဖြင့် ဂူမင်းနှင့်အတူ ရှန်ဟိုင်ဂိတ်၏ မြို့ရိုးပေါ်သို့သာ လိုက်ပါသွားခဲ့ရတော့သည်။

သူ မြင်တွေ့လိုက်ရသည်မှာ... ရှန်ဟိုင်ဂိတ်၏ အပြင်ဘက်တွင် ကြံ့ခိုင်ထွားကျိုင်းပြီး သွေးရူးရူးနေကြသော သားရဲမိစ္ဆာများမှာ လှိုင်းလုံးကြီးများကဲ့သို့ ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေခဲ့ပြီး ၎င်းတို့ကြားထဲတွင် မိစ္ဆာအမြောက်အမြား၏ အရိပ်အယောင်များကိုပါ ဝေဝေဝါးဝါး မြင်တွေ့နေရခြင်း ဖြစ်သည်။ "နောင်တော်... ပထမမင်းသား... ဒါ ဘာဖြစ်တာလဲ။ သားရဲဒီရေလှိုင်းက ပြီးခဲ့တဲ့လကတင် ဖြစ်သွားခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလမှာ ထပ်ပြီး ဖြစ်နေရတာလဲ။ ဒါမှမဟုတ်..."

All Chapters