← Chapters

အခန်း (၉၅-၉၆)

Vol. 7 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 7 Ch. 95-96

အခန်း (၉၅) ယောက်ျား၊ ဒါက ကျွန်မတို့ အတူတူ ဖြတ်သန်းတဲ့ ပထမဆုံး ညပဲနော်

ရိုးရှင်းသော အိမ်ငယ်လေးထဲတွင်….

ကျန်းမန်က ကုတင်စွန်းတွင် ထိုင်နေသော အမျိုးသမီးကို ကြည့်ကာ တိတ်ဆိတ်နေသည်။

တစ်ဖက်လူ၏ အသွင်အပြင်က လောကီ အငွေ့အသက်များ ကင်းစင်ပြီး တည်ငြိမ် ကျက်သရေ ရှိကာ ဣန္ဒြေကြီးလှသည်။

ကြည့်ရသည်မှာ အသက် ရာချီနေသော အပျိုကြီး တစ်ယောက်နှင့် တူသည်။

ကျန်းမန်က ရမ်းသန်းပြီး ခန့်မှန်းနေခြင်း မဟုတ်ပေ၊ နတ်သမီးလေး၏ နောက်ခံက သာမန် မဟုတ်သလို အစွမ်းအစကလည်း အလွန် မြင့်မားလှသည်။

ထိုသို့သော အမျိုးသမီးများက များသောအားဖြင့် အသက် အရမ်း ကြီးတတ်ကြသည်။

သူလို ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပင် တစ်နှစ်လောက် အချိန်ယူပြီးမှ ချီသန့်စင်ခြင်း အဆင့်ကိုး ကို ရောက်ခဲ့တာလေ။

ဒီ နတ်သမီးလေး ရဲ့ အဆင့်ကို ရောက်ဖို့ဆိုရင် အချိန်တွေ အများကြီး လိုအပ်ဦးမှာ။

သူတောင် ဒီလိုဆိုရင် သူမ ကကော။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီ နတ်သမီးလေး က အနည်းဆုံး အသက် ရာချီ ရှိနေပြီ ဆိုတာကို သေချာပေါက် ပြောနိုင်တယ်။

သူမက ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တယ် ဆိုတာကိုတော့ ကျန်းမန် လုံးဝ မယုံဘူး။

ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား ကို သူမက သူ့ကို လက်ဆင့်ကမ်း ပေးခဲ့တာလေ။

ဒါက သူမ မိသားစုရဲ့ အမွေအနှစ်ပဲ။

သူမက အမွေအနှစ်ကို မလိုချင်လို့ သူ့ကို ပေးလိုက်တာများလား။

တစ်ခဏအတွင်းမှာပင် ကျန်းမန်က အနည်းငယ် ယုံကြည်မှု ရှိလာသည်ဟု ခံစားလိုက်ရသည်။

သူ့ကို အချိန်နည်းနည်းလေး ပေးလိုက်ရင် သူမထက် သေချာပေါက် ပိုအစွမ်းထက်လာမှာ။

"ယောက်ျား ဘာလို့ မတ်တပ်ရပ်နေတာလဲ"

တစ်ဖက်လူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

သူမက တောက်ပသော မျက်လုံးများဖြင့် ကျန်းမန်ကို ကြည့်နေပြီး အချစ်တွေက ရေလို စီးဆင်းနေသကဲ့သို့ပင်။

ကျန်းမန်က အလိုအလျောက် နောက်ဆုတ်ချင်သွားသည်။

ဒီလေသံက သူ့ကို အနည်းငယ် စိုးရိမ်လာစေသည်။

တစ်ဖက်လူက ရုတ်တရက် တိုက်ခိုက်လာမှာကို ကြောက်နေမိလေသည်။

အရင်တုန်းက နွားဝါကြီးက အခုရောက်လာတာ သူမရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် သူမက အစွမ်းတွေ သယ်လာသလား၊ မသယ်လာဘူးလား ဆိုတာကိုတော့ မပြောခဲ့ဘူးလေ။

အခုလည်း အပြင်ထွက်ပြီး မေးလို့ မရသေးဘူး။

စိတ်ကို တည်ငြိမ်အောင် ထားပြီး ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်သည်။

"နတ်သမီးလေး ကျွန်တော်တို့ ကြားမှာ အထင်လွဲမှုလေးတွေ ရှိနေပါတယ် အဲဒီတုန်းက အရမ်း ကမန်းကတန်း နိုင်သွားတော့ ကျွန်တော် ရှင်းပြဖို့ အချိန် မရလိုက်ဘူး"

ထိုစကားကို ကြားသော် နတ်သမီးလေးက ခေါင်းကို အနည်းငယ် မော့လိုက်ရာ ဖြူဖွေးသော လည်ပင်းလေး ပေါ်လာပြီး မေးလိုက်သည်။

"ယောက်ျားက ဘာကို ရှင်းပြချင်တာလဲ"

တစ်ဖက်လူ၏ အလှအပက လောကတွင် ရှားပါးလွန်းကြောင်း ကျန်းမန် ဝန်ခံရမည် ဖြစ်သော်လည်း ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အနေဖြင့် သူမ၏ ဆွဲဆောင်မှု နောက်သို့ လိုက်ပါသွားမည် မဟုတ်ပေ။

သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"အဲဒီတုန်းက ကျွန်တော် သတိလစ်နေတာပါ လောကွတ်လည်း မသိခဲ့ဘူး ဒါကြောင့် နတ်သမီးလေး ကို စော်ကားမိသွားတယ် ဒါပေမယ့် ကံကောင်းတာက ဘယ်သူမှလည်း မသိဘူး ပြီးတော့ ဘာမှ မသင့်တော်တာတွေလည်း မဖြစ်ခဲ့ပါဘူး"

မဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်လို့ ရတယ်၊ ဒါမှမဟုတ် ကွာရှင်းလိုက်လို့လည်း ရတယ်လို့ ကျန်းမန် တွေးလိုက်မိတယ်။

နတ်သမီးလေးက နေရာကို အနည်းငယ် ရွှေ့လိုက်ပြီး ကျန်းမန် ဘက်သို့ တိုးကပ်လာကာ မေးလိုက်သည်။

"ယောက်ျားက ကျွန်မကို အရင်ကနဲ့ ဘာကွာသွားလဲ ဆိုတာ သတိထားမိလား"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"မျက်ခုံးကြားမှာ ပန်းပွင့်လေး တစ်ခု ပိုလာတာလား"

တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်လေး အတွင်းမှာ တစ်ဖက်လူရဲ့ ရုပ်ရည်က သေချာပေါက် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ဝတ်စားဆင်ယင်ပုံ ကလွဲရင် မျက်ခုံးကြားက ပန်းပွင့်လေးပဲ ပိုလာတာလေ။

အရင်တုန်းက တကယ် မရှိခဲ့ဘူး။

နတ်သမီးလေးက မျက်ခုံးကြားက ပန်းပွင့်လေးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"ဒါဆို ယောက်ျား က ဒါက ဘာလဲ ဆိုတာ သိလား"

ကျန်းမန် နားမလည်သော်လည်း ရမ်းသန်း မခန့်မှန်းခဲ့ပေ။

တကယ်လို့ သာမန် အလှဆင်တာလေး ဆိုရင် တစ်ဖက်လူက မေးနေမှာ မဟုတ်ဘူးလေ။

နတ်သမီးလေးက ကျန်းမန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ယောက်ျားက သစ္စာစောင့်သိမှု အမှတ်အသား ဆိုတာကို ကြားဖူးလား"

ကျန်းမန် အံ့ဩသွားသည်။

"ဒါက"

ဒီလိုအရာမျိုးကို ကျန်းမန် သေချာပေါက် ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။

နတ်သမီးလေးက ခေါင်းကို အနည်းငယ် ညိတ်ပြကာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"မင်္ဂလာ မဆောင်ခင်တုန်းက ကျွန်မရဲ့ လက်မောင်းပေါ်မှာ ရှိတာ မင်္ဂလာဆောင်ပြီးတော့ မျက်ခုံးကြားကို ရောက်သွားတာ"

ကျန်းမန် အံ့ဩသွားသည်၊ နေရာ ရွှေ့လို့ ရသေးတာလား။

"ဒါဆို ယောက်ျား က ဒါကို အထင်လွဲတာပါ ဘယ်သူမှ မသိပါဘူးလို့ ပြောနိုင်သေးလား"

နတ်သမီးလေးက သက်ပြင်းချကာ ညင်သာစွာ ပြောလိုက်သည်။

"ကျွန်မမှာ ယောက်ျား ရှိနေပြီ ဆိုတာကို လူတိုင်း သိကြတယ် ဒါပေမယ့် ယောက်ျား နဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေး တစ်ခါမှ မရှိခဲ့ဘူး ကျွန်မက အစောကြီး ကတည်းက သူတို့ ထမင်းစားပြီးရင် ပြောစရာ စကားဝိုင်း၊ လှောင်ပြောင်စရာ အရာတစ်ခု ဖြစ်နေခဲ့ပြီ"

ကျန်းမန် ပါးစပ်ဟသွားသော်လည်း တစ်ခဏမျှ စကားပြော၍ မထွက်ခဲ့ချေ။

"ကျွန်မက ယောက်ျား ရဲ့ နာမည်ကိုတောင် မသိဘူး"

နတ်သမီးလေးက သနားစရာ ကောင်းသော မျက်လုံးများဖြင့် ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"ယောက်ျားက နာမည် ဘယ်လိုခေါ်လဲ ဆိုတာကို ပြောပြလို့ ရမလား"

တစ်ဖက်လူ၏ သံယောဇဉ်ကို ခံစားရပြီး သူမ၏ အခြေအနေကို ကိုယ်ချင်းစာမိသဖြင့် ကျန်းမန်က အလိုအလျောက် မိမိ၏ နာမည်ကို ပြောပြရန် ပြင်လိုက်သည်။

သို့သော် တစ်ခဏအတွင်းမှာပင် သူ သတိဝင်လာခဲ့သည်။

သူက ယွင်ချန်ဌာနခွဲ မှာ ရှိနေတာ၊ မကြာခင် ဂိုဏ်းထဲကို ဝင်ရတော့မှာလေ။

ပြီးတော့ တစ်ဖက်လူကလည်း အင်မော်တယ် ဂိုဏ်းက လူ ဖြစ်နိုင်ခြေ ရှိတယ်။

အဲဒီအချိန်ကျရင် နာမည်ကနေ တစ်ဆင့် သူ့ရဲ့ နေရာကို တိုက်ရိုက် သိသွားနိုင်တယ် မဟုတ်ဘူးလား။

အ လိုလို န လိုလို ဖြစ်နေတုန်းက သူမကို ယုံမိခဲ့တယ်၊ အခု မ အ တော့တဲ့ အချိန်မှာတောင် သူမရဲ့ အကွက်ထဲကို ဝင်သွားလုနီးပါး ဖြစ်သွားသေးတယ်။

တစ်ခဏအတွင်းမှာပင် သူက အ လိုလို န လိုလို ဖြစ်ခဲ့သည့် မိမိကိုယ်ကိုယ် အပြစ်မတင်တော့ချေ။

တစ်ဖက်လူ၏ နည်းလမ်းများက သာမန် မဟုတ်ခြင်းကိုသာ အပြစ်တင်ရတော့မည်။

"နောက်တစ်ခုက ယောက်ျား လည်း ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား အကြောင်းကို သိမှာပေါ့နော်"

ကျန်းမန် ပြန်မဖြေသည်ကို မြင်သောအခါ နတ်သမီးလေးက ထပ်မမေးတော့ဘဲ ကံကြမ္မာဇယား အကြောင်းကို စပြောလိုက်သည်။

ကျန်းမန် ခေါင်းညိတ်ပြလိုက်သည်။

နတ်သမီးလေးက ဆက်ပြောလိုက်သည်။

"ကံကြမ္မာဇယား က ကျွန်မတို့ မိသားစုရဲ့ အမွေအနှစ်ပါ မိသားစုထဲက ကလေးတွေ အပေါ်မှာ ကျပန်း ပေါ်လာတတ်တယ် တကယ်လို့ ယောကျ်ားလေး အပေါ်မှာ ဆိုရင်တော့ တိုက်ရိုက် ဖွင့်လှစ်ပြီး အမွေဆက်ခံရတယ် တကယ်လို့ မိန်းကလေး အပေါ်မှာ ဆိုရင်တော့ ငြိမ်သက်နေလိမ့်မယ်၊ မင်္ဂလာဆောင်ပြီး ယောက်ျားဆီကို ကူးပြောင်းသွားတဲ့ အချိန်ကျမှ ယောက်ျား က အမွေဆက်ခံရတာ"

ပြောရင်းနှင့် နတ်သမီးလေးက ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"ယောက်ျားက ခံစားဖူးတယ် မဟုတ်လား"

ကျန်းမန် ခေါင်းညိတ်ပြလိုက်သည်၊ ခံစားဖူးရုံတင် မကဘူး ကံကြမ္မာဇယား ရဲ့ နောက်ခံ သမိုင်းကြောင်းကိုပါ အကြမ်းဖျင်း သိထားတာလေ။

ကံကြမ္မာဇယား ကို ပိုင်ဆိုင်ထားတဲ့ လူတိုင်းက အဆုံးသတ် မလှဘူး ဆိုတာကိုလည်း ပိုသိသေးတယ်။

"ဒါဆိုရင် ယောက်ျားလည်း နားလည်သင့်တယ် အရှေ့မှာ လျှောက်လာနိုင်ခဲ့ရင်တောင် အနောက်မှာတော့ လျှောက်ရတာ အရမ်း ခက်ခဲလိမ့်မယ် ဆိုတာကို"

နတ်သမီးလေးက ကျန်းမန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ယောက်ျား ရဲ့ အချိန်တွေက တကယ်တော့ သိပ်မကျန်တော့ဘူး ဒီလိုမှတော့ ကျွန်မတို့ လင်မယား နှစ်ယောက် ဘာလို့ သာသာယာယာ နေလို့ မရရမှာလဲ"

ကျန်းမန် တိတ်ဆိတ်သွားသည်။

တစ်ဖက်လူ ပြောသည်မှာ တကယ်ကို ယုတ္တိရှိပေသည်။

သို့သော် ခုနက သတိပြန်ဝင်လာပြီး သော့ကို ယူလိုက်သည့် မြင်ကွင်းက ရှေ့ရှိ လူကို သတိထားရန် အလိုအလျောက် သတိပေးနေသည်။

လက်ရှိ အခြေအနေအရ သေချာသည်မှာ သူမက နူးညံ့သိမ်မွေ့ ဟန်ဆောင်နိုင်သည် ဆိုခြင်းပင်။

အေးစက်နေတဲ့ အကြည့်ကမှ အစစ်အမှန်ပဲ။

"ယောက်ျား က ကျွန်မကို အထင်လွဲနေတာပါ ဒါပေမယ့် ကျွန်မတို့ မိသားစုက ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား အကြောင်းကို ပိုသိပါတယ် ယောက်ျားကိုလည်း ပိုကောင်းကောင်း ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ပါတယ်"

နတ်သမီးလေးက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

ကျန်းမန် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"နတ်သမီးလေး ဘာလို့ ဒီလိုတွေ လုပ်နေမှာလဲ ကျွန်တော်က ကျွန်တော် ဘယ်မှာ ရှိနေလဲ ဆိုတာကိုလည်း ပြောပြမှာ မဟုတ်ဘူး၊ နာမည်ကိုလည်း ပြောပြမှာ မဟုတ်ဘူး ဒါကြောင့် နတ်သမီးလေး က ကျွန်တော်နဲ့ ပုံမှန် အတိုင်းပဲ စကားပြောလို့ ရပါတယ်"

"နောက်တစ်ခုက ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား က ဒီလောက် အန္တရာယ် များနေမှတော့ နတ်သမီးလေး အနေနဲ့ ကျွန်တော်က ကံကြမ္မာဇယား အောက်မှာ သေသွားပြီလို့ သဘောထားလိုက်လို့ ရတာပဲလေ"

"အဲဒီလိုဆိုရင် မင်းလည်း လွတ်လပ်သွားပြီ မဟုတ်ဘူးလား"

နတ်သမီးလေးက ခေါင်းကို အနည်းငယ် ယမ်းပြပြီး ညင်သာစွာ ရှင်းပြလိုက်သည်။

"ကံကြမ္မာဇယားက ကျွန်မတို့ မိသားစု ကနေ လာတာပါ ယောက်ျား အတွက်တော့ မတရားပါဘူး ရတဲ့သူတိုင်းက မတော်တဆမှု နဲ့ သေဆုံးရတာချည်းပဲ"

"ယောက်ျား ရဲ့ အနာဂတ်ကလည်း ဒီလိုပဲ ဖြစ်လာဖို့ များတယ်"

"ဒါကြောင့် အဲဒီအတွက် ကျွန်မကလည်း ယောက်ျား အတွက် မုဆိုးမ လုပ်ပေးရလိမ့်မယ်"

"ဒါကလည်း ပြောင်းလဲလို့ မရပါဘူး"

"ကျွန်မ တစ်သက်လုံး ယောက်ျား တစ်ယောက်တည်း အတွက်ပဲ ပိုင်တယ်"

"ဒါဆိုရင်လည်း ကျွန်တော် ဘယ်မှာ ရှိနေလဲ ဆိုတာကို ပြောပြမှာ မဟုတ်ဘူး"

ကျန်းမန်က ပြန်ဖြေလိုက်သည်။

တစ်ဖက်လူ ပြောတာက အရမ်း နားထောင်လို့ ကောင်းလွန်းတယ်။

နောက်တစ်ခုက တစ်ဖက်လူရဲ့ အဓိပ္ပာယ်ကလည်း ရှင်းပါတယ်၊ ကွာရှင်းဖို့ ဆိုတာ မရှိဘူး၊ သေကွဲ ကွဲတာနဲ့ မုဆိုးမ လုပ်တာပဲ ရှိတယ်။

"တစ်နေ့ကျရင် ယောက်ျားက ကျွန်မကို ယုံကြည်လာမှာပါ တကယ်လို့ အဲဒီနေ့ကို မစောင့်နိုင်ဘူး ဆိုရင်လည်း ကျွန်မက ယောက်ျား အတွက် အလောင်း လာကောက်ပေးပါ့မယ်"

ခဏရပ်ပြီးနောက် နတ်သမီးလေးက ဆက်ပြောလိုက်သည်။

"နောက်ပြီးတော့ ယောက်ျား မွေးထားတဲ့ မိစ္ဆာနတ်ဘုရားကိုလည်း ယောက်ျား နဲ့ အတူ အသေခံခိုင်းမယ်"

"ဒါပေမယ့် သူက ကျွန်မကို တကယ် စော်ကားခဲ့တာ ဆိုတော့ နောက်ပိုင်း ကျွန်မ သူ့ကို သေချာပေါက် တိုက်ခိုက်ဦးမှာ"

"ယောက်ျားက ကျွန်မကို အငြိုးကြီးတယ်လို့ မထင်ဘူး မဟုတ်လား"

ပြောရင်းနှင့် နတ်သမီးလေးက ကျန်းမန်ကို ကြည့်ကာ သူ၏ အဖြေကို စောင့်နေသည့် ပုံစံမျိုး ရှိနေသည်။

ကျန်းမန် တစ်ခဏမျှ ဘယ်လို ဖြေရမှန်း မသိဖြစ်သွားသည်။

ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက တစ်ဖက်လူက ရေကောင်းကောင်း ချိုးနေတုန်း အတင်းအကျပ် မင်္ဂလာဆောင်ခိုင်းခံရတာလေ။

ဒါက နွားဝါကြီး ရဲ့ လက်ချက် ဆိုတာ သေချာပါတယ်။

ဒီလောက် စော်ကားခံရတာကို တစ်ဖက်လူက လက်စားချေချင်တာက ယုတ္တိရှိပါတယ်။

"ကြည့်ရတာ ယောက်ျား က ကျွန်မဘက်မှာ ရှိနေတုန်းပဲ"

နတ်သမီးလေးက ညင်သာစွာ ပြောလိုက်သည်။

စကားဆုံးသွားသည်နှင့် နတ်သမီးလေးက တိတ်ဆိတ်စွာ ထိုင်နေပြီး ထပ်မံ စကားမပြောတော့ပေ။

ကျန်းမန်ကတော့ ဘေးတွင် မတ်တပ်ရပ်နေပြီး တစ်ဖက်လူ ဘယ်အချိန် ထွက်သွားမလဲ ဆိုတာကိုလည်း မသေချာပေ။

သို့သော် အခြားအရာများကိုလည်း မလုပ်ရဲချေ။

တကယ်လို့ တစ်ဖက်လူကို သွားရန်စမိရင် မတန်ဘူးလေ။

လရောင်က ပြတင်းပေါက်မှ ဖြတ်ကာ နတ်သမီးလေး အပေါ်သို့ ကျရောက်နေပြီး တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။

လရောင်အောက်မှာ ရေချိုးနေတဲ့ ရတနာ တစ်ခုလိုပါပဲ။

ညက အလွန် ရှည်လျားလှသည်။

ကျန်းမန်က နတ်သမီးလေး လရောင်ကို ကြည့်ကာ ငေးမောနေသည်ကို တွေ့လိုက်ရသည်၊ ဘာတွေ စဉ်းစားနေလဲ ဆိုတာကိုတော့ မသိပေ။

မိုးလင်းခါနီး အချိန်ကျမှသာ သူမက သတိပြန်ဝင်လာပြီး ကျန်းမန်ကို လှည့်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ ယောက်ျား ဒါက ယောက်ျား နဲ့ အတူတူ ဖြတ်သန်းတဲ့ ပထမဆုံး ညပဲ ကျွန်မ မှတ်ထားပါ့မယ်"

တစ်ဖက်လူက တစ်ညလုံး အပြင်မှာ ရပ်ခိုင်းထားတာကို အငြိုးထားနေတယ်လို့ ကျန်းမန် ခံစားလိုက်ရတယ်။

"ကျွန်မရဲ့ အစွမ်းတွေက ပုံရိပ်ကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး ပြန်ရတော့မယ် ဒါပေမယ့် မကြာခင် ပြန်လာခဲ့ပါ့မယ်"

နတ်သမီးလေးက ကျန်းမန်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ယောက်ျားလည်း ကျွန်မ နာမည် ဘယ်လိုခေါ်လဲ ဆိုတာကို မသိဘူး မဟုတ်လား"

ပြောရင်းနှင့် သူမက မတ်တပ်ရပ်ကာ ပြတင်းပေါက်နားရှိ စားပွဲဆီသို့ လျှောက်သွားပြီး လက်ကို အနည်းငယ် မြှောက်ကာ သွယ်လျသော လက်ချောင်းလေးများဖြင့် စားပွဲပေါ်တွင် ဖွဖွလေး ရေးခြစ်လိုက်သည်။

ထို့နောက်မှ လက်ကို ပြန်ရုပ်လိုက်ပြီး ကျန်းမန်ကို အနည်းငယ် အရိုအသေပေးလိုက်သည်။

"ယောက်ျား ကျွန်မ အရင် ပြန်တော့မယ်"

စကားဆုံးသွားသည်နှင့် တစ်ဖက်လူက ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

အလင်းလုံးလေး တစ်ခု ပွင့်ထွက်သွားသလိုပါပဲ။

အရင်က အသံပို့တဲ့ အလင်းလုံးလေး လိုမျိုးပေါ့။

ကျန်းမန်က ခဏစောင့်ကြည့်ပြီးနောက် တစ်ဖက်လူ တကယ် မရှိတော့ဘူး ဆိုတာ သေချာမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

ထို့နောက် အပြင်ဘက်တွင် နီရဲသော နေမင်းကြီး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအခါမှ ကျန်းမန်က ပြတင်းပေါက်နားရှိ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

တစ်ဖက်လူက ဘာတွေ ချန်ထားခဲ့လဲ ဆိုတာကို အတော်လေး သိချင်နေမိတယ်။

နေရောင် ကျရောက်လာသည်နှင့်အမျှ စားပွဲပေါ်ရှိ အရာများက ထင်ရှားလာခဲ့သည်။

အပေါ်တွင် စာလုံး သုံးလုံးကို ထင်ထင်ရှားရှား ရေးထားသည်။

မုန့်ချဲ့ဝေ့

"သူမရဲ့ နာမည်လား"

ကျန်းမန် အနည်းငယ် စဉ်းစားပြီး မုန့် ဆိုသည့် မျိုးရိုး ရှိမရှိ သိချင်သွားသည်။

ရှိတော့ ရှိသင့်ပါတယ်။

ဒါဆို မုန့် မျိုးရိုး ရှိတဲ့ မိသားစုကြီးတွေ ရှိလား။

"မရှိဘူး"

နွားဝါကြီးက တည်ငြိမ်စွာ ဖြေလိုက်သည်။

"အနည်းဆုံးတော့ အင်မော်တယ် ဂိုဏ်း တွေထဲမှာ မုန့် မျိုးရိုး ရှိတဲ့ မိသားစုကြီးတွေ ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး"

ကျန်းမန် အနည်းငယ် နှမြောသွားသည်၊ အကယ်၍ သူမ၏ မိသားစုကို သိပါက ရှောင်ရှားရန် နည်းလမ်း ရှာနိုင်မည် ဖြစ်သည်။

"တစ်ညလုံး နေတာတောင် မင်း သူ့ကို မကိုင်ဘူးလား"

နွားဝါကြီးက မေးလိုက်သည်။

ကျန်းမန် ခေါင်းခါပြလိုက်သည်။

"မကြိုက်လို့လား"

နွားဝါကြီးက မေးလိုက်သည်။

ကျန်းမန် ခေါင်းညိတ်လိုက်သည်။

"အင်း ငါ မကြိုက်ဘူး"

နွားဝါကြီးက ကျန်းမန်ကို ကြည့်ကာ ခဏတာ တိတ်ဆိတ်သွားသည်။

ထို့နောက် မြက်ဆက်စားနေလိုက်သည်။

ထို့နောက် ကျန်းမန်က မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

ဥပမာ သစ္စာစောင့်သိမှု အမှတ်အသား အကြောင်း၊ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား အကြောင်း နှင့် နောက်ဆုံးတွင် တစ်ဖက်လူ၏ သဘောထား အကြောင်းများ ဖြစ်သည်။

"သစ္စာစောင့်သိမှု အမှတ်အသား က ဒီအဆင့်ထိ လုပ်လို့ ရတာ မှန်ပေမယ့် ဒီလို အခြေအနေက အရမ်း ထူးခြားလွန်းတယ် အင်မော်တယ် ဂိုဏ်း တွေနဲ့ အဆက်အသွယ် ရရင် တစ်ဖက်လူရဲ့ မိသားစုကို အလွယ်တကူ သိနိုင်မှာပါ"

နွားဝါကြီးက ပြောပြလိုက်သည်။

ခဏရပ်ပြီးနောက် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား အကြောင်းကို ဆက်ပြောလိုက်သည်။

"တစ်ဖက်လူ ပြောတာလည်း ယုတ္တိရှိပါတယ် တကယ်လို့ သူမက မင်းနဲ့ အတူတူ သာသာယာယာ နေချင်တာလည်း ဖြစ်နိုင်တာပဲ"

သာသာယာယာ နေချင်တာလား။

ကျန်းမန်က မိမိ၏ အခြေအနေကို ပြန်တွေးကြည့်လိုက်သည်။

အရင် စကားအတိုင်းပါပဲ၊ ထမင်းတောင် ဝအောင် မစားနိုင်တဲ့ နေ့ရက်တွေမှာ၊ တစ်ဖက်လူက ကိုယ်နဲ့ အတူတူ သာသာယာယာ နေနိုင်မယ်လို့ ဘယ်က ယုံကြည်မှုနဲ့ တွေးရမှာလဲ။

ကိုယ့်အသက်ကို လိုချင်တာ မဟုတ်ရင်တောင် ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို လိုချင်တာပဲ ဖြစ်ရမယ်။

မိသားစုကြီးတွေရဲ့ အကျိုးစီးပွားက ကိုယ့်သဘောကျ လုပ်လို့ ရတာမှ မဟုတ်တာ။

ဆက်ပြီးတော့ပဲ တိုးတက်အောင် လုပ်ရဦးမယ်။

အချိန်သာ ပေး၊ နတ်သမီးလေး လည်း ငါ့ရဲ့ လက်အောက်ခံ ဖြစ်သွားမှာပဲ။

ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား၊ ဒီလို ကံကြမ္မာဇယား ကို ပိုင်ဆိုင်ထားတဲ့သူက မိသားစု တစ်ခုရဲ့ ခြယ်လှယ်မှုကို ခံရမှာလား။

အရင် လူတွေ အကုန်လုံးကလည်း ဒီလိုပဲ ဖြစ်ခဲ့တယ် ဆိုရင်၊ အဆုံးသတ် မလှတာကလည်း သဘာဝကျတာပဲလေ။

ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာရင်တော့ ချုပ်နှောင်မှု အားလုံးကို ဖောက်ထွက်ရမှာပေါ့။

သူ လျှောက်လာတဲ့ လမ်းတစ်လျှောက်လုံးလည်း ဒီလိုချည်းပါပဲ။

နွေးထွေးတဲ့ အိမ်လေးထဲမှာ ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုတာ မရှိဘူး။

"ဆင်းရဲမှ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နိုင်တာလား"

နွားဝါကြီးက ရုတ်တရက် မေးလိုက်သည်။

ကျန်းမန် ပခုံးတွန့်လိုက်ပြီး ခြံဝင်းငယ်ဆီသို့ လျှောက်သွားလိုက်သည်။

သူက အခုအချိန်လေးပဲ နည်းနည်း ဆင်းရဲနေတာပါ။

ခဏပါပဲ။

ဒီနေ့ ဇူလိုင်လ တစ်ရက်နေ့။

အနားယူတဲ့ရက်တွေ ပြီးလို့ ပထမဆုံး စာသင်ရမယ့် နေ့ပဲ၊ ဆရာကျောက် ဆီ သွားပြီး ယွင်ချန်ဌာနခွဲ ပထမ အနေနဲ့ တခြား ဆုလာဘ်တွေ ရှိမရှိ မေးကြည့်ရမယ်။

အကြွေး အရင် ဆပ်ရမယ်။

ပြီးတော့ နောက်ပိုင်း တိုးတက်ဖို့ အတွက်လည်း ဝိညာဉ်ကျောက်တုံး လိုအပ်သေးတယ်လေ။

မြန်မြန် နည်းလမ်းရှာမှ ရမယ်။

ဆက်ချေးလို့ မရတော့ဘူး၊ နောက်ပိုင်း ဒီမှာနေပြီး ဝိညာဉ်ကျောက်တုံး ဖြည်းဖြည်းချင်း ပြန်ဆပ်ဖို့ အချိန် မရှိတော့ဘူး။

ကျေးဇူးကြွေးကိုလည်း တင်ထားလို့ မရဘူး၊ ထွက်သွားတာနဲ့ ကြိုးစား ကျင့်ကြံနေတဲ့ သူက ဒီအကြွေးတွေကို မေ့သွားမှာကို စိုးရိမ်ရတယ်။

အဆက်မပြတ် ရှေ့ကို ဆက်သွားနေရင် နောက်က ကိစ္စတွေကို အလိုအလျောက် မေ့သွားတတ်တယ်လေ။

ချန်ချီဝမ် လိုမျိုးပေါ့၊ သူက ဂိုဏ်းထဲတောင် သွားလို့ မရဘူး၊ ကိုယ် ထွက်သွားရင် သူက ဘယ်သူ့ဆီကနေ ဝိညာဉ်ကျောက်တုံး သွားတောင်းရမှာလဲ။

ကိုယ် ပြန်လာမယ့် အချိန်ကို စောင့်ရမှာလား။

ဒီဘဝမှာ ပြန်တွေ့ဖြစ်မလား ဆိုတာတောင် မသေချာဘူးလေ။

————

ယွင်ချန်ဌာနခွဲ ဂိတ်တံခါးဝ။

ချန်ယွီက လော်ရွှမ်ကို မြင်သောအခါ အမြန် လိုက်သွားပြီး ပြောလိုက်သည်။

"လော် သခင်မလေးကလည်း ဒီလောက် စောတာပဲလား"

လော်ရွှမ်က ခေါင်းလှည့်ကာ ချန်ယွီကို ကြည့်ပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။

"အပြင်ထွက်ပြီး လမ်းလျှောက်နေရင်းနဲ့ စောသွားတာပါ"

ခဏရပ်ပြီးနောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နင်က ဘာလို့ ဒီလောက် စောနေတာလဲ ပုံမှန် စာသင်ချိန် ရောက်ဖို့ အများကြီး လိုသေးတယ်လေ"

"ဉာဏ်များဖို့ နည်းလမ်း ရှာမလို့လေ ကျန်တဲ့ နှစ်လ အချိန်လေး အတွင်းမှာ တစ်ခုခု မလုပ်ရင် ထွက်ပေါက် မရှိတော့ဘူး"

ချန်ယွီက ပြုံး၍ ပြောလိုက်သည်။

ခဏရပ်ပြီးနောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အိမ်ပါသမက် ရှာတာ မအောင်မြင်ဘူး မဟုတ်လား"

လက်ရှိ အခြေအနေအရ လော် မိသားစု အတွက် အသင့်တော်ဆုံး အိမ်ပါသမက် က ကျန်းမန် ပင် ဖြစ်သည်။

သို့သော် ကျန်းမန်က ယွင်ချန်ဌာနခွဲ ပထမ ဖြစ်သွားပြီဖြစ်ရာ အိမ်ပါသမက် ရှာ၍ မရနိုင်တော့ပေ။

တစ်ဖက်လူက ဒဏ္ဍာရီဆန်တဲ့ အရောင်အသွေးတွေ ရှိနေတာ၊ ဒီလို လူမျိုးက များသောအားဖြင့် သူများ လက်အောက်မှာ မနေတတ်ဘူး။

အိမ်ပါသမက် ဖြစ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

သမီး ပေးစားရင်တော့ တစ်မျိုးပေါ့။

"အင်း စေ့စပ်လိုက်ပြီ ထင်တယ်"

လော်ရွှမ် အတန်ကြာ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ထပ်မေးလိုက်သည်။

"နင်ကော"

ချန်ယွီက ကောင်းကင်ကို အနည်းငယ် မော့ကြည့်ကာ ပြောလိုက်သည်။

"ငါ့လို ဉာဏ်များတဲ့သူက နင့်ထက် ထွက်ပေါက် ပိုများမှာ သေချာတာပေါ့"

လော်ရွှမ်က တစ်ဖက်လူကို အနည်းငယ် ထူးဆန်းသလို ကြည့်လိုက်သည်၊ ခန္ဓာကိုယ် လှုပ်ရှားမှုတွေက သိပ်မညီညာသလိုပဲ၊ အဲဒီအထဲက အားနည်းချက်ကိုလည်း တစ်ချက်ကြည့်ရုံနဲ့ သိသာနေတယ်။

အလိုအလျောက် သူမက တစ်ဖက်လူ၏ ခါးကို ဖွဖွလေး သွားထိလိုက်မိသည်။

ရှီး

ချန်ယွီက ခါးကို ကိုင်ကာ လေပူ တစ်ချက် မှုတ်ထုတ်လိုက်ပြီး အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ပြောလိုက်သည်။

"လော် သခင်မလေး ကလည်း လူကို ခိုးတိုက်တယ်ပေါ့"

"သိချင်ရုံလေးပါ"

ခဏရပ်ပြီးနောက် လော်ရွှမ်က မေးလိုက်သည်။

"နင် ဒဏ်ရာရထားတာလား"

ချန်ယွီက ခါးကို ပွတ်သပ်ရင်း ညင်သာစွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က စားပွဲထောင့်နဲ့ တိုက်မိတာ ကျင့်ကြံတာကနေ ဖြစ်လာတဲ့ ပြဿနာတွေချည်းပဲလေ"

ကျင့်ကြံတဲ့ အချိန်က အလွယ်တကူ ဒဏ်ရာရတတ်ဆုံး ဆိုတော့ လော်ရွှမ်လည်း အများကြီး ဆက်မတွေးတော့ပါဘူး။

ထို့နောက် အခြားအရာများကို မေးလိုက်သည်။

"နင့် မိဘတွေက နင့်ကို စီစဉ်မပေးဘူးလား"

"မပေးဘူး"

ချန်ယွီက ခေါင်းခါပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က လာပြီး အခြေအနေ အကြမ်းဖျင်း လာမေးတယ်၊ အတော်လေး လွတ်လပ်ပါတယ်"

လော်ရွှမ် ခေါင်းညိတ်လိုက်သည်၊ အကယ်၍ မိသားစုထဲမှာ အပြောင်းအလဲတွေ မရှိခဲ့ဘူး ဆိုရင် သူမလည်း နှိုင်းယှဉ်ကြည့်ရင် လွတ်လပ်တဲ့ သူတစ်ယောက်ပါပဲ။

အနည်းငယ် စဉ်းစားပြီးနောက် ချန်ယွီကို ကြည့်ကာ မေးလိုက်သည်။

"နင် ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"

"လူတစ်ယောက်ကို ရှာပြီး ငါ့ကို ဂိုဏ်း အနား ပို့ခိုင်းမလို့၊ ဒီနေရာကနေ ထွက်သွားပြီးမှ ဆက်စဉ်းစားတော့မယ်"

ချန်ယွီက ပြောလိုက်သည်။

"ဘယ်သူ့ကို ရှာမလို့ စဉ်းစားထားလဲ ကျန်းမန် လား"

လော်ရွှမ် ခဏရပ်ပြီးနောက် မေးလိုက်သည်။

"မဟုတ်ဘူး သူလို လူမျိုးက အရမ်း မြန်မြန် သွားလွန်းတယ် ငါက သူနဲ့ တစ်အဆင့်တည်းမှာ ရှိတဲ့သူ မဟုတ်ဘူးလေ ငါ တခြားလူ ပြောင်းရှာပြီး ငါ့ရဲ့ ဉာဏ်များမှုလေးတွေကို သုံးကြည့်ရမယ်"

ချန်ယွီက ပြုံး၍ ပြောလိုက်သည်။

"မရှုံးစေနဲ့နော်"

လော်ရွှမ်က သတိပေးလိုက်သည်။

"ဉာဏ်များတာကို မရန်စသင့်တဲ့ သူတွေဆီ သွားသုံးမှ အရှုံးပေါ်တာပါ ဥပမာ ကျန်းမန် ပေါ့၊ အရင်တုန်းက ငါ သူ့ကို အထင်သေးခဲ့မိတယ်၊ အခုတော့ မလုပ်ရဲတော့ဘူး တခြား အခြေအနေတွေမှာတော့ အကျိုးရှိပါတယ်"

ချန်ယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"နင်က ရှုံးသွားကတည်းက ဘာကိုမှ မလုတော့ဘူး၊ မပြိုင်တော့ဘူး စေ့စပ်တဲ့သူကသာ မကောင်းဘူး ဆိုရင် တစ်သက်လုံး ဆင်းရဲရတော့မှာ"

လော်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"နင့်ခါးကိုပဲ နင် ဂရုစိုက်ပါဦး ခန္ဓာကိုယ် လှုပ်ရှားမှုတွေတောင် မညီညာတော့ဘူး"

"နူးညံ့တဲ့ မိန်းကလေးတွေကမှ အသနားခံရလွယ်တာလေ"

ချန်ယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

လော်ရွှမ် မျက်လွှာချလိုက်သည်၊ ယခုအခါ သူမက ယွင်ချန်ဌာနခွဲ ၏ လမ်းမပေါ်တွင် လျှောက်နေသော်လည်း။

သူမ၏ အနာဂတ် လမ်းကြောင်းတွင် အလင်းရောင် မရှိတော့ဘဲ မီးခိုးရောင်သာ ကျန်ရှိတော့သည်။

ကွာဟချက်က အရမ်း ကြီးမားလွန်းတယ်၊ ဒါပေမယ့် အပြင်ကို ထုတ်ပြလို့ မရဘူး၊ သွားကြိတ်ပြီးတော့လည်း ဒီလမ်းကို အဆုံးထိ လျှောက်ရမှာပဲ။

မိသားစုက သူမကို ဒီလို လုပ်စေချင်တာကိုး။

သူမက ကိုယ့်ကိုယ်ကိုယ် သနားနေတုန်းမှာပဲ အဝေးက လူနှစ်ယောက် စကားပြောနေတာကို ရုတ်တရက် ကြားလိုက်ရတယ်။

"ဖက်တီးလေး မင်း ဘာလို့ အိမ်က စကားကို နားမထောင်ပြီး မိန်းမမယူတာလဲ"

"ငါက ဝတဲ့သူတွေကို မကြိုက်ဘူးလေ မင်းကော ကြိုက်လို့လား"

"ငါ မကြိုက်ဘူး ဒါဆို မင်းက ဘာလို့ ပိန်တဲ့သူကို မရှာတာလဲ"

"ငါလည်း ရှာချင်တာပေါ့ ဒါပေမယ့် ငါ့အဖေက သဘောမတူဘူးလေ ပြီးတော့ တစ်ဖက်လူက အဲဒီလောက် တောင့်တင်းနေတာ၊ တကယ်လို့ ငါက သူ့ကို မနိုင်ရင် ဘယ်လိုလုပ် မယားငယ်တွေ ယူလို့ ရတော့မှာလဲ မင်းကော မယားငယ်တွေ မယူချင်ဘူးလား"

"ငါ လိုချင်တာပေါ့ ဒါပေမယ့် ငါ့မှာ ပိုက်ဆံ မရှိဘူးလေ ငါ အရင်ဆုံး ကိုယ်ရံတော် အလုပ်လေး တစ်ခု ရှာမှ ဖြစ်မယ်"

"မင်းက ဘာလို့ ကိုယ်ရံတော် အလုပ်ကိုချည်းပဲ လုပ်ချင်နေရတာလဲ တကယ်လို့ အလုပ်ရှင် မကောင်းတဲ့ သူနဲ့ သွားတွေ့ရင် မင်း ဒုက္ခရောက်မှာပေါ့"

"ကိုယ်ရံတော် လုပ်ရင် မြို့ထဲမှာ နေလို့ ရတယ်လေ ငါ့ မိသားစုတွေ ရွာထဲမှာ မျက်နှာပွင့်တာပေါ့ ဒါက အဆင့်အတန်း မြင့်သွားတာပဲလေ အဲဒီလောက်ထိတော့ အောက်တန်းမကျပါဘူး"

ခြံဝင်းငယ် တစ်ခုတည်းက လူနှစ်ယောက် ထွက်သွားတာကို ကြည့်ရင်း လော်ရွှမ်က ခေါင်းကို အနည်းငယ် ယမ်းလိုက်တယ်။

ကိုယ်ကလည်း လောဘကြီးတာပါပဲ။

မိသားစုက တကယ်တော့ သူမကို လုံလောက်တဲ့ ကောင်းမွန်တဲ့ ဘဝကို ပေးထားပြီးသားပါ။

"ဒီလူနှစ်ယောက်က နေ့တိုင်း ကိုယ်ရံတော် အကြောင်း မပြောရင် မိန်းမယူတဲ့ အကြောင်း ပြောနေကြတာပဲ"

ချန်ယွီက အဝေးကို ထွက်သွားတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ဆက်ပြောလိုက်တယ်။

"ပြီးတော့ ဟို ချန်ချီဝမ် ဆိုတဲ့ တစ်ယောက်လေ တစ်နေ့ကို အလုပ် ဘယ်နှစ်ခု လုပ်နေလဲ မသိဘူး ငါ့ကို အလုပ်လုပ်ပေးပြီးရင် ငါ့ကို နောက်ထပ် အလုပ်တစ်ခု ထပ်ရှာပေးဖို့ ပြောသေးတယ်"

လော်ရွှမ် "..."

အခန်း (၉၆) ကျွန်မ ကျွန်မရဲ့ ယောက်ျား ကို သတ်လိုက်မိပြီ

ယခုအခါ ကျန်းမန်က ယွင်ချန်ဌာနခွဲ ပထမ ဖြစ်သည်။

လူအများအပြားက သူ့ကို မသိကြသော်လည်း သိချင်နေကြသည်။

ထို့ကြောင့် ကျန်းမန် ဆဋ္ဌမမြောက် ခြံဝင်းငယ် သို့ သွားရာလမ်းတွင် ပတ်ဝန်းကျင်မှ လူများ သုံးငါးယောက် စုဖွဲ့ကာ တစ်ခုခုကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။

ကျန်းမန်ကို မြင်သည်နှင့် သူတို့က အကြည့်များကို ချက်ချင်း ပို့လွှတ်လိုက်ကြသည်။

သို့သော် ချက်ချင်း ပြန်ရုပ်သိမ်းသွားကြပြီး တိုက်ရိုက် မကြည့်ရဲကြပေ။

လမ်းတစ်လျှောက်လုံး ကျန်းမန်က ဤကဲ့သို့ ခံစားရင်း လျှောက်လာခဲ့ရသည်။

ဒီလူတွေက အချိန်တွေ အရမ်း ဖြုန်းနေကြတာပဲ၊ အချိန်တွေ အများကြီးကို ဒီလို စကားပြောနေတဲ့ နေရာမှာ သုံးနေကြတယ် ဟု သူ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားမိသည်။

ကျင့်ကြံတဲ့ နေရာမှာ သုံးရင် မကောင်းဘူးလား ဟု တွေးလိုက်မိသည်။

ဆဋ္ဌမမြောက် ခြံဝင်းငယ် အနီးသို့ ရောက်ချိန်တွင် ပတ်ဝန်းကျင်တွင် လူမရှိတော့ပေ။

သို့သော် ဖန်ယုံ က သူ့ကို လမ်းပိတ်ရပ်လိုက်သည်။

"သခင်လေးဖန် ကျွန်တော့်ကို လာရှာတာလား"

ကျန်းမန်က မေးလိုက်သည်။

ဖန်ယုံက ကျန်းမန်ကို ဝိညာဉ်ကျောက်တုံး အချို့ ပေးလိုက်ပြီး နောက်ဆုံးတွင် ခေါင်းငုံ့ကာ အနည်းငယ် အရိုအသေပေးပြီး ပြောလိုက်သည်။

"အရင်က စော်ကားမိတာတွေ ရှိရင် ခွင့်လွှတ်ပါ"

ကျန်းမန် အံ့ဩသွားပြီး ဝိညာဉ်ကျောက်တုံး များကို ကြည့်လိုက်သည်။

တစ်ထောင် လား။

ဒီလူကလည်း ချမ်းသာနိုင်တာပဲလား ဟု တွေးမိသည်။

အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်၊ ယုတ္တိအရဆိုလျှင် တစ်ဖက်လူက အဆင်းရဲဆုံး ဖြစ်သင့်သည် မဟုတ်ပါလား။

သို့သော် သေချာ ပြန်စဉ်းစားကြည့်ရာ သူက တစ်ဖက်လူကို သုံးထောင်ကျော် အကြွေးတင်နေသည် ဖြစ်ရာ တစ်ခဏအတွင်း ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။

ထိုအချိန်တွင် ဖန်ယုံက ဆက်ပြောလိုက်သည်။

"အရင်က ဆေးလုံးတွေလည်း ပြန်ဆပ်စရာ မလိုတော့ပါဘူး"

ထိုစကားကို ကြားသော် ကျန်းမန် အံ့ဩသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သခင်လေးဖန် ကလည်း ဘယ်လို စကားမျိုး ပြောလိုက်တာလဲ ရန်ငြိုးဆိုတာ ဖြေရှင်းဖို့ပဲ ကောင်းပါတယ် အရင်က ကိစ္စတွေကို ကျွန်တော် မေ့နေတာ ကြာပါပြီ"

ဝိညာဉ်ကျောက်တုံး ငါးထောင်နီးပါး၊ လီယွမ် ထက် အများကြီး ပိုပြီး ရက်ရောတာပဲ ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

လီယွမ် က အရမ်း ကပ်စေးနည်းတယ်။

ဒီလောက် ကပ်စေးနည်းတဲ့ သခင်လေး မျိုး တစ်ခါမှ မမြင်ဖူးဘူး။

ဖန်ယုံက လူနဲ့ တိုက်ခိုက်ရင် ပါရမီရှင် တွေရဲ့ အရှိန်အဝါမျိုး ထွက်ပေါ်လာနိုင်သလို တောင်းပန်ရင်လည်း သခင်လေး တစ်ယောက်ရဲ့ ရက်ရောမှုကို ပြသနိုင်တာပဲ။

ထို့နောက် ဖန်ယုံ ထွက်သွားတော့သည်။

ပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသွားသကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

ဒါပေမယ့် ပြောရမယ်ဆိုရင် ဖန်ယုံက ဘာတွေများ လုပ်ခဲ့လို့လဲ ဟု ကျန်းမန် တွေးမိသည်။

ပထမ ရပြီးနောက် ကျန်းမန်က အတိတ်ကို အထူးတလည် ပြန်မတွေးမိခဲ့ပေ၊ အနာဂတ် လမ်းခရီးက အရမ်း ရှည်လျားလွန်းသဖြင့် အတိတ်ကို ပြန်ကြည့်လေ့ သိပ်မရှိချေ။

ခြံဝင်းငယ်သို့ ရောက်ချိန်တွင် ဖက်တီးလေးက ချက်ချင်း ပြေးလာသည်။

"အစ်ကိုကျန်း သတင်းဆိုး နှစ်ခု ရှိတယ်"

ကျန်းမန် အံ့ဩသွားသည်၊ သတင်းဆိုး ဟုတ်လား။

မင်း မိသားစု အလုပ်ကို ဆက်ခံရတော့မှာနဲ့ မိန်းမယူပြီး မယားငယ်တွေ ထားရတော့မှာလား ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

ကျန်းမန် အများကြီး မတွေးရသေးမီ ဖက်တီးလေးက ချက်ချင်း ပြောလိုက်သည်။

"ကျွန်တော့် အဖေတို့ ပြောတာ ကြားတယ် အစ်ကိုကျန်း ရဲ့ ဝိညာဉ်စွမ်းအင် ဘာလို့ ဒီလောက် များနေလဲ ဆိုတာကို အဲဒီလူတွေ သိသွားကြပြီတဲ့"

ကျန်းမန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်၊ ဒီလောက်လေးပဲလား။

ဒါပေမယ့် သူတို့ ဘာအဖြေ ရသွားလဲ ဆိုတာကိုတော့ သူလည်း အတော်လေး သိချင်မိတယ်။

"သူတို့က အစ်ကိုကျန်း ရဲ့ အတိတ်ကို စုံစမ်းပြီး ကောက်ချက် တစ်ခု ချလိုက်တယ်"

ဖက်တီးလေးက လေးလေးနက်နက် ပြောလိုက်သည်။

"အစ်ကိုကျန်း က လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဘာမှ မလုပ်ဘဲ အမြဲတမ်း နောက်ဆုံး နေရာမှာ နေခဲ့တာက ကြိုတင် ကြံစည်ထားတာတဲ့"

"ဘာလို့လဲဆိုတော့ ဝိညာဉ်စွမ်းအင် များပြားဖို့ ဆိုရင် ပထမဆုံး အခြေအနေက ချီသန့်စင်ခြင်း ကျင့်စဉ် ကို အမြင့်ဆုံး အဆင့် ရောက်အောင် ကျင့်ရမှာမို့လို့တဲ့"

"အဲဒီလို ကျင့်ကြံရင် ကျင့်ကြံမှုအဆင့် တက်တာ အရမ်း မြန်သလို အဆင့်တူမှာ ဝိညာဉ်စွမ်းအင် လည်း ပိုများပြီး ပိုသန့်စင်တယ်တဲ့"

"အဆင့်တူမှာ တစ်ယောက်တည်းနဲ့ သုံးယောက်ကို ရင်ဆိုင်ရင်တောင် အားမကုန်နိုင်ဘူးတဲ့"

"ဒါကြောင့် သူတို့က ပြောကြတယ် အစ်ကိုကျန်း က တစ်ချက်တည်းနဲ့ အံ့ဩသွားအောင် လုပ်ဖို့ နှစ်နှစ်လောက် အချိန်ယူပြီး ချီသန့်စင်ခြင်း ကျင့်စဉ် ကို အမြင့်ဆုံး ရောက်အောင် စောင့်နေခဲ့တာတဲ့"

ကျန်းမန်က သိပ်ပြီး မအံ့ဩပါဘူး။

ဒီလိုကိစ္စမျိုးကို အလွယ်တကူ သိနိုင်ပါတယ်၊ တစ်ခုတည်းသော နှမြောစရာက ဘယ်သူမှ သူ့ကို လာမမေးတာပဲ။

မဟုတ်ရင် ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါး ရနိုင်သေးတာ။

ဝိညာဉ်စွမ်းအင် များပြားတဲ့ ကိစ္စက အရင်က ချန်ချီဝမ် နဲ့ တိုက်ခိုက်ကတည်းက သူ သိခဲ့တာလေ၊ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်ကိုး နဲ့ ချီသန့်စင်ခြင်း ကျင့်စဉ် အဆင့်တစ် ရဲ့ စုပ်ယူနိုင်စွမ်းက ဘယ်လိုလုပ် ယှဉ်လို့ ရနိုင်မှာလဲ။

နောက်တစ်ခုက လူနဲ့ လူက မတူဘူးလေ။

သူတို့က သူ့ရဲ့ လမ်းကြောင်းကို လိုက်လျှောက်နိုင်ရင်တောင် သူ့ရဲ့ အောင်မြင်မှုကိုတော့ ထပ်တူ လုပ်နိုင်မှာ မဟုတ်ဘူး။

ရှေ့နှစ်နှစ်က ဒုက္ခခံပြီး တတိယနှစ်မှာ တစ်ချက်တည်းနဲ့ အံ့ဩအောင် လုပ်တယ် ဆိုတာကတော့။

တကယ်ကို မဟုတ်မမှန် သတင်းတွေပါပဲ။

အဲဒီတုန်းက သူက တကယ်ကို အ လိုလို န လိုလို ဖြစ်နေတာလေ။

ချက်ချင်းပင် ကျန်းမန်က ဒုတိယ သတင်းဆိုးကို မေးလိုက်သည်။

ထိုစကားကို ကြားသော် ဖက်တီးလေးက ဝမ်းနည်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့် အခန်း မီးလောင်လို့ အစ်ကိုကျန်း ပေးထားတဲ့ စာအုပ် တစ်ဝက်လောက် မီးထဲ ပါသွားတယ် ကံကောင်းလို့ အကြောင်းအရာ တော်တော်များများက ရှိနေသေးတယ်၊ မရှိတော့တဲ့ အပိုင်းတွေကိုလည်း ကျွန်တော် မှတ်မိနေသေးတယ်"

"မဟုတ်ရင် ကျွန်တော် ချီသန့်စင်ခြင်း အဆင့်လေး ကို ရောက်သွားမှာ စိုးလို့ အဖေများ မီးရှို့လိုက်တာလား လို့တောင် သံသယ ဝင်မိတယ်"

ကျန်းမန်က ဘာများလဲလို့ ထင်ခဲ့တာ။

ချက်ချင်းပင် တတိယ စာအုပ်ကို တစ်ဖက်လူအား ပေးလိုက်သည်။

ဖက်တီးလေးက အလွန် ဝမ်းသာအားရ ဖြစ်သွားသည်။

ဆက်ကျင့်ကြံရင် သြဂုတ်လ ရောက်ရင် ချီသန့်စင်ခြင်း အဆင့်လေး ကို ရောက်နိုင်မလား ဆိုတာကို မေးကြည့်သေးတယ်။

ကျန်းမန်က သေချာပေါက် ရောက်နိုင်တယ်လို့ အဖြေပေးလိုက်တယ်။

နွားဝါကြီး ပြောစကား အရဆိုရင် နောက်ထပ် တစ်လလောက် နေရင် ဖက်တီးလေး က ချီသန့်စင်ခြင်း အဆင့်လေး ကို ရောက်နိုင်တယ်။

တကယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်က သူက စိတ်မပျက်ဘဲ နေခဲ့မယ်၊ ပြီးတော့ အရင်းအမြစ်တွေ အများကြီး အကူအညီ ရမယ် ဆိုရင် ချီသန့်စင်ခြင်း အဆင့်ခြောက် ဒါမှမဟုတ် ချီသန့်စင်ခြင်း အဆင့်ခုနစ် လည်း ပြဿနာ မဟုတ်ဘူး။

ဒါပေမယ့် တကယ်လို့ အရင်းအမြစ် သုံးဆလောက် ပိုသုံးပြီး ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး အစား ဝိညာဉ်စုဆောင်းခြင်း ခန်းမမှာ ကျင့်ကြံမယ်၊ ပြီးတော့ ပမာဏကိုလည်း နှစ်ဆ တိုးမယ် ဆိုရင်တော့။

ဖက်တီးလေး လည်း ချီသန့်စင်ခြင်း အဆင့်ရှစ် အဆင့်ကိုး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် အဲဒီအတွက် ကြိုတင် သတ်မှတ်ချက် တစ်ခု လိုတယ်၊ အဲဒါကတော့ နွားဝါကြီး ကိုယ်တိုင် ရေးဆွဲပေးတဲ့ ကျင့်ကြံရေး အစီအစဉ် ရှိရမယ်။

ကျင့်ကြံရေး အစီအစဉ် မကောင်းဘူး ဆိုရင်တော့ သုံးရမယ့် အရင်းအမြစ်က သေချာပေါက် အများကြီး ပိုသွားမှာပေါ့။

လူတွေ ပိုများလာတာနဲ့အမျှ လူတော်တော်များများက သူ့ဘက်ကို ရည်ရွယ်ချက် ရှိရှိဖြစ်စေ၊ မရှိဘဲဖြစ်စေ လှမ်းကြည့်နေကြတာကို ကျန်းမန် သတိထားမိလိုက်တယ်။

ဒါပေမယ့် သူနဲ့ အကြည့်ချင်းတော့ မဆုံရဲကြဘူး။

ပထမ ရဲ့ အလင်းရောင်က တိုက်ရိုက် ကြည့်ဖို့ မရနိုင်ဘူးလေ။

အထူးသဖြင့် အခု ဒီမှာ ရပ်နေတာက ခြံဝင်းငယ် ပထမ တင် မကဘူး၊ ချင်းယွင် ပထမ၊ အဆောင် ခြောက်ဆောင် ပထမ၊ ယွင်ချန်ဌာနခွဲ ပထမ လည်း ဖြစ်နေတာကိုး။

ရွယ်တူတွေထဲမှာ ပထမဆုံး လူပဲ။

မကြာမီ စာသင်ချိန် ရောက်လာခဲ့သည်။

ဆရာဖူက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

"တကယ်တော့ ငါလည်း အတော်လေး အံ့ဩမိတယ် ဆဋ္ဌမမြောက် ခြံဝင်းငယ် ကနေ ဒီလို ကောင်းကင်ဘုံက ချစ်ခင်ရတဲ့ ပါရမီရှင် မျိုး ထွက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး"

"မင်းတို့ ကံကောင်းတယ်လို့ မှတ်ထားသင့်တယ် အရင်က အလုပ်မရှာနိုင်ခဲ့တဲ့ သူတွေ အခု သွားရှာကြည့်လို့ ရပြီ"

"မင်းတို့ အရည်အချင်း သိပ်မညံ့ဘူး ဆိုရင် မြို့ထဲမှာ နေနိုင်ဖို့ အခွင့်အရေး ရှိပါတယ်"

ယွင်ချန်ဌာနခွဲ ပထမ နဲ့ ခြံဝင်းငယ် တစ်ခုတည်းက ကျင့်ကြံသူ ဖြစ်တာက တစ်ခါတလေ အသုံးဝင်တတ်ပါတယ်။

ဒါကြောင့် တူညီတဲ့ အခြေအနေမှာ ဆိုရင်တော့ သူတို့က ထင်ပေါ်လာနိုင်ပါတယ်။

ထို့နောက် ဆရာဖူက အများကြီး ဆက်ပြောခဲ့သည်။

အချိန်စေ့တော့ သူမက ထွက်သွားခဲ့သည်။

တစ်ဖက်လူ ထွက်သွားပြီးနောက် လူတချို့က ကျန်းမန် အနားသို့ လာပြီး ဝိညာဉ်ကျောက်တုံး သုံးရာ ပေးကာ ပြောလိုက်သည်။

"စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်"

ကျန်းမန် အံ့ဩသွားသည်၊ သူတို့ကို စောင့်ရှောက်ပေးခဲ့ဖူးလို့လား။

သို့သော် ပစ္စည်းများကိုတော့ လက်ခံလိုက်သည်။

"လုပ်သင့်တာတွေပါ"

ထို့နောက် လူများက တစ်ယောက်ပြီး တစ်ယောက် ဝိညာဉ်ကျောက်တုံး လာပေးကြသည်။

အားလုံးက စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် လို့ပဲ ပြောကြတယ်။

တချို့က နှစ်ရာ ပေးတယ်၊ တချို့က တစ်ရာ ပေးတယ်။

ဒါပေမယ့် ကျန်းမန်က နည်းတယ်လို့ မထင်ပါဘူး။

အကုန်လုံးကို လက်ခံလိုက်ပါတယ်။

ဘာကို စောင့်ရှောက်ခဲ့တယ် ဆိုတာ မသိပေမယ့် တစ်ဖက်လူက စောင့်ရှောက်ခံရတယ်လို့ ထင်ရင် ရပါပြီ။

သူတို့ရဲ့ စေတနာကိုလည်း စော်ကားလို့ မရဘူးလေ။

နောက်ဆုံးတော့ ကျန်းမန်က ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာ ရခဲ့ပါတယ်။

ဖန်ယုံ ပေးတာရယ်၊ ကိုယ်တိုင် ရှာထားတာရယ် ပေါင်းလိုက်ရင် ငါးထောင် ရှိသွားပြီ။

အဆင့်သတ်မှတ်ချက် တက်လာတော့ ဝိညာဉ်ကျောက်တုံး ရှာရတာ အရင်ကထက် ပိုလွယ်သွားတာ အမှန်ပဲ။

ထို့နောက် ကျင့်ကြံချိန် ဖြစ်သည်။

ဒီအချိန်ကစပြီး ယွင်ချန်ဌာနခွဲ တစ်ခုလုံးက ချင်းယွင်ဆောင် ဆဋ္ဌမမြောက် ခြံဝင်းငယ် ကို စောင့်ကြည့်နေကြတယ်။

သူတို့ မပြီးမချင်း ဘယ်သူမှ မပြီးနိုင်ဘူးလေ။

ရှုံးနိမ့်ရတဲ့ အကြောင်းရင်းတွေက နေရာအနှံ့ ပျံ့နှံ့နေတယ်၊ အဲဒါက ကျန်းမန်က အဆက်မပြတ် ကျင့်ကြံနေလို့၊ ညဘက်တောင် ညအိပ်ပျက်ခံ ကျင့်ကြံနေလို့ ဆိုပြီးတော့ပဲ။

ညနေပိုင်း ကျင့်ကြံမှု ပြီးဆုံးပြီးနောက် ကျန်းမန်က ဆရာကျောက် ကို သွားရှာခဲ့တယ်။

ဆုလာဘ်တွေ ထပ်ရှိသေးလား ဆိုတာ မေးချင်လို့လေ။

ကံမကောင်းစွာနဲ့ပဲ ယွင်ချန်ဌာနခွဲ မှာ တခြား ဆုလာဘ်တွေ မရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ ကောင်းကင် နှလုံးသား တံဆိပ်တုံး တို့က ဆုလာဘ်တွေ ဖြစ်နေလို့ပဲ။

ဒါပေမယ့် သတင်းကောင်းလည်း ရှိပါတယ်။

အဲဒါက ချင်းယွင်ဆောင် က ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးတယ် ဆိုတာပဲ။

ငါးထောင် ဆိုတာ အများကြီးပါ၊ သာမန်လူ တစ်ယောက် ငါးထောင် ရှာဖို့ ဆိုရင် လေးလလောက် အချိန်ယူရမှာ။

ဒီအတွက် ကျန်းမန်က အတော်လေး သဘောကျသွားတယ်။

ဒါပေမယ့် သူက ကျေးဇူးဆပ် လက်ဆောင် အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဒီလိုဆိုရင် ဆရာကျောက် တို့လည်း စိတ်အေးရတာပေါ့။

နောက်တစ်ခုက ကျန်းမန် သိလိုက်ရတဲ့ ကိစ္စက၊ ယွင်ချန်ဌာနခွဲ ပထမ အနေနဲ့။

ဘယ်သူမှ သူ့ကို တိုက်ရိုက် မတိုက်ခိုက်ရဲဘူး ဆိုတာပါပဲ။

သူ့ရဲ့ လုံခြုံရေးကို ယွင်ချန်ဌာနခွဲ က အပြည့်အဝ တာဝန်ယူမှာပါ။

လော့ယွင်မြို့ ထဲမှာတောင် အဲဒီလိုပါပဲ။

ထိုစကားကို ကြားသော် ကျန်းမန် သက်ပြင်းချလိုက်သည်။

ထို့နောက် ကောင်းကင် နှလုံးသား တံဆိပ်တုံး အကြောင်း မေးကြည့်သည်။

ကံမကောင်းစွာနဲ့ပဲ ကောင်းကင် နှလုံးသား တံဆိပ်တုံး က ပထမဆုံး အကြိမ် ချပေးတာ ဖြစ်ပြီး အရင်တုန်းက ကျင့်ကြံချင်ရင်တောင် သတ်မှတ်ချက်က အရမ်း မြင့်တယ်။

ယွင်ချန်ဌာနခွဲ မှာ တတ်တဲ့သူ ရှိပါတယ်။

ဒါပေမယ့် ထွက်ပြီး သင်ပေးမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် သူတို့လည်း အခု သင်ယူလို့ ရနေပြီ ဆိုတော့ တကယ်လို့ ဒီကာလအတွင်း နားလည်သွားတာ ရှိရင် သူ့ကို အကြောင်းကြားနိုင်ပါတယ်။

ကျန်းမန်က ကျေးဇူးတင်စကား ဆိုပြီး ထွက်လာခဲ့တယ်။

သူက အခြေခံ တည်ဆောက်ပြီးသွားပြီ၊ ဒါပေမယ့် လမ်းကြောင်း မှန်သလား ဆိုတာကိုတော့ သေချာ မသိသေးဘူး။

ရည်ညွှန်းစရာ လိုအပ်နေတာပေါ့။

ဒါပေမယ့် ဆရာဖူ တို့က အခြေခံ တည်ဆောက်တာ အရမ်း နှေးနေရင် သူ့အတွက် တကယ် အသုံးမဝင်ပါဘူး။

နွားဝါကြီး ရှိနေတော့ သူက ဆရာကျောက် တို့ထက် အများကြီး အရင် ရောက်နေပြီလေ။

မြင်းတင်းကုပ် ကို ပြန်ရောက်တော့ ကျန်းမန်က ဆက်ပြီး ကျင့်ကြံနေတယ်။

တစ်ရက်ပြီး တစ်ရက်။

လုံးဝ မပေါ့ဆရဲဘူး။

နှစ်ရက် အကြာမှာ ချန်မော့ယန် နဲ့ ယန်လင်း တို့ ရောက်လာကြတယ်။

သူတို့က ဝိညာဉ်ကျောက်တုံး ခုနစ်ထောင် စီ ယူလာပြီး တောင်းပန်စကား ဆိုကြတယ်။

အရင်တုန်းက ငယ်ရွယ်သွေးဆူပြီး စော်ကားမိခဲ့ပါတယ် ဆိုပြီးတော့ပေါ့။

ကျန်းမန်က အလိုအလျောက် သက်ပြင်းချလိုက်မိတယ်၊ ဒီလူတွေကမှ တကယ့် သခင်လေး တွေပဲ။

လီယွမ် က အရမ်း ကပ်စေးနည်းတယ်။

ဇူလိုင်လ ငါးရက်။

ကျန်းမန်ဆီ ဧည့်သည် အသစ်တွေ ရောက်လာတယ်။

လီယွမ် နဲ့ အမြဲတမ်း သူ့ကို လာရှာလေ့ရှိတဲ့ လူလတ်ပိုင်း တစ်ယောက်ပါပဲ။

တစ်ဖက်လူ ရောက်လာတာနဲ့ လီယွမ်က ဒူးထောက်အောင် ကန်ချလိုက်တယ်။

တစ်ဖက်လူကလည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတယ်။

ဒီတစ်ခေါက် သူတို့က ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပေးခဲ့တယ်။

အဘိုးကျင်းက တစ်သောင်းတန် အကြွေးစာချုပ် တစ်ခုတောင် ထားခဲ့သေးတယ်။

ငါးရက်လေး အတွင်းမှာပဲ ကျန်းမန်က ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာ ကနေ လေးသောင်းလေးထောင် အထိ ထိုးတက်သွားတယ်။

ကျန်းမန်က အကြမ်းဖျင်း တွက်ကြည့်ပြီး ကုန်ဈေးနှုန်းကိုပါ ထည့်တွက်လိုက်တယ်။

နောက်ဆုံးမှာ ကောက်ချက် တစ်ခု ရတယ်။

အကြွေးဆပ်ဖို့ မလုံလောက်ဘူး။

နောက်ပိုင်း ကျင့်ကြံဖို့ ဆိုတာကတော့ ပြောစရာတောင် မလိုတော့ဘူး။

"အရင်တုန်းက ငါ့ကို ရန်စခဲ့တဲ့ သူတွေ အရမ်း နည်းလွန်းတယ်"

ကျန်းမန်က ခေါင်းခါကာ သက်ပြင်းချလိုက်တယ်။

ဒီလူတွေကို စော်ကားစကား နည်းနည်းလောက် ပိုပြောခိုင်းခဲ့ရမှာ။

အဆိုးဆုံးကတော့ အဘိုးကျင်းပဲ။

တစ်ဖက်လူက အခုထိတောင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်မသွားဘူး၊ မယဉ်ကျေးဘူး။

နာမည်ကိုတောင် အကြွေးစာချုပ် ထဲကနေ ကြည့်ရတာ။

ဒီကိစ္စတွေကို ဆက်မတွေးတော့ဘဲ ကျန်းမန်က တွေဝေနေတယ်၊ အကြွေး အရင် ဆပ်ရမလား၊ ကျင့်ကြံမှုအဆင့် အရင် မြှင့်ရမလား ဆိုတာကိုပေါ့။

တစ်ခဏအတွင်းမှာပင် ကျန်းမန်က သူ စမ်းသပ်ခံနေရတယ်လို့ ခံစားလိုက်ရတယ်။

နောက်ဆုံးမှာ သူက ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးကို ဝယ်ပြီး မန်နေဂျာမြောင် နဲ့ စုန်ချင့် ကို တစ်ထောင့်လေးရာ ပြန်ဆပ်လိုက်တယ်။

အဲဒါဆို နှစ်ထောင် ရှိသွားပြီ။

ကျန်တာကတော့ ဖက်တီးလေး နဲ့ ချန်ချီဝမ် ပါ။

အရင်ဆုံး ချန်ချီဝမ်က ချန်ယွီ ဆီကနေ ချေးလာတဲ့ ဝိညာဉ်ကျောက်တုံး ကို ပြန်ဆပ်လိုက်တယ်။

အဲဒါက ခုနစ်ထောင် ထပ်ကုန်တယ်။

ကိုးထောင်ကျော် ကုန်သွားပြီ။

ဖက်တီးလေး ဆီက ဝိညာဉ်စုဆောင်းခြင်း ဆေးလုံး နှစ်ဆယ် အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင် ကုန်မယ်၊ ကျန်တာကိုတော့ ဈေးသုံးရာ အထိ ကျသွားမှ ပြန်ဆပ်တော့မယ်။

ဘာလို့လဲဆိုတော့ သုံးရာ တုန်းက ချေးခဲ့တာ ဆိုတော့ အခု ပြန်ဆပ်ရင် အရမ်း ရှုံးတယ်လေ။

အသုံးစရိတ် နှစ်သောင်းတစ်ထောင် ရှိသွားပြီ၊ နှစ်သောင်းသုံးထောင် မပြည့်တပြည့် ကျန်တော့တယ်။

ချန်ချီဝမ် ကို နှစ်သောင်းတစ်ထောင် ပေးဖို့ လိုသေးတယ်။

အကုန် ဆပ်လိုက်ရင် ကိုယ် ကျင့်ကြံဖို့ မရှိတော့ဘူး။

ဒါဆို တစ်စိတ်တစ်ပိုင်းပဲ အရင် ဆပ်လို့ ရတော့မှာပေါ့၊ ဒါပေမယ့် နောက်ထပ် နှစ်လ အတွင်း နှစ်သောင်းတစ်ထောင် ရှာဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ။

ခဏ စဉ်းစားပြီးနောက် ကျန်းမန်က ဆရာကျောက် ကို သွားရှာလိုက်တယ်။

အလုပ်လေး တစ်ခုလောက် တောင်းချင်လို့လေ။

"ဂိုဏ်းကို သွားလို့ရတဲ့ အလုပ်လား"

ဆရာကျောက်က ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။

"ရှိတော့ ရှိတယ် ဒါပေမယ့် သိပ်တော့ မလုံခြုံဘူး"

"ဒါဆို လုံခြုံတာ ရှိလား"

ကျန်းမန်က မေးလိုက်သည်။

ဆရာကျောက်က ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"လုံခြုံတာ အပြင် တခြား သတ်မှတ်ချက် ရှိသေးလား"

အလုပ်နည်းနည်း၊ ဝိညာဉ်ကျောက်တုံး များများ၊ လွတ်လပ်ခွင့် ရှိတာပေါ့ လို့ ကျန်းမန် စိတ်ထဲတွင် တွေးလိုက်သော်လည်း တစ်ခွန်းမှ မပြောရဲပေ။

ပထမဆုံးအကြိမ် တစ်ဖက်လူဆီက အလုပ်သွားတောင်းခဲ့တာကို သတိရသွားလို့ပါ။

"သတ်မှတ်ချက်တွေ များလာရင် ဆုတောင်းနေသလို ဖြစ်သွားလိမ့်မယ် အန္တရာယ်များတဲ့ အလုပ်ဆိုရင်တောင် လူအများကြီး လုနေကြတာ"

ဆရာကျောက်က ပြောလိုက်သည်။

ကျန်းမန် လည်း မတတ်နိုင်ပေ။

နေရာ တစ်ခု တောင်းလိုက်တယ်။

ဆရာကျောက်က ပြောတယ်၊ ဒီနေရာက အရမ်း ရခဲတာ၊ သူလည်း အခက်အခဲပေါင်းစုံ ကျော်ဖြတ်ပြီးမှ ရလာတာတဲ့။

ကျန်းမန်

ကြည့်လိုက်တော့ တစ်လကို ဝိညာဉ်ကျောက်တုံး တစ်ထောင့်ရှစ်ရာ တဲ့။

ပျမ်းမျှ တစ်ထောင့်ငါးရာ ထက်တော့ များပါတယ်။

ထို့နောက် ကျန်းမန်က ချန်ချီဝမ် ကို သွားရှာလိုက်တယ်။

အရင်ဆုံး ချန်ယွီ ရဲ့ ခုနစ်ထောင် ကို ပြန်ဆပ်လိုက်ပြီး နောက်ထပ် သုံးထောင် ထပ်ပေးလိုက်တယ်။

ဒီလိုဆိုရင် သူက နှစ်သောင်း ကျန်ပြီး တစ်ဖက်လူကို တစ်သောင်းရှစ်ထောင် အကြွေးကျန်သေးတယ်။

ဝိညာဉ်ကျောက်တုံး တွေကို လက်ခံရရှိတော့ ချန်ချီဝမ် ကြောင်အမ်းသွားသည်။

"ဒါပဲလား"

ကျန်းမန်ကတော့ ဂရုမစိုက်ပါဘူး၊ သူက ပြောလိုက်တယ်။

"ငါ အခု ယွင်ချန်ဌာနခွဲ ပထမ ဖြစ်နေပြီ ငါက သောင်းဂဏန်းမှာ တစ်ယောက်တောင် မရှိတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုတာကို သက်သေပြနိုင်နေပြီ"

"ငါ့ကို ဆက်ပြီး ထောက်ခံပြီး ဝိညာဉ်ကျောက်တုံး တွေ ချေးပေးဖို့ မစဉ်းစားဘူးလား"

"ကျန်တဲ့ တစ်သောင်းရှစ်ထောင် ကို နောက်နှစ် ဒီအချိန်ကျရင် နှစ်သောင်း အဖြစ် ပြန်ဆပ်မယ်"

ချန်ချီဝမ်က ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"နောက်နှစ် မင်း ပြန်လာမှာလား"

"အဲဒါတော့ မရှိဘူး"

ကျန်းမန်က ခေါင်းခါပြလိုက်သည်။

သူက ဘယ်လိုလုပ် ပြန်လာမှာလဲ။

"ဒါဆို ငါလည်း ဝိညာဉ်ကျောက်တုံး ပြန်ရမှာ မဟုတ်ဘူး ချေးလို့ မရဘူး"

ချန်ချီဝမ်က ခေါင်းခါပြလိုက်သည်။

"ရနိုင်ပါတယ်"

ကျန်းမန်က ထောက်ခံစာ ကို ထုတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဒါက ပစ္စည်း ပို့တဲ့ အလုပ်လေ၊ တစ်နှစ်ကို နှစ်ခါ ဂိုဏ်းကို သွားလို့ ရတယ် အဲဒီအချိန်ကျရင် ငါ မင်းကို ဝိညာဉ်ကျောက်တုံး ပြန်ဆပ်လို့ ရပြီပေါ့"

"ဘယ်လိုလဲ"

"စဉ်းစားကြည့်ဦးမလား"

ထောက်ခံစာကို ယူပြီးနောက် ချန်ချီဝမ်က ပါးစပ်ဟသွားသော်လည်း တစ်ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။

သူက ကျန်းမန်ကို အနည်းငယ် အံ့ဩစွာဖြင့် ကြည့်ကာ မေးလိုက်သည်။

"ငါ့ကို ပေးတာလား"

ကျန်းမန် ခေါင်းညိတ်လိုက်သည်။

"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"

ချန်ချီဝမ်က မေးလိုက်သည်။

ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ။ ဒါက အတိုး အနေနဲ့ ပေးတာ မဟုတ်ဘူးလား ဟု တွေးမိသည်။

သို့သော် တစ်ဖက်လူက မေးလာပြီဆိုတော့ ကိုယ်လည်း ဈေးတစ်ခု ပြောရမှာပေါ့၊ အလုပ်က တစ်လကို တစ်ထောင့်ရှစ်ရာ ရတာ၊ ကိုယ်က နှစ်လစာ ယူလိုက်ရင်လည်း သိပ်မများပါဘူး မဟုတ်လား။

ချက်ချင်းပင် ကျန်းမန်က လေးလေးနက်နက် ပြောလိုက်သည်။

"သုံးထောင့်ခြောက်ရာ"

ချန်ချီဝမ် အနည်းငယ် စဉ်းစားပြီးနောက် သုံးထောင့်ခြောက်ရာ ပေးလိုက်သည်။

ဝိညာဉ်ကျောက်တုံး ကို ကိုင်ထားရင်း ကျန်းမန်က အံ့ဩဝမ်းသာစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူ့ကို သုံးထောင့်ငါးရာ ပြန်ပေးလိုက်ပေမယ့် နောက်ဆုံးတော့ သုံးထောင့်ခြောက်ရာ ပြန်ရလာတာပဲ။

ပေးတဲ့ တစ်သောင်း ထဲမှာ ခြောက်ထောင့်ငါးရာ က ချန်ယွီ ရဲ့ ဟာဆိုတာ ကျန်းမန် အစောကြီး ကတည်းက သိထားတာလေ။

"ငါ ချေးလိုက်ပြီ နောက်နှစ် ဇူလိုင်လ ကျရင် ငါ့ကို နှစ်သောင်း ပြန်ဆပ်ဖို့ မမေ့နဲ့နော်"

ချန်ချီဝမ်က လေးလေးနက်နက် ပြောလိုက်သည်။

ကျန်းမန် အနည်းငယ် တွေဝေသွားပြီး မေးလိုက်သည်။

"ဒါဆို ထပ်ရှိသေးလား"

"မရှိတော့ဘူး အိမ်ပြန်ပို့လိုက်ပြီ"

ချန်ချီဝမ်က ချက်ချင်း ပြောလိုက်သည်။

ကျန်းမန် လည်း ထပ်မတောင်းတော့ဘဲ တစ်ဖက်လူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"မှတ်ထား ငါက ပြိုင်ဘက်ကင်း ပါရမီရှင်"

ချန်ချီဝမ် နားမလည်နိုင် ဖြစ်သွားသည်၊ ဘာလို့ ရုတ်တရက်ကြီး ထပ်ပြောရတာလဲ။

"ငါက နှစ်တစ်ရာ မှာ တစ်ယောက်တောင် ပေါ်ဖို့ ခဲယဉ်းတယ် ငါနဲ့ တွေ့တာက မင်းရဲ့ ကံကောင်းမှုပဲ"

ကျန်းမန်က တစ်ဖက်လူကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

"ဒီတစ်ခါ နိုင်တာက နိုင်တာပဲ၊ နောက်တစ်ခါ ထပ်မလောင်းနဲ့တော့ နှစ်တစ်ရာ အတွင်းမှာ နောက်ထပ် ငါ့လို လူမျိုး ထွက်လာချင်မှ ထွက်လာမှာ"

ချန်ချီဝမ် က ကျန်းမန် ဘာပြောချင်လဲ ဆိုတာကို နားလည်ပါတယ်။

ဒီတစ်ခေါက် သူ အကျိုးအမြတ် ရခဲ့တာက ကျန်းမန် က ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေလို့ရယ်၊ လူကောင်း ဖြစ်လို့ရယ်ပါ။

မဟုတ်ရင်။

အရင်းတောင် ပြုတ်သွားနိုင်ပါတယ်။

ထို့နောက် ကျန်းမန်က သူ့ကို ဒီ ပစ္စည်းပို့တဲ့ အလုပ်က အန္တရာယ် နည်းနည်း ရှိတယ် ဆိုတာကို ပြောပြပြီး သေချာ စဉ်းစားဖို့ ပြောလိုက်တယ်။

ထို့နောက် ချန်ချီဝမ် က တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

ပတ်ဝန်းကျင်မှာ လူမရှိတော့တဲ့ အချိန်မှာ သူက ထောက်ခံစာ ကို ကြည့်ပြီး အနည်းငယ် စဉ်းစားကာ ကိုယ်ရံတော် ဌာနဆီ ချက်ချင်း သွားပြီး သတင်းပို့လိုက်တယ်။

အဆင်ပြေပြေ အလုပ်ဝင်သွားတယ်။

စာသင်ချိန် ပြီးဖို့ပဲ စောင့်နေရုံပါပဲ။

သူ အတော်လေး သက်ပြင်းချမိတယ်။

ဒီနေရာက ပေါက်ဈေး အရဆိုရင် ဒီလောက် မတန်ပေမယ့် သာမန်လူတွေ အနေနဲ့ကတော့ ဒီလို နေရာမျိုးကို ဝယ်ဖို့ မဖြစ်နိုင်ပါဘူး။

————

ရှေးဟောင်း ခြံဝင်း တစ်ခု၊ ပန်းပွင့် ပုံစံ ပြတင်းပေါက် မှတစ်ဆင့် အခန်းတွင်းရှိ မှန်တင်ခုံ ကို မြင်နေရသည်။

အပြာရောင် နတ်သမီး ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးက ရှေ့ရှိ မှန်ကို ကြည့်ကာ ငေးမောနေသည်။

နေရောင် ကျရောက်လာချိန်မှသာ တစ်ဖက်လူက ဖြည်းညှင်းစွာ သတိပြန်ဝင်လာခဲ့သည်။

မှန်ထဲမှ မိမိကိုယ်ကိုယ် ကြည့်ကာ အေးစက်သော အကြည့်များတွင် ရက်စက်မှု အနည်းငယ် ပါဝင်နေသည်။

သူမ သတိပြန်ဝင်လာသည့် အချိန်မှာပင် အခန်းတွင်း၌လည်း အလိုအလျောက် အေးစက်လာခဲ့သည်။

သူမက မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ အေးစက်မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း မျက်ခုံးကြားရှိ ပန်းပွင့်လေးကမူ ပိုမို နီရဲလာခဲ့သည်။

အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ပန်းပွင့်လေးက ပိုပြီး ရှုပ်ထွေးလာပြီး တဖြည်းဖြည်း ပွင့်လန်းလာမယ့် ပုံစံမျိုးပါပဲ။

ဒေါက် ဒေါက်

အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

ချက်ချင်းပင် တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

အစေခံ တစ်ယောက် ဝင်လာပြီး ရိုသေစွာ အရိုအသေပေးကာ ပြောလိုက်သည်။

"သခင်မလေး"

မုန့်ချဲ့ဝေ့ မျက်လွှာချလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"သူတို့ ဘာတွေ ထပ်ပြောနေကြပြန်ပြီလဲ"

"သခင်မလေးက ဘယ်မှာ ရှိနေလဲ ဆိုတာကို မပြောရဲတာက တခြားနေရာမှာ အရိုးမြုပ်သွားလို့ ဖြစ်မယ် ဆိုပြီးတော့ ပြောနေကြတယ်"

အစေခံ ချင်းတိုက် က ပြောပြလိုက်သည်။

ခဏရပ်ပြီးနောက် အစေခံက ဆက်ပြောလိုက်သည်။

"နောက်တစ်ခုက လူငယ် မျိုးဆက်တွေထဲမှာ ပါရမီရှင် တစ်ယောက် ပေါ်လာတယ်တဲ့ အောက်ခြေကနေ စပြီး ကြိုးစားပြီး ကံကြမ္မာဇယားကို ပြန်ရှာမယ်လို့ ပြောနေတယ်"

"သူ့ရဲ့ တောက်ပတဲ့ အလင်းရောင်နဲ့ ကံကြမ္မာဇယား ပြန်လာအောင် ဆွဲဆောင်နိုင်မယ် လို့ ပြောတယ်"

"နောက်မျိုးဆက် အထိ စောင့်စရာ မလိုဘူးတဲ့"

မုန့်ချဲ့ဝေ့ ခေါင်းငုံ့ထားပြီး ဘာစကားမှ မပြောချေ။

အစေခံက အတန်ကြာ တွေဝေနေပြီး တချို့စကားတွေကို မေးသင့်မမေးသင့် စဉ်းစားနေသည်။

"မေးလေ"

မုန့်ချဲ့ဝေ့ ၏ အကြည့်က ချင်းတိုက် အပေါ် ကျရောက်သွားသည်။

တစ်ဖက်လူက ခေါင်းငုံ့ကာ တိုးတိုးလေး မေးလိုက်သည်။

"သခင်မလေး ယောက်ျားက သခင်မလေး ရဲ့ သတ်တာကို ခံလိုက်ရပြီလား"

All Chapters