အခန်း (၅၀၁-၅၀၂)
Vol. 51 Ch. 501-502
အခန်း(၅၀၁)
“စီနီယာ ဒီကိစ္စက နားလည်မှုလွဲနေတာပါ”
ကျားနတ်ဆိုးအရှင် ငရဲမှလာသော တီးတိုးသံကို ကြားလိုက်ရသည့်နှယ် အလောတကြီးဖြင့် သနားညှာတာမှုကို တောင်းခံတော့၏။
“နားလည်မှုလွဲတာလား”
ဟန်ပင်း အေးစက်နေသည့်အသံဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
“ဒါဆို ငါ မင်းကို မတော်တဆသတ်လိုက်မိရင်ရော နားလည်မှုလွဲတယ်လို့ သတ်မှတ်လို့ရမလား”
“အား”
ကျားနတ်ဆိုးအရှင်သည် တစ်ဖက်လူ သူ့ကို အသုံးပြု၍ မျောက်ကိုသတ်ကာ ကြက်ကို ခြောက်ချင်နေကြောင်း သိလိုက်သည်။ သို့သော် သူ မသေချင်သေးပေ။ သူ ဘဝ၏ ပျော်ရွှင်မှုများကို မခံစားရသေးချေ။
တောင်းပန်ခြင်းက အသုံးမဝင်သည့်အခါ သူ နောက်ခံကို ဆွဲထုတ်ရတော့ပေမည်။
“စီနီယာ ကျွန်တော်က သခင်မစုလက်အောက်က နတ်ဆိုးစစ်သူကြီးပါ။ ကျွန်တော့်ကို သတ်လိုက်ရင် သခင်မစုကို စော်ကားသလို ဖြစ်ပါလိမ့်မယ်။ ဒါဆို အရှင့်အတွက်လည်း မကောင်းပါဘူး”
“သခင်မစုဆိုတာက”
ဟန်ပင်း ချက်ချင်း မသတ်တော့ပေ။ ကျားနတ်ဆိုးလေးတစ်ကောင်ကို သတ်လိုက်ခြင်းက ကိစ္စရပ်များကို အမြစ်မှ မဖြေရှင်းနိုင်ချေ။ သူ့နောက်က အင်အားစုများကိုပါ နှိမ်နှင်းနိုင်မှ ဟန်မျိုးနွယ်သည် ရွှီတိုင်းပြည်တွင် ခြေကုပ်ရယူနိုင်ပေလိမ့်မည်။
ကျားနတ်ဆိုးသည် တုံ့ဆိုင်းသွားမှုကို မြင်သော် မျှော်လင့်ချက်လေး မီးတောက်သွားပြီး ဆက်ပြောသည်။
“ဟုတ်ပါတယ်။ ကျွန်တော် ရွှီတိုင်းပြည်က ခရိုင်တစ်ခုကို လာစောင့်ရှောက်ရတာကလည်း သခင်မစု ကျေးဇူးတော်ကြောင့်ပါ”
ဟန်ပင်း မေးလိုက်သည်။
“သူက ဘယ်အင်အားစုကလဲ”
ကျားနတ်ဆိုးအရှင် ပြန်ဖြေ၏။
“သခင်မစုက ရှေးဟောင်းတောင်ပိုင်းယင်တိုင်းပြည်ကပါ။ သူ့အဘွားက မြို့စားအဆင့်ပါ။ သူက ရွှီတိုင်းပြည်ကို သိမ်းပိုက်ထားပါတယ်။ ရွှီဘုရင်က သူ့ဂျူနီယာတစ်ယောက်သာသာပါ”
ဟန်ပင်း ရှေးဟောင်းတောင်ပိုင်းယင်တိုင်းပြည်အကြောင်း သဘာဝအတိုင်း ကြားဖူးသည်။ ဆန်းကြယ်ကောင်းကင်ဒေသ အရှေ့တောင်ပိုင်းတွင် တည်ရှိသော သူတော်စင်တစ်ပိုင်းအဆင့် အင်အားစု ဖြစ်ပါ၏။
ရှေးဟောင်းတောင်ပိုင်းယင်တိုင်းပြည်သည် ချင်းကျိုး၏ လက်အောက်ခံ နိုင်ငံဖြစ်သည်။ သူတော်စင်တစ်ပိုင်းအဆင့် လူသားတစ်ဦးနှင့် နတ်ဆိုးတစ်ကောင်က ထိုနေရာတွင် အခြေချသည်။ လူသားနှင့် နတ်ဆိုး ရောနှောနေထိုင်ကြပြီး တိုင်းပြည်တွင် များစွာသော နတ်ဆိုးတစ်ပိုင်းများ ရှိ၏။
[T/N ချင်းကျိုးက ချူဖုန်း တပည့် မြေခွေးနတ်ဆိုးမလေး ပိုင်ကျင်း မွေးရပ်ပါ။ အခန်း(၂၆၀)ဝန်းကျင်မှာ ပါတယ်]
အခြားသော အင်အားစုများနှင့် ယှဉ်လျှင် ရှေးဟောင်းတောင်ပိုင်းယင်တိုင်းပြည်တွင် လူသားနှင့် နတ်ဆိုးများ၏ ဆက်ဆံရေးသည် အတော်လေး သဟဇာတဖြစ်သည်။
ဟန်ပင်း ပြုံးလိုက်၏။
“မင်းနောက်ခံက ရှေးဟောင်းတောင်ပိုင်းယင်နိုင်ငံက မြေခွေးလေးဖြစ်နေတာလား။ ငါက တစ်ခုခုထူးခြားတာမျိုးလားလို့။ သူ့ကို ခေါက်ထားလိုက်တော့။ တကယ်လို့ သူ့အဘွားလာရင်တောင် မင်းလို့ ကြောင်လေးရဲ့ အသက်ကို ဒီနေ့ ကယ်နိုင်မှာ မဟုတ်ဘူး။ သေပေတော့”
သူ့စကားအဆုံး ဟန်ပင်း လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ အလင်းတစ်ချက်လက်သွားသည့်အလား အားအင်ကင်းမဲ့သည့် ဟန်ပန်အလားနှယ်။
သို့သော် ကျားနတ်ဆိုးအတွက်တော့ ကမ္ဘာကြီး ပြိုကျပျက်ဆီးလာသည့်အလား သူထွက်ပြေးချင်သော်လည်း သူ ပြေးနိုင်သည့် လမ်းကြောင်းအားလုံး ချိတ်ပိတ်ခံထားရကြောင်း တွေ့လိုက်၏။
“မဟုတ်ဘူး”
ထိတ်လန့်တကြား အော်သံနှင့်အတူ ကျားနတ်ဆိုး၏ ဝိညာဉ်သည် ပျက်သုဉ်းသွားတော့သည်။ သူ့ခန္ဓာကိုယ်သည် ပြာကျသွားပြီး မြေပြင်ပေါ်တွင် နတ်ဆိုးအမြူတေတစ်ခုသာ ကျန်တော့၏။
မဝေးသည့်နေရာက စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို တွေ့ပြီး ထိန်းမရစွာ တုန်ယင်သွားသည်။
သူတို့အတွက်တော့ ကျားနတ်ဆိုးသည် ထူးခြားသည့် ဖြစ်တည်မှုပင်။ သို့သော် ထိုသို့သော သူကို ဟန်မိသားစု၏ ဘိုးဘေးသည် ပေါ့ပေါ့တန်တန် ရိုက်သတ်လိုက်၏။
‘သူတို့ဘိုးဘေး ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလိုက်မလဲ’
ပို၍ အရေးကြီးသည်က ထိုဘိုးဘေးသည် ရွှီတိုင်းပြည် နောက်ခံကို လုံးဝ စိတ်မပူသည့်ဟန်ပင်။ သူ့တွင်လည်း ကိုယ်ပိုင်ထူးခြားသော နောက်ခံရှိကြောင်း သိသာလှ၏။
“ရွှီတိုင်းပြည်တော့ ပြောင်းလဲတော့မယ်”
သက်ကြီးပိုင်း ကျင့်ကြံသူတစ်ဦး ရေရွတ်သည်။
သူ့ဘေးက ကျင့်ကြံသူများသည်လည်း သူတို့အနာဂတ်အကြောင်းကို တွေးတောနေတော့၏။ ရွှီတိုင်းပြည်သည် သေမျိုးတိုင်းနိုင်ငံတစ်ခု ဖြစ်သော်လည်း ကျင့်ကြံသူအရေအတွက်တစ်ခုတော့ ရှိနေဆဲပင်။
ရွှီတိုင်းပြည်၏ လက်များ ပြောင်းလဲသွားလျှင် သူတို့ရော ဘယ်သွားရမည်နည်း။
ဟန်ပင်း ပွဲကြည့်နေသူများကို လျစ်လျူရှူထားသည်။ သူ ကျားနတ်ဆိုးကို ကိုင်တွယ်ပြီးနောက် သူ့မြေးမလေးကို ကြည့်လိုက်၏။
ဟန်ရှုလင်းသည် ထိတ်လန့်မှုမှ မပြေပျောက်သေးချေ။ သူမ စိတ်ထဲတွင် ကျားနတ်ဆိုးအရှင်သည် ပြိုင်ဘက်ကင်းပေ။ သို့သော် ဤစီနီယာလက်ထဲတွင်တော့ သူသည် တစ်ချက်ကလေးတောင် မခံနိုင်ချေ။
ဟန်ရှုယွမ်သည် သူ့ညီမငယ်လေး မှင်တက်နေသည်ကို မြင်၍ ပြောသည်။
“ညီမလေး မြန်မြန် အဘိုးလေးကို နှုတ်ဆက်လိုက်”
‘အဘိုးလေးလား’
ရင်းနှီးသော်လည်း စိမ်းသက်နေသည့် အခေါ်အဝေါ်ကို ကြားသည့်အခါ ဟန်ရှုလင်း ခဏတာမျှ မှင်တက်သွား၏။ ထို့နောက် သူမ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်လာပြီး မဝံ့မရဲ နှုတ်ဆက်သည်။
“ရှုလင်း အဘိုးလေးကို ဂါဝရပြုပါတယ်”
“နေ...နေ...အဲဒါတွေ လုပ်မနေနဲ့”
ဟန်ပင်း ပြောသည်။
“မင်း ကျားနတ်ဆိုးလက်အောက်မှာ ဘယ်လို အသက်ရှင်နေတာလဲ”
ဟန်ရှုလင်း ပြန်ဖြေကြား၏။
“အဘိုးလေး ကျားနတ်ဆိုးက ကျွန်မတို့ကို အဖိုးတန်ဆေးဝါးတွေလို ဆက်ဆံပါတယ်။ အဖွဲ့ထဲမှာ ကျွန်မ သွေးမျိုးဆက်က အကောင်းဆုံးဆိုတော့ သူ ကျွန်မကို နှစ်နည်းနည်းလောက် ပျိုးထောင်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကြောင့် သူ ကျွန်မကို ချက်ချင်း မစားသေးတာပါ”
ဟန်းပင် ခေါင်းအသာ ညိတ်သည်။
“မင်း ခန္ဓာကိုယ်ကနေ ဆေးနံတွေ လှိုင်လှိုင်ထွက်နေတယ်။ သူ မင်းကို လူသားဆေးလုံးအဖြစ်သန့်စင်ဖို့ လုပ်နေတာဖြစ်မယ်။ သူသာ မင်းကို သန့်စင်ပြီးသွားရင် အဆင့်သေးတစ်ဆင့် တက်သွားလောက်တယ်။ ကြည့်ရတာ ကျားနတ်ဆိုးက ရည်မှန်းချက် ကြီးမားတဲ့ ပုံပဲ”
“အဘိုးလေးက ပညာဉာဏ်ကြီးပါတယ်”
ဟန်ရှုလင်း သူမ အဘိုးလေးကို လေးစားစွာ ကြည့်ပြီး ဆက်ပြော၏။
“ကျားနတ်ဆိုးက နှစ်တစ်ရာအတွင်းမှာ ကောင်းကင်ဇာစ်မြင်အဆင့်ကို တက်တော့မှာ။ ကျွန်မက သူ တန်ဖိုးထားတဲ့ အဓိကပါဝင်ပစ္စည်းပါ။ ဒီသုံးနှစ်အတွင်းမှာ ကျွန်မ ဝိညာဉ်ဆေးဝါးတွေကို စားရင်း ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအဆင့်ကို ရောက်သွားပါပြီ”
ဟန်ရှုယွမ် ထိုစကားလုံးများကို ကြားတော့ ရင်ထဲ နင့်အောင် ခါးသွား၏။ သူ နှစ်ပေါင်းများစွာ အပြင်ထွက် လှည့်လည်နေသော်လည်း ကျင့်ကြံခြင်း၌ မအောင်မြင်ခဲ့ပေ။ ထိုစဉ် သူ့ညီမငယ်လေးကတော့ ကျားနတ်ဆိုးထံတွင် သုံးနှစ်ကြာ အဖမ်းခံရပြီးနောက် မထိမခိုက် ပြန်လာနိုင်သည့်အပြင် အင်မော်တယ်လမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့သည်။ လူလူချင်းနှိုင်းယှဉ်ကြည့်ပါက ဒေါသထွက်စရာပင်။
ဟန်ပင်း ပြောလိုက်သည်။
“အထဲမှာ လူသားဆေးလုံးတွေ ရှိသေးလား”
“ဟုတ်ကဲ့”
ဟန်ရှုလင်း ခေါင်းညိတ်၏။
“ဆေးအစေခံတွေအပြင် တစ္ဆေတွေလည်း ရှိသေးတယ်။ တချို့ဆို တာအိုတည်ဆောက်ခြင်းအဆင့်ကပါ”
ဟန်ပင်း ပြုံးလိုက်သည်။
“ကိစ္စမရှိဘူး။ သာမန်တာအိုတည်ဆောက်ခြင်းအဆင့်တွေကို လက်ဖျောက်တစ်ချက်နဲ့ သတ်လိုက်လို့ရတယ်။ လာပါ။ ကျားနတ်ဆိုးခေါ်ထားတဲ့ ကျန်တဲ့သူတွေကိုပါ ကယ်ရအောင်”
“ဟုတ်ကဲ့”
သူတို့ ပြောနေရင်း ကျားနတ်ဆိုး၏ ဂူထဲသို့ ဆင်းသက်သွားကြ၏။
ဂူထဲတွင်တော့ ဖရိုဖရဲဖြစ်နေသည်။ ကျားတစ္ဆေများသည် ခေါင်းမပါသည့် ယင်ကောင်များအလား ပတ်ပြေးနေကြပြီး အချို့ကတော့ မျှော်လင့်ချက်မဲ့စွာ ငိုယိုနေကြတော့၏။
“ဘုရင် ကျဆုံးသွားပြီ။ ပြေးကြတော့”
“သွားပြီ။ အားလုံး သွားပြီ”
ဂူအတွင်းက ဖမ်းဆီးခံထားရသူများသည် ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြ၏။
သာမန်နေ့ရက်များတွင် ကျားတစ္ဆေများသည် မောက်မာပြီး မြို့ဝန်ကိုပင် သူတို့ မျက်လုံးထဲ မထည့်ထားချေ။
‘အခု ဘာလို့ သနားစရာ ကောင်းနေတာလဲ’
‘အပြင်ဘက်ကမ္ဘာကြီး ဘာတွေဖြစ်နေတာလဲ’
‘ဘာလို့ ဟန်ရှုလင်း ရုတ်တရက်ကြီး ပျောက်သွားတာလဲ’
ထိုအခိုက် ဂူအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် အသံကြီး ထွက်လာတော့၏။
“သန့်စင်စမ်း”
ထိုစကားအဆုံး ကျားတစ္ဆေများ ပြာကျသွားပြီး အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။
ဆေးအစေခံများသည် ကြောင်အအေးခဲသွားပြီး အသံထွက်လာသည့်ဘက်သို့ လှည့်ကြည့်ကြ၏။
ဂူအတွင်း၌ ခြေသံများ ပဲ့တင်ထပ်လာပြီး လူလေးဦး ပေါ်လာတော့သည်။
ဖမ်းဆီးခံထားရသူများသည် ထိုအထဲမှ တစ်ယောက်ကို မှတ်မိသွားကြပြီး ထိတ်လန့်တကြား အော်ဟစ်တော့၏။
“ဟန်ရှုလင်း”
“ဟုတ်တယ်။ ငါ”
ဟန်ရှုလင်း သူတို့အံ့ဩနေဟန်များကို တည်ငြိမ်စွာ တုံ့ပြန်သည်။
“ဘာ..ဘာတွေ ဖြစ်ကုန်တာလဲ”
ဟန်ရှုလင်းနှင့် အမြဲဆက်ဆံရေးကောင်းသည့် ကောင်မလေးက မေးလိုက်သည်။
ဟန်ရှုလင်း ဖုံးကွယ်ရန် မဆုံးဖြတ်ထားချေ။
“ငါ့အဘိုးလေး ကျင့်ကြံရာကနေ ပြန်လာပြီ။ ငါ ကျားနတ်ဆိုးဆီမှာ ဖမ်းခံထားရတယ်ကြားတော့ သူ ငါ့ကို လာကယ်တာ။ အခု ငါတို့အားလုံး လွတ်လပ်ပြီ”
ဆေးအစေခံများသည် ထိုသည်ကိုကြားသော် ဝမ်းသာမျက်ရည်များဖြင့် အော်ဟစ်တော့၏။
“ငါတို့ အသက်ရှင်ပြီကွ”
“ငါတို့ နောက်ဆုံးတော့ အိမ်ပြန်လို့ရပြီ။ ငါ့မိသားစုကို အရမ်းလွမ်းနေတာ။ အခု သူတို့တွေ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး”
ဟန်ရှုလင်း ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေပြီး မနှောင့်ယှက်ပေ။
သို့သော် သိပ်မကြာခင် လူအုပ်ထဲမှ သံသယဖြစ်သံများ မြင့်တက်လာတော့သည်။
“မကောင်းတော့ဘူး။ ကျားနတ်ဆိုး သေသွားပြီ။ နတ်ဆိုးတွေ ဟောက်ကျိုးမြို့တော်ကို ပြန်လက်စားချေရင် ဘယ်လိုလုပ်မလဲ။ ငါတို့အားလုံးသေကုန်တော့မှာလား”
“ဟုတ်တယ်။ ကျားနတ်ဆိုးကို အထက်က လွှတ်လိုက်တာ။ သူသေသွားရင် မြို့တော်က မဟာနတ်ဆိုးတွေ ငါတို့ကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး။ ငါတို့ ဘာလုပ်သင့်လဲ”
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီးနောက် ဟန်ပင်းတို့ကို တဖြည်းဖြည်း ကြည့်လာကြတော့၏။
အခန်း(၅၀၂)
“လူတိုင်း စိတ်မပူကြနဲ့။ ငါ့အဘိုးလေးက ဒီကိစ္စတွေကို ကိုင်တွယ်လိမ့်မယ်”
ဟန်ရှုလင်း ထိုသူများနှင့် သိလာသည်မှာ ကြာပြီဖြစ်၍ သူတို့အတွေးများကို လွယ်ကူစွာ ဖတ်နိုင်သည်။
လူအုပ်သည် စိုးရိမ်ပူပန်နေကြသေးသော်လည်း များစွာ ထုတ်မပြောရဲပေ။ မည်သို့ပင်ဆိုစေ ဟန်မိသားစု ဘိုးဘေးသည် ကျားနတ်ဆိုးအရှင်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်သူ ဖြစ်သည်။
ဟန်ပင်း တည်ငြိမ်စွာ ပြောသည်။
“မင်းတို့နှစ်ယောက် ကျားတစ္ဆေအမြူတေတွေ သွားကောက်ထား။ ပြီးရင် အိမ်ပြန်တော့။ ငါ ရွှီတိုင်းပြည် တော်ဝင်မြို့တော်ကို သွားပြီး သခင်မစုနဲ့ စကား ပြောလိုက်ဦးမယ်။ တစ်ခုခု ဖြစ်လာရင် မင်းတို့ အဘွားလေး မန်ဒလာကို ပြောလိုက်”
“ဟုတ်ကဲ့ပါ”
သူတို့နှစ်ဦး တပြိုင်နက် ပြောသည်။
ဟန်ပင်း ပြောပြီးနောက် နေရာမှ ပျောက်ကွယ်သွား၏။
ဟန်ရှုလင်းနှင့် သူ့ညီမတို့ ဝိညာဉ်အမြူတေများကို စတင် ကောက်ယူစုဆောင်းတော့သည်။ ဂူထဲတွင် ရှိသည့် အခြားသော သူများသည် အချို့က ထွက်ခွာသွားပြီး အချို့က ဟန်ရှုလင်းအနားသို့ ကပ်လာပြီး မေးတော့၏။
“ရှုလင်း နင်တို့ဘိုးဘေးက ဘယ်သူလဲ။ ဘာလို့ တော်ဝင်မြို့တော်က သခင်မစုကိုတောင် မကြောက်တာလဲ”
ထိုစကားများကြောင့် လူတိုင်း သူမကို စပ်စုစွာ ကြည့်လာသည်။
ဟန်ရှုလင်း သူမ ခေါင်းကို ခါလိုက်၏။
“ငါလည်း မသိဘူး။ ဒီနေ့မှ ငါ့အဘိုးလေးနဲ့ ပထမဆုံးအကြိမ်တွေ့တာ။ ငါသိတာတော့ သူ လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းက အင်မော်တယ်ဂိုဏ်းတစ်ခုကို ဝင်သွားတယ်ဆိုတာပဲ။ နင် သူ့အဆင့်အတန်းကို သေချာသိချင်ရင် ငါ့အဘွားလေးကို မေးလိုက်”
ထိုသည်ကို ကြားသော် လူတိုင်း သူတို့ခေါင်းကို ယမ်းလိုက်ကြ၏။
ဟန်မိသားစုဘိုးဘေးသည် အတော်လေး စွမ်းအားကြီးသည့်သူ ဖြစ်သည်။ သူ့တာအိုလက်တွဲဖော်ကလည်း ထူးခြားသူ ဖြစ်ရပေမည်။
သူတို့ တုံ့ပြန်မှုများသည် မန်ဒလာ၏ မျက်လုံးထဲမှ မလွတ်မြောက်ချေ။ သူမ ပြုံးလိုက်၏။
“မမေးကြနဲ့။ ပိုသိလေ ပိုကြောက်လာလေဖြစ်လိမ့်မယ်”
ထိုသို့နှယ် လူတိုင်း သူတို့သိချင်စိတ်ကို အတင်း ဖိနှိပ်လိုက်၏။
ရွှီတိုင်းပြည် တော်ဝင်မြို့တော်တွင်
နတ်ဘုရားခန်းမသည် ဟောက်ကျိုးမြို့တော်ဝန်၏ အစီအရင်ခံစာကို လက်ခံရထား၏။ ပထမတော့ သူတို့ ဤကိစ္စကို အလေးအနက်မထားကြပေ။
မြို့တော်တစ်ခုစီတွင် အခြေချသည့် နတ်ဆိုးစစ်သူကြီးများသည် ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူများဖြစ်ကြ၏။ ရွှီနိုင်ငံအတွင်း၌ သူတို့ကို ဖိနှိပ်နိုင်သော သူမရှိပေ။
အိမ်နီးချင်း ကျင့်ကြံသူအင်အားစုများပင် ထိုနတ်ဆိုးများနှင့် ရင်ဆိုင်ရလျှင် ဆုံးရှုံးမှုများကိုသာ ခံစားရပေလိမ့်မည်။
နတ်ဆိုးတိုင်းသည် မြို့တော်၏ ကံကြမ္မာကို သယ်ဆောင်ထားသည်။ စစ်မှန်ကံကြမ္မာအဆင့်တွင် ရှိသော်လည်း အင်အားအရာ၌ ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူများထက် မနိမ့်ကျချေ။
ဘုန်း
ရုတ်တရက် နတ်ဘုရားခန်းမအတွင်း၌ ပေါက်ကွဲသံကြီးထွက်လာပြီး နတ်ဘုရားရုပ်တုတစ်ခု ပျက်စီးသွားတော့၏။
ထို့နောက် ခန်းမကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။
ခန်းမကို စောင့်ကြပ်နေကြသည့် ကျင့်ကြံသူများ ထိုအသံကြောင့် ဖြူဖျော့သွားကြ၏။
“မြန်မြန် ငါ့နောက်ကိုလိုက်ခဲ့ကြ။ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ဖို့လိုတယ်”
အချိန်ခဏကြာပြီးနောက် စောင့်ကြပ်နေကြသော ကျင့်ကြံသူများသည် မှင်သေစွာ ရပ်နေကြသည်။ ဟောက်ကျိုးမြို့တော်ကို စောင့်ကြပ်နေသာ ကျားနတ်ဆိုးရုပ်တုသည် ပျက်စီးသွားသည်။ ထိုသူသည် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်လှမ်းတော့မည့် နတ်ဆိုးဖြစ်၏။
“မကောင်းတော့ဘူး”
မဟာပရောဟိတ် ရေရွတ်သည်။
အနားက ပရောဟိတ်များလည်း စိုးရိမ်တကြီး ပြောကြသည်။
“မဟာပရောဟိတ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“မြို့တော်ကို စောင့်ကြပ်သူတစ်ယောက် ကျဆုံးသွားပြီ။ ငါတို့ ရွှီတိုင်းပြည့်အတွက် ကိစ္စကြီးပဲ”
“…”
“မြန်မြန်လုပ်ကြ။ ငါနဲ့အတူ ဘိုးဘေးဘုရားကျောင်းကို လိုက်ခဲ့ကြ။ ဒီကိစ္စကို ဘိုးဘေးကို မြန်မြန် သတင်းပို့ရမယ်။ မင်း ဘုရင်ကို ချက်ချင်း သွားအကြောင်းကြား။ ငါတို့ အချိန်ဆွဲနေရင် ရွှီတစ်နိုင်ငံလုံး ပျက်ကိန်းဆိုက်လိမ့်မယ်”
မဟာပရောဟိတ် ကျားနတ်ဆိုးအရှင် မည်သို့သေဆုံးသွားမှန်း မသိပေ။ သို့သော် သူ ကျဆုံးသွားသည့်အချိန်က အလွန်တရာ တိုလွန်း၏။
ဟောက်ကျိုးမြို့တော်ဝန် သတင်းပို့ပြီးရုံရှိသေး ကျားနတ်ဆိုးအရှင် သေဆုံးသွားတော့သည်။ ၎င်းက တစ်ဖက် တိုက်ခိုက်သူသည် ကောင်းကင်ဇာစ်မြစ်အဆင့်ထက် ကျော်လွန်ကြောင်း ညွှန်ပြနေတော့၏။
စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရောက်လာခြင်း ဖြစ်လောက်သည်။ ထိုသို့သော သူများသည် ရွှီနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးကို ဖျက်ဆီးရန် အားစိုက်ထုတ်နေစရာ မလိုပေ။
ဘိုးဘေးအနေဖြင့် ရှေးဟောင်းတောင်ပိုင်းယင်နိုင်ငံသို့ သွား အကူညီတောင်းမှ ရပေလိမ့်မည်။
လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန် ကြာပြီးနောက် ပရောဟိတ်များ ဘိုးဘေးဘုရားကျောင်းသို့ အတူတကွ ရောက်လာသည်။
“ကျွန်တော်တို့ ဘိုးဘေးကို ဂါဝရပြုဖို့ လာပါတယ်”
ကျောင်းတော်က လက်ထောက်စု အတွင်းမှ ထွက်လာပြီး သူတို့ကို အေးစက်စွာ ငုံ့ကြည်ကာ ပြောသည်။
“ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတယ်။ ဘယ်သူ့ကိုမှ တွေ့မှာ မဟုတ်ဘူး။ ပြီးတော့ ရှင်တို့ ရေမချိုးထားသလို အဝတ်လဲ မလဲထားကြဘူး။ အရင်ဆုံး အပြစ်ဒဏ်သွားခံယူကြချေ”
မဟာပရောဟိတ် အလျင်အမြန် ရှင်းပြသည်။
“သခင်မလေးစု ဒီကိစ္စက ရွှီတိုင်းပြည် ကံကြမ္မာနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အဲဒါကြောင့် လောနေကြတာပါ။ ကျေးဇူးပြုပြီး ဘိုးဘေးကို အစီရင်ခံပေးပါ”
“အို”
သခင်မလေးစု၏ အမူအရာက ပို၍ အေးစက်လာပြီး သူတို့အပြုအမူကို မကျေနပ်ကြောင်း ပို၍ သိသာလာသည်။
မဟာပရောဟိတ် သူမ မကျေနပ်မှုကို ဂရုမစိုက်နိုင်တော့ဘဲ ထပ်လောင်း ပြော၏။
“ဟောက်ကျိုးမြို့ကို စောင့်ကြပ်နေတဲ့ ကျားနတ်ဆိုးအရှင် ရုပ်တုက သူ့အလိုလို ပျက်စီးသွားပါတယ်။ ကောင်းကင်ဇာစ်မြစ်အဆင့်အထက်က ကျင့်ကြံသူတစ်ဦးနဲ့ တိုက်ပွဲဖြစ်ပွားခဲ့လို မျက်စိတမှိတ်အတွင်းပျက်စီးသွားတာ ဖြစ်ရပါမယ်”
၎င်းကို ကြားသောအခါ သခင်မလေးစု၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်မှောင်သွား၏။
“အမှန်ပဲလား”
မဟာပရောဟိတ် ပြောသည်။
“ကျွန်တော် သခင်မလေးစုကို မလိမ်ရဲပါဘူး”
ဘုရားကျောင်းလက်ထောက်စု၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ ဘိုးဘေးကြီးကို သတင်းမပို့နိုင်ပေ။ ဘိုးဘေးဘုရားကျောင်းထဲမှ ဘိုးဘေးသည် ဘိုးဘေးကြီး လုံးဝ မဟုတ်ပေ။ မတူညီသည့် နတ်ဆိုးတစ်ကောင်သာ။
‘ဘာဆက်လုပ်သင့်လဲ’
သူမ အတွေးဖြင့် ရုန်းကန်နေစဉ် ဘိုးဘေးဘုရားကျောင်းအတွင်းမှ လေးနက်သည့် အသံတစ်သံ ထွက်လာ၏။
“ဟုတ်ကဲ့ပါ”
သခင်မလေးစု နာခံပြီး ပရောဟိတ်များကို ခန်းမအတွင်းသို့ ဦးဆောင် ခေါ်လာသည်။
ဘိုးဘေးဘုရားကျောင်း၏ ခန်းမအတွင်း၌ မြေခွေးအင်မော်တယ်တစ်ပါး၏ ရုပ်တုရှိနေပြီး ၎င်းသည် ရွှီတိုင်းပြည်၏ ဘိုးဘေး ကျားနတ်ဆိုးပြောသည့် သခင်မစုပင်။
“ကျွန်တော်တို့ ဘိုးဘေးကို ဂါဝရပြုပါတယ်”
“နေ...နေ.. အဲဒါတွေ လုပ်မနေနဲ့”
ရုပ်တုအတွင်းမှ အသံက ဆက်ပြောသည်။
“ဟောက်ကျိုးမြို့မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြော”
မဟာပရောဟိတ် သူသိသမျှကို အသေးစိတ် ပြန်ပြောပြသည်။
“ပြင်ပက ကျင့်ကြံသူတစ်ယောက်လား။ တစ်ယောက်ယောက်က ရွှီနိုင်ငံအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားနေတာ ဖြစ်ရမယ်။ တော်ဝင်မြို့တော်ကို သွားပြီး သူ့ကို သွားကြိုကြ။ ပြီးတော့ ဘိုးဘေးဘုရားကျောင်းဆီ ခေါ်လာခဲ့”
ရုပ်တုထဲမှ အသံသည် တည်ငြိမ်လှသည်။
မဟာပရောဟိတ်များ နားမလည်နိုင်ဖြစ်သွားကြ၏။
‘ဘာလို့ သူ့ကို ဘိုးဘေးဘုရားကျောင်းထဲ ခေါ်လာရမှာလဲ’
သို့သော် သူတို့ ထုတ်မပြောရဲချေ။
ရွှီတိုင်းပြည်သည် မကြီးမားပေ။ ဟောက်ကျိုးမြို့တော် တည်ရှိသည့် ဟောက်ကျိုးခရိုင်သည် တော်ဝင်မြို့တော် တည်ရှိသည့် ပင်မခရိုင်နှင့် ကပ်ရပ် တည်ရှိ၏။ သို့ဖြစ်၍ ဟန်ပင်းသည် တစ်နာရီအကြာတွင် တော်ဝင်မြို့တော်သို့ ရောက်ရှိလာသည်။
သူ့အရှိန်အဝါပင် မထုတ်ရသေးခင် ပုံရိပ်အချို့ သူ့ထံ ပျံသန်းလာ၏။
“ကျားနတ်ဆိုးအရှင်ကို သတ်လိုက်တဲ့သူများလား”
မဟာပရောဟိတ် အားတင်းကာ မေးသည်။
“ဟုတ်တယ်”
ဟန်ပင်း ပြုံးလိုက်သည်။
“အစက ငါ့ခွန်အားကို ထုတ်ပြပြီး မင်းတို့ကို ခေါ်ရမယ်ထင်နေတာ။ မင်းတို့ စောင့်နေမယ် မထင်ထားဘူး။ ငါ အလုပ်ရှုပ်သက်သာသွားတာပေါ့။ မြေခွေးနတ်ဆိုးမက ဘယ်မှာလဲ”
“ဘိုးဘေးက ဘိုးဘေးဘုရားကျောင်းမှာ စောင့်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နောက်က လိုက်ခဲ့ပါ”
မဟာပရောဟိတ် ပြောလိုက်ရင်း ဟန်ပင်း၏ အမူအရာကို စိတ်လှုပ်ရှားစွာ အကဲခတ်လိုက်၏။
ဟန်ပင်း ခေါင်းညိတ်သည်။
“ကောင်းပြီလေ။ ရှေ့က လမ်းပြ”
‘ဟူး’
မဟာပရောဟိတ် တိတ်ဆိတ်စွာ သက်ပြင်းချသည်။ ကံကောင်းစွာ ထိုသူသည် သူတို့ကို လမ်းတွင် ရိုက်မသတ်ချေ။
ဘုရားကျောင်းလက်ထောက်စုသည် ရှုပ်ထွေးသည့် အမူအရာကို ဆင်မြန်းထား၏။ သူမ တွေးနေမိသည်။
‘သူသာ ဘိုးဘေးကို နတ်ဆိုးလက်ကနေ ကယ်ပေးနိုင်ရင် ကောင်းမယ်။ သူ ကျရှုံးသွားရင် ဘိုးဘေးရဲ့ ဘဝကတော့ သွားပြီ’
မျက်စိတမှိတ်အတွင်း ဟန်ပင်းတို့ ရွှီတိုင်းပြည်၏ ဘိုးဘေးဘုရားကျောင်းတော်သို့ ရောက်သွား၏။