← Chapters

အခန်း (၅၀၇-၅၀၈)

Vol. 51 Ch. 507-508

အခန်း (၅၀၇-၅၀၈)

Vol. 51 Ch. 507-508

အခန်း (၅၀၇)

“ယောကျာ်း အဆင်ပြေရဲ့လား”

ဖုန်းချုံးယွီ ယဲ့ပေရွှမ် နှာချေသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။

ယဲ့ပေရွှမ် ခေါင်းယမ်းလိုက်၏။

“ကိုယ် အဆင်ပြေပါတယ်”

သူ့လို သိက္ခာရှိ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် အအေးမိသည်ဟု ပြောရမှာ အဓိပ္ပာယ် မရှိချေ။

ထိုစဉ် အဝေးမှ လှောင်ပြောင်သည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဆန်းကြယ်ကောင်းကင်ဒေသက ငနုကောင်လေး အပျက်အစီးဒေသက ဆန်းကြယ်ကောင်းကင်ဒေသနဲ့ မတူဘူးကွ။ ဒီနေရာက ဆင်းရဲပြီး ခေါင်ခိုက်လွန်းလို့ နာမည်ကြီးတယ်။ မင်း စမ်းသပ်မှုမှာ မပါတာ ပိုကောင်းမယ်။ အိမ်ပြန်ပြီး မင်းကလေးကိုပဲ သွားထိန်းနေပါလား။ ဟားဟား”

ပတ်ဝန်းကျင်မှ ထိန်းချုပ်မထားသော ရယ်သံများ ထွက်ပေါ်လာသည်။

“ဟားဟားဟား”

စမ်းသပ်မှုတွင် ပါဝင်ရန် လာရောက်ကြသော အင်အားစုအသီးသီးသည် ယဲ့ပေရွှမ်ကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ယဲ့ပေရွှမ် အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။ သူ့အမူအရာက မည်းမှောင်သွားပြီး လှုပ်ရှားရန် ပြင်လိုက်သော်လည်း ဖုန်းမိသားစု ခေါင်းဆောင်က သူ့ကို ဘေးမှ တားဆီးသည်။

ဖုန်းမိသားစုခေါင်းဆောင် ပြောလိုက်၏။

“ပေရွှမ် ဒေါသမထွက်နဲ့။ ဒီကောင်တွေ မင်းကို တမင်တကာ ရန်စနေကြတာ။ မီးဖီးနစ်တောင်ကြားမှာ တောင်ကြားအပြင်ဘက် တိုက်ခိုက်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းတစ်ခု ရှိတယ်။ မဟုတ်ရင် မီးဖီးနစ်တောင်ကြားကို စိန်ခေါ်တာလို့ သတ်မှတ်ခံရလိမ့်မယ်။ ပြစ်ဒဏ်သေးရင် စမ်းသပ်မှုကနေ ပယ်ထုတ်ခံရလိမ့်မယ်။ ပြစ်ဒဏ်ကြီးရင်တော့ တိုက်ရိုက် သုတ်သင်ခံရမယ်”

၎င်းကိုကြားသောအခါ ယဲ့ပေရွှမ်၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွားသည်။ သူ အသံလာရာသို့ ကြည့်လိုက်၏။ သူ့ကို အထင်အမြင်သေးစွာ ကြည့်နေသည့် မုတ်ဆိတ်မွေးများနှင့် ကြမ်းတမ်းသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသား၏ အနောက်ဘက်တွင် အလံပေါ်တွင် လူရိုင်းဒေသ ချင်းလွမ်ဟူသော စာလုံးကြီးများ ရေးထိုးထားသည်။

သူ ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။

“ဘယ်သူများလဲလို့။ ညစ်ပတ်တဲ့ အကွက်တွေကိုပဲ သုံးတတ်တဲ့ ကြွက်စုတ််ကြီးတစ်ကောင် ဖြစ်နေတာကိုး။ ချင်းလွမ်မျိုးနွယ်စု မြင့်မြတ်သမီးတော်က မင်းလို ရုပ်ဆိုးကောင်ကို ဘယ်လိုများ သဘောကျနိုင်လဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး”

“မင်း...”

ထိုကြမ်းတမ်းသော အမျိုးသားသည် သူ့ရုပ်ရည်အသွင်အပြင်နှင့် ပတ်သက်၍ လူများ ပြောကြားသည်ကို အမုန်းဆုံးဖြစ်သည်။ ယခုအခါ ဆန်းကြယ်ကောင်းကင်ဒေသမှ ငနုကောင်လေးတစ်ယောက် သူ့အားနည်းချက်ကို တည့်တည့် ထိုးနှက်လိုက်ပြီဖြစ်၏။ သူ ထိုကောင်လေးကို သေအောင် ချေမွပစ်ချင်စိတ်များ ဖြစ်ပေါ်လာ‌တော့သည်။

“ဇနီးလေး ကြည့် သူ စိတ်တိုနေပြီ၊ စိတ်တိုနေပြီ”

ယဲ့ပေရွှမ် မြောင်တောင်တွင် ရှိနေစဉ်က သူ့ဆရာနှင့် စီနီယာအစ်ကိုချောင်တို့ အခြားသူများကို နောက်ပြောင်ကြသည်ကို မကြာခဏ ကြားရ၏။ သူ့ဆရာ၏ ဘလိန်းခြင်းအနုပညာကို အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း နာမည်ကြီးသော စကားစုများကိုတော့ သူ သိထားသေးသည်။

“ကောင်လေး မင်း ငါ့ကို စောင့်နေလိုက်။ နတ်ဆိုးချောက်နက်ထဲကို ဝင်သွားတာနဲ့ မင်း ကောင်းကောင်း မနေစေရဘူး”

ထိုလူကြမ်းအမျိုးသား သူ့ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။ မူလက နတ်ဆိုးချောက်နက်ထဲသို့ မဝင်မီ လူများ သူ့ကို ကြောက်ရွံ့လာစေရန်အတွက် သူ့ဂုဏ်သိက္ခာကို တည်ဆောက်ဖို့ အခြားဒေသတစ်ခုမှ သာမန်လူတစ်ယောက်ကို ရှာဖွေရန် ရည်ရွယ်ထား၏။ သို့သော် လူပြက်ဖြစ်သွားသူသည် သူကိုယ်တိုင် ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ယဲ့ပေရွှမ် ၎င်းကိုကြားသောအခါ ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။

“ကောင်းပြီလေ။ နတ်ဆိုးချောက်နက်ထဲမှာ ငါ မင်းကို စောင့်နေမယ်။ မင်း ဒီသခင်လေးအတွက် ရယ်မောစရာတချို့ ယူလာပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

“ဟမ့်”

လူကြမ်းအမျိုးသား ထိုကောင်လေးကို ဆက်ပြီး ငြင်းခုံနေခြင်းက အကျိုးရှိမည်မဟုတ်ကြောင်း သိလိုက်သဖြင့် ပြန်မပြောတော့ပေ။

ပတ်ဝန်းကျင်ရှိ အခြားအင်အားစုများမှ ကျင့်ကြံသူများ ဤမြင်ကွင်းကို ကြည့်ရသည်မှာ ပျင်းစရာကောင်းသည်ဟု ခံစားလိုက်ရပြီး အပျက်အစီးဒေသမှ ကျင့်ကြံသူများ သူတို့အချင်းချင်း စတင်ဆွေးနွေးလာကြသည်။

“ချင်းလွမ်မိသားစုက လူကြမ်းကောင် ငြင်းခုံမှုမှာ ထပ်ရှုံးသွားတဲ့ပုံပဲ။ အဲ့ကောင်လေး ဘာလို့ ဒီလောက်တောင် လျှာစောင်းထက်နေရတာလဲ”

“ဟုတ်တယ်။ ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်ဒေသ ကောင်ချောလေး ဒီတစ်ကြိမ် နတ်ဆိုးချောက်နက်ထဲ ဒုက္ခရောက်တော့မဲ့ပုံပဲ”

“…”

လူအုပ်ကြီး ဆွေးနွေးနေကြစဉ် မီးဖီးနစ်တောင်ကြား၏ တောင်တံခါးကြီး ပွင့်ဟသွားပြီး အတွင်းမှ ဖီးနစ်တစ်ကောင် ပျံသန်းထွက်ပေါ်လာသည်။

ထိုနေရာရှိ ကျင့်ကြံသူအားလုံး ဖီးနစ်ကို မြင်သောအခါ မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ကြပြီး လေးစားစွာ ပြောလိုက်ကြသည်။

“ကျွန်တော်တို့ တမန်တော်ကို ဂါရဝပြုပါတယ်”

“နေ...နေ...အဲဒါတွေလုပ်မနေနဲ့”

ဖီးနစ်၏ လေသံက အလွန် တည်ငြိမ်နေသည်။ ၎င်းက ကျင့်ကြံသူအားလုံးကို အကဲခတ်ကြည့်ရှုလိုက်ပြီး ဆက်ပြော၏။

“သူတော်စင်တစ်ပိုင်း အင်အားစု ဆယ့်တစ်စုလုံး ရောက်လာကြပြီဆိုမှတော့ တောင်ကြားထဲကို ဝင်ကြတော့။ သုံးရက်ကြာရင် မီးတောက်နတ်ဆိုးချောက်နက်က တရားဝင် ပွင့်လာလိမ့်မယ်။ မင်းတို့အားလုံး စမ်းသပ်မှု စည်းမျဉ်းတွေကို သိထားပြီးလောက်ပြီဆိုတော့ ငါထပ်ပြီး ပြန်မပြောတော့ဘူး”

ထိုသို့ပြောပြီးနောက် ဖီးနစ် နေရာမှ ပျောက်ကွယ်သွားတော့၏။

လူတိုင်း ပြိုင်တူ ပြောလိုက်ကြသည်။

“ကျွန်တော်တို့ တမန်တော်ကို လေးစားစွာ ပို့ဆောင်ပါတယ်”

နယ်မြေသခင် ဆယ့်ရှစ်ယောက် မီးဖီးနစ်တောင်ကြားအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြသည်။

ယဲ့ပေရွှမ်၏ မျက်လုံးထဲသို့ သာမန်လောကထက် ကျော်လွန်နေသော နယ်မြေတစ်ခု ဝင်ရောက်လာ၏။ ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်က ပေါကြွယ်ဝပြီး ရှားပါးဆေးဖက်ဝင် အပင်များနှင့် ထူးဆန်းသော အပင်များကို နေရာတိုင်းတွင် မြင်တွေ့နေရသည်။

သို့သော် ယဲ့ပေရွှမ် တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ဤလုပ်ရပ်က အခြားဒေသခြောက်ခုမှ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် ဂရုမစိုက်သည့်ဟန် ပေါ်လွင်နေ၏။

“ဟမ့်”

သိပ်မဝေးသည့် နေရာမှ လူကြမ်းအမျိုးသား နှာမှုတ်လိုက်သည်။

“ဟန်ဆောင်နေလိုက်တာ။ မင်းတစ်ဘဝလုံး ဒီလိုနယ်မြေမျိုးကို မဝင်ဖူးလောက်ဘူး မလား”

ယဲ့ပေရွှမ် ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။

“မင်း စိတ်ပျက်သွားမဲ့ပုံပဲ။ ငါက မြင့်မြတ်နယ်မြေတွေကို ရောက်ဖူးတဲ့အပြင် အင်မော်တယ်ဂိုဏ်းရဲ့ အပျက်အစီးတွေမှာတောင် စမ်းသပ်မှုတွေ လုပ်ခဲ့ဖူးတယ်။ အတွေ့အကြုံမရှိဘဲ ဒါလေးကိုတောင် ကြွားဝါနေရတဲ့ မင်းနဲ့ မတူဘူးလေ”

“စကားလုံးတွေနဲ့ တိုက်တဲ့ တိုက်ပွဲပဲ”

လူကြမ်းအမျိုးသားသည် ယဲ့ပေရွှမ်၏ အကြိမ်ကြိမ် အရှက်ခွဲခြင်းကို ခံရသဖြင့် သူ့မုတ်ဆိတ်မွေးများက ဒေါသကြောင့် ထောင်ထနေတော့သည်။

ထိုအချိန်တွင် ဖုန်းမိသားစု၏ ဘိုးဘေး သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်နေ၏။ ဤကဲ့သို့သော စမ်းသပ်မှုမျိုးတွင် သူ လာရောက်ပါဝင်ခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေ။

သို့သော် ယခင်က သူလာရောက်ခဲ့သည့် အချိန်တိုင်း အပျက်အစီးဒေသမှ သူတော်စင်တစ်ပိုင်း အင်အားစုများ၏ အမျိုးမျိုးသော ရှုတ်ချမှုများကို ခံရ၏။

ဤတစ်ကြိမ်တော့ ကောင်လေးပေရွှမ်သည် သူ့ကို မျက်နှာသာ ရစေသည်။ ယဲ့ပေရွှမ် စမ်းသပ်မှုအတွင်း အခြားအင်အားစုများမှ ကျင့်ကြံသူများ၏ အနိုင်ကျင့်ခြင်းကို ခံရမည်ကို သူ လုံးဝ စိုးရိမ်ပူပန်နေခြင်း မရှိပေ။

အကယ်၍ ပေရွှမ်သာ သူတို့ကို အနိုင်မကျင့်ဖို့ ထိုသူများ အမွှေးတိုင်ကြီးကြီး ထွန်း၍ ဆုတောင်းသင့်သည်။

ခဏအကြာတွင် မီးဖီးနစ်တောင်ကြားမှ ကျင့်ကြံသူများ သူတို့အတွက် သတ်မှတ်ထားသော နေအိမ်သို့ ရောက်ရှိသွား၏။ တံခါးကို ဝင်လိုက်သည်နှင့် လူအိုကြီးတစ်ဦး ထိုနေရာ၌ စောင့်ဆိုင်းနေသည်။

ဖုန်းမိသားစုဘိုးဘေး ထိုလူအိုကြီးကို မြင်သောအခါ အလျင်အမြန်ပင် လေးစားစွာ ပြောလိုက်သည်။ “မြေးက အဘိုးကို ဂါရဝပြုပါတယ်”

ကျန်ရှိသော လူများလည်း လေးစားစွာ ပြောလိုက်ကြ၏။ “ဘိုးဘေးကို ကျွန်တော်တို့ ဂါရဝပြုပါတယ်”

“နေ...နေ...အဲဒါတွေလုပ်မနေနဲ့”

လူအိုကြီး တည်ငြိမ်စွာ ပြောလိုက်ပြီး နောက်ဆုံးတွင် လူအုပ်ထဲ၌ အထင်ရှားဆုံးလူ ဖြစ်သည့် ယဲ့ပေရွှမ်အပေါ်သို့ သူ့အကြည့်က ကျရောက်သွား၏။

“လူငယ်လေး မင်း ဖုန်းမိသားစု အဖိုးတန် သမက်လေး ဖြစ်ရမယ်”

ယဲ့ပေရွှမ်က ဦးညွှတ်လိုက်သည်။ “သမက်က ဘိုးဘေးကို ဂါရဝပြုပါတယ်”

“အလွန်အကျွံ ယဉ်ကျေးနေစရာ မလိုပါဘူး။ မင်းတို့အားလုံး ခရီးပန်းလာကြပြီပဲ။ ဒီအဘိုးကြီး အစေခံတွေကို စားသောက်ပွဲ ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်။ အရင်ဆုံး ထိုင်ကြဦး။ နောက်မှ မင်းတို့ လူငယ်တွေကို ဒီစမ်းသပ်မှုရဲ့ စည်းမျဉ်းတွေအကြောင်း ရှင်းပြမယ်”

လူအိုကြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“နားလည်ပါပြီ”

လူတိုင်း ပြန်ဖြေလိုက်ကြပြီး လူအိုကြီး ပြုလုပ်ထားသော လှပ ထူးခြားသည့် ခြံဝင်းငယ်လေးတစ်ခုဆီသို့ လိုက်ပါသွား၏။

ထိုနေရာတွင် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ထားကာ စားပွဲတိုင်းတွင် တောင်တန်းများနှင့် ပင်လယ်များမှ ရှားပါးဟင်းလျာများဖြင့် ပြည့်နှက်နေသည်။ သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးသားရဲ၏ အသားကိုပင် မြင်တွေ့နိုင်၏။

မီးဖီးနစ်တောင်ကြားမှ ကျင့်ကြံသူများ သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးသားရဲအသား၏ အနံ့ကြောင့် သွားရည်ကျလာကြသည်။

ယဲ့ပေရွှမ်နှင့် ဖုန်းချုံးယွီတို့သာ တည်ငြိမ်သော အမူအရာများကို ထိန်းသိမ်းထားနိုင်ကြသည်။ သူတို့ မိသားစုဝင်များ နေရာယူသည်အထိ စောင့်ဆိုင်းပြီးမှ သူတို့ကိုယ်ပိုင် နေရာများသို့ သွားကြ၏။

ဤမြင်ကွင်းကို ကြည့်ပြီး လူအိုကြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယခင်က သူသည် လူငယ်လေးယဲ့ပေရွှမ်ကို ကောင်းကင်ထက်ထိ ချီးမွမ်းထားသည့် သူ့မြေးထံမှ သတင်းစကားတစ်ခု လက်ခံရထား၏။

သို့သော် သူ ယဲ့ပေရွှမ်ကို စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။ အနည်းဆုံးတော့ ပထမအဆင့်က အဘိုးကြီးကို အလွန် ကျေနပ်စေသည်။

လူတိုင်း နေရာယူပြီးနောက် စားသောက်ပွဲ စတင်တော့၏။

စားပွဲပေါ်တွင် ခွက်များ နိမ့်လိုက် မြှင့်လိုက်ဖြင့် လူတိုင်း ပျော်ရွှင်စွာ စားသောက်နေကြသည်။

ယဲ့ပေရွှမ် အစမှအဆုံးအထိ ပမာဏအနည်းငယ်ကိုသာ မြည်းစမ်းပြီး အခြားသူများကဲ့သို့ အငမ်းမရ စားသောက်နေခြင်း မရှိပေ။

အဘိုးကြီး ၎င်းကိုမြင်သောအခါ မေးလိုက်သည်။

“ပေရွှမ် မင်း ဒီလူအိုကြီး ပြင်ဆင်ထားတဲ့ ဝိုင်နဲ့ အစားအသောက်တွေကို အကြိုက်မတွေ့လို့လား”

ယဲ့ပေရွှမ် ပြန်ဖြေလိုက်သည်။

“ဆွေးနွေးဖို့ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်ဆိုတာ ပေရွှမ် သိထားလို့ပါ။ ဒါကြောင့် ဘိုးဘေး ဆွေးနွေးပြီးမှပဲ အားရပါးရ စားပါတော့မယ်”

“ဟင်း”

လူအိုကြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “မင်းက အရမ်း တော်ပါတယ်။ ကောင်မလေးချုံးယွီ ခင်ပွန်းကောင်း တစ်ယောက်ကို ရှာတွေ့ထားတာပဲ။ မင်း ဒီလိုပြောလာမှတော့ လူတိုင်း တူတွေကို ချထားပြီး ဒီအဘိုးကြီး ပြောမဲ့ စကားကို နားထောင်ကြ”

၎င်းကိုကြားသောအခါ မည်သူကမှ ကျေနပ်သည့် အရိပ်အယောင် မပြကြပေ။ သူတို့အားလုံး တူများကို ချထားပြီး အဘိုးအိုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်ကြသည်။

အခန်း (၅၀၈)

ဧည့်ခံပွဲတွင် အဘိုးအို၏ အသံသည် လူတိုင်း နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာ၏။

“ဒီကိစ္စက နဂါးနဲ့ ဖီးနစ်တို့စစ်ပွဲပြီးကနေ စခဲ့တာ။ နဂါးနဲ့ ဖီးနစ်တို့ စစ်ပွဲပြီးဆုံးသွားတဲ့အခါ နဂါးနဲ့ ဖီးနစ် မျိုးနွယ်စုခေါင်းဆောင်တွေ ကောင်းကင်ကံကြမ္မာကို မခံနိုင်တဲ့အပြင် ကမ္ဘာခြားကောင်းကင်နတ်ဆိုးတွေရဲ့ လောဘအကြည့်တွေကိုပါ ဆွဲဆောင်မိသွားကြတယ်”

“နတ်ဘုရားဧကရာဇ်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင် အပြင်းအထန် ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီး ဆန်းကြယ်ကောင်းကင်ဒေသကို အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်”

“ဖီးနစ်မျိုးနွယ်စုခေါင်းဆောင် သူနဲ့ တိုက်ခိုက်ပြီး နောက်ဆုံးမှာ နတ်ဆိုးနတ်ဘုရားကို နှိမ်နင်းဖို့ အပျက်အစီးဒေသရဲ့ စွမ်းအားကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ဟာ နောက်ဆုံးထွက်သက်ပဲ ကျန်တော့ပြီး နီဗားနားထဲ ဝင်ရောက်သွားတော့တယ်”

“နတ်ဆိုးနတ်ဘုရားကို မြှုပ်နှံခဲ့တဲ့နေရာကတော့ မီးလျှံနတ်ဆိုးချောက်နက်ပဲ။ နတ်ဆိုးနတ်ဘုရား ပျက်စီးသွားပေမဲ့ သူ့သွေးတွေက ချောက်နက်ကို ညစ်ညမ်းစေခဲ့ပြီး အထဲမှာရှိတဲ့ သတ္တဝါအားလုံးကို နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားစေခဲ့တယ်။ ကျန်ရစ်တဲ့ ဝိညာဉ်အကြွင်းအကျန်ကလည်း ချောက်နက်ထဲကို ပေါင်းစပ်သွားတာမလို့ ဒီချောက်နက်ဟာ တားမြစ်မြေတစ်ခု ဖြစ်လာတော့တယ်”

“အစောပိုင်းတုန်းကတော့ ဖီးနစ်မျိုးနွယ်စုဟာ နှစ်အနည်းငယ်ကြာတိုင်း ချောက်နက်ကို သန့်ရှင်းရေးလုပ်လေ့ရှိကြတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချောက်နက်ကို ပုံမှန်သန့်ရှင်းရေးလုပ်တဲ့ မျိုးနွယ်စုဝင်တွေဆီမှာ နတ်ဆိုးသွင်ပြင် ပြောင်းလဲလာတဲ့ လက္ခဏာတွေ ပြလာတယ်”

“အဲဒီအချိန်က ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ဟာ ဘယ်မျိုးနွယ်စုဝင်မှ ချောက်နက်ကို သုံးကြိမ်ထက်ပိုပြီး သန့်ရှင်းရေးမလုပ်ရဘူးလို့ ပြတ်ပြတ်သားသား အမိန့်ပေးခဲ့တယ်”

“ဒါပေမဲ့ ဒီလိုနည်းနဲ့ ဖီးနစ်မျိုးနွယ်စုတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေတာကြောင့် ချောက်နက်ထဲက နတ်ဆိုးတွေရဲ့ အရေအတွက်ကို လျော့ချဖို့ မဖြစ်နိုင်တော့ဘူး”

“နောက်ဆုံးမှာတော့ မျိုးနွယ်စုခေါင်းဆောင်က ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ ဖီးနစ်မျိုးနွယ်စုရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ သူတော်စင်တစ်ပိုင်း အင်အားစုအားလုံးဟာ ချောက်နက်ကို ရှင်းလင်းရေးလုပ်တဲ့နေရာမှာ ပါဝင်ဆင်နွှဲခွင့်ရှိပြီး ဝူထုံသစ်ကိုင်းတစ်ကိုင်းကို ဆုလာဘ်အဖြစ် ပေးအပ်မယ်ဆိုပြီးတော့ပေါ့”

“အချိန်ကြာလာတာနဲ့အမျှ ချောက်နက်စမ်းသပ်ပွဲဟာ ဖီးနစ်မျိုးနွယ်စုရဲ့ သူတော်စင်တစ်ပိုင်းအင်အားစုဆယ့်ရှစ်ခုတွေအတွက် အရေးအကြီးဆုံး စမ်းသပ်ပွဲတစ်ခု ဖြစ်လာတယ်”

ဘိုးဘေးကြီး၏ ပြောပြချက်ကို နားထောင်ပြီးနောက် ယဲ့ပေ့ရွှမ် လက်သီးဆုပ်ကာ ဂါရဝပြုရင်း မေးလိုက်သည်။

“ဘိုးဘေးကြီး ကျွန်တော်သိချင်တာက ဒီစမ်းသပ်ပွဲရဲ့ အဆင့်သတ်မှတ်ချက်ကို ဘယ်လိုမျိုး တွက်ချက်တာလဲ”

“ဒါကတော့ နတ်ဆိုးသလင်းကျောက်တွေကို အမှတ်တွေအဖြစ် လဲလှယ်ဖို့ တင်သွင်းရင်း တွက်ချက်တာပေါ့။ ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ နတ်ဆိုးသတ္တဝါတွေဆီကရတဲ့ နတ်ဆိုးသလင်းကျောက်တွေက အမှတ်ပိုရတယ်။ အမှတ်အများဆုံး ထိပ်တန်းကျင့်ကြံသူဆယ်ယောက် ဆုလာဘ်တွေ ရနိုင်တယ်၊၊ ထိပ်တန်းသုံးယောက်ကတော့ နီဗားနားမြေထဲကို ဝင်ရောက်ပြီး ဉာဏ်အလင်းပွင့်ဖို့အတွက် တစ်နေရာစာ ရနိုင်တယ်”

အဘိုးအို နီဗားနားမြေတွင် ကျင့်ကြံသည့်အကြောင်း ပြောလိုက်ချိန်တွင် သူ့မျက်နှာထက် တပ်မက်သည့် အမူအရာတစ်ခု ပေါ်လာ၏။

သူ ဘိုးဘေးနယ်မြေသို့ ရောက်ရှိလာသည့်အချိန်မှစ၍ နီဗားနားမြေထဲသို့ တစ်ကြိမ်သာ ဝင်ရောက်ဖူးပြီး ထိုတစ်ကြိမ်တည်းသော အတွေ့အကြုံကပင် သူ၏ကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်စေခဲ့သည်။

အကယ်၍ သူ နောက်ထပ်တစ်ကြိမ် ဝင်ရောက်ခွင့်ရမည်ဆိုပါက သူတေယ်စင်အဆင့်သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။

သို့သော်လည်း သူ စိတ်ကူးယဉ်နေရုံသာဖြစ်၏။ သူ၏ အိုမင်းရင့်ရော်လှသော သက်တမ်းအရ နီဗားနားမြေသို့ တစ်ကျော့ပြန်ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“နားလည်ပါပြီ”

ထို့နောက် ယဲ့ပေ့ရွှမ် ထပ်ကာမေးလိုက်သည်။

“မီးလျှံနတ်ဆိုးချောက်နက်ထဲက အစွမ်းထက်ဆုံး နတ်ဆိုးအသွင်ပြောင်းသတ္တဝါရဲ့ အမြင့်ဆုံးကျင့်ကြံခြင်းနယ်ပယ်က ဘာလဲ”

“သူတော်စင်တစ်ပိုင်း အဆင့်ပဲ”

အဘိုးအို ဆက်လက်ရှင်းပြသည်။

“မီးလျှံနတ်ဆိုးချောက်နက်ထဲမှာ စုစုပေါင်း သူတော်စင်တစ်ပိုင်း အဆင့်ရှိတဲ့ နတ်ဆိုးအသွင်ပြောင်းသတ္တဝါ ဆယ်ကောင်ရှိတယ်။ ဒါပေမဲ့ သူတော်စင်တစ်ပိုင်း သတ္တဝါဆယ်ကောင် နေထိုင်တဲ့ နေရာတွေဟာ အရမ်း အန္တရာယ်ကြီးများတယ်။ သူတော်စင်တစ်ပါးတောင်မှ ဒဏ်ရာမရဘဲ လွတ်မြောက်ဖို့ မလွယ်ကူဘူး။ နတ်ဆိုးအသွင်ပြောင်း သတ္တဝါဆယ်ကောင်က အဲဒီနေရာမှာ အမြဲတမ်း နေကြတာ”

“ဘိုးဘေးကြီး မီးဖီးနစ်တောင်ကြားအနေနဲ့ နတ်ဆိုးအသွင်ပြောင်း သတ္တဝါဆယ်ကောင် သူတော်စင်အဆင့်ထဲ ရောက်သွားမှာ မစိုးရိမ်ဘူးလား”

ယဲ့ပေ့ရွှမ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။

“သူတို့သာ သူတော်စင်အဆင့်ထဲ ရောင်သွားရင် အဲဒါက တကယ်တော့ မီးဖီးနစ်တောင်ကြားအတွက် ကောင်းတဲ့အချက် ဖြစ်သွားလိမ့်မယ်။ သူတို့ သူတော်စင်အဆင့် ရောက်သွားတာနဲ့ မီးလျှံနတ်ဆိုးချောက်နက်ထဲ ဆက်ပြီး မနေနိုင်တော့ဘူး။ သူတို့ မီးလျှံနတ်ဆိုးချောက်နက်ထဲကနေ ထွက်လာရင်တော့ သူတို့ရဲ့ ပျက်စီးခြင်းပဲ။ မီးဖီးနစ်တောင်ကြားရဲ့ နတ်ဘုရားဘုရင်က သူတို့ ဒီဒေသကို အန္တရာယ်ပြုခွင့် လုံးဝပေးမှာ မဟုတ်ဘူး”

အဘိုးအို ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပြော၏။

ယဲ့ပေ့ရွှမ် ခေါင်း အသာညိတ်လိုက်ပြီး သူ့နှလုံးသားထဲတွင် အတွေးတစ်ခုကို ပုံဖော်ထားသဖြင့် ဘာမှထပ်မပြောတော့ပေ။

ယဲ့ပေ့ရွှမ် သူများ အနောက်တွင် ကျန်ရစ်နေရန် ဘယ်တုန်းကမျှ အလိုမရှိချေ။ မြောင်တောင်တွင် သူ၌ ရွေးချယ်စရာမရှိခဲ့ပေ။ မြင့်မြတ်သားတော် စီနီယာအစ်ကိုကြီးနှစ်ဦးကို မဆိုထားနှင့် စီနီယာအစ်မချင်းသည်ပင် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင်။

မြောင်တောင်တွင် ထူးချွန်ထက်မြက်သူတစ်ယောက် ပေါ်ထွက်လာရန် မလွယ်ကူသော ကိစ္စတစ်ခုပေ။

သို့သော်လည်း ယခုစမ်းသပ်ပွဲတွင် ဖီးနစ်မျိုးနွယ်စု၏ အရှင်ဆယ့်ခုနစ်ပါးနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် သူ လုံးဝပင် မကြောက်ရွံ့။

ယဲ့ပဲ့ရွှမ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ အဘိုးအိုက ဆက်၍မေးလိုက်သည်။

“ပေ့ရွှမ် မင်းမှာ တခြားမေးချင်တာ ရှိသေးလား”

ယဲ့ပေ့ရွှမ် ပြုံးလိုက်သည်။ “ကျွန်တော့်မှာ တခြားမေးခွန်း မရှိတော့ပါဘူး။ ဒီစမ်းသပ်ပွဲမှာ ပထမဆုကို သေသေချာချာ ဆွတ်ခူးပေးပါ့မယ်။ ဘိုးဘေးကြီးအတွက် ကျေးဇူးတင်ပါတယ်”

“ကောင်းပြီ”

အဘိုးအို သူ့လက်ထဲမှ စက္ကူဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ အဘိုး မင်းကို အောင်မြင်ပါစေလို့ အရင်ဆုံး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ သောက်ကြစို့”

“သောက်ကြစို့”

မီးဖီးနစ်တောင်ကြားအဖွဲ့သားများ ပျော်ရွှင်ချမ်းမြေ့စွာ ဝိုင်သောက်နေကြစဉ် အခြားသော အရှင်ဆယ့်ခုနစ်ယောက်တို့သည် သူတို့၏ သက်ဆိုင်ရာ ပြိုင်ဘက်များကို အသည်းအသန် ခွဲခြမ်းစိတ်ဖြာနေကြထား၏။

အပျက်အစီးဒေသ၏ အဓိက သူတော်စင်တစ်ပိုင်းအင်အားစု ဆယ့်တစ်စုအတွက် အထူးပင် မှန်ကန်လှသည်။

မီးလျှံနတ်ဆိုးချောက်နက်စမ်းသပ်ပွဲည် သူတို့အတွက် အမြင့်မားဆုံး အရေးပါလှသော ခမ်းနားသည့် ပွဲတော်တစ်ခုပင်။

စမ်းသပ်ပွဲတိုင်းတွင် သူတို့ အမှတ်အများဆုံး ထိပ်တန်းသုံးယောက်စာရင်းတွင် နေရာတစ်ခု ရရန် ရည်ရွယ်၍ အခြားသော အင်အားစုဆယ်ခုကို ပစ်မှတ်ထားလေးရှိသည်။

နီဗားနားမြေထဲတွင် ကျင့်ကြံခြင်းကား သူတို့အတွက် အသွင်ပြောင်းလဲခြင်းဆိုင်ရာ အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ထိုအရာသည် သူတို့သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်သည့်အပြင် သူတော်စင်များကိုပင် မွေးထုတ်ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

သူတော်စင်၏ မီးဖီးနစ်တောင်ကြားသာ ဖြစ်လိမ့်မည်ဆိုစေကာမူ မီးဖီးနစ်တောင်ကြားတွင် သူတို့၏ ဘိုးဘေးများ အင်အားကြီး’မားလာပါကသူတို့၏ ဩဇာအာဏာ ကြီးမားလေ ဖြစ်ပေလိမ့်မည်။

နောက်ထပ် သုံးရက်တာကာလအတွင်း မီးဖီးနစ်တောင်ကြားအတွင်း၌ လျှို့ဝှက်သောရေစီးကြောင်းများ လှုပ်ခတ်လာ၏။

ယဲ့ပေ့ရွှမ်နှင့် သူ၏အဖွဲ့သားများသာ ရှုခင်းကြည့်ရန် လာရောက်ကြသကဲ့သို့ ပြုမူနေကြပြီး မီးဖီးနစ်တောင်ကြားတစ်ဝိုက်တွင် အေးအေးလူလူ လှည့်လည်သွားလာနေကြသည်။

ဤအပြုအမူက အခြားသော နယ်မြေအုပ်ချုပ်သူ ဆယ့်ခုနစ်ယောက်၏ အထင်သေးကဲ့ရဲ့မှုကို ဆွဲဆောင်မိသွားတော့သည်။

စမ်းသပ်ပွဲကျင်းပမည့်နေ့သည်လည်း သတ်မှတ်ထားသည့်အတိုင်း ရောက်ရှိလာခဲ့ပေ။ ယဲ့ပေ့ရွှမ် မီးဖီးနစ်တောင်ကြား၏ ပင်မစစ်ကြောင်းနောက်သို့ လိုက်ပါလျက် မီးလျှံနတ်ဆိုးချောက်နက်၏ အဝင်ဝသို့ ရောက်ရှိလာသည်။

အပြင်ပန်းကကြည့်လျှင် ၎င်းသည် သာမန်လျှိုမြောင်တစ်ခုကဲ့အလား သို့သော် အနီးကပ်ကြည့်ရှုလိုက်သောအခါတွင်မူ ထိုလျှိုမြောင်သည် အောက်ခြေမရှိသကဲ့သို့ နက်ရှိုင်းလှပြီး လျှိုမြောင်အထက်ရှိ ကောင်းကင်ယံတစ်ခုလုံး နတ်ဆိုးချီများဖြင့် ဖုံးလွှမ်းနေတော့၏။

အကယ်၍ မီးဖီးနစ်တောင်ကြား၏ ချိတ်ပိတ်မှုသာ မရှိပါက အတွင်းနတ်ဆိုးများမှာ လွန်ခဲ့သောအချိန်ကတည်းကပင် လျှံထွက်သွားခဲ့လောက်ပြီ ဖြစ်သည်။

ချွင်...

ဖီးနစ်ငှက်၏ အော်မြည်သံနှင့်အတူ ဖီးနစ်တစ်ကောင်သည် ကောင်းကင်ယံမှ ပျံသန်းဆင်းသက်လာပြီး လူတိုင်း ရှေ့တွင် ရပ်တန့်လိုက်၏။

“ကျွန်တော်တို့ သံတမန်ကို ရိုသေစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်”

“တခမ်းတနားတွေလုပ်မနေပါနဲ့…”

ဖီးနစ်က လူတိုင်းကို ဝေ့ဝဲကြည့်ရှုကာ ပြောဆိုလိုက်သည်။

“မင်းတို့ ဘိုးဘေးကြီးတွေ စမ်းသပ်ပွဲရဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို ပြောပြထားပြီးပြီလို့ ယူဆမယ်။ နောက်ထပ်အနေနဲ့ ဒီအရှင်က စမ်းသပ်ပွဲရဲ့ စည်းမျဉ်းတွေကို ရှင်းပြမယ်”

“စစ်မှန်ကံကြမ္မာအဆင့်အောက် နတ်ဆိုးအမြူတေတွေကို အမှတ်အဖြစ် ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူး။ စစ်မှန်ကံကြမ္မာအဆင့်ရဲ့ နတ်ဆိုးသလင်းကျောက်က ၁ မှတ်၊ ကောင်းကင်ဇာစ်မြစ်က ၁၀ မှတ်၊ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းက ၁၀၀၊ တာအိုပေါင်းစည်းခြင်းက ၁၀၀၀၊ နီဗားနားရှင်သန်ခြင်းက ၁၀၀၀၀၊ အကြိုသူတော်စင်တစ်ပိုင်းအဆင့်က ၅၀၀၀၀ နဲ့ သူတော်စင်တစ်ပိုင်းက ၁၀၀၀၀၀၀ သတ်မှတ်တယ်။ စမ်းသပ်ပွဲအတွင်း သတ်ဖြတ်ခြင်းကို ခွင့်ပြုထားပေမဲ့ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုပုဂ္ဂိုလ်ရေး ကလဲ့စားချေမှုကိုမှ ခွင့်မပြုဘူး။ ချိုးဖောက်သူတွေကို သနားညှာတာမှုမရှိ ကွပ်မျက်လိမ့်မယ်။ အားလုံးပဲ နားလည်ကြပြီလား”

“ကျွန်တော်တို့ သံတမန်ရဲ့ အမိန့်ကို လေးစားစွာ နာခံပါ့မယ်”

လူတိုင်း ရိုသေစွာ ပြောဆိုလိုက်ကြသည်။

သံတမန်၏ စကားကို ကြားရသောအခါ ယဲ့ပေ့ရွှမ် စိတ်ထဲတွင် တွေးလိုက်မိသည်။

‘ဒါဆိုရင် မီးဖီးနစ်တောင်ကြားဟာ မီးလျှံနတ်ဆိုးချောက်နက်ကို ဝက်မွေးမြူရေးခြံတစ်ခုလို သဘောထားနေတာပဲ။ နတ်ဆိုးအသွင်ပြောင်း သတ္တဝါတွေကို သုံးပြီး မီးဖီးနစ်တောင်ကြားနဲ့ ဖီးနစ်သွေးမျိုးဆက်ကို ကျွေးမွေးပြီး အားကောင်းအောင် လုပ်နေတာကိုး’

လူတိုင်း၏ တုံ့ပြန်မှုကို ကြားရသောအခါ ဖီးနစ် ဆက်လက်ပြောဆိုသည်။

“ဒီစမ်းသပ်ပွဲဟာ သုံးလကြာမြင့်လိမ့်မယ်။ သုံးလပြည့်ပြီးနောက် ဒီအရှင်က အစီအရင်ကို လာရောက်ဖွင့်လှစ်ပေးမှာဖြစ်ပြီး မင်းတို့ကို သုံးရက်တိုင်တိုင် စောင့်ဆိုင်းနေမယ်။ မင်းတို့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း မပျက်မကွက် ပြန်လာရမယ်”

“မင်းတို့ သုံးလကြာပြီးနောက်မှာ ပြန်မထွက်လာဘူးဆိုရင်တော့ ချောက်နက်ထဲကို နစ်မြုပ်သွားပြီး နတ်ဆိုးအသွင်ပြောင်း သတ္တဝါတွေအဖြစ် ပြောင်းလဲသွားဖို့ပဲ ရှိတော့တယ်။ မင်းတို့ကို သတိမပေးခဲ့ဘူးလို့ ဒီအရှင်ကို အပြစ်မတင်နဲ့”

“နောက်ထပ်အနေနဲ့၊ ဒီအရှင်က နတ်ဆိုးချောက်နက်ရဲ့ လမ်းကြောင်းကို ဖွင့်လှစ်ပေးမယ်။ စမ်းသပ်ပွဲမှာ ပါဝင်မယ့်သူအားလုံး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြပါ”

ထိုသို့ပြောပြီးနောက် သူ ရှုပ်ထွေးလှသော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်တော့သည်။

ရှေးဟောင်းနတ်ဘုရားစာသားတစ်ခု လူအုပ်ကြီး၏ အထက်တွင် ပေါ်ထွက်လာပြီး ထိုရှေးဟောင်းနတ်ဘုရားစာသားက တောင်ကြားအထက်သို့ ကျရောက်သွားသည်။

တောင်ကြားသည် ဝဲယာနှစ်ဖက်သို့ ဖြည်းညင်းစွာ ပွင့်ဟသွားပြီး မြေကမ္ဘာသည်လည်း တုန်ခါသွား၏။

ဤကဲ့သို့ မြင်ကွင်းသည် အပျက်အစီးဒေသမှ မဟုတ်သော ကျင့်ကြံသူများကို သဘာဝအတိုင်း အံ့အားသင့်သွားစေလေ၏။

ယဲ့ပေ့ရွှမ်နှင့် ဖုန်းချုံယွီ တို့သာလျှင် တည်ငြိမ်သော အမူအရာများဖြင့် ထိုနေရာတွင် ရပ်နေကြသည်။

ခဏအကြာတွင် နတ်ဆိုးချောက်နက်ဆီသို့ သွားရာလမ်းကြောင်း အပြည့်အဝ ပွင့်လှစ်သွားတော့သည်။

၎င်းသည် အနက်ရောင်သန်းသော အနီရောင်မီးလျှံများဖြင့် ဖုံးလွှမ်းနေသည့် အဆုံးအစကို မမြင်တွေ့နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်၏။

ယဲ့ပေ့ရွှမ် သူ့နတ်ဘုရားအာရုံဖြင့် လမ်းကြောင်းထဲသို့ ကြည့်ရှုလိုက်သော်လည်း သူ၏ နတ်ဘုရားအာရုံမှာ လမ်းကြောင်းကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အတွင်းဘက်ရှိ အခြေအနေကို မြင်တွေ့နိုင်ရန် မဖြစ်နိုင်ကြောင်းကိုသာ တွေ့လိုက်သည်။

တစ်ချိန်တည်းမှာပင် ဖီးနစ်၏ အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

“ပြီးခဲ့တဲ့ စမ်းသပ်ပွဲရဲ့ ရလဒ်တွေအရ ဖီးနစ်မျိုးဆက် အင်အားစုတွေ တန်းစီပြီးတော့ ထွက်ခွာကြ”

All Chapters