← Chapters

အခန်း ၆၆၁

Vol. 45 Ch. 661

အခန်း ၆၆၁

Vol. 45 Ch. 661

အခန်း (၆၆၁) ပထမဆုံး စခန်းချရာနေရာ တည်ဆောက်ခြင်း၊ ပင်လယ်လိပ်အိုကြီး၏ သစ္စာခံမှု

မြူခိုးတောင်ထိပ်တွင်..

ယဲ့ဖုန်းသည် ဝိညာဉ်သားရဲဆောင်မှတစ်ဆင့် အစ်ကိုကြီးခေါင်းပြား၏ စိတ်ထဲမှ အတွေးများကို ခိုးနားထောင်လိုက်မိပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“ကောင်းပါ့ကွာ ... အစ်ကိုကြီးခေါင်းပြား..

နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်းကို မရလို့ စိတ်ကောက်နေတာတဲ့.. တကယ် ရယ်ရတာပဲ ... ”

ယဲ့ဖုန်းသည် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဘာပြောရမှန်းပင် မသိတော့ချေ။

အစ်ကိုကြီးခေါင်းပြားကို ဘာလို့ နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်း မပေးတာလဲ။

သေချာပေါက် သူ့ခေါင်းက အရမ်း မာလွန်းလို့ပေါ့။

အကယ်၍ အစ်ကိုကြီးခေါင်းပြားသာ အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်သော အကျင့် မရှိဘူးဆိုလျှင် ... ယဲ့ဖုန်းက သူ့ကို နတ်ဆိုးဧကရာဇ်၏ အလင်းကွင်းကို ပေးသုံးမှာ အသေအချာပင် ဖြစ်၏။

သူသည် လေဝိညာဉ်ပုလဲပေါ်ရှိ ပုံရိပ်များကို ကြည့်ကာ ပြောလိုက်သည်။

“မြေခွေး ဝာာ့ဟုန်က နတ်ဆိုးဧကရာဇ်ရဲ့ အလင်းကွင်း အကူအညီနဲ့ မိုင်သောင်းချီ အတွင်းမှာရှိတဲ့ နတ်ဆိုးသားရဲ အားလုံးရဲ့ ခွန်အား တစ်စိတ်တစ်ပိုင်းကို ရသွားတယ်.. (၁) ဆင့်ပြောင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ခွန်အားကို ထုတ်သုံးနိုင်တာ တော်တော် မဆိုးဘူး.. လောလောဆယ်တော့ သူတို့ ခရီးစဉ်မှာ ဘာအခက်အခဲမှ မကြုံရလောက်တော့ဘူး ထင်တယ် ... ”

စကားအဆုံးတွင် ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို ပြန်သိမ်းလိုက်၏။

ဤတာဝန်အတွက် သူ အနီးကပ် စောင့်ကြည့်နေရန် မလိုအပ်ပေ။

မြေခွေး ဝာာ့ဟုန်နှင့် အခြား ဝိညာဉ်သားရဲများ အသက်အန္တရာယ် မကြုံတွေ့ရသရွေ့ သူ ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

“ငါက ရွှေနဂါး အကြီးအကဲချုပ်နဲ့ နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲ (၁၆) ကို သတ်ထားတာဆိုတော့ ... နဂါးမျိုးနွယ်စုက ဘယ်တော့လာပြီး တိုက်ခိုက်မလဲ မသိဘူး ... ”

ယဲ့ဖုန်းသည် ဤပြဿနာကို စဉ်းစားနေမိသည်။

ယခုအခါ အအေးခံချိန် တစ်လပင် မပြည့်တော့ပေ။ အကယ်၍ အစွမ်းထက်သော ရန်သူ လာရောက် တိုက်ခိုက်ပါက မြင့်မြတ်သော နတ်ဘုရားပုံစံကို ဖွင့်ရန် ဂုဏ်သတင်းတန်ဖိုးများကို အသုံးပြုရလေမည်။ တစ်ကြိမ် ဖွင့်တိုင်း ဂုဏ်သတင်းတန်ဖိုး (၁၀) သန်း ကုန်ကျလေမည်။

လက်ရှိတွင် စုစုပေါင်း ဂုဏ်သတင်းတန်ဖိုးမှာ တစ်သန်း ကျော်လွန်နေပြီ ဖြစ်ရာ အကြိမ် တစ်ရာခန့် အသုံးပြုနိုင်သဖြင့် အကြိမ်အရေအတွက်မှာ လုံလောက်သည်ဟု ဆိုရမည်ပင်။

“ဦးချို မွှေးပွ မျိုးနွယ်စုက အခု ဘယ်လိုနေလဲ မသိဘူး ... ”

ယဲ့ဖုန်းသည် ဤအင်အားစုကို ရုတ်တရက် သတိရသွား၏။

ဦးချို မွှေးပွ မျိုးနွယ်စု၏ အကြီးအကဲကို သတ်ဖြတ်ပြီးနောက် သူသည် ထိုမျိုးနွယ်စု၏ ဌာနချုပ်ကို သွားရောက် တိုက်ခိုက်ရန် အမြဲတမ်း ဆန္ဒရှိခဲ့သည်။ သို့သော် မထင်မှတ်ထားစွာပင် မကြာသေးမီက ထိုမျိုးနွယ်စု၏ တည်နေရာ အမှတ်အသားများကို သူ လုံးဝ အာရုံခံ၍ မရတော့ကြောင်း သတိပြုမိလိုက်၏။

သူတို့သည် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။

ဤသည်မှာ ယဲ့ဖုန်းကို သံသယများစွာ ဖြစ်ပေါ်စေခဲ့သည်။

သူ နောက်ဆုံးအကြိမ် မြင့်မြတ်သော နတ်ဘုရားပုံစံကို အသုံးပြုခဲ့စဉ်က ဦးချို မွှေးပွ မျိုးနွယ်စု အခြေစိုက်ရာ သက်ရှိကြယ်ကြီးကို တိုက်ဆိုင်စွာ ဖျက်ဆီးပစ်မိခဲ့ကြောင်း သူ မသိခဲ့ပေ။ ထို့ကြောင့် သူတို့၏ တည်နေရာကို အာရုံခံ၍ မရတော့ခြင်းမှာ သဘာဝကျလှပေသည်။

“ဟုတ်သားပဲ ... ရှေ့ဖြစ်ဟော မျိုးနွယ်စုနဲ့ ဝိညာဉ်ဝါးမြို မျိုးနွယ်စုလည်း ရှိသေးတာပဲ ... ”

ယဲ့ဖုန်းသည် ဤကြယ်တာရာ ဟင်းလင်းပြင် ရှိ အစွမ်းထက်သော မျိုးနွယ်စုကြီး နှစ်ခုကို သတိရသွား၏။

သူ သိထားသလောက်ဆိုလျှင် ဤမျိုးနွယ်စုကြီး နှစ်ခုစလုံးတွင် (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် အဆင့်ရှိ ပညာရှင်များ ပါဝင်ပြီး လျစ်လျူရှုထား၍ မရနိုင်ချေ။

သူတို့၏ ခွန်အားကို တိတိကျကျ မသိရသေးသဖြင့် ယဲ့ဖုန်းသည် လောလောဆယ်တွင် စတင် တိုက်ခိုက်ရန် ဆန္ဒမရှိပေ။

“ငါ့ရဲ့ လက်ရှိ မြင့်မြတ်တဲ့ နတ်ဘုရားပုံစံနဲ့ဆိုရင် အများဆုံး (၃) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ကိုပဲ ရင်ဆိုင်နိုင်မယ်.. အကယ်၍ ရှေ့ဖြစ်ဟော မျိုးနွယ်စုနဲ့ ဝိညာဉ်ဝါးမြို မျိုးနွယ်စုမှာ (၄) ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်သာ ရှိနေရင် ငါ ယှဉ်နိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် ရှန်ကျိုးတိုက်ကြီးမှာ နေတာက ပိုလုံခြုံတယ် ... ”

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်မိသည်။

သူသည် တရားထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လေတော့သည်။

ဤအဆင့်တွင် သူသည် မိမိ၏ ခွန်အားကို မြှင့်တင်ရန်သာမက ဂိုဏ်းအတွက် အဖိုးတန် ရတနာများ ချန်ထားခဲ့နိုင်ရန် နတ်ဘုရားစွမ်းရည်များကို တတ်နိုင်သမျှ များများ ဖန်တီးရန် လိုအပ်နေ၏။

*

ပင်လယ်၏ နက်ရှိုင်းသော နေရာတွင်..

မြေခွေး ဝာာ့ဟုန်သည် နတ်ဆိုးဧကရာဇ် အလင်းကွင်း၏ ကောင်းချီးကို ဆက်လက် ရယူထားသည်။ အနီရောင် ဂါဝန်နှင့် အနီရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသော မိန်းမပျိုလေး အသွင်ဖြင့် ခြေဗလာဖြင့် ပင်လယ်ပြင်ပေါ်တွင် လမ်းလျှောက်ကာ ခွေး အားဟာနှင့် အခြား ဝိညာဉ်သားရဲများကို ဦးဆောင်၍ ရှေ့သို့ ဆက်သွားနေ၏။

မကြာမီ သူတို့သည် လိပ်နတ်ဘုရားကျွန်းသို့ ရောက်ရှိလာကြသည်။

“နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပဲ ... ”

ကျွန်းပေါ်ရှိ ပင်လယ်လိပ်အိုကြီးသည် လေထဲတွင် လွင့်လူးနေသော အနီရောင် ဆံပင်ရှည်များနှင့် မြေခွေး ဝာာ့ဟုန်ကို ကြည့်ကာ ခေါင်းကို ကျုံ့ထားပြီး ကြောက်ရွံ့တုန်လှုပ်နေ၏။

ခုနက မြင်ကွင်းကို သူ အလွန် ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

မြေခွေး ဝာာ့ဟုန်သည် လက်ညှိုး တစ်ချက် ထိုးလိုက်ရုံဖြင့် မီးတောက်များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်ဖြိုခွဲအဆင့် နတ်ဆိုးဧကရာဇ် ဖြစ်သည့် ပင်လယ်ဧကရာဇ်ကို ပြာအဖြစ် ပြောင်းလဲပစ်ခဲ့သည် မဟုတ်ပါလား။

ယခု မြေခွေး ဝာာ့ဟုန်နှင့် ဝိညာဉ်သားရဲများ လိပ်နတ်ဘုရားကျွန်းဆီသို့ ပျံသန်းလာသည်ကို မြင်သောအခါ ပင်လယ်လိပ်အိုကြီးမှာ ကြောက်လွန်းသဖြင့် ဇက်ကလေး ပုထားလိုက်မိသည်။

သူ ထွက်ပြေးချင်သော်လည်း ရိုင်းစိုင်းရာ ကျသွားမည်ကို စိုးရိမ်နေမိ၏။

“ဟေး ... ငါတို့ ကျွန်းတစ်ကျွန်း တွေ့ပြီဟေ့ ... ”

“ဟိုမှာ ကြည့်... ဒီကျွန်းက မိုင်ရာချီ ကျယ်တယ်.. အရွယ်အစားက အနေတော်ပဲ။ ငါတို့ လမ်းကြောင်းရဲ့ ပထမဆုံး စခန်းချရာ နေရာအဖြစ် သုံးလို့ ရတယ် ... ”

“ဒီနေရာကို သိမ်းပိုက်ပြီးရင် ငါတို့ နန်ယန်မြို့ကို ပြန်နိုင်ဖို့ ခြေကုပ်စခန်း အဖြစ် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အသေးလေး တစ်ခု တည်ဆောက်မယ်.. ပြီးတော့ ထောက်ပံ့ရေး ပစ္စည်းတွေ ရနိုင်အောင် ဒီမှာ မြို့ငယ်လေး တစ်မြို့ တည်ဆောက်နိုင်ရင် ပိုကောင်းမယ် ... ”

မြေခွေး ဝာာ့ဟုန်သည် အောက်ဘက်ရှိ လိပ်နတ်ဘုရားကျွန်းကို လက်ညှိုးထိုးပြကာ သူမ၏ အစီအစဉ်များကို ရှင်းပြနေ၏။

သူမကို ဘဲကင် စားရန်သာ သိသော မြေခွေးမိုက်လေးဟု မထင်လိုက်ပါနှင့်။ တကယ်တမ်းတွင် သူမသည် ကျီဇီလင်းထံမှ အများအပြား သင်ယူထားခဲ့ခြင်း ဖြစ်သည်။

ဗဟုသုတ အပိုင်းတွင် မြေခွေး ဝာာ့ဟုန်မှာ လုံးဝ မညံ့လှပေ။

“အစ်မကြီးက အစ်မကြီးပဲ။ အကြံဉာဏ်တွေ အများကြီး ရှိတာပဲ ... ”

ခွေး အားဟာက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။

အစ်ကိုကြီးခေါင်းပြားမှာမူ သိပ်မကျေနပ်ပေ။ ခြေကုပ်စခန်း တည်ဆောက်ပြီးနောက် ဤနေရာတွင် မြို့ငယ်လေး တစ်မြို့ ဘာကြောင့် တည်ဆောက်ရန် လိုအပ်သည်ကို သူ နားမလည်နိုင်ချေ။

သူ ဤပြဿနာကို ဖြေရှင်းရန် ကြိုးစားကြည့်သည်။

သို့သော် စဉ်းစားပြီးနောက် အစ်ကိုကြီးခေါင်းပြားသည် တိုက်ခိုက်ခြင်းမှ လွဲ၍ ကျန်သည့်ကိစ္စများကို သူ လုံးဝ နားမလည်ကြောင်း ခံစားလိုက်ရ၏။ ဤပြဿနာကို နားလည်အောင် လုပ်ခိုင်းခြင်းက သူ့ကို သတ်ပစ်ခြင်းထက်ပင် ပို၍ ခက်ခဲနေတော့သည်။

ထိုသို့ တွေးမိသည်နှင့် အစ်ကိုကြီးခေါင်းပြားသည် ခေါင်းငိုက်စိုက်ကျသွားရှာတော့သည်။

“ဆံပင်နီ မြေခွေးမလေး ... ငါတို့ ဒီမှာ မြို့ငယ်လေးကို ဘာလို့ တည်ဆောက်ရမှာလဲ ... ”

ရွှေရောင် ငန်းဝကြီးက ပေါ့ပေါ့ပါးပါး မေးလိုက်၏။

ထိုစကားကို ကြားသောအခါ အစ်ကိုကြီးခေါင်းပြားသည် မျက်ခုံးပင့်သွားတော့သည်။

သူသည် အလွန် စိတ်ဝင်တစားဖြင့် ခိုးနားထောင်လိုက်သည်။ သူလည်း အကြောင်းရင်းကို သိချင်နေခြင်း ဖြစ်၏။

“ကြည့်လေ ... အောက်က ကျွန်းကြီးက လူသူကင်းမဲ့နေတယ်.. ဒီမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တည်ဆောက်လိုက်ရင် စောင့်ရှောက်မယ့်သူ မရှိဘဲ ဖြစ်နေမှာပေါ့ ... ”

“ဒါပေမဲ့ မြို့ငယ်လေး တစ်မြို့ တည်ဆောက်လိုက်ရင် မတူတော့ဘူး ... ”

“အဲဒီထဲမှာ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ သတင်းပို့ဖို့၊ ဝင်္ကပါကို စောင့်ရှောက်ဖို့ ကျင့်ကြံသူတွေ ထားလို့ရတယ်.. ပြီးတော့ မြို့ငယ်လေး ရှိရင် ပစ္စည်းတွေလည်း ပေါများလာမယ်.. ဂိုဏ်းတပည့်တွေ ဒီကို လာပြီး လေ့ကျင့်ရင်လည်း အထောက်အပံ့တွေ ရနိုင်တာပေါ့ ... ”

မြေခွေး ဝာာ့ဟုန်သည် လိပ်နတ်ဘုရားကျွန်းကို လက်ညှိုးထိုးပြကာ မရပ်မနား ရှင်းပြနေသည်။

“ဪ ... အဲဒီလိုကိုး ... ”

ရွှေရောင် ငန်းဝကြီးသည် နားလည်သွားသကဲ့သို့ ခေါင်းညိတ်လိုက်၏။

ဘေးတွင် ရှိနေသော အစ်ကိုကြီးခေါင်းပြားမှာမူ နှာခေါင်းမှ လေပူများ မှုတ်ထုတ်လိုက်မိသည်။ ဤမျှ ရိုးရှင်းမည်ဟု သူ မထင်ထားခဲ့ပေ။ သူသာ ခေါင်းစားခံပြီး စဉ်းစားလိုက်လျှင် ရနိုင်သားပဲဟု တွေးလိုက်မိ၏။

“နှမြောစရာ ကောင်းတာက ... ငါတို့ဆီမှာ အစွမ်းထက်တဲ့ အစောင့် တစ်ယောက် လိုနေသေးတယ်.. အကယ်၍ ရှိခဲ့ရင် ဒီကျွန်းကို ယာယီ စောင့်ရှောက်ပေးပြီး ပင်လယ်နတ်ဆိုးတွေ လာမတိုက်အောင် ကာကွယ်ပေးလို့ ရတာပေါ့ ... ”

မြေခွေး ဝာာ့ဟုန်က ထပ်လောင်း ပြောလိုက်သည်။

"ဝုန်း..."

ရုတ်တရက် အောက်ဘက်ရှိ လိပ်နတ်ဘုရားကျွန်းမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ ကျွန်း၏ အလယ်ဗဟိုမှ တောင်ကုန်းအရွယ်အစားရှိသော လိပ်ကြီး တစ်ကောင် ထွက်ပေါ်လာပြီး အထွတ်အထိပ် နတ်ဆိုးဧကရာဇ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။

“သတိထား ... မိစ္ဆာကောင် ... ”

မြေခွေး ဝာာ့ဟုန်မှာ လန့်ဖြတ်သွားပြီး သူမ၏ ဖြူသွယ်သော လက်ချောင်းလေးများကို အလျင်အမြန် ဆန့်ထုတ်လိုက်၏။

“ငါ သူ့ကို အရင် သတ်လိုက်မယ် ... ”

ထိုစကားကို ကြားသောအခါ ပင်လယ်လိပ်အိုကြီး၏ ကိုယ်ခန္ဓာ တစ်ခုလုံး တုန်ယင်သွားတော့သည်။

“မ ... မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ ... ချမ်းသာပေးပါ နတ်ဆိုးဧကရာဇ်ကြီး ... ကျွန်တော်က လိပ်နတ်ဘုရားကျွန်းရဲ့ အစောင့်ပါ။ ခုနက နတ်ဆိုးဧကရာဇ်ကြီးတို့ စကားပြောနေတာကို ကြားလိုက်ရလို့ ဒီမှာ မြို့တည်ဆောက်ချင်တယ် ဆိုတာ သိလိုက်ရတယ်.. ကျွန်တော် မြို့စောင့်အဖြစ် တာဝန်ယူပေးနိုင်ပါတယ် ... ”

ပင်လယ်လိပ်အိုကြီးမှာ လန့်လွန်း၍ အသက်တောင် မရှူရဲတော့ချေ။

သူသည် မြေခွေး ဝာာ့ဟုန်၏ ခွန်အားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးထားသည် မဟုတ်ပါလား။ အကယ်၍ သူသာ အရိုက်ခံရပါက သူ၏ အခွံကြီးမှာ လုံးဝ တောင့်ခံနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူ အလျင်အမြန် ရှင်းပြလိုက်ရခြင်း ဖြစ်၏။

“ကြီးလိုက်တဲ့ လိပ်နက်ကြီး ... ”

ရွှေရောင် ငန်းဝကြီးသည် ပင်လယ်လိပ်အိုကြီးကို အတောင်ပံဖြင့် ညွှန်ပြကာ အံ့ဩတုန်လှုပ်စွာ ပြောလိုက်၏။

ပင်လယ်လိပ်အိုကြီး - “ ... ... ... ”

သူ စကားမပြောနိုင်တော့ချေ။

သူက ပင်လယ်လိပ် တစ်ကောင် ဖြစ်ကြောင်း ရှင်းလင်းနေပါလျက်နှင့် ဤရွှေရောင် ငန်းဝကြီးက သူ့ကို လိပ်နက်ကြီးဟု အတင်း ခေါ်နေခြင်းမှာ လုံးဝ ယုတ္တိမတန်လှပေ။

“ဝူး ... ဟူး ... ”

အစ်ကိုကြီးခေါင်းပြားသည် ပင်လယ်လိပ်အိုကြီးကို စိုက်ကြည့်ကာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ဝင်တိုက်ရန် အသင့်ဖြစ်နေ၏။

ပင်လယ်လိပ်အိုကြီးက အစောင့်လုပ်ပေးမည်ဟု ကိုယ်တိုင် ကမ်းလှမ်းလာသည်ကို ကြားသောအခါ မြေခွေး ဝာာ့ဟုန်မှာ အလွန် ဝမ်းသာသွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပြောလိုက်၏။

“ဒါဆို အရမ်း ကောင်းတာပေါ့ ... ”

သူမ၏ သဘောတူညီမှုကို ကြားသောအခါ ပင်လယ်လိပ်အိုကြီးမှာ စိတ်အေးသွားတော့သည်။

သူသည် လိပ်နတ်ဘုရားကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး ဤနေရာမှ မထွက်ခွာလိုချေ။ အကယ်၍ ဤကျွန်းကို မြေခွေး ဝာာ့ဟုန်နှင့် ဝိညာဉ်သားရဲများက သိမ်းပိုက်လိုက်ပြီး သူက ကိုယ်တိုင် မကမ်းလှမ်းပါက သေချာပေါက် နှင်ထုတ်ခံရလေမည်။

“နတ်ဆိုးဧကရာဇ်ကြီးတို့က ဘယ်အင်အားစုက လာတာလဲ ဆိုတာ မေးလို့ ရမလား ... ”

ပင်လယ်လိပ်အိုကြီးသည် လေထဲတွင် ဝဲပျံနေရင်း တိုးညှင်းစွာ မေးလိုက်၏။

“ငါတို့က မြူခိုးဂိုဏ်းက လာတာ ... ”

မြေခွေး ဝာာ့ဟုန်က သူမတို့၏ နောက်ခံကို ဖော်ပြလိုက်၏။

“ဒီတစ်ခေါက် ငါတို့ရဲ့ တာဝန်က ပင်လယ်ရေကြောင်း လမ်းဖွင့်ဖို့ပဲ။ အနည်းဆုံး ပင်လယ်ထဲ မိုင်တစ်သန်းလောက်အထိ ဝင်ရမယ် ... ”

“နတ်ဆိုးဧကရာဇ်ကြီးက ပင်လယ်ထဲကို ဝင်ချင်တာလား ... ”

ပင်လယ်လိပ်အိုကြီး၏ မျက်နှာတွင် လူသားဆန်သော စိုးရိမ်ပူပန်မှုများ ပေါ်လာ၏။

“ပင်လယ် မျိုးနွယ်စုက ရေနက်ပိုင်းကို အုပ်ချုပ်ထားတာ.. သခင်ကြီးသာ ပင်လယ်ရေကြောင်း လမ်းဖွင့်ချင်တယ်ဆိုရင် ... ပဋိပက္ခတွေ ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ် ... ”

“ငါတို့က မြို့ငယ်လေးတွေ တည်ဆောက်ဖို့ ကျွန်းတွေကိုပဲ ရှာနေတာဆိုရင်တောင် ပဋိပက္ခ ဖြစ်နိုင်သေးလို့လား ... ” မြေခွေး ဝာာ့ဟုန်က နားမလည်စွာ မေးလိုက်သည်။

“ဟုတ်တယ် ... ” ပင်လယ်လိပ်အိုကြီးက ခေါင်းညိတ်လိုက်သည်။

“ပင်လယ် မျိုးနွယ်စုက ကုန်းမြေကို အမြဲတမ်း ကျူးကျော်ချင်နေတာ.. ကုန်းမြေပေါ်က ကျင့်ကြံသူတွေနဲ့ တွေ့ရင် ပဋိပက္ခက အမြဲတမ်း ဖြစ်တတ်တယ် ... ”

“ဝူး ... ဟူး ... ”

အစ်ကိုကြီးခေါင်းပြားသည် လက်သီးများကို ဆုပ်ကာ ဟိန်းဟောက်လိုက်၏။

သူ၏ အမူအရာက “လာစမ်းပါ ... ဘယ်သူက ကြောက်နေလို့လဲ” ဟု ပြောနေသကဲ့သို့ ရှိ၏။

ခွေး အားဟာ၊ သံလက်သည်း နဂါးလင်းယုန်၊ ဝက် စန်းဖန်နှင့် အခြား ဝိညာဉ်သားရဲများမှာ အစ်ကိုကြီးခေါင်းပြား တိုက်ခိုက်ရန် ပင်လယ်နက်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဆွဲထားလိုက်ကြရသည်။ အကယ်၍ ထိုသို့သာ ဖြစ်သွားပါက တကယ့်ကို ပြဿနာကြီး ဖြစ်သွားပေလိမ့်မည်။

--

All Chapters