← Chapters

အခန်း ၆၇၁

Vol. 45 Ch. 671

အခန်း ၆၇၁

Vol. 45 Ch. 671

အခန်း (၆၇၁) - ကြယ်တာရာ ဓားသိုင်းနှင့် တတိယမျိုးဆက် တပည့်များကို တရားဝင် စုဆောင်းခြင်း

"တကယ်ကို မဆိုးဘူးပဲ"

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ဝိညာဉ်ပင်လယ်အဆင့် တတိယအလွှာသို့ ရောက်ရှိနေခြင်းမှာ မျိုးဆက်သစ်လူငယ်များကြားတွင် သေချာပေါက် ထိပ်တန်းအဆင့် ဖြစ်၏။ သို့သော် မိုယင်ကဲ့သို့သော သူများနှင့် နှိုင်းယှဉ်ပါက များစွာ ကွာဟနေပါသေးသည်။

“ဝရော”

ပင်လယ်ကမ်းစပ်တွင် ဟန်ယုံဟွေး၏ အစိမ်းရောင် ဝတ်ရုံတောင်တန်း ဓားရိပ်များ သက်ဆင်းလာပြီး ပင်လယ်နတ်ဆိုး ဒါဇင်ပေါင်းများစွာကို အလွယ်တကူ ကြိတ်ချေပစ်လိုက်သည်။ သူသည် ဓားကို ဆက်တိုက် ဝှေ့ယမ်းနေ၏။

“ရွှစ် ... ရွှစ် ... “

ပင်လယ်နတ်ဆိုး ဒါဇင်ပေါင်းများစွာ ထက်ပိုင်းပြတ်သွားကြသည်။ သူတို့မှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိချေ။ ထိုအချိန်တွင် ဝတ်ရုံစိမ်း ဓားဂိုဏ်းမှ အခြားတပည့်များလည်း ဓားများကို စီးနင်းကာ ကမ်းစပ်သို့ ရောက်ရှိလာပြီး တိုက်ပွဲတွင် ပါဝင်လာကြ၏။

"စိမ်းလန်းတဲ့ တောင်တန်းတွေက မပြောင်းလဲဘူး ... ကြည်လင်တဲ့ ရေတွေက အမြဲစီးဆင်းနေမယ်"

ဟန်ယုံဟွေး အပါအဝင် ပါရမီရှင် ဓားသမား ဒါဇင်ပေါင်းများစွာသည် ဓားများကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ကြပြီး အစွမ်းထက်သော ပူးပေါင်းဓားသိုင်းကို ထုတ်ဖော်လိုက်ကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော အစိမ်းရောင် ဓားချီများ ကောင်းကင်ယံကို ဖြတ်သန်းသွားတော့၏။ ၎င်းတို့သည် လေပွေ တစ်ခုပမာ လှည့်ပတ်ပြီးနောက် ဧရာမ ဓားချီလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ ပင်လယ်နတ်ဆိုးများဆီသို့ ရိုက်ခတ်သွား၏။

ဤတိုက်ကွက် တစ်ချက်တည်းနှင့်ပင် ပင်လယ်နတ်ဆိုး ရာပေါင်းများစွာ အသက်ပျောက်သွားကြရသည်။

"တောက် ... သေစမ်း"

ပင်လယ်နတ်ဆိုးများထဲတွင် ဝိညာဉ်ပင်လယ်အဆင့်ရှိသော နတ်ဆိုးဘုရင် အချို့ ပါဝင်နေ၏။

မိမိ၏ လက်အောက်ငယ်သားများ အစုလိုက်အပြုံလိုက် အသတ်ခံနေရသည်ကို မြင်သောအခါ ဦးဆောင်လာသော အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်မှာ ဒေါသကို မထိန်းနိုင်တော့ပေ။ သူသည် ထက်မြက်သော လခြမ်းဓားကို ကိုင်ဆောင်ကာ ဝတ်ရုံစိမ်း ဓားဂိုဏ်း တပည့်တစ်ဦး၏ အထက်တွင် ရုတ်တရက် ပေါ်လာပြီး ဓားဖြင့် တအား ခုတ်ချလိုက်သည်။

"သတိထား"

ပါရမီရှင် ဓားသမား ဟန်ယုံဟွေး ချက်ချင်း လှုပ်ရှားလိုက်သည်။ သူသည် ဟင်းလင်းပြင်အတွင်း ဓားကို ဝှေ့ယမ်းကာ ဆွဲတင်လိုက်ရာ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်၏ လခြမ်းဓားကို လမ်းကြောင်းလွဲသွားစေ၏။

"ငါ့ကို လာတားတယ်ပေါ့ ... မင်းကို အရင်သတ်မယ်"

နတ်ဆိုးဘုရင်သည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မျက်တောင်တစ်ခတ်အတွင်း ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာကို ထုတ်လွှတ်လိုက်ရာ ဟန်ယုံဟွေးကို ထက်မြက်သော ဓားကွန်ရက်ကြီးတစ်ခုပမာ လွှမ်းခြုံသွားတော့သည်။

"ဟွန်း ... ဝတ်ရုံစိမ်း ဓားအကာအကွယ်"

ဟန်ယုံဟွေးသည် ဓားကို ညာလက်ဖြင့် ကိုင်ကာ ကောင်းကင်သို့ မြှောက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားသွားပေါ်တွင် လက်ဟန်ဖော်ကာ မန္တန်ကို အသက်သွင်းလိုက်သည်။

“ဝုန်း …”

ဖျော့တော့သော အပြာရောင် စက်လုံးပုံစံ ဓားအကာအကွယ်တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာက ထိုအကာအကွယ်ကို တရကြမ်း တိုက်ခိုက်သော်လည်း သတ္တုချင်း ထိခိုက်သံများသာ ထွက်ပေါ်လာပြီး အကာအကွယ်မှာ မပျက်စီးသွားပေ။

"ဂိုဏ်းချုပ် ... ဒါက ကိုးဆင့်မြောက် မန္တန်ပါ။ ဒီလူငယ်လေး ဟန်ယုံဟွေးက ဒါကို ကျွမ်းကျင်နေလိမ့်မယ်လို့ မထင်ထားဘူး" ဟု ဝတ်ရုံစိမ်း ဓား ဘိုးဘေးက ပြုံးရင်း ချီးကျူးလိုက်သည်။ သူသည် ဤပါရမီရှင် မျိုးဆက်သစ်လေးအပေါ် အလွန် ကျေနပ်နေပါ၏။

"တကယ်ကို မဆိုးဘူးပဲ" ယဲ့ဖုန်းလည်း ခေါင်းညိတ်လိုက်သည်။

ဟန်ယုံဟွေးသည် အသက်ငယ်သော်လည်း ဝိညာဉ်ပင်လယ်အဆင့် (၃) သို့ ရောက်ရှိနေခြင်းမှာ ပြင်ပလောကတွင်ပင် ထိပ်တန်းအဆင့် ဖြစ်၏။ ဤ 'ဝတ်ရုံစိမ်း ဓားအကာအကွယ်' နည်းစနစ် တစ်ခုတည်းနှင့်ပင် သူနှင့်အဆင့်တူသူများကြားတွင် သူ၏ အကာအကွယ်ကို ဖောက်ထွင်းနိုင်သူ အလွန်နည်းပါးပေလိမ့်မည်။

"အခုက ငါ့အလှည့်ပဲ ... ပြန်တိုက်စမ်း"

ဟန်ယုံဟွေးသည် သူ၏ အရှိန်အဝါအားလုံးကို ပေါက်ကွဲထုတ်လိုက်ပြီး ဘယ်လက်ဖြင့် လက်ဟန်ဖော်ကာ ညာလက်ရှိ ဓားရှည်ဖြင့် သူ၏ ရှေ့မှ ဟင်းလင်းပြင်အတွင်းသို့ ကိုးဆယ့်ကိုးကြိမ် တိတိ လှမ်းထိုးလိုက်သည်။

"ကြယ်တာရာ ဓားသိုင်း"

ဟန်ယုံဟွေးက အသံတိုးတိုးဖြင့် မာန်သွင်းလိုက်၏။ ဓားဖျားနှင့် ထိတွေ့ခဲ့သော ဟင်းလင်းပြင် နေရာတိုင်းတွင် ကြယ်စင်အမှတ်အသားများစွာ ပေါ်ထွက်လာပြီး အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်ထံသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

"ဒါတွေက ဘာတွေလဲ"

နတ်ဆိုးဘုရင်သည် အန္တရာယ်ကို ခံစားမိသဖြင့် ချက်ချင်း လှည့်ပြေးရန် ကြိုးစားသော်လည်း ထိုကြယ်စင်အမှတ်အသားများမှာ အလွန် မြန်ဆန်လွန်းနေ၏။

“ရွှစ် ... ရွှစ် ... ရွှစ် …”

ကြယ်စင်အမှတ်အသား တစ်ခုချင်းစီသည် အကာအကွယ်အားလုံးကို ကျော်ဖြတ်ကာ နတ်ဆိုးဘုရင်၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ စွမ်းအင်လမ်းကြောင်းများတွင် ရှုပ်ထွေးလှသော သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ပုံဖော်လိုက်ကာ ချက်ချင်း ပေါက်ကွဲသွားတော့၏။

“ဝုန်း …”

ပင်လယ်နတ်ဆိုးပေါင်းများစွာ၏ အံ့ဩနေသော အကြည့်များအောက်တွင် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်၏ ကိုယ်ခန္ဓာကြီးမှာ ပေါက်ကွဲထွက်သွားပြီး အစအနပင် မကျန်တော့ချေ။

"သိပ်ကို ထူးခြားတဲ့ မန္တန်ပဲ။ ဒါလည်း ကိုးဆင့်မြောက် မန္တန်ပဲ မဟုတ်လား" ယဲ့ဖုန်းက ဘေးရှိ ဝတ်ရုံစိမ်း ဓား ဘိုးဘေးကို လှည့်မေးလိုက်သည်။

"ဟုတ်ပါတယ်" ဝတ်ရုံစိမ်း ဓား ဘိုးဘေးက ခေါင်းညိတ်သည်။ "ဒီ ကိုးဆင့်မြောက် မန္တန်ကို 'ကြယ်တာရာ ဓားသိုင်း' လို့ ခေါ်ပါတယ်.. ဓားလမ်းစဉ် ပညာရှင်ကြီး တစ်ယောက် ဖန်တီးခဲ့တာပါ။ ကျွန်တော်တို့က တိုက်ဆိုင်စွာနဲ့ ရခဲ့တာ ဖြစ်ပြီး စွမ်းအားကတော့ တကယ် ပြင်းထန်ပါတယ်"

"ဒီဓားသိုင်းကို ဖန်တီးတဲ့သူက တကယ်ကို ထူးချွန်တဲ့ စီနီယာတစ်ယောက် ဖြစ်ရမယ်" ယဲ့ဖုန်းက ချီးကျူးလိုက်သည်။

ပင်လယ်ပြင်ထက်တွင် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင် ကျဆုံးသွားခြင်းက ပင်လယ်နတ်ဆိုး တပ်မတော်ကြီးအား ပျက်စီးသွားစေတော့သည်။ ကျန်ရှိနေသော မိစ္ဆာများမှာ ဟန်ယုံဟွေးနှင့် အခြားတပည့်များ၏ လက်ချက်ဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး တစ်ကောင်မျှ အသက်မရှင်ကျန်ခဲ့ပေ။

“ဖြောင်း ဖြောင်း ဖြောင်း”

ဝတ်ရုံစိမ်း ဓား ဘိုးဘေးက လက်ခုပ်တီးလိုက်သည်။ ဟန်ယုံဟွေးနှင့် တပည့်များ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ရပ်နေသော ပုံရိပ် ဒါဇင်ပေါင်းများစွာကို မြင်တွေ့လိုက်ရ၏။

"မျိုးနွယ်စု ခေါင်းဆောင်တွေ အကုန်ပါလား"

"ဘုရားရေ ... ဒါ ဘယ်လို အစည်းအဝေးမျိုးမို့လို့ မျိုးနွယ်စု ခေါင်းဆောင် တစ်ဆယ့်ရှစ်ယောက်လုံး တစ်ပြိုင်နက် ရောက်နေတာလဲ"

"ဟိုလူတွေကရော ဘယ်သူတွေလဲ"

ဝတ်ရုံစိမ်း ဓားဂိုဏ်းမှ တပည့်များသည် ယဲ့ဖုန်း၊ ဟူဖေးဖေး၊ ကုန်းချင်းချိုး၊ ဝမ်လင်းနှင့် အခြားသူများကို မြင်သောအခါ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

"ဒါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပဲ"

ဝတ်ရုံစိမ်း ဓား ဘိုးဘေးသည် ယဲ့ဖုန်းကို ရိုသေစွာ မိတ်ဆက်ပေးလိုက်ရာ ဟန်ယုံဟွေးနှင့် အခြားသူများ အံ့ဩတုန်လှုပ်သွားကြသည်။ ရှေးဟောင်းမျိုးနွယ်စု တစ်ဆယ့်ရှစ်ခုမှာ မြူခိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီးကတည်းက မြူခိုးဂိုဏ်း၏ သတင်းများမှာ ကောင်းကင်ဘုံ ဂူကမ္ဘာများအတွင်း ပျံ့နှံ့နေခဲ့လေ၏။

ဟန်ယုံဟွေးကဲ့သို့သော တပည့်များသည် ရှေးဟောင်းမျိုးနွယ်စုများ၏ အထက်တွင် ပိုမိုအစွမ်းထက်သော ဂိုဏ်းကြီးတစ်ခု ရှိနေကြောင်း သိထားကြသည်။ ၎င်းမှာ မြူခိုးဂိုဏ်း ပင် ဖြစ်၏။ ပြီးတော့ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းမှာ သာမန်လူတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ ကောင်းကင်ဧကရာဇ် တစ်ပါးကဲ့သို့ နက်ရှိုင်းလှသော ခွန်အားများ ရှိကြောင်းလည်း သူတို့ ကြားဖူးထားကြသည်။

ထိုအခိုက်အတန့်တွင် အကြည့်ပေါင်းများစွာမှာ ယဲ့ဖုန်းဆီသို့ ကျရောက်လာတော့သည်။ ကျင့်ကြံခြင်း အရှိန်အဝါ တစ်စက်မျှ ထွက်ပေါ်ခြင်း မရှိသော ဤလျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားသော လူငယ်ကို ကြည့်ကာ ဟန်ယုံဟွေးနှင့် အခြားပါရမီရှင် ဓားသမားများမှာ တစ်ဦးပြီးတစ်ဦး ဦးညွှတ်နှုတ်ဆက်ကြ၏။

"ဂိုဏ်းချုပ်ယဲ့ကို ဂါရဝပြုပါတယ်"

ယဲ့ဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။ "ဒီလို အခမ်းအနားတွေ မလိုပါဘူး"

သူသည် ဟန်ယုံဟွေးကဲ့သို့သော ပါရမီရှင် ဒါဇင်ပေါင်းများစွာကို အကဲခတ်လိုက်ရာ သူတို့အားလုံးမှာ အသက်နှစ်ဆယ်ဝန်းကျင်များ ဖြစ်ကြပြီး ကျင့်ကြံခြင်းအဆင့်မှာ အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းမှု အဆင့်တွင် ရှိနေကြသည်ကို တွေ့လိုက်ရသည်။ အမြင့်ဆုံးမှာ ဟန်ယုံဟွေး ဖြစ်ပြီး ဝိညာဉ်ပင်လယ်အဆင့် (၃) တွင် ရှိနေ၏။ ဤလူမှာ မွေးရာပါ ဓား စိတ်ဆန္ဒ ပိုင်ရှင် ဖြစ်ပြီး ပါရမီမှာလည်း အမြင့်ဆုံးအဆင့် ဖြစ်ရာ ကျီဇီလင်းတို့နှင့် ရင်ပေါင်တန်းနိုင်သူ ဖြစ်၏။

"ဂိုဏ်းချုပ် ... ဟန်ယုံဟွေးနဲ့ တခြားသူတွေဟာ ကံကြမ္မာ ခေါင်းလောင်းရဲ့ စစ်ဆေးမှုကို အောင်မြင်ထားကြပြီး ဂိုဏ်းထဲဝင်ဖို့ အရည်အချင်း ပြည့်မီကြပါတယ်" ဟု ဝတ်ရုံစိမ်း ဓား ဘိုးဘေးက တိုးတိုးလေး ပြောလိုက်သည်။

သူသည် အမည်စာရင်း တစ်ခုကို ထုတ်ယူလိုက်၏။ ထိုစာရင်းထဲတွင် ဝတ်ရုံစိမ်း ဓားဂိုဏ်းမှ ကံကြမ္မာ ခေါင်းလောင်းကို လှုပ်ခါနိုင်ခဲ့သော တပည့်ပေါင်း နှစ်ရာကျော် ပါဝင်နေ၏။

"ဒါပဲလား"

ယဲ့ဖုန်းက မျက်ခုံးပင့်လိုက်သည်။ အစိမ်းရောင် ဝတ်ရုံတောင်တန်းနယ်မြေတွင် လူဦးရေ သန်းနှစ်ဆယ် ရှိရာ၊ ထောင်ပုံတစ်ပုံနှုန်းဖြင့် တွက်လျှင်ပင် ပါရမီပါသူ နှစ်သောင်းခန့် ရှိရမည် မဟုတ်ပါလား။

သို့သော် မြူခိုးဂိုဏ်းနှင့် ရေစက်ပါသူမှာ နှစ်ရာကျော်သာ ရှိသည် ဆိုတော့ ... အလွန် နည်းမနေဘူးလား။

'ဂိုဏ်းချုပ် ... နည်းတယ်လို့ ထင်လို့လား'

ယဲ့ဖုန်း မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ ဝတ်ရုံစိမ်း ဓား ဘိုးဘေးက အလန့်တကြား မေးလိုက်သည်။

"ရှေးဟောင်း မျိုးနွယ်စု တစ်ဆယ့်ရှစ်ခုလုံး ပေါင်းလိုက်ရင် သတ်မှတ်ချက် ပြည့်မီတဲ့ တပည့် သုံးလေးထောင်လောက် ရှိတယ်ဆိုတော့ မဆိုးပါဘူး" ယဲ့ဖုန်းက သူတို့ကို အပြစ်မတင်ပေ။

သူသည် ဤပြဿနာကို ကြိုတင်သိရှိထားပြီးသား ဖြစ်၏။ ရှေးဟောင်းမျိုးနွယ်စုများတွင် လူအများအပြား ရှိသော်လည်း မြူခိုးဂိုဏ်းသို့ ဝင်ရန် သတ်မှတ်ချက်နှင့် အမှန်တကယ် ကိုက်ညီသူမှာ သဘာဝအတိုင်း နည်းပါးလှပါသည်။

"ကဲ ... အရည်အချင်း ပြည့်မီတဲ့သူတွေ အကုန်လုံးကို ခေါ်လိုက်ပါ။ ဒီကမ်းခြေမှာပဲ တတိယမျိုးဆက် တပည့်တွေကို စတင် စုဆောင်းမယ်"

စကားအဆုံးတွင် ယဲ့ဖုန်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ကမ်းခြေတွင် မြူခိုးဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော စင်မြင့်ကြီးတစ်ခု ပေါ်လာ၏။ ယဲ့ဖုန်းသည် တရားထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူ၏ ရှေ့ရှိ ဟင်းလင်းပြင်အတွင်း စားပွဲတစ်လုံး ပေါ်လာပြီး ၎င်းပေါ်တွင် ဖွင့်ထားသော အမည်စာရင်းမှတ်တမ်းစာအုပ်၊ စုတ်တံ၊ မှင်အိုးနှင့် ဂိုဏ်းချုပ်တံဆိပ်တုံးတို့ အစီအရီ ရှိနေ၏။

"ဟန်ယုံဟွေး ... မင်း အရင် လာခဲ့လေ" ဝတ်ရုံစိမ်း ဓား ဘိုးဘေးက လှမ်းခေါ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ဟန်ယုံဟွေးတို့မှာ ကံကြမ္မာ ခေါင်းလောင်းကို ထိတွေ့ပြီးကတည်းက မြူခိုးဂိုဏ်းသို့ ဝင်ရန် အရည်အချင်း ပြည့်မီကြောင်း သိထားကြပြီးသား ဖြစ်၏။ သို့သော် ယနေ့တွင် မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ကိုယ်တိုင် သူတို့ကို လက်ခံလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

"မင်းရဲ့ နာမည်၊ နေရပ်၊ ပါရမီအဆင့်၊ ကျင့်ကြံခြင်းအဆင့်နဲ့ တခြား အချက်အလက်တွေကို ပြောပါ" ယဲ့ဖုန်းက စုတ်တံကို မှင်တို့ကာ ရှေ့တွင် ဓားလွယ်ရပ်နေသော ဟန်ယုံဟွေးကို မော့ကြည့်ရင်း မေးလိုက်သည်။

"တပည့် နာမည်က ဟန်ယုံဟွေး ပါ။ ဖုန်းယွမ် နိုင်ငံက ဟန်မိသားစု အိမ်တော်က ဖြစ်ပါတယ်.. ပါရမီကတော့ အမြင့်ဆုံးအဆင့် ဖြစ်ပြီး လက်ရှိမှာ ဝိညာဉ်ပင်လယ်အဆင့် တတိယအလွှာကို ရောက်နေပါတယ် ... "

"အင်း ... "

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ သူသည် မိမိကိုယ်ကိုယ် အချိန်ဆယ်ဆ အရှိန်မြှင့်တင်လိုက်ပြီး အလွန် လျင်မြန်သော အရှိန်ဖြင့် စာရင်းသွင်းလိုက်ရာ၊ ဟန်ယုံဟွေး စကားပြောပြီးသည်နှင့် ယဲ့ဖုန်းက အချက်အလက်အားလုံးကို ရေးမှတ်ပြီးသား ဖြစ်နေတော့သည်။

ဒေါက် ... ။

ဂိုဏ်းချုပ်တံဆိပ်တုံးကို ထုနှိပ်လိုက်တော့၏။

'တီ.. ပထမဆုံး တတိယမျိုးဆက် တပည့်ကို စုဆောင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်.. တာဝန် ပြီးဆုံးရန် တပည့်ပေါင်း (၉၉၉၉) ဦး လိုအပ်နေပါသေးတယ်။ ဆက်လက် ကြိုးစားပေးပါ'

'တီ.. ဝှက်ဖုံးနေတဲ့ ဆုလာဘ်တစ်ခုကို ရရှိခဲ့လို့ ဂုဏ်ယူပါတယ်၊ ဓားလမ်းစဉ် မူလချီ တစ်ခု ရရှိခဲ့ပါတယ်။ အဲ့ဒါနဲ့ ပေါင်းစပ်လိုက်ရင် ထိပ်တန်း ဓားလမ်းစဉ် ပါရမီကို ရရှိမှာ ဖြစ်ပါတယ်'

စနစ်၏ အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသည်။ ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဝါးပေါ်တွင် ရွှေရောင် မူလချီ တစ်ခု ပေါ်လာ၏။

ဤအရာကို တပည့်တစ်ဦးအား ပေး၍ မရနိုင်ချေ။

မဟုတ်ပါက ယဲ့ဖုန်းသည် ဤအရာကို အလွန် လိုချင်မိလိမ့်မည် မဟုတ်ပေ။

အဆုံးတွင် သူ၏ တပည့်များ သိသောအရာကို သူလည်း သိရှိနေသည် မဟုတ်ပါလား။ ဤဓားလမ်းစဉ် မူလချီကို မိမိဘာသာ သိမ်းထားမည့်အစား တပည့်တစ်ဦးအား ပေးအပ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

--

All Chapters