← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁) မောင်အားတောင်သို့ ဦးတည်ခြင်း၊ နှစ်သစ်ကူးမတိုင်မီ နောက်ဆုံးအကြိမ် အမဲလိုက်ထွက်ခြင်း

လီလန်သည် တာ့ဟွမ်ကို ခေါ်ဆောင်၍ ဦးလေးဝမ်၏ အိမ်ဝိုင်းမှ ထွက်ခွာလာခဲ့၏။

ကြွက်ဖမ်းခအတွက် ငါးယွမ် ရရှိလိုက်သည်။

လီလန်သည် လက်ထဲရှိ ငါးယွမ်ကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။

"တစ်အိမ်ဆို ငါးယွမ်၊ နှစ်အိမ်ဆို ဆယ်ယွမ်၊ သုံးအိမ်ဆို တစ်ဆယ့်ငါးယွမ်..."

သို့သော် မကြာမီမှာပင် လီလန်သည် ထိုအကြံအစည်များကို ခေါင်းခါ၍ ဖယ်ထုတ်လိုက်သည်။

အဘိုးဝမ်က ငါးယွမ် ပေးလိုသည်မှာ သူတစ်ယောက်တည်းသာ ဖြစ်နိုင်ပြီး အခြားသူများကလည်း ထိုအတိုင်း ပေးလိမ့်မည်ဟု မဆိုနိုင်ပေ။

စကားပုံအတိုင်းပင် ဝေးသောဆွေမျိုးထက် နီးသော အိမ်နီးချင်းကသာ ပို၍ အရေးပါသည်။ အဘိုးဝမ်မှာ အိမ်နီးချင်းဖြစ်သည့်အပြင် သူ၏ သားမက်မှာ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံတွင် အလုပ်လုပ်ကိုင်သူဖြစ်၍ ရွာထဲတွင် အခြားသူများထက် ပိုမိုချမ်းသာသည်။

သူကသာ ငါးယွမ်ကို ပေးနိုင်မည်ဖြစ်ပြီး ရွာသားအများစုမှာ ထိုမျှအထိ ပေးနိုင်ကြမည် မဟုတ်ပေ။

အများဆုံးဖြစ်လျှင် နှစ်ယွမ်သာ ဖြစ်လိမ့်မည်။

"ဒါပေမဲ့ နှစ်ယွမ်ဆိုတာလည်း အနည်းငယ်တော့ မဟုတ်သေးဘူး... အသား နှစ်ကျင်းလောက် ဝယ်လို့ရတယ်လေ..."

လီလန်သည် အကယ်၍ ရွာသားတစ်ဦးဦးက ကြွက်သတ်ရန် ငှားရမ်းလာပါက နှစ်ယွမ်သာ ကောက်ခံရန် ဆုံးဖြတ်လိုက်သည်။

တစ်ခါလျှင် နှစ်ယွမ်ဆိုသည်မှာ အလွန်ပင် သင့်လျော်သော ဈေးနှုန်းဖြစ်၏။

တာ့ဟွမ်သည် ကြွက်ဖမ်းရာတွင် စွမ်းအင်များစွာ သုံးစွဲထားရသဖြင့် လီလန်၏ ပခုံးပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ လဲလျောင်းနေသည်။

"အော်... ဒီတစ်ခါတော့ တော်တော်လေး ပင်ပန်းသွားပြီပဲ... အိမ်ရောက်ရင် အသားကောင်းကောင်း ကျွေးမယ်နော်..."

တာ့ဟွမ် အလွန်အမင်း မောပန်းနေသည်ကို မြင်သောအခါ လီလန်သည် တာ့ဟွမ်ကို ကြွက်ဖမ်းခိုင်းချင်လျှင်ပင် သူ အနားယူ၍ စွမ်းအင်ပြန်ဖြည့်သည်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိလိုက်ရသည်။

မည်သို့ဆိုစေကာမူ ဤကောင်လေးမှာလည်း စက်မဟုတ်သောကြောင့် သက်ရှိသတ္တဝါတစ်ကောင်အနေဖြင့် အနားယူရန် လိုအပ်သေး၏။

"ဒီလိုဆိုရင်တော့ မဖြစ်ဘူး... အရမ်းနှေးကွေးလွန်းတယ်..."

လီလန်က အသက်ပြင်းပြင်းရှူနေသော တာ့ဟွမ်ကိုကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ တွေးတောလိုက်သည်။

တာ့ဟွမ်၏ ခွန်အားအရ တစ်ခါဖမ်းလျှင် အများဆုံး ကြွက်ဆယ်ကောင်ခန့်သာ ဖမ်းနိုင်ပြီးနောက်တွင် နားရန် လိုအပ်သည်။

တစ်နေ့လျှင် တစ်အိမ်စာ ကြွက်သတ်ပေးရုံသာ တတ်နိုင်သည်။

"ဒီလိုဆိုရင်တော့ မဖြစ်ဘူး... အရမ်းနှေးကွေးလွန်းတယ်..."

"တာ့ဟွမ်လိုမျိုး နောက်ထပ် အကောင်အနည်းငယ်လောက်သာရှိရင် ကောင်းမှာပဲ..."

လီလန်သည် တိုးတိုးလေး ရေရွတ်လိုက်မိ၏။

ရုတ်တရက် သူ့စိတ်ထဲတွင် အကြံကောင်းတစ်ခု ပေါ်လာသည်။

"ဟုတ်တယ်... နောက်ထပ် တာ့ဟွမ်လို အကောင်အနည်းငယ်လောက် ထပ်ရရင် ကြွက်ဖမ်းရတာ ပိုပျော်စရာကောင်းမှာပဲ..."

လီလန်သည် လက်ကို မြှောက်၍ တာ့ဟွမ်၏ ပခုံးကို ထိလိုက်သည်။

တာ့ဟွမ်သည် အိပ်ငိုက်နေစဉ် လီလန်၏ နှောင့်ယှက်မှုကို ခံလိုက်ရသဖြင့် လျင်မြန်စွာ မော့ကြည့်လာပြီး သူ၏ မျက်လုံးငယ်များတွင် ဝေဝါးနေသည့် အရိပ်အယောင်များ ပေါ်လာသည်။

"တာ့ဟွမ်... မင်းမှာ မိသားစုတွေ ရှိသေးလား... ညီအစ်ကို မောင်နှမတွေ အဲ့လိုမျိုးပေါ့..”

လီလန်သည် တာ့ဟွမ်ကို ပို၍ ရင်းနှီးသော နာမည်တစ်ခု ပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ ဒုတိယမြောက် အိမ်မွေးတိရစ္ဆာန် ဖြစ်သည့်အတွက် နာမည်တစ်ခု ရှိဖို့ လိုအပ်ပေသည်။

"ရွီး.."

"ညီအစ်ကို မောင်နှမတွေဆိုတာ မင်းနဲ့တူပြီးတော့ အသွင်အပြင်ချင်းလည်း ဆင်တူတဲ့ အကောင်တွေလေ..."

တာ့ဟွမ်သည် "ညီအစ်ကို မောင်နှမ" ဆိုသည့် အဓိပ္ပာယ်ကို နားမလည်သဖြင့် လီလန်က ရှင်းပြပေးလိုက်သည်။

"ရွီး..."

"ရွီး… ရွီး..."

"တကယ်လား..."

တာ့ဟွမ်၏ စကားကို နားလည်သွားသောအခါ လီလန်သည် အလွန်ပင် ဝမ်းသာသွားတော့သည်။

ဝံပုလွေအုပ်များကဲ့သို့ပင် တာ့ဟွမ်မျိုးနွယ်မှာလည်း အုပ်စုလိုက်နေတတ်ကြပြီး အများအားဖြင့် တစ်စုတည်းလိုက်၍ အမဲလိုက်လေ့ရှိကာ တစ်ခါတစ်ရံတွင် ဂူတစ်ခုတည်း၌ပင် အတူနေထိုင်ကြသည်။

မောင်အားတောင်တွင် တာ့ဟွမ်၏ မိသားစုကြီးရှိသည်။ တောင်ပေါ်တွင် ဂူများပေါများပြီး ဂူတိုင်းတွင် တာ့ဟွမ်နှင့် သွေးသားတော်စပ်သော အကောင်များ နေထိုင်ကြ၏။

"လာကြစို့... တောင်ပေါ်ကိုသွားပြီး မင်းရဲ့ ညီအစ်ကို မောင်နှမတွေကို သွားရှာကြမယ်..."

"နှစ်သစ်ကူးပွဲတော်လည်း နီးနေပြီဆိုတော့ မင်းတို့မိသားစုအတွက် လက်ဆောင်ကြီးကြီး တစ်ခု ပေးရမှာပေါ့..."

စာချုပ်ကတ်ကို လက်မှတ်ရေးထိုးပြီးနောက် တာ့ဟွမ်သည် လီလန်အပေါ်တွင် မွေးရာပါ ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။

ရှေ့တွင်ရှိသော လူသားသည် သူ့ကို အန္တရာယ်ပြုလိမ့်မည် မဟုတ်ကြောင်း သူသိထားသည်။

အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူသည် လီလန်၏ လက်ပေါ်မှ ခုန်ချလိုက်ကာ ကျီခနဲ အသံပြု၍ လီလန်၏ ရှေ့မှနေ၍ မောင်အားတောင်သို့ လမ်းပြပေးသွားတော့သည်။

မောင်အားတောင်သို့ လီလန်သည် ယနေ့မတိုင်မီက ကျန်းဝေ့ကော်နှင့်အတူ သွားရောက်ခဲ့ပြီးဖြစ်သည်။ ကျောက်လျူနှင့် လျူဇီတို့ကမူ နွားတင်းကုပ် ပြုပြင်ရန်အတွက် မြက်ရိတ်သွားကြသည်။

မောင်အားတောင်မှာ မြက်ပင်များနှင့် သစ်ပင်များဖြင့် ဖုံးလွှမ်းနေသည်။ အမြင့်ပေ မများသော်လည်း သေးငယ်သော တောင်ကုန်းတစ်ခု ဖြစ်သည့်အတွက် တောရိုင်းယုန်၊ တောကြက်၊ တောဝက်၊ ခွေးတူဝက်တူနှင့် တာ့ဟွမ်ကဲ့သို့သော သားရဲတိရစ္ဆာန်များ ပေါများသည်။

ရွာရှိ အဘိုးအိုများ၏ ပြောစကားအရ မောင်အားတောင်ပေါ်တွင် ယခင်က ကျားသစ်များ ရှိခဲ့ဖူးသည်ဟု ဆိုသည်။

အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုတွင် ကျားသစ်အမျိုးအစားတစ်ခုသာ ရှိပြီး ၎င်းမှာ အရှေ့ဖျား ကျားသစ်ဖြစ်သည်။

အရှေ့ဖျား ကျားသစ်သည် အရှေ့မြောက်ပိုင်း ကျားပြီးလျှင် အရွယ်အစား ဒုတိယလိုက်သော တိရစ္ဆာန်ကြီးဖြစ်၏။

အရှေ့ဖျား ကျားသစ်မှာ တောကြောင်ရိုင်းထက် ပို၍ အန္တရာယ်များပြီး ပို၍ ရက်စက်ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်ဖြစ်သည်။

တောင်ပေါ်တွင် အရှေ့ဖျား ကျားသစ်နှင့် တွေ့ဆုံမိပါက သူ ဗိုက်ဝနေရန်သာ ဆုတောင်းရပေလိမ့်မည်။

တောင်ပေါ်တွင် တကယ်သာ အရှေ့ဖျား ကျားသစ်နှင့် တွေ့ဆုံမိပါက မည်သို့ဖြစ်လာမည်ကို လီလန် မတွေးဝံ့ပေ။

"အမဲလိုက်သေနတ်ကို ယူသွားတာပဲ ကောင်းမယ်..."

ခဏမျှ စဉ်းစားပြီးနောက် လီလန်သည် အိမ်သို့ ပြန်သွား၍ အမဲလိုက်သေနတ်ကို ယူလိုက်သည်။

အမဲလိုက်သေနတ်ကို မြင်သောအခါ တာ့ဟွမ်၏ အမွှေးများ ထောင်လာပြီး ကြောက်လန့်တကြားဖြင့် အလွန်သတိထားနေသည်။

"ရွီး..."

"ရွီး.....ရွီး"

"ရွီး....ရွီး"

လီလန်သည် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"ငါ သေနတ်ကို ကိုင်ထားတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ၊ မင်းရဲ့ ညီအစ်ကို မောင်နှမတွေကို ပစ်ဖို့ မဟုတ်ဘူး စိတ်မပူပါနဲ့..."

"တောင်ပေါ်မှာ ကျားသစ်တွေရှိတယ်ဆိုတော့ ကျားသစ်နဲ့တွေ့ရင် တိုက်ခိုက်လို့ရအောင် သေနတ်ပါအောင် ယူသွားတာပါ..."

လီလန်သည် သေနတ်ကို ပခုံးတွင်လွယ်၍ တာ့ဟွမ်ကို စိတ်အေးထားရန် အချက်ပြလိုက်သည်။

တာ့ဟွမ်သည် ရွီခနဲ အသံပြုလိုက်ပြီး သူ၏ မျက်လုံးငယ်များမှာ အမဲလိုက်သေနတ်ကိုသာ စိုက်ကြည့်နေသည်။

သေနတ်နှင့်အတူ မရပ်ရဲသဖြင့် သူသည် လီလန်၏ အခြားပခုံးတစ်ဖက်သို့ ခုန်တက်လိုက်သည်။

အမဲလိုက်သေနတ်ကို ကြောက်ရွံ့နေသည့် တာ့ဟွမ်ကို မြင်သောအခါ လီလန်သည် သက်ပြင်းချလိုက်မိ၏။

သူသည် မုဆိုးတစ်ယောက်ဖြစ်ပြီး သူ၏ အတွေ့အကြုံအရ တာ့ဟွမ်သည် တောင်ပေါ်တွင် သေနတ်သံများကို မကြာခဏ ကြားဖူးလိမ့်မည်။

ဆယ်ခါတွင် ကိုးခါသည် ရွာရှိ မုဆိုးများ၏ အမဲလိုက်ခံရခြင်း သို့မဟုတ် ပစ်မှတ်ထားခံရခြင်း ဖြစ်နိုင်သည်။

တာ့ဟွမ်မှာ အရွယ်အစား သေးငယ်သော်လည်း သူ၏ အမွှေးမှာ တန်ဖိုးရှိပြီး ဈေးကောင်းရသဖြင့် အကျိုးအမြတ် ရှိတတ်သည်။

ထို့အပြင် ရွာတွင်လည်း ကပ်ဆိုးတစ်ခု ဖြစ်ပွားထားသဖြင့် ရိက္ခာရှားပါးနေသည်။ မုဆိုးများအနေဖြင့် တောင်ပေါ်တွင် တာ့ဟွမ်ကို တွေ့ပါက သေချာပေါက် ပစ်ခတ်ကြလိမ့်မည်။

တာ့ဟွမ်မှာ အသားမများသော်လည်း အသားဆိုသည်မှာ အသားပင် ဖြစ်သည့်အတွက် စားသုံး၍ ရသည်။

တာ့ဟွမ်အတွက်မူ အနည်းငယ် သနားစရာကောင်းသော်လည်း မတတ်နိုင်ပေ။

မုဆိုးများလည်း စားသောက်ရန်နှင့် မိသားစုကို ထောက်ပံ့ရန် လိုအပ်သည် မဟုတ်ပါလား။

သန်မာသူက အသက်ရှင်၍ အားနည်းသူက ဖယ်ရှားခံရသည်။

သဘာဝတရား၏ အသက်ရှင်သန်မှုမှာ ဤသို့ပင်ဖြစ်သည်။

ဤသည်မှာ ရက်စက်ပြီး မညှာတာသော တောင်ပေါင်းတစ်သိန်းဖြစ်ပြီး ကရုဏာသက်နေရမည့် နေရာမဟုတ်ပေ။

လီလန်သည် ခေါင်းခါ၍ ထိုအဓိပ္ပာယ်မဲ့သော အတွေးများကို ဖယ်ရှားလိုက်သည်။

အမဲလိုက်သေနတ်နှင့် တာ့ဟွမ်ကို ခေါ်ဆောင်၍ ရွာအဝင်လမ်းမှ မောင်အားတောင်သို့ ဦးတည်လျှောက်သွားခဲ့၏။

လမ်းတစ်လျှောက်တွင် ရွာသားအများအပြားနှင့် တွေ့ဆုံခဲ့ရသည်။

နှစ်သစ်ကူးပွဲတော်မှာ နှစ်ရက်သာ လိုတော့သဖြင့် ရွာသူရွာသားအားလုံးမှာ ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြသည်။

ရွာသားအချို့မှာ အလုပ်ပြီးသည့်အခါ တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် သတင်းမေးမြန်းခြင်းကို နှစ်သက်ကြသည်။

ရွာလမ်းအတိုင်း လျှောက်သွားစဉ်တွင် လီလန် သေနတ်လွယ်၍ တောင်ပေါ်တက်သွားသည်ကို မြင်လိုက်ကြရသည်။

"ဟေ့... အဖွဲ့ခေါင်းဆောင်လီ... သေနတ်ကြီးလွယ်ပြီး ဘယ်ကိုသွားမလို့လဲ..."

"မောင်အားတောင်ကို သွားပြီး အမဲလိုက်မလို့ပါ..."

လီလန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

"ဝိုး.. အဖွဲ့ခေါင်းဆောင်လီက တကယ့်ကို လုံ့လဝီရိယ ရှိတာပဲ။ နှစ်သစ်ကူးဖို့ နှစ်ရက်ပဲ လိုတော့တာတောင် တောင်ပေါ်ကို အမဲလိုက်သွားသေးတယ်..."

"မင်းတို့ သားသမီးတွေကို အဖွဲ့ခေါင်းဆောင်လီနဲ့ ယှဉ်မကြည့်နဲ့တော့... လီလန်က နဂါးဖြစ်ပြီး မင်းတို့ သားသမီးတွေကတော့ ပိုးကောင်တွေပဲ..."

"အဖွဲ့ခေါင်းဆောင်လီ... နင် အိမ်ထောင်မပြုရသေးဘူးမဟုတ်လား... အဒေါ်တို့ဆီက ကောင်မလေးနဲ့ မိတ်ဆက်ပေးရမလား..”

"အဒေါ်ကြီးရေ... မလိုပါဘူး... တကယ် မလိုပါဘူး..."

လီလန်မှာ အလွန်ပင် ခက်ခဲနေရသည်။ နှစ်သစ်ကူးနှင့် နီးကပ်လာလေလေ သက်ကြီးရွယ်အိုများက သူ့ကို အိမ်ထောင်ချပေးရန် ကြိုးစားလေလေ ဖြစ်သည်။

လမ်းလျှောက်နေရင်း တွေ့သမျှသူတိုင်းက သူ့ကို မေးနေကြသည်။

"အဖွဲ့ခေါင်းဆောင်လီ... အိမ်ထောင်ပြုချင်လား..."

"အိမ်ထောင်ပြုချင်ရင် ပြောလိုက်ပါ... အခုချက်ချင်း ရှာပေးမယ်..."

"ဒီညတင်ပဲ မင်္ဂလာဆောင်လို့ ရတယ်…”

All Chapters