အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆) ကျိုးလျဲ့ရှန်းအား အံ့အားသင့်စေခြင်း၊ မင်းက မြေခွေးဖမ်းမိခဲ့တာလား၊ ပြီးတော့ ဟွမ်တာ့ရှန်းကိုတောင် မွေးထားသေးတယ်ပေါ့
တံခါးအပြင်ဘက်တွင် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦး ရပ်နေပြီး ခြံဝင်းအတွင်းသို့ အသံကုန်ဟစ်အော်ခေါ်ဆိုနေသည်။
"ကျိုးလျဲ့ရှန်းလား... သူက ဒီနေရာကို ဘာလာလုပ်တာပါလိမ့်..."
လီလန်သည် ထိုအသံမှာ ရင်းနှီးနေသည်ဟု တွေးလိုက်၏။
ထို့နောက် သူသည် ထိုင်ရာမှထကာ ဂျုံဖြူမုန့်ပေါင်းကို ယူ၍ ဧည့်ခန်းမဆောင်အတွင်းမှ ထွက်လာခဲ့လေသည်။
"အဖွဲ့ခေါင်းဆောင်ကျိုး ဝင်လာခဲ့ပါ... တံခါးမလော့ထားပါဘူး..."
လီလန်က ပြန်ပြောလိုက်သည်။
ဖခင်ဖြစ်သူ လီတာ့ဟိုင်က တံခါးကို အရင်သွားဖွင့်ပေးလိုက်၏။
"အိုး အဖွဲ့ခေါင်းဆောင်ကျိုးပဲ..."
လီတာ့ဟိုင်သည် ကျိုးလျဲ့ရှန်းဖြစ်နေသည်ကို မြင်သောအခါ နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်။
"ဦးလေးလီ နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ... ကြိုတင်ပြီး နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်..."
ကျိုးလျဲ့ရှန်းက လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
"ပျော်ရွှင်ဖွယ်နှစ်သစ်ပါ... ပျော်ရွှင်ဖွယ်နှစ်သစ်ပါ... အဖွဲ့ခေါင်းဆောင်ကျိုး အမြန်ဝင်ခဲ့ပါဦး..."
ထို့နောက် ကျိုးလျဲ့ရှန်းသည် လီတာ့ဟိုင်နောက်မှ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့လေသည်။
"အဖွဲ့ခေါင်းဆောင်ကျိုး ကိစ္စများရှိလို့လား..."
လီလန်သည် ဂျုံဖြူမုန့်ပေါင်းကို ဝါးစားရင်း ကျိုးလျဲ့ရှန်းကို ဆီးကြိုရန် လှေကားထစ်များပေါ်မှ ဆင်းလာခဲ့သည်။
"လီလန်ရေ ဦးလေးဝမ်ရဲ့သား ကျန်းတယ်ကျွင်း ပြောတာတော့..."
ကျိုးလျဲ့ရှန်းသည် လီလန်လျှောက်လာသည်ကို မြင်သောအခါ စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ မျက်လုံးထောင့်မှတစ်ဆင့် ခေါင်မိုးစွန်းအောက်တွင် ရှိနေသော အဖြူနှင့် အနီရောင် သားကောင်များကို ရုတ်တရက် မြင်တွေ့သွားတော့သည်။
သူသည် အလွန်အမင်း အံ့အားသင့်သွားပြီး…
"လီလန် အဲဒါတွေက..."
ထိုသားကောင်များမှာ မြေခွေးများဖြစ်ကြောင်း သိလိုက်ရသောအခါ ကျိုးလျဲ့ရှန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
"အိုး ဘာမှမဟုတ်ပါဘူး... တောမြေခွေး အကောင်အနည်းငယ်ပါ..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"ဘယ်နှကောင်တဲ့လဲ..."
ကျိုးလျဲ့ရှန်း၏ နှုတ်ခမ်းများမှာ အလိုအလျောက် တုန်ယင်သွားတော့သည်။
ဤကောင်လေးက ပြောရတာ အလွန်လွယ်ကူနေသည်။ သူ မြေခွေးတစ်ကောင်မှ မဖမ်းမိသည်မှာ နှစ်နှစ်ပင် ရှိနေပြီဖြစ်သည်။
"မင်း ပစ်ဖမ်းလာတာလား... ဘယ်နေရာမှာ ပစ်ခဲ့တာလဲ... ဘယ်လိုလုပ် ပစ်ဖမ်းနိုင်ခဲ့တာလဲ..."
ကျိုးလျဲ့ရှန်းသည် မြေခွေးများကို စိုက်ကြည့်ရင်း မေးခွန်းသုံးခုကို ဆက်တိုက် မေးချလိုက်လေသည်။
"အဖွဲ့ခေါင်းဆောင်ကျိုး ဘာဖြစ်သွားတာလဲ... အရင်က မြေခွေးကို မမြင်ဖူးလို့လား..."
လီလန်သည် အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အဲ့လိုမဖြစ်သင့်ပါဘူး... မြေခွေးဆိုတာ အဲ့လောက် ရှားပါးတဲ့ သားကောင်မှ မဟုတ်တာ..."
လီလန်က တီးတိုးရေရွတ်လိုက်၏။
ကျိုးလျဲ့ရှန်း မျက်နှာနီမြန်းသွားတော့သည်။
အမှန်တကယ်တော့ သူသည် မြေခွေးကို မမြင်ဖူးသည်မှာ ကြာပြီဖြစ်သည်။ နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ဖြစ်၏။
မြေခွေးများမှာ တောဝက်များ သို့မဟုတ် တောယုန်များကဲ့သို့ အတွေ့မများပေ။
အနီးအနားရှိ တောင်တန်းများတွင် တောင်ကုန်းကြီးများစွာ ရှိပြီး သစ်တောအိုကြီးများမှာလည်း အလွန်ထူထပ်လှသည်။ တောဝက်များနှင့် တောယုန်များကို အမဲလိုက်နိုင်သော်လည်း မြေခွေးတစ်ကောင်ကို ဖမ်းမိရန်ဆိုသည်မှာ ကံတရားအပေါ်၌သာ လုံးလုံးလျားလျား မူတည်နေလေသည်။
ကျိုးလျဲ့ရှန်းသည် မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ချေ။
"ငါ့ကို ကလေးတစ်ယောက်လို့များ ထင်နေတာလား... အဲ့လောက် ကံကောင်းမယ်ထင်လို့လား..."
"နှစ်သစ်ကူးဖို့က နှစ်ရက်ပဲ လိုတော့တာကို မင်းက တောင်ပေါ်မှာ မြေခွေးငါးကောင်တောင် ထပ်ဖမ်းမိပြန်ပြီ... မင်းရဲ့ ကံကောင်းမှုကို ငါတော့ အားကျမိတာ အမှန်ပဲ..."
ကျိုးလျဲ့ရှန်းသည် မြေခွေးများကို လိုချင်တပ်မက်စွာ စိုက်ကြည့်နေတော့သည်။
အလွန်ကောင်းမွန်လှသော သားရေပင် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဈေးကောင်းရနိုင်ကြောင်း သိသာလှ၏။
သေစမ်း... ကောင်းကျိုးအားလုံးက လီလန့်ထံမှာချည်းသာ ဖြစ်ပေါ်နေတော့သည်။
သူက မြေခွေးကိုတောင် ဖမ်းမိခဲ့ကြသေးသည်။
"အဖွဲ့ခေါင်းဆောင်ကျိုး ခင်ဗျား ကျွန်တော့်ကို အားကျဖို့ သက်သက်လာခဲ့တာတော့ မဟုတ်လောက်ဘူးမလား..."
"လိုရင်းကိုသာပြောပါ..."
လီလန်သည် ဂျုံဖြူမုန့်ပေါင်းကို ကိုက်စားရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျိုးလျဲ့ရှန်းက ပြုံး၍ ပြောလိုက်၏။
"အမှန်တော့ ဒီနေ့ ငါ မင်းဆီက အကူအညီတောင်းစရာတစ်ခုရှိလို့ကွ..."
ကျိုးလျဲ့ရှန်းသည် မြေခွေးများဆီမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လီလန်ကို စိုက်ကြည့်ကာ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"ဟင်..."
လီလန်က ခေါင်းစောင်း၍ အသံပြုလိုက်သည်။
"ဦးလေးဝမ်ရဲ့သား ကျန်းတယ်ကျွင်း ပြောတာတော့ မင်း မကြာသေးခင်က အဝါရောင်မြွေပါတစ်ကောင် ရထားတယ်ဆို... ဟုတ်လား..."
ကျိုးလျဲ့ရှန်းက မေးလိုက်၏။
"ဟုတ်ပါတယ်..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
အဘိုးဝမ်၏ မိသားစုသည် ကြွက်ဖမ်းသည့်ကိစ္စကို သတင်းဖြန့်လိုက်ပုံရပြီး ထိုသတင်းမှာ ကျိုးလျဲ့ရှန်း၏ နားဆီသို့ ရောက်သွားသောကြောင့် ယခုကဲ့သို့ အလည်လာခြင်း ဖြစ်ရပေမည်။
ယနေ့ ကျိုးလျဲ့ရှန်း အဘယ်ကြောင့် သူ၏အိမ်သို့ တမင်တကာ လာရောက်ရကြောင်းကို လီလန် ခန့်မှန်းမိသွားတော့သည်။
"မင်းရဲ့ အဝါရောင်မြွေပါက ကြွက်ဖမ်းတော်တယ်ဆို..."
"အဆင်ပြေပါတယ်... တစ်နေ့ကို ဆယ်ကောင်ကျော်လောက်ပဲ ဖမ်းမိတာပါ..."
လီလန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကျိုးလျဲ့ရှန်း၏ နှုတ်ခမ်းများမှာ ထပ်မံ၍ တုန်ယင်သွားပြန်သည်။
*မင်း ကြွားလုံးထုတ်နေတာကို ရပ်လိုက်လို့ မရဘူးလား…*
*ဘာဖြစ်လို့ ငါရောက်တာနဲ့ ချက်ချင်း မျက်နှာပေးတွေ များနေရတာလဲ…*
ယနေ့ လီလန်၏ အကူအညီ လိုအပ်နေသောကြောင့် ကျိုးလျဲ့ရှန်းသည် ဒေါသကို ထိန်းချုပ်ထားလိုက်ရသည်။
"ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ..."
ကျိုးလျဲ့ရှန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဟင်... အဖွဲ့ခေါင်းဆောင်ကျိုးက ကျွန်တော့်ကို ကြွက်လာဖမ်းခိုင်းချင်လို့လား..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် မကြာသေးခင်က ငါ့အိမ်မှာ ကြွက်တွေ သောင်းကျန်းနေလို့ကွ... ငါတို့ ဝယ်ထားတဲ့ ဝက်သားတွေကိုလည်း အကုန်ကိုက်ဖြတ်စားသောက်ကုန်ပြီ... အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ့မိန်းမက ငါ့ကို အပြင်းအထန် ရန်တွေလုပ်နေတော့တာပဲ..."
ကျိုးလျဲ့ရှန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောပြလေသည်။
မိသားစုတိုင်းတွင် ကိုယ်ပိုင်ပူပန်သောကများ ရှိစမြဲပင်။ ကျိုးလျဲ့ရှန်း၏ မိသားစုမှာ ကြွက်များ၏ အဆက်မပြတ် နှောင့်ယှက်ခြင်းကို ခံနေရသဖြင့် နေ့စဉ်နှင့်အမျှ အငြင်းပွားမှုများ ဖြစ်ပေါ်နေရလေသည်။
ယခုမှ ဝယ်လာသည့် ဝက်သားကိုပင် မစားရသေးချေ။ နှစ်သစ်ကူးအတွက် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်တိုင် မစားရဘဲ ကြွက်တွေစားသွားသည်ကို မြင်လျှင် မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။
သူ၏အိမ်မှ ကြွက်များကို နှိမ်နင်းရန်အတွက် ကျိုးလျဲ့ရှန်းသည် ကြွက်သတ်ဆေးများ၊ ထောင်ချောက်များနှင့် ကြောင်များကိုပင် အသုံးပြုကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း မည်သည့်အရာကမျှ အလုပ်မဖြစ်ခဲ့ပေ။
အလွန်ဆုံး ငြိမ်းချမ်းလှ ရက်အနည်းငယ်သာ ဖြစ်ပြီး အချိန်အနည်းငယ် ကြာသောအခါ အိမ်ထဲတွင် ကြွက်များ ပြန်လည်သောင်းကျန်းလာတော့သည်။
ကျိုးလျဲ့ရှန်းအနေဖြင့် ဘာမှမလုပ်တတ်တော့ချေ။ ကြွက်များကြောင့် သူ ရူးသွပ်မတတ် ဖြစ်နေရပြီး သူ၏ဇနီးဖြစ်သူကပင် ကွာရှင်းမည်ဟု ခြိမ်းခြောက်လာလေသည်။
မနေ့က လမ်းပေါ်တွင် ဦးလေးဝမ်၏ သမက်အကြီးဆုံးနှင့် ဆုံခဲ့သည်။ လီလန်သည် သူတို့ကို ကြွက်နှိမ်နင်းရာတွင် ကူညီရန် အဝါရောင်မြွေပါကို ခေါ်ဆောင်လာကြောင်း ကျန်းတယ်ကျွင်းထံမှ သူကြားခဲ့ရသောကြောင့် ယနေ့ လီလန့်ကိုရှာရန် မရပ်မနား ရောက်လာခဲ့ခြင်း ဖြစ်သည်။
"မင်းက ကြွက်တစ်ကောင်ဖမ်းပေးရင် ငါးယွမ် ယူတယ်လို့ ကျန်းတယ်ကျွင်းပြောတာ ကြားတယ်..."
"ငါတို့ ဒီလိုလုပ်မယ်... ငါ နောက်ထပ် တစ်ယွမ် ထပ်ဆောင်းပေးမယ်၊ ဒါ့ကြောင့် မင်းကို ခြောက်ယွမ် ပေးမယ်... မင်းရဲ့ ဟွမ်တာ့ရှန်းကို ငါ့အိမ်မှာရှိတဲ့ ကြွက်တွေအကုန်လုံး ဖမ်းပေးဖို့ ပိုပြီး အလုပ်ကြိုးစားခိုင်းလိုက်စမ်းပါ..."
ကျိုးလျဲ့ရှန်းက အသံဩဩဖြင့် ပြောလိုက်သည်။
လီလန်သည် ကြွက်နှိမ်နင်းရေးအတွက် တစ်ကြိမ်လျှင် နှစ်ယွမ် ကျသင့်မည်ဟု ပြောရန် ပြင်လိုက်သော်လည်း ကျိုးလျဲ့ရှန်းက ပိုမြန်နေပြီး ခြောက်ယွမ်ဟု တိုက်ရိုက် စျေးဖြတ်လိုက်လေသည်။
ခြောက်ယွမ်ဆိုလျှင် ဝက်သား ခုနစ်ကျင်းပင် ဝယ်၍ရနိုင်ပေသည်။
လီလန်က လွန်စွာဝမ်းသာသွားတော့သည်။
သို့သော် အပေါ်ယံတွင်မူ တည်ငြိမ်နေဆဲပင် ဖြစ်၏။
"ကောင်းပါပြီ..."
သူက ခေါင်းအကြိမ်အနည်းငယ် ညိတ်ပြလိုက်သည်။
"ဒါဆိုရင်လည်း အချိန်မဆွဲတော့ဘူး... ယခု မင်း အားလား..."
ကျိုးလျဲ့ရှန်းသည် လီလန်၏ လက်ထဲရှိ ဂျုံဖြူမုန့်ပေါင်းကို ကြည့်၍ မေးလိုက်သည်။
လီလန်မှာ နေ့လယ်စာ စားနေခြင်းဖြစ်သည်။
"အားပါတယ်... အားပါတယ်... ကျွန်တော့်ကို ခဏစောင့်ပါဦး၊ ဖိနပ်သွားလဲပြီးရင် ခင်ဗျားနဲ့ လိုက်ခဲ့ပါ့မယ်..."
လီလန်က ကမန်းကတန်း ပြောလိုက်၏။
ပိုက်ဆံရှာဖို့ကို ဘာလို့ စောင့်နေရမည်နည်း။ ငွေကို မည်သူက ငြင်းဆန်မည်နည်း။
သူတို့ ထပ်၍ စောင့်ဆိုင်းနေ၍ မရတော့ချေ။
ပိုက်ဆံရှာဖို့က အရေးအကြီးဆုံးကိစ္စပင် ဖြစ်သည်။
လီလန်သည် သူ၏လက်ထဲရှိ ဂျုံဖြူမုန့်ပေါင်းကို ကမန်းကတန်း အမြန်စားလိုက်ပြီးနောက် ဖိနပ်လဲရန် လှေကားထစ်ပေါ်တွင် ထိုင်လိုက်လေသည်။
"အဖေ ကျွန်တော် အဖွဲ့ခေါင်းဆောင်ကျိုးနဲ့ လိုက်သွားလိုက်ဦးမယ်... အဖေ အိမ်မှာနေပြီး သေချာစောင့်ကြည့်ထားပေးပါ... မြေခွေးကို သားရေခွာဖို့ မမေ့နဲ့နော်..."
လီလန်က မှာကြားလိုက်သည်။
"အေးပါကွာ..."
လီတာ့ဟိုင်က ပြန်ဖြေလိုက်၏။
သူ၏ဖခင်မှာ ဝါရင့်မုဆိုးတစ်ဦးဖြစ်ပြီး မြေခွေးများကို သားရေခွာသည့် အတွေ့အကြုံများစွာ ရှိသောကြောင့် ကျွမ်းကျင်မှု အပြည့်အဝ ရှိလေသည်။
မြေခွေးသားရေ၏ အရေးအကြီးဆုံး အချက်မှာ မည်သည့် ထိခိုက်ပျက်စီးမှုမျှမရှိဘဲ သားရေခွံတစ်ခုလုံး အကောင်းပကတိအတိုင်း ရှိနေရမည် ဖြစ်သည်။
အကယ်၍ သားရေများ ပျက်စီးနေပါက ရောင်း၍ရနိုင်သေးသော်လည်း တန်ကြေးများစွာ ရရှိမည် မဟုတ်ပေ။
"ဟေ့ လီလန် မင်းရဲ့ ဟွမ်တာ့ရှန်းက ဘယ်မှာလဲ..."
အဝါရောင်မြွေပါကို မတွေ့ရသောအခါ ကျိုးလျဲ့ရှန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီနေရာမှာ ခဏစောင့်နေပါ ကျွန်တော် သွားခေါ်လိုက်ပါ့မယ်..."
လီလန်သည် ခွေးအိမ်ထဲတွင် အဝါရောင်မြွေပါ ရှိနေသည်ကို ကျိုးလျဲ့ရှန်း မြင်သွားမည်ကို စိုးရိမ်သဖြင့် သူ့ကို ခြံဝင်းထဲ၌သာ စောင့်နေရန် ပြောလိုက်၏။
ထို့နောက် လီလန်က ခွေးအိမ်ဆီသို့ သွားလိုက်လေသည်။
"စီးပွားရေး ဝင်လာပြီ... ကြွက်ဖမ်းဖို့ ငါနဲ့လိုက်ခဲ့..."
လီလန်သည် ခွေးအိမ်ထဲရှိ အဝါရောင်မြွေပါ ဆယ့်ခုနစ်ကောင်ကို ပြောလိုက်သည်။
ယနေ့ တာ့ဟွမ်သည် သူ့နောက်မှ မောင်အားတောင်သို့ လိုက်ပါလာခဲ့ပြီး မြေခွေးဖြူနှင့် ဆယ်မိနစ်ကျော်ကြာအောင် ရင်ဆိုင်ခဲ့ရသည်။ မနေ့ကလည်း ကြွက်များစွာ ဖမ်းခဲ့ရသောကြောင့် အင်အား ပြန်လည်မပြည့်ဝသေးချေ။ ထို့ကြောင့် လီလန်သည် ကျိုးလျဲ့ရှန်း၏ အိမ်သို့ ကြွက်ဖမ်းရန်အတွက် ၎င်းကို ခေါ်ဆောင်သွားရန် အစီအစဉ် မရှိပေ။
"ရွီး.."
တာ့ဟွမ်သည် စေတနာ့ဝန်ထမ်းအဖြစ် လီလန်နောက်သို့ လိုက်လိုကြောင်း တကျီကျီအသံပြု၍ ပြသလိုက်သည်။
"တာ့ဟွမ် မင်း အိမ်မှာပဲနေခဲ့ပါ၊ တခြားတစ်ကောင်ကိုပဲ ရှာကြည့်လိုက်မယ်..."
လီလန်က ခေါင်းခါပြလိုက်၏။
"ရွီး... ရွီး.."
ထို့ကြောင့် တာ့ဟွမ်သည် ၎င်း၏ အဖော်များဘက်သို့ လှည့်ကြည့်လိုက်လေသည်။
နောက်ဆုံးတွင် အဝါရောင်မြွေပါ ဆယ့်ခုနစ်ကောင်ထဲမှ အနည်းငယ် ပိုဝနေသော တစ်ကောင်က ရှေ့သို့ ထွက်လာခဲ့သည်။
"ဒါဆိုလည်း မင်းပဲပေါ့... ငါတို့ အရင်က သဘောတူထားတဲ့အတိုင်း မင်း ကြွက်တစ်ကောင် ဖမ်းမိတိုင်း အသားတစ်ကျင်း ရလိမ့်မယ်..."
"တက်လာခဲ့..."
လီလန်သည် သူ၏ပခုံးကို ပုတ်ပြလိုက်၏။
ဟွမ်တာ့ရှန်းမှာ အနည်းငယ် ဝဖြိုးနေသော်လည်း အလွန်လျင်မြန်သွက်လက်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီလန်၏ ပခုံးပေါ်သို့ တက်ရောက်သွားလေသည်။
"လီလန် မင်းပဲ လုပ်နိုင်တယ်... နတ်မင်းတစ်ပါးကိုတောင် မွေးထားသေးတာပဲ..."
လီလန်၏ ပခုံးပေါ်ရှိ ကြွက်ကို မြင်သောအခါ ကျိုးလျဲ့ရှန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။