အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉) မုဆိုးမပိုင် လာပို့သော မင်္ဂလာမီးပုံးနီများနှင့် "အိုး... မချွတ်ပါနဲ့... မချွတ်ပါနဲ့..."
လီလန်သည် အိမ်အမိုးစွန်းအောက်သို့ မီးဖိုကို ရွှေ့ယူလာကာ ကျောက်မီးသွေးခဲများ ထည့်၍ မီးမွှေးလိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲမှ မြေအိုးတစ်လုံးကို ယူလာခဲ့လေသည်။
ထိုမြေအိုးကို မီးဖိုပေါ်တင်၍ ရေတစ်ဝက်ခန့် ထည့်လိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး လက်ထဲတွင် မုန့်ပေါင်းတစ်ဝက်ကို ကိုင်ကာ ထွက်လာခဲ့လေသည်။
ကဗျာစာတန်းများ ကပ်ရန်အတွက် ကော်လိုအပ်သဖြင့် လီလန်သည် ကော်ကျိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ကော်ကျိုရခြင်းမှာ အလွန်ရိုးရှင်းလှပြီး ရေတစ်ဝက်နှင့် ဂျုံမှုန့်တစ်ပန်းကန်သာ လိုအပ်လေသည်။
အကယ်၍ ဂျုံမှုန့်မရှိပါက ရိုးရိုးမုန့်ပေါင်းကိုလည်း အသုံးပြုနိုင်ပေသည်။
"နည်းနည်း များသွားသလားပဲ..."
ကဗျာစာတန်း နှစ်ခုသာရှိပြီး တစ်ခုမှာ အိမ်ဝိုင်းတံခါးဝတွင် ကပ်ရန်ဖြစ်ကာ အခြားတစ်ခုမှာ အိမ်တံခါးတွင် ကပ်ရန် ဖြစ်သည်။
ကဗျာစာတန်းနှစ်ခုအတွက် ကော်များစွာ မလိုအပ်ပေ။
လီလန်သည် ရေအနည်းငယ်ကို သွန်ပစ်လိုက်ပြီး ရေတစ်ဝက်ခန့်ကို ထပ်ထည့်လိုက်ရာ ပန်းကန်၏ လေးပုံတစ်ပုံခန့် ဖြစ်သွားလေသည်။
ထို့နောက် သူသည် မုန့်ပေါင်းကို အပိုင်းအစလေးများဖြစ်အောင် ချိုးဖဲ့၍ မြေအိုးထဲသို့ ပစ်ထည့်လိုက်သည်။
လီလန်သည် သစ်ကိုင်းခြောက်တစ်ခုကို ယူ၍ နာရီလက်တံအတိုင်း ဖြည်းညင်းစွာ မွှေပေးလိုက်သည်။
ကော်ကျိုရာတွင် အရေးအကြီးဆုံးမှာ ကော်ရည်များ အမျှင်တန်းလာသည်အထိ ဆက်တိုက် မွှေပေးနေရန်ပင် ဖြစ်သည်။
သစ်သားတုတ်ဖြင့် ကော်ရည်ကို တို့ကြည့်၍ အမျှင်တန်းလာသည်ကိုတွေ့ပါက အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။
နာရီဝက်ကျော်ခန့် မီးအေးအေးဖြင့် တည်ပြီးနောက် လီလန်သည် သစ်သားတုတ်ကို ကော်ရည်ထဲသို့ တို့ကြည့်လိုက်လေသည်။
"အမျှင်တန်းလာပြီဆိုတော့ ကော်ရပြီပေါ့..."
"အဖေရေ... ကော်ရပြီ... ကျွန်တော် ကဗျာစာတန်းတွေ သွားကပ်တော့မယ်..."
လီလန်သည် မီးဖိုချောင်ဆီသို့ လှမ်းအော်ပြောလိုက်ပြီးနောက် ကဗျာစာတန်းများနှင့် ကော်ကိုယူကာ အိမ်ဝိုင်းတံခါးဝဆီသို့ ထွက်လာခဲ့သည်။
သူ လှေကားထစ်များမှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် အမည်းနှင့် အဖြူရောင် အမဲလိုက်ခွေးနှစ်ကောင်မှာ ခွေးအိမ်ထဲမှ ခုန်ထွက်လာကြပြီး အူကြောင်ကြောင်နိုင်သော တောကြောင်ရိုင်းလေး တစ်ကောင်လည်း ပါလာလေသည်။
"မြောင်..."
တောကြောင်ရိုင်းလေးသည် လီလန်၏ လက်ထဲရှိ ကော်များကို စိုက်ကြည့်ကာ အနံ့ခံလိုက်သည်။
"ဒါက စားဖို့မဟုတ်ဘူး... ကဗျာစာတန်း ကပ်ဖို့ကွ..."
လီလန်က ပြုံး၍ ပြောလိုက်သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ကော်ကို စား၍ရပြီး ၎င်း၏ အဓိကပါဝင်ပစ္စည်းများမှာ ရေနှင့် ဂျုံမှုန့်တို့သာ ဖြစ်သည်။
သို့သော် ဤအရာမှာ အလွန်စေးကပ်ကာ ပျစ်လွန်းသဖြင့် လည်ချောင်းထဲတွင် တစ်ဆို့သွားတတ်လေသည်။ ဂရုမစိုက်ပါက လည်ချောင်းပိတ်၍ အသက်ရှူမရ ဖြစ်သွားနိုင်ပေသည်။
ရွာထဲတွင် ဆရာဝန်မရှိသလို အနီးဆုံးဆေးခန်းမှာ ကီလိုမီတာ သုံးဆယ်ကွာဝေးသော မြို့ပေါ်တွင်သာ ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက် လည်ချောင်းပိတ်သွားပါက အလွန်အန္တရာယ်များလှသည်။
လီလန်သည် မြက်ပင်များဖြင့် စုတ်တံတစ်ခု ပြုလုပ်လိုက်ပြီး စေးကပ်ပျစ်ချွဲနေသော ကော်ရည်ထဲသို့ နှစ်ကာ အိမ်ဝိုင်းတံခါးဝတွင် အပေါ်မှအောက်သို့ တစ်လွှာ သုတ်လိမ်းလိုက်လေသည်။
ဘယ်ဘက်တွင် သုတ်ပြီးနောက် ညာဘက်တွင် ဆက်သုတ်လိုက်ကာ အပေါ်မှ ကဗျာစာတန်းကို ကပ်၍ ဖြည်းညင်းစွာ ညှိပေးလိုက်သည်။
ထိုအခါ အိမ်ဝိုင်းတံခါးဝရှိ ကဗျာစာတန်းမှာ သေသပ်စွာ ကပ်ပြီးသွားလေပြီ။
အနီရောင်နောက်ခံတွင် အနက်ရောင်စာလုံးများဖြင့် ရေးသားထားသဖြင့် အလွန် ကျက်သရေမင်္ဂလာ ရှိလှသည်။
"ကဗျာစာတန်းလေး ကပ်လိုက်တာနဲ့တင် နှစ်သစ်ကူးပွဲတော် အငွေ့အသက်တွေ ရလာတာပဲ..."
ထို့နောက် လီလန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး အိမ်အမိုးစွန်းအောက်တွင် ရပ်ကာ ဒုတိယမြောက် ကဗျာစာတန်းကို ဆက်၍ ကပ်လိုက်လေသည်။
ဤကဗျာစာတန်းမှာ ပို၍ ကြီးမားရမည်ဖြစ်ပြီး စာလုံးများမှာလည်း ပိုမို လှပတင့်တယ်နေရမည် ဖြစ်သည်။
"ပန်းများ ပွင့်လန်း၍ စည်းစိမ်ချမ်းသာနှင့် ပျော်ရွှင်မှုတို့ကို ယူဆောင်လာပါစေ..."
"စကြဝဠာကို လှည့်လည်ကာ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ပါစေ..."
ဆိုင်းဘုတ်စာတန်း - ရာသီလေးပါးလုံး ငြိမ်းချမ်းသာယာပါစေ။
သစ်သားအိမ်ပေါ်တွင် ကဗျာစာတန်းများ ကပ်ပြီးနောက် လီလန်သည် ကော်ကို ချထားလိုက်ပြီး ခါးထောက်ကာ လှေကားအောက်ခြေမှနေ၍ မော့ကြည့်လိုက်သည်။
"မဆိုးဘူး... မဆိုးဘူး... မစောင်းသွားဘူးပဲ..."
"အဘိုးဟွမ်ရဲ့ လက်ရေးက တကယ့်ကို လှတာပဲ... တရုတ်စာပေတွေ သင်ပေးနေတဲ့ ကျောင်းဆရာပီသပါပေတယ်..."
လီလန်သည် ထိုကဗျာစာတန်းကို အလွန် ကျေနပ်သဘောကျနေလေသည်။
"အစ်ကို... ကဗျာစာတန်းတွေ ကပ်ပြီးသွားပြီလား... ဘာလို့ ညီမလေးကို မစောင့်တာလဲ..."
ထိုအချိန်တွင် ဒုတိယညီမဖြစ်သော လီထျန်းလည်း နိုးလာလေပြီ။
"ဒီကောင်မလေးကတော့ ပျင်းလိုက်တာ... နေဖင်ထိုးနေပြီကို အခုမှ ထလာတယ်..."
လီလန်က ဒုတိယညီမကို ရယ်မော၍ စနောက်လိုက်သည်။
"လီထျန်း... လာကြည့်ပါဦး... အစ်ကို ကပ်ထားတဲ့ ကဗျာစာတန်းတွေ စောင်းနေသလားလို့..."
ထို့နောက် ဒုတိယညီမသည် လှေကားပေါ်မှ ဆင်းလာပြီး လီလန်၏ ဘေးတွင်ရပ်ကာ မော့ကြည့်လိုက်သည်။
"မစောင်းပါဘူး... ဖြောင့်နေတာပဲ..."
"ဒါဆိုလည်း ပြီးတာပါပဲ..."
"သွား... မျက်နှာ မြန်မြန်သွားသစ်... ခဏနေရင် ထမင်းစားလို့ရပြီ..."
လီလန်၏ အဖေမှာ ခါးနာတတ်သဖြင့် မီးဖိုချောင်အလုပ်များ အားလုံးကို မလုပ်နိုင်ပေ။ ကဗျာစာတန်းများ ကပ်ပြီးနောက် သူသည် နှစ်သစ်ကူး ညစာအတွက် သွားရောက် ကူညီပေးရဦးမည် ဖြစ်သည်။
"လီလန်... ဘာတွေ အလုပ်ရှုပ်နေတာလဲ..."
အိမ်ဝိုင်းအပြင်ဘက်မှ နူးညံ့သော ခေါ်သံတစ်ခု ထွက်ပေါ်လာလေသည်။
လီလန် လှည့်ကြည့်လိုက်သောအခါ အရွယ်ရောက်ပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
"အစ်မပိုင်ကျဲ့... နှစ်သစ်ကူးမှာ မင်္ဂလာပါဗျာ..."
လီလန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ရော့... ဒါက နင့်အတွက်... ငါ့အဖေ လုပ်ပေးလိုက်တာ..."
ပိုင်ကျဲ့က မီးပုံးနီနှစ်လုံးကို ကမ်းပေးလိုက်သည်။
"အိုး... ကျွန်တော် ကဗျာစာတန်းတွေ ကပ်နေရင်း ဘာလိုနေသလဲလို့ စဉ်းစားနေတာ... ဒါလေး လိုနေတာကိုး..."
လီလန်သည် သူ၏ နဖူးကို ရိုက်ကာ ရုတ်တရက် သဘောပေါက်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဦးလေးပိုင်ရဲ့ လက်ရာက တကယ်ပြောင်မြောက်တာပဲ... ဒီမီးပုံးနီလေးတွေက တကယ့်ကို လှပလွန်းတယ်..."
တရုတ်နှစ်သစ်ကူးကာလတွင် မီးပုံးနီများကိုလည်း ချိတ်ဆွဲလေ့ရှိကြသည်။ ၎င်းတို့ကို အိမ်အမိုးစွန်းအောက်တွင် ချိတ်ဆွဲထားပြီး နှစ်သစ်ကူးအကြိုညတွင် ထွန်းညှိကာ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုကြပြီး ကြီးပွားတိုးတက်ခြင်းနှင့် ကံကောင်းခြင်းတို့၏ သင်္ကေတလည်း ဖြစ်ပေသည်။
သို့သော် ဤခေတ်ကာလတွင် မီးပုံးနီများထဲ၌ မီးသီးများ မဟုတ်ဘဲ ဖယောင်းတိုင်များကိုသာ ထည့်လေ့ရှိကြသည်။
ဖယောင်းတိုင်များမှာ မြန်မြန်ကုန်တတ်သဖြင့် နှစ်သစ်ကူးအကြိုညမှ နှစ်သစ်ကူးနေ့ မနက်အထိ မီးလင်းနေစေရန်အတွက် မီးပုံးများထဲသို့ ဖယောင်းတိုင်များကို အမြဲ ထပ်ထည့်ပေးနေရပေသည်။
လီလန်မှာ မည်သည့်ကိစ္စကိုမျှ အလုပ်ရှုပ်မခံချင်သဖြင့် ညဘက်ရောက်မှသာ မီးပုံးနီများကို ထွန်းညှိရန် ဆုံးဖြတ်လိုက်လေသည်။
"လာ... အစ်မ ကူချိတ်ပေးမယ်..."
ပိုင်ကျဲ့သည် အိမ်ထဲမှ ကုလားထိုင်တစ်လုံးကို ယူလာခဲ့သည်။
"ဟုတ်ကဲ့..."
လီလန်က ခေါင်းညိတ်လိုက်ပြီး ပိုင်ကျဲ့ ကိုင်ထားပေးသော ကုလားထိုင်ပေါ်သို့ တက်ကာ မီးပုံးနှစ်လုံးကို ချိတ်ဆွဲလိုက်သည်။
အိမ်အမိုးစွန်းအောက်တွင် ချိတ်နှစ်ခုရှိပြီး မီးပုံးများချိတ်ရန် အနေတော်ပင်ဖြစ်သည်။
မီးပုံးများမှာ အနီရောင်ဖြစ်ပြီး ကဗျာစာတန်းများမှာလည်း အနီရောင်ပင်ဖြစ်ရာ ထိုနှစ်ခု ပေါင်းစပ်သွားသည့်အခါ စည်ကားသိုက်မြိုက်သော ပွဲတော်အငွေ့အသက်ကို ဖန်တီးပေးနေလေသည်။
"ဒီမီးပုံးနီလေးတွေ ချိတ်လိုက်တော့မှပဲ နှစ်သစ်ကူး ပွဲတော်အငွေ့အသက်တွေက ပိုပိုပြီး ပြင်းထန်လာတော့တယ်..."
လီလန်သည် အပေါ်ရှိ မီးပုံးနီများကိုကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"အစ်မပိုင်ကျဲ့... ကျေးဇူးပါပဲဗျာ... ဒါကအကောင်းဆုံး နှစ်သစ်ကူး လက်ဆောင်ပါပဲ..."
လီလန်က နူးညံ့စွာ ပြောလိုက်သည်။
"ငါတို့က မိသားစုတွေလို ဖြစ်နေပြီကို... ဘာလို့ အားနာနေရတာလဲ..."
ပိုင်ကျဲ့က မျက်စောင်းထိုး၍ စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"အို့..."
"ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ဘူးနော်..."
လီလန်က နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်ပြီး ပိုင်ကျဲ့၏ လက်ကို ဆွဲကာ အိမ်ထဲသို့ ဝင်သွားလေသည်။
"ဘာလုပ်မလို့လဲ..."
ပိုင်ကျဲ့မှာ မျက်နှာရဲတက်သွားပြီး အနည်းငယ် တုန်လှုပ်သွားပုံပေါ်ကာ မီးဖိုချောင်ဘက်သို့ အမြန် လှမ်းကြည့်လိုက်သည်။
မီးဖိုချောင်ထဲတွင် ဦးလေးလီက ဟင်းချက်နေလေသည်။
"နင့်အဖေ ရှိသေးတယ်လေ... လျှောက်မလုပ်ပါနဲ့..."
ပိုင်ကျဲ့က ရှက်သွေးဖြာကာ ပြောလိုက်သည်။
"မနက်ဖြန် ငါ့အိမ်လာမလို့လား... ငါ့အဖေက မနက်ဖြန် ဟေးရွှေရွာကို နှစ်သစ်ကူး နှုတ်ဆက်ဖို့ သွားမှာ..."
"အစ်မပိုင်ကျဲ့... ခင်ဗျား ဘာတွေ တွေးနေတာလဲ... ကျွန်တော်က ခင်ဗျားကို လက်ဆောင်ပေးမလို့ပါ..."
လီလန်က ပိုင်ကျဲ့ကို ပြုံးစစဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"နင်..."
"မုန်းစရာကောင်းလိုက်တာ..."
ပိုင်ကျဲ့က ကျီစယ်သလို ဆူပူလိုက်ပြီး သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားကာ ပါးပြင်နှစ်ဖက်ပေါ်တွင် ပန်းရောင်သန်းနေသော အရှက်သွေးများ ပေါ်လာလေသည်။
သူမ၏ လှပသော မျက်နှာလေးမှာ နီရဲသွားပြီး ရင့်မှည့်နေသော မက်မွန်သီးတစ်လုံးကဲ့သို့ ချက်ချင်းပင် ဆွဲဆောင်မှုရှိကာ ကျက်သရေရှိသွားတော့သည်။
လီလန်သည် ဤဆွဲဆောင်မှုရှိသော မြင်ကွင်းကိုကြည့်ကာ ရင်ခုန်သွားလေသည်။
လက်တစ်ဖက်ကို ဆန့်ထုတ်၍ ပြည့်စုံဝိုင်းစက်နေသော အရာတစ်ခုကို ကိုင်တွယ်လိုက်ပြီးနောက် အားရပါးရ ညှစ်လိုက်တော့သည်။
"အာ့..."
ပိုင်ကျဲ့က အာမေဍိတ်သံ ထွက်သွားလေသည်။
"လီလန်... ဘယ်သူရောက်နေတာလဲ... အသံကြားလိုက်သလိုပဲ..."
ရုတ်တရက် အဖေ့ထံမှ အသံက မီးဖိုချောင်ထဲမှ ထွက်ပေါ်လာလေသည်။
ဦးလေးလီ၏ အသံကို ကြားလိုက်ရသောအခါ ပိုင်ကျဲ့မှာ ပို၍ ရှက်သွေးဖြာသွားပြီး လီလန်၏ လက်ထဲမှ အမြန် ရုန်းထွက်ကာ သူတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခု ဖန်တီးလိုက်လေသည်။
"အဖေ... အစ်မပိုင်ကျဲ့ပါ... သူက မီးပုံးတွေ လာပို့တာ..."
လီလန်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဪ... ရှောင်ကျဲ့ ရောက်နေတာကိုး... သား သူ့ကို နည်းနည်း ထပ်ဧည့်ခံလိုက်ဦး... အဖေ့ကို ကူညီစရာ မလိုသေးပါဘူး..."
"ဟုတ်ကဲ့... နားလည်ပါပြီ..."
ထို့နောက် လီလန်သည် အိပ်ခန်းလိုက်ကာကို ဆွဲဖယ်လိုက်ပြီး ပိုင်ကျဲ့၏ လက်ကိုကိုင်ကာ အထဲသို့ ခေါ်သွားလေသည်။
အိပ်ခန်းထဲသို့ ရောက်သည်နှင့် တံခါးကို အနောက်မှ သော့ခတ်လိုက်တော့သည်။
"ဒါ နင့်အပြစ်တွေချည်းပဲ... ဦးလေးလီ မြင်သွားတော့မလို့..."
ပိုင်ကျဲ့က လီလန်၏ ရင်ဘတ်ကို ညင်သာစွာ ထုကာ ကျီစယ်သလို ဆူပူလိုက်သည်။
"ဘယ်သူက အစ်ကို ရုတ်တရက် အော်ခိုင်းလို့လဲ... အစ်မ အောင့်ခံထားပေါ့.."
လီလန်က မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။
"အင်း... ဘယ်သူက ငါ့တင်ပါးကို အကြောင်းမရှိဘဲ လာကိုင်ခိုင်းလို့လဲ... အဲဒါ ကိုင်လို့ရတဲ့ နေရာလား..."
"ဘာလို့ ကိုင်လို့မရရမှာလဲ..."
"အစ်မက ကျွန်တော့်ကို ပေးမကိုင်ချင်ဘူး မဟုတ်လား... ဒါဆိုလည်း ကျွန်တော် မကိုင်တော့ဘူးလေ..."
လီလန်သည် ပိုင်ကျဲ့ကို တမင်တကာပင် ရွှတ်နောက်နောက် စကားဆိုလိုက်လေသည်။
"ဟွန့်... နင်က ငါ့ကို စနေတာပဲ... ငါ နင့်ကို စကားမပြောတော့ဘူး..."
"ကောင်းပါပြီ... ကောင်းပါပြီ... နောက်မနေတော့ပါဘူး... ရော့... ဒါလေး ယူလိုက်..."
လီလန်သည် သူ၏ အိတ်ကပ်ထဲမှ ငွေစက္ကူများပါသော စက္ကူအိတ်နီလေးကို ထုတ်၍ ပိုင်ကျဲ့ကို ကမ်းပေးလိုက်သည်။
"ဒီနေ့က တရုတ်နှစ်သစ်ကူးအကြိုညလေ...ဒါက အစ်မအတွက် နှစ်ကူးစာအိတ်နီပါ..."
အနည်းဆုံး ငါးယွမ်ခန့်ရှိသော အထူကြီးဖြစ်နေသည့် နှစ်ကူးစာအိတ်နီကို မြင်လိုက်ရသောအခါ ပိုင်ကျဲ့မှာ မှင်တက်သွားလေသည်။
ဝင်ငွေမရှိသော သူမအတွက် ငါးယွမ်ဆိုသည်မှာ ကြီးမားလှသော ငွေပမာဏတစ်ခု ဖြစ်ပေသည်။
ပြောင်းဖူးမှုန့် တစ်ကျင်းလျှင် ရှစ်ဆင့်သာရှိပြီး ဂျုံမှုန့်တစ်ကျင်းလျှင် ဆယ့်ငါးဆင့်သာ ရှိသည်။
ဤငါးယွမ်မှာ သူမအတွက် ဂျုံမှုန့် ကျင်းသုံးဆယ် ဝယ်ယူရန် လုံလောက်လှပေသည်။
ဂျုံမှုန့် ကျင်းသုံးဆယ်ကို မုန့်ပေါင်းနှင့် ဖက်ထုပ်များ ပြုလုပ်ပါက သူမနှင့် သူမ၏အဖေအတွက် လပေါင်းများစွာ စားသုံးရန် လုံလောက်ပေသည်။
"လီလန်... ဒီနှစ်ကူးစာအိတ်နီက..."
"နင် ငါ့အပေါ် သိပ်ကောင်းတာပဲ..."
ပိုင်ကျဲ့၏ မျက်လုံးများ နီရဲလာပြီး သူမမှာ အလွန်ပင် စိတ်လှုပ်ရှားသွားလေသည်။
သူမမှာ မွဲတေနေပြီး စွမ်းရည်အကန့်အသတ်ရှိသော မုဆိုးမတစ်ဦးသာဖြစ်ကာ သူမ လုပ်နိုင်သမျှမှာ ဟင်းချက်ခြင်းနှင့် အဝတ်လျှော်ခြင်းတို့သာ ဖြစ်သဖြင့် သူမအတွက် ဝင်ငွေအရင်းအမြစ်ဟူ၍ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
ယနေ့တွင် လီလန်က သူမအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ကြီးမားသော ငွေပမာဏဖြစ်သည့် ငါးယွမ်ကို ပေးလိုက်သောကြောင့် ပိုင်ကျဲ့မှာ အလွန်ပင် ကြည်နူးသွားတော့သည်။
"အစ်မက ကျွန်တော့်ရဲ့ မိန်းမလေ... အစ်မကို ကျွန်တော် မကောင်းရင် ဘယ်သူ့ကို ကောင်းရမှာလဲ..."
လီလန်က ပြုံး၍ ပိုင်ကျဲ့၏ ပန်းပွင့်အဆင်နှင့် ဂွမ်းကုတ်အင်္ကျီထဲသို့ နှစ်ကူးစာအိတ်နီကို ထိုးထည့်ပေးလိုက်သည်။
"လီလန်... လာခဲ့... နင့်အင်္ကျီတွေ ငါ ချွတ်ပေးမယ်..."
ပိုင်ကျဲ့သည် စကားပြောနေရင်းပင် လီလန်၏ ဘောင်းဘီကို ဆွဲချွတ်ရန် ပြင်လိုက်လေသည်။
"အစ်မ... လျှောက်မလုပ်နဲ့လေ... ဘေးခန်းမှာ ကျွန်တော့်အဖေ ရှိတယ်..."
"ငါကတော့ အကုန်ပုံအောလိုက်ပြီ... ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး..."
"အစ်မက နင့်ရဲ့ နှစ်ကူးစာအိတ်နီကို ယူထားတာဆိုတော့ ဒီနေ့ နင့်ကို သေချာလေး ကျေးဇူးဆပ်ချင်လို့ပါ..."
"အစ်မ... ကျွန်တော့် ဘောင်းဘီကို မဆွဲချွတ်ပါနဲ့..."
"ဟာဗျာ.. မချွတ်ပါနဲ့... မချွတ်ပါနဲ့ဆို.."