← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁)

ဤသည်မှာ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပေသည်

လက်ပတ်ဖုန်းကို ပေးအပ်လိုက်သောအခါ... ကောင်းယွမ်အနေဖြင့် ထိုရုပ်ရှင်ထဲတွင် ပါရှိသော အဆင့် မြင့်နည်းပညာများကို ငါးရံ့နက်နည်းပညာကုမ္ပဏီက ပိုင်ဆိုင်နေပြီဟု ဆိုလိုချင်နေသည် မဟုတ်ပါလား။

အကယ်၍သာ ထိုသို့ အမှန်တကယ် ဖြစ်ခဲ့လျှင် ကမ္ဘာမြေကြီးသည် ကောင်းယွမ်ကို ဆက်လက်၍ ထိန်း ထားနိုင်မည် မဟုတ်တော့ပေ။

အခြားသော အာဏာပိုင်ကြီးများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြ လေတော့သည်။ သူတို့က ရုပ်ရှင်အကြောင်း ပြောလိုက်သည်နှင့် ကောင်းယွမ်က လက်ပတ်ဖုန်းကို ပေး လာခဲ့သည် မဟုတ်ပါလား။ ဤသည်မှာ ရန်စခြင်းတစ်မျိုး ဖြစ်နေသလား။ သို့မဟုတ် ထိုရုပ်ရှင်မှာ ညွှန် ကြားချက်လက်စွဲတစ်ခု သို့မဟုတ် ကြော်ငြာတစ်ခုမျှသာဟု ပြောချင်နေခြင်းလား...။

ကောင်းယွမ်ကမူ ထိုမျှအထိ တွေးတောမနေခဲ့ပေ။

သူသည် ကြော်ငြာလိုရုံ သက်သက်သာ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် သတင်းများတွင် လက် ပတ်ဖုန်းနှင့် ပေါ်လာခဲ့လျှင် ထိုအရာသည် သေချာပေါက် စံနမူနာသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ခဏမျှအတွင်း လေထုမှာ အနည်းငယ် ထူးဆန်းသွားခဲ့လေသည်။

ကောင်းယွမ်ကမူ သတိပင် မထားမိခဲ့ပေ။

"ဟိုလေ... လက်ပတ်ဖုန်းက တကယ်ကို အသုံးဝင်ပါတယ်... လူကြီးမင်းတို့ စမ်းပြီးသုံးကြည့်ချင်လား... အရာရှိကျိုး... ကျွန်တော် သရုပ်ပြပေးပါရစေလား..."

ကျိုးကျန်းလီသည် ကောင်းယွမ်ကို ပြုံးလျက် ကြည့်လိုက်လေ၏။

"ကောင်းပါပြီ... ဒါက မင်းတို့ ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်သစ်လား... ဘယ်တော့လောက် ရောင်းမှာလဲ..."

"မကြာခင် ရောင်းမှာပါ... တစ်လအတွင်းပေါ့... ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်းကတော့ အကန့်အသတ် ရှိနေ ပါသေးတယ်..."

ထို့နောက် ကောင်းယွမ်သည် လက်ပတ်ဖုန်း အသုံးပြုပုံကို သရုပ်ပြလေတော့သည်။

အခန်းအတွင်း၌ ရှိနေသော အာဏာပိုင်ကြီးများသည် အစပိုင်းတွင် သတိထားနေကြသော်လည်း ပို၍ ကြည့်လေလေ ပို၍ အံ့အားသင့်လေလေ ဖြစ်လာခဲ့ကြလေ၏။

*ဒါက လက်ပတ်ဖုန်းလား…*

*သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက ပစ္စည်းတစ်ခု မဟုတ်တာ သေချာရဲ့လား…*

သရုပ်ပြပြီးနောက် ကျိုးကျန်းလီသည် ပထမဆုံး ထရပ်၍ လက်ခုပ်တီးလိုက်လေသည်။

"ငါးရံ့နက်နည်းပညာကုမ္ပဏီက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ... ဒီလက်ပတ်ဖုန်း ထွက်လာပြီဆိုရင် စမတ်ဖုန်းခေတ်က ခေတ်နောက်ကျသွားတော့မှာပဲ... ငါတို့က စမတ်ဖုန်းအကြောင်းတောင် သေချာ နားမလည်သေးဘူး... အခုတော့ လက်ပတ်ဖုန်းက ပေါ်လာပြန်ပြီ... အပြောင်းအလဲက တကယ်ကို မြန် ဆန်လွန်းတယ်... ရှနိုင်ငံမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ ရှိနေသရွေ့တော့ အောင်မြင်မှုတွေ ရမှာ အသေ အချာပဲ..."

ကျိုးကျန်းလီက ငါးရံ့နက်နည်းပညာကုမ္ပဏီအတွက် အာမခံချက် ပေးလိုက်လေသည်။ အခြားသူများ သည်လည်း သဘာဝကျစွာပင် ပြဿနာရှာရန် မကြိုးစားကြတော့ပေ။

မည်သို့ပင်ဖြစ်စေ...ငါးရံ့နက်နည်းပညာကုမ္ပဏီသည် အမှန်တကယ်ပင် အနှောင့်အယှက် ပေး၍ရသော အဖွဲ့အစည်း မဟုတ်ပေ။

ထိုစဉ် တစ်စုံတစ်ဦးက မေးလိုက်လေ၏။

"နိုင်ငံအတော်များများက လကမ္ဘာပေါ်က ထူးခြားချက်တွေကို ရှင်းပြဖို့ ငါတို့ကို စောင့်နေကြတယ်... ငါ တို့ ဘယ်လို ရှင်းပြကြမလဲ..."

ကျိုးကျန်းလီက ကောင်းယွမ်ကို ကြည့်လိုက်လေသည်။

"ရှောင်ကောင်း... မင်းကော ဘယ်လို ရှင်းပြသင့်တယ်လို့ ထင်လဲ..."

ကောင်းယွမ်ကမူ 'ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ဘာလို့ သူများကို ရှင်းပြနေရမှာလဲ' ဟုသာ ပြောလိုက်ချင်တော့သည်။

သို့သော်... ထိုသို့လုပ်၍ မရပေ။ သူသည် လူသိမခံဘဲ နေရမည် ဖြစ်၏။

သူသည် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"အရာရှိကျိုး... ဒါက ငါးရံ့နက်နည်းပညာကုမ္ပဏီနဲ့ လုံးဝ မပတ်သက်ပါဘူး... နေပြောက်တွေ ပုံမှန်မ ဟုတ်တာကြောင့် လကမ္ဘာပေါ်က နေရောင်ခြည်တွေက ပုံပျက်သွားတာလို့ ထင်ပါတယ်... ဒါက ထူးခြား တဲ့ အလင်းဆိုင်ရာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်နိုင်ပါတယ်..."

ကျိုးကျန်းလီက ပြုံးကာ ပြောလိုက်၏။

"မှန်တာပေါ့... ဒါက ထူးခြားတဲ့ အလင်းဆိုင်ရာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်နိုင်တာပဲ... ကဲ... ဒီနေ့တော့ ဒီမျှနဲ့ပဲ အစည်းအဝေးကို အဆုံးသတ်ကြတာပေါ့..."

အရာရှိကျိုး ဆိုလိုသည့် အဓိပ္ပာယ်ကို အခြားသူများလည်း နားလည်လိုက်ကြလေသည်။

ဤသည်မှာ အမှန်တရားကို ဖုံးကွယ်ထားခြင်း ဖြစ်ပြီး အရာအားလုံးကို ငြင်းဆိုလိုက်ခြင်းပင်။

မည်သို့ပင်ဖြစ်စေ... ဤသည်မှာ ရှနိုင်ငံ သို့မဟုတ် ငါးရံ့နက်နည်းပညာကုမ္ပဏီနှင့် မသက်ဆိုင်ပေ။ အရာ အားလုံးမှာ တိုက်ဆိုင်မှုသာ ဖြစ်၏။

ငါးရံ့နက်နည်းပညာကုမ္ပဏီက အာကာသထဲသို့ မည်သို့ သွားနိုင်မည်နည်း။

စုံစမ်းစစ်ဆေးမည်လော။

မည်သို့ စုံစမ်းမည်နည်း။ အမေရိကန်က လူလိုက်ပါတဲ့ အာကာသယာဉ်ကို လွှတ်ပြီး သွားကြည့်ခိုင်းရ မည်လော။

ငါးရံ့နက်နည်းပညာကုမ္ပဏီအပေါ် ပြည်တွင်း၏ သဘောထားမှာမူ... သူတို့က လက်ခံသဘောတူလိုက် ဟန် တူပေသည်။ ကောင်းယွမ်၏ နောက်ကွယ်တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသနည်း ဟူသော အချက်ကို မည်သူမျှ မသိချင်ကြသည် မဟုတ်သော်လည်း ကောင်းယွမ်က မပြောသရွေ့ သူတို့က အတင်းအကြပ် မလုပ်နိုင်ပေ။

လက်ရှိတွင် ပြည်တွင်း အခြေအနေမှာ အလွန်ကောင်းမွန်နေပြီး စီးပွားရေးကလည်း တည်ငြိမ်စွာ တိုး တက်နေခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ ငါးရံ့နက်နည်းပညာကုမ္ပဏီသည် ရှနိုင်ငံ၏ ကုမ္ပဏီတစ်ခု ဖြစ်ပြီး သူတို့တွင် မည်မျှပင် အဆင့်မြင့်သော နည်းပညာရှိရှိ ထိုအရာအားလုံးသည် ရှနိုင်ငံ၏ မြေပေါ်တွင်သာ ရှိနေသည် မဟုတ်ပါလား။

...

ကောင်းယွမ်သည် လုံးဝ မှင်သက်သွားခဲ့ရလေ၏။

သူ ရောက်လာရုံ ရှိသေးသည်၊ အစည်းအဝေးက ပြီးသွားခဲ့ပြီ ဖြစ်လေသည်။

သူသည် ချင်းထျဲ့ကျွင်းကို ကြည့်ကာ ပြောလိုက်လေ၏။

"ညွှန်ကြားရေးမှူးချင်း... တာချင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီးတော့..."

"တာချင်းတောင်က သေချာပေါက် မင်းပိုင်တာပါ... စိတ်မပူပါနဲ့... ဒါနဲ့... မင်း တာချင်းတောင်မှာ လွှတ် တင်ရေးစခန်းတစ်ခု တည်ဆောက်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား..."

ချင်းထျဲ့ကျွင်းက ရုတ်တရက် ခေါင်းလှည့်ကာ ကောင်းယွမ်ကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။

"လွှတ်တင်ရေးစခန်းလား... ကျွန်တော်တို့က အဲဒါ မလိုပါဘူး..."

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့... လူသိမခံဘဲ နေတာက အကောင်းဆုံးပဲ..."

ကောင်းယွမ်ကမူ 'ကြယ်တာရာ ခရီးသွား ဘက်စ်ကားက တကယ်ပဲ လွှတ်တင်ရေးစခန်း လိုလို့လား... ယဉ်ရပ်နားစခန်း တစ်ခုပဲ ဆောက်ရင် မရဘူးလား' ဟုသာ ပြန်မေးချင်နေတော့သည်။

ထို့နောက် ချင်းထျဲ့ကျွင်းသည် ကောင်းယွမ်ကို မြေယာနှင့် သယံဇာတဗျူရိုသို့ ခေါ်သွားကာ တာချင်း တောင်တန်း တစ်ခုလုံးအတွက် မြေအသုံးချခွင့် သဘောတူညီချက်ကို လက်မှတ်ထိုးစေခဲ့လေသည်။ မြေပမာဏကိုမူ 'အကန့်အသတ်မရှိ' ဟု ဖော်ပြထားခဲ့လေသည်။

ကောင်းယွမ်သည် ထိုကဲ့သို့သော စာရွက်စာတမ်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သူသည် ဝန်ထမ်းကို ကြည့်ကာ မေးလိုက်၏။

"ဒီနေရာ ဖြည့်ဖို့ မေ့နေတာလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်မတို့က အလုပ်ကို သေချာ လုပ်တာပါ... ဒါက လူကြီးမင်းရဲ့ အမိန့် ပါ..."

ကောင်းယွမ် အပြင်သို့ ထွက်လာသောအခါ ချင်းထျဲ့ကျွင်းသည် ဖုန်းဖြေနေသည်ကို တွေ့လိုက်ရလေ သည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး

"ကောင်းယွမ်... မင်း အရင်ပြန်နှင့်တော့... ငါ့မှာ လုပ်စရာ ရှိသေးတယ်..."

ပြောပြီးသည်နှင့် သူ၏ အတွင်းရေးမှူးကို ခေါ်လိုက်လေသည်။

"ရှီရှန်းဆေးရုံကို သွားမယ်... အဘိုးကြီးဝူရဲ့ အခြေအနေက မကောင်းတော့ဘူး... ဒီနှစ်ကုန်အထိတောင် တောင့်ခံနိုင်ပါ့မလား မသေချာဘူး..."

ကောင်းယွမ် ခဏမျှ အံ့ဩသွားခဲ့ရလေသည်။

သူ၏ ရာထူးအရဆိုလျှင် ဤအဘိုးကြီးဝူသည် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ပြီး ချင်းထျဲ့ကျွင်းနှင့် ရာထူးချင်း တူညီပေလိမ့်မည်။

ထိုသူများသည် နိုင်ငံတော်၏ ထောက်တိုင်များ ဖြစ်ကြသည်။ ကောင်းယွမ်သည် ခဏမျှ၏ တွေးတော လိုက်ပြီးနောက် သူ သိနိုင်မည့်သူကို စဉ်းစားလိုက်၏။ အဘိုးကြီးဝူသည် သတင်းများတွင် မပေါ်လာ သည်မှာ ကြာပြီ မဟုတ်ပါလား။

ကောင်းယွမ်သည် နောက်မှ လိုက်သွားကာ ၊

"ညွှန်ကြားရေးမှူးချင်း... အခုနက ပြောတဲ့ အဘိုးကြီးဝူဆိုတာ အမျိုးသား ကူးသန်းရောင်းဝယ်ရေး အုပ်ချုပ်မှုဌာနက..."

ချင်းထျဲ့ကျွင်းက ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ဖော်ရွေခြင်းတော့မရှိလှပေ။

"မင်း မမေးသင့်တဲ့ အရာတွေကို မမေးနဲ့... မပြောသင့်တာကို မပြောနဲ့... ပြဿနာ တက်နိုင်တယ်... ဒါက မင်းနဲ့ မဆိုင်ဘူး... မကြားလိုက်သလိုပဲ နေလိုက်စမ်းပါ..."

အစိုးရ၏ အဆင့်မြင့်ပိုင်းနှင့် ပတ်သက်လာလျှင် သေးငယ်သော ကိစ္စတစ်ခု ပေါက်ကြားသွားရုံဖြင့် နယ်ပယ်တစ်ခုလုံးတွင် မုန်တိုင်းထန်သွားစေနိုင်ပေသည်။

ကောင်းယွမ်သည် ခဏမျှ တွေဝေသွားပြီးမှ ပြောလိုက်၏။

"ညွှန်ကြားရေးမှူးချင်း... ကျွန်တော်တို့ရဲ့ သုတေသနခန်းမှာ လူသားတွေရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက် တွေကို ပြန်လည် ကောင်းမွန်စေနိုင်တဲ့ အာဟာရဖြည့်စွက်စာ တစ်မျိုးရှိပါတယ်... အသက်ရှင်နေသရွေ့ တော့ ပြန်ကောင်းလာနိုင်ပါတယ်..."

ကောင်းယွမ်သည် သူ၏ လက်ထဲတွင် ရှိသော အသက်ဆက်ဆေးရည်ကို သတိရလိုက်ခြင်း ဖြစ်ပေ သည်။ ထိုအရာကို ဝှက်ထားမည့်အစား အထက်လူကြီးများကို ပေးလိုက်ခြင်းဖြင့် သူတို့နှင့် ပိုမို ခိုင်မြဲ သော ပတ်သက်မှုတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပြီး နောင်တွင် အလုပ်လုပ်ရာ၌ ပို၍ လွယ်ကူသွား ပေလိမ့်မည်။

ချင်းထျဲ့ကျွင်း မှင်သက်သွား၏။

"တကယ်လား... အဲဒါက တကယ်ရော အလုပ်ဖြစ်မှာလား..."

"စမ်းကြည့်ရင် သိရမှာပေါ့..."

"ကောင်းယွမ်... ဒါက နောက်ရမယ့် ကိစ္စ မဟုတ်ဘူးနော်..."

"ညွှန်ကြားရေးမှူးချင်း... ကျွန်တော်က စီးပွားရေးသမားလေး တစ်ယောက်ပါ... လူကြီးမင်းကို ဘယ်လို လုပ် နောက်ရဲနိုင်မှာပါလဲ... ဟုတ်ပါတယ်... လကမ္ဘာပေါ်မှာ ကြော်ငြာသလိုမျိုး နောက်ပြောင်တာမျိုး တော့ လုံးဝ လုပ်မှာ မဟုတ်ပါဘူး..."

ချင်းထျဲ့ကျွင်းသည် ဆဲလိုက်ချင်သော်လည်း အောင့်ထားလိုက်ရလေ၏။

ဤသည်မှာ မိမိကို သတိပေးနေခြင်းပင်။ ကောင်းယွမ်သည် လကမ္ဘာပေါ်သို့ပင် အသံတိတ် သွားနိုင်ခဲ့ သည် မဟုတ်ပါလား၊ ထို့ကြောင့် အာဟာရ ဖြည့်စွက်စာ အချို့ကို သုတေသန လုပ်နိုင်ခြင်းမှာ သူ့အတွက် အသေးအဖွဲမျှသာ ဖြစ်ပေလိမ့်မည်။

"မင်းတို့ဆီက 'အာဟာရဖြည့်စွက်စာ' ကို ပို့လိုက်ပါ... မင်းကတော့ ဒီကိစ္စထဲမှာ ပါမလာတာ အကောင်း ဆုံးပဲ... ဒါက မင်းအတွက် ဘာမှ အကျိုးမရှိဘူး... မင်းရဲ့ စီးပွားရေးကိုပဲ အာရုံစိုက်ပါ... မင်းကို ဘယ်သူမှ ဒုက္ခမပေးနိုင်အောင် ငါ အာမခံပါတယ်..."

ချင်းထျဲ့ကျွင်းက ကောင်းယွမ်ကို ကတိပေးလိုက်လေသည်။

ကောင်းယွမ် စိတ်သက်သာရာ ရသွားခဲ့၏။

"ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူးချင်း... မကြာခင် အာဟာရဖြည့်စွက်စာတွေ ပို့ပေးလိုက်ပါ့ မယ်..."

ချင်ကျင်းမြို့ရှိ လုပ်ငန်းများ ပြီးဆုံးသွားသည့်အခါ ကောင်းယွမ်သည် မုကျားရွာသို့ ပြန်လာခဲ့လေသည်။

သူ ပြန်လာနေစဉ်အတွင်း...၊

ရှနိုင်ငံ အာကာသအေဂျင်စီက သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်လေသည်။

"မနေ့ညက အပျော်တမ်း နက္ခတ္တဗေဒပညာရှင်တွေဟာ လကမ္ဘာပေါ်မှာ ထူးခြားတဲ့ စာသားအချို့ကို တွေ့ ခဲ့ကြပါတယ်... ပညာရှင်တွေရဲ့ အကဲဖြတ်ချက်အရ အဲဒီစာသားတွေဟာ ရှားပါးတဲ့ ကောင်းကင်ယံ သဘာဝဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပေါ်လာတာလို့ အတည်ပြုခဲ့ပါတယ်... အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကုမ္ပဏီ တစ်ခုက လကမ္ဘာပေါ်မှာ မြေနေရာဦးထားတယ်ဆိုတဲ့ ကောလဟာလတွေဟာ မဟုတ်မှန်ကြောင်းကို လည်း အတည်ပြုခဲ့ပါတယ်... ကောလဟာလတွေကို မယုံကြည်ကြဖို့နဲ့ ပြန်လည်မဖြန့်ဝေကြဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်..."

ဤသတင်း ထုတ်ပြန်ချက်ကို ဖြန့်ဝေလိုက်သောအခါ...၊

အစပိုင်းတွင် အင်တာနက် အသုံးပြုသူများက မယုံကြည်ကြသော်လည်း တရားဝင် ထုတ်ပြန်ချက် ထွက် လာသည့်အခါ သူတို့ မှင်သက်သွားကြရလေသည်။

"အဲဒီလောက်တောင် ထင်ထင်ရှားရှားကြီး ပေါ်နေတဲ့ စာလုံးတွေက သဘာဝအတိုင်း ဖြစ်လာတာ ဟုတ် ပါ့မလား..."

"ကဲပါလေ... မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ... ငါကတော့ ယုံလိုက်ပြီ..."

"ငါလည်း ဒီညကျရင် လကို သွားကြည့်ဦးမယ်..."

နိုင်ငံခြားတွင်မူ အမေရိကန်သည် ဆွံ့အသွားခဲ့ရလေ၏။

*သဘာဝဖြစ်စဉ်တစ်ခု… ဟုတ်လား….*

*ငါ့တို့ကို အရူးများ မှတ်နေသလား…*

စာလုံး တစ်လုံး နှစ်လုံးဆိုလျှင် သဘာဝဖြစ်စဉ်ဟု ယုံနိုင်သေးသော်လည်း စာသား တစ်ကြောင်းလုံး၊ ကုမ္ပဏီ အမည်တစ်ခုလုံး၊ ထို့အပြင် ပုံကြီးချဲ့ကြည့်လျှင် ရှနိုင်ငံ၏ အလံကိုပင် မြင်နေရသည် မဟုတ် ပါလား။

*ဒါက သဘာဝအတိုင်း ဖြစ်ပျက်နေတာဖြစ်နိုင်လား...*

*ဒါက ရှနိုင်ငံရဲ့ အဖြေလား...*

အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားနေသော ဤလုပ်ရပ်မှာ ရှနိုင်ငံ၏ အမျိုးသားရေး လုပ်ဆောင်ချက် တစ်ခု ဖြစ်ကြောင်း သိသာလွန်းလှပေတော့သည်။

All Chapters