အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆)
မိတ်ဆက်ပွဲ စတင်ခြင်း
ကုမ္ပဏီနှစ်ခုလုံး၏ ထုတ်ကုန်မိတ်ဆက်ပွဲမှာ အဆင်ပြေချောမွေ့စွာ စတင်ခဲ့လေသည်။
လက်ရှိတွင် ကုမ္ပဏီနှစ်ခုလုံးမှာ အလွန်ပင် ရင်းနှီးသည့် အသွင်ဆောင်နေခဲ့ပေသည်။ ထို့အပြင် ဤ မိတ်ဆက်ပွဲမှာ ယခင်ကထက် ပိုမိုကြီးကျယ်ခမ်းနားပြီး ရှနိုင်ငံမှ နာမည်ကြီး ပုဂ္ဂိုလ်များစွာလည်း တက်ရောက်ခဲ့ကြလေသည်။
ရှဝေမှ ကျိုးလဲ့၊ တာမီမှ လဲ့ကျန်းကျွင်း၊ ဗီဗီမှ ချန်းယုံ၊ ပိုပိုမှ တွမ်းပင်၊ ရှရှင်းမှ ချင်ပင်းနှင့် အစွမ်းထက် သော ဝမ်တာလင်း...။
ထိုအာဏာပိုင်ကြီးများသည် မီဒီယာများ၏ အာရုံစိုက်မှုကို အမြဲရရှိထားသူများ ဖြစ်ကြပြီး ယခုကဲ့သို့ စုဝေးလာမှုကြောင့် မီဒီယာများ၏ စိတ်ဝင်စားမှုကို ပို၍ ရရှိခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်မှာ မကြာသေးမီကပင် သိသိသာသာ ပြောင်း လဲသွားခဲ့သောကြောင့် ဖြစ်ပေသည်။
ပြည်ပထုတ်လုပ်သူများသည် စွမ်းဆောင်ရည်မြင့် ချစ်ပ်ပြားအသစ်များ ရရှိထားသဖြင့် သူတို့၏ ထုတ် ကုန်များကို မြှင့်တင်နေကြသော်လည်း ပြည်တွင်းထုတ်လုပ်သူများမှာမူ ထုတ်ကုန်အသစ်များကို ဒီဇိုင်း မဆွဲသည့်အပြင် လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ခန့်က ထုတ်ကုန်များကိုပင် ဈေးလျှော့ကာ ရောင်းချနေကြ သည်မှာ တစ်ဦးနှင့်တစ်ဦး ကြိုတင်ညှိနှိုင်းထားသည့်အလား ထင်ရပေသည်။
ထို့အပြင် သူတို့သည် သူတို့၏ မိုဘိုင်းဖုန်းလုပ်ငန်းမှ အဓိက ပိုင်ဆိုင်မှုများ သို့မဟုတ် တရားဝင် အရောင်းဆိုင်များကိုပင် လွှဲပြောင်းရောင်းချနေကြောင်း သတင်းမျာစွာ ထွက်ပေါ်နေခဲ့ပေ၏။
မီဒီယာများကမူ ထိုအကြောင်းရင်းကို သိရှိလိုနေကြပေသည်။
ရှနိုင်ငံ၏ မိုဘိုင်းဖုန်းလုပ်ငန်းမှာ မကြာသေးမီ နှစ်များအတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်မှု အခြေစိုက်စခန်း ဖြစ်လာခဲ့သော်လည်း အကြောင်းရင်းတစ်ခုကြောင့် ယခုအခါ ထိုအားသာချက်များမှာ ဆုံးရှုံးလုနီးပါး ဖြစ်နေခဲ့ရပေသည်။
ကြယ်ကိုးစင်းသည် အင်အားအပြည့်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ဖြန့်ဖြူးသူများစွာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကြ၏။ မိတ်ဆက်ပွဲ တရားဝင် မစတင်မီမှာပင် မီဒီယာများသည် ထိုအာဏာပိုင်ကြီးများကို မေးခွန်းများဖြင့် ဝိုင်းဝန်းမေးမြန်းနေကြတော့သည်။ အထူး သဖြင့် ကျိုးလဲ့နှင့် လဲ့ကျန်းကျွင်းတို့ကို ပို၍ မေးမြန်းခဲ့ကြလေသည်။
ကျိုးလဲ့ကမူ တိတ်ဆိတ်နေပြီး လဲ့ကျန်းကျွင်းကလည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။
အခြားသူများသည်လည်း မည်သည့်မှတ်ချက်မျှ မပေးနိုင်ခဲ့ကြပေ။
အပေါ်ယံကြည့်လျှင် ရှနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်မှာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးသော အပြောင်းအလဲနှင့် ရင်ဆိုင်နေရပုံ ပေါ်လေသည်။
ထိုအာဏာပိုင်ကြီးများနှင့် ဆန့်ကျင်ဘက်မှာမူ လီပင်းရှီမှာ ပြုံးရွှင်လျက် အားအင်အပြည့် ရှိနေခဲ့ပေ၏။ မိတ်ဆက်ပွဲ တရားဝင် မစတင်မီမှာပင် သူသည် အင်တာဗျူးများ ဖြေကြားနေခဲ့လေသည်။
"ဥက္ကဋ္ဌလီ... ရှနိုင်ငံဈေးကွက်ကို ပြန်လည်ဝင်ရောက်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ..."
"ဒါကတော့ ငါးရံ့နက်နည်းပညာကုမ္ပဏီကို ကျေးဇူးတင်ရမှာပါ... သူတို့က ကျွန်တော်တို့ကို အလွန်အ ဆင့်မြင့်တဲ့ ချစ်ပ်ပြားတွေ ပေးခဲ့ပါတယ်... အခုဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ အကောင်းဆုံး မိတ်ဖက် တွေ ဖြစ်နေပါပြီ..."
"ကြယ်ကိုးစင်း ရဲ့ ထုတ်ကုန်သစ်မှာ ဘယ်လို ထူးခြားဆန်းသစ်မှုတွေများ ပါဝင်မည်နည်း။
"အခုတော့ အသေးစိတ် မပြောနိုင်သေးပါဘူး... မကြာခင် ကျင်းပမယ့် မိတ်ဆက်ပွဲမှာ အချက်အလက် တွေကို သိရပါလိမ့်မယ်... အဲဒီကျရင် အားလုံး ကြည့်နိုင်ပါတယ်... ကျွန်တော် ပြောနိုင်တာကတော့ ဒါ ဟာ အစွမ်းထက်ဆုံး ဖုန်းတစ်လုံး ဖြစ်လာလိမ့်မယ် ဆိုတာပါပဲ..."
...
တရားဝင် အခမ်းအနား စတင်ရန် ဆယ်မိနစ်မျှသာ အချိန်လိုတော့ပေသည်။
ကောင်းယွမ်သည် စင်နောက်ဘက်တွင် ရှလင်နှင့် ဖုန်းပြောနေခဲ့၏။ ထိုအချိန်တွင် ကောင်းယွမ်၊ ကျန်းပိုင်ရီနှင့် ရှလင်တို့အားလုံးမှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ လက်ပတ်ဖုန်းကို ပြောင်းလဲအသုံးပြု နေကြပြီ ဖြစ်ပေသည်။
ကောင်းယွမ်၏ ရှေ့တွင် သုံးဖက်မြင် ပုံရိပ်ယောင်တစ်ခု ပေါ်နေခဲ့၏။ ရှလင်သည် ရုံးဝတ်စုံနှင့် လိုက်ဖက် သော ဆံပင်တိုလေးဖြင့် စွမ်းရည်ရှိသော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်များကို ပေးစွမ်းနေခဲ့ လေသည်။
"ဥက္ကဋ္ဌရှ... အမေရိကမှာ အခြေအနေ ဘယ်လိုလဲ..."
"အားလုံး အဆင်သင့် ဖြစ်နေပါပြီ... အမေရိကန်ရဲ့ မြို့ကြီး (၂၁) မြို့မှာ ရှိတဲ့ စံပြအရောင်းဆိုင်တွေမှာ ထုတ်ကုန်ကို တစ်ပြိုင်နက် မိတ်ဆက်ခဲ့ပါတယ်... မိတ်ဆက်ပွဲ အခမ်းအနားမှာ ဒေသခံ မော်ဒယ်လ်တွေ က အပူချိန်ထိန်းအဝတ်အစားတွေကို ဝတ်ဆင်ပြီး ကပြဖျော်ဖြေခဲ့ကြပါတယ်... "
"လက်ပတ်ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ချက်ချင်းပဲ သရုပ်ပြခဲ့ပါတယ်... အခုအချိန်က အမေရိက မှာ ဆောင်းရာသီ ဖြစ်တာကြောင့် အပူချိန်ထိန်းအဝတ်အစားရဲ့ အအေးဒဏ် ခံနိုင်ရည်ကို သက်သေပြနိုင်ခဲ့ပါတယ်... ဖျော်ဖြေပွဲအတွင်းမှာ မီးနဲ့ရှို့တာ၊ ဓားနဲ့ခုတ်တာ၊ ရေခဲရေနဲ့ လောင်းတာနဲ့ ဆူနေတဲ့ရေနဲ့ လောင်းတာတွေကိုလည်း သရုပ်ပြခဲ့ပါတယ်..."
"ကောင်းပြီ... ကုန်ကျစရိတ်အတွက် စိတ်မပူနဲ့... ဝယ်ယူသူအားလုံးကို အက်ပ်ကနေပဲ မှာခိုင်းလိုက် နော်... သိတယ်မလား... ဒီနေ့တော့ အများကြီး မရောင်းသေးနဲ့ဦး... ဆိုင်တစ်ဆိုင်ကို အစုံ တစ်ရာပဲ ကန့်သတ်ထားလိုက်... မနက်ဖြန်ကျရင် နှစ်ဆတိုးလိုက်... သဘက်ခါကျရင်လည်း နှစ်ဆပေါ့... အဲဒီလို မျိုး တစ်ပတ်ကြာပြီးရင်တော့ တစ်ရက်ကို အစုံ (၆၄၀၀) နဲ့ ပုံသေထားလိုက်... တစ်လကြာပြီးမှပဲ အကန့်အသတ်မရှိ ရောင်းပေးလိုက်တော့..."
ရှလင်က ခေါင်းညိမ့်ပြလိုက်လေ၏။
"နားလည်ပါပြီ ဥက္ကဋ္ဌကောင်း..."
"ပြီးတော့... ငါတို့ ကြယ်ကိုးစင်းနဲ့ လမ်းခွဲရတော့မယ့် အခြေအနေ ရှိနေတယ်... အဲဒါကြောင့် မင်းဘက် က ကြိုတင်ပြင်ဆင်ထားပါ... မင်းအပေါ် မတရား ဆက်ဆံတာမျိုးတွေ ကြုံရနိုင်တယ်..."
ရှလင်က ပြုံးလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... စိတ်ချပါ... ကျွန်မတို့ရဲ့ အမေရိကန်ရုံးခွဲက လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီပါတယ်... ပြီးတော့... ကျွန်မ အမေရိကန်ရဲ့ အကြီးဆုံး အွန်လိုင်းအရောင်းပလက်ဖောင်းဖြစ်တဲ့ အမေဇုန်နဲ့လည်း ဆက်သွယ်ထားပါတယ်... အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းကို သူတို့ဆီမှာပဲ သီးသန့်ရောင်း ပေးဖို့ ကတိပေးထားပါတယ်... "
"အမေဇုန်က မော်ဂန် မိသားစုထက်တောင် ငွေကြေးအင်အား ပိုမိုတောင့်တင်းတဲ့အပြင် လုပ်ငန်းနယ် ပယ် အသီးသီးကိုလည်း လွှမ်းမိုးထားပါတယ်... သူတို့လည်း အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်း ရဲ့ အလားအလာကို မြင်ထားကြပါတယ်..."
ကောင်းယွမ် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့လေ၏။
ရှလင်သည် ဈေးကွက်သစ်တစ်ခုကို မည်သို့ ဖော်ဆောင်ရမည်နှင့် အသင့်တော်ဆုံး မိတ်ဖက်များကို မည်သို့ ရှာဖွေရမည်ကို သိရှိသော အတွေ့အကြုံရင့် စီမံခန့်ခွဲသူတစ်ဦး ဖြစ်ပေသည်။
အမေရိကန်တွင် ငါးရံ့နက်နည်းပညာကုမ္ပဏီသည် ၎င်း၏ အရောင်းဆိုင်များကို ကိုယ်တိုင် လည်ပတ်နေ သော်လည်း အွန်လိုင်းအရောင်းကိုမူ အမေဇုန်က တာဝန်ယူထားလေသည်။
အမေဇုန်သည် ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များကို တစ်ကမ္ဘာလုံးသို့ ရောင်းချပေးနိုင်ပေ သည်။ ထို့ပြင် ငါးရံ့နက်နည်းပညာကုမ္ပဏီ၏ အမေရိကန်ရုံးခွဲသည် အမေရိကန်သို့ မဝင်ရောက်မီမှာပင် အကာအကွယ် အလွှာများစွာဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်၏။
အမေရိကန်အနေဖြင့် မတရားသော နည်းလမ်းများကို အသုံးမပြုသရွေ့ ငါးရံ့နက်နည်းပညာကုမ္ပဏီကို ပစ်မှတ်ထားရန် အကြောင်းပြချက် မရှိပေ။
ယခုအခါ အမေဇုန်နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်ရာ မော်ဂန် မိသားစုမှာ ခြိမ်းခြောက်မှု မဟုတ်တော့ပေ။ အမေရိကန်ဈေးကွက် အဆင်သင့်ဖြစ်ပြီ ဖြစ်သဖြင့် ကောင်းယွမ် ခန်းမဆောင်အတွင်းသို့ ပြန်ရောက် သည့်အခါ မိတ်ဆက်ပွဲမှာ စတင်ရန် နီးကပ်နေခဲ့ပြီ ဖြစ်ပေ၏။
တင်ဆက်သူများမှာ နိုင်ငံပိုင်မီဒီယာမှ ခန်းကွမ်းနှင့် လဲ့မိန်တို့ပင် ဖြစ်ကြလေသည်။
ခန်းကွမ်းသည် ပြုံးရွှင်သော မျက်နှာဖြင့် စင်ပေါ်သို့ တက်လာခဲ့၏။
"ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို တက်ရောက်လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ငါးရံ့နက်နည်းပညာကုမ္ပဏီက တကယ်ကို လျင်မြန်စွာ တိုးတက်လာ ခဲ့တာပါ... မကြာသေးခင်ကပဲ ရှမီရဲ့ မိတ်ဆက်ပွဲမှာ ဥက္ကဋ္ဌကောင်းနဲ့ ဆုံခဲ့ပါသေးတယ်... အဲဒီအချိန် မှာ ငါးရံ့နက်နည်းပညာကုမ္ပဏီက ကုမ္ပဏီသစ်လေးတစ်ခုပဲ ရှိပါသေးတယ်... "
"ဒါပေမဲ့ အဆင့်မြင့် တည်းဖြတ်စက်တွေကို အနောက်နိုင်ငံတွေက လက်ဝါးကြီးအုပ်ထားမှုကို ဖြိုခွဲနိုင်ခဲ့ သလို ထူးခြားတဲ့ အောင်မြင်မှုတွေကိုလည်း ရရှိခဲ့ပါတယ်..."
"မှန်တာပေါ့... ငါးရံ့နက်နည်းပညာကုမ္ပဏီ ဦးဆောင်တဲ့ 'ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့' ဟာ အခုဆို ရင် ကမ္ဘာ့ချစ်ပ်ပြားဈေးကွက်ရဲ့ (၉၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါပြီ... သူတို့ကတော့ အငြင်းပွားဖွယ် မရှိတဲ့ ချစ်ပ်ပြား ဘုရင်ပါပဲ..."
လဲ့မိန်က ပြုံးလျက် ပြောလိုက်လေသည်။
ပရိသတ်များမှာ ခန်းမအပြည့် ရှိနေခဲ့၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါးရံ့နက်နည်းပညာကုမ္ပဏီဆီကနေ ဖိတ်ကြားလွှာကို လက်ခံရရှိတဲ့အခါ ကျွန်တော် အရမ်းကို အံ့ဩသွားမိပါတယ်... ငါးရံ့နက်နည်းပညာကုမ္ပဏီမှာ ဘယ်လို မှော်အတတ်တွေ ရှိ နေလို့လဲ... ဘာလို့ ဒီနယ်ပယ်မှာ ထုတ်ကုန်သစ်တစ်ခုကို ထပ်ပြီး မိတ်ဆက်ရတာလဲ... အဲဒီနောက်မှာ ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ကျန်းပိုင်ရီနဲ့ တွေ့ခဲ့ပြီး သူက ကျွန်တော့်ကို ထုတ်ကုန်သစ်ကို ပြခဲ့ ပါတယ်... "
"အဲဒီအချိန်မှာ ကျွန်တော်... ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်... တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်..."
ထို့နောက် လဲ့မိန်က ဆက်လက်ပြောသည်မှာ...၊
"ဟုတ်ပါတယ်... ခန်းကွမ်းတင်မကပါဘူး ကျွန်မလည်း အတူတူပါပဲ... တကယ်ကို အံ့ဩဖို့ကောင်းလွန်း လို့ ဘယ်လို ဖော်ပြရမှန်းတောင် မသိပါဘူး... ကဲ... အခုဆိုရင်တော့ ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးဖို့ အတွက် ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ကျန်းပိုင်ရီကို စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်ရှင်..."
ကျန်းပိုင်ရီသည် ယုံကြည်မှုအပြည့်ဖြင့် စင်ပေါ်သို့ တက်လာခဲ့လေ၏။
"အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီနေရာမှာ စကားပြောနေဖို့တောင် မလိုပါဘူး... ဘာလို့လဲဆိုတော့ အားလုံးက ငါးရံ့နက်နည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ အပူချိန်ထိန်းအဝတ်အစားတွေကို ရင်းနှီးနေကြပြီ မလား... အဲဒီအဝတ်အစားတွေက အင်တာနက်ပေါ်မှာ နာမည်ကြီးနေတာ ကြာပြီဖြစ် ပေမဲ့ တရားဝင်တော့ မရောင်းရသေးပါဘူး... "
"ထုတ်လုပ်နိုင်စွမ်း အကန့်အသတ် ရှိနေတာကြောင့် ကျွန်တော်တို့က မီးသတ်တပ်ဖွဲ့ကို ဦးစားပေးပြီး လှူဒါန်းခဲ့ပါတယ်... ပြီးခဲ့တဲ့ အပတ်က ကတိပေးထားတဲ့ လှူဒါန်းမှုတွေအားလုံးကိုလည်း ပို့ဆောင်ပြီးပါ ပြီ... အခုတော့ အပူချိန်ထိန်းအဝတ်အစားတွေကို ဝယ်ယူသူတွေနဲ့ မိတ်ဆက်ပေးနိုင်ပါပြီ..."
"အပူချိန်ထိန်းအဝတ်အစားရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ကျွန်တော် အသေးစိတ် မပြောတော့ပါဘူး... ကျွန်တော်တို့ ငါးရံ့နက်နည်းပညာကုမ္ပဏီ လက်အောက်က ဆယ်လ်မွန် ဖျော်ဖြေရေးက ထုတ်လုပ်ထား တဲ့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်ဟာ အခုဆိုရင် ရုပ်ရှင်ရုံတွေမှာ ပြသနေပြီး အဲဒီထဲမှာလည်း အပူချိန်ထိန်းအဝတ်အစားတွေ ပါဝင်ပါတယ်... "
"လူကြီးမင်းတို့ မြင်တဲ့အတိုင်းပဲ... အဲဒါကို အလွန်အေးတဲ့ နေရာတွေရော အလွန်ပူတဲ့ နေရာတွေမှာပါ အသုံးပြုနိုင်ပါတယ်...ဒါ့ပြင် ကျွန်တော်တို့က လူအမျိုးမျိုးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပုံစံအမျိုးမျိုး ကိုလည်း ဖန်တီးထားပါသေးတယ်... အပူချိန်ကို ဂရုမစိုက်ဘူးဆိုရင်တော့ ဒီအပူချိန်ထိန်းအဝတ်အစား ကို တစ်သက်လုံး ဝတ်ထားလို့တောင် ရပါတယ်..."
"ဒုတိယမြောက် ထုတ်ကုန်ကတော့... အားလုံးနဲ့ ရင်းနှီးပြီးသားပါ... အသေးစိတ် မိတ်ဆက်ပေးခင်မှာ ကျွန်တော် မေးခွန်းလေးတစ်ခု မေးပါရစေခင်ဗျာ... "
"လူကြီးမင်းတို့ထဲက ဘယ်နှစ်ယောက်လောက်က ကျွန်တော်တို့ ရဲ့'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင် ကို ကြည့်ပြီးပါပြီလဲခင်ဗျ... ကြည့်ပြီးတဲ့သူရှိရင် လက်ထောင်ပြပေးပါဦး..."