← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈)

ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ကောင်းမွန်သော ကုမ္ပဏီတစ်ခု ဖြစ်ပေသည်

လီပင်းရှီသည် တစ်ခုခု မှားယွင်းနေပြီဟု ခံစားနေရ၏။ ထိုစဉ် ကောင်းယွမ်သည် စင်မြင့်ထက်သို့ တက်လှမ်းလာခဲ့လေသည်။

သူသည် မိုက်ခရိုဖုန်းကို ကိုင်ကာ ပြောလိုက်လေ၏။

"ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မီဒီယာမှ မိတ်ဆွေများခင်ဗျား... ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲသို့ တက်ရောက်လာပေးကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ... အားလုံးပဲ အပူချိန်ထိန်းအဝတ်အစားနဲ့တော့ ရင်းနှီးပြီးသား ဖြစ်မှာပါ..."

"ဒါပေမဲ့ ကျွန်တော် တစ်ခုလောက် ထပ်ပြောချင်တာကတော့... သည်အပူချိန်ထိန်းအဝတ်အစားဟာ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အဆင့်မြှင့်တင်ထားတဲ့ နည်းပညာများစွာကို စုစည်းထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်... အပူချိန်ထိန်းချုပ်မှု ချစ်ပ်ပြား၊ မျက်နှာပြင် ကာကွယ်မှု ပစ္စည်းတွေကနေ အတွင်းပိုင်း မိုက်ခရို ဘက်ထရီအထိ အားလုံးဟာ ကြီးမားတဲ့ ဆန်းသစ်မှုတွေပဲ ဖြစ်ပါတယ်... နောင်မှာ ကျွန်တော်တို့ အနေနဲ့ ဒီနည်းပညာတွေကို အများပြည်သူအတွက် တဖြည်းဖြည်းချင်း ဖွင့်လှစ်ပေးသွားမှာပါ..."

ပရိသတ်ကြားရှိ ကျိုးလဲ့၊ လဲ့ကျန်းကျွင်းနှင့် အခြားသူများသည်လည်း စတင် တွေးတောနေကြလေပြီ ဖြစ်၏။

*တကယ်လို့ ငါးရံ့နက် နည်းပညာကုမ္ပဏီ ရဲ့ နည်းပညာတွေကို စီးပွားရေးလောကထဲ ယူဆောင်လာ နိုင်ပြီဆိုရင်... ဒါတွေကနေတစ်ဆင့် ငါတို့ ဘယ်လို အောင်မြင်မှုမျိုးတွေအထိ ဆုပ်ကိုင်နိုင်မလဲဆိုတာ စဉ်းစားကြည့်လို့တောင်မရဘူး...*

ထိုအချိန်တွင် ကောင်းယွမ်သည် လက်ပတ်ဖုန်းကို ကိုင်ထားခဲ့လေသည်။

"ဒါပေါ့... လူတိုင်းရဲ့ အာရုံစိုက်မှုက လက်ပတ်ဖုန်းဆီမှာပဲ ရှိနေမယ်လို့ ထင်ပါတယ်... ဒုဥက္ကဋ္ဌကျန်းက အခုနကပဲ လက်ပတ်ဖုန်း အသုံးပြုပုံကို သရုပ်ပြသွားခဲ့ပါတယ်... လက်ပတ်ဖုန်းဟာ လူသားတွေရဲ့ ဆက်သွယ်ရေးဆိုင်ရာ စိတ်ကူးယဉ်မှု အားလုံးကို အကောင်အထည် ဖော်ပေးထားတာလို့ ပြောလို့ရ ပါတယ်... လက်ပတ်ဖုန်းမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ကာဗွန်အခြေခံ ချစ်ပ်ပြားကို ထည့်သွင်းထားပါတယ်... ကာဗွန်အခြေခံ ချစ်ပ်ပြားတွေရဲ့ အားသာချက်ကတော့ ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေထက် စွမ်းဆောင်ရည်နဲ့ ဖွဲ့စည်းပုံပိုင်းမှာ ပိုမို ထူးကဲနေတာပဲ ဖြစ်ပါတယ်..."

"လက်ပတ်ဖုန်းမှာ ကာဗွန်အခြေခံ ချစ်ပ်ပြား တပ်ဆင်ထားတာကြောင့် အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်မှုတွေ ကို ကြီးမားတဲ့ ပမာဏနဲ့ လုပ်ဆောင်နိုင်ပါတယ်... ဒါ့အပြင် ကာဗွန်အခြေခံ ချစ်ပ်ပြားတွေဟာ ဉာဏ်ရည် တု နယ်ပယ်မှာလည်း ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်... လက်ပတ်ဖုန်းမှာ ဦးနှောက်လှိုင်း တွေကို အသိဉာဏ်ရှိရှိ ခွဲခြားနိုင်တဲ့ ဦးနှောက်လှိုင်း လက်ခံကိရိယာလည်း ပါဝင်တာကြောင့် အမိန့်ပေး ချက်တွေ ရှုပ်ထွေးသွားမှာကို ကာကွယ်ပေးနိုင်ပါတယ်... "

"တစ်ချိန်တည်းမှာပဲ လက်ပတ်ဖုန်းရဲ့ သုံးဖက်မြင် ပုံရိပ်ယောင် နည်းပညာဟာ ရိုးရိုး ပုံရိပ်ယောင် နည်းပညာတွေနဲ့ လုံးဝ မတူပါဘူး... လက်ပတ်ဖုန်းဟာ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ သံလိုက်စက် ကွင်းတစ်ခုကို ဖန်တီးနိုင်ပြီး အဲဒီသံလိုက်စက်ကွင်းအတွင်းမှာ ပုံရိပ်တွေကို ပိုမို ပြတ်သားစွာ ဖော်ပြနိုင် ပါတယ်... "

"ဒါ့ပြင် သူ့ရဲ့ အားကောင်းတဲ့ တွက်ချက်မှု စွမ်းရည်အပေါ် အခြေခံပြီး အချိန်နဲ့တစ်ပြေးညီ ပေးပို့မှုတွေ ကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..."

"ကွန်ရက် နည်းပညာပိုင်းမှာလည်း လက်ပတ်ဖုန်းတွေက ပိုမို မြန်ဆန်ပါတယ်... ဒါကြောင့် ဆက်သွယ် ရေး နည်းပညာ၊ ဂိမ်း ဒါမှမဟုတ် ဗီဒီယိုတွေမှာပါ အမြင့်ဆုံးသော ခံစားမှုကို ရရှိစေမှာပါ... အခုလော လောဆယ်မှာတော့ လက်ပတ်ဖုန်းနဲ့ ကိုက်ညီတဲ့ မြင်ကွင်းကျယ် ရုပ်ရှင်တွေ ဒါမှမဟုတ် ဂိမ်းတွေ မရှိသေးပါဘူး... ဒါပေမဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီအနေနဲ့ နောင်မှာ ဆက်စပ် အရင်းအမြစ်တွေကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ..."

"ဒါတွေ အားလုံးကို ပြောပြီးတဲ့နောက်မှာတော့... အခု အရေးကြီးဆုံး အချိန်ကို ရောက်လာခဲ့ပါပြီ... လက်ပတ်ဖုန်းက ဒီလောက်အထိ အစွမ်းထက်ပြီး အပူချိန်ထိန်းအဝတ်အစားကလည်း ဒီလောက်အထိ ပြည့်စုံနေမှတော့ ဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲလို့ လူကြီးမင်းတို့ တွေးနေကြမှာပါ..."

"နည်းပညာဆိုတာ လူသားတွေကို အကျိုးပြုဖို့အတွက်ပဲ ဖြစ်ရပါမယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီ အနေနဲ့ ရင်းနှီးရတဲ့ အရင်းဈေးလောက်ကိုပဲ ကောက်ခံမှာ ဖြစ်ပါတယ်... ဝမ်နန်ပလာဇာက အရောင်း ဆိုင်မှာပဲဖြစ်ဖြစ်၊ ငါးရံ့နက် အက်ပ်ကနေပဲဖြစ်ဖြစ် ဈေးနှုန်းကတော့ အတူတူပါပဲ... "

"အပူချိန်ထိန်းအဝတ်အစားကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဈေးနှုန်း (၂၈၈၈) ယွမ် သတ်မှတ်ထားပြီး လက်ပတ်ဖုန်းကိုတော့ အမျိုးအစား သုံးမျိုး ခွဲခြားထားပါတယ်... သာမန်အမျိုးအစားကို (၅၈၈၈) ယွမ်၊ အဆင့်မြင့်အမျိုးအစားကို (၈၈၈၈) ယွမ်နဲ့ အကောင်းဆုံးအမျိုးအစားကို (၁၂၈၈၈) ယွမ် သတ်မှတ်ထား ပါတယ်..."

ကောင်းယွမ် စကားပြောနေစဉ်မှာပင် အောက်မှ ဧည့်သည်များသည် ဟစ်အော် အားပေးနေခဲ့ကြ လေသည်။ သို့သော် တစ်ဦးတည်းသော သူမှာမူ တစ်ကိုယ်လုံး အေးစက်သွားခဲ့ရလေ၏။

လီပင်းရှီသည် လက်ပတ်ဖုန်း၏ သရုပ်ပြမှုကို မမြင်လိုက်ရသော်လည်း ကောင်းယွမ်၏ စကားများကိုမူ ပြတ်သားစွာ ကြားလိုက်ရသည် မဟုတ်ပါလား။

သုံးဖက်မြင် ပုံရိပ်ယောင်၊ ဆက်သွယ်ရေး၊ အတွေ့အကြုံသစ်ပေးနိုင်သော ဂိမ်းများနှင့် ဦးနှောက်လှိုင်း ထိန်းချုပ်မှု...။

နည်းပညာ တစ်ခုချင်းစီသည် ကြယ်ကိုးစင်းကို လှီးဖြတ်နေသော ဓားတစ်စင်းကဲ့သို့ပင်။

ရှနိုင်ငံဈေးကွက်ကို ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် လီပင်းရှီသည် ထုတ်လုပ်မှုနှုန်းကို အမြင့်ဆုံး အထိ မြှင့်တင်ခဲ့ပြီး ကြော်ငြာများကိုလည်း အကြီးအကျယ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

ကြယ်ကိုးစင်းသည် ရှနိုင်ငံတွင် အခြေချနိုင်ရန်အတွက် များစွာ ကြိုးစားခဲ့ရလေသည်။

စင်ပေါ်တွင် စကားအပြောကောင်းနေသော ကောင်းယွမ်ကို ကြည့်ရင်း လီပင်းရှီသည် မိမိကိုယ်ကိုယ် လူပြက်တစ်ဦးကဲ့သို့ ခံစားလိုက်ရလေတော့သည်။

သူ သည်နေရာတွင် ဆက်မနေနိုင်တော့ပေ။ စီးပွားရေးလောကဆိုသည်မှာ ဤမျှအထိပင် ရက်စက် လွန်းလှပေသည်။

ပါးနပ်သော စီးပွားရေးသမား တစ်ဦးအနေဖြင့် လီပင်းရှီသည် ဤအချိန်တွင် ကောင်းယွမ်ကို သွား ရောက် ရှာဖွေခြင်းမှာ မိမိကိုယ်ကိုယ် အရှက်ခွဲခြင်းသာ ဖြစ်လာလိမ့်မည်ကို သိနေခဲ့ပေသည်။

သူ သည်နေရာမှ ဆက်လက်၍ မနေနိုင်တော့ပေ။ သူ မတ်တပ်ရပ်လိုက်သည်နှင့် ကောင်းယွမ်က သူ့ကို မြင်သွားခဲ့လေသည်။

"ဪ... ပြီးတော့ ကျွန်တော် လူတစ်ယောက်ကို ကျေးဇူးတင်ချင်ပါသေးတယ်... သူကတော့ ကြယ် ကိုးစင်းရဲ့ ဥက္ကဋ္ဌလီပါပဲ... သူ၏ အကူအညီသာ မပါခဲ့ရင် ငါးရံ့နက် နည်းပညာကုမ္ပဏီအနေနဲ့ အမေရိကန်ဈေးကွက်ထဲကို ဒီလောက် အဆင်ပြေပြေ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး... "

"ကြယ်ကိုးစင်းက ကျွန်တော်တို့ရဲ့ လက်ပတ်ဖုန်းကို ကြော်ငြာပေးဖို့လည်း ကူညီပေးခဲ့ပါတယ်... ဥက္ကဋ္ဌ လီဟာ အားလုံးရဲ့ လေးစားမှုကို ခံရတဲ့သူ ဖြစ်သလို ယုံကြည်ရတဲ့ မိတ်ဖက်ကောင်း တစ်ဦးလည်း ဖြစ်ပါတယ်... ကြယ်ကိုးစင်းရဲ့ ဥက္ကဋ္ဌလီကို လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြပါဦးခင်ဗျာ..."

လီပင်းရှီသည် မူလက တိတ်တဆိတ် ထွက်ခွာသွားရန် ကြံရွယ်ထားခြင်း ဖြစ်လေ၏။

အထီးကျန်စွာဖြင့် အိမ်ပြန်ရန်ပင်။

မထင်မှတ်ဘဲ ကောင်းယွမ်က ထိုအချိန်တွင် သူ့အား ချီးကျူးလိုက်သဖြင့် သူသည် ပရိသတ်အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားပြီး မီးမောင်းများမှာလည်း သူ့ဆီသို့ လှည့်လာခဲ့လေသည်။

လီပင်းရှီ၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသော်လည်း မျက်နှာတွင်မူ အပြုံးတစ်ခုကို ဆင်မြန်း လိုက်ရလေ၏။

"ဥက္ကဋ္ဌကောင်းကလည်း ယုံကြည်ရတဲ့ မိတ်ဖက်တစ်ဦးပါပဲ... ငါးရံ့နက် နည်းပညာကုမ္ပဏီဟာ တကယ် ကို ကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်..."

ဤသည်မှာ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး၏ ဟန်ဆောင်ကောင်းခြင်းပင် ဖြစ်၏။ သူသည် ကောင်းယွမ်ကို သတ်ပစ်ချင်စိတ် ပေါက်နေသော်လည်း လူရှေ့တွင်မူ အေးဆေးနေဟန် ဆောင်နေခဲ့လေသည်။

ထိုစဉ် သတင်းထောက်တစ်ဦးက မမေးသင့်သော မေးခွန်းကို မေးလိုက်လေတော့သည်။

"ဥက္ကဋ္ဌလီ... လက်ပတ်ဖုန်းက ကြယ်ကိုးစင်းရဲ့ ဖုန်းအသစ်တွေအတွက် ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား..."

လီပင်းရှီက ကြိုးစားပြုံးကာ ဖြေလိုက်လေ၏။

"အမှန်တော့ ကျွန်တော်တို့မှာ ပြိုင်ဘက်ဆိုတာ မရှိပါဘူး... ကျွန်တော်တို့က ဝယ်ယူသူတွေအတွက် ထုတ်ကုန်တွေကို ဖန်တီးနေတာပါ..."

"ကြယ်ကိုးစင်း ဖုန်းတွေက လက်ပတ်ဖုန်းကို ယှဉ်နိုင်မယ်လို့ ထင်ပါသလား..."

"ကျွန်တော် ပြောခဲ့သလိုပါပဲ... ပြိုင်ဆိုင်မှုဆိုတာ မရှိပါဘူး... ကျွန်တော်တို့က မတူညီတဲ့ လမ်းကြောင်း တွေဆီကို သွားနေကြတာပါ... လက်ပတ်ဖုန်းဟာ ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... ဒါ့အပြင် ကြယ်ကိုးစင်းရဲ့ ဖုန်းအသစ်တွေကလည်း လူတိုင်းကို စိတ်ပျက် စေမှာ မဟုတ်ပါဘူး... ကဲ... ကျွန်တော့်မှာ လုပ်စရာ ရှိသေးလို့ ခွင့်ပြုပါဦး..."

လီပင်းရှီသည် လာလမ်းအတိုင်း VIP အဝင်ဝမှတစ်ဆင့် ထွက်ခွာသွားခဲ့လေသည်။ ကောင်းယွမ်သည် နောက်မှ လိုက်သွားခဲ့လေ၏။

"ဥက္ကဋ္ဌလီ... ခဏလောက်ပါဦး..."

ကင်မရာများ မရှိတော့ဘဲ မည်သူမျှ ကြည့်မနေသည့် အချိန်တွင် လီပင်းရှီသည် မျက်နှာပျက်ပျက်ဖြင့် လှည့်ကြည့်လိုက်လေသည်။

"ကောင်းယွမ်... မင်း ငါ့ကို လိမ်လိုက်တာလား..."

ကောင်းယွမ်က အံ့ဩဟန်ဖြင့်...၊

"ဥက္ကဋ္ဌလီက ဘာလို့ အဲ့လိုပြောရတာလဲ... ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုက ရင်းနှီးတဲ့ မိတ်ဖက်တွေ မဟုတ် လား... ရှနိုင်ငံက ဖုန်းထုတ်လုပ်သူတွေကို နားချဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့ရသလို လူကြီးမင်း ကလည်း ကျွန်တော် အမေရိကန်ဈေးကွက်ထဲ ဝင်နိုင်ဖို့ အများကြီး ကူညီပေးခဲ့တာပဲလေ... ကျွန်တော် တို့က တစ်ယောက်ကိုတစ်ယောက် ကူညီနေကြတာပါ..."

လီပင်းရှီ ဒေါသများ ငယ်ထိပ်သို့ တက်လာခဲ့ရ၏။

"မင်းရဲ့ လက်ပတ်ဖုန်းတွေက စမတ်ဖုန်းတွေအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်မှု ရှိမယ်ဆိုတာ မင်း သိရဲ့လား..."

"ကျွန်တော် မသိပါဘူး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လက်ပတ်ဖုန်းဆိုတာ လူငယ်တွေအတွက်ပဲလေ... ပြီးတော့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းကလည်း အကန့်အသတ် ရှိနေတာဆိုတော့ စမတ်ဖုန်းတွေကို ဘယ်လိုလုပ် အစားထိုးနိုင်မှာလဲ..."

လီပင်းရှီသည် ကောင်းယွမ်ကို ကြည့်ကာ သူသည် လူအယောင် ဆောင်နေခြင်း ဖြစ်ကြောင်း သေချာ သွားခဲ့လေသည်။

"ကောင်းပြီ... အတော်လေးကို ကောင်းပါတယ်..."

ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားခဲ့လေတော့သည်။ ကောင်းယွမ်က ပြုံးလျက် လှမ်းအော်လိုက် လေ၏။

"ဥက္ကဋ္ဌလီ... လူကြီးမင်းအတွက် အပူချိန်ထိန်းအဝတ်အစား တစ်စုံ ထပ်ပေးလိုက်ပါဦးမယ်... ဘယ် လောက်ပဲ အေးအေး လူကြီးမင်း အအေးမိမှာ မဟုတ်တော့ပါဘူး..."

လီပင်းရှီ ခြေလှမ်းများ ယိုင်သွားခဲ့ရလေ၏။

သူ ဤရန်ငြိုးကို မှတ်ထားလိုက်လေပြီ။

ကြယ်ကိုးစင်းသည် လုပ်ငန်းနယ်ပယ် ကျယ်ပြန့်သော ကုမ္ပဏီကြီးတစ်ခု ဖြစ်သော်လည်း မိုဘိုင်းဖုန်း လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားခြင်းမှာ ကြီးမားသော ထိုးနှက်ချက် ဖြစ်နေဆဲပင်။ လီပင်းရှီအနေဖြင့် ဆုံးရှုံးမှုများကို လျှော့ချရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားရပေလိမ့်မည်။

လက်ပတ်ဖုန်းများ ဈေးကွက်ထဲသို့ အလုံးအရင်းနှင့် မဝင်ရောက်မီ သူသည် အာဆီယံနှင့် တောင်အာရှရှိ သူ၏ စက်ရုံခွဲအားလုံးကို ပိတ်သိမ်းရန် စီစဉ်လိုက်လေသည်။

ထို့အပြင် လက်ကျန် ဖုန်းများကိုလည်း ကုန်အောင် ရောင်းထုတ်ရမည် ဖြစ်သဖြင့် ဈေးနှုန်းများကို လျှော့ချကာ အရှုံးခံ၍ပင် ရောင်းချရန် ဆုံးဖြတ်လိုက်လေတော့သည်။

...

ထိုအချိန်တွင် အမေရိကန်၌ မြို့ကြီး (၂၁) မြို့ရှိ ငါးရံ့နက် အရောင်းဆိုင်များတွင် ဖျော်ဖြေပွဲများ တစ်ပြိုင် နက် စတင်နေခဲ့ပြီ ဖြစ်လေ၏။

ဆံပင်ရွှေရောင်နှင့် အမျိုးသမီးတစ်ဦးသည် အပူချိန်ထိန်းအဝတ်အစားကို အပြည့်အစုံ ဝတ်ဆင်ထားပြီး အောက်မှ မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသော အိုးကြီးတစ်လုံးအတွင်း ထိုင်နေခဲ့လေ သည်။

အခြားတစ်ဖက်ရှိ ကြီးမားသော ရေခဲပုံးကြီးအတွင်း၌မူ အခြားအမျိုးသမီးတစ်ဦးမှာ အေးဆေးစွာပင် ဖုန်းကစားနေခဲ့လေ၏။

လူအုပ်ကြီးမှာ ဝိုင်းအုံ ကြည့်ရှုနေကြလေသည်။ ဆိုင်ဝန်ထမ်းတစ်ဦးက လက်ပတ်ဖုန်း အသုံးပြုပုံကို သရုပ်ပြနေခဲ့လေ၏။

ဘေးတွင်လည်း တက်ကြွသော သီချင်းများဖြင့် ကပြဖျော်ဖြေနေကြလေသည်။ အမေရိကန် ပြည်သူ များသည် သည်ကဲ့သို့သော ဖွင့်လှစ်ပွဲ အခမ်းအနားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ရှလင်သည် အမေရိကန်ရုံးခွဲ၌ အန်းရီ၊ အန်းအာ့တို့နှင့်အတူ ထိုင်နေခဲ့လေသည်။ သူတို့နှစ်ဦးမှာ တောင် ပိုင်းမင်းဆက်မှ အမေရိကန်သို့ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် လီပင်းရှီအတွက် အလုပ်လုပ်ပေးရန် မလိုတော့ပေ။

အန်းရီအနေဖြင့်လည်း လီကျန်းကျီအဖြစ် ဟန်ဆောင်နေရန် မလိုတော့ပေ။

အမေရိကန်သည် တည်ငြိမ်မှု မရှိသောကြောင့် သူတို့သည် ရှလင်ကို ကာကွယ်ရန်အတွက် အမေရိကန် သို့ တိုက်ရိုက် လာခဲ့ကြခြင်း ဖြစ်ပေတော့သည်။

All Chapters