အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀)
ကျော်ဖြတ်နိုင်ခဲ့ပြီ
ဆူးတိုက်သည် တောအုပ်အတွင်းရှိ အင်းဆက်ပိုးမွှားများကို ရှောင်ကွင်းရန် လုံးဝ မဖြစ်နိုင်ကြောင်း ဝန်ခံ လိုက်ရလေသည်။ သို့သော် သူသည် အဘယ်ကြောင့် ထိုပိုးမွှားအခင်းအကျင်းကို ဖြတ်သန်းရမည်နည်း။
သူသည် မီတာအနည်းငယ်မျှပင် မလျှောက်ရသေးမီမှာပင် ပုရွက်ဆိတ်နီများ၊ လူသတ်ပျားများနှင့် သစ်ပင်များပေါ်တွင် တွဲလောင်းကျနေသော ပင့်ကူများကို ရင်ဆိုင်ခဲ့ရလေသည်။ ထိုအကောင်များ၏ အရောင်အသွေးကို ကြည့်ရုံမျှဖြင့် အလွန်အဆိပ်ပြင်းကြောင်း သိနိုင်ပေသည်။
သူ၏ မျက်နှာဖုံးတွင် အပေါက်များ ရှိနေသဖြင့် အကယ်၍ ထိုအကောင်များက အဆိပ်ဖြင့် ပက်လိုက် ပါက သူသည် ဆေးပြန်သောက်ရပေလိမ့်မည်။
ထို့ကြောင့်... ဆူးတိုက်သည် နွံအိုင်ကို ဖြတ်ကျော်ရန် ပြင်ဆင်လိုက်တော့သည်။
သူသည် တစ်ဆက်တည်းဖြစ်သော ရေငုပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ရာ နွံအိုင်ထဲတွင် ပိုးမွှားများ ရှိနေစေကာမူ ပြဿနာ မရှိတော့ပေ။
သူသည် လျင်မြန်စွာပင် တိုးထွက်သွားနိုင်ပေလိမ့်မည်။
သူသည် ကောင်းယွမ်ကို အောင်နိုင်သူသင်္ကေတ ပြုလုပ်ပြပြီးနောက် နွံအိုင်ထဲသို့ လျှောက်လှမ်းဝင် ရောက်သွားခဲ့လေသည်။
ကောင်းယွမ်ကမူ သူ့ကို သနားစရာ ကောင်းသော အကြည့်ဖြင့် ကြည့်နေခဲ့၏။
*သနားစရာ ကလေးငယ်လေးပါပဲ... *
အမှန်တကယ်တော့ သူ၏ ခေါင်းဆောင်းကိုသာ ပြောင်းလဲလိုက်ပါက အနည်းဆုံးတော့ တောအုပ်ထဲမှ ထွက်ခွာနိုင်ပြီး ကျားရှိရာသို့ ရောက်ရှိနိုင်မည် ဖြစ်ပေသည်။
သို့သော် နွံအိုင်ဆိုသည်မှာ...။
*မိကျောင်းတွေကို သက်သတ်လွတ်စားတဲ့ အကောင်တွေလို့များ ထင်နေတာလား…*
ကောင်းယွမ်သည် ခေါင်းကိုသာ ခါယမ်းလိုက်လေတော့သည်။
ဆူးတိုက်သည် နွံအိုင်ထဲတွင် ခက်ခဲစွာ ရှေ့သို့ တိုးသွားနေခဲ့၏။ နွံအိုင်ထဲတွင် လမ်းလျှောက်ရသည်မှာ ခက်ခဲသော်လည်း ထူးဆန်းသည်မှာ မျှော့များ သို့မဟုတ် အခြားသော ပိုးမွှားများကို မတွေ့ရခြင်းပင် ဖြစ်ပေသည်။
ဤအချက်က သူ့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့လေ၏။ ရေတိမ်ပိုင်းတွင် သစ်ဆွေးတုံး အနည်း ငယ်မျှသာ လွင့်မျောနေခဲ့ပေသည်။
သူသည် သစ်ဆွေးတုံး တစ်တုံးကို ဖြတ်ကျော်သွားစဉ် ကောင်းယွမ်ကို အောင်နိုင်သူသင်္ကေတ ထပ်မံ ပြသလိုက်လေ၏။
သို့သော် နောက်တစ်ခဏမှာပင် သစ်ဆွေးတုံးမှာ ရုတ်တရက် လှုပ်ရှားလာပြီး ကြီးမားသော ပါးစပ်ကြီး တစ်ခုသည် ရေပေါ်သို့ ဝုန်းကနဲ ပေါ်ထွက်လာကာ ဆူးတိုက်၏ ခြေထောက်ကို ကိုက်ချလိုက်လေတော့ သည်။
ကောင်းယွမ် ခေါင်းခါလိုက်၏။ တကယ်ကို ရင်နာစရာ ကောင်းလှပေသည်။ ဆူးတိုက်သည် မိကျောင်း ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး သူ၏ ခြေထောက်အရိုး ကျိုးသွားပြီဟုပင် ထင်မှတ်လိုက်မိလေ၏။
"ကောင်းယွမ်... ကျွန်တော် အရှုံးပေးပါတယ်..."
ဆူးတိုက် အော်ဟစ်လိုက်လေတော့သည်။
ထိုစဉ် စက်ရုပ်နှစ်ရုပ် ပေါ်လာပြီး မိကျောင်းကို မေ့ဆေးအပ်များဖြင့် ပစ်ခတ်လိုက်ကြလေတော့သည်။ မိကျောင်း၏ ပါးစပ်ကို ဖွင့်ပေးလိုက်သည့်အခါ ဆူးတိုက်သည် နောက်သို့ ပြန်၍ တွားသွားခဲ့လေတော့ သည်။
သူသည် ခြေတစ်ဖက်ကို တရွတ်ဆွဲကာ ပြန်လာခဲ့ရပြီး ဆေးဘက်ဆိုင်ရာ စက်ရုပ်က သူ့ကို လာရောက် ကုသပေးခဲ့လေသည်။
ကံကောင်းသည်မှာ သူသည် အရှုံးကို လျင်မြန်စွာ ဝန်ခံခဲ့ခြင်းပင်။
ဆူးတိုက်၏ ခြေထောက်မှာ အရိုးအနည်းငယ်မျှသာ အက်သွားခဲ့ပြီး အနာဂတ်ကမ္ဘာ၏ ဆေးဘက်ဆိုင် ရာ အဆင့်အတန်းအရ ကုသပြီးနောက်တွင် အဆင်ပြေသွားခဲ့လေပြီဖြစ်၏။
"သခင်လေးဆူး... နောက်တစ်ခေါက် ထပ်စမ်းကြည့်ချင်သေးလား..."
ဆူးတိုက်သည် မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့်...၊
"ဒါပေါ့... ငါ ထပ်စမ်းဦးမှာပေါ့... မင်းကတော့ တကယ်ကို အစွမ်းကုန် လုပ်ထားတာပဲ... မိကျောင်းကို တောင် ရှာတွေ့အောင် လုပ်နိုင်တယ်ပေါ့... တောရိုင်းမိကျောင်းတွေ မျိုးသုဉ်းသွားတာ နှစ်ပေါင်း ရာနဲ့ချီ နေပြီ... ဗီဇပြောင်း မိကျောင်းတွေပဲ ရှိတော့တာလေ... မင်း ဒါကို ဘယ်က ရလာလဲတော့ မသိဘူး... ဒါ ပေမဲ့ ငါ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်တယ်..."
"နွံအိုင်ဘက်ကပဲ ထပ်သွားမလို့လား..."
"မဟုတ်ဘူး... မင်း ငါ့ကို လမ်းမှားအောင် လုပ်ထားမှန်း ငါ သိလိုက်ပြီ... အမှန်တော့ ပိုးမွှားတွေကို ကိုင်တွယ်ရတာက ပိုလွယ်ပါတယ်..."
ဆူးတိုက်သည် သူ၏ ဗျူဟာကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ခေါင်းဆောင်းတစ်ခုကို စွပ်ကာ သူ၏ လည်ပင်းကို နွားသားရေဖြင့် ကာကွယ်လိုက်လေသည်။
"ကောင်းယွမ်... ဒီတစ်ခါတော့ ငါ သေချာပေါက် ဖြတ်ကျော်နိုင်မှာပါ..."
ကောင်းယွမ်က စတင်ရန် အချက်ပြလိုက်လေ၏။
"မင်းရဲ့ စွမ်းဆောင်ရည်ကို စတင်နိုင်ပါပြီ..."
ဆူးတိုက်သည် မီးတောက်မှုတ်စက်ကို ကိုင်ကာ ရှေ့သို့ လျှောက်လှမ်းသွားခဲ့လေသည်။ ဤတစ်ကြိမ် တွင်မူ သူသည် လူသတ်ပျားများကို မြင်သည်နှင့် မီးဖြင့် မှုတ်ထုတ်လိုက်ရာ အလွန်ပင် ထိရောက်လှ ပေသည်။
ထို့အပြင် သူ၏ တစ်ကိုယ်လုံးကို လုံခြုံအောင် ဖုံးအုပ်ထားသဖြင့် ပုရွက်ဆိတ်နီများ ဝင်ရောက်ရန် အခွင့်အရေး မရှိတော့ပေ။
ပင့်ကူနက်များနှင့် ကင်းခြေများကြီးများသည် ဆူးတိုက်၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သော်လည်း... သူ၏ မိန်ကျန့် ချပ်ဝတ်ကိုမူ မထိုးဖောက်နိုင်ခဲ့ကြပေ။
ဆူးတိုက်သည် ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်လေ၏။
"ကောင်းယွမ်... ငါ ရောက်လာပြီ... မင်းမှာ တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲ..."
သူသည် မီတာငါးဆယ်ခန့် လျင်မြန်စွာ တိုးသွားခဲ့ရာ ဘေးတစ်ဖက်တစ်ချက်ရှိ နွံအိုင်များ ပျောက်ကွယ် သွားပြီး တောအုပ်အဖြစ် ပြောင်းလဲသွားကာ အလယ်တွင် ရေကန်တစ်ခု ပေါ်လာခဲ့လေသည်။
ဆူးတိုက် အနည်းငယ် တွေဝေသွားခဲ့လေ၏။
သူ၏ မိန်ကျန့် ချပ်ဝတ်မှာ လေးလံလွန်းသဖြင့် ရေထဲတွင် သွားလာရန် မသင့်တော်သည့်အပြင် တစ်ကိုယ်လုံးကိုလည်း ဖုံးအုပ်ထားကာ မီးတောက်မှုတ်စက်ကိုလည်း ကိုင်ဆောင်ထားရသည် မဟုတ်ပါလား။
ထို့ကြောင့် သူသည် တောအုပ်ထဲမှ ဖြတ်သွားရန် ရွေးချယ်လိုက်လေသည်။
သူ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရလေသည်။ ထိုအသံကြောင့် သူ၏ နားစည်များပင် ထုံကျဉ်သွားခဲ့ရသည်။ တောအုပ်အတွင်းမှ ကျားတစ်ကောင် ပေါ်ထွက်လာပြီး ဆူးတိုက်ထံသို့ ခုန်အုပ်လိုက်လေတော့သည်။
တောဘုရင်၏ အငွေ့အသက်များက ဆူးတိုက်၏ ယုံကြည်မှုကို လုံးဝ ချေဖျက်လိုက်သကဲ့သို့ ရှိပေ၏။ သူသည် အလိုအလျောက်ပင် မီးတောက်မှုတ်စက်ကို အသုံးပြုလိုက်လေသည်။ ကျားသည် မီးတောက် များကို မြင်သည့်အခါ လန့်ဖျန့်သွားပြီး မီးနှင့် လွတ်အောင် ရှောင်တိမ်းသွားခဲ့လေ၏။
ဆူးတိုက်သည် ကျားကို စိုက်ကြည့်ကာ မီးမှုတ်ရင်း ရှေ့သို့ လျှောက်လှမ်းနေခဲ့လေသည်။ သို့သော် ကျားသည် တောအုပ်ထဲတွင် အလွန်ပင် ဖျတ်လတ်လှပေ၏။
သူသည် သစ်ပင်တစ်ပင်ကို မှီကာ ကျားကို မောင်းထုတ်နိုင်ရန်အတွက် ခဏမျှ အနားယူရန် ကြံရွယ် လိုက်လေသည်။
ထိုစဉ်မှာပင် သစ်ပင်ပေါ်မှ ကြီးမားသော မြွေဟောက်ကြီး၏ ဦးခေါင်း ကျဆင်းလာပြီး ၎င်း၏ လျှာနီကြီး မှာ ဆူးတိုက်၏ ရှေ့တွင် တရမ်းရမ်း ဖြစ်နေခဲ့လေသည်။
ဆူးတိုက်သည် ထူးဆန်းသော အသံဖြင့် အော်ဟစ်ကာ သစ်ပင်နှင့် ဝေးရာသို့ ပြေးထွက်ရန် ကြိုးစား သော်လည်း မပြေးနိုင်မီမှာပင် သူ၏ ခြေထောက်များ တင်းကျပ်သွားပြီး မြွေဟောက်ကြီးက သူ့ကို ရစ်ပတ်လိုက်လေတော့သည်။
သူ၏ ခါးတွင် ချိတ်ထားသော ဒူးလေးမှာ မြွေဟောက်ကြီး၏ ကြီးမားသော အင်အားကြောင့် မထုတ်ရ သေးမီမှာပင် ကြေမွသွားခဲ့ရလေ၏။ သူသည် မိမိ၏ ခါးအရိုး ကျိုးတော့မည်ဟု ခံစားလိုက်ရပြီး လက် ထဲရှိ မီးတောက်မှုတ်စက်ကို မြွေဟောက်ကြီးထံ လှည့်၍ မှုတ်ထုတ်လိုက်လေတော့သည်။ သို့သော် နောက်တစ်ခဏမှာပင် သူ၏ လက်များပါ ရစ်ပတ်ခြင်း ခံလိုက်ရသဖြင့် မီးမှုတ်နိုင်သော လမ်းကြောင်း မှာ ကန့်သတ်ခံလိုက်ရတော့၏။
ကံကောင်းသည်မှာ မိန်ကျန့် ချပ်ဝတ်က အကာအကွယ် ကောင်းကောင်း ပေးထားနိုင်သဖြင့် ဆူးတိုက် အနေဖြင့် တောင့်ခံထားနိုင်ခြင်းပင်။ သူသည် မီးမှုတ်စက်၏ ခလုတ်ကို အတင်း နှိပ်ထားရာ မြွေဟောက် ကြီးသည် နောက်ဆုံးတွင် ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။
၎င်းသည် သူ၏ အမြီးဖြင့် ဆူးတိုက်၏ ခြေထောက်ကို ရိုက်ထုတ်လိုက်ရာ ဆူးတိုက် လွင့်ထွက်သွား ခဲ့လေတော့သည်။
သူသည် ကျားနှင့် သုံးမီတာခန့် အကွာအဝေးသို့ ကျရောက်သွားခဲ့ပြီး ကျားကလည်း ချက်ချင်းပင် ခုန်အုပ်လိုက်လေ၏။
နှစ်ပေါင်းများစွာ စွန့်စားခန်းများ ပြုလုပ်ခဲ့သော အတွေ့အကြုံကြောင့် ဆူးတိုက်၏ ခန္ဓာကိုယ် တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှပေသည်။ သူသည် ခလုတ်ကို အလိုအလျောက် ဆွဲလိုက်သည့်အခါ မီးတောက် များ ထွက်ပေါ်လာပြီး ကျားမှာ လေထဲတွင်ပင် လိမ်ဖည်ကာ ရှောင်ထွက်သွားခဲ့ရပြန်လေ၏။
လေထုထဲတွင်မူ အမွေးအမျှင်များ လောင်ကျွမ်းသည့် အနံ့များဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ဆူးတိုက် အသက်ကို ပြင်းပြင်းရှူလိုက်လေ၏။
*ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ…*
*ကျားကြီး၊ မြွေဟောက်ကြီး... ပြီးတော့ နောက်ထပ် ဘာတွေ ရှိသေးသလဲ…*
ဆူးတိုက်သည် မြွေဟောက်ကြီးနှင့် ကျားကို သတိထားကြည့်ကာ ဂရုတစိုက် နောက်ဆုတ်သွားခဲ့လေ သည်။
ရုတ်တရက် နောက်ဘက်မှ ကြီးမားသော လက်မည်းကြီးတစ်ခုက ရိုက်ချလိုက်သဖြင့် ဆူးတိုက် မှင် သက်သွားပြီး သူ၏ မီးတောက်မှုတ်စက်လည်း လွင့်ထွက်သွားခဲ့ရလေတော့သည်။
ထိုအခါမှသာ သူ၏ နောက်ကွယ်တွင် ကြီးမားသော ဝက်ဝံနက်ကြီး တစ်ကောင် ရှိနေသည်ကို သတိပြု မိလိုက်လေတော့သည်။
ဆူးတိုက် ဆွံ့အသွားခဲ့ရလေ၏။ မီးတောက်မှုတ်စက် မရှိဘဲ သူ ဘာလုပ်နိုင်ပါဦးမည်နည်း။ သူ သတိမဝင် နိုင်သေးမီမှာပင် ဝက်ဝံနက်ကြီးက ထပ်မံ ရိုက်နှက်လိုက်ပြန်လေသည်။
ဆူးတိုက်သည် လေထဲသို့ ထပ်မံ လွင့်စင်သွားပြီး ကြီးမားသော သစ်ပင်တစ်ပင်နှင့် သွားရောက် ရိုက်မိ လေတော့သည်။ ထိုအရှိန်ကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများပင် နေရာလွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေတော့၏။
ထို့နောက် ဝက်ဝံနက်ကြီးက သူ့ဆီသို့ လျှောက်လာပြီး သူ၏ ရင်ဘတ်ကို တက်နင်းရန် ကြိုးစားနေသည် ကို မြင်လိုက်ရလေသည်။
ထိုအခါမှ သူ ထိတ်လန့်သွားခဲ့ရ၏။
ထိုအချိန်တွင် သူသည် ချပ်ဝတ်၏ အလေးချိန်ကို ဂရုမစိုက်နိုင်တော့ဘဲ ရေကန်ထဲသို့ အတင်း လူးလှိမ့် ဝင်ရောက်သွားခဲ့လေတော့သည်။
ရေကန်မှာ မနက်လှဘဲ သူ၏ ရင်ဘတ်အထိသာ ရှိပေသည်။ ရေထဲသို့ ရောက်သည့်အခါမှ ဆူးတိုက် အသက်ကို ခက်ခဲစွာ ရှူလိုက်ရလေ၏။
"တောက်... ကောင်းယွမ်... မင်း တကယ်ပဲ ငါ့ကို သတ်ချင်နေတာလား..."
တကယ်ကို ရက်စက်လွန်းလှပေသည်။
*ဒီရေထဲမှာလည်း မိကျောင်းတွေ ရှိနေနိုင်တာပဲ မဟုတ်လား…*
ဆူးတိုက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သစ်ဆွေးတုံးများကို မတွေ့ရသဖြင့် သက်ပြင်းချလိုက်မိလေ ၏။
"ကောင်းယွမ်... မင်းကတော့ အခုထိ သတိမရှိသေးဘူးပဲ... ဒီရေကန်ထဲမှာတော့ ဘာမှ မရှိပါဘူး..."
ထိုစဉ်မှာပင် ရေအောက်မှ အသံတစ်ခုကို ကြားလိုက်ရပြီး သူ၏ မိန်ကျန့် ချပ်ဝတ်ပြားများ တကျွီကျွီ မြည်သံ ထွက်ပေါ်လာခဲ့လေသည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ သွားအမြောက်အမြားရှိသော ငါးအသေးလေး တစ်ကောင်က သူ၏ ချပ်ဝတ်ကို ကိုက်နေသည်ကို တွေ့လိုက်ရလေ၏။ ဤငါးက ကိုက်လိုက်သည့်အခါ ချပ်ဝတ်ပေါ်တွင် သွားရာပင် ထင်ကျန်ရစ်ခဲ့လေသည်။
ဆူးတိုက်ကို ပို၍ စိတ်ပျက်သွားစေသည့် အချက်မှာ မိန်ကျန့် ချပ်ဝတ်ပြားများကို နွားသားရေဖြင့် ချိတ် ဆက်ထားခြင်းပင် ဖြစ်၏။ ယခုအချိန်တွင် ငါးတစ်ကောင်က နွားသားရေ တစ်စကို ကိုက်ဖြတ်လိုက် လေ၏။
*တောက်... တကယ်ပဲ... *
အကယ်၍ သူ ရေထဲတွင် မိနစ်အနည်းငယ်မျှ ထပ်နေမည်ဆိုပါက မိန်ကျန့် ချပ်ဝတ်မှာ အစိတ်စိတ် အမွှာမွှာ ပြုတ်ထွက်သွားပေလိမ့်မည်။ သူသည်လည်း ငါးစာ ဖြစ်သွားပေတော့မည်။
ဆူးတိုက်သည် အသက်လုကာ ရှေ့သို့ ပြေးတော့သည်။ ဘေးတစ်ဖက်တစ်ချက်ရှိ တောအုပ်ထဲတွင် ကျားများ၊ မြွေဟောက်ကြီးများနှင့် ဝက်ဝံနက်များ ရှိနေခဲ့ပေသည်။ သူ ကုန်းပေါ်သို့ မတက်ရဲသဖြင့် ရေထဲတွင်သာ ဆက်နေခဲ့ရလေ၏။ ဆူးတိုက်သည် သူ၏ အဆုတ်များ ပေါက်ထွက်တော့မည်ဟု ခံစားနေရသော်လည်း မရပ်ရဲခဲ့ပေ။
မီတာ (၁၀၀) ရှိသော အကွာအဝေးကို ငါးမိနစ်အတွင်း သူ အပြေးနှင်ခဲ့လေသည်။ သူ ကုန်းပေါ်သို့ ရောက်သည့်အခါ သူ၏ ချပ်ဝတ်ပြားများပေါ်တွင် များပြားလှသော သွားရာများကို တွေ့လိုက်ရပြီး အောက်ခြေရှိ ချပ်ဝတ်ပြား အများအပြားမှာလည်း ပြုတ်ထွက်နေခဲ့ပြီ ဖြစ်လေ၏။
သူ၏ ဖိနပ်များမှာလည်း အပေါက်များစွာ ဖြစ်နေခဲ့လေသည်။ အကယ်၍ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာ မကောင်းခဲ့ပါက သူသည် ရေထဲတွင်ပင် ကျန်ရစ်ခဲ့ပေလိမ့်မည်။
သူသည် ကုန်းပေါင်ပေါ်တွင် ထိုင်ကာ ရေထဲက ငါးများကို ကြည့်ရင်း ထိတ်လန့်နေဆဲ ဖြစ်ချေ၏။
ကံကောင်းစွာဖြင့် သူ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပေသည်။