အခန်း (၂၃၇၉-၂၃၈၀)
Vol. 238 Ch. 2379-2380
အခန်း (၂၃၇၉) - သိုင်းသူတော်စင်၏ လက်ပြတ်
ဖန့်ချန် စိတ်တိုနေစဉ်မှာပင် ထိုလက်တစ်ဖက်က သူ၏ အတွင်းကမ္ဘာ တံခါးပေါက်ကို ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ လည်ပင်းကို အားပါးတရ ဆုပ်ကိုင်လိုက်သည်။
ထို ဆုပ်ကိုင်မှု၏ အားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
သာမန် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင် တစ်ဦး ဖြစ်လျှင်ပင် ချက်ချင်း အသက်ပျောက်သွားနိုင်လောက်သည်။
သို့သော် ထိုလက်မှာ ဖန့်ချန် ၏ ကိုယ်ခန္ဓာကို ထိမိသည်နှင့် တစ်ပြိုင်နက် လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ ချက်ချင်း ပြန်လည် ကျုံ့ဝင်သွားတော့သည်။
ဖန့်ချန် သည် သူ၏ သိုင်းသူတော်စင်၏ အသွင်ကိုယ်ထည်မှာ တစ်ခဏမျှ လှုပ်ရှား သွားသည်ကိုခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင်။
“ဘာဖြစ်တာလဲ ”
နဂါးဖရုံသီး တစ်လုံး သည် သူ၏ နတ်ဘုရားစွမ်းရည် အမှတ်အသားများ မှိန်ဖျော့သွားကာ အိပ်ပျော်သွားသကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရပြီး သူ၏ မျက်လုံးထဲတွင် နောက်ဆုံး၌ ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သူ အမြဲတမ်း အောင်မြင်နေကျ နတ်ဘုရားစွမ်းရည် က မည်သို့ကြောင့် အာနိသင် ပျက်ပြားသွားရသနည်း။
“ဟေ့၊ မင်း ဟန် မဆောင်နဲ့ ”
နဂါးဖရုံသီး တစ်လုံး က အော်ဟစ်လိုက်ပြီး ထိုလျှပ်စီး ကြိမ်လုံး တစ်ဖန် ရိုက်ခတ်လာသည်ကို မြင်သောအခါ သူ၏ အတွင်းကမ္ဘာ စွမ်းအားကို ရူးသွပ်စွာ တွန်းအားပေး၍ သူ မတော်တဆ ရရှိထားသည့် ထို နတ်ဘုရားစွမ်းရည် ကို အသုံးပြုရန် ကြိုးစားလိုက်သည်။
သို့သော် ဤ နတ်ဘုရားစွမ်းရည် က မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။
ဖြန်း
အတွင်းကမ္ဘာ တံခါးပေါက်တွင် အက်ကြောင်းများ ပေါ်လာသည်။
ဖြန်း
အတွင်းကမ္ဘာ တံခါးပေါက်မှာ စတင် ပြိုကွဲနေပြီ ဖြစ်သည်။
“ငါ ရှုံးတယ်”
နဂါးဖရုံသီး တစ်လုံး က ချက်ချင်း လက်မြှောက်လိုက်သည်။
“မင်း တကယ်ကို သန်မာလွန်းတယ်၊ ငါ မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ရှုံးတယ်၊ ငါ ဝန်ခံတယ်”
ကျရောက်လာတော့မည့် နတ်ဘုရား ရိုက်နှက်သည့် ကြိမ်လုံး မှာ ထိုစကားကို ကြားသောအခါ ဟင်းလင်းပြင် ထဲတွင် ခဏမျှ ရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
တိုက်ပွဲကို ကြည့်ရှုနေကြသည့် သူတော်စင် များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
ထိုနေရာတွင် အဆင့် (၁၀၀) အတွင်း ရှိသည့် သွေးရွာခန်းမ သူတော်စင် များ ရှိသည်။
အဆင့် (၁၀၀) အတွင်း ရှိသည့် နေမင်းခုနစ်ပါး ကျောင်းတော် သူတော်စင် များလည်း ရှိသည်။
သွေးရွာခန်းမ ထဲတွင် နှစ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း ကျင့်ကြံနေကြသော ဂွေ့မြန်၊ ရှဲ့ထူ ကဲ့သို့သော ပုဂ္ဂိုလ်များလည်း ရှိသည်။
သူတို့ အားလုံးမှာ တုန်လှုပ်သွားကြသည်။
နှစ်ပေါင်းများစွာ စာရင်းဇယားကို ချုပ်ကိုင်ထားခဲ့သည့် နဂါးဖရုံသီး တစ်လုံး မှာ ဤမျှလောက် အားနည်းသွားလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
ဒါနဲ့တင် ရှုံးသွားပြီလား။
ဂွေ့မြန် သည် အံ့အားသင့်ပြီးနောက် ရုတ်တရက် ဝမ်းမြောက်သည့် အရိပ်အယောင်များ ပေါ်လာသည်။
အလားတူ ဝမ်းမြောက်နေသည့် ရှဲ့ထူ နှင့် အကြည့်ချင်း ဆုံမိသွားရာ နှစ်ဦးစလုံး၏ မျက်နှာပေါ်မှ အမူအရာများ ခပ်တင်းတင်း ဖြစ်သွားပြီး တစ်ဦးကို တစ်ဦး စိတ်ပျက်စွာဖြင့် အကြည့်လွှဲလိုက်ကြသည်။
“ဘာလို့ ဒီလို သူတော်စင် မျိုးက ချီဖုန်း နယ်မြေ ထဲ ရောက်လာရတာလဲ”
ကူဖူ သည် လူအုပ်ကြားထဲတွင် သွေးမြူများ ဆွဲခေါ်သွားသည့် ‘နဂါးဖရုံသီး တစ်လုံး’ ကို ကြောင်ကြည့်နေသည်။
သူ၏ စိတ်ထဲတွင် အလွန်တရာ မတည်မငြိမ် ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရှဲ့ထူ သည် ဤ ‘ဝူရှီ’ နှင့် ထိတွေ့ဆက်ဆံထားသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
“မင်းတို့ ခုနက…… နဂါးဖရုံသီး တစ်လုံး ဘာ နတ်ဘုရားစွမ်းရည် သုံးသွားလဲ ဆိုတာ မြင်လိုက်ကြလား”
တျန်ယိကျန့် က ဖြည်းဖြည်းချင်း မေးလိုက်သည်။
လူအချို့က ခေါင်းခါလိုက်ကြသည်။
သူတို့ ဘာမှ မမြင်လိုက်ရပေ။
ဒါဟာ အဆင့်သတ်မှတ်ချက် ကို ထိန်းချုပ်နေတာလား။
တျန်ယိကျန့် လည်း ထိုအချက်ကို တွေးမိပုံရပြီး သူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
နဂါးဖရုံသီး တစ်လုံး မှာ တစ်ဖက်လူကို တမင် ရှုံးပေးလိုက်သည့်ပုံ ပေါ်သည်။
ခုနက ဤလူတွင် တပ်ကို ချေမှုန်းနိုင်သည့် လျှို့ဝှက်လက်နက် တစ်ခု ရှိသည်မှာ သိသာထင်ရှားသည်။
ဒါပေမဲ့ ခုနက ဘာလို့ မသုံးခဲ့တာလဲ။
……
“ဒီကောင်ရဲ့ နတ်ဘုရားစွမ်းရည် က မပြည့်စုံတဲ့ သိုင်းသူတော်စင် အသွင်ကိုယ်ထည်ပဲ……
ဒါပေမဲ့ ဒီ အသွင်ကိုယ်ထည် က သူ့ဟာတော့ မဟုတ်လောက်ဘူး။”
ဖန့်ချန် ၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေပြီး မကြာမီပင် ရှင်းလင်းသည့် လမ်းကြောင်းနှင့် ခန့်မှန်းချက်ကို ရရှိလိုက်သည်။
မမှန်ကန်နိုင်သော်လည်း (၈၀) ရာခိုင်နှုန်း ခန့် မှန်ပေလိမ့်မည်။
ဖြစ်နိုင်ချေ အများဆုံးမှာ ဤ ‘နဂါးဖရုံသီး တစ်လုံး’ သည် ရှေးခေတ် သိုင်းသူတော်စင် တစ်ဦး၏ ကျန်ရစ်ခဲ့သည့် လက်တစ်ဖက်ကို မည်သည့်နေရာမှ ရရှိခဲ့ခြင်း ဖြစ်ပေမည်။
သိုင်းသူတော်စင် အသွင်ကိုယ်ထည် ဆိုသည်မှာ မည်သို့သော အရာဖြစ်သည်ကို ဖန့်ချန် ကောင်းကောင်း သိသည်။
၎င်းမှာ အတွင်းကမ္ဘာ နှင့် ရုပ်ခန္ဓာ ပေါင်းစပ်ထားသော ပူးတွဲတည်ရှိမှု ဖြစ်သည်။
အကယ်၍ ၎င်းမှာ ကျန်ရစ်ခဲ့သည့် သိုင်းသူတော်စင် အသွင်ကိုယ်ထည်၏ လက်တစ်ဖက် ဖြစ်ပါက၊
တစ်ဖက်လူသည် ထို သိုင်းသူတော်စင် ၏ အတွင်းကမ္ဘာ တစ်စိတ်တစ်ပိုင်းကို ရရှိသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထို သိုင်းသူတော်စင် ၏ တန်ခိုးအဆင့်မှာ ကမ္ဘာ ငယ် သူတော်စင် အဆင့်ထက် အဆပေါင်းများစွာ သာလွန်နေသမျှ ထိုလက်သီး တစ်ချက်ဖြင့် တန်းတူအဆင့် ရှိသူ များစွာကို အနိုင်ယူနိုင်မည်မှာ သဘာဝပင်။
သူ၏ အတွင်းကမ္ဘာ တံခါးပေါက် ကပင် တစ်ဖက်လူ၏ လက်သီးချက် အနည်းငယ်ကို ခုခံနိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ ကံကောင်းစွာဖြင့် သူကိုယ်တိုင်တွင်လည်း သိုင်းသူတော်စင် အသွင်ကိုယ်ထည် ရှိသည်။ ထို့အပြင် ၎င်းမှာ ပြည့်စုံသည့် အသွင်ကိုယ်ထည် ဖြစ်ပြီး ခုနက ထိုလက်ပြတ်ကို ခြောက်လှန့်၍ မောင်းထုတ်လိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် သွေးမြူများ ကျဆင်းလာပြီး သူနှင့် နဂါးဖရုံသီး တစ်လုံး တို့ နှစ်ဦးစလုံး ပျောက်ကွယ်သွားကာ သွေးတိုက်ပွဲ စာရင်းဇယား အောက်သို့ ပြန်လည် ရောက်ရှိသွားသည်။
“ဝူရှီ အစ်ကိုကြီး၊ ဂုဏ်ယူပါတယ်၊ အခုတော့ အစ်ကိုကြီးက တကယ်ကိုပဲ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ရဲ့ နံပါတ် (၁) ပါပဲ။
ဒီဟာကို နေမင်းခုနစ်ပါး ကျောင်းတော် ထဲမှာဆိုရင်၊ တိုက်ပွဲ စာရင်းဇယား မှာ ကမ္ဘာကျော်တဲ့ နံပါတ် (၁) သူတော်စင် လို့ ခေါ်တယ် ”
ဂွေ့မြန် က အဆက်မပြတ် ဂုဏ်ပြုစကား ဆိုသည်။
ရှဲ့ထူ နှင့် အခြား သူတော်စင် များလည်း လျှောက်လာကြပြီး ချီးကျူးစကား များ ဆိုကြသည်။
ဖန့်ချန် နှင့် တစ်ခါမျှ မဆုံဖူးသည့် အနီးအနားမှ သူတော်စင် များမှာလည်း ယခုအခါ တစ်ယောက်ပြီး တစ်ယောက် လာရောက် စကားပြောမိတ်ဖွဲ့ ကြပြီး မိမိကိုယ်ကို မိတ်ဆက်ကာ လိုအပ်သည့် ချီးကျူးစကားများ ပြောဆိုကြသည်။
သူတို့သည် အဆင့်မြင့် ကျောင်းတော် မှ ကျောင်းသားများနှင့် ယှဉ်နိုင်သည့် ထိပ်တန်း သူတော်စင် များ မဟုတ်သကဲ့သို့ပင်။
“ကံကောင်းလို့ပါ၊ အားလုံးလည်း အားနာစရာ မလိုပါဘူး၊ နောက်ပိုင်းကျရင် အားလုံးက သူငယ်ချင်းတွေပဲ၊ ဘာကိစ္စရှိရှိ အပြန်အလှန် ကူညီကြတာပေါ့။”
ဖန့်ချန် က ပြုံး၍ လက်အုပ်ချီလိုက်သည်။
သူတော်စင် များ၏ မျက်လုံးများ တောက်ပသွားပြီး ပို၍ပင် ရင်းနှီးလာကြသည်။
“ဝူရှီ အစ်ကိုကြီး၊ ကျွန်တော်……”
ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လျှောက်လာပြီး ဖန့်ချန် ကို ခါးသီးသည့် မျက်နှာထားဖြင့် ကြည့်နေသည်။
“ကူဖူ မင်းမှာ ဒီကို လာဖို့ မျက်နှာ ရှိသေးတယ်ပေါ့လေ”
ရှဲ့ထူ က အေးစက်စက် ရယ်မောလိုက်သည်
“ဝူရှီ အစ်ကိုကြီးက အနည်းငယ် စမ်းသပ်ရုံသက်သက်ပါ၊ မင်းရဲ့ ညီအစ်ကို ကို သတ်လိုက်တာက သူ့အတွက် ဂုဏ်ယူစရာပဲ။
မင်းက သူ ဝမ်းသာရမယ့်အစား ဝူရှီ အစ်ကိုကြီးကို အပြစ်တင်နေတာလား ဒါမျိုး စကား ဘယ်မှာ ရှိလဲ”
“ကူဖူ၊ မင်း ဒါ လုံးဝ မမှန်ဘူးနော်”
“ဒါတိုးက ဝူရှီ အစ်ကိုကြီး လက်ချက်နဲ့ သေသွားတာ၊ ဒါက တကယ့်ကို ကံကောင်းခြင်း ၃ ပါး ပါပဲ၊ ငါတို့တောင် မနာလို ဖြစ်ရတယ် ”
“အို ကူဖူ မင်း မြန်မြန် ဒူးထောက်ပြီး အမှားဝန်ခံလိုက်စမ်း”
“ဝူရှီ အစ်ကိုကြီး၊ ဒါက ကျွန်တော် လျော်ကြေးပေးတဲ့ အတွင်းကမ္ဘာ ကျောက်တုံး (၅၀၀) ပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါဗျာ ”
ကူဖူ သည် ရုတ်တရက် စိတ်တင်းကာ သူ၏ နောက်ဆုံး ပိုင်ဆိုင်မှု အားလုံးကို ထုတ်ယူ၍ ဖန့်ချန် ကို ပေးလိုက်သည်။
“အို”
ဖန့်ချန် လက်ကို ဆန့်၍ အတွင်းကမ္ဘာ ကျောက်တုံး ကို ယူကာ သူ၏ အတွင်းကမ္ဘာ ထဲသို့ ထည့်လိုက်ပြီး ကူဖူ ၏ ပုခုံးကို ပုတ်လိုက်သည်။
“ဘာမှ မဖြစ်ပါဘူး၊ အရင်က အထင်အမြင်လွဲမှားမှုတွေကို ထားခဲ့လိုက်ကြပါ၊ မင်းလည်း စိတ်ထဲ မထားပါနဲ့တော့။”
ကူဖူသည် အလွန်အံ့အားသင့်သွားပြီး ခေါင်းကို အမြန် ငြိမ့်လိုက်သည်။
“ဝူရှီ အစ်ကိုကြီ ဆုံးမတာ မှန်ပါတယ်၊ ရှောင်ကူ ကို အသိဉာဏ် ပွင့်လင်းစေတယ်၊ နောက်တစ်ခါ ဒါတိုး ကို တွေ့ရင် သူ့ကို သေချာပေါက် ဆူပူအော်ဟစ်ပြီး ဝူရှီ အစ်ကိုကြီး လက်ချက်နဲ့ သေရတာ ဘယ်လောက်တောင် ကြွားဝါစရာ ကောင်းလဲ ဆိုတာ သိအောင် ပြောပြပေးပါမယ် ”
ရှဲ့ထူ နှင့် ဂွေ့မြန် တို့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး အနီးအနားမှ မာန်ဖီနေသည့်၊ မည်သည့်အချိန်မဆို ချီးကျူးစကား ဆိုရန် ပြင်ဆင်နေသည့် ကောင်တွေကို ကြည့်လိုက်ရာ ရုတ်တရက် ခြိမ်းခြောက်မှု တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
“ဝူရှီ ညီအစ်ကို၊ ခဏလောက် အပြင်ထွက်ပြီး ပြောလို့ ရမလား ”
ထိုအချိန်တွင် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူက လူအုပ်ထဲ မဝင်ဘဲ ဝေးဝေးမှာပင် ရပ်၍ လက်အုပ်ချီ ပြုံးပြသည်။
ဤသူ၏ ဘေးတွင်လည်း ပုံရိပ်အချို့ ရှိနေပြီး လူတိုင်းက အကွာအဝေး အနည်းငယ် ခြားထားကာ အတူတူ လာကြသော်လည်း အေးဆေးငြိမ်သက်နေပုံ ရသည်။
သူတော်စင် တစ်ဦးက မသိစိတ်ဖြင့် ဆဲဆိုရန် ပြင်လိုက်သည်။
“မင်းက ဘာမို့လို့ ဝူရှီ အစ်ကိုကြီးကို အပြင်ထွက်ပြောခိုင်းတာလဲ၊ မင်းကိုယ်မင်း ဘယ်သူများ ထင်နေ……”
သူက တစ်ဖက်လူ၏ တိုက်ပွဲ စာရင်းဇယား ကို သေချာကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ အနိုင် (၃၀၀)၊ အရှုံး (၁) ရှိသည့် တျန်ယိကျန့် ဖြစ်သောကြောင့် ဖြစ်သည်။
အနီးအနားမှ သူများမှာလည်း အနိုင် (၂၀၀) ကျော် ရှိပြီး နေမင်းခုနစ်ပါး ကျောင်းတော် မှ လာသည့် အင်အားကြီး ပုဂ္ဂိုလ် များ ဖြစ်ကြောင်း သိသာသည်။
ဝူရှီ အစ်ကိုကြီး နှင့် လမ်းကြောင်းချင်း တူညီသူများ ဖြစ်သည်။
“အားလုံးပဲ၊ ငါ ခဏသွားပြီး ပြန်လာခဲ့မယ်။”
ဖန့်ချန် က ပြုံး၍ လက်အုပ်ချီလိုက်ပြီးနောက် ထိုသူများ ရှိရာသို့ လျှောက်သွားသည်။
“ဒီ ဝူရှီ အစ်ကိုကြီး က အလွန် ယဉ်ကျေးတာပဲ၊ ကောင်းကင်ငါးပါး ဘက်က လာပေမဲ့လည်း ခင်မင်ဖို့ ကောင်းတာပဲ။”
“ကျွန်တော် အရင်က နဂါးဖရုံ အစ်ကိုကြီး ကို တစ်ခါ တွေ့ဖူးတယ်၊ သူနဲ့ စကားပြောရင်တောင် ဂရုမစိုက်ဘူး။”
“တကယ့်ကို နည်းလမ်းကောင်း ရှိတဲ့ သူတော်စင် က စိတ်သဘောထား ကြီးမားတာပဲ။”
သွေးရွာခန်းမ သူတော်စင် များမှာ တစ်ယောက်ပြီး တစ်ယောက် ချီးကျူးစကား ဆိုကြပြီး ‘ဝူရှီ အစ်ကိုကြီး’ နှင့် ချက်ချင်း ရင်းနှီးခွင့် ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်နေကြသည်။
……
“ဝူရှီ ညီအစ်ကို၊ ကျွန်တော်တို့ ဟိုဘက်မှာ စကားပြောကြရအောင်၊ အပေါင်းအသင်းဟောင်းတွေ အများကြီး ရောက်နေကြတယ်၊ အားလုံးနဲ့ တွေ့ရအောင်။”
တျန်ယိကျန့် က လက်အုပ်ချီသည်။
“ကောင်းပါပြီ။”
ဖန့်ချန် က ပြုံး၍ ခေါင်းညိတ်ကာ သူတို့နောက်သို့ လိုက်ပါသွားသည်။
အခန်း (၂၃၈၀) - မင်း တွေးတာ တော်တော်လှနေတာပဲ
ဖန့်ချန် သည် ထိုတစ်ကြိမ်တွင် နေမင်းခုနစ်ပါး ကျောင်းတော် ဘက်မှ လာသည့် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင် များမှာ (၂၀) သို့မဟုတ် (၃၀) ခန့်သာ ရှိမည်ဟု ထင်မှတ်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အဆင့် (၂၀) သို့မဟုတ် (၃၀) အတွင်း ရှိသူများသာ ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို ရရှိရန် အနည်းငယ် အခွင့်အရေး ရှိသောကြောင့် ဖြစ်သည်။
သို့သော် သူမြင်တွေ့လိုက်ရသည်မှာ (၆၀) သို့မဟုတ် (၇၀) ခန့်အထိ များပြားနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ အလွန်ကျယ်ဝန်းသည့် ဧည့်ခန်းဆောင် တစ်ခု ဖြစ်ပြီး အပြင်ဘက်တွင် အတွင်းကမ္ဘာ စွမ်းအားများ လွှမ်းခြုံထားသည်။ အကယ်၍ မည်သူမဆို ထိုနေရာကို ချောင်းမြောင်းကြည့်ရှုရန် ကြိုးစားပါက ချက်ချင်းပင် သိရှိသွားလိမ့်မည် ဖြစ်သည်။
ဖန့်ချန် ရောက်ရှိလာသည်နှင့် အကြည့်ပေါင်းများစွာက သူ့ဆီသို့ စုပြုံရောက်ရှိလာကြသည်။
အချို့သော အကြည့်များမှာ သတိထားဟန် ရှိပြီး၊ အချို့မှာ စူးစမ်းလေ့လာနေဟန် ရှိသည်။ အချို့မှာမူ စိတ်ဝင်စားမှု သက်သက်သာ ဖြစ်ပြီး၊ နောက်ပိုင်း ဖြစ်ပျက်မည့် ကိစ္စများနှင့် မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ ပြုမူနေကြသည်။
“ဝူရှီ ညီအစ်ကို၊ ထိုင်ပါ။”
တျန်ယိကျန့် က ထိုင်ရန် လက်ဟန်ဖြင့် ဖိတ်ခေါ်သည်။
သူ ဖန့်ချန် ကို ထိုင်စေမည့် နေရာမှာ အဓိက နေရာတော့ မဟုတ်ပေ။
ဖန့်ချန် က မည်သို့မျှ ဂရုမစိုက်ဘဲ ပြုံးရွှင်စွာဖြင့် ထိုင်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
“ကျွန်တော်တို့ ကောင်းကင်ငါးပါး ဘက်က သူတော်စင် တွေထဲမှာလည်း သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲ ရောက်နေတာ ဒီလောက်တောင် များပြားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”
“ဝူရှီ ညီအစ်ကို၊ အရင်က ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး ထင်တယ်နော်။
ကျွန်တော်တို့ ကောင်းကင်ငါးပါး ဘက်က သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲက သူတော်စင် တွေက မင်း ထင်ထားတာထက် ပိုများတယ်။
အခု မင်းမြင်နေရတာက အနည်းငယ်ပဲ ရှိသေးတယ်။ အားလုံးကလည်း ဆက်ဆံရေး ကောင်းကြတော့ အတူတူ စုမိကြတာပေါ့၊ ဘာပြဿနာပဲ တက်တက် တိုင်ပင်လို့ ရတာပေါ့။”
တျန်ယိကျန့် က ပြုံးရင်းနှင့် ဖန့်ချန် ၏ အပေါ်ဘက် နေရာတွင် ဝင်ထိုင်လိုက်သည်။
သို့သော် သူထိုင်သည့် နေရာမှာလည်း အဓိက နေရာ မဟုတ်သေးပေ။
ပို၍ အဓိက ကျသည့် နေရာတွင် ပုံရိပ် (၃) ခု ထိုင်နေကြပြီး သူတို့၏ အမူအရာမှာ ပျင်းရိနေပုံ ရသည်။ ဖန့်ချန် သည် ‘နဂါးဖရုံသီး တစ်လုံး’ ကို အနိုင်ယူနိုင်ခဲ့သည်ကို သိရှိထားသော်လည်း သူတို့မှာ သာမန် သူတော်စင် များကဲ့သို့ အံ့ဩစိတ် ဖြစ်မနေကြပေ။
လက်ရှိတွင် ထိုပုဂ္ဂိုလ်များ အားလုံးမှာ ရိုးရှင်းသည့် အသွင်ဖုံးကွယ်မှုများ ပြုလုပ်ထားကြသည်။
ရိုးရှင်းသည်ဟု ဆိုသော်လည်း အခြေခံအားဖြင့် လုံလောက်နေပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မည်သူမျှ အတွင်းကမ္ဘာ စွမ်းအားကို အသုံးပြု၍ စစ်ဆေးရဲမည် မဟုတ်ပေ။
မည်သည့်အရာမဆို လုပ်ဆောင်ပါက သူတို့ သိရှိသွားမည် ဖြစ်သည်။
သို့သော် ဖန့်ချန် ရှေ့တွင်မူ ထိုအသွင်ဖုံးကွယ်မှုများမှာ အသုံးမဝင်ပေ။
သူသည် အတွင်းကမ္ဘာ စွမ်းအားကို သုံးစရာ မလိုဘဲ ဝိညာဉ်အနှစ်သာရကို မျက်လုံးထဲတွင် စုစည်းလိုက်ကာ ရှေးဦး နတ်ဘုရားမျက်လုံး နှင့် ပေါင်းစပ်လိုက်သောအခါ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ မှ ဝမ်ကျန်း၊ ဝမ်ဟို နှင့် ဝမ်ယွီမုန် တို့လည်း ထိုနေရာတွင် ထိုင်နေကြသည်။
သို့သော် သူတို့မှာလည်း မျက်စိရှေ့က ‘ဝူရှီ’ သည် သူတို့နှင့် အတူတူ လိုက်လာခဲ့သည့် ချင်းယီခန်းမဝင် ရှကျိ ဖြစ်လိမ့်မည်ဟု လုံးဝ မတွေးမိကြပေ။ လက်ရှိတွင် သူတို့မှာ ဖန့်ချန် ကို စူးစမ်းနေသည့် မျက်လုံးများဖြင့် ကြည့်နေကြပြီး အကြည့်များ၏ အတွင်းပိုင်းတွင် ကြောက်ရွံ့မှု အနည်းငယ် ရှိနေသည်။
“ဝူရှီ ညီအစ်ကို၊ သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲက လူတွေရဲ့ အမည်နာမ ကိုတော့ မိတ်ဆက်စရာ မလိုတော့ဘူး ထင်ပါတယ်။ သွေးတိုက်ပွဲ အမိန့်စာ ရှိနေတာမို့ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။”
တျန်ယိကျန့် က ပြုံး၍ ပြောသည်။
ဖန့်ချန် လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“တျန်ယိကျန့် ညီအစ်ကို ပြောတာ မှန်ပါတယ်။”
ဤနေရာတွင် ရှိနေသူများ၏ စွမ်းဆောင်ရည်၊ အမည်နာမ နှင့် သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲမှ မည်သည့် တိုက်ပွဲ နယ်မြေမှ လာသည်ကို သူ ရှင်းလင်းစွာ မြင်နိုင်သည်။
အဓိက နေရာမှ ပုဂ္ဂိုလ် (၃) ဦးမှာ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ဖြစ်ပြီး တိုက်ပွဲ မှတ်တမ်းမှာလည်း အလွန် ထူးခြားသည်။
သူတို့၏ အမည်နာမ များမှာလည်း ရင်းနှီးနေပြီး စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်တွင် အဆင့် (၅၀) အတွင်း ရှိသူများ ဖြစ်သင့်သည်။
“တကယ်တော့ သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲက အမည်နာမ တွေက အားလုံး စိတ်ကြိုက် ပေးထားကြတာပါ။
ကျွန်တော်တို့ အားလုံး ကောင်းကင်ငါးပါး ဘက်က လာကြတာပဲ၊ ဘာကြောင့် အမည်ရင်း ကို မသုံးရမှာလဲ ”
ထိုအချိန်တွင် အဓိက နေရာမှ ပုဂ္ဂိုလ် (၃) ဦးထဲတွင် ‘လက်ရှစ်ဖက်နတ်ဘုရား’ ဟု အမည်ရသည့် နေမင်းခုနစ်ပါး ကျောင်းတော် တပည့် တစ်ဦးက ဖြည်းဖြည်းချင်း မေးလိုက်ပြီး ဖန့်ချန် ကို ရည်ရွယ်ချက် ရှိရှိ အကြည့် ရောက်လာသည်။
“မင်း တွေးတာ တော်တော်လှနေတာပဲ။”
ဖန့်ချန် က ပြုံး၍ ရယ်မောလိုက်သည်။
“……”
စကားပြောရန် ပြင်ဆင်နေသည့် သူတော်စင် များမှာ အံ့အားသင့်သွားကြသည်။
လက်ရှစ်ဖက် နတ်ဘုရား ၏ မျက်နှာပေါ်မှ အပြုံးမှာလည်း ခဏမျှ တောင့်တင်းသွားသည်။
ထို့နောက် အခြား စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ပုဂ္ဂိုလ် (၂) ဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ဦးက ပြုံး၍ စကားလမ်းကြောင်း လွှဲလိုက်ကာ နောက်တစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောသည်။
“စကားပြောတာ အရမ်းမာနေတယ် မဟုတ်လား ”
“အားလုံး သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲကို လာတာ ကလေးကစားဖို့ မဟုတ်ဘူး၊ ငါက ကိုးကြယ် သွေးစက်မျက်လုံး အသီး အတွက် လာတာ၊ မင်းတို့ငါ့ကို ခေါ်တာ ဘာရည်ရွယ်ချက် ရှိလဲ၊ တဲ့တိုး ပြောကြတော့။”
ဖန့်ချန် က ပျင်းရိစွာဖြင့် ပြောလိုက်သည်။
“ငါ့ နာမည် ဝူရှီ၊ ငါ့ကို လေးစားတဲ့ သူငယ်ချင်းတွေက ဝူရှီ အစ်ကိုကြီး လို့ ခေါ်တယ်၊ မင်းတို့ ကြိုက်သလို ခေါ်ကြပါ။”
“ဝူရှီ အစ်ကိုကြီး စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ရဲ့ နံပါတ် (၁) ရလိုက်ရုံနဲ့ ကိုယ်ကိုယ်ကို အစ်ကိုကြီး ဖြစ်သွားပြီလို့ ထင်နေတာလား။
နဂါးဖရုံသီး တစ်လုံး က အားနည်းချက် ပြပြီး နံပါတ် (၁) နေရာကို တမင် လွှဲပေးလိုက်တာကို မသိဘူးလား။
တကယ်ပဲ အသစ်ရောက်လာတာပဲ ၊ ရှန်းကျောက်ကောင်းကင် အရှင် က ဒီ ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို ငါတို့ ကောင်းကင်ငါးပါး ဘက်က သူတော်စင် တွေကို လွယ်လွယ်နဲ့ ပေးလိမ့်မယ်လို့ ထင်နေတာလား။”
လက်ရှစ်ဖက်နတ်ဘုရား က အေးစက်စက် ရယ်မောလိုက်သည်။
“ထားလိုက်တော့ လက်ရှစ်ဖက် နတ်ဘုရား၊ ဒီလောက်ပဲနဲ့ ရပ်လိုက်ပါ ဝူရှီ ညီအစ်ကို နဲ့ ငါတို့ ဆက်ဆံရေးက နည်းသေးတော့ အတွင်းက အကြောင်းအရာတွေ ကို မသိတာ သဘာဝပါပဲ။”
‘ကြက်သားဟင်းရည်’ က ပြုံး၍ စကားလမ်းကြောင်း လွှဲလိုက်ပြီး ဖန့်ချန် ကို ပြောသည်။
“ဝူရှီ ညီအစ်ကို၊ စိတ်မဆိုးပါနဲ့။ ဒါပေမဲ့ ဒီကိစ္စမှာ အကြောင်းရင်း အနည်းငယ် ရှိပါတယ်၊ ကျွန်တော်တို့ ပြောတာ ပြီးမှ စဉ်းစားကြည့်ပါလား ”
“ကြက်သားဟင်းရည် ညီအစ်ကို ပြောပါ။”
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
တျန်ယိကျန့် တို့ အဖွဲ့မှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ‘ကြက်သားဟင်းရည်’ ပြောမည့် စကားကို စောင့်နေကြသည်။
“ဒီလိုပါ၊ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ရဲ့ သွေးတိုက်ပွဲ မှာ ငါတို့ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် တွေက မပါဝင်ကြပါဘူး။
ဒါပေမဲ့ ဒီတစ်ခါ ရှန်းကျောက် ကောင်းကင် အရှင် က ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို ထုတ်ပေးမယ်လို့ ကြားလိုက်ရတယ်။
ဒါကြောင့် ကောင်းကင်ငါးပါး ဘက်က မျက်လုံး နတ်ဘုရားစွမ်းရည် ကျင့်ကြံထားတဲ့ ပါရမီရှင်တွေကလည်း ဝေးလံတဲ့ အရပ်ကနေ သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲကို ရောက်လာကြတယ်။
ရည်ရွယ်ချက်ကတော့ ကောင်းကင်ငါးပါး ဘက်မှာတောင် အလွန် ရှားပါးတဲ့ ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို ရရှိဖို့ပါပဲ။”
ကြက်သားဟင်းရည် က ပြောသည်။
“ဒါပေမဲ့ ကျုုပ် ရထားတဲ့ သတင်းအရ ဒီ ကိုးကြယ် သွေးစက်မျက်လုံး အသီး က ရှန်းကျောက်ကောင်းကင် အရှင် က သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲက အခြားကောင်းကင် အရှင် တွေကို ကျေနပ်အောင် လုပ်ဖို့ ထုတ်ပေးလိုက်တာတဲ့။
ဒီအသီး ကို ရတဲ့ အချိန်မှာ အဲ့ဒီ ကောင်းကင် အရှင် တွေလည်း တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ပုံ ရတယ်။
ပြီးတော့ ‘နဂါးဖရုံသီး တစ်လုံး’ မှာ မျက်လုံး နတ်ဘုရားစွမ်းရည် မရှိတော့ ဒီအသီး က သူ့အတွက် မဟုတ်ဘူး။
သွေးရွာခန်းမ တားမြစ်နယ်မြေ ထဲကို မကြာခင် ရောက်လာမယ့် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် တစ်ဦးအတွက် ရည်ရွယ်တာပါ။
ကြားရတာတော့ သူက သန့်စင်သောအဆင့် အကန့်အသတ်ကို ကျော်လွန်ထားတဲ့သူ ဖြစ်ပြီး ရှန်းကျောက် ကောင်းကင် အရှင် ပြုစုပျိုးထောင်ထားတဲ့ ၊ ကောင်းကင်အရှင် ဆက်ခံသူ ပါ၊ ဒါပေမဲ့ သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်ခြင်း ရဲ့ အဓိပ္ပာယ် ကိုတော့ အားလုံး သိကြမှာပါ။”
လူတိုင်း၏ မျက်လုံးထဲတွင် အံ့ဩမှု အရိပ်အယောင်များ ပေါ်လာသည်။
ထိုသို့ ဆိုလျှင် နဂါးဖရုံသီး တစ်လုံး က အဘယ်ကြောင့် တမင် ရှုံးပေးလိုက်ရသည်ကို သူတို့ နားလည်သွားကြသည်။
“သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်ခြင်းသွေးရွာခန်းမ ဘက်မှာ တကယ်ပဲ ဒီလောက် အစွမ်းထက်တဲ့ ကောင်တွေ ရှိတာလား ”
“ငါတို့ နေမင်းခုနစ်ပါး ကျောင်းတော် တည်ရှိလာတာ ကြာပြီ၊ ဘယ်သူမှ သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်တာ မကြားဖူးဘူး၊ သွေးရွာခန်းမ က ငါတို့ထက် ပိုသာနေတာလား "
သူတော်စင် အချို့မှာ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေသည်။
သို့သော်လည်း အချို့မှာမူ ဆန့်ကျင်ဘက် အမြင် ရှိကြသည်။
“သွေးရွာခန်းမ က ငါတို့ထက် သာတယ်လို့ ပြောတာ မဟုတ်ဘူး၊ ဒီက သူတော်စင် တွေက စရိုက်ကြမ်းပြီး မာနကြီးကြတယ်၊ မဖုံးကွယ်ချင်ကြဘူး။
ငါတို့ နေမင်းခုနစ်ပါး ကျောင်းတော် မှာလည်း သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်တဲ့သူ တွေ ရှိပေမဲ့ အားလုံးက တိတ်တိတ်ကလေး နေကြတာပါ။
ဥပမာ လက်ရှိ ကောင်းကင် အရှင် တွေ ဆိုရင် သူတို့ ငယ်စဉ်က သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်ခြင်း မရှိခဲ့ဘူးလို့ ငါ လုံးဝ မယုံဘူး ”
ထိုစကားကြောင့် သူတော်စင် အများအပြားမှာ တိတ်ဆိတ်သွားကြသည်။
“တကယ်ပဲ၊ နဂါးဖရုံ အစ်ကိုကြီး က ဝူရှီ အစ်ကိုကြီး ကို သူ့နေရာမှာ အစားထိုးပြီး သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်နိုင်မဲ့ ထိပ်တန်းပုဂ္ဂိုလ် ကို ရင်ဆိုင်စေချင်တာပဲ။”
တျန်ယိကျန့် က တိုးတိုးလေး ပြောလိုက်သည်။
“ဝူရှီ ညီအစ်ကို၊ အခုတော့ မင်း ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို ရနိုင်မယ်လို့ ထင်သေးလား ”
ကြက်သားဟင်းရည် က ပြုံး၍ မေးလိုက်သည်။
“မင်းမှာ အခု လမ်းကြောင်းတစ်ခုပဲ ရှိတယ်၊ ငါတို့နဲ့ ပူးပေါင်းဖို့ပါပဲ။ ဒီအသီး က ငါတို့ လက်ထဲ ရောက်လာရင် ဘယ်သူပဲ ရရ ဒါက ကောင်းတဲ့ ကိစ္စပဲ။ သွေးရွာခန်းမ ဘက်ကို အကောင်းဆုံး သင်ခန်းစာ ပေးနိုင်မှာ။”
လက်ရှစ်ဖက်နတ်ဘုရား က အေးစက်စက် ပြောလိုက်သည်။
“နေမင်းခုနစ်ပါး ကျောင်းတော် ထဲက မင်းရဲ့ အမည်နာမ ကို ပြောပါ၊ ဒီစီမံကိန်း မှာ ပါဝင်ဖို့ အရည်အချင်း ရှိမရှိ ငါတို့ စစ်ဆေးရဦးမယ်။
အရည်အချင်း မရှိရင်တော့ နောက်ပိုင်း မှာ သူတို့ကို မင်းကို စိန်ခေါ်ခိုင်းပြီး မင်းရဲ့ နံပါတ် (၁) နေရာကို ဖျက်ဆီးပစ်လိုက်မယ်။”