အခန်း ၅၀၂
Vol. 47 Ch. 502
အခန်း (၅၀၂) - ဖန်ရှီဆန်းက အညံ့ခံတာလား
ငွေ ၃၀၀ သာ ရရှိသောကြောင့် ကျိယွမ်သည် အနည်းငယ် စိတ်ပျက်သွား၏။
သို့သော်လည်း ၄င်းက အံ့ဩစရာတော့ မဟုတ်ပေ။
ဓားပြများသည် အပြင်ထွက်၍ ဓားပြတိုက်သည့်အခါ သူတို့၏ ကိုယ်ပေါ်တွင် ငွေအမြောက်အမြား ယူဆောင်လေ့မရှိကြခြေ။
"သခင်.. ကျွန်တော်တို့... နစ်နာကြေး တောင်းသင့်လား"
ချန်ခန်းပေါင်က ဘေးမှနေ၍ အကြံပြုလိုက်သည် ။
"ပြီးတော့ အဲဒီကနေ တစ်ခါတည်း ဟင်းကောင်းကောင်းနဲ့ ထမင်းအလကားစားလို့လည်း ရတာပေါ့"
ကျိယွမ်က ချန်ခန်းပေါင်ကို ကြည့်လိုက်၏။
"မင်းက တကယ်ပဲ ငါ့ရဲ့ စိတ်ဝိညာဥ် ဖြစ်နေပြီလို့ ငါ စတွေးမိနေပြီ"
ဖန်ထုန်နယ်မြေတွင် ရှိစဥ်တုန်းက ကျိယွမ်သည် ရွာသားများအတွက် အလကား ထမင်းဝိုင်းများကို မကြာခဏ စီစဉ်ပေးခဲ့သည် ။
သို့သော် ထိုနေရာမှ ထွက်ခွာလာပြီးနောက်ပိုင်း " ထမင်းအလကား စားရမည်" ဟူသော စကားစုကို သူ မကြားရသည်မှာ ကြာပြီ ဖြစ်၏။
"ငါ အခုလောလောဆယ် မသန်မာသေးဘူး။ နစ်နာကြေး သွားတောင်းရင် ငါ အသက်အန္တရာယ် ရှိနိုင်တယ်"
ကျိယွမ်က ပြန်ဖြေလိုက်သည် ။
ဤဓားပြငါးယောက်က သူ၏ စွမ်းအားအဆင့်ကို သိနေကြခြင်းမှာ သူတို့သည် သရဲဈေးရှိ အထက်လူကြီးအချို့နှင့် ပတ်သက်မှု ရှိနေကြောင်း ဖော်ပြနေ၏။
သူက ဤအောက်ခြေလူမိုက်များကို ရှင်းလင်းလိုက်လျှင် သူတို့၏ အထက်လူကြီးများကို ဆွပေးသကဲ့သို့ ဖြစ်သွားပြီး အဆုံးမရှိသော ကလဲ့စားချေမှု သံသရာထဲ ရောက်သွားလိမ့်မည် ။ နောက်ဆုံးတွင် သူသည် သရဲဈေးကို ထိန်းချုပ်ထားသူ ဖြစ်နိုင်သည့် ကမ္ဘာမြေအဆင့်လက်နက်သခင် တစ်ဦးနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး လိုက်လံ အမဲလိုက်ခြင်းကိုလည်း ခံရနိုင်၏။
ကျိယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံသော်လည်း သူ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်မှာ အဝါအဆင့်လက်နက်သခင် တစ်ဦးနှင့်သာ ညီမျှသည် ။ သူ၏ တိုက်ကွက်များက မည်သည့် ရွှမ်အဆင့်လက်နက်သခင် ကိုမဆို သတ်နိုင်သော်လည်း ကန့်သတ်ချက် ရှိ၏။
ပုရွက်ဆိတ်တစ်ကောင်သည် မည်မျှပင် ကျွမ်းကျင်ပါစေ တိုက်လေယာဉ်တစ်စင်းကို ဘယ်တော့မှ အနိုင်မတိုက်နိုင်ပေ ။
ကမ္ဘာမြေအဆင့်လက်နက်သခင် များ၏ ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ ခိုင်မာလှသဖြင့် ကျိယွမ်၏ တိုက်ကွက်များသည် သူတို့ကို အစင်းလေးပင် ခြစ်မိမည် မဟုတ်ပေ ။
ကမ္ဘာမြေအဆင့်လက်နက်သခင် တစ်ဦးကို အနိုင်ယူရန်အတွက် ထိုသူနှင့် တန်းတူညီမျှသော စွမ်းအား သို့မဟုတ် ကောင်းကင်အဆင့်လက်နက် ရှိရန် လိုအပ်လိမ့်မည် ။
ပို၍ အရေးကြီးသည်မှာ ဤအခြေအနေတစ်ခုလုံးက အလွန် ရှုပ်ထွေးလွန်းသည်ဟု ခံစားရခြင်း ဖြစ်၏။ ကျိယွမ်အနေဖြင့် သန်မာလာရန် အချိန်လိုအပ်သည် ။
"ဒီငါးယောက်က ငါ့ကို အဆင့်တစ်ခု တက်ဖို့အတွက်ပဲ အတွေ့အကြုံ ပေးနိုင်တယ်။ အလဟဿ ဖြစ်တာပဲ"
ကျိယွမ်သည် ထိုအလောင်းငါးလောင်းကို ကြည့်လေလေ ပို၍ စိတ်တိုလေလေ ဖြစ်၏။
သူတို့က ပိုက်ဆံမရှိရုံတင်မကဘဲ ပေးသည့် အတွေ့အကြုံကလည်း အလွန် နည်းပါးလှသည် ။
"အဘိုးကြီး... မင်း စွမ်းရည်ပြရမယ့် အချိန်ရောက်ပြီ။ ငါ သတ်ဖို့အတွက် ဝိညာဉ်မှင်စာတွေ အများကြီးရှိတဲ့ နေရာတစ်ခု ရှာပေးစမ်း"
ကျိယွမ်က ညွှန်ကြားလိုက်သည် ။
သူ့အတွက် အတွေ့အကြုံရမှတ်များ အရေးပေါ် လိုအပ်နေ၏။
အိမ်ပါသမက်တစ်ဦးအဖြစ် သရုပ်ဆောင်ခြင်း သို့မဟုတ် နတ်ဘုရားအဖြစ် လှုပ်ရှားခြင်းတို့က သူ့ကို အတွေ့အကြုံများ ပေးနိုင်မည် မဟုတ်ပေ ။
အဓိကရန်သူများကို အနိုင်ယူခြင်းဖြင့်သာ အတွေ့အကြုံကို ရရှိနိုင်ခြင်း ဖြစ်သည် ။
"အခုချက်ချင်း သွားရှာပါ့မယ် သခင်"
ချန်ခန်းပေါင်က တက်ကြွစွာ ပြန်ဖြေလိုက်၏။
နံနက်ခင်း နေမင်းကြီးက ပျင်းရိစွာ ထွက်ပေါ်လာချိန်တွင် ကျိယွမ်၏ မျက်နှာတွင် ညှိုးငယ်ရိပ်အချို့ ပြည့်နှက်နေသည် ။
"ဆင်းရဲလိုက်တာ... ငါ့ရဲ့ သိုလှောင်ရေလက်နက်ကလည်း ပြည့်လုနီးပါး ဖြစ်နေပြီ"
"ငါ့ရဲ့ ပိုက်ဆံတွေကလည်း ကုန်သလောက် ဖြစ်နေပြီ"
"လူတွေက ဘာလို့ ငါ့ရဲ့ ပါရမီကို အသိအမှတ်ပြုပြီး ငါ့လက်နက်တွေကို မဝယ်ကြတာလဲ"
အခုအချိန်ထိ သူသည် အလင်းဓားတစ်စင်းသာ ရောင်းချရသေးပြီး ထိုအရာကိုလည်း ထူစန်းက ဝယ်ယူခဲ့ခြင်း ဖြစ်၏။
ထူစန်းကလွဲလို့ အခြားသူများက ငွေပေးချေရန် ဆန္ဒမရှိကြသဖြင့် ကျိယွမ်ကို စိတ်ပျက်စေသည် ။
နတ်ဘုရားယောင်ဆောင်ရန်အတွက် အရင်းအမြစ် အမြောက်အမြား လိုအပ်လှ၏။
ဒရုန်းများ၊ ကောင်းကင်တမန်စက်ရုပ်များ သို့မဟုတ် ကောင်းကင်တိုက်သင်္ဘောကြီးကိုပင် ထွင်းထုရန်အတွက် ငွေကြေးနှင့် ပစ္စည်းများ သေချာပေါက် လိုအပ်သည် ။
သူ၏ လက်ရှိ ငွေကြေးအခြေအနေနှင့်ဆိုလျှင် ထိုသို့သော အရာများကို မည်သို့ ဖန်တီးနိုင်ပါ့မည်နည်း။
"ယောက်ဖ..."
ရှန်လင်ဖုန်းသည် ခြေထောက်ကို အနိုင်နိုင်ဆွဲရင်း အားနည်းသော ပုံစံဖြင့် ချဉ်းကပ်လာ၏။
"ဘာဖြစ်တာလဲ။ အမျိုးသမီးတစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတာလား"
ကျိယွမ်က သူ့ကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည် ။
အကယ်၍ ရှန်လင်ဖုန်းကသာ သနားစရာကောင်းတဲ့ မယားကြောက်တစ်ယောက် ဖြစ်သွားရင် ကျိယွမ်က အလွန် စိတ်ပျက်မိလိမ့်မည် ။
"မဟုတ်... မဟုတ်ပါဘူး"
ရှန်လင်ဖုန်းက အလျင်အမြန် ငြင်းလိုက်၏။
သူသည် ကျိယွမ်ကိုယ်စား သူ့အမေ၏ ရေချိုးချိန်ဇယားကို သွားမေးမိ၍ သူ့အမေက သူ့ကို ကြိုးတုပ်ကာ အရိုက်ခံခဲ့ရကြောင်း ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ ။
"ဟူး။ နောက်ဆိုရင် မိန်းကလေးတွေ နောက်လိုက်တဲ့အကြောင်း ပြောတဲ့အခါ ငါ့နာမည်ကို ထည့်မပြောပါနဲ့တော့"
ကျိယွမ်က အမှန်တရားကို ရိပ်မိသလို ပြောလိုက်သည် ။ပုံစံအရ ရှန်လင်ဖုန်းသည် အမျိုးသမီးတစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်မှာ အမှန်ပင်။
"ယောက်ဖ... ငါ့မှာ ပြဿနာတစ်ခု ရှိလို့။ မင်းရဲ့ အကြံဉာဏ် လိုအပ်တယ်"
ရှန်လင်ဖုန်းက တုံ့ဆိုင်းစွာ ပြောလေသည် ။
"ပြောလေ"
"ငါ စာတွေ ပို့နေတာ မင်းသိတယ်မလား။ အဲဒီထဲက စာတစ်စောင်က ကျောက်မိသားစုဆီ ရောက်သွားတယ်။ ဒါပေမဲ့ သခင်မလေးက ပြန်စာမပို့ဘဲ မျိုးနွယ်စုအကြီးအကဲက ပြန်ပို့လိုက်တာ။ သူမက ငါ့ကို တွေ့ချင်နေတယ်တဲ့။ ငါ ဘာလုပ်ရမလဲ"
ရှန်လင်ဖုန်းက စိတ်သောကရောက်နေသော ပုံစံဖြင့် ပြော၏။
ကျောက်မိသားစု၏ အကြီးအကဲမှာ ဖုန်းရှန်းခရိုင်တွင် နာမည်ကြီးသော မုဆိုးမတစ်ဦး ဖြစ်ပြီး ချမ်းသာသော်လည်း သူမ၏ ငယ်ရွယ်နုပျိုသော အလှတရားများ ကွယ်ပျောက်ခဲ့သည်မှာ ကြာပြီ ဖြစ်သည် ။
"ဘာလဲ။ မင်းက ဘဝကို ဖြတ်လမ်းနည်းနဲ့ သွားဖို့ ပြင်နေတာလား"
ကျိယွမ်က အံ့သြစွာ မေးလိုက်သည် ။
"မဟုတ်ဘူး။ ငါ သူမကို ငြင်းချင်တာ၊ ဒါပေမဲ့... မင်းသိတဲ့အတိုင်း ငါက စကားပြော မတတ်ဘူးလေ"
ရှန်လင်ဖုန်းက ဝန်ခံလိုက်၏။
"သူမကို ဒီလိုပြောလိုက် 'ငါက သခင်မလေးယန်ကို သဘောကျတာ။ သခင်မလေးယန်က ဗလန်တီနိုကို ဝတ်ထားတာ၊ ခင်ဗျားကတော့ အရိုးအကြောကုဆေးဖိနပ်ကို ဝတ်ထားတာ' လို့"
ကျိယွမ်က ပြတ်သားစွာ ပြန်ဖြေသည် ။
ဤအရာကို ကြားသောအခါ ကျိယွမ်သည် ကျင်းလီ ဝတ်ဆင်ရန်အတွက် ဗလန်တီနို ပုံတူတစ်ခုကို ထွင်းထုပေးရန် စိတ်ကူးမိသွား၏။ သို့သော်လည်း သူ၏ စိတ်ကူးကို အလျင်အမြန် ပြန်ဖျက်လိုက်သည် ။ အကြောင်းမှာ သူ၌ ထိုကုန်အမှတ်တံဆိပ်၏ မူပိုင်ခွင့် မရှိခြင်းကြောင့်ပင်။
"ဟမ်"
ရှန်လင်ဖုန်းသည် သူ့ယောက်၏ ဖစကားများက နက်နဲလွန်းလှသဖြင့် နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်သွားသည် ။
"ငါပြောသလိုပဲ ရေးလိုက်ပါ။ ပြီးတော့ သတိထားပါ၊ ယောက်ျားတစ်ယောက်အနေနဲ့ အပြင်လောကမှာ မင်းကိုယ်မင်း ကာကွယ်ဖို့ လိုအပ်တယ်၊ ဘယ်မိန်းမကိုမှ လွယ်လွယ်အခွင့်အရေး မပေးနဲ့"
"ဒါနဲ့ ယောက်ဖ... လင်းချင်းဟီက စောစောက သတင်းပို့ထားတယ်။ သူတို့က ရောင်ခြည်အဖွဲ့သား ဖန်ရှီဆန်းကို ဖမ်းမိထားပြီတဲ့။ ငါတို့ ဘယ်အချိန် သွားကြည့်ချင်လဲလို့ မေးနေတယ်"
ရှန်လင်ဖုန်းက ကျိယွမ်အပေါ် အလွန် ကြည်ညိုလေးစားသော အမူအရာဖြင့် ဤအကြောင်းကို ပြောပြလိုက်၏။
အဆုံးစွန်တွင် ကျိယွမ်သည် ပုပ်ပွနေသော အလောင်းကို တစ်ချက်ကြည့်ရုံမျှဖြင့် လူသတ်သမား၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဆင်ခြင်သုံးသပ်နိုင်ခဲ့ခြင်း ဖြစ်သည် ။ တကယ်ကို အားကျစရာ ကောင်းလှ၏။
"သူတို့ ဖမ်းမိသွားပြီ ဟုတ်လား"
ကျိယွမ်က မျက်မှောင်ကုတ်လိုက်သည် ။
တိုက်ဆိုင်လှချည်လား။
သူ၏ ဘယ်ဘက် သို့မဟုတ် ညာဘက် မျက်ခွံများက လှုပ်ရှားခြင်း မရှိပေ ။
"ဒီ ဖန်ရှီဆန်းက ဘယ်လိုလူလဲဆိုတာ သွားကြည့်ကြစို့"
ထိုအချိန်တွင် ခရိုင်အကျဉ်းထောင်အတွင်း၌...
လင်းချင်းဟီသည် အကျဉ်းခန်းအပြင်ဘက်တွင် ရပ်နေရင်း အထဲမှ သန်မာသော လူကို စောင့်ကြည့်ကာ ဇဝေဇဝါ ဖြစ်နေ၏။
"ဒါဆို ဒီလူက တကယ်ကြီး ရှိနေတာပေါ့။ ကျိယွမ်က ဒါကို ဘယ်လို သိနေတာလဲ"
လင်းချင်းဟီက စိတ်ထဲကနေ တွေးရင်း တိုးတိုးလေး ညည်းတွားလိုက်သည် ။
အကျဉ်းသား ဖန်ရှီဆန်းမှာမူ အကျဉ်းခန်းထဲတွင် တည်ငြိမ်စွာ ထိုင်နေပြီး သေဘေးကို ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိပေ ။
လင်းချင်းဟီသည် ဖန်ရှီဆန်းကို ဖမ်းဆီးခဲ့ခြင်း မဟုတ်ပေ။ ထိုလူက ကိုယ်တိုင်လာရောက် အညံ့ခံခဲ့ခြင်း ဖြစ်သည် ။
ဤအခြေအနေတစ်ခုလုံးက အလွန် ထူးဆန်းလှ၏။
ခြေသံများ နီးကပ်လာသဖြင့် လင်းချင်းဟီသည် အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး အလျင်အမြန် သွားရောက် ဆီးကြိုလိုက်သည် ။
"သခင်လေးရှန်... သခင်လေးကျိ... ရောက်လာကြပြီပဲ။ ရောင်ခြည်အဖွဲ့က ဖန်ရှီဆန်းက အထဲမှာ ရှိပါတယ်"
သူသည် ကျိယွမ်နှင့် ရှန်လင်ဖုန်းတို့ကို ခေါ်ဆောင်ကာ ထောင်ထဲသို့ ဝင်ခဲ့၏။
အထဲမှ အနံ့အသက်များမှာ မကောင်းပေ။ ပုပ်စော်နံကာ စိုစွတ်နေပြီး ဝက်ခြံတစ်ခုကဲ့သို့ပင် ခံစားရသည် ။
မကြာမီတွင် ကျိယွမ်သည် ဖန်ရှီဆန်း၏ အကျဉ်းခန်းရှေ့သို့ ရောက်ရှိသွားတော့သည် ။
"ဒါက ဖန်ရှီဆန်းပဲ။ သူက ဒီမနက် ရုံးကို လာပြီး သူ့ဘာသာ အညံ့ခံခဲ့တာ။ ကျွန်တော် သူ့ကို စစ်ဆေးမေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ သူက စကားပြောဖို့ ငြင်းနေတယ်။ သခင်လေးကျိနဲ့ တွေ့ပြီးမှပဲ စကားပြောမယ်လို့ ပြောနေတာ"
လင်းချင်းဟီက ရှင်းပြလိုက်၏။
သူသည် ကျိယွမ်နှင့် ရှန်လင်ဖုန်းတို့ကို ကြည့်ရင်း သူတို့၏ ဆက်ဆံရေးကို အံ့အားသင့်နေမိသည် ။
ကျိယွမ်က အိမ်ပါသမက်တစ်ယောက်ပဲ မဟုတ်ဘူးလား။ဘာလို့ ရှန်သခင်လေးက ဒီလောက်လေးစားနေရတာလဲ။
နင်ခရိုင်တုန်းကဆိုလျှင် သူသည် ကြောက်တတ်ပြီး အသုံးမကျသော လူတစ်ယောက်အဖြစ် လူသိများခဲ့ခသည် ။
သို့သော် ဤဖုန်းရှန်းခရိုင်တွင်မူ ရှန်လင်ဖုန်းက သူ့ကို သိသိသာသာရိုသေသကဲ့သို့ ရှိနေ၏။
"မင်းက အဘိုးအိုကျန့်ကို သတ်ခဲ့တဲ့လူလား"
ကျိယွမ်က တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည် ။
ဖန်ရှီဆန်းက ကျိယွမ်ကို ကြည့်လိုက်၏။ သူသည်လည်း တည်ငြိမ်နေပြီး သေခြင်းတရားကို ကြောက်ရွံ့ပုံမရပေ ။
"ဟုတ်တယ်"
ဖန်ရှီဆန်းက ကျိယွမ်ကို စိုက်ကြည့်ရင်း ပြန်ဖြေသည် ။
"ဘာလို့လဲ။ အဲဒါက ငါနဲ့ ပတ်သက်လား"
ကျိယွမ်က ဆက်မေးလိုက်၏။
ကျိယွမ်ဟူသော အိမ်ပါသမက်၏ ဇာတ်ကောင်နေရာတွင် ပြည့်ပြည့်စုံစုံ သရုပ်ဆောင်နိုင်ရန်အတွက် သူသည် ထိုဇာတ်ကောင်နှင့် ဆက်စပ်နေသော မပြေလည်သေးသည့် ရန်ငြိုးများကို ဖြေရှင်းရန် လိုအပ်သည် ။
ထို့အပြင် သူက သမက်မဟုတ်ကြောင်း ငြင်းဆိုလျှင်ပင် မည်သူက ယုံကြည်မည်မဟုတ်ပါ။
"ဟုတ်တယ်"
ဖန်ရှီဆန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေ၏။
လင်းချင်းဟီက ဇဝေဇဝါ ဖြစ်စွာဖြင့် စောင့်ကြည့်နေသည် ။ ဤအမေးအဖြေမှာ စစ်ဆေးမေးမြန်းခြင်းထက် အထက်လူကြီးနှင့် လက်အောက်ငယ်သားတို့ စကားပြောနေကြသည်နှင့် ပို၍ တူနေ၏။
"အကြောင်းပြချက်က ဘာလဲ။ ပြီးတော့ မင်းက ဘာလို့ ကိုယ်တိုင်လာပြီး အညံ့ခံရတာလဲ"
ကျိယွမ်က ဆက်မေးပြန်သည် ။
"အကြောင်းပြချက်ကတော့..."
ဖန်ရှီဆန်း၏ နှုတ်ခမ်းများက ထူးဆန်းသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။
"ဘာလို့လဲဆိုတော့ မင်းက အသက်ရှင်နေဖို့ မတန်လို့ပဲ"
"ဟေ.."
ကျိယွမ်သည် ခဏမျှ မှင်တက်သွားသည် ။
ထိုလူပြောသည်မှာ အမှန်တရား ဖြစ်ကြောင်း သိသာလှ၏။
ပြန်လည်သုံးသပ်ရလျှင် မူလ ကျိယွမ်၏ နာမည်ဆိုးနှင့်ဆိုလျှင် သူသည် အသက်ရှင်နေရန် အမှန်တကယ် မတန်ပါ ။
"အညံ့ခံရတဲ့ ကိစ္စကတော့ မင်းကို ငါကိုယ်တိုင် မြင်ဖူးချင်လို့ပဲ"
ဖန်ရှီဆန်းက သူ၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေရင်း ပြောလိုက်သည် ။
"မင်းက အရင်ကနဲ့ မတူတော့ဘူးပဲ"
"သေချာတာပေါ့။ ငါက လူ့လောကကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးပဲ။ သဘာဝအတိုင်း ပြောင်းလဲသွားမှာပေါ့"
ကျိယွမ်က တည်ကြည်စွာ ပြန်ဖြေ၏။
ချန်ခန်းပေါင်ကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်သည် ။
"ငါ့သခင်က လူ့လောကကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးပဲ ၊ မင်းတို့လို သာမန်လူတွေ နားမလည်နိုင်ဘူး "
လင်းချင်းဟီမှာမူ ထိုထူးဆန်းသော အခြေအနေကြောင့် ပို၍ပင် ဇဝေဇဝါ ဖြစ်လာတော့သည် ။
"မင်း အဲဒါကို ပေးလိုက်ကတည်းက... မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သွားပြီ"
ဖန်ရှီဆန်းက ဆန်းကြယ်စွာ ပြောလိုက်၏။
သူသည် တစ်စုံတစ်ခုကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း သိသာသော်လည်း ထပ်ရှင်းပြရန် ငြင်းဆိုလေသည် ။
"ငါ ဘာကို ပေးလိုက်လို့လဲ"
ကျိယွမ်က အမှန်တကယ် သိချင်စိတ်ဖြင့် မေးလိုက်၏။
ဖန်ရှီဆန်းက နှုတ်ဆိတ်သွားလေသည် ။
ထိုလူသည် အမှန်တရားကို ပြောနေခြင်း ဖြစ်ကြောင်း ကျိယွမ် သိ၏။
မူလကျိယွမ်သည် တစ်စုံတစ်ဦးထံသို့ ပစ္စည်းတစ်ခုခု ပေးအပ်ခဲ့ပုံရပြီး ထိုအရာက ရောင်ခြည်အဖွဲ့၏ ဒေါသကို ဆွပေးခဲ့ခြင်း ဖြစ်သည် ။
ဒါပေမဲ့ သူတို့ရဲ့ တုံ့ပြန်မှုက ဘာလို့ ဒီလောက် ရှုပ်ထွေးနေရတာလဲ။ အဘိုးအိုကျန့်ကို ဘာလို့ အရင်သတ်ခဲ့တာလဲ၊ ပြီးတော့ ကျိယွမ်ကို သတ်ဖို့ကျတော့ ဘာလို့ တုံ့ဆိုင်းနေရတာလဲ။ သူတို့ တစ်စုံတစ်ခုကို ကြောက်နေကြတာလား။
ရုတ်တရက် ကျိယွမ်သည် မျက်မှောင်ကုတ်လိုက်မိ၏။
မူလ ကျိယွမ်၏ ဟောင်းနွမ်းသော အမှတ်ရစရာများကို ပြန်လည်သုံးသပ်သည့်အခါ အချို့သော အစိတ်အပိုင်းများ ပျောက်ဆုံးနေကြောင်း သူ သတိပြုမိလိုက်သည် ။ တစ်စုံတစ်ဦးက ထိုအမှတ်ရစရာများကို ဖျောက်ပစ်ခဲ့သည့်အတိုင်းပင် ။
သို့မဟုတ်ပါက သူ၏ ဇာတ်ကောင်သရုပ်ဆောင်မှုတိုးတက်မှုက ထိုအမှတ်ရစရာ အပြည့်အစုံကို ဖွင့်ရန်အတွက် မလုံလောက်သေးခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။
ဖန်ရှီဆန်းက နောက်ထပ်မေးခွန်းများကို ဖြေဆိုရန် ငြင်းဆန်သောအခါ ကျိယွမ်က အကြောင်းအရာကို ပြောင်းလဲလိုက်၏။
"ရောင်ခြည်အဖွဲ့ဆိုတာက ဘာလဲ"
ဖန်ရှီဆန်း၏ တည်ငြိမ်သော မျက်လုံးများတွင် အံ့အားသင့်ရိပ်များ ဖျတ်ခနဲ လက်သွားသည် ။
"မင်းက ရောင်ခြည်အဖွဲ့ကို မသိဘဲနဲ့ ငါက ဖန်ရှီဆန်းဆိုတာကို ဘယ်လိုသိနေတာလဲ"
သူသည် ကျိယွမ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် ရူးသွပ်မှုများ ပြည့်နှက်လာ၏။
"ညမှောင်မိုက်လာပြီး လောကကြီး ပရမ်းပတာ ဖြစ်လာတဲ့အခါ ရောင်ခြည်အဖွဲ့ကပဲ လမ်းပြပေးနိုင်လိမ့်မယ်"
ထိုသို့ ပြောပြီးနောက် ဖန်ရှီဆန်းသည် ရုတ်တရက် သွေးများ အော့အန်လာပြီး သူ၏ အသက်စွမ်းအားများ လျင်မြန်စွာ ကွယ်ပျောက်သွားတော့သည် ။
"သူ... ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်တာလား"
လင်းချင်းဟီက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်၏။
ဖန်ရှီဆန်းသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှသည် ။
သူ၏ စိတ်ဓာတ်ခိုင်မာမှုနှင့် အဘိုးအိုကျန့်ကို လျင်မြန်စွာ သတ်ဖြတ်ခဲ့သည့် ဓားသိုင်းပညာတို့က သူသည် ထူးချွန်သူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေ၏။
သို့သော်လည်း သူသည် ကိုယ်တိုင်လာရောက် အညံ့ခံခဲ့ပြီး စစ်ဆေးမေးမြန်းနေစဉ်အတွင်း အသက်ကို အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည် ။
ဤအခြေအနေတစ်ခုလုံးက အလွန် ထူးဆန်းလှ၏။
လင်းချင်းဟီက အလောင်းကို စစ်ဆေးလိုက်ပြီး ဖန်ရှီဆန်းသည် သူ၏ သွေးလွှတ်ကြောများကို ဖြတ်တောက်ကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း အတည်ပြုလိုက်သည် ။
"အရူးပဲ။ သူက သေချာပေါက် အရူး ဖြစ်ရမယ်"
ရှန်လင်ဖုန်းက တိုးတိုးလေး ညည်းတွားလိုက်၏။
ကိုယ့်ကိုယ်ကိုယ်သတ်သေလား။
ထိုသို့သော နာကျင်မှုကို တွေးကြည့်ရန်ပင် မလွယ်ကူပေ။
ကျိယွမ်သည် အကျဉ်းခန်းထဲတွင် နှုတ်ဆိတ်စွာ ရပ်နေရင်း စိတ်ထဲမှ တွေးလိုက်သည် ။ "ဒီကိစ္စရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတယ်"
မူလ ကျိယွမ်၏ အဆင့်အတန်းမှာ ရိုးရှင်းလှသည် မဟုတ်ပေ။
လင်းချင်းဟီသည် ဖန်ရှီဆန်း၏ သေဆုံးမှုကို မြင်တွေ့ပြီးနောက် ကျိယွမ်ကို ကြည့်ရင်း ပိုမို ဆန်းကြယ်သည်ဟု ခံစားရသဖြင့် ခိုးကြည့်လိုက်မိ၏။
ငါ သူ့ကို အမြဲတမ်း အထင်သေးခဲ့မိတာလား။
ရှန်အိမ်တော်သို့ ပြန်ရောက်သောအခါ ကျိယွမ်သည် သူ၏ အခန်းထဲတွင် ထိုင်နေရင်း အတွေးများထဲတွင် နစ်မြုပ်နေသည် ။
ယနေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများက သူ့ကို အဖြေမရှိသော မေးခွန်းများစွာ ကျန်ရစ်စေခဲ့၏။
"မူလ ကျိယွမ်က ပစ္စည်းတစ်ခုခုကို ပေးအပ်ခဲ့လို့ ရောင်ခြည်အဖွဲ့ရဲ့ ဒေါသကို ဆွပေးခဲ့တာ"
သူသည် မိမိဘာသာ တိုးတိုးလေး ပြောလိုက်၏။
သူ၏နှာခေါင်းက မတုန့်ပြန်ပေ။
ဒါက ထိုစကားမှာ အမှန်တရား ဖြစ်ကြောင်း အတည်ပြုပေးနေခြင်း ဖြစ်သည် ။
ကျိယွမ်၏ နှာခေါင်းသည် မိမိဘာသာ ပြောဆိုသော စကားများအတွက်ပင် မုသားစမ်းသပ်စက်အဖြစ် လုပ်ဆောင်နိုင်၏။
"အဲဒီပစ္စည်းကို ဒီနှစ် မတ်လ ၁၁ ရက်နေ့မှာ ပေးခဲ့တာလား"
နှာခေါင်း ရှည်လာသည် ။
"မေလ ၁၆ ရက်နေ့လား"
နှာခေါင်း ရှည်လာသည် ။
"ဇူလိုင်လ ၂၁ ရက်နေ့လား"
ဒီတစ်ကြိမ်တွင်မူ သူ၏ နှာခေါင်းက ရှည်ထွက်မလာပေ။
ကျိယွမ်က မျက်မှောင်ကုတ်လိုက်သည် ။
"ဇူလိုင်လ ၂၁ ရက်နေ့က သူ ဘိုးဘေးတွေကို ကန်တော့ဖို့အတွက် အိမ်ပြန်မလာခင်လေးတင်ပဲ"
သူသည် ကျပန်း ခန့်မှန်းနေခြင်း မဟုတ်ဘဲ မူလ ကျိယွမ်၏ ပျောက်ဆုံးနေသော အမှတ်ရစရာများနှင့် ဆက်စပ်နေသည့် ရက်စွဲများကိုသာ စမ်းသပ်နေခြင်း ဖြစ်၏။
"ဒါဆို ဇူလိုင်လ ၂၁ ရက်နေ့မှာ မူလ ကျိယွမ်က တစ်စုံတစ်ဦးထံ ပစ္စည်းတစ်ခုခု ပေးခဲ့လို့ ရောင်ခြည်အဖွဲ့က ဖန်ရှီဆန်းရဲ့ ဒေါသကို ဆွပေးခဲ့ပြီး ရန်ငြိုးဖွဲ့တာကို ခံခဲ့ရတာပေါ့"
"ဒါပေမဲ့ ဖန်ရှီဆန်းက ဘာလို့ တိုက်ရိုက် မလှုပ်ရှားခဲ့တာလဲ။ သူ တစ်စုံတစ်ခုကို ရှောင်လွှဲနေတာလား"
"ဟူး။ ဒါတွေက ရှုပ်ထွေးလွန်းတယ်။ တွေးရတာက တကယ်ကို လက်ပေါက်ကပ်တာပဲ"
"ထားလိုက်ပါတော့။ ငါ သန်မာလာဖို့ကိုပဲ အာရုံစိုက်ရမယ်။ ငါ သန်မာလာရင် အရာအားလုံးက အလိုလို ပေါ်ပေါက်လာမှာပဲ"
ကျိယွမ်သည် ဤကိစ္စကို လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည် ။
"ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုပဲ သခင်"
ချန်ခန်းပေါင်သည် သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေရင်း အခန်းထဲသို့ ပြေးဝင်လာ၏။
"ကျွန်တော် ဝိညာဉ်မှင်စာ သားဖောက်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့တယ်"
"မှင်စာ သားဖောက်နယ်မြေ လား။ တိမ်နီရွာမှာ ရှိတဲ့ နေရာမျိုးလား"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည် ။ဖုန်းရှန်းခရိုင်သို့ ရောက်ရှိလာကတည်းက ကျိယွမ်သည် အချိန်များကို အလဟဿ ဖြုန်းတီးကာ ယင်ကောင်များကို လိုက်လံ ရိုက်နှက်မနေတော့ပါ။
သူ့အတွက်မူ ဗဟုသုတသည် အဓိက အသုံးချရမည့် စွမ်းအား ဖြစ်၏။
လုံလောက်သော သတင်းအချက်အလက် မရှိဘဲနှင့် သူသည် တန်ဖိုးရှိသော မျှော်လင့်ခြင်းလမင်းများကို မည်သို့ ထိရောက်စွာ ရှာဖွေနိုင်ပါ့မည်နည်း။
တိမ်နီရွာ၏ မှင်စာသားဖောက်နယ်မြေ ကဲ့သို့သော နေရာများသည် ထိုသို့သော တန်ဖိုးရှိသည့် သားကောင်များကို ရှာဖွေရန်အတွက် အကောင်းဆုံး နေရာများ ဖြစ်ကြသည် ။
"မင်းပြောချင်တာက ရောင်ခြည်အဖွဲ့က ဒီဖုန်းရှန်းခရိုင်ထဲမှာ မှင်စာသားဖောက်နယ်မြေတစ်ခု ရှိနေတာလား"
ကျိယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။
ဖုန်းရှန်းခရိုင်သည် နင်ခရိုင်နှင့် မတူပေ။
ကမ္ဘာမြေအဆင့်လက်နက်သခင် များ ရှိနေပါလျက်နှင့် မှင်စာသားဖောက်နယ်မြေတစ်ခုက မည်သို့ တိတ်တဆိတ်တည်ရှိနေနိုင်ရသနည်း။
"ဟုတ်ပါတယ်"
ချန်ခန်းပေါင်က အော်ပြောလိုက်သည် ။
"သခင်... ကျွန်တော် ဒီသတင်းအချက်အလက်ကို ရဖို့အတွက် အများကြီး အားထုတ်ခဲ့ရတာ"
ချန်ခန်းပေါင်သည် ဆုလာဘ်အဖြစ် ပေါက်စီတစ်လုံး သို့မဟုတ် နှစ်လုံးလောက် ရရှိရန် မျှော်လင့်နေရင်း သူ၏ ရင်ဘတ်ကို မတ်လိုက်၏။
"တကယ်လို့ မင်းတောင် သိနိုင်တယ်ဆိုရင် ဖုန်းရှန်းခရိုင်ထဲက တခြားလူတွေက ဘာလို့ သွားပြီး မလှုပ်ရှားကြတာလဲ"
"အော်... တခြားလူတွေလည်း သိကြပါတယ်"
ချန်ခန်းပေါင်က ဝန်ခံလိုက်သည် ။
"ဒါပေမဲ့ သူတို့ အထဲကို မဝင်နိုင်ကြဘူး။ အဲဒီ သားဖောက်နယ်မြေကို အစီအရင်ကြီးတစ်ခုနဲ့ ဝန်းရံထားတာ။ ကမ္ဘာမြေအဆင့်လက်နက်သခင် တွေတောင် အဲဒါကို မဖျက်ဆီးနိုင်ကြဘူး"
ချန်ခန်းပေါင်သည် သူသိထားသမျှကို အကုန်ပြောပြလိုက်၏။
"ဒါဆိုရင်တော့ ဒါက ဖြစ်နိုင်ပါတယ်"
ကျိယွမ်သည် ပျင်းရိစွာဖြင့် အကြောဆန့်ရင်း ပြောလိုက်သည် ။
"ကဲ... ဒီသားဖောက်နယ်မြေကို သွားကြည့်ကြစို့။ ငါတို့ကို စိတ်မပျက်စေဘဲနဲ့ အသုံးချလို့ရမယ့် မျှော်လင့်ခြင်းလမင်းတွေ အများကြီး ပေးနိုင်ဖို့ မျှော်လင့်ရတာပဲ"
သူသည် အတွေ့အကြုံများ ပိုမို ရရှိရန်အတွက် ထက်သန်နေ၏။
ယနေ့ ဖန်ရှီဆန်းနှင့် ကြုံတွေ့ခဲ့ရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်မှုအချို့ ပေးခဲ့သည် ။
မူလကျိယွမ်သည် တစ်စုံတစ်ဦး၏ စောင့်ကြည့်ခြင်းကို အမြဲတမ်း ခံနေခဲ့ရသည်မှာ ထင်ရှားလှ၏။
သူလုပ်သမျှ အရာအားလုံးကို ထိုသူက မြင်တွေ့နေခဲ့ပုံရသည် ။
ယခုအခါ ကျိယွမ်သည် ထိုသို့သော ထောင်ချောက်ထဲသို့ ထပ်မံ မကျရောက်စေရန်အတွက် ပိုမို သန်မာလာဖို့ လိုအပ်၏။
သူ ရေချိုးနေချိန်မှာပင် တစ်စုံတစ်ဦးက သူ့ကို လာရောက် ချောင်းမြောင်းကြည့်ရှုနေခြင်းကို သူ ဘယ်တော့မှ ခွင့်မပြုနိုင်ပေ။
သူ သိထားသမျှအရမူ ယခုအချိန်တွင်ပင် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေနိုင်သည် ။
"ဒီနေ့ ငါ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ထားလိုက်ပြီ"
"ဘယ်သူမှ ငါရေချိုးတာကို တိုးတိုးလေး လာမကြည့်နိုင်အောင် ငါ ပိုပြီး သန်မာလာရမယ်"
ထိုအချိန်တွင် ထူမိသားစုအိမ်တော်အတွင်း၌ တိုးမှိန်သော ဖယောင်းတိုင်အလင်းရောင်က အခန်းကို လင်းထိန်စေ၏။
ထူစန်းသည် အလင်းဓားကို ကိုင်ဆောင်ထားရင်း သူ၏ မျက်လုံးများတွင် အားကျရိပ်များ ပြည့်နှက်နေသည် ။
"ဒါက တကယ်ကို ထူးခြားတာပဲ။ ငွေ ၁၀၀၀ နဲ့ လုံးဝ တန်တယ်"
သူသည် အလင်းဓားကို အသုံးပြုတိုင်း သူ၏ ဆွဲဆောင်မှုစွမ်းအားကို မြှင့်တင်ပေးသကဲ့သို့ ခံစားရ၏။
သို့သော်လည်း ၎င်း၏ အထူးစွမ်းရည်ဟု ခေါ်သော အရာကို ဖွင့်ရန်အတွက် ငွေ ၁၀၀၀၀ သုံးစွဲခဲ့ရခြင်းကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် နာကျင်ရသည် ။
ရိုးရိုးသားသား ပြောရလျှင် ထိုစကားမှာ အမှန်တရား ဖြစ်မဖြစ် သူ မသေချာပေ။
ပြီးတော့ သူသည် စမ်းသပ်မှုသက်သက်အတွက် ထိုဓား၏ သုံးကြိမ်သာ သုံးခွင့်ရှိသော အကြိမ်ရေထဲမှ တစ်ကြိမ်ကို အလဟဿ မဖြုန်းတီးဝံ့ပေ။
အဆုံးစွန်တွင် တစ်ကြိမ် အသုံးပြုခြင်းက ငွေ ၃၀၀၀ ခန့် ကုန်ကျစေမည် ဖြစ်၏။
ထူစန်းသည် ဓားကို ငေးမောကြည့်ရှုနေစဉ် သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ အကြည့်များက တည်ကြည်သွားသည် ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ထူစန်းသည် မှောင်မိုက်သောလမ်းကြားတစ်ခုတွင် ပေါ်လာ၏။
ထိုလမ်းကြားမှာ မှောင်မိုက်နေပြီး မည်သည့် သက်ရှိအရိပ်အယောင်မျှ မရှိပေ။
ရုတ်တရက် ကျီးကန်းတစ်ကောင်သည် ပျံသန်းလာပြီး သူ၏ ရှေ့တွင် နားလိုက်သည် ။
ထိုကျီးကန်းကို မြင်သောအခါ ထူစန်း၏ မျက်လုံးများတွင် ရိုသေခန့်ညားမှုများ ပြည့်နှက်သွား၏။
"နှုတ်ခွန်းဆက်ပါတယ် အကြီးအကဲ"
သူက ရိုရိုသေသေ ပြောလိုက်သည် ။
ဤကျီးကန်းမှာ ရောင်ခြည်အဖွဲ့အကြီးအကဲ ဖြစ်ပြီး ဆန်းကြယ်သော ကမ္ဘာမြေအဆင့်လက်နက်သခင် တစ်ဦး၏ ကိုယ်ပွား ဖြစ်၏။
ထူစန်းသည် ဤအကြီးအကဲက သူ့ကို ဆင့်ခေါ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"နောက်ရက်အနည်းငယ်အတွင်းမှာ ငါ နင်နိုင်ငံကနေ ထွက်ခွာတော့မယ်။ ငါ့အတွက် မင်း စုဆောင်းပေးစေချင်တဲ့ အရင်းအမြစ်အချို့ ရှိတယ်။ အဲဒီအတွက် ငါ မင်းကို အကျိုးပြုရမှတ်တွေ ပေးမယ်"
ကျီးကန်းက အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။
ထို့နောက် ၎င်းသည် ရှားပါးသော ပစ္စည်းအချို့ကို တရစပ် ပြောဆိုတော့သည် ။
ထူစန်း၏ မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွား၏။
"အကြီးအကဲ... ဒီပစ္စည်းတွေက အလွန် တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်တော် ဒါတွေကို တတ်နိုင်ပါ့မလား မသေချာဘူး"
"ဟွန်း"
ကျီးကန်း၏ အေးစက်သော နှာမှုတ်သံက လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားသည် ။
"မင်းရဲ့ ဖုံးကွယ်ထားမှုတွေက ပြီးပြည့်စုံနေတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား ထူစန်း"
ထူစန်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည် ။
သူ ဘယ်လိုသိတာလဲ။ ငါ့ရဲ့ အမှန်တရားက ပေါ်သွားပြီလား။
"ဒီပစ္စည်းတွေကို နောက်နှစ်ရက်အတွင်း သေချာပေါက် ပေးအပ်ရမယ်"
ကျီးကန်းက မည်သည့် ငြင်းဆိုချက်ကိုမှ လက်မခံသော လေသံဖြင့် အမိန့်ပေးလိုက်၏။
ထိုသို့ ပြောပြီးနောက် ၎င်းသည် အတောင်ပံများကို ဖြန့်ကာ မှောင်မိုက်သော အရိပ်များထဲသို့ ပျောက်ကွယ်သွားတော့သဖြင့် ထူစန်းအနေဖြင့် ကန့်ကွက်ရန် အခွင့်အရေး မရှိခဲ့ပေ။
---------