← Chapters

အခန်း ၅၀၃

Vol. 47 Ch. 503

အခန်း ၅၀၃

Vol. 47 Ch. 503

အခန်း (၅၀၃) အလှလေး... ငါ့ရဲ့ စီးတော်ယာဉ် လုပ်မလား

ဖုန်းရှန်းခရိုင်၏ အပြင်ဘက်တွင် တောင်တန်းများနှင့် မြစ်ရေပြင်တို့က ထိစပ်ယှက်နွယ်နေပြီး ရှုခင်းမှာ ဆွဲဆောင်မှု ရှိလှ၏။

"ဒီမြစ်ကို ဝေရွှေမြစ်လို့ ခေါ်တယ်။ မိုးရာသီမှာ အကျယ် ကျန့် ၆၀ လောက် ရှိပြီး သူ့ရဲ့ ရေစီးကြောင်းက ရဲ့ရေကန်တောင်ကနေ စီးဆင်းလာတာ"

မြစ်ကမ်းပါး ဘေးတစ်ဖက်တစ်ချက်တွင် မတ်စောက်သော ကျောက်ဆောင်ကြီးများ ရှိပြီး ၎င်းတို့ကို ဝန်းရံကာ ကျဉ်းမြောင်းသော လမ်းကလေးများ က တီကောင်များလို ကွေ့ကောက်နေသည် ။ အောက်ခြေတွင်မူ ဝေရွှေမြစ်ရေသည် ပြင်းထန်စွာ စီးဆင်းနေ၏။

ဆူးချုံများနှင့် တောရိုင်း ကတ္တီပါပန်းပင်များသည် ခါးစောင်းအထိ မြင့်မားစွာ ပေါက်ရောက်နေကြသည် ။

ဝေရွှေမြစ်ကို ငုံ့ကြည့်လိုက်လျှင် လှေငယ်များကို တစ်ခါတစ်ရံ မြင်တွေ့ရ၏။

"ငါသာ ကဗျာဆရာတစ်ယောက် ဖြစ်ရင် ဒီလို ရှုခင်းကို မြင်တာနဲ့ ကဗျာတစ်ပုဒ်လောက် စပ်ဆိုမိမှာပဲ။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက ငါက သားလှီးဓားတစ်စင်း သက်သက်ပဲမို့ ငါ့စိတ်ထဲမှာ ငါးတွေကိုပဲ လှီးဖြတ်ချင်နေမိတယ်"

ကျိယွမ်သည် ထိုရှုခင်းကို ခံစားရင်း မိမိဘာသာ မတွေးဘဲ မနေနိုင် ဖြစ်နေ၏။

သို့သော် သူသည် အိမ်ကို လွမ်းဆွတ်နေခြင်း မဟုတ်သလို စာပေအနုပညာ အာရုံများထဲတွင်လည်း နစ်မြုပ်နေခြင်း မဟုတ်သဖြင့် ကဗျာဉာဏ်က အလိုလို ထွက်ပေါ်လာခြင်း မရှိပေ ။

"ငါးပေါက်စီတွေကတော့ တကယ် အရသာရှိမှာပဲ"

ချန်ခန်းပေါင်က ဘေးမှနေ၍ ဝင်ပြောလိုက်သည် ။

ရှုခင်းတွေ မရှုခင်းတွေ သူစိတ်မဝင်စားပါ ။သူ၏ စိတ်ထဲတွင် အမြဲတမ်း အစားအစာကိုသာ အာရုံရောက်နေ၏။

သူသည် ဝေရွှေမြစ်ကို စိုက်ကြည့်ရင်း မျက်လုံးများတွင် စိတ်လှုပ်ရှားရိပ်များ ဖျတ်ခနဲ လက်သွားသည် ။

"ကျွန်တော် ကြားဖူးတာတော့ ရဲ့ရေကန်တောင်မှာ ငါးကြီးတစ်ကောင် ပုံသဏ္ဍာန်ရှိတဲ့ ရေသခင်တစ်ပါး ရှိတယ်တဲ့။ အဲဒီကောင်ရဲ့ အရသာကတော့ တကယ် ရှယ်ဖြစ်မှာပဲ"

"တစ်နေ့ကျရင် ငါ အဲဒီကောင်ကို ဖမ်းပြီး မင်းအတွက် ငါးပေါက်စီ လုပ်ပေးဖို့ စားဖိုမှူးတစ်ယောက် ငှားပေးမယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ထိုအချိန်တွင်ပင် ညုတုတုနှင့် အမျိုးသမီးအသံတစ်သံက ထွက်ပေါ်လာသည် ။

"ရှင်တို့ကတော့ တော်တော် သတ္တိရှိတာပဲ။ ရဲ့ရေကန်တောင်ရဲ့ ရေသခင်က ကမ္ဘာမြေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီးပြီ။ ရဲ့ရေကန်တောင်ရဲ့ ရေပြင်ပိုင်နက်တစ်ခုလုံးကို စိုးမိုးထားတာ။ အဲဒီ ရေကန်ထဲမှာဆိုရင် သူကပြိုင်ဘင်ကင်းပဲ။ ဒဏ္ဍာရီလာ ကောင်းကင်အဆင့်လက်နက်သခင် တစ်ယောက်တောင် သူ့ကို သတ်ဖို့ မလွယ်ဘူး"

ကျော့ရှင်းလှပသော ပုံစံရှိသည့် အမျိုးသမီး နှစ်ဦး ပေါ်လာပြီး တစ်ယောက်က အရပ်ရှည်ကာ တစ်ယောက်က ပိန်ပိန်ပါးပါး ဖြစ်သည် ။

သူတို့နှစ်ဦးလုံးသည် မျက်နှာတွင် ပုဝါများကို ခြုံထားကြသဖြင့် သူတို့၏ ရုပ်ရည်ကို မမြင်ရပေ ။

စကားပြောလိုက်သူမှာ ပိန်ပိန်ပါးပါးအမျိုးသမီး ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က သွယ်လျကာ ရင်ဘတ်က အနည်းငယ်ပြားနေသဖြင့် သူမ၏ ငယ်ရွယ်နုပျိုသော ဆွဲဆောင်မှုကို ပေါ်လွင်စေသည် ။

အရပ်ရှည်သောအမျိုးသမီးကမူ ရွှေနန်းကြိုးများဖြင့် ထိုးထားသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ် အကောက်အကောက်များမှာ ပြည့်စုံလှ၏။ သူမ၏ သေးသွယ်သော ခါးနှင့် ဆွဲဆောင်မှုရှိသော အမူအရာက လူတိုင်းကို စွဲမက်စေသည် ။

သူမ၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူမ၏ ထူးခြားလှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကြောင့် ရုပ်ရည်က မည်သို့ရှိသည်ဆိုခြင်းမှာ အရေးမကြီးတော့သည့်အတိုင်းပင်။

"ဟွန်း... ငါ့ရဲ့ သခင်က ကောင်းကင်ဘုံက ဆင်းလာတဲ့ နတ်ဘုရားပဲကွ။ သာမန် ရေသခင်လေးတစ်ကောင်က ဘာလို့ ဒီလောက်တောင် ဝင့်ကြွားနေရတာလဲ ၊ အဲကောင် ပေါက်စီဘဝ ရောက်ချင်နေတာလား "

ချန်ခန်းပေါင်က ပြန်လည် ချေပလိုက်သည် ။

ပိန်ပိန်ပါးပါးအမျိုးသမီး၏ ရယ်သံလေးက ငွေပြားလေးများ ကွဲကြေသွားသကဲ့သို့ ထွက်ပေါ်လာ၏။

"ရေသခင်က အခု ရဲ့ရေကန်တောင်မှာ ရှိနေတာပဲဟာ။ ရှင်ရဲ့ သခင်လေးက ဒီလောက်တောင် စွမ်းလှတယ်ဆိုရင် ဘာလို့ အခုချက်ချင်း သွားပြီး မသတ်ရတာလဲ"

"ငါ့သခင်မှာ သူ့အစီအစဉ်နဲ့သူ ရှိတယ်။ မင်းတို့ရဲ့ အကြံဉာဏ် မလိုဘူး"

"ဟွန်း... ကြည့်ရတာ စကားပဲ တတ်ပြီး လက်တွေ့မရှိတဲ့လူတွေ ထင်တယ်။ ကြောက်လို့ နောက်ဆုတ်နေတာမလား"

ပိန်ပိန်ပါးပါးအမျိုးသမီးက အထင်သေးစွာဖြင့် မဲ့ပြုံးပြုံးလိုက်သည် ။

"ဂျူနီယာညီမလေး... တော်တော့"

အရပ်ရှည်သောအမျိုးသမီးက အေးစက်သော လေသံဖြင့် ပြောလိုက်၏။

သူမ၏ အေးစက်လှသော အသံကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင် အေးခဲသွားသကဲ့သို့ ခံစားရပြီး ချန်ခန်းပေါင်ပင် တုန်လှုပ်သွားသည် ။

သူမ၏ အသံမှာ အေးစက်ရုံတင်မကဘဲ အရိုးထဲအထိ စိမ့်ဝင်သွားလောက်အောင် စူးရှလှ၏။

ကမ္ဘာမြေပေါ်တုန်းက ကျိယွမ်သည် ဆွဲဆောင်မှုရှိသော အသံများ၊ ဩဇာညောင်းသော အသံများစွာကို ကြားဖူးခဲ့သည် ။

သို့သော် ဤမျှအထိ အေးစက်လွန်းလှသဖြင့် ရုပ်ဝတ္ထုတစ်ခုကဲ့သို့ပင် ခံစားရသော အသံမျိုးကို သူ တစ်ခါမှ မကြုံဖူးခြေ။

"စီနီယာအစ်မကြီး..."

ပိန်ပိန်ပါးပါးအမျိုးသမီးက နှုတ်ခမ်းကို ဆူလိုက်သော်လည်း ဆက်လက် ကန့်ကွက်ရန် မဝံ့ရဲပေ။ သူမသည် စီနီယာအစ်မကြီးကို သေချာပေါက် ကြောက်ရွံ့နေမှန်း သိသာသည်။

အရပ်ရှည်သောအမျိုးသမီးက ကျိယွမ်ဘက်သို့ လှည့်လိုက်၏။

"တကယ်လို့ ရှင်က ရေသခင်ကို သတ်ချင်တဲ့ ရည်မှန်းချက် အမှန်တကယ် ရှိတယ်ဆိုရင် နောက်လာမယ့် လက်နက်သခင်ညီလာခံကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ စဉ်းစားသင့်တယ်"

သူမ၏ လေသံက နှင်းဖုံးနေသော တောင်ထိပ်ထက်မှ စကားပြောနေသကဲ့သို့ ကင်းကွာကာ အေးစက်နေဆဲ ဖြစ်သည် ။

"ငါ့မှာ အချိန်ရှိမရှိ ကြည့်ရဦးမှာပေါ့"

ကျိယွမ်က သမ်းဝေရင်း ပြောလိုက်၏။

နောက်ပိုင်းတွင် သူသည် အလွန် အလုပ်များနေသဖြင့် အိပ်ရေးပင် ပျက်နေရသည် ။

ပိန်ပိန်ပါးပါးအမျိုးသမီးက ကျိယွမ်ကို အထင်သေးစွာ ကြည့်လိုက်ပြီး ဤလူသည် စကားကြီး စကားကျယ် ပြောနေခြင်းသာ ဖြစ်သည်ဟု သတ်မှတ်လိုက်သည် ။

"ငါတို့ သွားတော့မယ်"

အေးစက်သောအမျိုးသမီးက ရေခဲစမ်းရေကဲ့သို့ အေးစက်လှသော လေသံဖြင့် ပြောလိုက်ပြီ သူမသည် ပိန်ပိန်ပါးပါးအမျိုးသမီးနှင့်အတူ လှည့်ထွက်သွားရန် ပြင်လိုက်သည် ။

"ခဏလောက်..အလှလေး"

ကျိယွမ်က လှမ်းခေါ်လိုက်၏။

ပိန်ပိန်ပါးပါးအမျိုးသမီး၏ မျက်နှာက နီမြန်းသွားသည် ။

"လူယုတ်မာ... နင် ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ"

"မင်း နားလည်မှုလွဲနေပြီ။ ငါ မင်းကို ခေါ်တာမဟုတ်ဘူး... မင်းရဲ့ အဖော်ကို ခေါ်တာ"

"နင်.."

ပိန်ပိန်ပါးပါးအမျိုးသမီးသည် ဒေါသတကြီးဖြင့် ပါးစပ်ကို ပိတ်လိုက်ပြီး ပုဝါအောက်မှ သူမ၏ မျက်နှာလေးမှာ ဆွဲဆောင်မှု ရှိလှ၏။

"ဘာကိစ္စရှိလို့လဲ"

အေးစက်သောအမျိုးသမီးက စိမ်းကားသော လေသံဖြင့် ယဉ်ကျေးစွာ မေးလိုက်သည် ။

"ငါ့မှာ စီးတော်ယာဉ်တစ်စီး လိုအပ်နေလို့။ မင်းက တော်တော် သင့်တော်ပုံရတယ်။ ငါ့ရဲ့ စီးတော်ယာဉ်အဖြစ် ဆောင်ရွက်ဖို့ စဉ်းစားပေးမလား"

ကျိယွမ်က သူမကို စိုက်ကြည့်ရင်း အလေးအနက် မေးလိုက်၏။

လေထုမှာ ခဏမျှ အေးခဲသွားသည် ။

ချန်ခန်းပေါင်သည်ပင် ရုတ်တရက် အေးစက်သွားသော လေထုကြောင့် တုန်လှုပ်သွား၏။

အေးစက်သောအမျိုးသမီး၏ အကြည့်များက ပိုမို ခက်ထန်လာသည် ။

"ရှင်... အခု ဘာပြောလိုက်တာလဲ"

ပိန်ပိန်ပါးပါးအမျိုးသမီးမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ယမ်းအိုးတစ်ခုကဲ့သို့ ဒေါသထွက်သွား၏။

"ငါ မင်းကို အလုပ်တစ်ခု ကမ်းလှမ်းနေတာပါ။ ခံစားခွင့်တွေ အပြည့်အစုံ ရှိမယ်၊ စားဝတ်နေရေး အားလုံး တာဝန်ယူပေးမယ်၊ လစာလည်း ကောင်းကောင်းပေးမယ်၊ ရာထူးတိုးဖို့ အခွင့်အရေးလည်း ရှိတယ်။ တကယ်လို့ မင်း စွမ်းဆောင်ရည် ကောင်းရင် စီးတော်ယာဉ်အဆင့်ကနေ အိပ်ရာနွေးပေးသူ အဆင့်အထိတောင် ရာထူးတိုးပေးဦးမှာ"

ကျိယွမ်က တည်ကြည်သော ပုံစံဖြင့် ရှင်းပြလိုက်သည် ။အေးစက်သောအမျိုးသမီးကမူ အမူအရာ မပြောင်းလဲဘဲ လှည့်ထွက်သွားတော့သည် ။

ပိန်ပိန်ပါးပါးအမျိုးသမီးကလည်း ဒေါသတကြီးဖြင့် သူမ၏ နောက်မှ အလျင်အမြန် လိုက်သွား၏။

"တော်တော် ယဉ်ကျေးမှု မရှိတာပဲ။ နှုတ်တောင်မဆက်ဘဲ ထွက်သွားကြတယ်"

ချန်ခန်းပေါင်က မကျေမနပ် ပြောလိုက်သည် ။

"မင်းက လူတွေကို အထင်ကြီးလွန်းနေတာပဲ။ ငါ့လို ပါးနပ်တဲ့လူမျိုးက ဒီလောကမှာ ရှားပါးတယ်"

ကျိယွမ်က ဂုဏ်ယူဝင့်ကြွားစွာ မှတ်ချက်ချလိုက်၏။

မလှမ်းမကမ်းတွင် ပိန်ပိန်ပါးပါးအမျိုးသမီးသည် ဒေါသထွက်လွန်းသဖြင့် ခြေချော်လုနီးပါးပင် ဖြစ်သွားသည် ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ပိန်ပိန်ပါးပါးအမျိုးသမီးသည် လှေငယ်တစ်စင်းပေါ်တွင် ခါးထောက်ကာ ထိုင်နေ၏။

"ဒီနှစ်ယောက်က တကယ်ကို မခံချင်စရာ ကောင်းတာပဲ။ စကားကြီး စကားကျယ် ပြောပြီး ယဉ်ကျေးမှုလည်း မရှိဘူး။ ငါက မလှလို့လား။ တကယ်လို့ စီနီယာအစ်မကြီးသာ ငါ့ကို မတားခဲ့ရင် ငါ သူတို့ကို ငါးတွေလိုပဲ ချိတ်နဲ့ တွဲပစ်လိုက်မှာ"

"အရူးတွေနဲ့ ဘာလို့ စကားများနေမှာလဲ"

အေးစက်သောအမျိုးသမီးက တည်ငြိမ်စွာ ပြန်ဖြေသည် ။

"အရူးတွေ ဟုတ်လား"

ပိန်ပိန်ပါးပါးအမျိုးသမီးက သတိပြုမိသွားရင်း မျက်တောင်ခတ်လိုက်၏။

"အော်... သူတို့က အရူးတွေပေါ့"

သူမသည် သက်ပြင်းချလိုက်ပြီး အရူးများကြောင့် စိတ်တိုမိခြင်းကို မိမိဘာသာ အဆင့်မရှိဟု ခံစားရသည် ။

အေးစက်သောအမျိုးသမီးကမူ အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။

"သူတို့ သွားနေတဲ့ လမ်းကြောင်းက... ကွန်းလင်းကူးတို့ဆိပ် ဘက်ကို ဦးတည်နေသလိုပဲ"

"ကွန်းလင်းကူးတို့ဆိပ် ဟုတ်လား"

ပိန်ပိန်ပါးပါးအမျိုးသမီးကလည်း မျက်မှောင်ကုတ်လိုက်သည် ။

သူတို့သည် ဆရာ၏ အမိန့်ကို နာခံပြီး မှင်စာသားဖောက်နယ်မြေတစ်ခုကို စုံစမ်းစစ်ဆေးရန်အတွက် ကွန်းလင်းကူးတို့ဆိပ်သို့ သွားနေကြခြင်း ဖြစ်၏။

သူတို့၏ ဆရာသည် ရောင်ခြည်အဖွဲ့၏ လှုပ်ရှားမှုများ ပိုမို များပြားလာခြင်းနှင့် နယ်မြေများအတွက် အန္တရာယ် ရှိလာနိုင်ခြင်းကို စိုးရိမ်နေခြင်း ဖြစ်သည် ။

"မြန်မြန်လေး.."

သူတို့ ကွန်းလင်းကူးတို့ဆိပ်သို့ ရောက်ရှိသည့်အခါ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသဖြင့် ပိန်ပိန်ပါးပါးအမျိုးသမီးက စိတ်အေးသွား၏။

"သူတို့က ရောင်ခြည်အဖွဲ့က လူတွေ ဖြစ်နိုင်မလား"

သူမက သံသယစိတ်ဖြင့် မေးလိုက်သည် ။

"မဖြစ်နိုင်ဘူး"

အေးစက်သောအမျိုးသမီးက ပြန်ဖြေ၏။

"ရောင်ခြည်အဖွဲ့ရဲ့ အကြီးအကဲတွေက လူသားအသွင်သဏ္ဌာန်ကို စွန့်လွှတ်ခဲ့ကြတာ ကြာပြီ။ ထိုလူနှစ်ယောက်ကတော့ အပြစ်အနာအဆာတွေ ရှိနေပေမဲ့ လူသားစစ်စစ်တွေပါပဲ"

ပိန်ပိန်ပါးပါးအမျိုးသမီးက စိတ်အေးသွားရင်း သက်ပြင်းချလိုက်သည် ။

"အင်း... ဟုတ်တာပဲ။ ဒါပေမဲ့ တစ်ယောက်က အရူးက စကားတွေ လျှောက်ပြောနေပေမဲ့ တော်တော်တော့ ခန့်ညားတာပဲနော်"

"ဒါက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်"

အေးစက်သောအမျိုးသမီးက ပြောလိုက်၏။

"စီနီယာအစ်မကြီး...ကျွန်မတို့ အစ်မရဲ့ မိသားစုအိမ်တော်ကို ပြန်ရောက်ရင် အဲဒီမှာ တစ်ည အိပ်မှာလား။ အစ်မရဲ့ ခင်ပွန်းနဲ့ တကယ် တွေ့ချင်မိတယ်"

ပိန်ပိန်ပါးပါးအမျိုးသမီးက စနောက်လိုသော အပြုံးဖြင့် မေးလိုက်သည် ။

"မအိပ်ဘူး"

အေးစက်သောအမျိုးသမီးက အေးစက်စွာ ပြန်ဖြေ၏။

"ငါတို့ ရွှေရည်စိမ်မှော်ကျောက်တုံးကို ယူပြီးတာနဲ့ ရဲ့ရေကန်တောင်ကို ချက်ချင်း ပြန်ကြမယ်"

သူမ၏ လေသံက သူစိမ်းတစ်ယောက်အကြောင်း ပြောနေသကဲ့သို့ စိမ်းကားနေဆဲ ဖြစ်သည် ။

ပိန်ပိန်ပါးပါးအမျိုးသမီးမှာ ခဏမျှ မှင်တက်သွားသော်လည်း အလျင်အမြန်ပင် ပြုံးလိုက်မိတော့သည် ။

"သူက ခန့်ညားတဲ့လူ ဖြစ်ဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့ တကယ် နှမြောဖို့ကောင်းမှာ"

ထိုအချိန်တွင် ကွန်းလင်းကူးတို့ဆိပ်၌ ရေပြင်မှာ မည်းမှောင်နေပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။ အပင်များသည် လူသားတို့၏ ဆံပင်များကဲ့သို့ ထူးဆန်းစွာ ရှုပ်ထွေးကာ ထူထပ်စွာ ပေါက်ရောက်နေကြသည် ။

"ဖုန်းရှန်းခရိုင်ရဲ့ မှတ်တမ်းတွေအရ ထျန်းယွမ်ခေတ် သတ္တမမြောက်နှစ်တုန်းက ရေကြီးမှုကြောင့် ကွန်းလင်းကူးတို့ဆိပ်တစ်ခုလုံး ရေမြုပ်ခဲ့ပြီး အိမ်ခြေ ၇၅ အိမ်စာ လူတွေ ရေနစ်သေဆုံးခဲ့ရတယ်"

ချန်ခန်းပေါင်က ရှင်းပြလိုက်၏။

"ပထမတော့ လူတိုင်းက ဒါကို သဘာဝဘေးအန္တရာယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝိညာဉ်မှင်စာသားဖောက်နယ်မြေတစ်ခု ရှိနေတာ ပေါ်သွားတော့မှ ဒါက လူတွေ လုပ်ခဲ့တာဆိုတာ သိလိုက်ကြရတယ်။ ရောင်ခြည်အဖွဲ့က ဝိညာဉ်မှင်စာတွေကို မွေးမြူဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ ရက်စက်မှုတစ်ခုပေါ့"

"ဒါဆို ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်မှင်စာတွေက တစ်ချိန်က ကွန်းလင်းကူးတို့ဆိပ်က လူတွေပေါ့"

ကျိယွမ်က မေးလိုက်သည် ။

"ဟုတ်ပါတယ်။ သူတို့က ဆိပ်ကမ်းအလုပ်သမားတွေ၊ ဘဝကို အနိုင်နိုင် ရုန်းကန်နေရတဲ့ သာမန် အလုပ်သမားတွေပဲ။ သူတို့က ထမင်းဝအောင်တောင် မစားနိုင်ကြတဲ့လူတွေပါ"

ချန်ခန်းပေါင်က သက်ပြင်းချရင်း ပြော၏။

"သနားစရာကောင်းလိုက်တာ"

ကျိယွမ်သည် ကွန်းလင်းကူးတို့ဆိပ်ကို စိုက်ကြည့်ရင်း အထဲတွင် ငြိမ်သက်နေသော ဝိညာဉ်မှင်စာများစွာ ရှိနေကြောင်း ခံစားမိလိုက်သည် ။

တိမ်နီရွာနှင့် နှိုင်းယှဉ်လျှင် ဤနေရာက ပိုမို အန္တရာယ်များလှပြီး ဝိညာဉ်မှင်စာများ ပြည့်နှက်နေ၏။

စိမ့်စမ်းထူထပ်ပြီး အဆိပ်ငွေ့များနှင့် မြူခိုးများက နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားသဖြင့် သာမန်လူများ အထဲသို့ မဝင်နိုင်ကြပေ။ ကမ္ဘာမြေအဆင့်လက်နက်သခင် တစ်ဦး၏ ခိုင်မာသော ခန္ဓာကိုယ်ပင်လျှင် ဤနေရာတွင် အခက်အခဲ ရှိနိုင်သည် ။

ကောင်းကင်အဆင့်လက်နက်သခင် များသာလျှင် လွယ်ကူစွာ သွားလာနိုင်လိမ့်မည် ဖြစ်၏။

"ငါ အထဲကို မဝင်ခင်မှာ အဆိပ်ငွေ့ကာမျက်နှာဖုံးအချို့နဲ့ ပိုပြီး ကြီးမားတဲ့ ဒရုန်းတစ်ခုကို ထွင်းထုဖို့ လိုအပ်လိမ့်မယ်"

ကျိယွမ်က မှတ်ချက်ချလိုက်သည် ။

တိုက်ရိုက် တိုးဝင်ခြင်းက အလွန် လက်ဝင်လှပြီး အချိန်ကို အလဟဿ ဖြုန်းတီးရာ ရောက်လိမ့်မည် ။

"သခင်က... တကယ်ကို အားကျစရာ ကောင်းလှပါတယ်"

ချန်ခန်းပေါင်က မြှောက်ပင့်ပြောဆိုလိုက်၏။

"ငါတို့ အရင်ဆုံး သေသေချာချာ စောင့်ကြည့်ရမယ်။ အန္တရာယ် အားလုံးကို ဖော်ထုတ်ပြီးမှ တစ်ခါတည်း ရှင်းပစ်ရမယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြောသည် ။

ကွန်းလင်းကူးတို့ဆိပ်၏ အခက်ခဲဆုံး အစိတ်အပိုင်းမှာ အထဲသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်ဖို့ ဖြစ်၏။ ကျိယွမ်သည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဆန်းစစ်ရန်နှင့် တုံ့ပြန်မည့် နည်းလမ်းများကို စဉ်းစားရန်အတွက် မျက်လုံးများကို အသုံးချကာ စူးစမ်းလိုက်သည် ။

နာရီအနည်းငယ် ကြာပြီးနောက် ညချမ်းအချိန်သို့ ရောက်ရှိလာသော်လည်း ကျိယွမ်သည် ရှန်အိမ်တော်သို့ ပြန်မသွားဘဲ သရဲဈေးသို့ သွားခဲ့၏။

ပစ္စည်းအချို့ကို ထပ်မံ ဝယ်ယူပြီးနောက် သူသည် သူ၏ ဆိုင်ခန်းကို ပြန်လည် ဖွင့်လှစ်လိုက်သည် ။

"ဟူး...ငါ့ဘဝကလည်း ဆင်းရဲလိုက်တာ"

ကျိယွမ်က ညည်းတွားလိုက်၏။

"ငါ့ရဲ့ သိုလှောင်ရေးလက်နက်ကလည်း ပြည့်လုနီးပါး ဖြစ်နေပြီ၊ ငါ့ရဲ့ ငွေပြားတွေကလည်း ကုန်သလောက် ဖြစ်နေပြီ"

"လူတွေက ဘာလို့ ငါ့ရဲ့ ပါရမီကို အသိအမှတ်ပြုပြီး ငါ့လက်နက်တွေကို မဝယ်ကြတာလဲ"

အခုအချိန်ထိ သူသည် အလင်းဓားသွားတစ်စင်းသာ ရောင်းချရသေးပြီး ထိုအရာကိုလည်း ဘာမှမသိသော လူကုံထံတစ်ဦးက ဝယ်ယူခဲ့ခြင်း ဖြစ်၏။

နတ်ဘုရားအသွင် ဆောင်ရွက်ရန်အတွက် အရင်းအမြစ် အမြောက်အမြား လိုအပ်လှသဖြင့် သူသည် ဒရုန်းများ၊ ကောင်းကင်တမန်အတုများနှင့် ကြယ်စင်တိုက်သင်္ဘောကြီးကိုပင် ဖန်တီးရန် စိတ်ကူးထားသည် ။

သို့သော်လည်း သူ၏ လက်ရှိ ငွေကြေးအခြေအနေနှင့်ဆိုလျှင် ထိုစိတ်ကူးများမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်၏။

"သခင်.. ဒီလောကမှာ ပစ္စည်းကောင်းကို မသိတဲ့ လူမိုက်တွေ အများကြီး ရှိတာပဲ"

ချန်ခန်းပေါင်က အလေးအနက် ပြောလိုက်သည် ။

"မင်းက လူမိုက်မဟုတ်ရင် တစ်ခုခု ဝယ်လိုက်ပါလား"

ကျိယွမ်က မျက်ခုံးပင့်ရင်း ပြန်ပြော၏။

"ဟီး... သခင်... ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ။ ကျွန်တော်က ဉာဏ်ပညာ ကြီးမားလှပေမဲ့ နှမြောဖို့ကောင်းတာက ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလေ"

ချန်ခန်းပေါင်က ရှက်ကိုးရှက်ကန်း ပုံစံဖြင့် ပြန်ဖြေသည် ။

"မင်းက ဉာဏ်ကြီးတယ်ဆိုရင် ဘာလို့ ပိုက်ဆံမရှိရတာလဲ"

"ကျွန်တော် ကံမကောင်းလို့ပါ"

ချန်ခန်းပေါင်က အားနည်းသော လေသံဖြင့် ပြောလိုက်၏။

ထိုအချိန်တွင်ပင် စူးရှပြီး လှောင်ပြောင်လိုသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည် ။

"စီနီယာအစ်မကြီး... ကြည့်ဦး။ ဟို အရူးနှစ်ယောက်ပဲ"

ချိုသာသော်လည်း မခံချင်စရာ ကောင်းသော ထိုအသံနှင့်အတူ နှင်းကဲ့သို့ အေးစက်လှသော ရနံ့အချို့ ထွက်ပေါ်လာ၏။

ဝေရွှေမြစ်အနီးတုန်းက ကျိယွမ် ကြုံတွေ့ခဲ့ရသည့် ပိန်ပိန်ပါးပါးအမျိုးသမီးနှင့် အရပ်ရှည်သောအမျိုးသမီးတို့သည် သူ၏ ဆိုင်ခန်းရှေ့သို့ ရောက်ရှိလာကြခြင်း ဖြစ်သည် ။

ပိန်ပိန်ပါးပါးအမျိုးသမီးသည် ဆိုင်တွင် ခင်းကျင်းထားသော ထူးဆန်းသော လက်နက်များကို စူးစမ်းကြည့်ရှုရင်း စိတ်ဝင်စားသွားပြီး အထင်သေးစွာဖြင့် နှာမှုတ်လိုက်၏။

"ဒါဆို နင်က လက်နက်သခင်တစ်ယောက်ပေါ့။ ဒါပေမဲ့ နင့်ရဲ့ လက်ရာကတော့... လိုအပ်ချက်တွေ အများကြီး ရှိနေသေးပုံရတယ်။ ဒါတွေက ဘာအမှိုက်တွေလဲ"

ကျိယွမ်နှင့် ချန်ခန်းပေါင်တို့သည် ရှန်အိမ်တော်မှ ထွက်ခွာလာတိုင်း အသွင်တစ်ထောင်ပြောင်းမျက်နှာဖုံးကို အသုံးပြုကာ သူတို့၏ ရုပ်ရည်ကို ပြောင်းလဲထားကြခြင်း ဖြစ်သည် ။

ကျိယွမ်အနေဖြင့် သာမန် သမက်လေးတစ်ဦးအဖြစ် သရုပ်ဆောင်ရန်အတွက် အလွန်အရေးကြီး၏။ လူသိရှင်ကြား သူ၏ စွမ်းရည်များကို ပြသမိလျှင် သူ တည်ဆောက်ထားသော "သာမန်လူ" ပုံရိပ်ကို ထိခိုက်စေနိုင်သည် ။

ပိန်ပိန်ပါးပါးအမျိုးသမီးသည် သူ့ကို မမှတ်မိသော်လည်း ထူးဆန်းသော လက်နက်များကြောင့် စိတ်ဝင်စားနေ၏။

သူမ၏ အကြည့်က ကြော်ငြာများကို ချိုသာသောအသံဖြင့် ဖွင့်ပြနေသည့် စပီကာဆီသို့ ရောက်ရှိသွားသည် ။

"ဒါက စိတ်ဝင်စားစရာပဲ။ စကားပြောတတ်တာလား"

သူမက မေးလိုက်၏။

"မင်း ပစ္စည်းလာဝယ်တာလား"

ကျိယွမ်က တောက်ပသော အပြုံးဖြင့် မေးလိုက်သည် ။

"ငါ ဆိုင်ဖွင့်တာ သုံးရက်ပဲ ရှိသေးပေမဲ့ အရောင်းအဝယ်ကတော့ အလွန် ကောင်းမွန်နေတယ်။ တစ်ရက်ကို ပျမ်းမျှ ငွေပြား သုံးထောင်ဖိုးလောက် ရောင်းရတယ်"

ကျိယွမ်၏ စာရင်းအင်း ကျွမ်းကျင်မှုမှာ ထူးချွန်လှသဖြင့် ကိန်းဂဏန်းများကို မည်သို့ ဆွဲဆောင်မှုရှိအောင် ပြောရမည်ကို သူ သိထား၏။

"ဘာ။ တစ်ရက်ကို ငွေပြား သုံးထောင် ဟုတ်လား"

ပိန်ပိန်ပါးပါးအမျိုးသမီးမှာ မှင်တက်သွားသည် ။

"နင် ငါတို့ကို လာလိမ်နေတာလား"

ငွေပြား သုံးထောင်ဆိုလျှင် ရွှမ်အဆင့်လက်နက်တစ်ခုကို ဝယ်ယူနိုင်သဖြင့် မည်သူမဆို မည်သည့် အသိအမှတ်ပြုချက်မှ မရှိသော ဤအမှိုက်ပုံကြီးကို ဝယ်ယူမည် မဟုတ်ပေ။

ဆိုင်တစ်ခုလုံးတွင် ရှိသော ပစ္စည်းအားလုံး ပေါင်းလျှင်ပင် ငွေပြား တစ်ထောင်ဖိုး ပြည့်ရန် မလွယ်ကူပေ။

"သူ လိမ်ပြောနေတာ မဟုတ်ဘူး"

ဘေးမှ အိမ်နီးနားချင်းဈေးသည်က ဝင်ပြောလိုက်ပြီး သူ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ရှိနေ၏။

ကျိယွမ်သည် ပထမဆုံးနေ့တုန်းက ငွေ ၁၀၀၀၀ အလွယ်တကူ ရရှိခဲ့ကတည်းက ထိုဈေးသည်က သူ့ကို ရိုသေလေးစားစွာ ဆက်ဆံခဲ့ခြင်း ဖြစ်သည် ။

ထိုမျှများပြားသော အရောင်းအဝယ်တစ်ခုကို လုပ်ဆောင်ပြီးနောက် သရဲဈေးမှ ဘေးကင်းစွာ ထွက်ခွာနိုင်သူ မည်သူမဆို သေချာပေါက် သာမန်လူ မဟုတ်ကြောင်း ထင်ရှားလှ၏။

ဈေးသည်၏ အတည်ပြုချက်ကို ကြားသောအခါ ပိန်ပိန်ပါးပါးအမျိုးသမီးက ယုံကြည်သွားသည် ။

သူမက ကျိယွမ်ကို စိုက်ကြည့်လိုက်၏။

"ရှင်ကတော့ တကယ်ကို မယုံနိုင်စရာပဲ။ ဒီလို အမှိုက်တွေကို ဒီလောက် ငွေအမြောက်အမြားပေးပြီး ဝယ်တဲ့ အရူးတွေ ရှိနေတာကို ငါ စိတ်ကူးလို့တောင် မရဘူး"

သူမ၏ မျက်လုံးများက စပီကာဆီသို့ ပြန်လည် ရောက်ရှိသွားသည် ။

"ဒါ ဘယ်လောက်လဲ"

"ငွေပြား ကိုးဆယ့်ကိုးပြားပဲ"

ကျိယွမ်က အမှန်အတိုင်း ပြန်ဖြေ၏။

"ဒါက နည်းနည်းတော့ ဈေးကြီးတယ်..."

ပိန်ပိန်ပါးပါးအမျိုးသမီးက တုံ့ဆိုင်းသွားသော်လည်း ငွေကို ထုတ်ပေးလိုက်သည် ။

"ဒါပေမဲ့ ငါ့မှာ ပိုက်ဆံရှိလို့ ဝယ်လိုက်မယ်"

သူမက ငွေပြားကို ကမ်းပေးလိုက်ပြီး စပီကာကို ယူလိုက်၏။

သူမသည် ၎င်း၏ လုပ်ဆောင်ပုံကို အမှန်တကယ် စူးစမ်းလိုစိတ် ရှိနေပြီး အမြောက်အမြား ထုတ်လုပ်နိုင်လျှင် အသုံးဝင်လိမ့်မည်ဟု ယုံကြည်နေသည် ။

ကျိယွမ်က ငွေကို အပြုံးဖြင့် ဝမ်းမြောက်စွာ လက်ခံလိုက်၏။

ထိုအချိန်ထိ အရပ်ရှည်သောအမျိုးသမီးမှာမူ နှုတ်ဆိတ်နေဆဲ ဖြစ်ပြီး သူမ၏ အေးစက်သော အကြည့်များက ဆိုင်ရှိ လက်နက်များကို စူးစမ်းလိုစိတ်အချို့ဖြင့် ဝှေ့ကြည့်လိုက်သည် ။

ရုတ်တရက် အလျင်အမြန် လျှောက်လာသော ခြေသံများ နီးကပ်လာ၏။

"စီနီယာ... မင်း ဒီမှာ ရှိနေတာကို ကျွန်တော် တကယ် မယုံနိုင်ဘူး"

ထိုအသံ၏ ပိုင်ရှင်မှာ အခြားသူမဟုတ်ဘဲ သခင်လေးထူ ဖြစ်ပြီး သူသည် ပျာပျာသလဲနှင့် စိတ်လှုပ်ရှားစွာ ရောက်ရှိလာခြင်း ဖြစ်၏။

ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသဖြင့် ကျိယွမ်၏ မျက်နှာအမူအရာက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည် ။

"အော်... ကျန်တဲ့ အလင်းဓားသွား နှစ်စင်းကို ဝယ်ဖို့ လာတာလား။ မင်း ကံကောင်းပါတယ်၊ ဒီနေ့ ငါ စိတ်ကောင်းဝင်နေလို့ နှစ်စင်းလုံးကို ငွေပြား ၂၁၉၉၈ ပြားတည်းနဲ့ ပေးမယ်"

ပိန်ပိန်ပါးပါးအမျိုးသမီးမှာ မျက်လုံးပြူးကာ မှင်တက်သွားတော့သည် ။

အရူးတစ်ယောက်က တကယ်ကြီး ရောက်လာတာလား။

----------

All Chapters