← Chapters

အခန်း ၅၀၄

Vol. 47 Ch. 504

အခန်း ၅၀၄

Vol. 47 Ch. 504

အခန်း (၅၀၄) -ကောင်းကင်အလုပ်ရုံ၏ ဖိတ်ခေါ်မှု

သခင်လေးထူစန်းသည် သူ၏ဘေးရှိ အမျိုးသမီးနှစ်ဦးအား လှမ်းကြည့်လိုက်၏။ တစ်ယောက်မှာ ကျောက်စိမ်းကဲ့သို့ အရပ်ရှည်ပြီး တည်ငြိမ်ကာ အခြားတစ်ယောက်မှာ သေးသွယ်ပြီး ဖျတ်လတ်လှရာ သူ၏အကြည့်တွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။

"စီနီယာ... ကျွန်တော်... အဟွတ် ..အဟွတ်... အခုတလော ငွေနည်းနည်း ပြတ်နေလို့ပါ"

သူသည် စကားကို အနေခက်စွာ ပြောလိုက်၏။

သူ မှောင်ခိုဈေးကွက်သို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သွေးဆူးအကြီးအကဲတစ်ယောက်အတွက် ပစ္စည်းများ လာရောက်ဝယ်ယူပေးခြင်း ဖြစ်သည်။

ထိုအကြီးအကဲ၏ အလွန်အကျူးတောင်းဆိုမှုများကြောင့် ထူစန်းမှာ ငွေကြေးပြတ်တောက်လုနီးပါး ဖြစ်ခဲ့ရ၏။

သို့သော်လည်း သူသည် နောက်ဆုံးတွင် စိတ်ကိုတင်းကာ အရောင်းအဝယ်ကို ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

"ငါတော့ ချမ်းသာမယ့်အခွင့်အရေး လက်လွတ်သွားပြီ ထင်တယ်"

ကျိယွမ်က စိတ်ပျက်လက်ပျက် လေသံဖြင့် သက်ပြင်းချလိုက်၏။

ဘေးနားရှိ ပိန်ပါးသောအမျိုးသမီးက ထူစန်းကို ကြည့်ကာ လူပါးဝသော အမူအရာဖြင့် စကားဆိုသည်။

"ရှင်ပြောပုံအရဆို ဒီ... အလင်းဓားကို တေးလ်တစ်သောင်း ပေးခဲ့ရတာပေါ့"

သူမသည် အလင်းဓားကို နှာခေါင်းရှုံ့လျက် လက်ညှိုးထိုးကာ မျက်လုံးများတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။

သူမ၏ အမူအရာက သုံးပုံတွင် ထူစန်းကို အရူးဟု ထင်နေပြီး ခုနစ်ပုံတွင်မူ ပူးပေါင်းကြံစည်သူဟု ထင်နေကြောင်း သိသာလေသည်။

ထူစန်းသည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ဘေးနားတွင်ရပ်နေသည့် အရပ်ရှည်ရှည် အေးစက်သောအမျိုးသမီးကို လှမ်းကြည့်လိုက်၏။

အဆုံးတွင်မူ သူသည် ငြင်းခုံမနေရန် ရွေးချယ်လိုက်သည်။

သူသည် ကျိယွမ်ဘက်သို့ ပြန်လှည့်ကာ သတိကြီးစွာဖြင့် မေးလိုက်၏။

"စီနီယာ... ဒီလက်နက်က တကယ်ပဲ ခင်ဗျားပြောသလို စွမ်းဆောင်နိုင်ရည်ရှိတာလား"

သွေးဆူးအကြီးအကဲနှင့် ဆက်ဆံရချိန်တွင် ထူစန်းအနေဖြင့် စိတ်ချရသော ကိုယ်ပိုင်ခုခံကာကွယ်မှုနည်းလမ်းတစ်ခု လိုအပ်နေသည်။

"တကယ်အစစ်အမှန်ပါပဲ။ ဒီအလင်းဓားကို လက်ထဲကိုင်ထားရင် နင်နိုင်ငံမှာ စိတ်ချလက်ချ ရဲရဲဝံ့ဝံ့ သွားလို့ရတယ်"

ကျိယွမ်က ဆက်ပြော၏။

"ဒါနဲ့ စကားမစပ်... နောက်ထပ် နှစ်လက် ကျန်သေးတယ်။ ဈေးက အလွန်ချိုတယ်နော်... တကယ်လို့ မင်းအခုချက်ချင်း မယူရင် နောက်ရက်တွေမှာ ပစ္စည်းရှိတော့မှာ မဟုတ်ဘူး"

"ဟဲဟဲ... ရှင့်ရဲ့အလင်းဓားမရှိလည်း ဒီအဒေါ်ကြီးက နင်နိုင်ငံမှာ ရဲရဲဝံ့ဝံ့ သွားလို့ရပါတယ်နော်"

ပိန်ပါးသောမိန်းမပျိုက တောက်ပစွာ ပြုံးလိုက်၏။

သူမသည် သူမပြောသောစကားကို သက်သေပြသည့်အနေဖြင့် ဂဏန်းတစ်ကောင်ကဲ့သို့ ဘေးတစောင်းဖြင့် လျှောက်ပြလိုက်သည်။

၎င်းကိုမြင်သောအခါ ကျိယွမ်၏အကြည့်က အနည်းငယ် စူးရှသွား၏။

"ဒီကစားပွဲမှာ တကယ်ရဲတင်းတဲ့ ကစားသမားတွေ ရှိနေပါလား" ဟု သူ စိတ်ထဲက တွေးလိုက်သည်။

"နင်နိုင်ငံမှာ ရဲရဲဝံ့ဝံ့ သွားလို့ရတယ်" ဟူသော စကားစုမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဝေဝေဝါးဝါး ပြောဆိုထားခြင်း ဖြစ်၏။ ၎င်းတွင် အနက်နှစ်မျိုး ရှိပြီး တစ်မျိုးမှာ တိုက်ရိုက်အဓိပ္ပာယ်ဖြစ်ကာ အခြားတစ်မျိုးမှာ အလင်းဓား၏ နတ်ဘုရားပင့်ဖိတ်ခြင်း စွမ်းရည်ကြောင့် ရရှိမည့် အထိအခိုက်မရှိခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

သို့သော် ထိုအမျိုးသမီးက ထိုစကားစုကို ပေါ်တင်ပင် လှောင်ပြောင်ခဲ့၏။

ထူစန်းသည် အနေခက်စွာ ရယ်မောလိုက်သည်။

"ကောင်းပါပြီ... ခင်ဗျားရဲ့ အာမခံချက်က ကျွန်တော့်ကို စိတ်အေးစေပါတယ်"

သို့သော် အမှန်တကယ်တွင် သူသည် ကျိယွမ်ကို တစ်ဝက်သာ ယုံကြည်၏။

အကယ်၍ ကျိယွမ်၏ စွမ်းဆောင်ရည်က သူပြောသကဲ့သို့ အလွန်ထူးခြားနေပါက ဤအလင်းဓားကို ကိုယ်တိုင်သုံးပြီး လူများကို တိုက်ရိုက်လုယက်မည် မဟုတ်ပါလား... အဘယ်ကြောင့် ငွေရရန် လာရောင်းနေမည်နည်း။

ထူစန်းသည် အမြဲတမ်း သတိကြီးသူဖြစ်ရာ အခြားသူများကို သံသယမျက်လုံးဖြင့်သာ ဆန်းစစ်တတ်သည်။

"အင်း... ဒီနေ့တော့ တစ်ခုမှ အဆင်ပြေပြေ မရောင်းရဘဲ ပြီးသွားတော့မယ် ထင်တယ်"

ကျိယွမ်က သက်ပြင်းချရင်း ညည်းတွားလိုက်၏။

"ဟေး... ငါ့ရဲ့ ကိုးဆယ့်ကိုးတေးလ်ကျတော့ကော... အဲဒါ အရောင်းအဝယ်ထဲမဝင်ဘူးလား"

ပိန်ပိန်ပါးပါးမိန်းမပျိုက မကျေမနပ် ဖြတ်ပြောလိုက်သည်။

"အရောင်းအဝယ်အသေးစားကို ထည့်မတွက်ဘူး"

ကျိယွမ်က အတည်ပေါက် ပြန်ပြော၏။

"နင်..."

အမျိုးသမီးမှာ ခေတ္တမျှ စကားအမ်းသွားသည်။ ထို့နောက် သူမသည် ကျိယွမ်၏ ဆိုင်ခန်းပေါ်ရှိ အဆင့်မသတ်မှတ်ရသေးသော ပစ္စည်းအချို့ကို လက်ညှိုးထိုးကာ ပြတ်သားစွာ ပြောလိုက်၏။

"ဒါတွေအကုန်လုံး... အကုန်ထုတ်ပိုးပေး။ ကျွန်မ ဝယ်မယ်"

သူမ၏လေသံမှာ အမိန့်ပေးသကဲ့သို့ ရှိသည်။ ဈေးကြီးသော အလင်းဓားကို သတိထားနေမိသော်လည်း သူမသည် ဈေးကြီးလွန်းသော အဆောင်လက်နက်တစ်ခုကြောင့် ငွေအလဟဿမဖြစ်စေရန် အဆင့်မသတ်မှတ်ရသေးသော ပစ္စည်းများကိုသာ ဝယ်ယူရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။

ကျိယွမ်၏မျက်နှာမှာ ဝင်းပသွားပြီး သူမရွေးချယ်ထားသော ပစ္စည်းများကို အမြန်ထုတ်ပိုးပေးလိုက်သည်။

"အားလုံးပေါင်း ငါးရာ့ခုနစ်ဆယ့်နှစ်တေးလ် ကျပါတယ်"

သူသည် ပရော်ဖက်ရှင်နယ်ဆန်ကြောင်း ပြသရန်အတွက် တိကျသော ပမာဏကို ပြောလိုက်ခြင်း ဖြစ်၏။

သေးသွယ်သောအမျိုးသမီးသည် မျက်မှောင်ကြုတ်သွားသည်။

ပုံမှန်ဆိုလျှင် သူမသည် အဆင့်မသတ်မှတ်ရသေးသော အဆောင်လက်နက်များအတွက် ဤမျှအကုန်အကျခံမည် မဟုတ်ပေ။

သို့သော် တစ်သောင်းတန် အလင်းဓားနှင့် နှိုင်းယှဉ်ပါက ဤဈေးနှုန်းက ခံသာသေးသည်ဟု ထင်ရ၏။

ထို့အပြင် ဤအဆောင်လက်နက်များ၏ ဆန်းပြားသော ဒီဇိုင်းများက သူမကို စိတ်ဝင်စားစေသည်။

"အခုကော အဆင်ပြေပြေ ရောင်းရတဲ့အထဲ ဝင်ပြီလား"

သူမသည် ငွေရှင်းပြီးနောက် မေးလိုက်၏။

"အလယ်အလတ် အရောင်းအဝယ်က အဆင်ပြေပြေ ရောင်းရတဲ့အထဲ မဝင်သေးဘူး"

ကျိယွမ်က ထုံးစံအတိုင်းပင် ပြန်ပြောလိုက်သည်။

"လောဘကြီးတဲ့ လူယုတ်မာ"

သူမက နှာခေါင်းရှုံ့ကာ တိုးတိုးလေး ကျိန်ဆဲလိုက်၏။

ထို့နောက် ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ထပ်ပြောလိုက်သည်။

"ရှင်က အရည်အချင်းရှိသားပဲ။ ကောင်းကင်အလုပ်ရုံကို ဝင်ပြီး ကျွန်မအတွက် အလုပ်လုပ်ချင်လား"

သူမ၏ စကားများက သူမ၏ ရည်ရွယ်ချက်အမှန်ကို ပေါ်လွင်စေ၏။

သူမ၏ အဖိုးမှာ ကောင်းကင်အလုပ်ရုံ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်သဖြင့် သူမ၏ ဖိတ်ခေါ်မှုက စစ်မှန်ပါသည်။

ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းပိုင်ရှင်များနှင့် လမ်းသွားလမ်းလာများမှာ ဆွံ့အသွားကြ၏။

"ဘာ... သူ ခုနက ကောင်းကင်အလုပ်ရုံလို့ ပြောလိုက်တာလား"

"အဲဒါ လက်နက်အသင်းနဲ့ အဆင့်အတန်း တူတူပဲ မဟုတ်လား"

တောင်ပြာနယ်မြေတွင် လက်နက်သခင်အများစုသည် မှော်အဆောင်လက်နက်အားလုံးကို အသိအမှတ်ပြုခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် တာဝန်ရှိသော ဧရာမအဖွဲ့အစည်းကြီးဖြစ်သည့် လက်နက်အသင်းနှင့် ဆက်နွှယ်နေကြ၏။

ထိုအသင်းသည် ကြီးမားသော နိုင်ငံရေးနှင့် စီးပွားရေး သြဇာအာဏာကို ကိုင်စွဲထားသည်။

သို့သော် ၎င်းနှင့် အဆင့်အတန်းတူညီသော အခြားအဖွဲ့အစည်းတစ်ခုလည်း ရှိနေပြီး ၎င်းမှာ လက်နက်အသင်း၏ အခြားရွေးချယ်စရာဖြစ်သော သီးသန့်အဖွဲ့အစည်း "ကောင်းကင်အလုပ်ရုံ" ဖြစ်၏။

လက်နက်သခင်အားလုံးနီးပါးကို လက်ခံသော အသင်းနှင့်မတူဘဲ ကောင်းကင်အလုပ်ရုံသည် ပါရမီရှင်များကိုသာ ရွေးချယ်စုဆောင်းခြင်းအတွက် ဂုဏ်ယူလေ့ရှိသည်။

၎င်း၏ အဖွဲ့ဝင်ဦးရေမှာ အလွန်နည်းပါးသော်လည်း သြဇာအာဏာမှာမူ လျော့နည်းခြင်းမရှိပေ။

လက်နက်သခင်အများစုသည် ၎င်း၏ အဖွဲ့ဝင်ဖြစ်ရန် အိပ်မက်မက်ကြသော်လည်း ကမ္ဘာမြေအဆင့် လက်နက်သခင်များသာ တိုက်ရိုက်လျှောက်ထားနိုင်၏။

"ကောင်းကင်အလုပ်ရုံက တစ်လကိုတစ်သောင်း ပေးလို့လား။ ပစ္စည်းတွေကိုကော အလကား ပေးလား"

ကျိယွမ်က ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။

"နင်.. ရူးနေပြီပဲ"

မိန်းမပျိုမှာ ဒေါသထွက်သွား၏။

သူမ၏ အစ်မကြီးဖြစ်သူက စောစောက "ဒီလူက ရူးနေတာ" ဟု ပြောခဲ့သော စကားကို ပြန်လည်အမှတ်ရမိကာ ၎င်းမှာ ပို၍ပြောခြင်းမဟုတ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

တစ်လကို တစ်သောင်း... ကောင်းကင်အဆင့် လက်နက်သခင်များပင် ဤကဲ့သို့ တောင်းဆိုမည် မဟုတ်ပေ။

"အဲဒါဆိုရင်တော့ မင်းတို့ရဲ့ ကမ်းလှမ်းချက်က နည်းလွန်းတယ်။ ငါ စိတ်မဝင်စားဘူး"

ကျိယွမ်က လက်ခါပြလိုက်၏။

သူ၏ ငြင်းပယ်မှုကြောင့် ဘေးမှကြည့်နေသူများမှာ အံ့အားသင့်သွားကြသည်။

ကောင်းကင်အလုပ်ရုံသို့ ဝင်ခွင့်ရခြင်းမှာ လက်နက်သခင်အများစုအတွက် တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးဖြစ်ရာ မည်သည့်ပုံမှန်လူက ငြင်းပယ်ဝံ့မည်နည်း။

"ရှင် ကောင်းကင်အလုပ်ရုံက ဘာကို ကိုယ်စားပြုလဲဆိုတာ တကယ်ကော သိရဲ့လား"

မိန်းမပျိုမှာ အံ့ဩလွန်း၍ ဒေါသထွက်နေ၏။

ကျိယွမ်၏ အဆောင်လက်နက်များသည် အဆင့်မသတ်မှတ်ရသေးသော်လည်း တီထွင်ဖန်တီးနိုင်စွမ်းများဖြင့် ပြည့်နှက်နေရာ ၎င်းမှာ ကောင်းကင်အလုပ်ရုံက အလိုရှိနေသော အရည်အချင်းမျိုး ဖြစ်သည်။

"လစာလည်းမရှိ... ပစ္စည်းလည်း အလကားမပေး... ပြီးတော့..."

ကျိယွမ်သည် ထိုသေးသွယ်သောအမျိုးသမီးဘေးရှိ အရပ်ရှည်ရှည် အေးစက်သောအမျိုးသမီးကို လှမ်းကြည့်လိုက်၏။

"စီးစရာလည်း ပေးမထားဘူး... စိတ်မဝင်စားဘူး"

"နင်..."

သေးသွယ်သောအမျိုးသမီးသည် ဒေါသကြောင့် လက်သီးကို တင်းတင်းဆုပ်ထားမိပြီး သူမ၏ ရင်ဘတ်မှာလည်း ဒေါသဒဏ်ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ရော့... ဒီကောင်းကင်အလုပ်ရုံတံဆိပ်ပြားကို ယူထားလိုက်။ တကယ်လို့ နင်တစ်ချိန်ချိန်မှာ ဝင်ဖို့ ဆုံးဖြတ်လိုက်ရင် ဒါကို သုံးပြီး ဝင်နိုင်တယ်။ သတိထားရမှာက ဒါကို တခြားလူလွှဲပေးလို့ မရဘူး"

သူမသည် အမှတ်တံဆိပ်ကို ကျိယွမ်ထံသို့ ပေးအပ်လိုက်ပြီးနောက် သူမဝယ်ယူထားသော ပစ္စည်းများကို ယူကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ဘေးနားရှိ လူအုပ်ကြီးမှာ ကျိယွမ်က ထိုအမှတ်တံဆိပ်ကို အိတ်ထဲသို့ ထည့်လိုက်သည်ကို အားကျစွာဖြင့် ကြည့်နေကြ၏။

ထိုညတွင် အဆောင်လက်နက်များ ထပ်မံရောင်းချရန် နာရီပေါင်းများစွာ ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ကျိယွမ်သည် သက်ပြင်းချကာ ဆိုင်သိမ်းလိုက်သည်။

"ကောင်းကင်ကြီးက ကြိုးစားမှုကို မျက်နှာသာမပေးဘူး ထင်တယ်"

"ငါ သန်းခေါင်ကျော်တဲ့အထိ အလုပ်လုပ်ခဲ့တာတောင် အဆင်ပြေပြေ အရောင်းအဝယ် တစ်ခုမှ မရသေးဘူး"

"အဖိုးကြီး... ငါ အလုပ် ကြိုးစားတာ နည်းနေသေးလို့လား"

"သခင်... သခင်က အလွန် ကြိုးစားတာပါခင်ဗျာ"

ချန်ခန်းပေါင်က ဖားယားနေသော မျက်နှာဖြင့် အတည်ပေါက် ပြန်ပြောလိုက်၏။

"အိမ်ပြန်ကြစို့"

သူတို့နှစ်ဦးသည် ရှန်အိမ်တော်သို့ ပြန်ရန် ထွက်ခွာလာခဲ့ကြသည်။

နက်မှောင်ပြီး အေးစက်သော ညကောင်းကင်ယံအောက်တွင် လမင်း၏အလင်းရောင်က ထူးထူးခြားခြား ခြောက်ကပ်နေပုံရ၏။

ကျိယွမ် ရှန်အိမ်တော်သို့ ပြန်ရောက်သောအခါ အိမ်တော်တစ်ခုလုံးက ပုံမှန်ထက် ပိုမိုသပ်ရပ်ပြီး ပွဲလမ်းသဘင်ကျင်းပထားသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

"ယောက်ဖ... နောက်ဆုံးတော့ ပြန်လာပြီပေါ့"

အိမ်ရှေ့ဂိတ်တံခါးမှ မျက်ကွင်းညိုလျက် အိပ်ချင်မူးတူး ဖြစ်နေသော ရှန်လင်ဖုန်းက ခေါင်းပြူထွက်လာ၏။

"ကျွန်တော့်အစ်မ ဒီနေ့ ပြန်လာတယ်ဗျ"

ရှန်လင်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဒါပေမဲ့ နှမြောစရာကောင်းတာက သူမက တစ်နာရီခွဲလောက်ပဲ နေသွားတယ်။ အရေးကြီးကိစ္စတွေ ရှိနေလို့ ရဲ့ရေကန်တောင်ကို ချက်ချင်း ပြန်သွားပြီ"

ရှန်လင်ဖုန်း၏ လေသံတွင် နှမြောတသမှုများ ပြည့်နှက်နေ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ အစ်မနှင့် ယောက်ဖဖြစ်သူတို့မှာ တရားဝင် မတွေ့ရသေးသောကြောင့် ဖြစ်သည်။

"ရပါတယ်"

ကျိယွမ်က ပြုံးလျက် ပြောလိုက်၏။

"ယောက်ဖ... ကျွန်တော့်အစ်မက သာမန်အမျိုးသမီးတွေနဲ့ မတူဘူးနော်။ ခင်ဗျားက စကားအနည်းငယ်ပြောရုံနဲ့ လူတွေရဲ့နှလုံးသားကို အရည်ပျော်စေနိုင်တဲ့ ဆွဲဆောင်နိုင်သူ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အစ်မက ကောင်းကင်ဂိုဏ်းရဲ့ စစ်မှန်တပည့်ဖြစ်ပြီး အလွန်အေးစက်တယ်။ တကယ်လို့ သူမမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုသာ မရှိရင် ဒီတစ်သက် အိမ်ထောင်ပြုမှာ မဟုတ်ဘူး"

ရှန်လင်ဖုန်းသည် ယခုအခါ ကျိယွမ်ဘက်တွင် အခိုင်အမာ ရပ်တည်နေပြီ ဖြစ်သည်။

"ခင်ဗျား သူမရဲ့နှလုံးသားကို အမြန်ဆုံး သိမ်းပိုက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ မိဘတွေလည်း စိတ်အေးရမှာ"

"ဟေ..."

ကျိယွမ်က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်၏။

ရှန်လင်ဖုန်းက ပို၍ တိုးကပ်လာကာ တိုးတိုးလေး ကပ်ပြောသည်။

"ကျွန်တော့်အစ်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုက... ထူးခြားတယ်။ လူအများကြီးက အဲဒါကို မက်မောနေကြတာ"

"အမှန်အတိုင်းပြောရရင်... ကျွန်တော်ကိုယ်တိုင်တောင် အစ်မရဲ့ မျက်နှာအစစ်ကို မမြင်ဖူးဘူး"

သူက သက်ပြင်းချလိုက်ရာ သူ၏ အမူအရာက အားကိုးရာမဲ့နေပုံရ၏။

"စွမ်းအင်စုပ်ယူခန္ဓာကိုယ်လား..."

ကျိယွမ်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။

သူသည် စောစောက တွေ့ခဲ့ရသော အေးစက်သောအမျိုးသမီးကို ပြန်လည်တွေးတောမိ၏။ သူမ၏ အငွေ့အသက်များက မြူနှင်းများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ရှိရာ သူမ၏ ပုံစံအစစ်အမှန်ကို သိရှိရန် မဖြစ်နိုင်ပေ။

---

ကွေ့ကောက်နေသော လမ်းကြောင်းပေါ်တွင် လူသုံးဦးက အမြန် လျှောက်လှမ်းနေကြ၏။

လူအုပ်စုကို ဦးဆောင်လာသူမှာ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည့် မြင့်မြတ်သော လူကုံထံတစ်ဦး ဖြစ်သည်။

သူ၏ နောက်တွင် ကုန်ပစ္စည်းများကို ပခုံးပေါ်တွင် ထမ်းပိုးလာသော အစေခံများနှင့်တူသည့် လူနှစ်ဦး ပါလာ၏။

သေချာကြည့်လိုက်ပါက ထိုအစေခံများမှာ ထွားကျိုင်းသန်မာလှသဖြင့် သာမန်လူများ မဟုတ်ကြောင်း သိသာပေသည်။

ထိုသုံးဦးသည် တိတ်ဆိတ်စွာ လျှောက်လှမ်းနေကြပြီး သခင်လေးထူစန်း၏ မျက်နှာမှာမူ လေးလံနေ၏။

"စတုတ္ထဦးလေး... အကြီးအကဲကျန့်လန်... ကျွန်တော်တို့ နောက်ထပ် ခဏနေရင် ကွန်းလင်းကူးတို့ဆိပ်ကို ရောက်တော့မယ်"

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

သွေးဆူးအကြီးအကဲ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရချိန်တွင် သခင်လေးထူစန်းသည် ထိုကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပေ။

သူသည် စဉ်းစားဆင်ခြင်ပြီးနောက် ထိုအခြေအနေကို သူ၏ မိသားစုထံ အစီရင်ခံခဲ့၏။

ထို့ကြောင့် သူ၏ စတုတ္ထဦးလေးနှင့် အကြီးအကဲကျန့်လန်တို့က အစေခံများအဖြစ် အသွင်ယူကာ သူနှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ထူစန်း၏ စတုတ္ထဦးလေးမှာ ကမ္ဘာမြေအဆင့်နိမ့်လက်နက်သခင်တစ်ဦး ဖြစ်ပြီး ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ကျော်ကြားသူ ဖြစ်၏။ သူသည် တစ်ခါက သူ၏ ဓားမကြီးဖြင့် တစ်ချက်တည်း ခုတ်ကာ ကမ္ဘာမြေအဆင့်ဝိညာဉ်မှင်စာတစ်ကောင်ကို ခေါင်းဖြတ်ခဲ့ဖူးသဖြင့် လူသိများသည်။

အကြီးအကဲကျန့်လန်မှာမူ ပို၍ပင် အစွမ်းထက်သေး၏။

သူမသည် ကမ္ဘာမြေအလယ်အလတ် ဆင့် လက်နက်သခင်တစ်ဦး ဖြစ်ပြီး ထူမိသားစုတွင် ထိပ်တန်း တိုက်ခိုက်ရေးသမား သုံးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သည်။

အကယ်၍ ကျိယွမ်သာ ဤနေရာတွင် ရှိနေပြီး ကျန့်လန်ကို မြင်ပါက သူက ဤသို့ မှတ်ချက်ချလိမ့်မည်။

"ကြီးမားလိုက်တာ... တကယ့်ကို ကြီးမားတာပဲ"

"သူမရဲ့ နာမည်က သူမနဲ့ အလွန် လိုက်ဖက်တယ်။ တိုက်ပွဲထဲက အားပြင်းတဲ့ လင်းယုန်တစ်ကောင် ဒါမှမဟုတ် စစ်တလင်းက မိုးကြိုးမုန်တိုင်းတစ်ခုလိုပဲ။ တကယ့်ကို မိုးကြိုးယုန်ပဲ"

"စိတ်မပူပါနဲ့။ သွေးဆူးအဖွဲ့ရဲ့ အကြီးအကဲ ကျီးကန်းနက်က ကမ္ဘာမြေအဆင့်နိမ့်လက်နက်သခင်တစ်ယောက်ပဲ။ ငါတို့နဲ့အတူ အကြီးအကဲကျန့်လန် ရှိနေတာပဲ... ကြောက်စရာ ဘာမှမရှိဘူး။ တကယ်လို့ သူ့မှာ ဝှက်ဖဲတွေရှိနေရင် ဒါမှမဟုတ် မကြာသေးခင်ကမှ အဆင့်တက်သွားရင်တောင် ငါတို့နှစ်ယောက်က သူ့ကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်"

စတုတ္ထဦးလေးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"ဟွန်း... သူက ထူမိသားစုရဲ့ အရင်းအမြစ်တွေကို မက်မောရဲတယ်ပေါ့။ သူ အဲဒါတွေကို မျိုချနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"

ကျန့်လန်က ပြောလိုက်ရာ သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

၎င်းကို ကြားရသောအခါ သခင်လေးထူစန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။

နာရီဝက်ခန့် ကြာပြီးနောက် သခင်လေးထူစန်းသည် ကွန်းလင်းကူးတို့ဆိပ်၏ အစွန်းတွင် ရပ်တန့်လိုက်သည်။

စတုတ္ထဦးလေးနှင့် အကြီးအကဲကျန့်လန်တို့သည် ၎င်းတို့ ထမ်းပိုးလာသော ကုန်ပစ္စည်းများကို မြေပြင်ပေါ်သို့ ချလိုက်ကြ၏။

ထူစန်းသည် ရှေ့ရှိ မြူပိတ်နေသော ကွန်းလင်းကူးတို့ဆိပ်ကို ကြည့်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။

"အကြီးအကဲ ကျီးကန်းနက်... ထူစန်း ကတိအတိုင်း အရင်းအမြစ်တွေကို ယူလာပါပြီ"

သူ၏ အသံက သြဇာပါလှပြီး မြူထူများထဲသို့ ပဲ့တင်ထပ်သွား၏။

ခေတ္တမျှအကြာတွင် အတောင်ပံခတ်သံများကို ကြားလိုက်ရပြီးနောက် ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"တော်တယ်။ ငါ မင်းရဲ့ တံဆိပ်ပြားထဲကို အကျိုးပြုရမှတ်တွေ ထည့်ပေးလိုက်ပြီ"

ထိုအသံ ပျောက်ကွယ်သွားသည်နှင့် မြေပြင်ပေါ်ရှိ ကုန်ပစ္စည်းများသည် ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး မြူထူများထဲသို့ ပျံသန်းသွားတော့သည်။

သို့သော် ၎င်းတို့ ပျောက်ကွယ်လုနီးပါး အချိန်တွင် ပစ္စည်းပုံထဲမှ မထင်မှတ်ထားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၏။

ဒိုင်း...

နားကွဲမတတ် ပေါက်ကွဲသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေပြီး ရွှံ့များနှင့် အပျက်အစီးများကို လွင့်စင်သွားစေကာ ကြီးမားသော ကျင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

လေထဲတွင် အကြီးအကဲ ကျီးကန်းနက်သည် အတောင်ပံမွေးများ ပျက်စီးလျက် ဒဏ်ရာအပြင်းအထန် ရရှိနေ၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အလွန်နက်လှသဖြင့် ဖြူဖျော့နေသော အရိုးများကိုပင် ဖျတ်ခနဲ မြင်တွေ့နေရသည်။

သူသည် မတည်မငြိမ်ဖြင့် လေထဲတွင် ဝဲပျံနေပြီး သူ၏ မျက်လုံးများတွင် ဒေါသအမျက်ချောင်းချောင်း ထွက်နေ၏။

"ကောင်စုတ်လေး... မင်း ငါ့ဆီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာပေါ့။ မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

သူသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ထူစန်းထံသို့ တိုက်ရိုက် ထိုးဆင်းလာခဲ့သည်။

"အကြီးအကဲ ကျီးကန်းနက်... ဒါက ကျီနင်ပြည်နယ်ပဲ။ မင်း သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး"

ထူစန်း၏ စတုတ္ထဦးလေးသည် သူ၏ အသွင်ပြောင်းလဲမှုကို ဖျက်လိုက်ရာ သူ၏ ခန္ဓာကိုယ်က ပိုမိုကြီးမားလာပြီး တောက်ပသော ရွှေရောင်အလင်းများက သူ့ကို ဖုံးလွှမ်းသွား၏။

သူ၏ လက်ထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် ဓားမကြီးတစ်ခု ထွက်ပေါ်လာသည်။

သူသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဓားကို အောက်သို့ အားကုန်လွှဲခုတ်လိုက်၏။

ဓားချက်က လမ်းတွင်ရှိသော သစ်ပင်များနှင့် ကျောက်တုံးများကို ဖြတ်တောက်သွားပြီး ထိုပြင်းထန်သော တိုက်ခိုက်မှုသည် ကျီးကန်းနက်၏ ဝိညာဉ်ခန္ဓာနှင့် ထိမှန်ကာ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။

"ပစ်စမ်း..."

ထိုစဉ် အကြီးအကဲကျန့်လန်က အော်ဟစ်လိုက်ပြီး ကွင်းဆက်ဖြင့် ချိတ်ဆက်ထားသော ဧရာမ သံလုံးကြီးနှစ်လုံးကို လွှဲလိုက်၏။

ထိုသံလုံးကြီးများမှာ စပါးကြိတ်ရန် အသုံးပြုသော ကျောက်တုံးများကဲ့သို့ ကြီးမားလှပြီး ၎င်းတို့၏ အရှိန်အဟုန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

လေထုထဲတွင် ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်လာပြီး ၎င်းတို့၏ ကြီးမားသော အလေးချိန်နှင့် အရှိန်ကြောင့် လမ်းတွင်ရှိသမျှ အရာအားလုံးကို ကြေမွသွားစေနိုင်၏။

ဗုန်း...

ထိုတိုက်ခိုက်မှုကြောင့် ကျီးကန်းနက်၏ အတောင်ပံတစ်ဖက်မှာ လုံးဝ ကြေမွသွားပြီး သူသည် တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။

"တွေ့လား... စန်းလေး... ငါရှိနေတာပဲ... စိတ်ပူစရာ ဘာမှမရှိဘူး"

စတုတ္ထဦးလေးက သူတို့၏ အောင်ပွဲကို သေချာသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။

သို့သော် ထူစန်းသည် စိတ်ထဲတွင် အလိုမကျမှုကို ခံစားနေရသည်။

သူတို့သည် ကျီးကန်းနက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သော်လည်း ထိုအကြီးအကဲ၏ အစွမ်းကြောင့် သူသည် ကွန်းလင်းကူးတို့ဆိပ်ထဲသို့ ဒဏ်ရာမရဘဲ ဆုတ်ခွာသွားနိုင်ဆဲ ဖြစ်၏။

သို့သော်လည်း ယခုမစ်ရှင်၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရင်းအမြစ်များကို ဆုံးရှုံးမှုမရှိဘဲ ပေးအပ်နိုင်ခဲ့ခြင်းနှင့် ထူစန်း၏ ဘေးကင်းမှုကို အာမခံနိုင်ခြင်းတို့မှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုစဉ် အေးစက်ပြီး ကောက်ကျစ်သော အသံတစ်ခု ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားရာ ၎င်းတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေ၏။

"ကျီးကန်းနက်... မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ။ ဒီလောက် ရိုးရှင်းတဲ့အရာကိုတောင် မင်း မကိုင်တွယ်နိုင်ဘူး"

ကျန့်လန်၏ နှလုံးသားက ထိတ်ခနဲ ဖြစ်သွားပြီး သူမသည် ကောင်းကင်ယံသို့ ဗီဇအရ လှမ်းကြည့်လိုက်သည်။

လေထဲတွင် ရှည်လျားပြီး သေးသွယ်သော အရိပ်တစ်ခု ထွက်ပေါ်လာ၏။

၎င်းမှာ... မြွေတစ်ကောင် ဖြစ်သည်။

အတောင်ပံပါသော မြွေတစ်ကောင်...

"အကြီးအကဲ တောင်ပံမြွေ... ကျွန်တော့်ကို ကူညီပါဦး။ ဒီလူတွေကို သတ်ပေးပါ"

ကျီးကန်းနက်က ထိတ်လန့်တကြားဖြင့် တောင်းပန်တိုးလျှိုးလိုက်၏။

ထိုမြွေ၏ အေးစက်ပြီး စူးရှသောအကြည့်က ၎င်းတို့သုံးဦးအပေါ်သို့ ကျရောက်လာသည်။ ထိုခဏချင်းတွင်ပင် ထိတ်လန့်စရာ ကြောက်ရွံ့မှုတစ်ခုက ၎င်းတို့အား ဖုံးလွှမ်းသွားတော့၏။

"မင်းက မိုရှန်းနိုင်ငံက တောင်ပံမြွေပဲ။ မင်း အခု ဘာလို့ ကျီနင်ပြည်နယ်ကို ရောက်နေတာလဲ"

ကျန့်လန်၏ ဦးရေပြားများ ထုံကျင်သွားသည်။

၎င်းတို့၏ အစီအစဉ်က သွေးဆူးအဖွဲ့၏ အစွန်အဖျားအကြီးအကဲဖြစ်သော ကျီးကန်းနက်ကိုသာ ကိုင်တွယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

သူ့ကို သတ်လိုက်ခြင်းက ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။

သို့သော် ယခုအခြေအနေက လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။

တောင်ပံမြွေအကြီးအကဲမှာ မိုင်သုံးထောင်ကျော်ဝေးသော မိုရှန်းနိုင်ငံတွင် အခြေစိုက်သည့် သွေးဆူးအဖွဲ့၏ စစ်မှန်သောအကြီးအကဲတစ်ဦး ဖြစ်၏။

သူ ဤနေရာတွင် ရှိနေခြင်းက ပိုမိုကောက်ကျစ်သော အကြံအစည်တစ်ခု ရှိနေကြောင်း ပြသနေသည်။

သူမနှင့် စတုတ္ထဦးလေးတို့သည် ကျီးကန်းနက်၏ အကြံအစည်က ထူစန်းထံမှ ငွေညှစ်ရန်သာ ဖြစ်သည်ဟု ထင်ခဲ့ကြ၏။

သို့သော် တောင်ပံမြွေ၏ ပါဝင်ပတ်သက်မှုက ပိုမိုနက်ရှိုင်းသော ပူးပေါင်းကြံစည်မှုတစ်ခုကို ဖော်ပြနေသည်။

တောင်ပံမြွေအကြီးအကဲမှာ ကမ္ဘာမြေအထွတ်အထိပ်ဆင့် လက်နက်သခင်တစ်ဦး ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကျော်ကြားမှုရှိသူ ဖြစ်၏။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က နင်နိုင်ငံနှင့် မိုရှန်းနိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း သူသည် နင်နိုင်ငံ၏ ကမ္ဘာမြေအဆင့်မြင့် လက်နက်သခင်တစ်ဦးဖြစ်သော မင်းသားတစ်ပါးကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးသည်။

သူ၏ ဆိုးဝါးသော ကျော်ကြားမှုမှာ အကြောင်းမဲ့မဟုတ်ပေ။

တောင်ပံမြွေ၏ အေးစက်သော မျက်လုံးများက ၎င်းတို့အား ဝေ့ကြည့်လိုက်ပြီးနောက် ကျီးကန်းနက်ထံတွင် ရပ်တန့်သွားသည်။

"မင်း ပစ္စည်းကို ရပြီလား။ သံတမန်က စိတ်မရှည်တော့ဘူး"

သူက မေးလိုက်၏။

"ရပါပြီ"

ကျီးကန်းနက်က အလျင်အမြန် ပြန်ဖြေသည်။

ကျန့်လန်၏ နှလုံးသားက တုန်လှုပ်သွား၏။

သူမ၏ မျက်လုံးထဲတွင် တောင်ပံမြွေသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ယခုအခါ သူသည် ပိုမိုအစွမ်းထက်သော အထက်လူကြီးဖြစ်သည့် သံတမန်၏ အမိန့်ကိုသာ နာခံနေရပုံရ၏။

ထိုသံတမန်က သူ့ကို ကျီနင်ပြည်နယ်သို့ စေလွှတ်ကာ ကျီးကန်းနက်ထံမှ ပစ္စည်းတစ်ခုကို ယူဆောင်ခိုင်းခြင်း ဖြစ်သည်။

၎င်း၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများမှာ ကြီးမားလှ၏။

ထူမိသားစုဝင် သုံးဦးစလုံးသည် ၎င်းတို့ ကနဦးထင်မှတ်ထားသည်ထက် ပိုမိုကြီးမားသော ဧရာမ ပူးပေါင်းကြံစည်မှုကြီးတစ်ခုအတွင်းသို့ မထင်မှတ်ဘဲ ရောက်ရှိသွားကြောင်း ရုတ်တရက် သဘောပေါက်လိုက်ကြသည်။

သစ်သားသေတ္တာငယ်တစ်ခုသည် လေထဲသို့ မြောက်တက်သွားပြီး တောင်ပံမြွေ၏ ကျောပေါ်သို့ ကျရောက်သွားကာ သူ၏ သိုလှောင်ရေးလက်နက်အတွင်းသို့ ပျောက်ကွယ်သွားတော့၏။

၎င်း၏ အစစ်အမှန်ဖြစ်မှုကို အတည်ပြုပြီးနောက် မြွေကြီးသည် ကျေနပ်သွားပုံရသည်။

"ဟိုလူကော ဘယ်မှာလဲ"

တောင်ပံမြွေက မေးလိုက်၏။

"သူ အသက်ရှင်နေပါသေးတယ်။ သံတမန်က သူ့ရဲ့အငွေ့အသက်ကို ဖုံးကွယ်ပေးထားပေမဲ့ ကျွန်တော် အဆင့်ကျော်ပြီး မလုပ်ရဲပါဘူး။ လိုအပ်တာကိုပဲ ယူခဲ့တာပါ"

ကျီးကန်းနက်က ပြန်ပြောရာ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။

တောင်ပံမြွေက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ဒီပစ္စည်းကသာ အရေးအကြီးဆုံးပဲ။ အဲဒီလူကတော့... အရေးကြီးပေမဲ့ အဲလောက်ကြီးတော့ မဟုတ်ပါဘူး"

သူသည် သူ၏ အာရုံကို ထူမိသားစုဝင် သုံးဦးထံသို့ လှည့်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

"ငါ နင်နိုင်ငံအထိ လာခဲ့တာဆိုတော့... အမြည်းလေး ဘာလဲ မမြည်းဘဲ ပြန်သွားရင် ယဉ်ကျေးမှုမရှိရာကျလိမ့်မယ်"

သူသည် သူ၏ နှစ်ခွလျှာကို ထုတ်လိုက်ရာ ညှီစော်နံသော အနံ့ဆိုးများက လေထုထဲတွင် ပြည့်နှက်သွားတော့သည်။

ထူစန်း၏ မျက်နှာမှာ ဖြူဖျော့သွား၏။

စောစောက ယုံကြည်မှုရှိနေခဲ့ကြသော ကျန့်လန်နှင့် စတုတ္ထဦးလေးတို့မှာလည်း ယခုအခါ သိသိသာသာ တုန်လှုပ်နေကြပြီ ဖြစ်သည်။

ဤပုဂ္ဂိုလ်မှာ ကမ္ဘာမြေအထွတ်အထိပ်ဆင့် လက်နက်သခင်တစ်ဦး ဖြစ်ပြီး နင်နိုင်ငံ၏ အသန်မာဆုံးသော ကောင်းကင်ဂိုဏ်းခေါင်းဆောင်များပင် အလွယ်တကူ အနိုင်မယူနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ရန်သူပင်။

--------

All Chapters