← Chapters

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း ၃၁၂

Vol. 32 Ch. 312

အခန်း (၃၁၂)

သတိလစ်သွားခြင်း

ဆင်းရဲသားရပ်ကွက်မှ ထွက်လာပြီးနောက် လုံယုက တိုးတိုးလေး ပြောလိုက်လေ၏...။

"သူတို့ရဲ့ ပစ်မှတ်က လီထျန်းယု ဖြစ်ပုံရတယ်..."

ယောင်ရန်က ခေါင်းငြိမ့်ပြကာ မေးလိုက်လေသည်...။

"ကပ္ပတိန်လီကို စမ်းသပ်ခံ သက်ရှိအဖြစ် ဖမ်းဆီးဖို့ သူတို့ ရောက်နေတာလို့ ရှင် ထင်လား..."

"ကိုယ်လည်း မသေချာဘူး..." ဟု လုံယုက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်၏...။

"လီထျန်းယုက စမ်းသပ်မှုတွေအကြောင်း စုံစမ်းနေတယ်လို့ ပြောခဲ့တယ်... ပြီးတော့ သူက ပုံသဏ္ဍာန် ပျက်ပြားခြင်းကြောင့် စွမ်းအား ရလာတာလေ... သူရဲ့ အခြေအနေက အစောပိုင်း မျိုးရိုးဗီဇပြောင်း စွမ်းအားရှင်တွေနဲ့ မတူတာကြောင့် စမ်းသပ်မှုတွေအတွက် သူက အလွန် တန်ဖိုးရှိနေတာ ဖြစ်လိမ့် မယ်..."

လုံယု၏ ခန့်မှန်းချက်ကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများ အေးစက်သွားခဲ့လေ၏။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်လေသည်...။

"တကယ်လို့ သူတို့က လူသားတွေကို စမ်းသပ်ခံ သက်ရှိတွေအဖြစ် အသုံးပြုနေတာဆိုရင် သူတို့ကို ကူညီတာကို လောလောဆယ် ရပ်ထားသင့်တယ်... အကြောင်းစုံ မသိရသေးခင်အထိ ဒီအခြေစိုက်စခန်း ဒါမှမဟုတ် အဆင့်မြင့် အရာရှိတွေနဲ့ ကျွန်မ မပတ်သက်ချင်သေးဘူး..."

သူမ၏ ခါးသီးသော အတိတ်ကို သိရှိထားသော လုံယုသည် စစ်တပ်ဘက်မှ ကာကွယ်မပြောခဲ့ပေ။ ယင်း အစား သူက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်...။

"မင်းရဲ့ ဆုံးဖြတ်ချက်ကို ကိုယ် ထောက်ခံပါတယ်... ဒါပေမဲ့ အရင်ဆုံး ခိုလှုံရာနေရာကို ပြန်ပြီး ကိုယ်တို့ရဲ့ သူငယ်ချင်းတွေကို စစ်ဆေးကြည့်ရအောင်... သူတို့တွေ နျူကလီးယား ရောင်ခြည်သင့်မှုဒဏ် ခံစားနေရ မှာကို ကိုယ် စိုးရိမ်နေမိတယ်..."

သူငယ်ချင်းများအကြောင်း တွေးမိသောအခါ ယောင်ရန် စိတ်အေးသွားပြီး သဘောတူလိုက်လေ၏...။

"ကောင်းပါပြီ..."

တပ်စခန်းရှိ ကားပါကင်မှ ကုန်တင်ကားကို ယူဆောင်ပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် ကျွင်းချန် စစ်အခြေစိုက်စခန်းမှ ထွက်ခွာခဲ့ကြလေသည်။

ကားရှေ့ခန်းတွင် ထိုင်နေသော ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ရောင်ခြည်တိုင်းစက်ကို ထုတ် ယူကာ လေထုအတွင်းရှိ ရောင်ခြည်သင့်မှု ပမာဏကို စစ်ဆေးလိုက်၏။ မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်း ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ပို၍ပင် တည်တံ့သွားတော့သည်။

"ရောင်ခြည်သင့်မှု ပမာဏက (၃၁) mSv တိုးလာပြီ..." ဟု သူမက ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ လုံယု၏ မျက်နှာထားမှာ လေးနက်သွား၏။ ခဏမျှတိတ်ဆိတ်သွားပြီး နောက် သူက မေးလိုက်လေသည်...။

"ရန်ရန်... အရင်ဘဝတုန်းက နျူကလီးယား ရောင်ခြည်သင့်မှုတွေ ပြန့်နှံ့လာတဲ့ အချိန်မှာ မင်း ဘာတွေ လုပ်နေခဲ့တာလဲ... အဲဒီတုန်းက ရောင်ခြည်သင့်တဲ့ အဆင့်ကို မင်း ဘယ်လိုများ ဖြတ်ကျော်ခဲ့တာလဲ..."

ယောင်ရန်သည် ပြန်လည် စဉ်းစားရန် ကြိုးစားလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် ဘာမှ မရှိသလို ဖြစ်နေခဲ့လေ၏။ ထို့ကြောင့် သူမ၏ ဦးခေါင်းအတွင်းမှ ပြင်းထန်သော နာကျင်မှုတစ်ခု ရုတ်တရက် ဖြစ် လာခဲ့လေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ နာကျင်မှုကို အောင့်ခံရန် ကြိုးစားနေသော်လည်း လုံယုက ချက်ချင်းပင် သတိပြုမိသွားခဲ့လေ၏...။

"ဘာဖြစ်တာလဲ..."

သူမက ခေါင်းခါယမ်းကာ ပြန်ဖြေလေသည်...။

"ကျွန်မရဲ့ အတိတ်ဘဝကို သတိရဖို့ ကြိုးစားတိုင်း ခေါင်းက အရမ်းနာတာပဲ..."

သူမ၏ စကားကြောင့် လုံယု စိတ်မကောင်း ဖြစ်သွားခဲ့လေ၏။ သူသည် ကားစီယာတိုင်ကို တင်းတင်း ဆုပ်ထားရင်း သေတ္တာတော်၏ လျှို့ဝှက် ဓာတ်ခွဲခန်းတစ်ခုတွင် သူ တွေ့ရှိခဲ့သော အထူးတပ်ဖွဲ့တစ်ခု ဖန်တီးရန် ကြိုးပမ်းနေသည့် အစီရင်ခံစာအကြောင်းကို ပြန်လည် သတိရလိုက်လေသည်။

ယောင်ရန်သည် ထိုအစီရင်ခံစာထဲရှိ စမ်းသပ်ခံ သက်ရှိများထဲမှ တစ်ဦး ဖြစ်နေနိုင်သည်ဟူသော အတွေး ကြောင့် သူ ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်သွားခဲ့လေတော့သည်။

သူ၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိပြုမိသောအခါ ယောင်ရန်သည် ရောင်ခြည်တိုင်း စက်ကို သိမ်းဆည်းလိုက်ပြီး မေးလိုက်လေ၏...။

"အာယု... ဘာဖြစ်လို့လဲ..."

သူမ၏ စိုးရိမ်တကြီး မေးသံကြောင့် သူ အတွေးများထဲမှ နိုးထလာကာ အသာအယာ ပြုံးပြလိုက်လေ သည်...။

"ဘာမှ မဟုတ်ပါဘူး... မင်း မမှတ်မိဘူးဆိုရင်လည်း အဲဒီ အမှတ်ရစရာတွေကို အတင်း ပြန်စဉ်းစားဖို့ မကြိုးစားပါနဲ့တော့..."

ယောင်ရန်က ခေါင်းငြိမ့်ပြကာ...၊

"အင်း... နျူကလီးယား ရောင်ခြည်သင့်မှုတွေ ပြန့်နှံ့သွားတဲ့ အခါမှာ ဘာတွေ ဖြစ်လာသလဲဆိုတာ ရှင် သိလား..."

လုံယုက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်...၊

"ရောင်ခြည်သင့်မှု ပမာဏက သုံးလလောက်အထိ ဆက်တိုက် တက်နေမှာလေ... အဲဒီအချိန်တုန်းက အသက်ရှင်ကျန်ရစ်သူ ထက်ဝက်ကျော်က ရောင်ခြည်သင့်မှုကြောင့် သေဆုံးခဲ့ကြရတာ... ကိုယ်ကတော့ ကံကောင်းခဲ့တယ်... ကိုယ့်ရဲ့ အဖွဲ့နဲ့အတူ ခိုလှုံရာနေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး အပြင်မထွက်ဘဲ နှစ်လ လောက် ပုန်းနေခဲ့ကြတာ... အဲဒီနေရာက အခု ကိုယ်တို့ နေနေတဲ့ နေရာပေါ့..."

"အဲဒီအချိန်တုန်းက ဒီနေရာမှာ ရောင်ခြည်သင့်မှုကို ကာကွယ်နိုင်စွမ်း မရှိသေးတာမို့လို့ ကိုယ်တို့တွေ ရောင်ခြည်သင့်တဲ့ ဝေဒနာကို ခံစားခဲ့ရတယ်... အဲ့နှစ်လအတွင်းမှာ ကိုယ့်ရဲ့ ရဲဘော်တွေ အများကြီးကို ဆုံးရှုံးခဲ့ရတာ..."

"အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေကတော့ စွမ်းအားတွေ ရလာကြပေမယ့် ရောင်ခြည်သင့်မှု မပြန့်နှံ့ ခင်ကတည်းက စွမ်းအားတွေ ရထားတဲ့လူ အနည်းငယ်လောက်ပဲ ပုံသဏ္ဍာန်ပုံပျက် တာကို ရှောင် လွှဲနိုင်ခဲ့ကြတာ... ရောင်ခြည်သင့်မှုပြီးမှ စွမ်းအား ရလာတဲ့လူတွေနဲ့ သာမန်လူတွေကတော့ ပုံသဏ္ဍာန် ပျက်ယွင်း တာကို မလွဲမသွေ ကြုံတွေ့ခဲ့ကြရတယ်..."

"လေထုထဲက ရောင်ခြည်သင့်မှု ပမာဏ ပုံမှန် ပြန်ဖြစ်သွားတဲ့ အခါမှာတော့ လူသားအများစုက ပုံသဏ္ဍာန် ပျက်ယွင်းတဲ့ ဝေဒနာကို ခံစားနေကြရပြီလေ... အဲဒီနောက်ပိုင်းမှာ မွေးဖွားလာတဲ့ ကလေး ငယ်တွေတောင်မှ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကုန်ကြတာ၊ ဒါမှမဟုတ် ပုံပျက်ပန်းပျက်နဲ့ မွေးလာကြ တာ များတယ်..."

သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်က မေးလိုက်လေ၏...၊

"အဲဒါဆိုရင် နောင်အနာဂတ်မှာ လူသားအားလုံးက ပုံသဏ္ဍာန်ပျက်ယွင်းတဲ့ ခန္ဓာကိုယ်တွေ ဖြစ်သွားကြ မှာလား..."

လုံယုက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ခဏမျှ တုံ့ဆိုင်းကာ မေးလိုက်လေသည်...၊

"ရန်ရန်... မျိုးရိုးဗီဇပြောင်းလဲမှု ခေတ်နောက်ပိုင်း ကမ္ဘာကြီးအကြောင်းကို မင်း တကယ်ပဲ ဘာမှ မမှတ်မိတော့ဘူးလား..."

ယောင်ရန် ခဏမျှ မှင်တက်သွားပြီးမှ ပြန်ဖြေလိုက်လေသည်...။

"မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ ပင်လယ်မိစ္ဆာတွေအကြောင်းကိုတော့ ကျွန်မ မှတ်မိသေး တယ်... ဒါပေမဲ့ ကျန်တဲ့ အမှတ်ရစရာတွေကတော့ ဟိုတစ်စ ဒီတစ်စ ဖြစ်နေတာပဲ... ပုံပျက်ပန်းပျက်နဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေအကြောင်းကို ဝေဝါးဝေဝါး မှတ်မိနေပေမယ့် အဲဒါတွေက အမှန် တကယ်လား၊ ဒါမှမဟုတ် ကျွန်မရဲ့ စိတ်ကူးယဉ်မှုလားဆိုတာ ကျွန်မ မသေချာဘူး..."

သူမ ပြောနေရင်းနှင့် ရုတ်တရက် ရပ်တန့်သွားကာ သူမ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ နောက် တစ်စက္ကန့်တွင် သူမသည် ဦးခေါင်းကို အုပ်ကိုင်လိုက်ရင်း ချွေးစေးများ ထွက်လာကာ နာကျင်မှုကြောင့် ညည်းတွားလိုက်လေ၏။

သူမ၏ ရုတ်တရက် အခြေအနေကြောင့် လုံယုမှာ ထိတ်လန့်သွားကာ ကုန်တင်ကားကို လမ်းဘေးတွင် အမြန်ရပ်လိုက်ပြီး စက်သတ်လိုက်လေသည်။ သူသည် သူမ၏ အေးစက်နေသော လက်များကို ဆုပ် ကိုင်လိုက်ရင်း အလောတကြီး ပြောလိုက်လေ၏...။

"ရန်ရန်... ကိုယ့်ကို ကြည့်ပါဦး..."

ယောင်ရန်သည် မျက်ဝန်းများကို ပင့်၍ သူ့ကို ကြည့်ကာ မေးလိုက်လေသည်...။

"အာယု... သူတို့ ကျွန်မရဲ့ ဦးနှောက်ကို တစ်ခုခု လုပ်ထားတယ်လို့ ကျွန်မ ထင်တယ်... သူတို့ ကျွန်မကို ဘာတွေ လုပ်ခဲ့တာလဲ... အာယု... ကျွန်မ ကြောက်တယ်..."

သူမ ကြောက်ရွံ့တုန်လှုပ်နေသည်ကို မြင်သောအခါ လုံယုသည် အံကို တင်းတင်းကြိတ်ကာ သူမအား သူ၏ ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်လေသည်။ သူမအား တင်းကျပ်စွာ ပွေ့ဖက်ထားရင်း သူမ၏ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးကာ ပြောလိုက်လေ၏...။

"မကြောက်ပါနဲ့... ကိုယ် ဒီမှာ ရှိတယ်... အရင်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အခု မင်း လုံခြုံနေပါပြီ... သူတို့ မင်းကို ထပ်ပြီး နာကျင်အောင် လုပ်ဖို့ ကိုယ် ခွင့်မပြုတော့ဘူး..."

သူ၏ စကားကြောင့် ယောင်ရန်၏ မျက်ဝန်းများမှာ နီရဲလာကာ သူမ၏ မျက်နှာကို သူ၏ ရင်ဘတ် အတွင်း မြှုပ်နှံထားလိုက်လေ၏။ ဦးခေါင်းအတွင်းမှ နာကျင်မှုမှာ အနည်းငယ် သက်သာစပြုလာသော် လည်း ရုတ်တရက်ပင် မခံမရပ်နိုင်လောက်အောင် ပြင်းထန်စွာ ပြန်လည် ပေါ်ထွက်လာပြန်သည်။

သူမသည် သူ၏ အဝတ်အစားများကို တင်းတင်းဆုပ်ထားရင်း ခက်ခဲစွာ ပြောလိုက်လေသည်...။

"အာယု... ကျွန်မခေါင်းက... အရမ်းနာ... နာလွန်းလို့..."

သူမ ဆက်၍ မပြောနိုင်ခင်မှာပင် မျက်စိရှေ့တွင် မှောင်အတိ ကျသွားပြီး သတိလစ်သွားတော့သည်။ လုံယုမှာ ထိတ်လန့်တုန်လှုပ်သွားကာ အသည်းအသန် ခေါ်လိုက်မိလေ၏...၊

"ရန်ရန်... ဘာဖြစ်တာလဲ... ရန်ရန်..."

သူမ၏ ဖြူလျော်နေသော မျက်နှာကို ကြည့်ရင်း သူသည် ကျောပိုးအိတ်ထဲမှ ရေကန်ရေပုလင်းကို အမြန်ထုတ်ယူကာ သူမအား တိုက်ရန် ကြိုးစားလိုက်လေ၏။

ရေများမှာ သူမ၏ နှုတ်ခမ်းများပေါ်မှ လျှံကျလာသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် ဆုံးဖြတ် ချက် တစ်ခု ချလိုက်လေသည်။ လုံယုသည် ရေကန်ရေကို ငုံလိုက်ပြီးနောက် သူမ၏ ပါးစပ်အတွင်းသို့ ပါးစပ်ချင်းတေး၍ တိုက်လိုက်လေတော့သည်။

ထိုသို့ သုံးကြိမ်ခန့် ပြုလုပ်ပြီးနောက် သူမ၏ မျက်နှာ အသားအရေမှာ အနည်းငယ် ပြန်လည် ကောင်းမွန် လာသည်ကို သူ သတိပြုမိလိုက်၏။ လုံယုသည် သူမအား ထိုင်ခုံတွင် ပြန်လည် ထိုင်စေကာ ထိုင်ခုံခါး ပတ် ပတ်ပေးလိုက်ပြီး အင်ဂျင်ကို ပြန်နှိုးလိုက်လေသည်။ သူသည် အချိန် တစ်စက္ကန့်မျှပင် အပုပ်မခံဘဲ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာနေရာသို့ ရောက်နိုင်သမျှ အမြန်ဆုံး မောင်းနှင်သွားတော့သည်။

လမ်းတစ်လျှောက်ရှိ မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်များကို ရှင်းလင်းရင်း မနားမနေ မောင်းနှင်လာခဲ့ရာ မိုးမလင်းမီမှာပင် ခိုလှုံရာနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြလေသည်။

All Chapters