အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅)
သူတို့၏ စွမ်းအားများကို ဖော်ထုတ်ခြင်း (၂)
ကျားရှန်းက သူမ၏ လက်သီးကို လက်ဖဝါးဖြင့် ရိုက်ကာ ကြေညာလိုက်လေ၏...။
"ဒါက တကယ်ကို အံ့သြစရာပဲ... ဒီစွမ်းအားနဲ့ဆိုရင် ရှင့်တို့ အားလုံးကို ကျွန်မ ကာကွယ်ပေးနိုင်ပြီ... ကျွန်မတို့ကို ဘယ်သူပဲဖြစ်ဖြစ် လာနှောင့်ယှက်ရဲရင် သူတို့ခေါင်းကို အပေါက်ဖြစ်အောင် ထိုးပစ်မယ်..."
ကျားရှန်းက သူမ၏ စွမ်းအားကို ပြသပြီးနောက် ဟန်ရန်ချီက ဝင်ပြောလိုက်လေသည်...။
"ကျွန်တော့် စွမ်းအားကတော့ မီးစွမ်းအင် ထင်တယ်..."
သူက ပြောပြောဆိုဆိုဖြင့် သူ၏ လက်ညှိုးထိပ်တွင် မီးတောက်သေးသေးလေးတစ်ခုကို လောင်မြိုက် စေလိုက်လေ၏...။
စီမာဟောက်ကလည်း သူ၏ လက်ကို မြှောက်ကာ ရှင်းပြလေသည်...။
"ကျွန်တော်ကတော့ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေကို သတ္တုနဲ့ ဖုံးအုပ်နိုင်တယ်..."
ခဏအကြာတွင် သူ၏ လက်မောင်းများမှာ ပြောင်လက်မာကျောသော သတ္တုများဖြင့် ဖုံးလွှမ်းသွား တော့၏။ ဟွမ်ချန်က စူးစမ်းလိုစိတ်ဖြင့် ဇွန်းတစ်ချောင်းကို ယူကာ စီမာဟောက်၏ လက်မောင်းကို ခေါက်ကြည့်လိုက်လေသည်...။
“တုံ... တုံ...”
သူက စီမာဟောက်၏ လက်မောင်းကို အကြိမ်ကြိမ် ထုရိုက်လိုက်ရာ ထမင်းစားခန်းအတွင်း သတ္တု အချင်းချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့တော့၏။
"အစ်ကိုဟောက်... ရှင့်ရဲ့ စွမ်းအားက ကာကွယ်ရေးကို အခြေခံတာပဲ ဖြစ်ရမယ်..."
ဟွမ်ချန်က မှတ်ချက်ပေးလိုက်၏...
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်..."
စီမာဟောက်က ထောက်ခံလိုက်လေသည်...။
ထိုနှစ်ဦး စီမာဟောက်၏ စွမ်းအားအကြောင်း ဆွေးနွေးနေစဉ် စီမာယွမ်နှင့် ချွမ်ယွမ်ဝေ့တို့သည် တစ်ဦး ကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် စီမာယွမ်က စကားစလိုက်လေ၏...။
"ကျွန်မကတော့ အရမ်း မြန်မြန် လှုပ်ရှားနိုင်တယ်... ဒါပေမဲ့ နှစ်မိနစ်လောက်ပဲ အဲဒီလို လုပ်နိုင်တာ..."
ချွမ်ယွမ်ဝေ့က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်...။
"ကျွန်တော့် စွမ်းအားက ဘာလဲဆိုတာ ကျွန်တော် အတိအကျ မသိသေးဘူး... ဒါပေမဲ့ ဆိုးရွားတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မယ်ဆိုရင် ကျွန်တော် ကြိုသိနေသလိုပဲ..."
ထိုစကားကို ကြားသောအခါ ရှီရွှမ်းက တစ်ခုခုကို သတိရသွားကာ ပြောလိုက်လေ၏...။
"အဲဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ရက်က ယောင်ရန် တစ်ခုခု ဖြစ်နေပြီလို့ ရှင်က ရုတ်တရက် လာပြော တာကိုး..."
ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြကာ ရှင်းပြလေသည်...။
"ကျွန်တော် ခံစားရတာကို ဘယ်လို ပြောပြရမလဲ မသိလို့ အသေးစိတ် မပြောခဲ့တာပါ... ဒါက စိတ်ထင်တာပဲလို့ ထင်နေခဲ့တာ... ဒါပေမဲ့ ဒါက စွမ်းအားတစ်ခုခု ဖြစ်နေပုံရတယ်..."
ယောင်ရန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်လေ၏...။
"ရှင့်ရဲ့ စွမ်းအားက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအား အုပ်စုထဲမှာ ပါဝင်လိမ့်မယ်... စိတ်ဝိညာဉ်ပိုင်းဆိုင် ရာ စွမ်းအားတွေက ရှားပါးသလို အစောပိုင်းမှာတော့ အားနည်းတတ်တယ်... ဒါပေမဲ့ အဆင့်တက်လာ တာနဲ့အမျှ အရမ်းကို အစွမ်းထက်လာမှာပါ... ရှင့်ရဲ့ စွမ်းအားက အန္တရာယ်ကို ကြိုတင် ခန့်မှန်းနိုင်တဲ့ စွမ်းအားပေါ့..."
အန္တရာယ်ကို ကြိုတင် သိမြင်နိုင်သူ တစ်ဦး ရှိနေခြင်းက သူတို့အတွက် ကြီးမားသော အားသာချက်တစ်ခု ဖြစ်ပေသည်။ ကြိုတင် သတိပေးချက်မရှိဘဲ ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာနိုင်သည့် ကမ္ဘာကြီးတွင် ချွမ်ယွမ်ဝေ့၏ ခန့်မှန်းနိုင်စွမ်းက သူတို့၏ ရှင်သန်နိုင်စွမ်းကို သိသိသာသာ မြင့်မားစေလိမ့်မည် ဖြစ်၏။
သူမ၏ သုံးသပ်ချက်ကို ကြားသောအခါ ချွမ်ယွမ်ဝေ့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်...။
"ဒါက တကယ့်ကို ကောင်းတာပဲ... ဒီစွမ်းအားနဲ့ဆိုရင် အန္တရာယ်တွေ ရောက်မလာခင်မှာ ငါတို့ ကြိုတင် ပြင်ဆင်ဖို့ အချိန် ရတာပေါ့..."
အခြားသူများကလည်း အလွန် ဝမ်းသာသွားကြပြီး သဘောတူကြောင်း ခေါင်းငြိမ့်ပြကြ၏။
"တခြား စွမ်းအား ရလာတဲ့လူ ရှိသေးလား..."
လုံယုက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။
ရှီရွှမ်းက လက်ကို မြှောက်လိုက်ရင်း၊
"ကျွန်တော့်မှာတော့ နေရာလွတ်နဲ့ ပတ်သက်တဲ့ စွမ်းအား နိုးထလာပြီ ထင်တယ်..."
ထိုစကားကို ကြားသောအခါ ယောင်ရန်နှင့် လုံယုတို့က သူ့ကို အံ့သြစွာ ကြည့်လိုက်ကြ၏။ သူတို့၏ အံ့သြနေသော မျက်နှာများကို မြင်သောအခါ ရှီရွှမ်းက နားမလည်နိုင်ဘဲ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲဟင်..."
စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ယောင်ရန်က မေးလိုက်၏...။
"ဒါက နေရာလွတ် စွမ်းအားဆိုတာ ရှင်က ဘယ်လို သိတာလဲ..."
ရှီရွှမ်းက ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဘယ်ဘက်လက်ဖြင့် ကြက်သွန်မြိတ် ပန်ကိတ်မုန့် တစ်ဖဲ့ကို ယူလိုက်၏။ သူက လက်ဖျစ်တစ်ချက် တီးလိုက်ရာ ပန်ကိတ်မုန့်မှာ ပုံစံအမျိုးမျိုးသို့ လိမ်ကောက်သွား တော့သည်။
"..."
လိမ်ကောက်သွားသော ပန်ကိတ်မုန့်ကို ကြည့်ရင်း လူတိုင်း တိတ်ဆိတ်သွားကြ၏။
ဟွမ်ချန်က ကြောက်လန့်တကြား တံတွေး မျိုချလိုက်ရင်း ဗလုံးဗထွေး မေးလိုက်လေသည်...။
"အစ်-အစ်ကိုရှီရွှမ်း... ဒါက ရှင့်ရဲ့ စွမ်းအားလား..."
ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်...၊
"အော်... ကျွန်တော့်မှာ တခြား နည်းလမ်းတစ်ခု ရှိသေးတယ်..."
သူက ထပ်မံ၍ လက်ဖျစ်တီးလိုက်ရာ ပန်ကိတ်မုန့် တစ်ဝက်မှာ ပျောက်ကွယ်သွားတော့၏။ ခဏအ ကြာတွင် ထိုပန်ကိတ်မုန့်မှာ ဟွမ်ချန်၏ ပန်းကန်ပေါ်သို့ သပ်ရပ်စွာ အပိုင်းနှစ်ပိုင်း ပြတ်လျက် ပြန်လည် ရောက်ရှိလာခဲ့လေသည်။
"ဒုတိယ နည်းလမ်းကတော့ လုပ်ရတာ နည်းနည်း ခက်တယ်... လောလောဆယ်တော့ ပစ္စည်း သေးသေး လေးတွေကိုပဲ ဒီလိုမျိုး ရွှေ့ပြောင်းနိုင်သေးတာ..." ဟု ရှီရွှမ်းက ပြုံးရင်း ရှင်းပြလေသည်။
"..."
လူတိုင်းက သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြလေ၏။
လုံယုက သပ်ရပ်စွာ ပြတ်တောက်နေသော ပန်ကိတ်မုန့်ကို စစ်ဆေးကြည့်ကာ သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်လေ၏...။
"အာရွှမ်း... မင်းရဲ့ နေရာလွတ် စွမ်းအားက တိုက်ခိုက်ရေးအတွက်ပဲ..."
"မင်းရဲ့ စွမ်းအားက တဖြည်းဖြည်း တိုးတက်လာရင် ပိုကြီးတဲ့ အရာဝတ္ထုတွေကိုပါ ရွှေ့ပြောင်းနိုင်လိမ့် မယ်... နောက်ဆုံးကျရင် ရန်သူတွေကို လက်နဲ့တောင် ထိစရာမလိုဘဲ ပိုင်းဖြတ်နိုင်လိမ့်မယ်... မင်းရဲ့ ပထမဆုံး နည်းလမ်းကလည်း စစ်မေးတဲ့ နေရာမှာ အရမ်း အသုံးဝင်မှာပဲ..."
"မင်းရဲ့ စွမ်းအားတွေကို အမျိုးမျိုး စမ်းသပ်ကြည့်သင့်တယ်လို့ ငါ ထင်တယ်... နေရာလွတ်ကို ထိန်းချုပ် နိုင်မလား၊ ဒါမှမဟုတ် နေရာလွတ် ဓားသွားတွေကို ဖန်တီးနိုင်မလားဆိုတာပေါ့... တကယ်လို့ မင်းက မင်းရဲ့ စွမ်းအားကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင် ခြေဖဝါးအောက်မှာ နေရာလွတ်တစ်ခုကို ဖန်တီးပြီး လေပေါ်မှာတောင် လမ်းလျှောက်နိုင်လိမ့်မယ်..."
ရှီရွှမ်းက ပြုံးကာ...၊
"ကျွန်တော်လည်း အဲဒီလိုပဲ စဉ်းစားနေတာ..."
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏...၊
"မင်းက ပထမ နည်းလမ်းကို လုပ်နိုင်တယ်ဆိုတော့... နောက်ဆိုရင် စစ်မေးတဲ့ တာဝန်တွေကို မင်းပဲ တာဝန်ယူရမယ်..."
"ရတာပေါ့..."
ရှီရွှမ်းက တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်လေ၏။ သူသည် အစားစားနေရင်းနှင့် တစ်စုံတစ်ယောက် က သူတို့ကို လာရောက် ရန်စပြီး သူ၏ စွမ်းအားများကို အသုံးပြုခွင့် ရရှိရန်ပင် တိတ်တဆိတ် မျှော်လင့် နေမိလေသည်။
သူတို့၏ ဆွေးနွေးမှုကို နားထောင်ရင်း ယောင်ရန်မှလွဲ၍ ကျန်ရှိသော လူအားလုံးမှာ အစားအသောက် ပျက်သွားကြတော့၏။ အပိုင်းပိုင်း ပြတ်သွားသောအရာမှာ ပန်ကိတ်မုန့် မဟုတ်ဘဲ လူသားတစ်ဦး ဖြစ်နေမည်ဟု စိတ်ကူးကြည့်ရုံနှင့်ပင် သူတို့မှာ ရင်ထဲ၌ မအီမသာ ဖြစ်လာခဲ့ကြလေသည်။
သူ၏ စွမ်းအားအကြောင်း ဆွေးနွေးပြီးနောက် ရှီရွှမ်းက မေးလိုက်လေ၏...။
"ခေါင်းဆောင်... ကပ္ပတိန်လီက ရှင့်ကို လိုက်ရှာနေတယ်လို့ ကြားတယ်... သူ ဘာကြောင့် ရှင့်ကို ရှာနေတာလဲဆိုတာ ပြောပြလား..."
ထိုမေးခွန်းကို ကြားသောအခါ လုံယုသည် ဤကိစ္စကို သူတို့နှင့် ဆွေးနွေးရန် ရှိသည်ကို သတိရသွား၏။
"အင်း... ပုံသဏ္ဍာန် ပျက်ယွင်းခြင်း အကြောင်း မင်းတို့ သိကြလား..."
ဟု လုံယုက မေးလိုက်လေသည်။
ရှီရွှမ်းက ခေါင်းခါပြကာ ပြန်ဖြေလေသည်...။
"အဲဒါကိုတော့ မကြားမိဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က မြေကမ္ဘာ ကျောက်ဖျာချပ်တွေ လှုပ်ရှားမှုကြောင့် နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ အများကြီး ပေါက်ကွဲကုန်တယ်လို့တော့ ကြားတယ်..."
"အခုဆိုရင် လေထုထဲမှာ ရောင်ခြည်သင့်မှု ပမာဏက နေ့တိုင်း တိုးနေတာလေ... စွမ်းအားရှင်တွေ ပေါ်ထွက်လာတာက ဒီနျူကလီးယား ရောင်ခြည်သင့်မှုတွေ ပြန့်နှံ့လာတာနဲ့ ပတ်သက်နေတယ်လို့လည်း ကောလဟာလတွေ ရှိနေတယ်..."
လုံယုက ခေါင်းငြိမ့်ပြကာ...၊
"ဟုတ်တယ်... လွန်ခဲ့တဲ့ သုံးလက လီထျန်းယုရဲ့ ရင်ဘတ်က တဖြည်းဖြည်းနဲ့ ကျောက်တုံးလို ဖြစ်လာ ခဲ့တာ... အဲဒီနောက်မှာမှ သူက မြေစွမ်းအင် ရလာတာလေ... အခြေစိုက်စခန်းမှာ စွမ်းအားရှင်တွေကို စမ်းသပ်နေတာကြောင့် သူက သူရဲ့ စွမ်းအားကို ဖုံးကွယ်ထားပြီး ဆေးရုံတောင် သွားမပြရဲခဲ့ဘူး..."
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်သွားကြလေသည်။ မျိုးရိုးဗီဇပြောင်းလဲမှုနှင့် ပုံသဏ္ဍာန် ပျက်ယွင်းခြင်းများမှာ အမှန်တကယ်ပင် ဖြစ်ပျက်နေခဲ့ပြီ ဖြစ်၏။
ဟွမ်ချန်က စူးစမ်းစွာ မေးလိုက်လေသည်...၊
"အဲဒါနဲ့ သူက ခေါင်းဆောင်ဆီမှာ အကူအညီ လာတောင်းတာပေါ့..."
"ဟုတ်တယ်..."
လုံယုက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ကျားရှန်းက လုံယုကို ကြည့်ကာ မေးလိုက်လေသည်...၊
"ကပ္ပတိန်... ရှင်က သူ့ကို ကယ်နိုင်ခဲ့လား..."
သူမ ထိုသို့ မေးလိုက်သောအခါ လုံယုသည် ယောင်ရန်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူမက ခေါင်းငြိမ့် ပြသည်ကို မြင်သောအခါမှ သူက ကျားရှန်းကို ကြည့်ကာ ရှင်းပြလေသည်...။
"ယောင်ရန်က သူ့ကို ကူညီပေးခဲ့တာပါ..."